Followers

Chapter 114

အပိုင်း ( ၁၁၄ ) - ရတနာအမဲလိုက်ခြင်း 

ကောင်းကင်ဘိုံသို့ စစ်ပြိုင်ခြင်းစ
Battle Through TYhe Heavens

“ ဂူတစ်လုံး.. ”

ရှောင်ယွင်က မျက်ခုံးပင့်ပြီး နတ်မိမယ်သမားတော်မလေး ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။ 

“ ခုနှက အထဲဝင်ဖို့ လုပ်နေတယ်မလား.. ”

“ ဟုတ်တယ်. ဒါပေမဲ့ ချောက်ကမ်းပါက အရမ်း မတ် စောက်လွန်းတယ်.. အထဲကို ဝင်လို့ မရဘူး.. ”

နတ်မိမယ်သမားတော်မလေးသည် ရှောင်ယွင်ကို တစ်ချက် မျက်စောင်းထိုးကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ 
“ ကျွန်မ ရှင်ကို ဒီလျှို့ဝှက်ချက် ပြောပြလို့ရတယ်.. ဒါပေမဲ့ ရှင်က အဲဒါကို အပိုင်ကြံဖို့ စိတ်မကူးမိရင် ကောင်းမယ်.. မဟုတ်ရင် ရှင်က လွယ်လွယ်နဲ့ ရသွား မှာကို ကျွန်မ ခွင့်မပြုနိုင်ဘူး..ယုံထားလိုက်ပါ.. ကျွန်မရဲ့ ခွန်အားက ဒိုကျဲအဆင့် ကြယ် ၂လုံးသမားကို မယှဉ်နိုင် ပေမဲ့လည်း ကျွင်းရှိမြို့မှာ ရှင်ကိုယ်ရှင် သန်မာဆုံးလို့ မတွေးမိထားပါနဲ့.. ”

နတ်မိမယ်သမားတော်မလေး၏ မျက်နှာက လေးနက် တည်ကြည်နေမှုကို ကြည့်ပြီ ရှောင်ယွင် ပြုံးလိုက်မိ သည်။ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး စနောက်လိုက် သည်။ 

“ ပထမတုန်းက စိတ်ကူးထားတာက မင်းကို အလဲသိပ် လိုက်ပြီး ငါ့ဘာသာ အောက်ကို ဆင်းမလားလို့ .. ဒါပေမဲ့ အခု မင်းရဲ့ ယုံကြည်ချက်က ခိုင်မာနေတော့ ငါကပဲ သတိပေးတာကို နားမထောင်တော့ရင် ကောင်းမလား ”

ထိုအခါ နတ်မိမယ်သမားတော်မလေးသည် ဟွန့်ခနဲ နှာတစ်ချက်မှုတ်လိုက်ပြီး ရှောင်ယွင်ကို စားတော့မတတ် ကြည့်လိုက်သည်။ ထိုလူက ဒီလိုစိတ်ကူးရှိမယ်မှန်း သူမ တကယ် မထင်မှတ်မိပေ။ 

ရှောင်ယွင်မှာ အရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ချောက်ကမ်းပါးအောက်က အန္တရာယ်များသော ခြုံပုတ် နေရာကို ကြည့်လိုက်သည်။ ထို့နောက် သူမဘက်ကို လှည့်ပြီး မေးလိုက်သည်။ 

“ မင်းက ငါ့ကို တကယ်လုပ်ကြည့်စေချင်လို့လား.. ”

“ ထားလိုက်တော့.. ငါတို့ ထွက်လာတာ တော်တော် ကြာသွားပြီး.. ငါတို့ ပြန်မရောက်ရင် မုလီ သံသယ ဝင်သွားလိမ့်မယ်.. ဆေးပင်စုဆောင်းတဲ့ အဖွဲ့က မှော် သားရဲကောင်တောင်တန်းမှာ တစ်ညလောက် နေဦးမယ် ဒီကို ညကျမှ ပြန်လာလို့ ရတယ်… ”

နတ်မိမယ်သမားတော်မလေးသည် ခေါင်းကို ခါယမ်း လိုက်ပြီး သူမ၏ အတွေးကို ပြောပြလိုက်သည်။ 

“ မုလီ.. ? သူက ဝံပုလွေခေါင်းကြေးစားစစ်သည်တပ်ဖွဲ့ ရဲ့ သခင်လေး မဟုတ်ဘူးလား.. ”

