Followers

Chapter 27

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 27.   အဆင့် ၇ သို့ အမြန်သွားမယ်

အချိန်ဟာ လက်ချောင်းကြားထဲက စိမ့်ထွက်သွားတဲ့ ရေလို
ပဲ... လျင်မြန်ထူးဆန်းစွာ ကုန်လွန်သွားခဲ့ပြီး..

ပူပြင်းတောက်ပတဲ့ နွေရာသီဟာ ရာသီဇာတ်ခုံပေါ်ကနေ 
ဆင်းရတော့မဲ့အချိန်ရောက်ပြီထင်ရဲ့ အအေးဓာတ်တွေက
တဖြည်းဖြည်းလွှမ်းခြုံလာပြီး မြစိမ်းဖူးသစ်ရွက်စိုတို့ဟာ
ဇရာထောင်း၍ ရင့်ရော်ရွက်ဝါ မြေခလို့ နေသည်။

အခန်းငယ်လေး သပ်သပ်ရပ်ရပ်နှင့် ဆောင်းနေခြည်နုနု
လေးက ပြတင်းပေါက်ကနေ ဖြန့်ကျက်ဖြာဆင်းလျက် ရှိ
သည်။

အခန်းငယ်အတွင်း သစ်သားရေစည်ပိုင်းတစ်လုံးထဲမှာ 
လူငယ်လေးတစ်ဦးဟာ ထိုင်လေ့ကျင့်လျက်ရှိသည်။ မျက်
လုံးနှစ်ဖက်လုံးဟာ မှိတ်ထားပြီး လက်နှစ်ဖက်က ယှက်
လျက် ပေါင်ပေါ်တင်ထားသည်။

ဒီနှစ်အတောအတွင်း အချိန်အများစုဟာ လေ့ကျင့်ခြင်းပဲ
ပြုလုပ်နေခဲ့ခြင်းကြောင့် နူညံ့ပြီးချောမွေ့တဲ့ မျက်နှာပေါ်မှာ
ခေါင်းမာတဲ့ဟန်တွေ ပိုပိုပြီး မြင်သာလာသလို ပိရိပြတ်သား
သည့် နှုတ်ခမ်တစ်စုံကလည်း ဆုံးဖြတ်ချက်အတိုင်းလုပ်
ဆောင်တတ်သည်ကို ဖော်ညွန်းနေသည်။ မိန်းကလေး
အသားအရေကဲ့သို့ ဖြူဆွတ်သည့် အသားအရေက 
မရပ်မနားလေ့ကျင့်ခြင်းကြောင့် အနည်းငယ်ဝါကျင့်ကျင့် 
ဖြစ်နေသည်။ ခန္ဓာကိုယ်ငယ်လေးဟာ ကြွက်သားတွေက
သိပ်မပေါ်လွင်သော်လည်း ကျားသစ်တစ်ကောင်လို စွမ်း
အားအပြည့်ရှိသည်။

ဘယ်အစိတ်အပိုင်းကိုပဲ ကြည့်ကြည့် လူငယ်ဟာ သိသိ
သာသာ ပြောင်းလဲသွားချေပြီး။ လုံးဝပြောင်းလဲပြီးသွားခဲ့ရင်
အားလုံးကို အလန့်တကြားဖြစ်သွားစေမှာ အသေအချာပါပဲ..

လူငယ်လေး၏ ညင်သာစွာ အသက်ရှုလိုက်တိုင်း သစ်သား
စည်ပိုင်းထဲကနေ လွင့်တက်လာတဲ့ အစိမ်းရောင်အငွေ့
အမျှင်တန်းက ရှုသွင်းလိုက်တဲ့ လေစီးကြောင်းနှင့်အတူ
သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားနေသည်။ 

.......................

" ငါ ဒီနေ့ အဆင့် ၇ ကို ရလိမ့်မယ်.. "

လေ့ကျင့်နေရင်း ရှောင်ယွင် ခေါင်းထဲကို အဲဒီအတွေးက
ရောက်လာသည်။ ဒီအတွေးကို မှန်ကန်ကြောင်း သက်သေ
ပြစရာမရှိပေမဲ့ စိတ်ထဲမှာ အမှန်တရားတစ်ခုလို ခံစားနေရ
သည်။

ပြီးခဲ့တ လတုန်းက ရှောင်ယွင် အဆင့်၇ တက်ဖို့ အကြိမ်ဖန်
အနည်းငယ်လောက် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။

ဒီလိုအတွေးဝင်လာတာကလည်း ဒီနေ့လေ့ကျင့်နေတာဟာ
ရေခွက်တစ်လုံးထဲမှာ ရေပြည့်သွားဖို့ နောက်ဆုံးရေတစက်
လိုသဘောမျိုး ဖြစ်ဟန်တူသည်။ အဲဒါကြောင့် ရှောင်ယွင်
ဒီနေ့  အဆင့်၇ ရောက်မည်ဟု သေချာပေါက် တွေးလိုက်
သည်။

