ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း (၁၂၉)
===================================
ယိမ်းထိုးနေသော ခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းရင်း ရှောင်ယွင် မှာ အသည်းတအေးအေးဖြင့် ဆယ်မီတာအကျယ်ရှိသည့် ချောက်ကြီး ကို ဖြတ်ပျံသည်။ တစ်ဖက်ကမ်းသို့ ရောက်သည့်အခါတွင် မြေပြင် ဆီသို့ မဆင်းသက်လိုက်နိုင်ခင်မှာပဲ သူ့မှာ ဒိုချီစွမ်းအင်များ ကုန်ခမ်း သွားကာ နောက်ကျောပြင်က စွန်ရဲတောင်ပံသည်လည်း အလျင်အမြန် ပြန်ဝင်သွားသည်။
လေထဲမှာ ရှိနေဆဲသော ရှောင်ယွင်သည် အသည်းအေးသွားကာ ကြောက်လန့်တကြား အော်ဟစ်ရင် အောက်သို့ တည့်တည့် ကျ လာသည်။ ကံကောင်းထောက်မစွာဖြင့် နူးညံ့သော မြက်ခင်းပြင် ဖြစ်၍ တော်သေးသည်။
ရှောင်ယွင်မှာ ခန္ဓာကိုယ်ကလည်း စွမ်းအင်များက ဂိတ်ဆုံး ရောက် နေသည့်အပြင် ပြုတ်ကျလာသည့် ဒဏ်ကြောင့် အမြင်အာရုံက မှောင်မိုက်သွားပြီ သတိလစ် မေ့မြောသွားလေသည်။
ရှောင်ယွင် သတိလစ်သွားသည့်အခါတွင် ရွဲ့လော်က လက်စွပ်ကနေ ထွက်ပေါ်လာသည်။ တော်တော်လေး စုတ်ပြတ် အခြေအနေဆိုးနေ သည့် ရှောင်ယွင်ကို ကြည့်ပြီ ရွဲ့လော် စိတ်မသက်မသာဖြင့် ခေါင်းခါ ယမ်းလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ရှောင်ယွင်ကို တွဲ ထူကာ မှော်သားရဲကောင်တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာ သို့ တဖြည်းဖြည်း လျှောက်သွားလေသည်။
“ ဒီအဆင့် သိုင်းပညာရပ်တစ်ရပ်ကို အတင်းအဓမ္မ အသုံးပြုရတယ် လို့ကွာ.. တကယ့်ကို အဆင်အခြင်မဲ့တဲ့ ကောင်ပဲ.. ”
ရှောင်ယွင်မှာ ထိုကဲ့သို့ အမှောင်ထုထဲ အိပ်ပျော်နေသည့်အခိုက် တွင် သူသည် သူ့ခန္ဓာကိုယ်က အေးစက်သည့် အရည်တစ်ခုခုတွင် ပျော်ဝင်နေသလို မှုန်ဝါးဝါး ခံစားရသည်။ ညင်သာပြီး နူးညံ့သည့် ရေနွေးငွေ့များ သူ့ကိုယ်ထဲကို ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေ သည်။ ထိုစွမ်းအင်များက တဖြည်းဖြည်းဖြင့် သူ တရားလွန် အသုံး ပြုလိုက်သော ဒိုချီစွမ်းအင်များကြောင့် ဒဏ်ဖြစ်သွားသော ချီလမ်း ကြောင်းများကို ကုသပေးနေသည်။
ချီလမ်းကြောင်းများက အသစ်တဖန် မူလအခြေအနေသို့ ပြန်လည် ကောင်းမွန်လာသည့်အခါတွင် ညင်သာသော စွမ်းအင်များက ထိုချီ လမ်းကြောင်းအတိုင်း စီးဆင်းလာသည်။ ကွေ့ကာ လိမ့်ကာဖြင့် စီး ဆင်းလာရင်း နောက်ဆုံးတွင် သူ့ဝမ်းဗိုက်အောက်ခြေက ဒိုချီ ဝဲဂ ယက်ထဲသို့ ရောက်ရှိလာသည်။