“ ဟုတ်တယ်.. ”

နတ်မိမယ်သမားတော်မလေးက ခေါင်းကို အသာညိတ် လိုက်သည်။ သူမမှာ ထိုလူအကြောင်းကို မပြောလိုသည့် ပုံပေါက်နေသည်။ သူမသည် ရှောင်ယွင်ကို ငေးကြည့်နေ ရင်း ညင်သာစွာ မေးလိုက်သည်။ 

“ ရှင့်နာမည်က.. ”

“ ရှောင်ယွင်  ”

နတ်မိမယ်သမားတော်က စကားတစ်ခွန်းမှ မဆိုတော့ဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အနောက်လှည့်ပြီး တောအုပ်ထဲ ပြန်လှည့်ဝင်သွားတော့သည်။ 

               လှပတင့်တယ်သည့် ပုံရိပ်က တောအုပ်ထဲ တဖြည်းဖြည်း ဝင်သွားသည်ကို ကြည့်ပြီး ရှောင်ယွင်က ပခုံးတွန့်လိုက်မိသည်။ အနောက်လှည့်ပြီး ဝိုးတိုးဝါးတား မြင်ရနိုင်သော ဂူပေါက်ဝကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝူတန်မြို့တွင် ရှိစဉ်အခါ က ကြေးစားအမဲလိုက်သူတွေနှင့် စကားစမြည်ပြောဆို ခဲ့စဉ်က သူသည် ထိုကဲ့သို့ စွန့်စားသွားလာရခြင်းနှင့် ရတနာသိုက်တူးဖော်ခြင်း တို့ကို စိတ်ဝင်စားခဲ့သည်။ တကယ်၍ နတ်မိမယ်သမားတော်မလေးနှင့် သဘောတူ ညီချက်သာ မရှိခဲ့လျှင် သူသည် ချက်ချင်း အဖွဲ့မှ စွန့်ခွာ ပြီး ရတနာများကို တစ်ယောက်တည်း ရှာလိုက်မည်မှာ သေချာသည်။ 

ရှောင်ယွင်သည် ခပ်တိတ်တိတ်လေး ရယ်မောလိုက်ပြီး အနောက်လှည့်၍ တောအုပ်ထဲသို့ ဦးတည်ဝင်သွား လိုက်သည်။ ဒီလို ခြေဦးတည့်ရာလျှောက်သွားလိုက်ခြင်း က အကျိုးအမြတ်ကြီးကြီး အမြတ်ထွက်သွားစေမှန်း သူ အမှန်ပင် မတွေးခဲ့မိသည်။ 

အဖွဲ့ဆီ ပြန်ရောက်သွားသည့်အချိန်တွင် ကျန်သည့် ကြေးစားစစ်သည်တို့လည်း ပြန်ရောက်နေကြပြီး စောင့်ဆိုင်းနေကြသည်ကို မြင်လိုက်သည်။ 

“ နတ်မိမယ်သမားတော်မလေး.. မင်း ထွက်သွားတာ ကြာပြီးဆိုတော့.. လူလွှတ်ပြီး ရှာခိုင်းလိုက်တော့မလို့ပဲ ”

နတ်မိမယ်သမားတော်မလေးက တောအုပ်ထဲက ထွက် လာသည်ကို မြင်လျှင် လူတစ်ယောက်က အပြေးအလွှား ကြိုလိုက်သည်။ သို့သော် သူမ၏ အနောက်မှ ရှောင်ယွင် ထွက်ပေါ်လာသည်ကို မြင်လျှင် သူ့ခြေလှမ်းက အလိုလို ရပ်တန့်သွားသည်။ သို့သော် အပြုံးဖြင့် မေးလိုက်သည်။ 

“ ဒီကောင်လေးက ဘယ်သူလဲ.. ”

“ သူက ကြေးစားစစ်သည်အစောင့်တွေထဲက တစ်ယောက်လေ.. မတော်တဆ ဆုံလာခဲ့တာပါ.. ”

