Followers

Chapter 101


အပိုင်း ( ၁၀၁ ) -  ကြောက်စရာကောင်းသော သူ

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by kaung Myat

မိန်းမပျိုငယ်၏ တက်ကြွနေသော စကားသံက ရွက်ဖျင်တဲတစ်ခုလုံးကို လူသေကောင်လိုပဲ တိတ်ဆိတ်သွားစေခဲ့တယ်။ လူအားလုံးတို့ဟာ ရှောင်ယွင် ဘေးနားက အစိမ်းရောင်ကောင်မလေးရဲ့  ပြုံးနေတဲ့ မျက်နှာကို ငေးကြည့်မိကြပါတယ်။ ရှောင်ယွင်ကြောင့် ထိတ်လန့် သွားတာတွေ ပြေရုံလေးပဲ ရှိသေးတယ်။ ယခုတစ်ခါ ပိုပြီး အံ့သြစရာတစ်ခုနဲ့ နောက်ထပ်တစ်ကြိမ် သူတို့ကို ရိုက်ချလိုက်ပြပါပြီး။ သူတို့ကို အကြင်နာမဲ့စွာနဲ့ ခေါင်းငုံ့သွားစေခဲ့တယ်။ 

ဒိုကျဲအဆင့် ကြယ် ၆ လုံး.. ပြီးတော့ အသက်က ၁၆ နှစ် ဒီလို အရည် အသွေးမျိုးက S အခန်းထက်တောင် ကျော်လွန်နေပါပြီး။ ဒီလို အရည် အချင်းက အကယ်ဒမီကျောင်းမျာ ရှိနေတဲ့ စုန်းမလေးထက်တောင် သာလွန်နေပါပြီး။ 

တိတ်ဆိတ်နေဆဲ ဖြစ်နေတဲ့ ရွက်ဖျင်တဲကို ကြည့်ပြီး ရှောင်ယွင်က နာ ကျင်စွာ ပြုံးလိုက်ပြီး ခေါင်းခါနေလိုက်တယ်။ ရှင်းအာ ကြေညာလိုက် တဲ့ အချက်အလက်က သူ ထင်ထားတာထက် ပိုပြီး ကျော်လွန်းနေ တယ်။ သူ ခန့်မှန်းထားတာက ရှင်းအာက ဒိုကျဲအဆင့် ကြယ် ၅ လုံး ပတ်ချာလည်လောက်ပဲ ရှိမယ်လို့ ခန်းမှန်းထားတာပါ။ ဒီမိန်းကလေးက ဒီလောက်ထိ ကြောက်စရာကောင်းနေမှန်း သူ မထင်လိုက်မိဘူး။ ပြောရရင် သူမရဲ့ အရည်အချင်းက S အခန်းထက်တောင် ပိုနေပါပြီး။ သူမရဲ့ အမြန်နှုန်းကို သူ့လိုမျိုး ထူးခြားတဲ့ လေ့ကျင့်ရေးအမြန်နှုန်း ရှိခဲ့တဲ့ သူကတောင် အနည်းငယ်တော့ ထိတ်လန့်သွားခဲ့တယ်။

တဲထောင့်မှာ ထိုင်နေတဲ့ ရှောင်ယုက ရှင်းအာရဲ့ စကားကို ကြားလိုက် ရတော့ လုံးဝကို သတိလစ်မတတ် ဖြစ်သွားခဲ့ရတယ်။ ကလန်မှာ ရှိစဉ် အခါက ရှင်းအာတိုက်ခိုက်နေတောကို သူမ လုံးဝ မမြင်ဖူးခဲ့ပါဘူး။ ဒါကြောင့်လည်း ရှင်းအားရဲ့ခွန်းအား အစစ်အမှန်ကို သူမ မသိခဲ့တာ ဖြစ်တယ်။ ပြီးတော့လည်း ရှင်းအာရဲ့ဇာစ်မြစ်အကြောင်းကို ဘယ်သူမှ လည်း သူမကို မပြောပြခဲ့ဖူးပါဘူး။ သူမထင်တာက ရှင်းအာဟာ ရှောင် ကလန်ရဲ့ လူငယ်မျိုးဆက်ထဲကတစ်ယောက် ဖြစ်ပြီး အရည်းအချင်း ပြည့်ဝတဲ့ ကောင်မလေးလိုပဲ သူမ စိတ်ထဲမှာ တွေးမှတ်ခဲ့တယ်။ ဒါပေမဲ့ ရှင်းအာရဲ့ စွမ်းရည်က ဒီလောက်အထိ ကြီးကျယ်နေမှန်း တကယ်ကို သူမ မထင်မှတ်ထားခဲ့တာပါ။ 