စွမ်းအင်အသစ်များ ရောက်ရှိလာသည့်အခါတွင် မူလ နှေးကွေးစွာ လှည့်ပတ်နေသော ချီဝဲဂယက်မှာ ရုတ်ချည်း လျင်မြင်စွာ လှည့်ပတ် သွားပြီ အရှိန်ကုန် အားဖြည့်လေတော့သည်။
ချီဝဲဂယက်က အရှိန်မြန်လှည့်ပတ်လာသည့်အခါ ချီလမ်းကြောင်း တွင် စီးဆင်းနေသည့် စွမ်းအင်များကလည်း လျင်မြန်စွာဖြင့် ချီ ဝဲ ဂယက်ထဲကို ဆက်လက် စီးဝင်လာသည်။
ချီဝဲဂယက်က ချီလမ်းကြောင်းက စွမ်းအင်များကို အစွမ်းကုန် စုပ် သွင်းနေကာ ၎င်း၏ အငမ်းမရ စုပ်ယူနေမှုကိုလည်း ရပ်တန့်မည့်ပုံ မပေါ်ချေ။ ထိုကဲ့သို့ အကြိမ်းအနည်းငယ်လောက် လျင်မြန်စွာ လှည့် ပတ်နေသည့်အခါတွင် အားကောင်းသည့် ဆွဲဆောင်အားတစ်ခုက ဝဲဂယက်အတွင်း ထွက်ပေါ်လာသည်။ ချက်ချင်းပင် ရှောင်ယွင် ခန္ဓာ ကိုယ်ပတ်လည်တွင် ရှိသော ထူးခြားသည့် အရည်ဆီမှ ညင်သာ သည့် စွမ်းအင်တို့မှာ ခန္ဓာကိုယ်အတွင်း စုပ်ယူခြင်း ခံလိုက်ရကာ ချီလမ်းကြောင်းအတွင်း သန့်စင်ခြင်း ခံလိုက်ရသည်။ ၎င်းစွမ်းအင် တို့သည် ရှောင်ယွင်၏ ချီဝဲဂယက်ကို စီးဝင်လာကြကာ ကျယ်ပြန့် လာစေသည်။
ထိုကဲ့သို့ စုပ်ယူခြင်း ဖြစ်စဉ်က မေ့လျော့နေသည့် ရှောင်ယွင်မှာ အဆက်မပြတ် ဖြစ်နေသည်မှာ အချိန်အကြာကြီး ရှိလာခဲ့သည်။ အချိန်မည်မျှ ကြာမြင့်သည်ကို ရေးတေးတေးသာ ခန့်မှန်းနိုင်သည်။ အပြင်ဘက်က စွမ်းအင်တို့ တဖြည်းဖြည်း အားနည်းလာသည်။ နောက်ဆုံးတွင် လုံးဝ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် သူ သည် မေ့မြောနေရာမှ သတိပြန်လည်လာရာ မျက်ခွံကို ဝိုးတိုးဝါး တားဖြင့် ဖွင့်လိုက်သည်။
ပထမဆုံး မြင်လိုက်ရသည်က ကျယ်ဝန်းသော ဂူတစ်ခု ဖြစ်သည်။ ဂူနံရံလေးဖက်လေးတန်တွင် လကျောက်တုံးတို့ကို အလင်းရောင် အတွက် ချိတ်ဆွဲထားသည်။ ထုံကျင်နေသော ခန္ဓာကိုယ်ကို အနည်း ငယ် လှုပ်လိုက်သည့်အခါတွင် တဝေါဝေါ စီးဆင်းနေသော ရေစီးသံ ကို ကြားလိုက်ရသည်။ ခေါင်းကို အနည်းယ်စောင်း၍ ကြည့်လိုက် သည့်အခါတွင် သူသည် ကျောက်ထွင်းထားသော တွင်းတစ်ခုတွင် ရှိနေသည်ကို သိရှိလိုက်သည်။ တွင်းထဲမှာ ရေကြည်ကြည်များဖြင့် ဖြည့်ထားသည်ကိုလည်း သိလိုက်သည်။ သို့သော် ၎င်းရေသည် အစိမ်းရောင်အနည်းငယ် သန်းနေသည်။ ၎င်းရေသည် ပုံမှန်ရေ မဟုတ်သလိုပင်။
ရေထဲတွင် လက်ဖဝါးဖြင့် အနည်းငယ် လှုပ်ခါလိုက်သည်အခါ ၎င်း အစိမ်းဖျော့ဖျော့ အရည်တွင် သန့်စင်ပြီး သန့်ရှင်းသည့် စွမ်းအင်များ ရှိနေသည်ကို ရှောင်ယွင် သဘောပေါက်လိုက်သည်။
