Followers

Chapter 124

======================
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း (၁၂၄)
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း
===========================

ဟီမန်သည် သူ့အောက်တွင် ရှိနေသော ဆွတ်ဆွတ်ဖြူသည့် မိန်းမပျိုလေးကို ငုံ့ကြည့်ရင်း သူ့၏ မျက်နှာတွင် ရမ္မက်ဆန် သော အပြုံးတစ်ခုက ဖြစ်ပေါ်လာသည်။ သူ့လက်နှစ်ဖက်က မိန်းမ ပျိုလေး၏ ရင်နှစ်မြွာအား ပယ်ပယ်နယ်နယ် ဆုပ်နယ်ကာ တချက် ချက် အားထည့်ညှစ်လိုက်သည်။ သူ့အောက်က မိန်းမပျိုသည် ကြောင်မတစ်ကောင်လို ရမ္မက်ဆန်သည့် ညည်းသံ များ ထွက်ကာ သူမ၏ ခါးသည်လည်း အပေါ်သို့ ကော့လန်ရုန်း ကြွနေသည်။ 

မိန်းမပျိုလေး၏ ရမ္မက်ကြွစေသော ညည်းသံသဲ့သဲ့ကြောင့် စိတ် ကြွ လာသော ဟီမန်သည် သူမ၏ ခါးကို လက်နှစ်ဖက်ဖြင့် ခပ် တင်း တင်း ဆုပ်ကိုင်ထားလေသည်။ ခဏအကြာတွင် အဝတ်မဲ့ ခန္ဓာ ကိုယ်နှစ်ခုသည် တောင့်တင်းသွားကြကာ ပန်းတိုင်သို့ ရောက်ရှိ သွားလေသည်။ 

ဟီမန်သည် ခေါင်းကိုမော့၍ကာ သာယာမှုအထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းကြောင့် အသက်ပြင်းတစ်ချက် ရှိုက်သွင်း လိုက် သည်။ တောင့်တင်းနေသည့် သူ့ခန္ဓာကိုယ်သည်လည်း တဖြည်း ဖြည်း ပြေလျော့လာသည်။ 

ထိုကဲ့သို့ သာယာမှုကြောင့် ဟီမန်၏ ခန္ဓာကိုယ် အနည်းငယ် တုန် တက်သွားသည့်အခိုက်တွင် ရုတ်တရက် ခံစားလိုက်ရသော တနည်း ဓားသွားထက်နှင့် နှစ်ပေါင်းများစွာ ရှင်သန်လာသူတစ်ယောက်မို့ စူးရှသော ဆဋ္ဌမအာရုံ၏ နှိုးဆောင်မှုကြောင့် သူ့ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် တောင့်တင်းသွားသည်။ သူ့ စိတ်ထဲတွင်လည်း သတိပေးသံများ ဆူညံသွားသည်။ ဘေးနား ရှိ စောင်ထည်ကို လှမ်း ဆွဲယူပြီ နောက်ကျောဘက်သို့ လွှဲပစ်လိုက်သည်။ 

“ ရွှပ်.. ”

အလင်းပါးပါးလေးတစ်ခုက စောင်ထည်ကို အသာအယာ ဆွဲ ဖြတ် လိုက်ပြီးလျှင် အရိပ်တစ်ခုက ရွက်ဖျင်တဲထဲသို့ လျင်မြန် စွာ ရောက်ရှိလာသည်။ အေးစက်စက် အငွေ့အသက်ထွက်နေသော ဓားသွားတစ်ခုက ဟီမန်၏ လည်ပင်းဆီသို့ တိုးဝင်လာသည်။ 

ရုတ်တရက် ကျူးကျော်ချဉ်းနင်းတိုက်ခိုက်မှုကြောင့် ဟီမန်၏ မျက လ်နှာက အကြီးအကျယ် ပြောင်းလဲသွားသည်။ အိပ်ရာမှာ အလူး အလဲလှိမ့်လိုက်ပြီ ဓားအသွားထက်ထက်၏ အန္တရာယ်ကို အသည်း အသန် ရှောင်လိုက်သည်။ 

ပစ်မှတ်မထိလိုက်သော ဓားသွားသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ အလျားလိုက် ဖြတ်ပိုင်းလိုက်ပြန်သည်။ ထင်းမီးပုံမှ မီးအလင်း ဖြင့် ဓားအလင်းများ ပျိုးပျိုးပျပျ ဆက်လက် ထွက်ပေါ်လာကာ ဟီမန်ကို မရပ်မနား တိုက်ခိုက်လိုက်ခြင်းကြောင့် သူ့ရင်ဘက်တွင် ဓားသွား ရာတစ်ခု ထိသွားပြီ သွေးများ စီးကျသွားသည်။ 
“ အားးး ”

