Battle Through The Heavens..136
မူရင်းရေးသူ... Heavenly Silkworm Potato
ဘာသာပြန်သူ ...Su yati
Chapter...136...အချုပ်အနှောင်ကို ချိုးဖြတ်ခြင်း
အေးမြတဲ့ ဂူအတွင်း မိန်းမတစ်ယောက် ကဓားရှည်တစ်
လက်ကို လူငယ်လေးတစ်ယောက်၏ လည်မြိုကို
ထောက်ထားမှုက ဂူအတွင်းကို အန္တရာယ် အငွေ့အသက်တွေကို ဖုံးလွမ်းသွားစေသည်။
အေးစက်စက် လည်မြိုပေါ်မှာ ဓားကြောင့်
ရှောင်ယွင် ၏တစ်ကိုယ်လုံး ကြက်သည်းမွေးညှင်းထလို့သွားသည်။
ရှောင်ယွင်က သူ့လက် ကိုမြောက်လိုက်ပြီး
ခါးသီးသော အပြုံးလေးတစ်ခုက နားလည်မှုလွဲနေပြီ
ဆိုသလိုမျိုးပေါ့..
"ငါမင်း ကို အဲ့လိုအရာတွေမလုပ်ခဲ့ဘူး"
သူ၏စကားကိုကြားတဲ့အချိန်မှာတော့
ယွင်ချီ ၏လှပတဲ့မျက်နှာလေးက ရှက်သွေးဖြန်းသွားသည်။
သူမ၏ နှလုံးသားထဲတွေးမိတာကတော့..
မင်းကငါ့ကို ဘာမှ မလုပ်ခဲ့ဘူးဆိုပေမဲ့..
ဒီအခြေအနေကလည်း ဘာများကွာသွားလို့လဲ
သူမ၏လှပတဲ့ မျက်လုံးလေးကတောက်ပသွားသည်
သို့ပေမဲ့ ယွင်ချီက သူ့လက်ထဲက ဓားကိုတော့
အနည်းငယ်လေးမှ ရွေ့လျားမှု မပြုခဲ့ပေ။
ဒါပေမဲ့ သူမ၏ အကြည့်ကို ရွေ့လိုက်ရင်ပဲ
ရှောင်ယွင်၏မျက်နှာပေါ်မှ နီရဲသော
လက်ဝါးရာကို မြင်သွားသည်။ထင်ရှားစွာပဲ
ဒီလက်ဝါးရာက ဂူအတွင်းမှာ ထွက်ပေါ်လာတဲ့
လက်ဝါးနှင့်ရိုက်သံကနေ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရှောင်ယွင် ၏မျက်နှာပေါ်မှရယ်စရာ လက်ဝါးရာကို
စိုက်ကြည့်နေရင်းပဲ အေးစက်စက် မျက်ဝန်းမှာ
နွေးထွေးမှုလေးတွေဖြစ်ပေါ်လာသည်။
အနည်းငယ်ကြာပြီးနောက်မှာတော့
ယွင်ချီ၏မျက်နှာမှာ စိတ်ညစ်မှုတွေနဲ့အတူပဲ
ဓားရှည်ကို အားနည်းစွာ ဖြင့်ဖြည်းဖြည်းလေး
လွင့်ပစ် ပြီး ဂူအတွင်းဝင်ရောက်သွားသည်။
သူမက ရှောင်ယွင်ကို ဖြတ်လျောက်သွားချိန်မှာပဲ
သိမ်မွေ့စွာပြောဆိုလိုက်သည်က
"ငါတို့ နှစ်ယောက် ဒီနေ့ ဒီဂူအတွင်းမှာဖြစ်ပျက်ခဲ့တာကို
မသိသလိုပဲနေလိုက်မယ်။အကယ်၍
ဒီအကြောင်းသာ ပျံနှံ့သွားခဲ့ရင်တော့ အဲ့တာက
မင်းအတွက် ကောင်းကျိုတွေဖြစ်မလာနိုင်ဘူး"
ရှောင်ယွင်က ဘယ်မှ မရွေ့လျားပဲ
ယွင်ချီ၏ တင့်တယ်ပြီး စွဲဆောင်မှုကောင်းသော
