Followers

Chapter 85

အပိုင်း ( ၈၅ ) - လက်ခံခြင်း 

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
Translated by Kaung Mytat

သံတုတ်ကိုယ်စီကိုင်ဆောင်ထားကြသည့်အပြင် ကြယ်လေးလုံး ဒိုကျဲအဆင့်သမား ဆယ်နှစ်ယောက်အား ထိပ်တိုက်တွေ့လိုက်ရ သည့်အခါတွင် တစ်ဖက်က အင်အားကြွားလုံးထုတ်ကြနေကြသော ဆယ်ယောက်ကျော်အဖွဲ့သည် ရုတ်တရက် တောင့်တင်းသွားကြ သည်။ ထွက်ပြေးမည်ကြံလိုက်သော်လည်း အနက်ရောင်သံမဏိ တုတ်များက မိုးရွာသွန်းလိုက်သည့်ပမာ သူတို့ ခန္ဓာကိုယ်အနှံ့ဆီကို ရက်စက်ပြင်းထန်စွာ ကျရောက်သွားကြသည်။ ခဏအတွင်းမှာပဲ ထိတ်လန့်ဖွယ်ကောင်းသော စူးစူးဝါးဝါးအော်သံများသည် ထိုလမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။ 

မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီးသော ဂျားလီယောင်အား ရှောင်ယွင်က အေးစက်စက်ကြည့်လိုက်သည်။ တဖန် ဒေါသထွက် နေသည့်အပြင် မျက်နှာကလည်း နီရဲနေသော ရှောင်ယုအား မျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး ညင်သာသော အသံဖြင့် မေးလိုက် သည်။ 

“ အဆင်ပြေရဲ့လား.. လာမယ်ဆိုလည်း ငါ့ကို အကြောင်းကြားထား သင့်တာပေါ့.. မကြာခင်ကလည်း ဂျားလီကလန်က ခွေးသား တစ်သိုက်ကလည်း ဒီမှာ ပြဿနာလာရှာဖို့ ကြံနေကြတာ.. ”

ရှောင်ယွင်ဆီကနေ ပထမဆုံးအကြိမ်အဖြစ် ရုတ်တရက်ကြီး ညင်သာစွာ ပြောဆိုဆက်ဆံခံရသောအခါ  ရှောင်ယုမှာ သိသာ ထင်ရှားစွာဖြင့် အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။ နီရဲနေသော သူမမျက်နှာက အနီရင့်ရင့်ပင် ဖြစ်လုတော့သည်။ ထို့နောက် သူမသည် အကြည့်အား ဟိုလွှဲသည်လွှဲလုပ်ရင်း ပြောသည်။ 

“ အိမ်ကနေ ထွက်လာတော့ ရှင်းအာကို တွေ့တယ်.. သူပြောတာ က မင်းကို တွေ့ချင်လို့ ထွက်လာတာလို့ပြောတယ်. အဲဒါနဲ့ ငါလည်း အဖော်လိုက်ခဲ့တာပေါ့.. ဒီခွေးကောင်တွေနဲ့ ဆုံရမယ်လို့ ငါ မထင်ထားမိဘူးလေ.. ”

ရှောင်ယွင် ခေါင်းကိုသာ ခါရမ်းနေမိတော့သည်။ ထို့နောက် အစိမ်းရောင်ကောင်မလေးကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝလို့နေသည်။ သူမကို ကြည့်ရင်း ရှောင်ယွင် ၏ အပြုံးများက ပို၍ပင် ညင်သာလာသည်။ 

“ မင်းကို ကြည့်ရတာ သူများကို ဒုက္ခပေးရရင် ပျော်တတ်တဲ့ပုံပဲ.. ”

ရှောင်ယွင်၏ စနောက်မှုကြောင့် ရှင်းအာက အပြစ်ကင်းစွာဖြင့် ခေါင်းကို ခါလိုက်ပြီး နှုတ်ခမ်းကို စူထားလိုက်သည်။ ထို့နောက် တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။ 

