အခန်း ၁၂ သူ့ကို ဝေးဝေးကရှောင်
အတော်လေးချောမောတဲ့ လူငယ်ကို ကြည့်ပြီး
ရှင်းအားရဲ့ သေးသွယ်တဲ့ မျက်ခုံးလေး တွေ့ချိုးသွား၏။
လူငယ်၏ လှမ်းခေါ်သံကို လုံးဝဂရုမစိုက်ဘဲ အနောက်ပြန်
လှည့်သွား၏
" မိန်းကလေး ရှောင်ရှင်းအာ!! "
ငယ်ရွယ်ပြီး ဖြူရော်တဲ့အသားအရည်နှင့် လူငယ်
အမောတကောနှင့် ရှင်းအာအရှေ့ ပိတ်တားရပ်လိုက်၏။
ပိတ်ရပ်တားလိုက်၍ ရှောင်ရှင်း ခြေလှမ်းရပ်တန့်သွား၏။
ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်နှင့် သူမမျက်ဝန်း
ဟာ ဝန်လေးဟန်ဖြင့် လူငယ်ကို စကားတခွန်းမှ မဆိုဘဲ
မျက်ဝန်းကျဉ်းမြောင်ကာ စိုက်ကြည့်နေလိုက်၏။
" မိန်းခလေး ရှောင်ရှင်းအာ... "
ရေစက်ကလေးလို ရွှန်းလဲ့လဲ့ မျက်ဝန်းနှင့် အကြည့်ခံနေ
ရခြင်းတကြောင်း၊ အလှပဂေးတယောက်ကို စိတ်ကစားနေ
မိခြင်းက တကြောင်း သူ့အသက်ရှုနှုန်းမမှန်ဘဲ မောဟိုက်
နေသလို ဖြစ်နေသည်။ အင်မတန် နှုတ်သွက် လျှာသွက်တဲ့
သူ့ပါးစပ်ကလည်း အာစေးမိသလိုဖြစ်နေ၏။
" ဂျားလီ သခင်လေး.. အရေးကြီးကိစ္စမရှိရင် လမ်း
ဖယ်ပေးပါ... ကျွန်မမှာ လုပ်စရာကိစ္စရှိတယ်.. "
ရှက်သွေးဖြာပြီး အိုးတိုးအမ်းတမ်းဖြစ်နေတာကိုကြည့်
ရင်း ရှောင်ရှင်း နောက်ဆုံးပြောချလိုက်၏။ သူမ၏ နူးညံပြီး
ပျိုမြစ်တဲ့ အသံကြောင့် လူငယ်၏ ဖြူဆွတ်ဆွတ်မျက်နှာမှာ
ရှက်သွေးကြောင့် နီရဲသွားသည်။
" ဟီဟီ မိန်းခလေးရှင်းအာ.. ဒီကို တခုခုဝယ်ဖို့ ထွက်လာ
တာလား..? အခု ကျွန်တော်လည်း အားနေတယ်ဆိုတော့
အတူတူ ဈေးပတ်ကြမယ်လေ.."