“ အကယ်ဒမီကျောင်းက စုန်းမလေးတော့ သူ့ရဲ့ ပြိုင်ဘက်ကို နောက်ဆုံး တွေ့ရတော့မှာပေါ့.. ”

ရှောင်ယုက ရုတ်တရက် ရွေရွတ်လိုက်ပြီး ခါးသီးစွာ ရယ်မောလိုက် တယ်။ ခေါင်းကိုလည်း ခါလိုက်တယ်။ 

တဲထောင့်နေရာမှာ ရှိနေတဲ့ လိုဘူနဲ့ ကီလားတို့ကလည်း အစိမ်းရောင် ကောင်မလေးကို သူတို့မျက်နှာမှာ တကယ်ကို ကြောက်ရွံ့စွာနဲ့ ငေး ကြည့်နေမိကြတယ်။ သူတို့ တမင်သက်သက် ဒုက္ခဖြစ်အောင် လုပ်ခဲ့ မိတာကို ပြန်တွေးကြည့်ရင်း နှစ်ယောက်စလုံး ဇောချွေးတွေ ပြန်လာခဲ့ ကြတယ်။ ပြီးတော့ ရင်ထဲမှာလည်း ကျိတ်ပြီး စိတ်သက်သာရာ ရသွား တယ်။ ကံကောင်းစွာနဲ့ အဲဒီကောင်မလေးကို ပြဿနာ မရှာလိုက်မိ တာပါ။ 

သူတို့နှစ်ယောက်စလုံး ပျော်ရွှင်သွားပြန်တယ်။ ဒါပေမဲ့ ရှောင်ယွင်ကို ဒုက္ခပေးလိုက်ပြီးအချိန်ကတည်းက ရှင်းအာက သူတို့ကို အမြင်မကြည်တော့ဘူးဆိုတာ သူတို့ မသိနိုင်တော့ပါဘူး။  

ရွက်ဖျင်တဲအထဲမှာ တိတ်ဆိတ်မှုက အတော်လေး ကြာသွားပြီးနောက် မှာတော့ အားလုံးက တဖြည်းဖြည်းနဲ့ အသိပြန်ဝင်လာကြတယ်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း ပြန်ကြည့်လိုက်ကြတယ် ဒါပေမဲ့ သူတို့ ရင်ထဲမှာ တစ်လှပ်လှပ် ဖြစ်နေဆဲပါပဲ။ 

“ ဟူးးး   S အခန်းကိုတောင် ကျော်သွားနိုင်တဲ့ အရည်အချင်းမျိုးး ရှိတဲ့ ကျောင်းသားအသစ်ကို ရှာတွေ့မယ်လို့ တကယ်ကို မထင်ထာမိပါဘူး ကွယ်.. ဟင်းဟင်း.. ငါတော့ တကယ်ကို ကံကောင်းသွားပြီး..”

ဆရာမရိုလင်းရဲ့ မျက်နှာပေါ်က အံ့သြသွားတာတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရှင်းအာကို တောက်ပနေတဲ့ မျက်လုံးနဲ့ ကြည့် နေတယ်။ ခဏအကြာတော့ ရုတ်တရက် ပြုံးလိုက်ပြီးတော့ 

“ ဒီတစ်ကြိမ်မှာ ဂျားနန်အကယ်ဒမီကျောင်းရဲ့ အထူးချွန်ဆုံး ကျောင်း သားသစ်ကတော့ ရှင်းအာက လုံးဝသေချာပေါက်ပဲ.. ”

ဆရာမရိုလင်းရဲ့ ချီးမွှမ်းလိုက်တာကို ကြားလိုက်ရတော့ ရှင်းအာ ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ထင်တာနဲ့ တလွဲဖြစ်နေလို့ ရှင်းအာက ခေါင်းခါပြလိုက်တယ်။ 

“ ဟမ်.. ?? ”

ရှင်းအာ ခေါင်းခါပြလိုက်လို့ အားလုံးက ကြောင်သွားကြတယ်။ ဆရာမ ရိုလင်းက ချီတုံချတုံနဲ့ မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး မယုံကြည်နိုင် တဲ့ လေသံနဲ့ တွန့်ဆုတ်တွန့်ဆုတ် မေးလိုက်တယ်။ 

“ မင်းထက် ပိုပြီး ထူးချွန်နေတဲ့ လူရှိနေလို့လား.. ”

“ မှန်ပါတယ်.. ဆရာမရိုလင်း.. 

