Followers

Chapter 106

အပိုင်း ( ၁၀၆ ) - တိမ်မြူဂိုဏ်း


တိမ်မြူဂိုဏ်းဆိုသည်မှာ ဂျားမာအင်ပါယာပိုင်နက်တွင် ရှိသော ထိပ်သီးအင်းအားကြီးအဖွဲ့များအနက် ထိပ်ဆုံး မှာ ရပ်တည်နေသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေသည်။ ၎င်း ဂိုဏ်း၏ တည်နေရာသည် ထူးမြတ်သော တောင်ထိပ် ပေါ်တွင် တည်ရှိပြီး ဂျားမာအင်ပါယာမြို့တော်နှင့် ၅ ကီလိုမီတာကျော်ကျော်လောက်တွင် တည်ရှိပေသည်။ ၎င်းတောင်နာမည်ကိုလည်း ဂိုဏ်းနာမည်နှင့် လျော်ညီစွာ တိမ်မြူတောင်ဟု ခေါ်ဆိုကြသည်။ 


တိမ်မြူတောင်သည် တကယ့်ကို မတ်စောက်သော တောင်ဖြစ်သည်။ တောင်မျက်နှာလေးဘက်တွင် သုံးဘက်သည် ချောက်ကမ်းပါးစောက်များ ဖြစ်ပြီး ကျန်သည့် မျက်နှာတစ်ခုသာ လမ်းရှိသည်။ တောင်၏ ပထဝီအနေအထားအရ ခံစစ်အတွက် မြေပြင်အနေ အထား အသာစီးရနေသလို တောင်ကို ဝိုင်းရံထားဖို့ လည်း ခက်သည်။ ထို့အပြင် ဂိုဏ်းသားတို့သည်လည်း တောင်ကို တင်းကြပ်စွာ စောင့်ကြပ်နေပြန်ရာ တောင် တစ်ခုလုံးသည် ခံတပ်အသေးစားသဖွယ် ဖြစ်နေတော့ သည်။ 


ဂျားမာအင်ပါယာသည် မြင်းတပ်သား ၅ သောင်း ပါဝင် သော မြို့စောင့်တပ်အား မြို့တော်ကို ကာကွယ်ရန်အလို ငှား တိမ်မြုတောင်နှင့် တစ်ကီလိုမီတာအကွာတွင် တပ်ချ ထားသည်။ ဒါသည် မြို့တော်နှင့် နီးကပ်စွာ တည်ရှိနေ သော ကျားတစ်ကောင်အား စောင့်ကြပ်ဖို့ အင်ပါယာ ခေါင်းဆောင်းတို့၏ အစီအစဉ်ဖြစ်နိုင်သည်ကို အားလုံး လွယ်လွယ် တွေးကြည့်နိုင်သည်။ 


တိမ်မြုတောင်၏ အနောက်ဘက်တွင်ရှိ တောင်ထွတ်တို့ သည် တိမ်ပင်လယ်များဖြင့် နစ်မြုပ်နေလေရာ ကောင်း ကင်ဘုံရောက်နေသည့်အလား ထင်မှားရသည်။ 


တောင်ကမ်းပါးအစွန်းတွင် တိုးထွက်နေသော အနက် ရောင်ကျောက်တုံး တစ်ခုပေါ်၌ အဖြူရောင် အဝတ်အစားအား ဝတ်ဆင်ထားသည့် မိန်းမပျိုလေး တစ်ယောက်သည် တရားထိုင်နေသည်။ သူမ၏ မျက်လုံး အား မှိတ်ထားလျက် တရားထိုင်နေခြင်း ဖြစ်သည်။ အသက်ကို ရှုသွင်းလိုက် ရှုထုတ်လိုက်နှင့် စည်းချက်ညီ ညီဖြင့် ရှိနေသည်။ ထိုသို့ အသက်ရှုသွင်းပြီး မှုတ်ထုတ် သည့် အချက်တိုင်းတွင် ပတ်ဝန်းကျင်မှ ရစ်ပတ်နေသော စွမ်းအင်းပါးပါးတို့သည် အစိမ်းဖျော့ဖျော့လေစီးကြောင်း အသွင်ဖြင့် မိန်းမပျို၏ ခန္ဓာကိုယ်ကို လှည့်ပတ်လို့ နေ သည်။ ထိုစွမ်းအင်တို့အား ၎င်း၏ ခန္ဓာကိုယ်မှသည် အစဉ်မပြတ် စုပ်သွင်းယူလျက်ရှိနေကာ သန့်စင်ယူခြင်း နှင့် သိုလှောင်ခြင်းတို့ လုပ်ဆောင်နေလျက်ရှိသည်။ 