စိတ်ထဲကနေ အားယူလိုက်ပြီး ညင်သာစွာ ပြုံးပြလိုက်
သည်။ သူရဲ့ အခြေအနေနှင့် ရုပ်ရည်ရူပကာကြောင့် သူ့
အပြုံးမှာ ကြွေဆင်းနေကြတဲ့ မိန်းကလေးလည်း မနည်းလှပေ။
" ဂျားလီယောင်သခင်လေး.. ကျွန်မမှာ လုပ်စရာ
ရှိသေးတယ်လို့ ပြောထားပြီးပြီးလေ.. အရှေ့ကနေ ဖယ်
ပေးနိုင်မလား... "
ရှောင်းရှင်း၏ နှုတ်ခမ်းငယ်လေး တွန့်ချိုးသွား၏။
သူမ၏အသံမှာ ညင်သာသော်လည်း စိတ်မရှည်တော့တဲ့
ဟန်ပေါက်နေသည်။
ရှင်းအာရဲ့ ငြင်းပယ်တာကို ခံလိုက်ရ၍ ဂျားလီယောင်
မျက်နှာ ရှုံ့မဲ့သွားသည်။ ဒါပေမဲ့ အပြုံးကို ပေးမပျက်စေကာ
အိတ်ကပ်ကနေ လက်ကောက်တကွင်း ဆွဲထုတ်လိုက်
သည်။လက်ကောက်မှာ မိုးပြာရောင်ဖျော့ဖျော့ ရွှေအဆင်း
လေး တောက်ပနေပြီး ဒါကို မိုးပြာရွှေသားဖြင့် လုပ်ထား
သည်။ ပြီးတော့ အစိမ်းရောင်ရှိပြီး လုံးချောတဲ့ မွန်းစတား
အမြုတေအလုံးလေးတလုံးလည်း ပါဝင်သည်။
မွန်းစတားအမြုတေဆီကနေ အစိမ်းဖန့်ဖန့်အရောင်ထွက်
နေပြီး လက်ကောက်ကိုယ်ထည်တခုလုံးကို ရောင်ပြန်ဟပ်
နေကာ ထူးခြားတဲ့ အဆင်းမျိုး ပေါ်လွင်စေနေသည်။
ဈေးကြီးပေးဝယ်ရမည့် လက်ကောက်ဖြစ်ဟန်ရှိသည်။
" ဟီဟီ မိန်းခလေးရှင်းအာ လုပ်စရာရှိတယ်ဆိုတော့
လည်း မတားတော့ပါဘူး.. "
လက်ကောက်ကွင်းကို ဆုပ်ကိုင်ပြီးတော့ ပြုံးလျက်
" ဒီလက်ကောက်ကို ဈေးဆိုင်တဆိုင်ကနေ ဝယ်လာခဲ့တာ
သိပ်ဈေးမကြီးပေမဲ့ သူ့မှာပါတဲ့ မွန်းစတားအမြုတေက
အဆင့် ၁ သစ်သားသတ္တိအမြုတေလေ.... ဒိုချီစွမ်းအင်ကို
ပြန်လည်ဖြည့်တင်းတဲ့နေရာမှာ အရမ်းကိုကောင်းမွန်တဲ့
အမြုတေပဲ... အခု ရှင်းအာက Dou Zhe အဆင့်ကို
မရောက်သေးဘူးမလား ဒါဆို ဒီလက်ကောက်က ရှင်းအာ
အတွက်ဆို အရမ်းကိုအထောက်အကူုဖြစ်မှာပဲ.. ဒါကို
ကျွန်တော့်ရဲ့အသေးအမွှားလက်ဆောင်လို့ပဲ သဘောထား
ပြီး လက်ခံပေးပါလား.. ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့နော်.."
ပြီးတော့ ကျွန်တော့်ငယ်သားတွေ အရှေ့မှာ မျက်နှာပျက်
အောင် မလုပ်ပဲနဲ့ လက်ခံလိုက်ပါနော်.. "
စကားအဆုံးသတ်လေးမှာ ဘေးကျပ်နံကျပ်ဖြစ်အောင်
အပျော့ဆွဲလေသံဖြင့် ပြောလိုက်သည်။ အနောက်က
ပြုံးဖြီးဖြီးနှင့် သခင့်အထာနပ်နေတဲ့ နောက်လိုက်နောက်ပါ
တွေနဲ့ လိုက်လည်း လိုက်ဖက်ပါပေတယ်။
ဂျားလီယောင်ရဲ့စကားကြောင့် ရှင်းအာ အကြံအိုက်
သွားသည်။ ဒီလိုလူမျိုးတွေကို ဘယ်လိုဆက်ဆံရမလဲဆို
တာ သူမ မစဉ်းစားတတ်တော့ပါ။
လက်ဆောင်ကို ငြင်းပယ်ဖို့ စဉ်းစားလိုက်ချိန်မှာပဲ
လက်ကောက်ပေါ်က မွန်းစတားအမြုတေဆီကို အကြည့်
ရောက်သွားသည်။ သစ်သားသတ္တိပါတဲ့ မွန်းစတားအမြု
တေကို ရှောင်ယွင် အသည်အသန် လိုက်ရှာနေသည်ကို
သတိရလိုက်သည်။ မျက်တောင်ရှည်လေး ခတ်ပြီး တင်းမာ
နေတဲ့အမူအရာ အနည်းအငယ်ပျော့ပြောင်းသွားသည်။
ရှင်းအာရဲ့မျက်နှာ ပြန်ပျော့သွားတာကို ကြည့်ပြီး ဂျားလီ
ယောင် ပျော်ရွှင်စွာ နှလုံးခုန်သွားပြီး မွန်းစတားအမြုတေကို
အလျင်အမြန် အရှေ့ထိုးပေးကာ
" မိန်းခလေးရှင်းအာ... ဘာမှ အားနာစရာမလိုပါဘူး...