နောက်ပိုင်းအလှကို ကြည့်လိုက်သည်။
သူ့၏ မျက်လုံးအစုံကို မမှိတ်ခင်မှာပဲ ခါးသီးစွာ
မှတ်ချက်ပြု လိုက်သည်။
ဒီအရာက တကယ့်ကို မေ့ပြစ်လိုက်သင့်တယ်။
သူမ၏ အဆင့်အတန်းနဲ့ဆိုရင်တော့ ငါ့ဘဝက
ရေတွင်းထဲက ဖားသူငယ်လေးလားပဲရှိတယ်။
ဖားငယ်လေးက ကျယ်ပြန်လှတဲ့ကောင်းကင်ကြီးအောက်ကို
ဖြတ်သန်းသွားလာနိုင်သော်လည်း
အကန့်အသတ်တော့ရှိလေသည်။ကိုယ့်အတိုင်းအတာ
အကန့်အသတ်ဖြင့်သာ တဖြည်းဖြည်း
ကူးခတ် သွားလာနိုင်ပေမဲ့လည်း ရေတွင်းထဲက
ဖားသူငယ်လေး.အနေနဲ့တော့ အကန့်အသတ်မရှိတဲ့ အတိုင်း အတာကိုသွားလာနိုင်ဖို့
ရေတွင်းလေးကိုတော့နံ့စပ်အောင် သွားလာနိုင်ပြီးမှ ကြိုစားသင့်သည်။ဒီအခြေအနေကတော့ မော့ကြည့်ရုံပဲ
တတ်နိုင်သည့်အခြေအနေတစ်ခု သာလျှင်ပဲ..
ဒိုဝှမ်း.ဒါကကျော်လွားနိုင်ဖို့ အရမ်းကိုခက်ခဲ့တဲ့
အကန့်အသတ်အပိုင်းအခြားတစ်ခုပဲဖြစ်တယ်။
ရှောင်ယွင်အနေနဲ့ဒီအကန့်အသတ်ကို ကျော်ဖြတ်နိုင်ကောင်းဖြတ်နိုင်ပေမဲ့လည်း
အလွန်းနည်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်တယ်။
ခုချိန်ကတော့ မဟုတ်သေးပေ။
ဒီလို မာနကြီးပြီး ဂုဏ်ထူးမြင့်တဲ့ ယွင်ချီ အနေနဲ့
ရှောင်ယွင်လို ဒိုကျဲအဆင့်သာလျှင်ရှိတဲ့
လူငယ်လေးက ဒိုဝှမ်း အဆင့်ကိုရောက်ရှိမယ်လို့မယုံကြည်ပေ။
ရှောင်ယွင် အနေနဲ့ ပါရမီ ရှိသည်မှန်သော်လည်း
ဒိုဝှမ်း တစ်ယောက်ဖြစ်လာမည်လို့ မဆိုလိုပေ။
"စိတ်ကူးယဉ်အိမ်မက်တစ်ခုက အကြွင်းအကျန်အဖြစ်
ထွက်ခွာသွားသည်"
ရှောင်ယွင် က သူ့ခေါင်းကိုခါပြီး တိုးတိုးလေးပြောဆိုလိုက်ပြီး ယွင်ချီ နောက်လိုက်ပြီး
ဂူအတွင်းသို့ဝင်ရောက်သွားသည်။
မျက်လုံးကိုမှိတ်၍အချုပ်အနှောင်ကိုချိုးဖြတ်နိုင်
ဖို့ကြိုစားနေတဲ့ အေးစက်စက် မျက်နှာလေးနဲ့
ယွင်ချီကို ကြည့်ပြီး ပုခုံးတွန့်လိုက်သည်။
ရှောင်ယွင်လည်း ထောင့်တစ်နေရာ မှာ ထိုင်ချလိုက်ပြီး
သူ၏ဒိုချီ များကိုမျက်လုံးမှိတ်၍ လေ့ကျင့်နေလိုက်သည်။
လူနှစ်ယောက်၏ တိတ်ဆိတ်ငြိမ်သက်မှုနောက်
ှုကို လိုက်ခြင်း
က ဂူအတွင်းကို ကိုးရိုးကားယားနိုင်သည့် 
ရှက်ကိုးရှက်ကန်းအခြေအနေတွေ ဆင်းသက်လာသည်။
......