ရှောင်ယွင် အတွေးထဲ မျောပါသွားခြင်းကြောင့် လက်ချင်း
ယှက်ထားတာလည်း ပြုတ်လုနီးပါးဖြစ်သွားကာ လေ့ကျင့်
ခြင်းလည်း ရပ်ဆိုင်းလုမတတ်ဖြစ်သွားသည်။ ကံကောင်း
စွာဖြင့် သတိပြန်ဝင်လာပြီး အတွေးတွေကို ချိုးနှိမ်ကာ 
စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

ရှောင်ယွင် သူ့အသက်ရှုနှုန်းတည်ငြိမ်သွားပြီးနောက် 
အဆင့်၇ သို့ တက်ရောက်သွားဖို့  ဆေးရည်ထဲက စွမ်းအင်
တွေကို စတင်အငမ်းမရ စုပ်ယူလေသည်။ 

ရှောင်ယွင် စတင်စုပ်ယူလိုက်သည့်နှင့် သစ်သားစည်ပိုင်းထဲ
က အစိမ်းရောင်ဆေးရည်တွေဟာ အရောင်ခုနှစ်မျိုးရှိတဲ့
အမြှုပ်တွေ စတင်ပလုံစီထလာပြီး မရေတွက်နိုင်တဲ့ ဆေး
ငွေ့အမျှင်တန်းတွေ အငွေ့ပျံတက်လာပြီး ရှောင်ယွင် ခန္ဓာ
ကိုယ်ထဲကို စိမ့်ဝင်ကုန်ကြသည်။

အစိမ်းရောင်ဆေးငွေ့လှိုင်းတွေ များစွာထွက်လာကြရာ 
ရှောင်ယွင်ကိုသာမက သစ်သားစည်ပိုင်းကိုပင် အစိမ်း
ရောင်ဆေးငွေ့ထုထဲ နစ်မြှုပ်ပျောက်ကွယ်သွားစေသည်။ 

ဆေးအစွမ်းတွေကို ရှောင်ယွင် အငမ်းမရ စုပ်ယူလေ သစ်
သားစည်ပိုင်းထဲက ဆေးရည်ထဲက အစိမ်းရောင်လည်း
ဆက်တိုက်လိုလိုပင် အရောင်ဖျော့ဖျော့လာသည်။

အလွန်များပြားတဲ့ စွမ်းအင်ပမာဏကို စုပ်ယူထားခြင်း
ကြောင့် ရှောင်ယွင်မျက်နှာမှာ နီရဲတွက်လာပြီး မျက်နှာပြင်
မှာလည်း အစိမ်းရောင် တချက်ချက် လင်းတက်လာသည်။ 

အဆင့် ၇ ရောက်ဖို့ အစွမ်းကုန် စုပ်ယူနေသော ရှောင်ယွင်
ဟာ တဖြည်းဖြည်း သိသာထင်ရှားစွာ အလွန်အားကောင်း
တဲ့ သံလိုက်တုံးကြီးလို ဖြစ်လာပြီး ပတ်ဝန်းကျင်က ရှိသမျှ
စွမ်းအင်တွေကို အစွမ်းကုန်စုပ်ယူနေပြီး သစ်သားစည်ပိုင်း
ထဲမှာလည်း ရေဝဲ အသေးစားလေးပင် ဖြစ်ပေါ်နေသည်။ 

Duan Qi အဆင့်၉ ဆင့်ရှိသည့်အနက် ၁ ကနေ ၃ အဆင့်
အထိကို အနိမ့်အဆင့်၊ ၄ ကနေ ၆ အဆင့်အတွင်းကို 
အလယ်အဆင့်ဟု သတ်မှတ်ထားပြီး အဆင့် ၇ မှ အဆင့်၉
အထိကို အဆင့်မြင့် ဟု သတ်မှတ်ထားသည်။ 

အဆင့် ၇ ဆိုတာ တကယ်တော့ Doun Qi အဆင့်မှာ နှစ်
ခြမ်းပိုင်းခြားလိုက်တဲ့ အဆင့်ပဲ ဖြစ်သည်။ အဆင့် ၇ ကို
ရောက်သွားခဲ့ရင် အဆင့်မြင့် Duan Qi ကို ရောက်ရှိသွား
သည်ဟု ဆိုနိုင်ပြီး အဆင့် ၆ ထက် နှစ်ဆ ပိုကြမ်းသွားမည်။
ဒါကြောင့် အဆင့်၇ ဆိုတာ Dou Zhe အဆင့်ဝင်ဖို့ ပထမ
တံခါးဟု ဆိုနိုင်သည်။

ရေဝဲ ကြောင့် သစ်သားစည်ပိုင်းထဲက ဆေးရည်ဟာ ပိုပိုပြီး
မြန်ဆန်စွာ အရောင်ဖျော့လာပြီး နောက်ဆုံး ကြည်လင်နေ
တဲ့ ရေပဲကျန်ခဲ့တော့သည်။ 