တရကြမ်း တိုးဝင်တိုက်ခိုက်လာသော အနက်ရောင် လူပုံရိပ်ကို ကြည့်ပြီ ကုတင်ထက်က မိန်းမပျိုသည် ကြောက်လန့်အားကြီး စွာဖြင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။ ထိုအခါ ရှောင်ယွင်က လက်ဝါးတစ်ချက် ဖြန့်လိုက်ပြီ ထင်းမီးသွေး တစ်တုံး ကို ဆွဲစုပ်လိုက်သည်။ ပြီးလျှင် အနောက်သို့ လှည့် မကြည့်ဘဲ နောက်ပြန်ပစ်လိုက်သည်။ ထိုအခါမှသာ လူကို မျှော်လင့်ချက် ကုန် ဆုံးသွားသလိုပင် ခံစားစေရသော စိတ်တိုစရာကောင်းလှသည့် စူး စူးဝါးဝါးအော်သံက ရုတ်ချည်း တိတ် ဆိတ် သွားလေသည်။ 

“ မင်း ဘယ်သူလဲ.. မင်း ဘာဖြစ်လို့ ငါ့ကို လုပ်ကြံချင်ရတာလဲ ငါက ဝံပုလွေခေါင်းကြေးစားအဖွဲ့ရဲ့ တတိယခေါင်းဆောင်ဆိုတာ မင်း မသိဘူးလား.. ”

ဟီမန်က ထိတ်လန့်စွာ ဒေါသထွက်စွာဖြင့် မေးလိုက်သည်။ 

“ ခင်ဗျားကို သတ်ဖို့ ကျုပ် ဒီကို ရောက်နေတာပဲလေ.. ”

အနက်ရောင်လူက ခေါင်းကိုမော့လိုက်ကာ ငယ်ရွယ်နုပျိုသော မျက် နှာကို လှစ်ဟဖော်ပြလိုက်သည်။ 

“ မင်း.. မင်း.. ရှောင်ယွင်.. ”

လူငယ်၏ မျက်နှာကို မြင်သည့်အခါ ဟီမန် အံ့သြသွားမိသည်။ လူငယ်၏ နောက်ကျောက ထူးဆန်းသည့် ဓားကြီးကို ထပ်မြင် သည့်အခါတွင် ဟီမန် မျက်ဝန်းက ကျဉ်းမြောင်းသွားပြီ ရှောင် ယွင်နာမည်ကို အေးစက်စက် ခေါ်လိုက်သည်။ 

“ ဘယ်လောက်တောင် ဂုဏ်ယူရလိုက်သလဲ.. တတိယအဖွဲ့ ခေါင်းဆောင်ကတောင် မှတ်မိနေတယ်.. ”

ရှောင်ယွင်က အသာပြုံးလိုက်ပြီးနောက် ဓားလက်ကိုင်အရိုးကို လက်ဖနှောင့်ဖြင့် ရုတ်တရက် ထောက်တွန်းလိုက်သည်။ ၎င်း ဓား သည် ချက်ချင်း အေးစက်စက် သံမဏိအလင်းများ ဖြာထွက်ကာ ဟီမန်ဆီကို လျှပ်စစ်သွားသလိုမျိုး ပြေးဝင်သွား လေသည်။ 

ဟီမန်၏ ရှောင်တိမ်းမှုက နှေးသည် မဆိုနိုင်သော်လည်း ဓား၏ အလျင်သည် အတော်လေး မြန်ဆန်နေလေရာ သူ့၏ မျက်နှာ တွင် ဒဏ်ရာအချို့ကို မထင်မှတ်ပဲ ရရှိသွားလေသည်။ 

ဟီမန်က မျက်နှာကနေ ယိုစီးလာသော သွေးအား လျှာဖြင့် လျက် လိုက်သည်။ သူ့မျက်ဝန်းတွင်တော့ သတ်ဖြတ်ခြင်း အငွေ့အသက် က အထိန်းအကွပ်မဲ့ ထွက်ပေါ်လာလေသည်။ သူက အေးစက်စွာ ရယ်မောလိုက်ရင်း 