ဝူတန်မြို့မှာ ဂျားလီမျိုးနွယ်နဲ့ ရှောင်မျိုးနွယ်ဆိုတာ ထိပ်ဆုံး
သုံးစုထဲမှာ နှစ်စုပဲလေ.. ဒီလို လက်ဆောင်လေးကို ပေး
တယ်ဆိုတာ ပုံမှန်အစဉ်အလာပါပဲ.. "
" အင်း ငါ လက်ကောက်ကိုလက်ခံလိုက်ပြီးတော့
မွန်းစတားအမြုတေကို ထုတ်ယူလိုက်မယ်.. ပြီးရင် အကို
ရှောင်ယွင်ကို ပေးလိုက်မယ်...လက်ကောက်ကိုကျတော့
သူ သတိမထားမိတဲ့အချိန်မှာ ပစ်ထုတ်လိုက်မယ်.. "
ကလေးဆန်တဲ့အကြံကို တွေးလိုက်မိပြီး နောက်ထပ်မစဉ်း
စားတော့ဘဲ လက်ကောက်ကိုယူရန် လက်ကိုဆန့်ထုတ်
လိုက်သည်။ လက်ကောက်ယူဖို့ဟန်ပြင်နေတဲ့သူမလက်ကို
တယောက်ယောက်က ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး
တားလိုက်သည်။
သူမလက်ကို ဖမ်းဆုပ်ခြင်းခံရတာနဲ့ ထိတ်လန့်သွားကာ
ဒိုချီစွမ်းအင်ကို တကိုယ်လုံး ဖြန့်ကျက်လိုက်ကာ ရုန်းလိုက်
သည်။ သူမလက် လွတ်ထွက်တောမည့်ဆဲဆဲ မှာ လူငယ်
လေးက သူမကို ငြိမ်သက်သွားစေသည်။
အနောက်လှည့်လိုက်ပြီး မော့ကြည့်တော့ ကပ်ရပ်မှာ
ရှိနေတဲ့ ရှောင်ယွင်ရဲ့ စူးရဲတဲ့မျက်နှာကို မြင်လိုက်သည်။
" သူကဘယ်လိုလူမျိုးလဲဆိုတာနင်မသိဘူးလား.."
ရှောင်ရှင်းအာကို မျက်နှာရှစ်ခေါက်ချိုးကြည့်လိုက်ပြီး စိတ်
ထဲကနေ အပြစ်တင်မိလိုက်သည်။ ရှိစေတော့
ရှောင်ယွင်ငုံ့ကြည့်နေရာကနေ မော့လိုက်ပြီး " ဂျားလီ
ယောင်သခင်လေး... ခင်ဗျားရဲ့စေတနာကို ရှင်းအာကိုယ်
စားကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ လက်ဆောင်ပစ္စည်း
ကိုတော့ပြန်ယူလိုက်ပါ.."