ရေကို လက်ခုပ်ဖြင့် ခပ်ယူလိုက်ပြီး နှာခေါင်းဝတွင် တေ့ပြီး ရှုသွင်း လိုက်သည့်အခါ သူ တချက် အံ့သြသွားသည်။ ပြီးလျှင် အသံတိုးတိုး ဖြင့် ပြောလိုက်သည်။
“ ဒါက ဆေးရည် များလား.. ”
“ သိပ်ဟုတ်တာပေါ.. စိတ်ဝိညာဉ်ပြန်လည်အားဖြည့်တဲ့ ဆေးရည် အတွက် ဒီကန်သေးသေးကို လုပ်လိုက်ရတာ.. ငါ့အတွက် သုံးလေး ရက်လောက် အချိန်ကုန်သွားတယ်လေဟေ့.. ”
အသက်ကြီးကြီးအသံက ဂူအပြင်ဘက်ကနေ ထွက်ပေါ်လာပြီ ရွဲ့ လော်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်လို ဝဲခနဲ ရောက်ရှိလာသည်။
ကျောက်တွင်းအနားကို ရောက်လာပြီးလျှင် ရွဲ့လော်က ရှောင်ယွင် အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွင် စိတ် ကျေနပ်သည့် အမူအရာက ဖြစ်ပေါ်လာသည်။
“ ငါတွေးထားတာက မင်း နေပြန်ကောင်းဖို့က လဝက်လောက် အချိန်ယူရမယ်လို့.. အခုတော့ ငါးရက်လေးပဲ ရှိသေးတယ်.. မင်းက နေပြန်ကောင်းလာရုံမကဘူး.. ဒိုကျဲဆင့် ကြယ် ၇ လုံး အဆင့် အပေါက်ဝအထိတောင် ရောက်သလောက် ရှိနေပြီးပဲ.. အခု အခြေ အနေအတိုင်းဆိုရင် နောက်ထပ် ရက်နည်းနည်းလောက် လေ့ကျင့် လိုက်ရင် ဒိုကျဲအဆင့် ကြယ် ၇ လုံး အဆင့်ကို ရောက်ပြီ.. ”
“ ဟမ်.. ကျွန်တော် မေ့သွားတာ ငါးရက်တောင်မှ.. ”
ရွဲ့လော်စကားကြောင့် ရှောင်ယွင်မှာ မျက်လုံးပြူးကျယ်သွားကာ တအံတသြ ဖြင့် အာမေဋိတ်စကား ဆိုမိသည်။
“ ဟုတ်တယ်.. ” ရွဲ့လော် ခေါင်းညိတ်လိုက်သည်။
“ ခွေးကောင်လေး.. မင်းက ကျိယွင်တောင်ပံကို အသုံးပြုပြီ ထွက် ပြေးလို့ရရဲ့သားနဲ့.. အဲဒါကိုတောင်မှ ဒီအဆင့် ဒိုသိုင်းကို ကြွားလုံး ထုတ် သုံးပြချင်တာနဲပဲ အတင်းထုတ်သုံးလိုက်တယ်.. တကယ်လို့ ငါက ကျိယွင်တောင်ပံကို မနှိုးလိုက်ဘူးဆိုရင် မင်းမှာ ထွက်ပြေးဖို့ ခွန်အားတောင် ကျန်မှာ မဟုတ်ဘူး.. ”
ရှောင်ယွင်က အောင့်သီးအောင့်သက်ဖြင့် မသာမယာ ပြုံးလိုက်ပြီ ရယ်မောရင်း ပြောလိုက်သည်။
“ ဟုတ်ပါတယ်.. ဝန်ခံပါတယ်.. ဒီအဆင့် ရှိတဲ့ ဒိုသိုင်းတစ်ခုက ဒိုရှိ တစ်ယောက်ကို သတ်နိုင်သလားဆိုတာကို သိချင်လို့ ကျွန်တော် အရဲစွန့်အသုံးကြည့်လိုက်တာပါပဲ.. ”
“ ဟွန့်.. ဒါနဲ့များ အဲဒါကိုတောင် မင်းက ဒီအဆင့်ဒိုသိုင်း ထုတ်သုံး တယ်လို့ ပြောရဲတယ်ပေါ့.. မင်းကွာ.. ငါ့သိုင်းကို အရှက်ရအောင် ထပ်မလုပ်ပါနဲ့တော့.. ”