“ ငါ့ကို တစ်ယောက်တည်း လာလုပ်ကြံရဲတယ်ဆိုတော့ မင်းက တကယ်ကို သတ္တိရှိတာပဲ.. ဒါပေမဲ့ မင်းက ဒီမှာ ရောက်နေပြီ ဆိုတော့ မင်းအတွက် အဆင်ပြေအောင် ငါ လုပ်ပေးပါ့မယ်.. တော်သေးတာပေါ့.. မင်းကို လိုက်ရှာရမယ့် ကိစ္စကို ဒုက္ခ မများ အောင် မင်း ကူညီပေးလို့ပေါ့.. ”

ထိုသို့ ပြောနေရင်း ဟီမန်က ခန္ဓာကိုယ်ကို တွန့်လိမ်ရင်း အကြောလျှော့လိုက်သည်။ ခပ်ပါးပါး ဒိုချီစွမ်းအင်များလည်း သူ့ ကိုယ်ဘေးပတ်လည်တွင် ရစ်သိုင်းလာသည်။ လက်သီးကို ဆုပ် ထားရာမှ အရိုးအဆစ်ကွဲကြေသံလို အသံများ တဖြောင်း ဖြောင်း ထွက်ပေါ်လာပြန်သည်။ 

တိုက်ပွဲအတွက် ဟန်ပြင်နေသော ဟီမန်ကို ကြည့်ပြီ ရှောင်ယွင် ပခုံးတွန့်လိုက်မိသည်။ သူတွေးထားတာထက် ဟီမန်က အန္တရာယ် အငွေ့အသက်ကို ရှောင်နိုင်စွမ်းက သာလွန်နေသည်ဖြစ်၍ သူ လုပ် ကြံသည့် အစီအစဉ်က မအောင်မမြင် ဖြစ်သွားရသည်။ 

သို့သော်  မောင်ငပျင်း ရှောင်ယွင်က စွမ်းအင်ကို ချွေတာလို၍ လုပ် ကြံခြင်းလမ်းစဉ်ကို ဦးစားပေးလိုက်ခြင်းဖြစ်သည်။ ယခု အစီ အစ်က လုံးဝ ရှုံးနိမ့်သွားသော်လည်း ရှောင်ယွင် နောက်ထပ် အားထည့် ရင်ဆိုင်ရမှာကို ဂရုစိုက်ချေ။ လေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပြီးနောက်တွင် သူ့၏ တိုးတက်မှုများကို တိုင်းထွာ သိရှိနိုင်ဖို့ တချို့တိုက်ပွဲများကို လိုအပ်နေသည်မဟုတ်လား။ 

ရှောင်ယွင်လည်း ခန္ဓာကိုယ်ကို အနည်းငယ်လိမ်၍ အကြော လျှော့ လိုက်သည်။ ထိုသို့ အကြောလျှော့ရာမှ ထွက်ပေါ်လာ သော အသံ သည် ဟီမန်ထက် နည်းနည်းလေးမှ မလျော့ပေ။ သူ့လက်ဝါးပြင်ကို အနည်းငယ် ကွေးညွတ်ထားလိုက်ပြီ တင်းကျပ်စွာ ဆုပ်ထားလိုက် သည်။ အနည်းငယ် အဝါရောင်သန်းနေသော ဒိုချီစွမ်းအင်များက လက်သီးတဝိုက်တွင် ထွက်ပေါ်လာ ခဲ့သည်။ 

“ ကောင်လေး.. မင်းက ငါ့ကို သားကောင်လို သဘောထား နေရင်တော့ အဲဒါက မင်းဘဝမှာ အဆိုးဆုံးတစ်ခု ဖြစ်သွားလိမ့် မယ်.. ”

ဟီမန်၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးက ဖြစ်ပေါ် လာ သည်။ မြေကြီးအား အားကုန်နင်းလိုက်ပြီ ရှောင်ယွင်ဆီသို့ နတ် ဆိုးတစ်ကောင်လို ပြေးသွားသည်။

ဒေါသတကြီးဖြင့် ပြေးဝင်လာနေသော ဟီမန်  နီးကပ်လာနေ သည် ကို အေးစက်စွာ စိုက်ကြည့်နေရင်း ရှောင်ယွင် လက်သီးကို အပြင် ဘက်သို့ ဆန့်ထုတ်လိုက်သည်။ ခဏအကြာတွင် လက်ဝါးဖြန့် ထုတ်လိုက်ပြီ အော်ဟစ်လိုက်သည်။