အစိမ်းရောင် လေစီးကြောင်း၏ နောက်ဆုံး အမျှင်တန်း က မိန်းမပျိုလေး၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပျောက် ကွယ်သွားပြီးသည်နှင့် သူမ၏ မျက်လွှာမှာ ဖြည်းညှင်းစွာ ပင့်ဖွင့်လိုက်သည်။ သူမ၏ မျက်ဝန်းတွင် အစိမ်းရောင် အလင်းများ တစ်ချက် လင်းလက်သွားသည်။ သူမ၏ ပခုံးထက်တွင် ဝပ်တွားနေသော ဆံနွယ်များ လေတဖြူး ဖြူးထက်ဝယ် မျောလွင့်သွားပြန်သည်။ 


" အစ်မနာလန်.. လူကြီးမင်း နာလန်စုက တိမ်မြူဂိုဏ်း ကို ရောက်နေပါတယ်.. အစ်မကို တွေ့ချင်တယ်လို့ ပြောပါတယ်.. "


မိန်းမပျိုလေးက လေ့ကျင့်ခြင်းပြီးဆုံးသွားသည်ကို မြင်လျှင် အချိန်အကြာကြီးစောင့်နေရသော အစေခံ မလေးက အချိန်မဆိုင်းဘဲ ရိုသေစွာဖြင့် သတင်းကို ပြောပြလေသည်။ 


" အဖေလား... သူက ဘာလို့ ဒီကို လာတာလဲ.. "


အစေခံမလေး၏ စကားကို ကြားလျှင် သူမသည် ညင်သာသိမ်မွေ့စွာ ခေါင်းမော့ပြီး မျက်ကြောကို ရှုံ့ ထားလျက် အတွေးသံသယဖြင့် ခေါင်းကို ခါလိုက်၏။ ထို့နောက် မတ်တတ်ရပ်လိုက်ရာ ချောက်ကမ်းပါးစွန်း တွင် တိုက်ခတ်နေသော လေညှင်းက သူမ၏ အဝတ် အစားကို ကိုယ်လုံးနှင့် တစ်သားတည်း ဖြစ်စေလောက် အောင် တိုက်ခတ်လို့နေရာ လက်ရာမြောက်ပြီး ချစ်ခင် နှစ်သက်ဖွယ်ကောင်းသော ကိုယ်လုံးက ထင်းခနဲ ထွက်ပေါ်လာတော့ကာ သူမအား နတ်ဘုရားမတစ်ပါး သဖွယ် ထင်မြင်မိစေတော့သည်။ 


သူမသည် ပျင်းရိစွာဖြင့် ချောက်ကမ်းအောက်က အဆုံးမဲ့ သည့်အလား နက်ရှိုင်းလှသော ရှုခင်းကို ကြည့်လိုက်ပြီး နောက် အနောက်လှည့်ပြီး သူမအတွက် အထူးပြင်ဆင် ထားသော လေ့ကျင့်သည့်နေရာမှ ထွက်သွားလိုက်၏။


မနီးမဝေးတွင် ကျယ်ဝန်းပြီး တောက်ပသော ခန်းမတစ်ခု တွင် ခန့်ညားထည်ဝါသည့် အသက်လတ်ပိုင်း လူကြီး တစ်ဦးက ရေနွေးကြမ်းသောက်ရင်း ထိုင်နေပေသည်။ သူ့၏ လက်တစ်ဖက်က စိတ်မရှည်ဟန်ဖြင့် စားပွဲခုံကို အဆက်မပြတ် ခေါက်နေပေသည်။ 


နာလန်စုသည် အလွန်တရာ ဂနာမငြိမ်ဖြစ်နေပြီး နေမထိ ထိုင်မသာ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ့အဖေ နာလန်ကျင်က သူ့အား ဝါးလုံးဖြင့် ပြေးလိုက် ရိုက်၍ တိမ်မြူဂိုဏ်းသို့ မောင်းပို့လိုက်ခြင်း ဖြစ်သည်။ 


အင်ပါယာမြောက်ဘက်ပိုင်းတွင် စစ်သည်များအား ခံတပ်စွဲ နေရာချဖို့ ဦးတည်ခေါ်ဆောင်သွားရသည့် အချိန်တစ်နှစ်ကာလအတွင်း သူ့၏ မလိမ္မာသမီးမိုက်က သူ့သဘောနှင့်သူ လူကြီးချင်းသဘောတူညီထားခြင်းကို ဖျက်သိမ်းလိုက်သောကြောင့် ဖြစ်သည်။ 