“ ဒီလိုပြောဖို့ စိတ်မဝင်စားပါဘူး.. သူ့အကျင့်စရိုက်ကို မကြိုက်လို့ပဲ အကိုရှောင်ယွင်တစ်ယောက်လုံးရှိနေတာပဲ.. သူတို့ လမ်းလယ်ခေါင် မှာ လူတစ်ယောက်လုံးကို ပေါ်တင်ကြီး ဆွဲမပြေးရဲပါဘူး.. ”

ပြန်စနောက်ခြင်းကို ခံရ၍ ရှောင်ယွင် သူ့နှာခေါင်းကိုသာ ပွတ်လိုက် ပြီး အတင်းပြုံးလိုက်ရသည်။ ထိုသို့ ဆိုမှတော့ အရှေ့က လူတွေလို သူ ညံ့နေ၍ မရတော့။

“ အိုး.. အဲဒါက ရှောင်ကလန်က သခင်လေးမဟုတ်လား.. မတွေ့ ရတာ တစ်နှစ်ကျော် ကြာပြီးနော်..ငါကြားတာက ဒုက္ခိတကောင် ဆိုတဲ့ မင်းနာမည်ကို နောက်ဆုံးတော့ ချေဖျက်လိုက်နိုင်တယ်ဆို.”

ရှောင်ယွင်နှင့် ရှင်းအာ စကားပြောနေသည်ကို မြင်လျှင် ဂျားလီယောင်က မနေနိုင်တော့ဘဲ ပြောင်လှောင်ရယ်မောလိုက်၏

“ သူက ဘယ်သူလဲ.. ”
လျိုစီး၏ အကြည့်သည်လည်း အေးစက်လို့ နေသည်။  သူ့ကိုအာ ချိုးချိုးဖဲ့ဖဲ့ ပြောထားပြီးမှ တခြားယောင်္ကျားတစ်ယောက်နှင့် ပြုံးပြုံး ၇ွှင်ရွှင် စကားပြောနေခြင်းက သူ့သိက္ခာကို စော်ကားနေသည့် အလား ခံစားနေရသည်။ ဒါကို သူ လက်မခံနိုင်ချေ။ 

“ ဟီဟီ.. အကိုလျိုစီး. သူက ရှောင်ကလန်ရဲ့ နာမည်ကြီး ပါရမီရှင် လေ.. ရှောင်ယွင်လို့ ခေါ်တယ်.. အရင်တုန်းကဆိုရင် ဆယ်နှစ် ကျော်အောင် လေ့ကျင့်ခဲ့ပေမဲ့ သူရဲ့ ဒိုချီက အဆင့်သုံးလား အဆင့် လေးမှာလား မသိဘူး အဲ့မှာပဲ ရပ်နေတယ်လေ.. နောက်တော့ သူ ဘာစားလိုက်သလဲ ဆိုတာတော့ မသိဘူး.. သူ့ရဲ့ ဒိုချီအဆင့်က လအနည်းငယ်အတွင်းမှာပဲ အဆင့် ၈ အထိ မြင့်တက်သွားခဲ့တယ် ”

ဂျားလီယောင်က လျိုစီး နံဘေးတွင် ရပ်ပြီး ရှောင်ယွင်အကြောင်း အား အေးစက်သော အပြုံးဖြင့် မိတ်ဆက်ပေးလိုက်သည်။ 

“ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ.. ဒိုကျဲအဆင့်တောင် မရောက် သေးဘူးဆိုတော့ သူက အမှိုက်သာသာပဲပေါ့.. ”
လျိုစီးကလည်း အေးစက်စွာ ပြောလိုက်သည်။

သူတို့နှစ်ယောက်ပြောနေသည့်စကားများကို နားထောင်ရင်း ရှင်းအာသည် မျက်နှာသည် ရေခဲတမျှ အေးစက်၍လာသည်။ ကြည်လဲ့နေသော သူမမျက်ဝန်းတွင် ရွှေရောင်မီးလျှံတစ်ချက် ဖြတ်ပြေးသွားသည်။ 