“ သွားစမ်းးး ”

ရှောင်ယွင် အော်ဟစ်သံနှင့်အတူ ပြင်းထန်ရိုင်းစိုင်းသော အား တစ် ခုက လက်ဝါးပြင်နှင့် တစ်သားတည်း ပေါင်းစည်းလာကာ ဟီ မန်၏ခန္ဓာကိုယ်ဆီသို့ အားပါတရ ထိုးချလိုက်သည်။

“ ဘုန်းးးး ”

အသံ မတိုးမကျယ်တစ်ခု  ထွက်ပေါ်သွားသည်။ သွေးဆာပြီ စိတ် ကြွနေသည့် ဟီမန် မျက်နှာကား ရုတ်ချည်း တည်သွားသည်။ အ ရှေ့သို့ ပြေးသွားသည့် ပုံရိပ်သည် အနောက်သို့ အရှိန်ဖြင့် ပြန်တွန်းထုတ်ခံထိရာ မီတာအနည်းငယ်လောက် မြေကြီးထဲ ခြေရာ နက်နက် စွပ်ကြောင်းများ  ထွက်ပေါ်လာပြီးမှ အရှိန်သေသွားသည်။ 

“ မင်းမှာ အစွမ်းအစတော့ ရှိသားပဲ ကောင်လေး.. ”

ဟီမန်၏ မျက်နှာတွင် အတွေးနက်နက်များက  အကြည့်တွင် ထွက် ပေါ်လာသည်။ သူက ဖြည်းညှင်းစွာ အသက်ရှုထုတ် လိုက်ရင်း ရင်ဘက်ကို လက်သီးဆုပ်ဖြင့် ထုလိုက်သည်။ ထို အခါ သူ့ အရေပြားသည် ကြေးညိုရောင်အသားအရည်မှ တဖြည်းဖြည်း ဖြူ ဖွေးလာသည်။ 

“ ငါ ကျင့်နေတဲ့ ချီကျင့်စဉ်က ကျောက်သားသဘာဝကို အထူး ပြုထားတဲ့ ချီကျင့်စဉ်ပဲ.. ခုခံမာကျောမှုအတွက် စွမ်းအားကြီး တဲ့ ချီကျင့်စဉ်.. မင်းရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ဆို ငါ့ရဲ့ မာကျောမှု ကို မင်းဘယ်လိုမှ ချိုးဖောက်လို့ ရမှာ မဟုတ်ဘူး.. ”

ထိုကဲ့သို့ ဟီမန် အေးစက်စက် ရယ်မောလိုက်ရင်း လက်သီးကို ဆုပ် လိုက်သည်။ သူ့လက်မောင်းတွင်တော့ ကြောက်စရာ ကောင်းသည့် အဖြူရောင် အသားအရည်မျိုးက စတင်ဖြစ်ပေါ် လာသည်။ 

ခြေထောက်က မြေကြီးကို နင်းထောက်ပြီ ပြေးဝင်လာပြန် သည်။ ယခုအလျင်သည် အစောပိုင်းက ပြေးဝင်လာသည့် အလျင်ထက် သိသိသာသာ လျင်မြန်လွန်းနေသည်။ ပြေးဝင် လာသည့် အရှိန်ဖြင့် လေထုပင် ယိမ်းခါ၍ ရွက်ဖျင်တဲလည်း လှုပ်ယမ်းသွားသည်။ 

လေဟုန်တိုး ပြေးဝင်လာနေသည်ကို မျက်တောင်မခတ် ကြည့် နေ ရင်း ရှောင်ယွင်သည် ဘေးဘက်ခြမ်းသို့ အေးဆေးစွာဖြင့် ရွှေ့ လိုက်သည်။ ထိုအခါ ပြင်းထန်သော အင်အားပါဝင်သည့် လက် သီးက သူ့မျက်နှာအနားကနေ ပွတ်ကာသီကာဖြင့် ပွတ်ထွက်သွား သည်။ 

ရှောင်ယွင်၏ ခြေထောက်က အသာလေး ရွှေ့ပြောင်းလှုပ်ရှား လိုက် လျှင် ဟီမန်၏ နောက်ကျောဆီသို့ တစ္ဆေတစ်ကောင်လို ရောက် ရှိသွားသည်။ အနောက်သို့ ရောက်သည်နှင့် ဒိုချီစွမ်း အင် စုစည်း ထားသော လက်သီးဖြင့် ဟီမန်၏ လည်ဂုတ်ကို ထိုးချလိုက်သည်။ 