......
......
တိတ်ဆိတ် နေမှုက နေ့မွန်းတည့်သည်အချိန်ထိတိုင်
ဆက်လက်တည်ရှိနေသည်။
ဒီအချိန်အတွင်းမှာတော့ ရှောင်ယွင်က အပြင်သို့ထွက်၍
ငါးအချို့ဖမ်း ပြီး မီးဖိုဘေးနားထိုင်၍ ငါးကိုကင်ပြီး
စိတ်မပါစွာ ထိုင်၍သစ်သား တံဆို့လေးကို လှည့်လို့နေသည်။
ရုတ်တရတ် သူ့နှလုံးသားက တစ်စုံတစ်ခုကို
သတိထားမိလိုက်ပြီး သူ့ခေါင်းကို မော့ကြည့်လိုက်ရင်
နက်မှောင်ပြီး လှပတဲ့မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်း
စုံ သွားသည်။
သူတို့နှစ်ဦး အကြည့်ချင်းဆုံးသွားရင်ပဲ
ဘာမှ မဖြစ်ခဲ့ဘူးတဲ့အလား အကြည့်ချင်း လွဲလိုက်
ကြသည်။
ရှောင်ယွင်က နောက်ထပ်တစ်ကြိမ် ငါးကင်တံကို
မလှည့်မှီ ငါးတစ်ကောင်ကို ဖြုတ်၍
ယွင်ချီကိုပေးလိုက်သည်။
"မင်းပဲစားလိုက်..ငါဗိုက်မဆာလို့"
ယွင်ချီက ခေါင်းလေးငုံ့၍ အသာအယာပြောလိုက်သည်။
သူမက ဒီစကားကိုပြောလိုက်ရင်ပဲ
သူမ၏ ဗိုက်က ငါးကင်ရဲ့ ရနံ့ကြောင့်ဆာလှောင်မှုတွေဖြစ်ပေါ်လာသည်။
ဒါပေမဲ့ သူမက သူမ၏ ဆာလှောင်မှုကို
မြိုသိပ်ပြီး မျက်လုံးကိုမှိတ်လျက် လျစ်လျူ ရှုထားလိုက်သည်။
သူမ၏ ဝမ်းဗိုက်က တော့ သူမ၏ ညှင်းဆိုချက်ကို
ကန့်ကွက်လို့နေတုန်း ပဲ...
"စိတ်လျော့ပါဦး..ဒီဟာကို ကျုပ်ကခင်ဗျားအတွက် လုပ်ထားတာပါ"
ငါးကင်ကို ငြင်းဆိုလိုက်သည် ယွင်ချီကို
မြင်ရင် ပြုံးလိုက်ပြီး အပြင်ဘက်ကျကျ ရယ်စရာလုပ်လိုက်သည်။
ယွင်ချီလည်း သူမ၏ နုတ်ခမ်းကို ကိုက်၍ မျက်လုံးကို
ဖွင့်ပြီး မီးဖိုးဘေးနာ ရှိတဲ့ နွေးထွေးတဲ့ အပြုံးလေးနဲ့
ရှောင်ယွင်ကို့ကြည့်လိုက်သည်။
သိမ်မွေ့မှုလေးက မျက်လုံးထဲမှာလင်းလက်သွားသည်။
ရှောင်ယွင်၏ ခန့်ညား ပြီး ယဉ်ကျေးသော
မျက်နှာလေး က အခြားသောသူတွေကို
အန္တယ်မဖြစ်စေနိုင်ပဲ အေးချမ်းမှုကို ပေးဆပ်နေသည်။
အပြစ်ကင်းစင်တဲ့ လူငယ်လေးတစ်ယောက်လိုပြဲဖစ်တယ်။
ယွင်ချီက သူမရှေ့မှ ငါးကင်ကိုကြည့်ပြီး