နာလန်ကျင်မှာ သူ့၏ ဂုဏ်သိက္ခာနှင့် အင်မတန်ကို စောင့်ထိန်းသူတစ်ယောက်ဆိုတာကို နာလန်မျိုးနွယ် တွင် မသိသူ မရှိချေ။ နာလန်ရိရွမ်၏ အပြုအမူက တခြားသူတစ်ပါးအား နာလန်ကလန်သည် ကတိကို စောင့်ထိန်းခြင်းမရှိသည့်ကလန်ဖြစ်သည်ဟု လက်ညိး ထိုး ပြောချင်စရာ ဖြစ်စေခဲ့သည်။ ပို၍ ဆိုးဝါးစေသည်က သူမက ရှောင်ကလန်နှင့် လက်ထပ်ဖို့ သဘောတူညီ ထားခြင်းအား ငြင်းပယ်လိုက်ခြင်းက ရှောင်ယွင်၏ အားနည်းချက်တစ်ခုကြောင့် ဆိုသည့် အချက်လည်း ဖြစ်သည်။ 


ထိုကဲ့သိုသော အတင်းစကားများက နာလန်ကျင်အား အိမ်အပြင်သို့ မထွက်ရဲစေလောက်အောင် ဖြစ်ခဲ့သည်။ ထိုအချက်ကြောင့်သာ မဟုတ်လျှင် နာလန်ကျင်သည် သူ့ခန္ဓာကိုယ်အား အနိုင်နိုင်ထမ်းရင်း တိမ်မြူ  တောင် ပေါ်သို့ တက်လာနေလိမ့်ပြီး ဖြစ်မည်။ 


အမှန်တကယ်ပြောရရင် နာလန်စုလည်း နာလန်ကလန် နှင့် ရှောင်ကလန်တို့၏ လက်ထပ်ပွဲအား သိပ်သဘော တူလှသည် မဟုတ်ပါ။ နောက်ပြီး ရှောင်ယွင်သည်လည်း အများက အမှိုက်ကောင်ဟု ခေါ်ဝေါ်သမုတ်ကြသည် မဟုတ်လော။ ချောမောလှပပြီး အရည်အချင်းရှိသည့် သူ့သမီးနှင့် အသုံးမကျသည့် လူတစ်ယောက်နှင့် လက်ထပ်ပေးဖို့က နာလန်စုလည်း ဝန်လေးနေမိသည်။ 


သို့သော်.. အတိတ်ကအဖြစ်သည် အတိတ်တွင် ထားခဲ့ ရတော့မည်။ နောက်ဆုံး ရခဲ့သော သတင်းအရ ရှောင် ကလန်မှာ လူငယ်လေးသည် အမှိုက်ကောင်တည်း ဟူသော နာမည်အား ချေဖျက်ပြနိုင်ခဲ့ရုံသာမက သူ ငယ်ရွယ်စဉ်က ပြသခဲ့ဖူးသည့် မြန်ဆန်သည့် လေ့ကျင့် နှုန်းထက် ပို၍ မြန်ဆန်သည့် လေ့ကျင့်နှုန်းကိုပါ ပြသ နိုင်ခဲ့သည်။ 


ရှောင်ယွင် ပြသခဲ့သည် အရည်အချင်း အလားလား စသည်တို့သည် ယခုအခါ နာလန်စု၏ စိတ်ဝင်စားခြင်း ကို ဖမ်းဆုပ်စေနိုင်ခဲ့သည်။ သို့ပေမဲ့ နာလန်ရိရွမ်၏ တဇွတ်ထိုး လုပ်ဆောင်သွားခဲ့သည်က တစ်ကြောင်း၊ ကလန်နှစ်ခုကြားတွင်လည်း ဆက်ဆံရေးက အေးစက် လာသည်က တစ်ကြောင်း.. စသည်တို့သည် နာလန်စု အား အကြီးအကျယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ 


တကယ်၍ ထိုဆက်ဆံရေးက ကြာရှည်ခဲ့ပါလျှင် သူ့ အတွက် အံမခန်းလောက်သည့် အရည်အချင်းနှင့် ပြည့်စုံ သည့် သားမက်ကောင်းကို လက်လွှတ်ဆုံးရှုံးသွားရုံ သာမက အဆိုပါလူငယ်လေးသည် နာလန်ကလန်ကို အမုန်းတရားနှင့် အငြိုးထားခြင်းအား ခံရဖွယ်ရှိနေသည်။ 


ဒိုဝှမ်းတစ်ယောက်ပင် ဖြစ်လာနိုင်သည့် လူတစ်ယောက် က နာလန်ကလန်အား ရန်ငြိုးထားလာနိုသည်ကို ပြန် တွေးကြည့်တိုင်း နာလန်စုမှာ ကြောက်ရွံ့ခြင်းလည်း ဖြစ်လာမိသလို ဒေါသလည်း ထွက်မိသည်။ 


" ဒီကောင်မလေးကတော့.. သူ့ရဲ့ ပမာမခန့်လုပ်ပုံက ကြာလာလေ ပိုဆိုးလာလေပဲ.."