“ ဒန်းး ”

လက်သီးက ဟီမန်ကို ထိုးလိုက်သည်ကမှန်သော်လည်း ကျောက် တုံးတစ်တုံးကို ထိုးလိုက်သလို အသံမျိုးပဲ ရှင်းလင်းစွာ ထွက်ပေါ် လာသည်။ 

ရှောင်ယွင် မျက်ခုံးက တွန့်ကွေးသွားသည်။ ချက်ချင်းပဲ လက် သီး ကို ပြန်နုတ်ပြီ သူ့၏ ရွှေ့လျားမှုအလျင်ဖြင့် တံတောင်၊ဒူး၊ အစရှိ သည်တို့ဖြင့် တရစပ် တိုက်ခိုက်လိုက်ပြန်သည်။ တိုက် ခိုက်မှုတိုင်း သည် ဦးတည်ရာနေရာသို့ ထိမှန်သွားသည်ချည်းပင်။ သို့သော် ရွက်ဖျင်တဲမှာ ကျောက်တုံးအား ထိုးနှက်သံတို့ သည်သာ အဆက် မပြတ် ထွက်ပေါ်နေသည်။ 

“ သွားစမ်းကွာ.. ဘယ်လို စိတ်ရှုပ်စရာကောင်းတဲ့ အကွက်မျိုး တွေလဲ.. ငါပြောပြီးသားပါ.. မင်းရဲ့ စွမ်းအားနဲ့ ဘယ်နည်းနဲ့မှ ငါ့ရဲ့ ကျောက်သားချီမာကျောမှုကို ချိုးဖောက်လို့ မရနိုင်သေး ဘူး.. ”
ဟီမန်က ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်သည်။ သူ့ ညာခြေ ထောက် က အားပါပါဖြင့် အနောက်ဘက်သို့ အနောက်ပြန်ကစ်ဖြင့် ကန် ထည့်လိုက်သည်။ 

ရှောင်ယွင်က ခြေထောက်ကို လက်နှစ်ဖက်ဖြင့် ခုခံလိုက် သော် လည်း ခြေကန်ချက်၏ စွမ်းအားကို မတောင့်ခံနိုင်၍ကာ အနောက် ဘက်သို့ ပြန်လွင့်စင်သွားသည်။ 

“ ခန္ဓာကိုယ်အသားပေးဒိုချီဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို လိုက် ဖက်ညီတာပဲ..  သူ့ခွန်အားတွေက တကယ်ကို စွမ်းအားကြီးပါ ပေ့..”

ရှောင်ယွင်မှာ တကယ်ကို အံ့အားသင့်နေသည်။ လေထဲမှာ ကိုယ်ကို တစ်ပတ်ကျွမ်းပစ်လိုက်ရင်း မြေပြင်ပေါ် ညင်သာစွာ ကျသွားသည်။ ထုံကျင်သွားသော လက်နှစ်ဖက်ကိုလည်း အနည်းငယ် ယမ်းခါ လိုက်သည်။ 

“ ကောင်လေး.. မင်းရဲ့ ခွန်အားသေးသေးလောက်နဲ့ ငါတို့ရဲ့ ဝံပုလွေခေါင်းကြေးစားအဖွဲ့ကို ရင်ဆိုင်ဖို့ ကြံစည်ရဲတယ်ပေါ့ လေ.. မင်းသေလမ်းကို မင်းကိုယ်တိုင် ရှာဖွေနေတာပဲ.. ”

ဟီမန်က နောက်ကျောက ဖုန်တွေကို သပ်ဖယ်လိုက်ပြီး ရှောင်ယွင် ကို ကောက်ကျစ်စွာ ပြုံးလိုက်သည်။ 

“ ငါ့မှာ မင်းနဲ့ ကစားဖို့ အချိန်မရှိဘူး.. ငါ့ရဲ့ သာယာမှုကို အနှောင့်အယှက်မပြုပါနဲ့တော့.. ငါ မင်းကို မြန်မြန် အဆုံးသတ် ပေးလိုက်မယ်.. ”