နတ်မိမယ်သမားတော်မလေးက အေးဆေးပဲ ဖြေလိုက် ပြီး ညင်သာစွာ ဆက်ပြောလိုက်သည်။ 

“ သခင်လေးမုလီ.. ကျွန်မတို့ ဆက်သွားရအောင်.. ကျွန်မတို့ နေရာကို ရောက်ဖို့ နည်းနည်း ထပ်သွား ရဦးမယ်.. ”

“ အင်း. အင်း.. ဟုတ်ပြီ.. ”

သခင်လေးမုလီဟု အမည်ရသည့် လူငယ်က ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ဖယ်လိုက်ပြီး နတ်မိမယ်သမားတော်မလေးကို သွားခွင့်ပြုလိုက်သည်။ သို့သော် ရှောင်ယွင် ဖြတ်လျှောက်သည့်အခါတွင် သူ့ လက်တစ်ဖက်က ရှောင်ယွင်ကို တားလိုက်သည်။ 

ရှောင်ယွင်က မျက်မှောင်ကြုတ်ပြီးနောက် ရုပ်ရည်ချော မောသည့် သခင်လေးဆိုသူ၏ မျက်လုံးကို စောင်းငဲ့ ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ 

“ ဘာဖြစ်လို့လဲ .. သခင်လေးမုလီ… ”

“ ဟင်းဟင်း.. ငါ့မှာ ဘာသဘောမှ မရှိပါဘူး.. မင်းက ဒိုကျဲအဆင့် ကြယ် ၂ လုံး ကောင်လေး မဟုတ်လား.. ငါ့ ငယ်သားတွေဆီက ကြားမိပါတယ်.. မင်း အစွမ်းအစက မသေးဘူးဆိုပဲ.. ”

မုလီက ပြုံးနေရင်း အေးဆေး ပြောလေသည်။ 

“ ကျွန်တော်က ကံကောင်းသွားလို့ပါ.. ”

နွေးထွေးသယောင် ရှိသော မုလီ၏ မျက်နှာက အပြုံးကို ကြည့်ပြီး ရှောင်ယွင်လည်း အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။ 

“ ငါတို့ရဲ့ ဝံပုလွေခေါင်းကြေးစားစစ်သည်တပ်ဖွဲ့ကို ဝင်ဖို့ စိတ်ဝင်စားလား.. မင်းလို အရည်အချင်းရှိတဲ့သူ တစ်ယောက်ကို ငါတို့ တပ်ဖွဲ့က ကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးမှာပါ.. ပြီးတော့ မှော်သားရဲကောင် တောင်တန်းမှာ  လူတစ်ယောက်ရဲ့အသက်က အမြဲ အန္တရာယ်ကြီးမားတာပဲလေ.. ဒီတော့ မင်းကို တစ်ယောက်ယောက်က ဂရုစိုက်ပေးနိုင်ရင် ကောင်းတာ ပေါ့.. ”

မုလီက ရယ်မောလိုက်သည်။ သူ၏ လက်နှစ်ဖက်ကို လည်း လက်ချောင်းချင်း ပူးညှပ်ထားသည်။ 

မုလီက သူ့အား သိမ်းသွင်းလိုသည့်သဘောကို နားထောင်ပြီးလျှင် ရှောင်ယွင်က နှာခေါင်းက ပွတ်သပ် လိုက်ပြီး ခေါင်းခါလိုက်သည်။ ပြီးနောက် ပြောလိုက် သည်။ 

“ ခွင့်လွှတ်ပါဗျာ.. ကျွန်တော်က လူရမ်းတစ်ယောက် လည်း ဖြစ်ပြီး အပျင်းကြီးသူ တစ်ယောက်ပါ.. တကယ် လို့ ခင်ဗျားရဲ့ ကြေးစားတပ်ဖွဲ့ကို ဝင်လိုက်လို့ ရှိရင် ခင်ဗျားအတွက် ပြဿနာတွေနဲ့ စိတ်ပျက်စရာတွေပဲ ဖြစ်လာလိမ့်မယ်.. ”