ပိုပိုပြီး တွေးကြည့်လေ ဒေါသက ပိုထွက်လာလေ ဖြစ် လာသည်။ နာလန်စု၏ လက်တွင်းမှ ရေနွေးကြမ်းခွက် သည် ရုတ်တရက် စားပွဲခုံပေါ် ဆောင့်ချခြင်း ခံလိုက် ရသည်။ ရေနွေးသည်လည်း ဖိတ်စင်ကုန်သည်။ သူ့ဘေးနားတွင် ရပ်စောင့်နေကြသော အစေခံမလေး တို့သည် အထိတ်တလန့် ဖြစ်သွားကြပြီ လျင်မြန်စွာဖြင့် ရေနွေးခွက်ကို ပြန်လဲပေးလိုက်သည်။ 


" တိမ်မြူဂိုဏ်ကို မလာခင် ရွမ်အာကို ကြိုတင် အကြောင်းကြားပေးမှပေါ့.. "


နာလန်စု ဒေါသအိုး ပေါက်ကွဲနေသည့်အချိန်တွင် ကြည်လင်ပြတ်သားသော မိန်းမပျိုအသံက ခန်းမကြီး ကနေ ထွက်ပေါ်လာသည်။ လရောင်လို ဖြူဆွတ်သည့် မိန်းမပျိုလေးတစ်ယောက်က ကန့်လန်ကာကို ဖယ်ရှား ၍ ဝင်လာရင်း အပြုံးဖြင့် ချိုသာစွာ ပြောလိုက်သည်။ 


" ဟွန့်.. နင်က ငါ့ကို အဖေလို့တောင် မြင်သေးရဲ့လား.. ယွန်းယွန်းရဲ့ တပည့်ဖြစ်ပြီးကတည်းက နာလန်ကလန် ကို အကုန်မေ့လိုက်ပြီးလား.. " 


အရွယ်ရောက်လာလေ ချောမောလှပလာသည့် သမီး ချောကို မြင်သည့်အခါ နာလန်စု၏ ရင်ထဲက ဒေါသ သည် အနည်းငယ် ပြေသွားကာ အဲဒီအစား ခပ်ကြမ်း ကြမ်းလေး ဆူလိုက်သည်။ 


သုန်သုန်မှုန်မှုန်ဖြစ်နေသော နာလန်စုမျက်နှာကို ကြည့် ပြီး နာလန်ရိရွမ်လေး စိတ်မသက်မသာဖြင့် ခေါင်းညိတ် လိုက်သည်။ ထို့နောက် အနားတွင် ရှိနေသော အစေခံ မလေးကို လက်ခါပြလိုက်ပြီး အပြင်သို့ ထွက်သွားခိုင်း လိုက်သည်။ 


" အဖေရယ်... မတွေ့ဖြစ်တာ တစ်နှစ်ကျော်လောက် ရှိနေပြီးဟာကို အခု တွေ့တာ အရင်ဆူတော့တာပဲ.. အိမ်ကို ပြန်ရောက်ရင် အမေနဲ့ တိုင်ပြောပစ်မယ်.. "


အစေခံမလေး ထွက်သွားသည်နှင့် နာလန်ရိရွမ်သည် ချက်ချင်းပင် ခေါင်းကို မော့မော့လေး ချက်ချင်းလုပ်လိုက် ပြီး နာလန်စုအနားတွင် ကလေးဆိုးတစ်ယောက်လို ကပ်ချွဲလိုက်သည်။ 


" အိမ်ပြန်မယ်ဟုတ်လား.. နင်ကို ပြန်ရဲသေးတယ်လား "


သူမ၏ စကားကို ကြားလိုက်သည့်အခါတွင် နာလန်စုက နှုတ်ခမ်းမဲ့၍ ပြောလိုက်သည်။ 


" အိမ်ကိုသာ ရောက်ရင် နင့်အဖိုးက နင့်ခြေထောက်ကို ချိုးမလား မချိုးဘူးလားဆိုတာ ကြည့်ရသေးတာပေါ့.."