ရှင်းအာက ခပ်သွက်သွက်လေး ခေါင်းညိတ်လိုက်တယ်။ သူမရဲ့ စမ်းချောင်းလို အေးချမ်းတဲ့မျက်လုံး နဲ့ ဆန်းသစ်လလို ပြုံးထားတဲ့ သူမက အရမ်းကို ချစ်ဖို့ကောင်းနေတယ်။ 

“ သူနဲ့ ယှဉ်ရင်တော့ ရှင်းအာက ဘာမှ မထူးချွန်ပါဘူး.. ”

“ ဟင်.?? ”

ဆရာမရိုလင်းက မျက်ခုံးတွန့်လိုက်တယ်။ အသက် ၁၆ နှစ်နဲ့ ဒိုကျဲ အဆင့် ကြယ် ၆ လုံး. …ဒါက အဲဒီလူရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ် ဘူးလား။ ဆရာမရိုလင်းက ခေါင်းကို ခါယမ်းလိုက်တယ်။ ဒါကို သူမ ဘယ်လိုမှ မယုံနိုင်သေးပါဘူး။ ထပ်သိချင်စိတ်နဲ့ သူမ ထပ်မေးလိုက် တယ်။ 

“ သူက ဘယ်သူလဲ.. ”

ရှင်းအာဘေးနားက ရှောင်ယွင်တော့ မသက်မသာ ခံစားနေရပါပြီး။ ဆရာမရိုလင်းက မေးလိုက်တဲ့အခါ ရှင်းအာက ခေါင်းကို စောင်းပြီး အနှောင့်အယှက်ပေးတော့မည်ပုံနဲ့ ရှောင်ယွင်ကို ကြည့်လိုက်တယ်။ 

လူတွေအားလုံးကလည်း ရှင်းအာကြည့်တာကို လိုက်ကြည့်လိုက်ကြ တယ်။ စိတ်ပျက်လက်ပျက်နဲ့ ဖြစ်နေတဲ့ ရှောင်ယွင်ကိုဆီကို အကြည့် ရောက်သွားခဲ့တယ်။ 

ရှင်းအာ ကြည့်နေတာက ရှောင်ယွင်ဖြစ်နေတာကို တွေ့တော့ ဆရာမ ရိုလင်းက တစ်ချက်တော့ ကြောင်အသွားပြီး ချက်ချင်းပဲ ထပ်မေးလိုက် တယ်။ 

“ ရှင်းအာ… ရှောင်ယွင်ရဲ့ အရည်အချင်းက ထူးခြားတာက သိပါတယ် A အခန်းကို ဝင်နိုင်တဲ့ အရည်အချင်းက အကယ်ဒမီကျောင်းမှာ ထိပ်ဆုံး အယောက်တစ်ရာထဲမှာ သတ်မှတ်လို့ရတယ်.. ဒါပေမဲ့ သူက မင်းထက် နိမ့်နေတယ်မဟုတ်လား.. ”

“ ဟဟ. ဟုတ်တာပေါ့.. ဂျူနီယာရှင်းအာရဲ့..သူရဲ့ အရည်အချင်းက တော်တော်လေး ကောင်းတယ်ဆိုပေမဲ့ မင်းနဲ့ ယှဉ်ရင် အဝေးကြီး လိုနေသေးတယ်မလား.. ”