“ ဟဲဟဲ.. ကိစ္စ မရှိပါဘူး.. ညီလေးရ.. တကယ်လို့ မင်းစိတ်ကူးပြောင်းသွားရင် ငါ့ကို အချိန်မရွေး လာရှာ လိုက်လို့ ရပါတယ်.. ဝံပုလွေခေါင်းကြေးစားတပ်ဖွဲ့ရဲ့ အဆင်မြင့်ရာထူးတစ်ယောက်အနေနဲ့ စွမ်းအားကြီးတဲ့ သူကို အမြဲ တံခါးဖွင့် ကြိုဆိုနေမှာပါ.. ”

ရှောင်ယွင်၏ ငြင်းဆိုလိုက်သည့်စကားကို ကြည့်လိုက် လျှင် မုလီက ပြုံးလိုက်ပြီး အရေးမကြီးသည့်ဟန်ဖြင့် လက်ကို ခါပြလိုက်သည်။ 

အားနာနေသည့် မျက်နှာဖြင့် ရှောင်ယွင်လည်း မုလီ အနားကနေ ဖြတ်လျှောက်သွားပြီးနောက် အရှေ့က တပ်ဖွဲ့ငယ်ထဲသို့ ခပ်သုတ်သုတ်လေး ပြန်ဝင်လိုက်သည်။ 

ရှောင်ယွင်က အဖွဲ့ထဲသို့ ပြန်ဝင်သွားသည်ကို ကြည့်ပြီး မုလီ၏ မျက်ဝန်းက ကျဉ်းမြောင်းသွားသည်။ သူမ၏ မျက်ဝန်းနက်နက်တွင် အေးစက်မှုတစ်ခုကို မြင်ရနိုင် သည်။ ရှောင်ယွင်၏ ငြင်းဆိုမှုက သူ့ကို ဒေါသဖြစ်စေ သွားသည်မှာ ထင်ရှားနေသည်။ 

“ ကောင်လေး.. မင်းက ငါ့အစီအစဉ်တွေကို အနှောင့် အယှက်မပြုမိဖို့ပဲ ဆုတောင်းရမှာပေါ့လေ..  မဟုတ်ရင် မင်းရဲ့ အနာဂတ်အောင်မြင်မှုကိုလည်း ငါ ဂရုစိုက်မှာ မဟုတ်ဘူး.. မင်းကို ဒီမှော်သားရဲကောင်တောင်တန်းမှာ ပဲ အမြဲတမ်းနေသွားအောင် လုပ်ပေးရလိမ့်မယ်.. ”

မုလီက လက်သီးကို ဆုပ်လိုက်သည်။ သူ့အသံက အစောပိုင်းကလို နွေးထွေးမှုလည်း မရှိတော့သလို ရက်စက်သည့် အေးစက်ခြင်းတို့ဖြင့်သာ ပြည့်လွှမ်းနေ သည်။ 

ကြေးစားစစ်သည်တို့ အနားယူပြီးနောက်တွင် သူတို့ သည် ခရီးဆက်လျှောက်ပြန်သည်။ ယခုတစ်ခေါက် သွားရခြင်းက ပထမတစ်ကြိမ်ထက် ပိုအေးချမ်းလေ သည်။ လမ်းတွင် မှော်သားရဲကောင်တွေ၏ တိုက်ခိုက်မှု ကို နှစ်ကြိမ် ရင်ဆိုင်ရသော်လည်း အနှောင့်အယှက်များ စွာ မဖြစ်ခဲ့ပေ။ 

သူတို့အုပ်စုက နောက်ဆုံးပန်းတိုင်နေရာသို့ ရောက်သွား သည့်အချိန်တွင် ကောင်းကင်မှာလည်း အတော်လည်း မဲမှောင်နေပါသည်။ နောက်ဆုံးပန်းတိုင်နေရာက ချိုင့်ဝှမ်းခွက်တစ်ခုဖြစ်ပြီး ထိုနေရာတွင် မရေတွက်နိုင် သော ဆေးပင်များက အမြောက်အများ ရှိနေကြသည်။ 