နာလန်ရိရွမ် နှုတ်ခမ်းက တင်းတင်းပိတ်သွားသည်။ အခြေအနေကို ကောင်းစွာ ရိပ်မိနေသူဖြစ်၍ နာလန်စု၏ စကားလုံးအဓိပ္ပါယ်ကို ရှင်းလင်းစွာ သဘောပေါက်လိုက် သည်။ 


" ငါ ဘာလို့ ဒီကို လာရသလဲဆိုတာကို နင်သိရဲ့လား.. "


ရေနွေးကို အားပါတရသောက်လိုက်ပြီးနောက် နာလန်စု က အမူအရာခပ်တင်းတင်းဖြင့် မေးလိုက်သည်။ 


" စေ့စပ်ထားတာကို ဖျက်လိုက်တဲ့ ကိစ္စကြောင့် မဟုတ် လား.. "


သူမ၏ ဆံပင်အား သိမ်းစုနေရင်း နာလန်ရိရွမ်က ခပ်တိုး တိုး ပြန်ပြောလိုက်သည်။ 


နာလန်ရိရွမ်၏ မထုံတက်သေးအမူအရာကို မြင်လျှင် နာလန်စုသည် ချက်ချင်း ဒေါသက ထောင်းခနဲ ဖြစ်သွား သည်။ စားပွဲခုံကို ကြမ်းတမ်းစွာ ထုလိုက်ပြီး အော်ငေါက် လိုက်သည်။ 


" ဒီမင်္ဂလာပွဲကို နင့်အဖိုးကိုယ်တိုင် သဘောတူပြီး ကတိ ပေးထားတဲ့ ကိစ္စတစ်ခုပဲ.. ဒါကို ဖျက်သိမ်းဖို့ နင့်ကို ဘယ်သူခိုင်းတာလဲ.. "


" ဒါက သမီးရဲ့ မင်္ဂလာကိစ္စပါ.. အဖေ့ဆန္ဒအတိုင်း အဖေ ရွေးချယ်တဲ့ လူကို လက်ထပ်လိုက်ဖို့ သမီးမလိုက်လျော နိုင်ဘူး.. သမီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သမီးဆုံးဖြတ် မယ်.. ကတိပေးထားတဲ့အတိုင်းဆိုရင် တကယ်လို့ သမီးက သဘောတူမယ်ဆိုရင် လက်ထပ်ရမယ့်သူက သမီးကိုယ်တိုင်ပါ.. အဖိုး မဟုတ်ဘူး.. "


နာလန်စု သယ်ဆောင်လာသော ကိစ္စက နာလန်ရိရွမ် အား စိတ်မသက်မသာ ဖြစ်သွားစေသည်။ သူမသည် ကိုယ့်အားကိုယ်ကိုးတတ်သူဖြစ်ရာ သူမ၏ ဘဝအတွက် အရေးကြီးသည့် ကိစ္စများကို တခြားသူက သူမ၏ အုပ် ထိန်းသူ ဖြစ်နေလျှင်တောင်မှ သူတို့၏ စီမံပေးသည်ကို မလိုက်နာချင်ပေ။


" ငါကရော မစဉ်းစားတတ်ဘူးလို့ နင်ထင်လား.. ရှောင်ယွင်က အသုံးမကျတဲ့ လူတစ်ယောက်ဖြစ်နေလို့ နင့်အတွက် မတန်ဘူးလို့ နင်ခံစားနေရတာမလား.. ဒါပေမဲ့ အခု သူရဲ့ ရှေ့ရေးအလားလာက နင့်ထက် မနိမ့် နေတော့ဘူး.. တိမ်မြူဂိုဏ်းမှာ နင့်အဆင့်လောက်နဲ့ဆို သူရဲ့ခွန်အားတိုးတက်မှုအဆင့်ဆင့်ကို အဲဒီသတင်းကို တော့ နင် ကြားသင့်တာပေါ့.. "


နာလန်စုက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ 


နာလန်ရိရွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် ခေါင်းမာလှသော လူငယ်တစ်ယောက် အကြောင်းကို ပြန်တွေးလိုက်သည်။  နှုတ်ခမ်းကို ဖိသပ် လိုက်ပြီး လေသံက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ 


" သူအကြောင်း သတင်းအချို့ကို ကြားမိပါတယ်.. အမှိုက်ကောင်ဆိုတဲ့ နာမည်ကို ချေဖျက်နိုင်မယ်လို့ တကယ် မထင်ထားမိဘူး.. တော်တော် အံ့သြဖို့ ကောင်း တယ်.. "


" အံ့သြတယ် ဟုတ်စ ?.. အံ့သြသွားတယ် ဆိုတဲ့ စကား တစ်ခွန်းနဲ့ အဆင်ပြေသွားရော့လား.. နင့်အဖိုးက အမိန့် ပေးလာတယ်.. နင့်ကို ဝူတန်မြို့ဆီသွားခိုင်းရမယ်.. ငါတို့ ပြန်တောင်းပန်ပြီးတော့ အေးစက်နေတေဲ့ ဆက်ဆံ ရေးကို ပြန်လည်နွေးထွေးအောင် လုပ်ရမယ်.. "