ထောင့်နေရာမှာ ရှိနေတဲ့ လိုဘူက ခပ်ဟဟလေး ရယ်လိုက်ပြီး ဝင် ပြောလိုက်တယ်။ 

တကယ်တမ်းတော့ လိုဘူ တစ်ယောက်တည်းပဲ အဲလိုအတွေးမျိုး တွေးမိတာ မဟုတ်ပါဘူး။ ရွက်ဖျင်တဲထဲက လူ တစ်ယောက်စ နှစ်ယောက်စကလွဲလို့ အားလုံးက အဲလိုအတွေးမျိုး ရှိနေကြတာပါ။ သူတို့အားလုံးက ရှောင်ယွင်ကို စပ်စုနေကြတဲ့ အကြည့်နဲ့ ကြည့်နေကြ ပါတယ်။ A အခန်းဆိုတာ စွမ်းရည် အရည်အချင်း အားကောင်းမှ ရတာပါ။ ဒါပေမဲ့ ရှင်းအာရဲ့ စွမ်းရည်က S အခန်းရဲ့ သတ်မှတ်ချက် ကိုတောင် ကျော်လွန်နေတာပါ။ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်မယ်ဆို ရင် တံတားတစ်စင်း ထိုးလို့ရလောက်တဲ့အထိ ကွာဟချက်က 
ကြီးလွန်းနေတယ်။ 

ပြုံးဖြီးဖြီးနဲ့ ရှိနေတဲ့ လိုဘူကို ရှင်းအာက ဘာမှမဆိုဘဲ ကြည့်နေလိုက် ပါတယ်။ သူမရဲ့ အေးစက်စက်ပုံစံက သူမကို ရင်းနှီးချင်နေတဲ့ လိုဘူ ကို မလုံမလဲ ဖြစ်သွားစေခဲ့တယ်။ 

ရှောင်ယွင်ကို ရှင်းအာက ငေးကြည့်နေတဲ့ပုံစံကို ကြည့်ပြီး ဆရာမရိုလင်းက မျက်မှောင်ကုပ်ထားမိတယ်။ သူမက ကယ်ရာကင်းမဲ့နေပုံ ရတဲ့ ရှောင်ယွင်ကို အတွေးများစွာနဲ့ ကြည့်လိုက်ပြီး မေးလိုက်တယ်။ 
“ မဟုတ်မှလွဲရော.. ရှောင်ယွင်က ဖုံးကွယ်ထားများလား.. ”

“ ဟေ့.. ယုအာ.. သူတို့က ဘာကို လုပ်နေကြတာလဲ.. ဆရာမ ပြောသလို ရှောင်ယွင် တစ်ခုခုကို ဖုံးကွယ်ထားတာလား.. ”

လတ်တလော ဖြစ်ပျက်နေတာကို ကြည့်ပြီး ရှောင်ယု ဘေးနားက မိန်းကလေးတွေ စပ်စုလိုက်ကြတာပါ။ 

ရှောင်ယု ဘာမှ ခွန်းတုံ့မပြန်လိုက်ပါဘူး။ မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှအမူအရာကလည်း ပြောင်းလဲသွားတယ်။ ရှင်းအာရဲ့ စကားကြောင့် ရှောင်ယွင်က သူ့ရဲ့ လေ့ကျင့်ခြင်းမှာ သုံးနှစ်လောက် နောက်ကျခဲ့တာကို ရှောင်ယု သတိရလိုက်တယ်။ အဲဒီသုံးနှစ်အချိန်တုန်းကလည်း ထူးဆန်းတဲ့ အကြောင်းပြချက်ကြောင့် သူရဲ့ ခွန်းအားက မမြင့်တက်လာတဲ့ အပြင် တဖြည်းဖြည်း ယုတ်လျော့ ခဲ့တယ်လေ။ 

ပြီးတော့ နောက်ထပ် တစ်နှစ်နဲ့ ခြောက်လအတွင်းမှာပဲ ရှောင်ယွင်က ဒိုချီအဆင့် ၃ ကနေ ဒိုကျဲ ကြယ် ၄ လုံးအထိ အရှိန်အဟုန်အပြည့်နဲ့ တဟုန်ထိုး တိုးတက်လာခဲ့တယ်။ ဒီလိုအလျင်နှုန်းက ရှင်းအာတောင် လိုက်မှီနိုင်မှာ မဟုတ်ပါဘူး။ 

ရှောင်ယွင်ရဲ့ ခွန်းအားအကြောင်းကို မေ့သလောက်ဖြစ်နေရာမှ ပြန်လည်တွေးလိုက်မိတဲ့အခါမှာတော့ ရှောင်ယု အသက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်တယ်။ သူ့ကို ရန်စရတာကို အမြဲကြိုက်တဲ့ ကောင်လေးက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ သူမ အခုတော့ ကောင်းကောင်း သဘောပေါက်သွားခဲ့တယ်။  