ဖြစ်ရပ်အလုံးစုံကို တွေးလိုက်သည်။သူ့ရှေ့မှ လူငယ်လေးရဲ့ မျက်နှာမှာတော့ ကံဆိုးခြင်းတွေမလိုလားသည့်အလားပဲ။
ကံဆိုးခြင်းတွေကို မလိုလားပေမဲ့လည်း
အတွေ့အကြုံ ရရှိဖို့ကိုတော့ ယောကျာ်းအချို့က
နှစ်သက်ကျသည်။
ခွင့်ပြုမှု ရရှိပြီးနောက်
ယွင်ချီက သူမရှေ့မှာရှိသော ငါးကင်ကို ယူဖို့လက်လှမ်းပြီးလက်ခံယူလိုက်သည်။
ယွင်ချီက သူမ၏ပါးစပ်ကိုဖွင့်ဟပြီး ငါးကို
စားဖို့ ထိလိုက်ရင်ပဲ ရှောင်ယွင်က
"သတိထား..နည်းနည်းပူသေးတယ်"
ရှောင်ယွင်၏ စကားကြောင့် စိတ်ရှုပ်လို့သွားပြီး
အထက်စီးဆန်သော အကြည့်နဲ့ ကြည့်ပြီး
"ဒိုဝှမ်း တစ်ယောက်က ဒီလောက်လေးပူတာကို
ဂရုစိုက်ရမယ်လို့ မြင်တာလား?"
ရှောင်ယွင်လည်း ရှက်လို့သွားပြီးအပြုံးလေးနှင့်ပဲ ငါးကင်တစ်ကောင်ကိုယူ၍ ကိုက်လိုက်သည်။
ယွင်ချီက ငါးကို သူမ၏ သေးငယ်သော
ပါးစပ်လေးနဲ့ကိုက်ဖဲ့လိုက်သည်။ရှောင်ယွင်ရဲ့
ဂရုတစိုက်ပြောဆိုမှုကြောင့်ပဲ သူမက
ငါးကင်အသားကိုမြိုချလိုက်ပြီး နူးညံ့စွာပြောဆိုလိုက်သည်။
"မနက်ဖြန် ဆိုရင်တော့ ငါ့ရဲ့အတားအဆီးကို
ဖြတ်ကျော်နိုင်လောက်ပါပြီ"
ရှောင်ယွင်က ငါးကိုဝါးစားနေသည်ကို
ရုတ်တရတ် ရပ်တန့်သွားပြီးနောက်
သူ့ပါစားတွင်းသို့မျိုချလိုက်သည်။
တကယ်လို့ သူမသာဒိုဝှမ်းအဆင့်ကို ပြန်ရောက်သွားမယ်ဆိုရင်တော့ ဒီလိုအခြေအနေလေးက
ပျက်စီးသွားမှာပဲ။
အနာဂတ်မှာတော့ သူမက ဒိုဝှမ်းတစ်ယောက်အဖြစ်
အထွတ်အထိပ်ကို ဆက်လက်တိုးတက်သွားနေချိန်မှာ
ငါကတော့ ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲ
ဒိုရှီ အဆင့်ကိုရောက်ရှိဖို့ တိုက်ခိုက်နေရဦးမှာ။
ဒါက အရမ်းကို ကွာခြားတဲ့ အကျိုးသက်ရောက်မှုကို
ဖြစ်စေတယ်လေ။
ဒီအချက်ကို တွေးမိရင် မွေးပျံ့တဲ့ ငါးကင်လေးက
အရသာမဲ့သလိုဖြစ်သွားသည်။
နောက်ထပ် အနည်းငယ် ထပ်ပြီးကိုက်ဖဲ့စားသောက်ပြီး
ယွင်ချီကိုဝိုးတဝါးပြောလိုက်သည်။
"တကယ်ကို ဂုဏ်ယူပါတယ်"
"ငါ့ရဲ့ခွန်အားကိုပြန်ရခဲ့ရင်တော့