နာလန်စုက မျက်မှောင်ကုတ်ထားပြီး ပြောလိုက်သည်။ 


" တောင်းပန်ရမယ်... မဖြစ်နိုင်တာ.. "


နာလန်ရိရွမ်၏ မျက်နှာက ပြောင်းလဲသွားပြီး မျက်ခုံးအား လုံးဝကို တွန့်ချိုးထားလိုက်၏။ ချက်ချင်းပင် တူးတူးခါးခါး ငြင်းလိုက်ပြီး ပြောလိုက်သည်။ 


" ရှောင်ယွင်က အရင်လို အသုံးမကျတော့ဘူးဆိုပေမဲ့.. သူ့ကို လက်ထပ်မှာ မဟုတ်ဘူး.. သွားတောင်းပန်ဖို့ကို  မပြောနဲ့.. အဖေသွားချင်ရင် အဖေဘာသာအဖေသွား.. ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဝူတန်မြို့ကို နောက်တကြိမ် ထပ်သွားမှာ မဟုတ်ဘူး.. "


" နင့်မှာ ငြင်းပိုင်ခွင့်မရှိဘူး.. ဒီပြဿနာက နင့်ကြောင့် ဖြစ်လာတာ.. သွားကို သွားရမယ်.. ပြီးတော့ ငါ့အတွက် ပြဿနာတွေ ရှင်းလာခဲ့.. "


နာလန်ရိရွမ်က တကယ်ပင် ငြင်းဆန်သည်ကို တွေ့ရ သည့်အခါ နာလန်စုမှာ ဒေါသမီးပုံပေါ် ယမ်းကျသွား လေသည်။ 


" သမီးမိုက်.. သုံးနှစ်ပြည့်လို့ စိန်ခေါ်ပွဲမှာ နင်ရှုံးသွားရင် နင် ကျွန်ဖြစ်မှာဟ..  နာလန်ကလန်ကို အရှက်မခွဲပါနဲ့ "


နာလန်စုမှာ ဒေါသဖြစ်လှစွာဖြင့် အော်ငေါက်လိုက်သည်။ 


" သူ့ကို ရှုံးလိမ့်မယ်လို့ ဘယ်သူပြောလဲ.. ရှောင်ယွင်က သူ့အစွမ်းကို ပြန်ရလာခဲ့ရင်တောင် သမီးက သူ့ကို ရှုံးလိမ့်မယ်လို့ အဖေထင်လား.. တိမ်မြူဂိုဏ်းမှာ အဆင့်မြင့်တဲ့ ဒိုသိုင်းတွေ အများကြီး ရှိတယ်.. ပြီးတော့ ဦးလေးဆေးဘုရင်ကုဟီကလည်း သမီးကို ဆေးဝါးကို ပေးသေး တယ်.. ဒီလိုအရာတွေ သူ့ရဲ့ ကလန်သေးသေး မှာ ဘယ်လိုလုပ် ရှိနိုင်မလဲ.. ရှင်းရှင်းပြောရရင် အဆင့်မြင့်ဒိုသိုင်းတို့ ဒိုကျင့်စဉ်တွေ ရှာရရင်တောင် သူ့အတွက် ဆယ်စုနှစ်များစွာ အချိန်ကုန်သွားလိမ့်မယ် "


နာလန်စုက အတင်းအကျပ်ဖိအားပေးသောအခါ နာလန် ရိရွမ်မှာ အမြီးတက်နင်းခံထိထားသော ကြောင်မလေးလို ဖြစ်လာသည်။ သူမ အမုန်းတီးဆုံးအရာက သူမ အထင် သေးခဲ့သော အမှိုက်ကောင်ကို သူမနှင့် နှိုင်းယှဉ်ခံရခြင်း ဖြစ်သည်။ 


သူ့သမီးက သူ့အား ကတ်ကတ်လန် ပြန်လှန်ပြောနေ သည်ကို မြင်သည့်အခါ နာလန်စု ဒေါသူပုန်ထသွားလေ သည်။ ဝုန်းခနဲ မတ်တတ်ရပ်လိုက်ပြီး နာလန်ရိရွမ်အား လက်ရွယ်လိုက်မိသည်။ 


" အစ်ကိုနာလန်.. စိတ်ထိန်းပါဦး.. "


နာလန်စု၏ အပြုအမူကို မြင်သည့်အခါ လူတစ်ယောက် က ကမန်းကတန်းဖြင့် ခန်းမထဲ ပြေးဝင်လာကာ နာလန် ရိရွမ်အရှေ့တွင် ဝင်ရောက်တားဆီးလိုက်သည်။ 


" ကုရဲ.. ခွေးမသား.. သူ ရှောင်ကလန်ကို သွားတုန်းက နင်လည်း ပါတယ်မလား.. "