ရှောင်ယွင်လည်း ရှင်းအာ၏ မာတောင့်နေသော ကိုယ်ကို ခပ်ဖွဖွလေး ပုတ်လိုက်ရင်း အေးဆေးစွာ ပြုံးလိုက်ကာ ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် အဖြူဆွတ်ဆွတ်ဝတ်စုံအား ဝတ်ဆင်ထားသော လျိုစီးအား လှည့်ကြည့်လိုက်သည်။ လျိုစီး ရင်ဘက်ပေါ်ရှိ မှော်ဆေးပညာရှင်တံဆိပ်ကိုလည်း ကြည့်လိုက်ကာ တစ်ချက် ပြုံးလိုက်သည်။ 
“ ခင်ဗျားက နွေဦးပြန်လာခြင်းဆေးကို ဖော်စပ်တဲ့ မှော်ဆေးပညာ ရှင်ဖြစ်ရမယ်.. မှန်လား. ”

လျိုးစီးကလည်း အေးစက်စွာ ပြုံးလိုက်ပြီး ရင်ကို ကော့ကာ ဂုဏ်ယူ ဟန်ဖြင့် ကြေညာလိုက်သည်။ 

“ သိပ်ဟုတ်တာပေါ့… ဂျားလီကလန်က ဖိတ်ခေါ်ထားတဲ့ မှော်ဆေး ပညာရှင်ဆိုတာ ငါပဲလေ.. ”

ရှောင်ယွင်မှာ တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွာဟန် ရှိကာ ခေါင်းတဆတ်တဆတ်ညိတ်ပြီး ရယ်မောလိုက်သည်။ 

“ ဟားဟား ဒါကြောင့်ကိုး.. ဘာမှတော့ အံ့သြစရာမရှိဘူးပဲ.. ခင်ဗျားလို မှော်ဆေးပညာရှင်ကပဲ ဒီလို အဆင့်နိမ့် အနာကျတ်ဆေး ကိုပဲ ဖော်တတ်မှာပေါ့လေ.. ခင်ဗျားက ခင်ဗျားဆရာသမားရဲ့ သင်ကြားပေးတာကို ကောင်းကောင်း မတတ်ထားဘူးပဲ. ”

ရှောင်ယွင်စကားကို ကြားလိုက်ရသည့်အပေါ် ဘေးပတ်လည်က ကြေးစားအမဲလိုက်သူတွေက ဝါးလုံးကွဲ ရယ်မောကြသည်။ ဂျားလီကလန်၏ အမြတ်ကြီးစား လုပ်သွားသည့် ကိစ္စကြောင့် ကြေးစားအမဲလိုက်သူတွေက နွေဦးပြန်လာခြင်းဆေး ဖော်စပ်သည့် မှော်ဆေးပညာရှင်ကိုလည်း အမြင်သိပ်မကြည်လင်သည့် စိတ်အခံ က ရှိနေလေရာ ယခု ရှောင်ယွင်က လျိုစီးအား လှောင်ရယ်ကာ သရော်လိုက်ခြင်းကြောင့် သူတို့သည် စိတ်ထဲတွင် ကျေနပ်အား ရသွားကြသည်။ 

ဘေးပတ်လည်က ရယ်သံကျယ်တွေကြောင့် လျိုစီး၏ မျက်နှာမှာ ပိုပို၍ တင်းမာလာသည်။ ရှောင်ယွင်ကို အေးစက်စွာ ကြည့်ပြီး

“ မင်းက ရှောင်ကလန်ကို ကူညီလိုက်တာပဲ.. မင်းရဲ့ ရှောင်ကလန် ကတောင် ရန်မစရဲတဲ့သူတစ်ယောက်ကို မင်းက ရန်စလိုက်တာပဲ ”