နီလာခရမ်းတောင်ပံခြင်္သေ့ကို ပြန်ရှာရမယ်"
ရှောင်ယွင်၏ စိတ်အခြေအနေကို မသိပဲ
သူမ ရဲ့ဆန္ဒကိုဆက်ပြောလိုက်သည်။
"မင်းက အချုပ်အနှောင်ကိုဖြတ်ကျော်ပြီး ဒိုဝှမ်းအဆင့်ကို
ပြန်ရောက်ပါစေဦးလို့"
ရှောင်ယွင် က ငါးကင်ကို စားနေတုန်းပဲ ရုတ်တရတ်
ပြောလိုက်သည်။
ဒီစကားကြောင့် ယွင်ချီ၏ မျက်တောင်ကတောင့်တင်းသွားပြီး စိတ်ဆိုးစွာပဲ ငါးကင်နဲ့
ရှောင်ယွင်ကို ပစ်ပေါက်လိုက်သည်။
"မင်းကဂြိုလ်ဆိုးပဲ..မင်းဘာပြောတယ်"
ရှောင်ယွင်က လက်ကို့ဆန့်တန်းပြီး ငါးကင်ကိုဖမ်းလိုက်သည်။သူက ငါးကင်ပေါ်မှာ ကိုက်ထားသော သွားရာလေးကိုမြင်ရင်ပဲ
ရတနာလေးအလား ဂရုတစိုက်ပြုမူပြီး ယွင်ချီကိုက်ထားသော နေရာကို ကိုက်လိုက်သည်။
ယွင်ချီတစ်ယောက် သူမကိုက်ထားသော နေရာသို့
ရှောင်ယွင်က သေသေချာချာကိုင်ပြီးကိုက်ခဲလိုက်သည်ကိုကြည့်ပြီး
အရှက်သည်းဖွယ် ပါးပြင်လေးက အနည်းငယ်နီရဲလာသည်၊၊သူမ ခတ်ဆက်ဆက်ပြောဆိုလိုက်သည်က
"စားစား...အဲ့တာမှ ဆို့နင်ပြီးသေမှာ"
ငါးကင်ကို စားပြီးနောက် ရှောင်ယွင်က
သူမကို မမေးမီ လေချဉ်တက်လိုက်သည်။
"ဒါက မဟုတ်ဘူးလို့ထင်ရပေမဲ့လည်း ငါမင်းကို
မေးရဦးမယ်။ငါ့အကူအညီကိုလိုချင်လား?"
ယွင်ချီလည်း ခဏတိတ်ဆိတ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။ပြီးနောက် ရှောင်ယွင် မထုံတတ်တေးအမူအရာကိုမြင်ရင် သနားစွာနဲ့ရှင်းပြလိုက်သည်။
"ခရမ်းရောင်ဝိညာဉ်သလင်းကျောက် က နီလာခရမ်းတောင်ပံခြင်္သေ၏ဂူထဲမှာရှိတယ်။
ဒါကြောင့် အဲ့တာကိုယူဖို့ ကြိုးစားရင်း
ခုလို အချုပ်အနှောင်မိသွားခဲ့ရတာပဲ။ဒါပေမဲ့ မနက်ဖြန်လောက် ဆိုရင်ငါရဲ့ ဒိုဝှမ်းအဆင့် ခွန်အားတွေပြန်ရရင်တော့ နီလာခရမ်းတောင်ပံခြင်္သေနဲ့ ပြန်ပြီး တိုက်ခိုက်ပြီးစိတ်ရှုပ်ထွေးအောင်လုပ်ထားမယ်။
မင်းကတော့ဝိညာဉ်သလင်းကျောက်ရအောင်
ဂူထဲဝင်ပြီး ရှာဖွေပေးဖို့ မျှော်လင့်တယ်။
ဒါဆို ပိုပြီးအောင်မြင်နိုင်ခြေများတယ်"
" မင်းကိုကူညီရတာက ပြသနာတော့မဟုတ်ပါဘူး