သူ့အရှေ့ ဝင်ရောက်တားဆီးလိုက်သူကို မြင်သည့်အခါ နာလန်စုမှာ ပို၍ ဒေါသထွက်သွားပြီး ပြင်းပြင်းထန်ထန် ပင် အော်ငေါက်လိုက်သည်။ 


ကုရဲမှာ စိတ်မသက်မသာဖြင့် ပြုံးလိုက်ပြီး ခါးသီးစွာ ပြောလေသည်။


" ဒီကိစ္စက ဂိုဏ်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ ကျွန်တော် ဘာမှလုပ်ပေးလို့ မရဘူး.. "


" ယွန်းယွန်းက ပိုပြီး တာဝန်ရှိတာမလား.. သူက တကယ်ပဲ ရိရွမ်ကို ဒီလိုရူးမိုက်တဲ့ ကိစ္စကို လုပ်ခွင့်ပြု လိုက်သလား.. နောက်သုံးနှစ်ပြည့်လို့ ရှောင်ယွင်ကို ရှုံးသွားရင် သူက တခြားလူတစ်ယောက်ရဲ့ အခိုင်းအစေ ဖြစ်မှာမဟုတ်ဘူးလား.. "


ဂိုဏ်းခေါင်းဆောင်နာမည်ကို ကြားလိုက်ရသည့်အခါ နာလန်စုမှာ အနည်းငယ်တည်ငြိမ်သွားသည်။ သို့ပေမဲ့ သူ့အသံမှာ ဒေါကသ ပါနေဆဲပင်။ အရည်အချင်းရှိသည့် သားမက်လောင်းက မျက်စိတမှိတ်အတွင်း ရန်သူဖြစ် သွားနိုင်သည့် ခံစားချက်က သူ့အတွက် ခံစားရသည်မှာ မကောင်းလှပေ။


" ဟဲဟဲ.. အစ်ကိုနာလန်.. စိတ်ပူစရာမလိုပါဘူး.. ဒီကိစ္စ က ဖြစ်ပြီးသွားပြီးပဲ.. အငြင်းအခုန်လုပ်နေလို့ မထူးတော့ ပါဘူး.. တကယ်လို့ ရိရွမ်ကို သွားတောင်းပန်ခိုင်းရင် တောင် ရှောင်ကလန်နဲ့ ဆက်ဆံရေးက ပြန်ပြင်လို့မှာ မရတော့တာ.. ဒီတော့ ဘာလို့ အဲဒီကို သွားပြီး အောက် ကျခံနေရမလဲ.. ပြီးတော့ သုံးနှစ်ပြီး စိန်ခေါ်မှုကိုလည်း အစ်ကို စိတ်ပူစရာမလိုပါဘူး... ဂိုဏ်းခေါင်းဆောင်က ဆေးအတွက် နောက်ဆုံးဆေးအမယ်ကို ရဖို့ ကိုယ်တိုင် တိမ်မြူတောင်ကနေ ထွက်သွားပြီး.. ပြီးရင် အကြီးအကဲ ကုဟီက အဲဒါကို ဖော်စပ်ပြီးရင် ရိရွမ်ရဲ့ လေ့ကျင့်တဲ့ အလျင်နှုန်းကို ရှောင်ယွင် လိုက်မှီတော့မှာ မဟုတ်ဘူး.. နောက်ပြီး ရိရွမ်က စိန်ခေါ်မှုတိုက်ပွဲမှာ သက်ညှာပေး မယ်ဆိုရင် ကောင်လေးရဲ့ ဒေါသက ပြေပျောက်သွားမှာ ပါ.. "


ကုရဲက ပြုံးရွှင်စွာဖြင့် ဖျောင်းဖျလိုက်သည်။ 


" ဒီလိုအစွမ်းရှိတဲ့ ဆေးက ဘာများပါလိမ့်.. "


နာလန်စုက မျက်မှောင်ကုတ်ပြီး မေးလိုက်သည်။ 


" ဟဲဟဲ.. ဒါကိုတော့ ကျွန်တော်ပြောပြလို့မရဘူး... ပြီးခဲ့တဲ့ နှစ်တုန်းက အကြီးအကဲကုနီက တောတောင် နက်နက်ထဲမှာ လေ့ကျင့်ချိန်တုန်းက မတော်တဆ တွေ့ရှိလာခဲ့တဲ့ ဆေးအညွန်းတစ်ခုပဲ.. အရင်တုန်းက လူတွေ ချန်ထားခဲ့တဲ့ အရာပဲ ဖြစ်မှာပါ.. ဆေးအစွမ်းကို တော့ အချိန်ကျရင် တွေ့ရမှာပါ.. "