“ ဖုံးကွယ်ထားတယ်လို့ ပြောလို့မရပါဘူး.. ကျွန်တော်အကြောင်းကို ဝူတန်မြို့ကလူတွေ သိသလောက်တော့ သိကြပါတယ်.. ”

ရှောင်ယွင်က ပထမတော့ တိတ်နေပါသေးတယ်။ နောက်တော့ အားလုံးက စိတ်ဝင်တစားနဲ့ ကြည့်နေတော့ ပခုံးတွန့်ပြီး ပြုံးပြုံးလေးပဲ ပြောလိုက်တယ်။ 

“ အဲဒီအကြောင်း နည်းနည်း ပြောလို့ရမလား.. ကျောင်းအနေနဲ့ ရှင်းရှင်းလင်းလင်း သိထားရင် ပိုကောင်းအောင် ကူညီပေးလို့ ရတာပေါ့..ဘာမှ ထိခိုက်အောင် မလုပ်ပါဘူး.. ”

ဆရာမရိုလင်းက မှင်တံကို ပြန်ချလိုက်တယ်။ မေးကို လက်ထောက် ပြီးတော့ အရပ်ရှည်ရှည်နဲ့ ချောမောတဲ့ လူငယ်လေးကို ကြည်ပြီး ပြုံးပြုံးလေးနဲ့ မေးလိုက်တယ်။ ဆရာမရဲ့ ချိုသာတဲ့ လေသံက  ဘယ်ယောင်္ကျားကိုမဆို ငြင်းပယ်ပစ်ဖို့က ခဲယဉ်းစေပါတယ်။ 

“ ရှင်းအာကို ပေးပြောပါရစေ.. အစ်ကိုရှောင်ယွင်က အတိတ်က အကြောင်းတွေ ပြောရတာ မကြိုက်လို့ပါ.. ”

ရှောင်ယွင်မျက်နှာက ဝန်လေးနေတဲ့ အမူအရာကို မြင်တော့ ရှင်းအာက အလိုက်တသိနဲ့ ဝင်ပြောလိုက်တယ်။ 

“ အင်း.. ဒါလည်း ရတာပဲ   ”

ဆရာမရိုလင်းက ခေါင်းညိတ်တယ်။ ရှင်းအာကို ကြည့်လိုက်တဲ့ သူမ အကြည့်က စူးစမ်းတဲ့အကြည်ပါ။ သူမရဲ့ အတွေ့အကြုံအရ ရှင်းအာက ရှောင်ယွင်ကို ကူညီပေးဖို့ ရည်ရွယ်နေတာကို သူမ ကောင်းကောင်း ရပ်မိလိုက်ပါတယ်။ 

ပြီးတော့ ရှင်းအာ အပြုအမူကို ကြည့်ရင်လည်း သူမ ဂုဏ်အယူရဆုံး ကိစ္စတစ်ခုကို လူအများရှေ့မှာ ပြောပြရမှာကို စိတ်တက်ကြွနေမှန်း သိသာနေပါတယ်။ သူမ ကာကွယ်စောင့်ရှောက်နေတဲ့ အရာကို ထိခိုက်ခွင့် ဘယ်သူကိုမှ မပေးနိုင်ပါဘူး။ 
“ ဒီကောင်လေးက မိန်းမတွေနဲ့ ကံကောင်းတယ်ထင်တယ်.. ”

ဆရာမရိုလင်းက ရင်ထဲမှာ ကျိတ်ရယ်လိုက်ပြီး ရှောင်ယွင်က တစ်ချက် ကြည့်လိုက်ပါတယ်။ 

ဒီအခြေအနေရောက်မှာတော့လည်း ရှောင်ယွင်က ခေါင်းကိုပဲ ညိတ်ပြ လိုက်ရတော့တယ်။ 

ရှောင်ယွင် ခေါင်းညိတ်တာကို မြင်တော့ ရှင်းအာက ချိုချိုသာသာလေး ပြုံးလိုက်ပါတယ်။ ပြောရမယ့် အကြောင်းအရာကို မျက်ခုံးတွန့် စဉ်းစားလိုက်လိုက်ပြီးတော့ ပုံမှန်နှုန်းထားနဲ့ စတင်ပြောလိုက် ပါတယ်။ 