ဒါပေမဲ့ ဒီစကားကရှက်စရာဆိုပေမဲ့လည်း ပြောမှရမယ်။
ငါ့လိုဒိုကျဲ အဆင့်နဲ့လူတစ်ယောက်က အထဲကိုဝင်သွားလို့
အဆင့်သုံးရှိတဲ့မှော်သားရဲတစ်ကောင်ကောင် နဲ့တွေ့ခဲ့ရင်တော့ မှော်သားရဲက ငါ့ကိုအလွယ်တကူ
အဆုံးသတ်လိုက်မှာပဲ။"
ရှောင်ယွင်က သူ့လက်ကိုဝေ့ယမ်းလိုက်သလိုပဲ
ခါးသီးစွာရယ်မောလိုက်သည်။
"မင်းအဲ့တာအတွက်တော့ စိတ်ပူမနေနဲ့
မနက်ဖြန်ငါက အချုပ်အနှောင်ကနေ လွတ်မြောက်သွားရင် မင်းအတွက် အချိန်ခဏတာ ခွန်အားတိုးစေဖို့ လျို့ဝှက်ပညာရပ်တစ်ခု အသုံးပြုပေးမယ်။
အဲ့တာဆိုရင် မင်းကမှော်သားရဲတောင်တန်းထဲကို
ဝင်ရောက်နိုင်တယ်။
ပြီးရင်တောဲ့ နီလာခရမ်းတောင်ပံခြင်္သေဂူထဲကို
ဝင်လို့ရပြီ"
ယွင်ချီကပြောသည်။
ရှောင်ယွင်ခေါင်းညိတ်ပြလိုက်သည်။
"ဒီကျောက်လေးကို ယူသွား။အထဲရောက်ရင် အဲ့တာလေးက ခရမ်းရောင်ဝိညာဉ်သလင်းကျောက်ရှိတဲ့နေရာကို ကူရှာပေးလိမ့်မယ်။သလင်းကျောက်အနားကိုရောက်ရင်
ပို၍ပူလောင်လာလိမ့်မယ်။ဒါဆို ခရမ်းရောင်ဝိညာဉ်သလင်းကျောက်ကို အလွယ်တကူရှာဖွေနိုင်လိမ့်မယ်"
ယွင်ချီက ပြောဆိုလိုက်သလိုပဲ အစိမ်းရင်ရောင်
ရွမ်းဗတ်ပုံစံ ကျောက်တုံးလေးတစ်တုံးကို
သိုလှောင်လက်စွပ်အတွင်းကထုတ်ယူပြီးပေးလိုက်သည်။
ရှောင်ယွင်က ကျောက်တုံးလေးကိုလက်ခံလိုက်ပြီး
နမ်းကြည့်လိုက်သည်။ပြီးနောက် ခေါင်းလေးကိုမော့၍
အပြုံးလေးနှင့်
''ဒါကိုအကောင်းဆုံးဖြစ်အောင်လုပ်မယ်"
ရှောင်ယွင်၏ အပြုံးလေးကိုကြည့်ပြီး
ယွင်ချီက လိုလားစွာပဲ လက်ခံလိုက်သည်။
လိုအပ်မည့်အရာတွေပြောဆိုပြီးနောက်မှာတော့
နောက်ထပ်ပြောစရာ ခေါင်းစဉ်မရှိတော့ပဲ
ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လို့ သွားသည်။
"အနားယူလိုက်တော့လေ။ငါကတော့ နည်းနည်းလောက်လေ့ကျင့်ဖို့လိုအပ်နေသေးလို့
လေ့ကျင့်လိုက်ဦးမယ်"
ရှောင်ယွင်က တိတ်ဆိတ်မှူကို ဖြိုခွဲသည့်စကားကိုပြောဆိုလိုက်သည်။
ပြီးနောက် ကျောက်တုံးပေါ်မှာထိုင်လိုက်ပြီး