အစီအစဉ်ပျက်သွား၍ ဂျားလီယောင်မျက်ဝန်းမှာ ဒေါသ
အရိပ်အယောင် ဖျတ်ခနဲ ပြေးသွားသည်။ ဒါပေမဲ့ ရှင်းအာ
အရှေ့မှာ ရှိနေ၍ လူကြီးလူကောင်းဟန် ပြန်ဖမ်းကာ
" ရှောင်ယွင်သခင်လေး... မိန်းခလေးရှင်းအာမှာ လက်
ဝတ်ရတနာတခုမှ မရှိတာကို ကြည့်ပြီး ကူညီချင်ရုံလေးပါ...
သူမရဲ့ အလှအပကို အပေါစားလက်ဝတ်ရတနာနဲ့ တန်ဆာ
ဆင်ထားမှာကို သင်လည်း မမြင်ချင်ဘူးမဟုတ်လား..."
ရှောင်ယွင် အားလျော့စွာ သက်ပြင်းချလိုက်ပြီး ဂျားလီ
ယောင်လက်ထဲက လက်ကောက်ကို တချက်ကြည့်လိုက်
သည်။ ပြီး မချင့်မရဲဖြင့် သူ့အိတ်ကပ်ကနေ အစိမ်းရောင်
လက်ကောက်တခုကို ထုတ်ယူလိုက်ပြီး ရှင်းအာကို မေး
လိုက်သည်။
" ရှင်းအာက လက်ကောက်ကိုသဘောကျတယ်ဆိုရင်
ရော့ ဒီမှာယူလိုက်..အကြောင်းအရင်းမရှိဘဲ သူများလက်
ဆောင်ကို လက်မခံနဲ့လို့ ပြောပြထားဖူးတယ်မလား..
အလကားရတဲ့ အရာဆိုတာမရှိဘူး.. တယောက်ယောက်
က အလကား လာပေးတယ်ဆိုတာ နောက်ကွယ်မှာ
အကြောင်းရင်းရှိတယ်... အခုလို မလည်မဝယ်ပုံစံနဲ့ဆို
ရောင်းစားခံရပြီး ဘာဖြစ်သွားမှန်းတောင် သိမှာ မဟုတ်
ဘူး.. "
( TNL: ဂျင်းကောင်.. မင်းပြောစရာလား ငါ့ရှင်းအာကို😡 )
ရှောင်ယွင်စကားက သူ့ကို တိုက်ရိုက်လာထိခိုက်နေ၍
ဂျားလီယောင် မျက်နှာအေးစက်သွားသည်။ ဒါပေမဲ့ ရှောင်
ယွင်လက်ထဲက လက်ကောက်ကို မြင်လိုက်ရ၍ မအောင့်
နိုင်ဘဲ ရယ်မောလိုက်သည်။
ရှောင်ယွင် လက်ကောက်က ခန့်မှန်းရသလောက် ဈေး
ပေါပြီး ရွှေ၅ပြားထက်တောင်ကျော်မှာ မဟုတ်ဘူး။ ဒါပေမဲ့
သူ့ရဲ့ မွန်းစတားအမြုတေပါတဲ့ လက်ကောက်က စုစုပေါင်း
ရွှေအပြားတထောင်ကျော် ပေးဝယ်လာခြင်းဖြစ်သည်။
လက်ကောက်နှစ်ကွင်းကို ဘယ်လိုပဲ နှိုင်းယှဉ်ပြီး ကြည့်ပါ
စေ ဈေးနှုန်း၊အသုံးဝင်မှု အစသဖြင့် ကွာဟချက် အလွန်
များပြီး ရှောင်ယွင်လက်ကောက်က အမြုတေလက်ကောက်
ကို လုံးဝယှဉ်နိုင်မှာ မဟုတ်ပေ။ ဒီလောက်ဈေးပေါတဲ့
လက်ကောက်ကို အလှပဂေး ရှင်းအာကို ပေးနေတာကိုမြင်
တော့ ဂျားလီယောင်တယောက် မနေနိုင်ဘဲ ဝေဖန်လိုက်
သည်။
" ရှောင်ယွင်... မင်းရဲ့မျိုးနွယ်မှာ သိပ်နေရာမရတော့တာ
ငါနားလည်ပါတယ်.. ဒါပေမဲ့ ဒါပေမဲ့ ဘာလို့ ရှင်းအာကို
ဒီလောက် နုံချာတဲ့ ပစ္စည်း ပေးရတာလဲ.? "
ရှောင်ယွင် ဂျားလီယောင်ရဲ့ မထိတထိစကားကို နား
ထောင်မနေဘဲ သူ့လက်ထဲက လက်ကောက်ကိုသာ ကြည့်
နေတဲ့ရှင်းအာကိုသာ ခပ်မြန်မြန် မေးလိုက်ပြန်သည်။
" ဘယ်လိုလဲ.. ယူမှာလား မယူဘူးလား... မယူရင် လွှင့်
ပစ်လိုက်မယ်... ဒါ ရွှေဒင်္ဂါးသုံးပြားလောက်ပဲ ပေးရတာ.."