ကုရဲက နာလန်စုအား လျှို့ဝှက်ချက်အား ပြောပြလိုက် သည်။ 


ကုရဲက နောက်ထပ်ပိုပြီး မပြောပြချင်တာကို မြင်သည့် အခါ နာလန်စုက စိတ်ပျက်စွာဖြင့် လက်ခါပြလိုက်သည်။ ကုရဲအနောက်တွင် ပုန်းကွယ်နေသော မျက်နှာခပ်မာမာ နှင့် နာလန်ရိရွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ခြေထောက် ကို တစ်ချက်ဆောင့်လိုက်သည်။ 


ထို့နောက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ 


" ဒီအကြောင်းကို မေ့လိုက်တော့.. မင်းကို အနှောင့် အယှက်မပေးတော့ဘူး.. တကယ်လို့ မင်းရှုံးနိမ့်သွားပြီး အခိုင်းအစေဖြစ်သွားခဲ့ရင် နင်က နာလန်ကလန်က လူ ဆိုတာကို သူများကို မပြောပြနေနဲ့.. အရှက်ကွဲရမှာကို ငါ မခံနိုင်ဘူး.. "


စကားကို ပြီးဆုံးအောင် ပြောသွားပြီးသည်နှင့် ခန်းမ ကနေ ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်။ 


နာလန်စုက သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့ မှ ကုရဲလည်း စိတ်ပေါ့ပါးစွာ အသက်ပြင်းချနိုင်တော့ သည်။ အနောက်လှည့်ပြီး ကူကယ်ရာကင်းမဲ့ပုံရနေသော နာလန်ရိရွမ်မျက်နှာကို မြင်သည့်အခါ တစ်ခါ အသက် ပြင်းချလိုက်မိပြန်ကာ သူမအား စကားပြောလိုက်သည်။ 


" ရှောင်ကလန်က ကောင်းကလေးက တကယ်ကို ပြန်ထလာနိုင်တယ်လို့ ငါတကယ် မထင်မှတ်ထားမိဘူး "


" အဲဒီတော့.. "


ထိုင်ခုံတွင် ထိုင်နေလိုက်သော နာလန်ရိရွမ်က မထုံတတ်သေးအမူအရာဖြင့် ပြောလိုက်သည်။ 


" ရိရွမ်.. သုံးနှစ်အချိန်ပေးပြီး သတ်မှတ်ထားတဲ့  စိန်ခေါ်ပွဲမှာ သူ့ကို တကယ်အနိုင်ယူနိုင်မယ်လို့ ယုံကြည်မှုရှိသလား.. "


" ဦးလေးကုရဲ... ဘာလို့ ဟိုအမှိုက်.. အဲ.. ဟိုကောင်ကို သမီးက မယှဉ်နိုင်ဘူးလို့ တွေးနေရတာလဲ... "


သူ့စကားကို ကြားလိုက်ရသည့်အခါ နာလန်ရိရွမ်က စိတ်ကုန်သွားသည့်ဟန်ဖြင့် ချက်ချင်းပဲ ဖြတ်ပြောလိုက် သည်။ 


ကုရဲမှာ ခေါင်းကို ခါရမ်းလိုက်ပြီး အောင့်သက်သက်ဖြင့် ရယ်မောလိုက်သည်။ အသက်ပြင်းချလိုက်ပြီးနောက် 


" အဲဒီကောင်လေးနဲ့ ပတ်သတ်ပြီး ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ငါ ခံစားနေရရတယ်.. "


နာလန်ရိရွမ်က နှုတ်ခမ်းကို စုလိုက်ပြီး ရေနွေးပန်းကန် လုံးကို ပင့်မြှောက်လိုက်သည်။ အထဲမှ အစိမ်းရောင် လက်ဖက်ခြောက်ကို ငေးကြည့်ရင်း သူမရင်ထဲတွင် အေးစက်စွာ ပြန်ပြောနေမိသည်။ 


" နင်က ငါ့ခေါင်းပေါ် တက်နင်းနိုင်မယ်လို့ ငါမယုံကြည် ဘူး.. တစ်နှစ်နဲ့ ခြောက်လအချိန်ကျန်သေးတယ်.. ဒိုကျဲအဆင့် ကြယ် ၆ လုံးအဆင့်ကနေ ဘယ်အထိ ရောက်နိုင်သေးမလဲဆိုတာကို စောင့်ကြည့်ရတောပေါ့ "


ငါ.. နာလန်ရိရွမ်က တိမ်မြူဂိုဏ်းမှာ နင့်ကို စောင့်နေ မယ်.. မင်းမှာ စွမ်းအားရှိရင် ကတိအတိုင်း စိန်ခေါ်ပွဲကို လာခဲ့လိုက်ပါလေ... 


=============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...