မျက်လုံးမှိတ်လေ့ကျင့်လိုက်ရင်ပဲလေ့ကျင့်မှူမှာ နှစ်မြော လို့သွားသည်။
ကျောက်တုံး အိပ်ယာပေါ်မှာ ထိုင်၍
ခန့်ညားချောမောသော ရှောင်ယွင်ကိုကြည့်နေလိုက်သည်။
ပြီးနောက် ကျောက်တုံးအိပ်ယာပေါ်သို့ ဖြည်းညှင်းစွာလှဲလျောင်းလိုက်ပြီး ဝိုးတဝါးရေရွတ်လိုက်သည်။
"အိပ်လိုက်တော့ မနက်ဖြန်နိုးလာရင်အားလုံးကို
မေ့သွားလိမ့်မယ်"
အချိန်အတော်အကြာထိတိတ်ဆိတ်နေပြီးမှာပဲ
ရုတ်တရတ်လေ့ကျင်နေသောရှောင်ယွင်၏ မျက်လုံးကပွင့်လို့လာသည်။သူက ခေါင်းကိုလှည့်၍
ကျောက်တုံးအိပ်ယာထက် လှပစွာအိပ်ပျော်နေသော
ယွင်ချီကို ကြည့်နေလိုက်သည်။
လေ့ကျင့်နေသည့်ကျောက်တုံးပေါ်မှာဆင်း၍
ယွင်ချီရှိရာ သို့ တဖြည်းဖြည်း တိုးကပ်လာပြီး
ညို့ယူနိုင်သော သူမ၏ ကောက်ကြောင်းအလှကို
ငေးကြည့်နေမိသည်။
နောက်ဆုံးတော့ သူ့အကြည့်က လှပသော
မျက်နှာလေးပေါ်သို့ ရောက်ရှိသွားသည်။
ရှောင်ယွင်၏ အကြည့်က ဒီလှပတဲ့ မျက်နှာလေးကို
နောက်ထက် ဒီလိုကြည့်လို့မရနိုင်တော့ဘူးဆိုသည့်အကြည့်မျိုးနဲ့
စူးစိုက်ကြည့်နေသည်။
ရှောင်ယွင် က ဂူရဲ့ ဝင်ပေါက်နေရာကနေ မထွက်ခွာမီ
သူ့ရဲ့အကြည့်ကိုရုပ်သိမ်းလိုက်ပြီး ကြီးမားသော
အနက်ရောင် ခြုံလွှာတစ်ခုကို ယွင်ချီ ကို ခြုံလွမ်းပေးလိုက်သည်။ညအချိန်ဆိုတာက မှော်သားရဲတွေ၏ သက်ဝင်လှုပ်ရှားမှု အများဆုံးအချိန်ဖြစ်သလိုပဲ သူ့အနေနဲ့ ပတ်ဝန်းကျင်ကို
အမြဲမပြတ် စောင့်ကြည့်ဖို့လိုအပ်ပေသည်။
ရှောင်ယွင်က လှည့်ထွက်သွားရင်ပဲ
မျက်လုံးမှိတ်အိပ်နေသော ယွင်ချီ၏ မျက်လုံးတစ်စုံက
ရုတ်ချည်းပွင့်လာသည်။
သူမ၏မျက်လုံးတစ်စုံက နောက်ကျောမှာ ပေတံအကြီးတွေကို လွယ်ထားတဲ့ ထူးဆန်းသော
လူငယ်လေး၏ ကျောပြင်ကိုကြည့်လို့နေသည်။
သူမ၏ လက်လေးတစ်စုံကလည်း သူမကို ခြုံလွမ်းထားတဲ့အနက်ရောင် ခြုံလွှာလေးကို
နူးညံစွာပွတ်သပ်လိုက်ပြီး တည်ငြိမ်နေတဲ့နှလုံးသားလေးကလည်း လှိုင်းဂယက်လေးတွေထလို့သွားသည်။
"အာ့.."