အခြေခံဆေးအစွမ်းကုန်သွား၍ ရှောင်ယွင်မျက်နှာက
အစိမ်းရောင်သမ်းနေတာတွေ လျော့ပါးလာသည်။ အဆင့်
၇ ကို ရောက်ရှိဖို့ ရှောင်ယွင် လေထုထဲက သဘာဝစွမ်းအင်
ကိုသာ ဆက်လက်စုပ်ယူနေရသည်။

လေထုထဲက သဘာဝစွမ်းအင်ကို စုပ်ယူပြီး အဆင့်၇ သို့
တက်လှမ်းနိုင်သည်မှာ ဖြစ်နိုင်သော်လည်း အဲ့ဒီအဆင့်ကို 
ရောက်ရှိဖို့ အချိန်အတော်ကြာ ယူရလိမ့်မည်။ အဆင့်၇ကို 
ရောက်ခဲ့ရင်လည်း တကယ့်အစစ်အမှန် အဆင့်၇ ဖြစ်ဖို့
အချိန်တစ်လလုံးလုံး ထပ်မံလေ့ကျင့်ပါမှ ဖြစ်မည်။ 

ဒါပေမဲ့ ရှောင်ယွင်မှာ အချိန်အဲ့လောက်မရှိပေ။ သူ့အတွက်
အလိုအပ်ဆုံးက အချိန် ဖြစ်သည်။ 

သစ်သားစည်ပိုင်းထဲက ဆေးရည်လက်ကျန်ကုန်သွားတဲ့
အချိန်မှာ ရှောင်ယွင်ရဲ့ အနက်ရောင်လက်စွပ်ဟာ လှုပ်ခါ
သွားပြီး ကျောက်စိမ်းရောင်အခြေခံဆေးလုံးတစ်လုံးဟာ 
စည်ပိုင်းထဲကို ကျသွားသည်။ ချက်ချင်းပင် ကြည်လင်နေ
တဲ့ရေဟာ အစိမ်းနက်ရောင် ဆေးရည်အဖြစ်သို့ တဖန်ပြန်
ပြောင်းသွားသည်။ 

အခြေခံဆေးလုံးက ထွက်လာတဲ့ စွမ်းအင်အသစ်ကြောင့် 
ရှောင်ယွင် ရွဲ့လော်ကို ကျိတ်ကျေးဇူးတင်လိုက်ပြီး လက်
ဟန်အနေအထားနှင့် အသက်ရှုနှုန်းကို ဆက်လက်ထိန်း
ထားကာ စွမ်းအင်အသစ်ကို အငမ်းမရ ထပ်မံစုပ်ယူသန့်စင်
ပြန်သည်။ 

တစ်နာရီမျှ အလျင်အမြန် စုပ်ယူနေပြီးနောက် ရှောင်ယွင်
အရှိန်နှုန်းကို လျှော့ချလိုက်သည်။ စည်ပိုင်းထဲက အစိမ်း
နက်အရောင်လည်း တော်တော်လေး ဖျော့တော့သွားပြီး
ဖြစ်သည်။ 

နောက်ဆုံး စွမ်းအင်အမျှင်ကို စုပ်ယူလိုက်ပြီးနောက် ခန
အကြာမှာ ရှောင်ယွင် တကိုယ်လုံး ပြင်းထန်စွာ လှုပ်ခါလာ
ပါတော့သည်။ ဝမ်းဗိုက်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ရှားသွား
ပြီး မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်တဲ့အခါ သူ့၏ မျက်ဆံ
အဖြူသားအပေါ်မှာ အစိမ်းရောင်သမ်းလို့နေသည်။ နောက်
ဆုံးမှာ ပါးစပ်ဖွင့်လိုက်ပြီး လေပုပ်တွေကို အန်ထုတ်လိုက်
သည်။ 

လေပုပ်တွေ ထွက်သွားပြီးနောက် ရှောင်ယွင် ခါးကို ပြန်
မတ်လိုက်ပြီး လည်ပင်းကို အဆစ်ချိုးလိုက်ရာ အရိုးကြွပ်
အက်ကွဲသံကဲ့သို့ တဂျွတ်ဂျွတ်နဲ့ အသံတွေ ထွက်ကုန်
သည်။ တဖန် လက်သီးကို ကို ဆုပ်လိုက်ပြီး လက်သီး၏
မာကျောမှုစွမ်းအားကို ခံစားကြည့်လိုက်ကာ ကျေနပ်စွာဖြင့်
ပြုံးလိုက်သည်။

" နောက်ဆုံး.. အဆင့် ၇ ရောက်ခဲ့ပြီး.. "

မျက်လုံးကို တဖန်ပြန်မှိတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ
ဒိုချီစွမ်းအင်အမြောက်အများကို စတင်လေ့လာကာ လေ့
ကျင့်မှု စတင်ပြန်သည်။ 

.....

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...