" ဟားဟားဟား... "
ရှောင်ယွင်စကားကို ကြားရလို့ ဂျားလီယောင် အားပါးတရ
ထရယ်သည်။ ဂျားလီယောင် နောက်လိုက်တွေပါ လှောင်
ပြောင်သရော်တဲ့အသံတွေနှင့် အတူရယ်မောကြသည်။
ဒါပေမဲ့ လှောင်ရယ်သံတွေ ကြာကြာမရယ်လိုက်ရပါဘူး။
လည်လိမ်လိုက်သလို အသံတောင် မထွက်နိုင်တော့ပါ။
အံ့သြပြူးကြောင်နေတဲ့ သူတို့မျက်နှာကို ပြန်ကြည့်ရတာ
ရယ်ဖွယ်ရာကောင်းလှသည်။
ရှောင်ယွင်စကားကြောင့် နဂိုက ကြောင်ရပ်နေတဲ့
ရှင်းအာ၏ လက်နှစ်ဖက်က လက်ကောက်ကို ကမန်းက
တန်း ဆတ်ခနဲ ဆွဲလုလိုက်သောကြောင့်ဖြစ်သည်။
လက်ကောက် လက်ထဲရောက်သွားမှ မိန်းခလေးတန်မဲ့
လက်ဆောင်ကို ကမန်းကတန်း ဆွဲယူလိုက်မှန်း သိလိုက်
၍ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
သူမ၏ ဖြူဖွေးတဲ့ မျက်နှာမှာ ရဲခနဲ ဖြစ်သွားသည်။
ဒါပေမဲ့ ရှင်းအားသည် တခြားမိန်းခလေးလို မဟုတ်ဘဲ
တချက်ပဲ ရှက်ကိုးရှက်ကန်းဖြစ်ပြီး လက်ကောက်လေးကို
သူမ၏ လက်ကောက်ဝတ်မှာ ဝတ်ဆင်လိုက်သည်။ ပြီး
ခေါင်းမော့လိုက်ကာ ရှက်ဟန်အပြုံးဖြင့် ကျေးဇူးတင်စကား
ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အကိုရှောင်ယွင်.."
ရှောင်ယွင်နှင့် ရင်းရင်းနှီးနှီးဖြစ်နေတဲ့ ရှောင်ရှင်းကို
ကို ကြည့်ပြီး ဂျားလီယောင် မျက်နှာပျက်သွားသည်။
မနာလိုစွာဖြင့်
" ဟားဟား... မိန်းခလေးရှင်းအားရဲ့ အကြိုက်ကတော့
ဆန်းပြားပါတယ်ဗျာ ကျွန်တော်တော့ နားမလည်နိုင်တော့
ပါဘူး.. ကျွန်တော်မှားနေတယ်လို့ပဲ တွေးလိုက်ပါမယ်.."