ညှင်သာတဲ့ အသံလေးက ဂူအတွင်းထွက်ပေါ်ပြီး
ချက်ခြင်းပျောက်ကွယ်သွားပြီးနောက် အတွင်းပိုင်းက
တိတ်ဆိတ် ခြောက်ကပ်လို့သွာသည်။
မနက်အာရုဏ်တက်ချိန်မှာထွက်ပေါ်လာတဲ့
အလင်းရောင်လေးကြောင့် ရှောင်ယွင်၏ မျက်လုံးပွင့်လို့လာသည်။အဲ့ဒီခဏမှာပဲ
သူ့မျက်လုံးက ဘေးပတ်လည်ကို မြန်မြန်ဆန်ဆန်လှည့်ပတ်ကြည့်လိုက်သည်။
ယွင်ချီက ကျောက်တုံးအိပ်ယာထက်မှာ
တင်ပြင်ခွေထိုင်လျက်ရှိနေပြီး သူမ၏ ခြေထောက်တွေပေါ်မှာတော့ ထူးဆန်းသော
ဓားရှည်တစ်ချောင်းက ရှိနေသည်။
ဒီနေ့မှာတော့ နှင်းလိုဖြူဖွေးတဲ့ ဝတ်ရုံလေးကိုဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ကို
စီးနှောင်ထားသည်မှာ ဖီးနစ်ငှက်လေး တစ်ကောင်အလားပဲ။အရင်နေ့ရက်ကလိုမဟုတ်တော့
အားအင်အပြည့်ရှိသည့် အငွေ့အသက်တွေကလည်းထွက်ပေါ်နေသည်။
သူမ၏ မျက်နှာကတော့ တည်ငြိမ်ပြီး
တက်မက်ဖွယ်ကောင်းစွာလှပလွန်းလှသည်။
ရှောင်ယွင်တစ်ယောက်နိုးလာပြီလို့
ခံစားမိလိုက်ရင် ယွင်ချီ၏ မျက်လုံးကလည်းပွင့်လို့လာသည်။သူမ၏လှပသော မျက်ဝန်းကလည်း ရှောင်ယွင် ကိုစိုက်ကြည့်ပြီး
မေးလိုက်သည်။
"နိုးလာပြီလား?"
ဒီလေသံက အမြဲတမ်းလိုလိုပဲ ရှင်းလင်းပြတ်သားနေပေမဲ့
ဒီအချိန်မှာတော့ အနည်းငယ်သောအေးစက်မှုတွေကပါဝင်နေသည်။
သူစိမ်းတွေကြားပြောလိုက်သလိုပဲ ဘာမှ မထူးခြားပေ။
ဒီအခြေအနေကို မေ့ဖျောက်လိုက်ပြီးနောက်
ရှောင်ယွင်က ယွင်ချီကိုမေးလိုက်သည်။
"အချုပ်အနှောင်က ပျက်စီးသွားပြီလား?"
"ဟုတ်တယ်"
ယွင်ချီက ခေါင်းငြိမ့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်ရှားလိုက်သည်။
သူမပြန်ပေါ်လာတဲ့အချိန်မှာတော့ ရှောင်ယွင်၏ အရှေ့
မှာ မတ်တပ်ရပ်လျက် ရှိနေသည်။
သူမ၏ မျက်လုံးကို အောက်ကိုနိမ့်ချလိုက်ကာ ရှောင်ယွင်၏မျက်နှာကိုကြည့်လိုက်ပြီး
"သွားရအောင်.. အပြင်ရောက်ရင် မင်းရဲ့ခွန်အားကို ခဏမြင့်တင်နိုင်ဖို့ ငါကူညီပေးမယ်"
သူမ၏ စကားကိုပြောဆိုပြီးနောက်မှာတော့
လှည့်၍ ထွက်ပေါကသို့ လှပပြီး စွဲမက်ဖွက်ကောင်း
ပြီးတင့်တယ်လှသောသူမ၏ ခြေလမ်းကို
ဦးတည်လို့သွားသည်။
ရှောင်ယွင်က ခေါင်းကိုမော့၍ လှပစွာထွက်ခွာသွားသော
ယွင်ချီ၏ နောက်ကျော အလှကိုကြည့်ပြီး ရုတ်တရတ် ပြောလိုက်သည်။
"ငါက အရင်ရက်တွေက ယွင်ချီကို ကြိုက်ပြီး
အခု ယွင်ချီကိုတော့ တကယ်ကိုမကြိုက်ဘူး"
ဂူ၏ထွက်ပေါက်မှာတော့ လှပတဲ့ပုံရိပ်ကရှိနေတုန်းပဲ။
ဂူထွက်ပေါက်ကနေ သူမ၏ ခြေလှမ်းကို မလှမ်းပဲ
ကျောက်တုံးလေးပေါ်မှာ အချိန်ခဏကြာသည်အထိ
မတ်တပ်ရက်လျက်ပဲ ရှိနေသည်။
No comments:
Post a Comment