အမျိုးအစားစုံလင်လှသော ဆေးအပင်တို့သည် ထိုချိုင့်ဝှမ်းခွက်နေရာတွင် ပေါက်ဖွားရှင်သန်နေကြ သည်။ ဆေးပင်ရနှံ့များက လေထဲ သင်းထုံမွှေးပျံ့လို့ နေသည်။ ထိုလေများကို ရှုရှိုက်လိုက်ပါက လန်းဆန်း တက်ကြွမှုကို တမဟုတ် ချင်း ခံစားသွားစေနိုင်သည်။ 

“ အားလုံးပဲ.. ဒီနေရာမှာ စခန်းချမယ်.. ဘေးပတ်ဝန်း ကျင်က ဆေးအပင်တွေကိုလည်း မပျက်စီးရအောင် ဂရုစိုက်လုပ်ကြဦး.. ”

နတ်မိမယ်သမားတော်မလေးက ဘေးပတ်လည်ကို လှည့် ကြည့်လိုက်ပြီး အားလုံးကို ညင်သာစွာပြုံးလိုက်ရင်း သူမ၏ နဖူးပေါ်က ချွေးစက်များကိုလည်း သုတ်လိုက် ရင်း ကြေးစားစစ်သည်အဖွဲ့ကို ပြောလိုက်သည်။ 

နတ်မိမယ်သမားတော်မလေး၏ စကားကို ကြားလိုက်ရ သည့်အခါ ပတ်လည်တွင် ရှိကြသော ကြေးစားစစ်သည် တို့က ကျယ်လောင်စွာ ခွန့်တုံ့ပြန်၍ ချက်ချင်းပင် ရွက် ဖျင်တဲများကို စတင်ပြင်ဆင်ကြတော့သည်။ 
နတ်မိမယ်သမားတော်မလေး၏ စကားက ကြေးစားစစ် သည်တို့အား ကြိုးကြိုးစားစားဖြင့် တွန်းအားပေးလိုက် နိုင်သည်ကို ကြည့်ပြီး ရှောင်ယွင် စိတ်ထဲတွင် တိုးတိုး လေး ရေရွတ်လိုက်မိသည်။ သူတို့၏ ရင်ထဲတွင် သူမ၏ ပုံရိပ်က ကြီးမားစွာ နေရာယူထားသည်မှာ သူ ထင်မှတ် ထားသည်ထက် ပိုကြီးမားနေသည်။ 

ရှောင်ယွင်မှာ ခေါင်းခါလိုက်ရင်း ဆေးပင်စုဆောင်းသည့် အဖွဲ့အား မတူးဖော်ရသေးသည့် ဆေးပင်များနှင့် ပတ် သတ်ပြီး ညွန်ကြားချက်ပေးနေသော နတ်မိမယ် သမားတော်မလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို အေးအေးဆေးဆေး လျှောက် ထွက်လာခဲ့သည်။ 

ယခုချိုင့်ဝှမ်းနေရာသည် မည်သို့သော အကြောင်းအရင်း များကြောင့် မပြောပြလို့မတတ်လောက်အောင်  အပြင်လောကထက် သန့်စင်ပြီးပြည့်ဝသော စွမ်းအင် များက ဤနေရာတွင် ပိုများသည်မှာ အမှန်ပင်။ ထိုစွမ်း အင်များကြောင့် ဤနေရာသည် ဆေးအပင်များအတွက ပေါက်ဖွားရှင်သန်ဖို့ အကောင်းဆုံးနေရာတစ်ခုလို ဖြစ် နေသည်။ 

ယခုချိုင့်ဝှမ်းနေရာသည် အင်မတန်ကို ကျယ်ပြောပြီး ၎င်း၏ အတွင်းပိုင်းနေရာများကို ဆေးတစ်ထောင်အိမ် တော်ကပင် ကျယ်ကျယ်ပြန့်ပြန့် မလေ့လာရသေးချေ။  ယခု ရှောင်ယွင်တို့ စခန်းချထားသည့်နေရာက ယင်း ချိုင့်ဝှမ်း၏ အပြင်ဘက်အစွန်အဖျားသာ ဖြစ်သည်။ 