“ အစ်ကိုရှောင်ယွင်က အသက် ၄ နှစ်မှာ ဒိုချီကို စတင်လေ့ကျင့်ခဲ့ တယ်.. ”

ပထမဆုံး စကားကို နားထောင်းရင်း ဆရာမရိုလင်းက ခေါင်းညိတ် လိုက်ပါတယ်။ အသက် ၄ နှစ်မှာ ဒိုချီကို စတင်လေ့ကျင့်တာက စောတယ်လို့ ပြောလို့ မရလို နောက်ကျတယ်လို့လည်း ပြောလို့ မရပါဘူး။ 

“ အသက် ၉ နှစ်မှာ ဒိုချီအဆင့် ၉ ရောက်ခဲ့တယ်. ”

ရှင်းအာရဲ့ ညင်သာတဲ့ အသံက အားလုံးကို အံ့သြသွားစေပြန်တယ်။ ဒိုချီလေ့ကျင့်ခြင်းရဲ့ အစောပိုင်းအဆင့်တွေက အရမ်းကို ခက်ခဲပါတယ် ဒါကို လူတိုင်းကလည်း သိကြတယ်။ တကယ်လို့ လူတစ်ယောက်က အသက် ၄နှစ်မှာ ဒိုချီစတင်လေ့ကျင့်ပြီး သာမန်ထက် ထူးတဲ့ ပါရမီ ပါလာရင်တောင်မှ အသက် ၁၅ နှစ်မှာပဲ ဒိုချီအဆင့် ၉ ကို ရောက်နိုင် မှာပါ။ အရမ်းကို ထူးကဲတဲ့ အရည်အချင်းရှိနေရင်လည်း အသက် ၁၃ ၁၄ နှစ် လောက်မှာပဲ ရနိုင်တာပါ။ အဆင့် ၉ ကို အသက် ၁၀နှစ်တည်း နဲ့ ရောက်တယ်ဆိုတာ တကယ့်ကို ကြောက်စရာကောင်းလွန်းလှပါ တယ်။ 

“ အသက် ၁၁ နှစ်မှာ ဒိုကျဲအဆင့်အထိ တက်သွားခဲ့ပါတယ်။ “

အဲဒီစကားနေရာကို ရောက်တဲ့အခါမှာ အားလုံးက ရှောင်ယွင်ကို အထူးအဆန်းတစ်ကောင်လို ကြည့်လိုက်မိပြန်တယ်။ 

အသက် ၁၁  နှစ်မှာ ဒိုကျဲအဆင့်တဲ့.. ဒါကို ဂျားနန်အကယ်ဒမီကျောင်း က ဘယ်သူက မှီနိုင်မှာလဲ.. 

ရှင်းအာပြောတဲ့စကားကို နားထောင်ရင်း ဆရာမရိုလင်းရဲ့ မျက်လုံးက တဖြည်းဖြည်း တောက်ပလာခဲ့တယ်။ လှပတဲ့ သူမ မျက်လုံးက အရောင်တွေပင် ဖြာထွက်လာသလို ဖြစ်လာခဲ့တယ်။ 

“ အင်း.. ပြီးတော့ရော.. ”

ဒီအချိန်မှာ ရှင်းအာက နှုတ်ခမ်းကို စုလိုက်ပြီး ညင်သာစွာ ဆက်ပြော လေတယ်။ 

“ အသက် ၁၂ ကနေ ၁၅ နှစ်အထိကို အကိုရှောင်ယွင်က ဒိုကျဲအဆင့် ကနေ ဒိုချီအဆင့်၃ ကို ပြန်ကျသွားခဲ့ပါတယ်.. ”

“ ဟင်.. ဒိုချီအဆင့် ၃ အထိ ပြန်ကျသွားခဲ့တယ်.. ?? ”

ဝတ္ထူတစ်ပုဒ်လို စိတ်ကူးယဉ်ဆန်လှတဲ့ စကားက ဆရာမရိုလင်းရဲ့ လှပနေတဲ့ မျက်နှာကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။ ရုတ်ခြည်း ပြောင်းလဲသွားတဲ့ စကားက သူမကို ဒဏ္ဍာရီတစ်ပုဒ် နားထောင်နေရသလို ခံစားစေရတယ်။ 