ထိုသို့ ပြောလိုက်ပြီ ဟီမန်က ရင်ဘက်အရှေ့တွင် လက်နှစ် ဖက်ကို ဆန့်ကားလိုက်ကာ ခြေထောက်ကိုလည်း ကွေးညွတ် လိုက်သည်။ ခေါင်းပေါ်ရှိ ဆံပင်မွှေးများ ထောင်ထလာကာ မျက်လုံးတွင်လည်း ဆင်စွယ်ရောင်ဒိုချီစွမ်းအင်တွေက ဖျတ်ခနဲ လင်းသွားသည်။ ပါးစပ် ကနေလည်း ဆင်စွယ်ရောင် အငွေ့များ မှုတ်ထုတ်လိုက်သေး သည်။ ထိုအချိန်ကျမှ ဟီမန်၏ ခြေလက်အင်္ဂါတွေက ရုတ်တရုတ် တောင့် တင်းလာသည်ကို ရှောင်ယွင် သတိထားမိလိုက်သည်။ 

လက်မောင်းပေါ်က သွေးဆုတ်နေသော ကြွက်သားစိုင်တွေ သည် လှုပ်ခါနေပြီ ရက်စက်ပြင်းထန်သည့် ခွန်အားတွေက ၎င်း တို့တွင် အလျင်အမြန် စုစည်းလာသည်။ 

“ ပွဲပြီးပြီ.. ကောင်ကလေး.. ”

ခန္ဓာကိုယ်အတွင်းက ပွင့်ထွက်လာသော ခွန်အားများကို ခံစား ကြည့်နေရင်း ဟီမန်သည် ရှောင်ယွင်အား သွားဖြဲ ပြုံးလိုက် သည်။ သူ့ သွားဖြူဖြူတွေကပင် ရက်စက်ကြမ်းကြုတ်မှုအငွေ့ အသက်များ ကို သယ်ဆောင်လာသည်။  

ရုတ်တရက် ခွန်အားတွေ တိုးပွားလာသော ဟီမန်ကို စိုက် ကြည့် ရင်း ရှောင်ယွင်မျက်နှာက တည်တံ့သွားကာ သူ့လက်ထဲကို ဒိုချီ စွမ်းအင်တွေ စုစည်းထားကာ ပြင်ဆင်နေလိုက်၏။

ဟီမန်က သူ့ကိုယ်ထဲတွင် ဒိုချီစွမ်းအင်တွေကို လှည့်ပတ်လိုက် ပြီးတဲ့အခါတွင် သူ့၏ အမြင့်ဆုံးအနေအထားကို ရောက်ရှိသွား ပြီ ဖြစ်သည်။ ပြီးလျှင် ခြေထောက်က မြေကြီးကို နင်းဆောင့် ပြေး လိုက်သည့်အခါ ထိုအလျင်က ရှောင်ယွင်၏ အလျင်နှင့်ပင် ယှဉ်လို့ ရနိုင်ပေသည်။ 

ရှောင်ယွင် ၏ အမြင်အာရုံက တစ်ချက် မပီမပြင်ဖြစ်သွားပြီ ဟီမန် ၏ ကြောက်စရာကောင်းသည့် မျက်နှာက ရုတ်တရက် ရောက် ရှိလာသည်။ သူ့၏ လက်သီးကြီးက အားအင်ကောင်း လှသည့် လေတိုးသံနှင့်အတူ ရှောင်ယွင်၏ ဦးခေါင်းဆီသို့ အရှိန်ပြင်းထန် စွာဖြင့် ထိုးနှက်လိုက်သည်။ 

ရှောင်ယွင်သည် ဦးခေါင်းအထက်ဆီက ဖြစ်ပေါ်လာသော အား အင်ကြီးကို ခံစားလိုက်ရသည့်အခါ မျက်နှာအမူအရာ ပြောင်း လဲသွားသည်။ သူ့လက်ဝါးဆီကနေလည်း ပေါက်ကွဲ အားတစ် ခုက တန်ပြန် တိုးထွက်သွားသည်။ တိုးထွက်လာသော ပေါက် ကွဲအား၏ အရှိန်ကို ယူ၍ ရှောင်ယွင် အနောက်ဘက်သို့ လျင် မြန်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ 

“ ထွက်ပြေးဖို့ ကြိုးစားနေတာလား..?  ”

အလောတကြီး အနောက်ဆုတ်လိုက်သော ရှောင်ယွင်ကို ကြည့်ပြီ ဟီမန် အေးအေးစက်စက် ရယ်မောလိုက်သည်။ အရှေ့သို့ ခြေ လှမ်းကျဲကျဲဖြင့် ရှောင်ယွင်ကို ဖမ်းဖို့ ပြေးလာ ပြန်သည်။ ခန္ဓာ ကိုယ်ကို ကွေးညွတ်၍ ကျားသစ်တစ်ကောင်လို ရှောင်ယွင်ဆီ ခုန်အုပ်လိုက်သည်။ 