ရှောင်ယွင်သည် အနားအစွန်များကို လိုက်လံလှည့်ပတ် ကြည့်လိုက်သည်။ သို့သော် သူလိုချင်သည့် ဆေးအပင် ကို မတွေ့ခဲ့ရပေ။ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး နက်မှောင်နေသော အတွင်းပိုင်းကို တစ်ချက်ကြည့်လိုက် သည်။ ခဏတာ တိတ်ဆိတ်နေပြီမှ အနောက်ပြန်လှည့် လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ ယခုလက်ရှိ သူ့၏ ခွန်အားနှင့်ဆိုရင် မှော်သားရဲကောင်တောင်တန်း၏ ဘယ်နေရာမဆို သူ့အတွက် အန္တရာယ်ရှိသောနေရာ ဖြစ်သည်။ 

စခန်းချသည့်နေရာကို ပြန်ရောက်သည့်အခါ အဖြူရောင် ရွက်ဖျင်တဲများကို မြင်လိုက်ရသည်။ ကြေးစားစစ်သည် တို့ကလည်း ညနေစာ စားသောက်ဖို့အတွက် အလုပ်ရှုပ် နေကြသည်။ 

စခန်းထဲကို ပြန်ရောက်လျှင် သူ ပထမဆုံး သတိပြုလိုက် မိတာက နတ်မိမယ်သမားတော်မလေးက အလယ်တွင် လှပစွာ ရပ်နေခြင်းဖြစ်သည်။ သူမ၏ ဘေးနားတွင် ရှိနေသူက သူမအနောက်ကို တကောက်ကောက် လိုက် ပါနေသော မုလီဖြစ်သည်။ 
ထိုအခိုက်တွင် ရှောင်ယွင်က သူတို့နှစ်ယောက်ကို ကြည့် နေသည့်အချိန်တွင် နတ်မိမယ်သမားတော်မလေးနှင့် မုလီတို့ကလည်း သူ့ဆီကို အကြည့်ရောက်လာကြသည်။ လူသုံးယောက်တို့၏ အကြည့်က ထိပ်တိုက်ထိတွေ့သွား ကြသည်။ သို့သော် ဖြစ်ပေါ်လာသည့် ခံစားချက်ပုံရိပ်တို့ က ကွဲပြားသည်။ 

ရှောင်ယွင်က အပြုံးမျက်နှာဖြင့် သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်ပြီး အနောက်လှည့်၍ အပြင်ဘက် အစွန်အဖျားသော ရွက်ဖျင်တဲဆီကို ဦးတည်သွားလိုက် သည်။ 

ရှောင်ယွင်၏ နောက်ကျောပုံရိပ် ပျောက်ကွယ်သွားသည် အထိ ကြည့်နေကြရင် မုလီသည် နတ်မိမယ်သမားတော် ဘက်ကို မျက်နှာမူ၍ စကားပြောလိုက်သည်။ 

“ ရှောင်ယွင်က ကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိနေတဲ့ပုံပဲ.. နောက်ဆိုရင် အောင်မြင်မှုအများကြီး သူပိုင်ဆိုင်လာလိမ့်မယ်.. ”

“ ဟုတ်ချင်ဟုတ်မှာပေါ့.. ”

နတ်မိမယ်သမားတော်မလေးက ခပ်တိုးတိုးသာ ပြော လိုက်သည်။ ငြင်းလည်း မငြင်းသလို သဘောတူသည် ဟုလည်း မပြောချေ။ 

“ အော်.. အခု ဆေးပင်တွေကို သွားစစ်လိုက်ဦးမယ်.. စခန်းအတွက်ကျတော့ သခင်လေးမုလီကိုပဲ ဒုက္ခပေး ရတော့မယ်.. ”

နတ်မိမယ်သမားတော်မလေးက မုလီအား ပြုံးရင်း အကူ အညီတောင်းလိုက်သည်။ မုလီ ခေါင်းညိတ်လိုက်သည် ကို မြင်လျှင် သူမသည် စခန်းအလယ်တွင် ဆောက်ထား သော ရွက်ဖျင်တဲကြီးဆီကို ဦးတည်သွားလိုက်သည်။ 

မုလီလည်း နတ်မိမယ်သမားတော်မလေး၏ လှပလွန်း သည့် နောက်ကျောပုံရိပ်ကို သူမ ပျောက်ကွယ်သွား သည်အထိ ငေးကြည့်နေလိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်ကို မလှည့်ချင်ဘဲနဲ့ လှည့်လိုက်ရသည်။ သူသည် လက်သီးကို ဆုပ်ထားပြီး ထူးဆန်းသော အပြုံးတစ်ခုကလည်း သူ့နှုတ်ခမ်းထောင့် တွဲခိုလာခဲ့ သည်။ 