ဂျားလီယောင်ကို လှည့်ကြည့်လိုက်ပြီး သူရင်ဘက်ပေါ်က
ရွှေရောင်ကြယ်ကိုလည်း ရှောင်ယွင် သတိထားမိလိုက်
သည်။ ရှောင်ယွင် ထူးဆန်းစွာ တွေးလိုက်မိသည်။
ပြီးခဲ့နှစ်တုန်းက သူ အဆင့် ၉ ပဲရှိပါသေးတယ်။ တနှစ်
အတွင်း Dou Qi ဝဲကတော့ပုံစံ စုစည်းနိုင်လိမ့်မယ်လို့
ဘယ်သူထင်မိမှာလဲ။ ဒါပေမဲ့အသက် ၂၀ ရောက်မှ
Dou Zhe အဆင့်ရောက်တယ်ဆိုတော့ သူ့ပါရမီက သာမန်
လောက်ပဲ။
( အကောင်အထည်မရှိတဲ့ ချီစွမ်းအင်ကို ပုံစံတခုရအောင်
စုစည်းရတာ လွယ်တဲ့ကိစ္စတခု မဟုတ်ပေ)
ဂျားလီယောင် ပေကပ်နေဆဲ ပုံစံကိုကြည့်ပြီး ရှောင်ယွင်
နှာခေါင်းရှုံ့လိုက်မိသည်။ ဂျားလီမျိုးနွယ်ရဲ့ အင်အားနှင့်
အဆင့်အတန်းကို ရှောင်ယွင် သိပ်ဂရုမစိုက်ပါ။ ဒါ့အပြင်
ရှေ့ကတည်းက ဂျားလီမျိုးနွယ်နှင့်ရှောင်မျိုးနွယ်နှစ်စုဟာ
ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တာမဟုတ်တော့ ရှောင်ယွင်
အနေဖြင် ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံပေးနေစရာ မလို
ချေ။ နှာခါင်းကို ပွတ်လိုက်ကာ အေးဆေးစွာ ပြောလိုက်သည်။
" ဂျားလီယောင်သခင်လေး.. ခင်ဗျားရဲ့မိန်းမလိုက်စားတဲ့
အကျင့်ကတော့ ဝူတန်မြို့မှာ နာမည်ကြီးနေတာပဲနော်
ဟဲဟဲ..ရှင်းအားက ငယ်ပါသေးတယ်.. ခင်ဗျားရဲ့မြာပွေ
မှုတွေနဲ့လည်း အချိန်ကုန်ခံဖို့ စိတ်ကူးမရှိပါဘူး... ဒီတော့
နောက်နောင် တခြားမိန်းကလေးတွေကိုပဲ ပွေရှုပ်ပါလို့
မျှော်လင့်ပါတယ်.. "
ဂျားလီယောင်ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို လုံးဝ
ဂရုမစိုက်ဘဲ ရှင်းအာဘက်ကို လှည့်လိုက်ပြီး ကြီးသူဂုဏ်ကို
အသုံးချကာ ခပ်ငေါက်ငေါက်လေး ပြောလိုက်သည်။
" သူကို ဝေးဝေးကရှောင် ကြားလား..."
" ဟုတ်ကဲ့..."
အကင်းပါးစွာ ချက်ချင်း ပြန်ဖြေလိုက်သည်။ သူမအနေဖြင့်
ဂျားလိယောင်ဆိုတာ အပြင်မှာ နှစ်ခါသာတွေ့ဖူးတဲ့ သူစိမ်း
တယောက်ဖြစ်ပြီး ရှောင်ယွင်က သူမအတွက် အစားထိုးမရ
တဲ့သူပါ။ ဂျားလီယောင်ကို ဝေးဝေးကရှောင်လို့ ရှောင်ယွင်
ပြောလာရင် သူမ ဝေးဝေးကနေ ရှောင်နေလိမ့်မည်။ ရှောင်
ယွင်စကားနားထောင်ဖို့ဆိုတာ ရှင်းအာအတွက် ခက်ခဲတဲ့
အရာမဟုတ်ပါ...။
No comments:
Post a Comment