ဆရာမရိုလင်းက သူမနှုတ်ခမ်းကို လက်ကလေးနဲ့ ကာလိုက်မိပါတယ်။ အချိန်ကလေး အတော်ကြာသွားမှ သတိပြန်ဝင်လာပြီးတော့ အလော တကြီးနဲ့ ရှင်းအာကို မေးလိုက်ပြန်တယ်။ 

“ နောက်တော့ ဘာဖြစ်သေးလဲ.. ”

“ နောက်တော့ အစ်ကိုရှောင်ယွင်က သုံးနှစ်လုံးလုံး မလေ့ကျင့်နိုင်ခဲ့တဲ့ သူက နောက်တစ်ကြိမ် သူ့ရဲ့ ကြောက်ဖို့ ကောင်းပြီး မယုံနိုင်စရာ ကောင်းလောက်တဲ့ စွမ်းရည်ကို ပြန်ရလာခဲ့တယ်.. အသက် ၁၅ နှစ်က နေပြီးတော့ အဆင့်တိုးလာခဲ့တာ ဒိုချီအဆင့် ၃ ကနေ ဒိုကျဲအဆင့် ကြယ် ၄ လုံးအထိကို တစ်နှစ်နဲ့ ခြောက်လလောက်ပဲ ကြာခဲ့တယ်.. ”

ရှင်းအာက နှုတ်ခမ်းကို စူလိုက်ပြီးတော့ ပြုံးနေရင်း စကားကို ပြန်ဆက်တယ်။ 

“ အဲဒါကြောင့် အစ်ကိုရှောင်ယွင်ရဲ့ အခုလက်ရှိအဆင့်က တစ်နှစ်နဲ့ ခြောက်လလောက်ပဲ လေ့ကျင့်ခဲ့ပြီး ရောက်ရှိခဲ့တာပါ.. ဒါပေမဲ့  ရှင်းအာရဲ့ အဆင့်က ၁၆ နှစ်လုံးလုံး လေ့ကျင့်ခဲ့ရတာပါ.. ဒါဆိုရင် ဘယ်က သာတယ် ဘယ်သူက မယှဉ်နိုင်ဘူးဆိုတာ လွယ်လွယ်လေး ပြောလို့ ရပါပြီး.. ”

ရှင်းအာရဲ့ စကားဆုံးသွားတာနဲ့ ရွက်ဖျင်တဲထဲက လူတွေအားလုံး  နောက်တစ်ကြိမ် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြပါတယ်။ သူတို့ရဲ့ မျက်နှာမှာလည်း ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေပြီး ရှောင်ယွင်ရဲ့ ကြောက်စရာကောင်းတဲ့ ပါရမီကို အံ့သြစွာနဲ့ ကြည့်နေကြတာပါ။ 

ထောင့်နေရာမှာ ထိုင်နေတဲ့ လိုဘူနဲ့ ကီလားတို့က တံတွေးကို အနိုင်နိုင် မျိုချလိုက်ရတယ်။ သူတို့က တစ်ယောက်ကို တစ်ယောက် လည်း  ကြည့်လိုက်မိကြတယ်။ သူတို့ မျက်လုံးမှာ ကြောက်ရွံ့တာရော လေးစားတာရော ပြွန်းတီးနေပါတယ်။ 

ဆရာမရိုလင်းက မျက်လုံးကို ကျဉ်းထားပြီးတော့ ခပ်လေးလေး အသက်ပြင်းချလိုက်တယ်။ ပြီးတော့ မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး ရှောင်ယွင်ကို ငေးကြည့်လိုက်ပြန်တယ်။ 

သိမ်မွေ့တဲ့ လေသံနဲ့ သူမက ပြောလိုက်ပါတယ်။ 

“ တကယ့်ကို မထင်မှတ်စရာပဲ.. မင်းက အားလုံးကို ထိတ်လန့်စေခဲ့ တာပဲ.. ရှင်းအာက ဒီအကြောင်းကို မပြောပေးဘူးဆိုရင် ငါတို့  မင်းအကြောင်းကို  သိရမှာ မဟုတ်တော့ဘူး… ” 

=================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...