“ သေပေတော့.. ”

သရဲတဘက်ဆန်စွာ သွားဖြဲလိုက်ရင်း ဟီမန်က ရှောင်ယွင်၏ ခေါင်းဆီကိုပဲ ဒေါင်လိုက်ဖြင့် အားပြင်းထန်စွာ နောက်တစ်ကြိမ် ထိုးချလိုက်ပြန်သည်။ 

ရှောင်တိမ်းဖို့ မလွယ်တော့သည့် အနေအထားကြောင့် ရှောင် ယွင် မျက်မှောက်ကြုတ်လိုက်သည်။ ခန္ဓာကိုယ်အထဲမှာ ဒိုချီ စွမ်းအင် တွေက အရှိန်ကုန် စီးဆင်းလာပြီးလျှင် ရှောင်ယွင်က လက်သီး နှစ်ဖက်စလုံး မြှောက်၍ သေကွင်းသေကွက်ထဲ ဝင်လာသော လက် သီးကို ထိပ်တိုက် ပြန်ရင်ဆိုင်လိုက်သည်။ 

“ ဘုန်းး ”

နားအူမတတ် အသံနက်နက်က ရွက်ဖျင်တဲအပြင်ဘက်သို့ပင် လျှံ ထွက်လာသည်။  ထိုသို့ လက်သီးချင်း တွေ့ဆုံရာမှ ဆင့် ကျင်ဘက် လေပြင်းအားနှစ်ခု ထိပ်တိုက်ထိတွေ့မှုကြောင့် မြေပြင်က အမှိုက် များပင် ပြောင်တလင်းရှင်းသွားသည်။ 

“ ဘာ.. မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို မရှောင်ဘဲ တိုက်ရဲတယ် ပေါ့လေ.. သေပေတော့.. ”

ရှောင်ယွင်က ထိပ်တိုက်ရင်ဆိုင်မှုကိုပဲ ရွေးချယ်လိုက်သည်ကို မြင် သည့်အခါ ဟီမန်၏ မျက်ဝန်းတွင် ရက်စက်ကြမ်းကြုတ်မှု တို့ ဖြတ်သန်းသွားသည်။ ရှိသမျှ ဒိုချီစွမ်းအင်များ သွေးကြောထဲ စီးဆင်းသွားကာ ဆထက်တပိုး တိုးပွားလာပြန်သည်။ 

“ အားးး ”
ကြီးမားလှသည့် အင်အားကို ခံစားလိုက်ရသည့်အခါ ရှောင် ယွင် မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားကာ လည်ချောင်းကနေ နာကျင် သံပါ ထွက်မြည်သွားသည်။ ရှောင်ယွင် ခြေလှမ်းများက ဒယိမ်း ဒယိုင်ဖြင့် အနောက်သို့ ဆုတ်ခွာလိုက်ရာ ရွက်ဖျင်တဲ အဆုံးအထိ ရောက်မှ ရပ်နိုင်တော့သည်။ 

“ မင်းကို ငါ့ရဲ့ လက်သီးချက်ကို တိုက်ရိုက်ခုခံနိုင်တာ ငါ တကယ် မထင်ထားမိဘူး.. မင်းလည်း ခန္ဓာကိုယ်အပိုင်းကို အသားပေး လေ့ ကျင့်ထားတယ်မဟုတ်လား.. ”

ရှောင်ယွင်က ဒဏ်ရာကြီးကြီးမားမား မရဘဲ ရှိနေတာကို မြင် သည့်အခါ ဟီမန်က အံ့သြစွာဖြင့် ပြောလိုက်သည်။ ပြင်းထန် သော လေ့ကျင့်ခန်းများဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ ကျင့်ရခြင်းက ဒိုချီစွမ်းအင်လေ့ကျင့်ခြင်းလောက် မလွယ်ကူ မှန်း လူတိုင်းသိသည်။ ရှောင်ယွင်၏ ထွားကြိုင်းမှု မရှိသော ခန္ဓာကိုယ်ကို ကြည့်ပြီ ဟီမန် သည် အရှေ့က လူငယ်မှာ ခန္ဓာ ကိုယ် သန်မာအောင် လေ့ကျင့် ထားသူတစ်ယောက်ဖြစ်မှန်း  ယုံကြည်နိုင်ဖို့ ခဲယဉ်းနေသည်။ 