ရှောင်ယွင် အနည်းငယ်တော့ မှင်တက်သွားသည်။ ထို့နောက် ခါးသီးစွာ ရယ်မောလိုက်ပြီး သူ့ခေါင်းအား နှိပ်နယ်နေရသည်။ ဒီလူက ဘယ်လောက်တောင် ဘဝင်မြင့်နေသလဲ ဆိုတာကို ပြောပြ ဖို့ စကားလုံးတွေတောင် ရှားပါးကုန်သည်။ 

သူက သူ့ကိုယ်သူ ဒိုနတ်ဘုရားတစ်ယောက်ရဲ့ တပည့်တစ်ယောက် လို့ မှတ်ထင်နေတာလား..အဆင့်၁ မှော်ဆေးပညာရှင်ဆိုတာကို ရှောင်ကလန်အနေနဲ့ လေးစားချင် လေးစားပါလိမ့်မယ်.. ဒါပေမဲ့ ဒီကောင်က သူကိုယ့်သူ ရှောင်ကလန်ကတောင် ရန်မစရဲတဲ့ လူ တစ်ယောက်လို့ ပြောလိုက်တာလား..တကယ့် ဟာသပဲ

“ အားရား.. ဘယ်လိုဥာဏ်ရည်နဲ့ မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာတာလဲ မသိဘူး.. ”

ရှောင်ယွင်တစ်ယောက် အသက်ပြင်း အခါခါချပြီး ခေါင်းကို ခါရမ်းလိုက်သည်။ အနည်းငယ်လည်း စိတ်ပျက်သွားပြီး ရှင်းအာကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတော့ သိမ်မွေ့ပြီး စိတ်ထား လည်းကောင်းသည့်  ရှင်းအာက ထိုလူအား ဘာလို့ ကြည့်မရ ဖြစ်နေတာလဲကို သူ သဘောပေါက်သွားခဲ့သည်။ 

မျက်နှာကို ပွတ်သပ်လိုက်ရင်း ရှောင်ယွင်မှာ ထိုကဲ့သို့ ဘဝင်မြင့် ဥာဏ်နည်းသော သူနှင့် စကားဆက်ပြောဖို့ တော်တော်လေးကို ဝန်လေးနေမိသည်။ သူ့အနောက်က လူကြီးတွေကို လက်ဟန်သာ ပြလိုက်သည်။ ပြုံးနေရင်းဖြင့် 

“ သွားချတော့.. သူတို့ ဆရာကိုပါ ချလာခဲ့.. ငါတို့နယ်မြေမှာ ပြဿနာလာရှာချင်တဲ့သူတွေဆိုတော့ မျက်နှာသာပေးလို့မရဘူး.. မဟုတ်ရင် ငါတို့ကို လှောင်ရယ်နေကြလိမ့်မယ်.. ”

ရှောင်ယွင်၏ လုပ်ရပ်ကို မြင်သောအခါ ဂျားလီယောင် မျက်ခုံးလှုပ် သွား၏။ ရှောင်ယွင် တကယ်လုပ်မယ်မှန်း သူ မထင်မှတ်ထားပါဘူး။ 
ထို့ကြောင့် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“ မင်းက နည်းနည်းလေး ကြီးပြင်းလာခဲ့မယ်လို့ ငါက ထင်နေတာ. လက်စသတ်တော့ မင်းက မင်းရဲ့နောက်လိုက်တွေကိုပဲ အားကိုး နေရသေးတဲ့ အသုံးမဝင်တဲ့ကောင် ဖြစ်နေတုန်းပဲကိုး. ”

“ မင်း  မခံချင်အောင် ပြောတာက  ပျော့နေလွန်းတယ် ”
ရှောင်ယွင်သည် လက်ထဲရှိ သံတုတ်အား ဝှေ့ယမ်းလိုက်ရင်း သိပ်မကျယ်သော အသံဖြင့် ပြောလိုက်သည်။ 

“ ဒါကို မခံချင်အောင် ပြောတယ်လို့ မင်းသတ်မှတ်ရင်လည်း ဟုတ်တယ်လို့ပဲ ထားလိုက်တော့.. မင်းလို အသုံးမကျတဲ့ ကောင်က ညီမလေးရှင်းအာဘေးနားမှာ ရှိဖို့က အရည်အသွေးမမှီဘူးကွ.. ”