နေလုံးကြီးသည် တောင်ကွယ်မှာ ဖြည်းနှေးစွာဖြင့် သက်ဆင်းနေပြီး နောက်ဆုံးတွင် တောအုပ်ထဲမှာ အမှောင်ထုက တစ်စစ ကြီးစိုးလာခဲ့သည်။ သစ်ရွက်နှင့် သစ်ကိုင်းခြောက်တို့၏ အရိပ်ကလည်း မသဲမကွဲ ဖြစ်လာ ကာ တောရိုင်းကောင်တို့၏ ပုံသဏ္ဍာန်ကဲ့သို့ ထင်မှား စရာပင် ကောင်းလာတော့သည်။ 

အမှောင်ထုတို့က ကြိးစိုးလာလေ.. ရွက်ဖျင်တဲတို့သည် မှာလည်း တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်လာသည်။ တချို့ကြေးစားစစ်သည်တို့ ကင်းစောင့်နေသည်ကလွဲ၍ မီးဖိုထားသော မီးပုံမှ မီးစွဲလောင်နေသော ထင်းချောင်း တို့၏ တဖျစ်ဖျစ် မြည်သံတိုးတိုးကိုသာ ကြားရတော့ သည်။ 

တိတ်ဆိတ်မဲမှောင်နေသည့် ညအခါသမယတွင် ရွက်ဖျင် တဲတစ်ခုက ရုတ်တရက် အနည်းငယ် လှုပ်ရှားသွား၏။ လူပုံရိပ်မည်းမည်းတစ်ခုက လျှို့ဝှက်စွာ ထွက်ပေါ်လာပြီ အစောင့်များကို ဖြတ်ကျော်ကာ မှောင်မဲနေသော တော အုပ်ထဲကို တိတ်တဆိတ်ဖြင့် လွတ်ထွက်သွားသည်။ 
မကြာချေ…ပုံရိပ်မည်းက ထွက်သွားပြီးသည်နှင့် 
နောက်ထပ် လူရိပ်တစ်ခုကလည်း ရွက်ဖျင်တဲကနေ ထွက်ပေါ်လာကာ ပထမလူ အနောက်ကို နီးကပ်စွာ လိုက်ပါသွားသည်။ 

***

တောဝံပုလွေတို့၏ အူမြည်သံကလည်း ရံဖန်ရံခါ တောနက်ကနေ ထွက်ပေါ်လာတတ်၍ ကြေးစား စစ်သည်တို့သည်ပင် တဖိမ့်ဖိမ့် တုန်တက်သွားစေသည်။ 

လူပုံရိပ်နှစ်ခုကလည်း အတော်ဝေးဝေးရောက်လျှင် ခြေလှမ်းကို သွက်လိုက်ကြပြီး စခန်းချထားသော နေရာမှ ဝေးကွာသထက် ဝေးကွာလာအောင် ခြေသံလုံ လုံဖြင့် လျှောက်လာကြသည်။ 
အမှောင်ထဲတွင် ရှောင်ယွင်သည် ခေါင်းကို မော့လိုက် ပြီး မှိန်ပျပျလင်းနေသေးသော လရောင်အကူအညီဖြင့် အရှေ့က တင့်တယ်ကြော့မော့သော ပုံရိပ်ကို ငေးကြည့် လိုက်သည်။ သူမအနောက်ကို အမှီလိုက်ပြီ သူ့မျက်နှာ တွင် အပြုံးလေးတစ်ခုက ဖြစ်ပေါ်လာသည်။ 

“ ရတနာအမဲလိုက်ခြင်း စတင်ပါတော့မယ်.. ”

အမှောင်ရိပ်ထဲက သူမ၏ စိတ်တထင့်ထင့်ဖြစ်နေခြင်း သည် လူငယ်၏ စိတ်လှုပ်ရှားစွာ ပြောလိုက်သော စကားကြောင့် ပျောက်ကွယ်သွားတော့သည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...