“ ကြည့်ရတာ ပေတံဓားကြီးကို မဖယ်ပဲနဲ့  ဒိုကျဲအဆင့် ကြယ် ၈ လုံးသမားတစ်ယောက်ကို အနိုင်ယူုဖို့က နည်းနည်း ခဲယဉ်းနေသလို ပဲ.. ”

အနည်းငယ် နာကျင်သွားသော ရင်ဘတ်ကို ပွတ်သပ်လိုက်ရင်း ရှောင်ယွင် ရုတ်တရက် တိုးညှင်းစွာ ရေရွတ်ကာ အသက်ပြင်းချ လိုက်သည်။ 

ရှောင်ယွင် ရေရွတ်တာကို ကြားလိုက်သည့် ဟီမန်က မျက် မှောင် တွန့်သွားပြီ ရှောင်ယွင်ကို စတင်လှောင်ပြောင်လေ သည်။ 

သို့သော် ရှောင်ယွင်မှာ ဟီမန်အရှေ့မှာပဲ အသက်ပြင်းကိုသာ ချပြီ ပေတံဓားကြီးအား ဖြည်ချကာ ဆွဲနှုတ်လိုက်ပြီးလျှင် ဘေး ဘက်တွင် ပစ်ချထားလိုက်သည်။ 

“ ဘန်းး  ”

ရှောင်ယွင်က ပေတံဓားကြီးအား ပစ်ချလိုက်သည့်နေရာတွင် ကျောက်တုံးလေးတွေ ရှိနေရာ ၎င်းကျောက်တုံးတို့သည် ပေတံ ဓားကြီး၏ လေးလံလှသော အလေးချိန်ကို ခံနိုင်ရည်မရှိသော ကြောင့် ကွဲကြေကုန်ကာ ကျောက်သားဖုန်မှုန့်များ တထောင်း ထောင်း ထသွားစေတော့သည်။ 

ထိုကျောက်ဖုန်မှုန့်တွေကို မြင်လိုက်သည့်အခါ ဟီမန်၏ မျက် သူငယ်အိမ်က ကျဉ်းမြောင်းသွားသည်။

 ဒီကောင်လေးက ဒီလောက်လေးတဲ့ ဓားကြီးကို လွယ်ထားပြီ တိုက်ခိုက်နေတာပါလား

 ဟီမန်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီ ရှောင်ယွင်ကို ပြန် ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အတွေးများ ပြင်းပြင်းထန် ထန် ဖြစ်နေပြီ သူ့မျက်လုံးတွင်လည်း အံ့သြအရိပ်များ ဖြစ် နေပြန်သည်။ 

တစ်ဖက်လူ၏ အကြည့်တွေ ပြောင်းလဲနေသည်ကို ရှောင်ယွင် ဂရု မထားဘဲ ခန္ဓာကိုယ်ကို အေးဆေးပေါ့ပါးစွာ အညောင်းဆန့် လိုက် သည်။ ပေတံဓားကြီးကို မလွယ်ထား၍ ရုန်းကြလာသော ဒိုချီ စွမ်းအင်တွေ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ စွမ်းအင်များ ပြည့်လျှမ်း လာသလို ခံစားလိုက်ရသည်။ 

“ တောင်းပန်ပါတယ်.. သွေးပူလေ့ကျင့်ခန်း နည်းနည်း လုပ် လိုက် ရလို့.. ”

ရှောင်ယွင်က အနည်းငယ်အားနာသွားသောာ မျက်နှာပေးဖြင့် ပြောလိုက်ပြီ ရုတ်ချည်း အရှေ့သို့ လှစ်ခနဲ ပြေးလိုက်သည်။

ပုံရိပ်တွေပင် အနောက်မှာ နှေးကျန်ရစ်သွားသလို ဖြစ်ကာ ဟီ မန် ဘာမှ မတုံ့ပြန်လိုက်ခင်မှာပဲ ရှောင်ယွင်၏ အသံက သူ့နား ထဲကို နှေးကွေးစွာ ရောက်ရှိလာသည်။

“ အားလုံး ပြီးဆုံးသွားပြီ.. ဝံပုလွေခေါင်းကြေးစားအဖွဲ့ တတိယ ခေါင်းဆောင်.. ”
==============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...