ဂျားလီယောင်က စော်စော်ကားကား ပြောလိုက်သည်။ အေးစက် စက် အကြည့်က သူ့မျက်ဝန်းအတွင်း လျပ်တပြက် ဖြတ်ပြေးသွား ပြီးနောက် ကောက်ကျစ်သောအမူအရာဖြင့် ထပ်ပြော လိုက်သည်။ 

“ မင်း အရွယ်ရောက်ခြင်းအခမ်းအနားကို အောင်မြင်သွားပြီးမလား.. ဒါဆိုရင် မင်းကို စိန်ခေါ်လို့ရပြီးပေါ့.. မင်း ဘယ်နည်းနဲ့မှ ငြင်းလို့ မရတော့ဘူး.. ဟုတ်တယ်မလား.. ”

“ ရှင်က တကယ်ကို အရှက်ကင်းမဲ့တာပဲ.. ရှောင်ယွင်က အသက် ၁၇ နှစ်ပဲ ရှိသေးတယ်.. ရှင်က ၂၃ နှစ်ရှိနေပြီးလေ..  အဲဒါကို ရှင်က ဒီလိုစိန်ခေါ်ရဲတယ်ပေါ့လေ.. ရှင်က တိုက်ခိုက်ချင်သပ ဆိုရင် ငါနဲ့ လာတိုက်လှည့်.. ”

ရှောင်ယုက ဂျားလီယောင် စိန်ခေါ်လိုက်တာကို ရှုံ့ချလိုက်သည်။ သူမ၏ မျက်ဝန်းက ကျဉ်းမြောင်းစွာဖြင့် ကျာပွတ်ကို တရွှမ်းရွှမ်း ဝှေ့ယမ်းရိုက်ချလိုက်ရာ မြေပြင်ပေါ်တွင် အထင်းရာများ ထင်ကျန် သွားသည်။ 

ဂျားလီယောင်က နှုတ်ခမ်းထောင့်များ တွန့်လိုက်ရင်း ထပ်ပြီး ခနဲ့ လိုက်သည်။ 

“ မင်းက မိန်းမတွေနဲ့ဆို တော်တော် ကံကောင်းတဲ့သူပဲ.. အခုလည်း ကြည့်လေ.. နောက်တစ်ယောက်ကလည်း အရှေ့တက်ပြီး မင်းကို ကာပေးပြန်ပြီး.. ဟားဟား မင်းက ချီးကြောက်ပဲ.. မိန်းမတွေရဲ့ အနောက်မှာ ဘယ်လိုပုန်းနေရမလဲဆိုတာပဲ သိတဲ့ကောင်ပဲ.. ”

“ ဘာလဲဟ.. ဒီမျက်နှာ ဖွေးဆုတ်ဆုတ်နဲ့ကောင်က ဖင်ခေါင်းကျယ် လွန်းတယ်.. ရှောင်သခင်လေး.. သခင်လေးအစား ဒီကောင်နဲ့ ချပေးမယ်.. ”

မောက်မာရိုင်းလွန်းသော ဂျားလီယောင်ကို ကြည့်ပြီး ရပ်ကြည့်နေ ကြသော ကြေးစားအမဲလိုက်သူတချို့က မခံမရပ်ဖြစ်ကြကာ ဝင်ရောက် အော်ဟစ်လိုက်ကြသည်။ ထိုအမဲလိုက်သူတွေက ရှောင်ယွင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသူများ ဖြစ်ကြသည်။ 

သူ့စကားကြောင့် လူအုပ်ကြီးမှာ စိတ်ဆိုးဒေါသထွက်သွားကြသည် ကို မြင်၍ ဂျားလီယောင်က မျက်နှာပျက်သွားသည်။ သူ့ရဲ့ခွန်းအား က ဒိုကျဲ ကြယ်သုံးလုံးအဆင့် ဖြစ်ပေမဲ့ ဒီလူအုပ်ကြီးကို ရင်ဆိုင်ဖို့ တော့ အခက်တွေ့နိုင်သည်။ 

မျက်နှာအမူအရာ ကင်းမဲ့နေသော ရှောင်ယွင်ကို တစ်ချက်ကြည့် လိုက်ပြီး အင်္ကျီလက်အား ခါထုတ်လိုက်ရင်း ပြောလိုက်သည်။ 

“ စိန်ခေါ်မှုကို လက်ခံဖို့ သတ္တိမရှိမှတော့ ဒီအကြောင်းကို ထားလိုက် တော့.. အကိုကြီးလျိုစီး သွားရအောင်.. ဒီလို စိန်ခေါ်တာကိုတောင် လက်မခံရဲတဲ့ သူတစ်ယောက်ကို အလေးထားစရာ မလိုပါဘူး..”

လျိုစီးလည်း ကလိမ်ကျစ်ကျစွာ ပြုံးလိုက်ရင်း ခေါင်းကို ညိတ် လိုက်သည်။ ထို့နောက် ရှင်းအာကို တစ်ကိုယ်လုံး လွှမ်းခြုံကြည့် လိုက်ပြီး တဖန် ရှောင်ယွင်ကို စူးရဲစွာ ကြည့်ပြီး ခြိမ်းခြောက်စကား ဆိုလိုက်သည်။ 

“ ကောင်လေး.. စောင့်နေလိုက်ပေါ့.. ရှောင်ကလန်က ကိုယ်တိုင် ကိုယ်ကျ ကောင်မလေးကို ငါ့ဆီ ပို့စေရမယ်.. ငါ သဘောကျတဲ့ ကောင်မလေးဆို ငါ မပိုင်ရလိုက်ဘူးဆိုတာ တစ်ယောက်မှ မရှိခဲ့ ဘူးကွ.. ”

ညစ်ညမ်းသော အမူအရာအပြည့်နှင့် တဏှာရူး လျိုစီးကို ရှင်းအာက အေးဆေးပဲ ကြည့်နေလိုက်သည်။ သို့ပေမဲ့ သူမမျက်ဝန်းမှာတော့ သတ်ဖြတ်ချင်သည့် အရိပ်အယောင်က ဖုံးလွှမ်းလို့နေသည်။ 
ဂျားလီယောင်နှင့် လျိုစီးတို့ အနောက်လှည့်သွားမည့်အခိုက်တွင် ရှောင်ကလန်မှ တင်းမာခက်ထန်သော လူကြီးနှစ်ယောက်က ဈေးအဝင်လမ်းဝတွင် ထွက်ပေါ်လာပြီး ဈေးဝင်ပေါက်အား ပိတ်ဆို့ ထားလိုက်သည်။ 

“ မင်းက ငါ့ကို ဒုက္ခိတဖြစ်အောင် လုပ်ချင်နေတယ်ဆိုတာ ငါသိပါ တယ်.. ဟင်.. ဟုတ်ပြီးလေ.. မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့.. ကဲ မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ်.. ”

ဂျားလီယောင်တို့ ထွက်ခွာသွားဖို့ အချက်ပေးသည့်အခါတွင် လူငယ်တစ်ယောက်၏ တည်ငြိမ်လှသော အသံက သူတို့နောက် ကျောကနေ ထွက်ပေါ်လာခဲ့သည်။ 

ထိုစကာကြောင့် ဂျားလီယောင် က ပထမတော့ ကြောင်သွားပေမဲ့ ကောက်ကျစ်သော အမူအရာက ဖြစ်ပေါ်လာခဲ့သည်။ သူ့နှုတ်ခမ်း ထောင့်က တွန့်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

“ သေချင်တယ်ဆိုတော့လည်း တစ်ခုခု ဖြစ်လာခဲ့ရင် ငါ့ကို အပြစ် လာမတင်နဲ့..”

=================================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...