ရွဲ့လော်၏ နှုတ်ခမ်းက တွန့်သွားပြီ ရှောင်ယွင်ကို စိတ်အလိုမကျ သည့် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
ထိုအခါ ရှောင်ယွင်က ရှက်ကိုးရှက်ကန်းဖြင့် နောက်ထပ် အတွန့် မတက်ရဲတော့သည်။ သူက ဂူအထဲကို လှည့်ကြည့်လိုက်ပြီ ရွဲ့လော် ကို မေးလိုက်သည်။
“ အခုက ကျွန်တော်တို့ မှော်သားရဲကောင်တောင်တန်းကြီးရဲ့ အတွင်းဧရိယာအထဲကို ရောက်နေတယ်မလား.. ”
“ အင်း.. ဒီနေရာက ငါ သေသေချာချာ ရွေးချယ်ထားတဲ့ နေရာပဲ.. ဒီနားတဝိုက်မှာ ရှိတဲ့ အဆင့်မြင့် မှော်သားရဲကောင်တွေကိုလည်း ငါ ရှင်းထားပြီးပြီ.. ဒီနေရာကနေ မီးတာ ၁၀၀ အတွင်း လမ်းလျှောက် လို့ ရတယ်.. ဒါပေမဲ့.. တချို့မှော်သားရဲတွေက မျက်စိလှည်ပြီ ဝင် လာနိုင်တာမို့ မင်း သတိတော့ထားဦးပေါ့.. ဒီနေရာမျိုးမှာ ရှိတဲ့ မှော် သားရဲတွေက လက်လေး တစ်ချက်ယမ်းလိုက်တာနဲ့ မင်းကို သတ် လို့ရတယ်.. ”
ရွဲ့လော်က ခေါင်းလေး တညိတ်ညိတ်ဖြင့် ပြောရင်း ရှောင်ယွင်ကို သတိပေးထားလိုက်သည်။
ရှောင်ယွင်က သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့ နောက် ကျောက်တွင်းကနေ မတ်တတ်ရပ်ပြီ ဘေးတစ်ဖက်မှာ ပုံ ထားသည့် အဝတ်အစားကို ယူပြီ ကမန်းကတန်း ဝတ်လိုက်သည်။
ရှောင်ယွင်က တွင်းအထက်ကို ခုန်တက်လိုက်သည်။ သူ့တစ်ကိုယ် လုံးမှာ ဒိုချီစွမ်းအင်တွေနဲ့ အားအင်တွေ ပြည့်ဝနေသည်။ လေထဲကို စိတ်လှုပ်ရှားစွာနဲ့ လက်သီးထိုးလိုက်သေးသည်။ ထို့နောက် ခေါင်း အနောက်လှည့်ပြီ ရွဲ့လော်ကို စပ်စုကြည့်လိုက်သည်။
“ ဒီနေရာမှာ ကျွန်တော်တို့ ဘယ်လောက်ကြာကြာ နေရမှာလဲ.. ”
“ မင်း ဒိုရှိအဆင့် ရောက်တဲ့အထိပေါ့.. ”
ရွဲ့လော်က ပြန်ဖြေလိုက်ပြီ ရှောင်ယွင်ရဲ့ သိုလှောင်လက်စွပ်အထဲ ကို ပြန်ဝင်လိုက်သည်။
“ ဒီအချိန်ကာလအတွင်းမှာ လက်စားချေဖို့ ကိစ္စကို ဘေးဖယ်ထား လိုက်ဦး.. မင်း ဒိုရှိအဆင့်ရောက်မှပဲ လုပ်ကြတာပေါ့.. နောက်တစ် ခုက မှော်ဆေးပညာရပ်မှာလည်း မင်းနောက်ကျလို့ မရဘူး.. မှော် သားရဲကောင်တောင်တန်းရဲ့ အတွင်းပိုင်းနေရာတွေမှာ ဆေးဖက်ဝင် အပင်တွေ ပေါမှပေါပဲ.. မင်း လေ့ကျင့်ချင်တဲ့ အပင်တွေ လိုက်ရှာ ကြည့်ပေါ့.. အဲ့မှာ မင်း ဆေးလုံး ဖော်စပ်တော့မယ်ဆိုရင် ငါ့ကို အကူအညီလာတောင်းပေါ့.. ”
ရွဲ့လော်က အနောက်လှည့်လိုက်ပြီ ရှောင်ယွင်က ကြီးမား လေးလံ သော ပေတံဓားကြီးကို နောက်ကျောတွင် လွယ်ပိုးလိုက်သည်ကို ကြည့်လိုက်ရင်း အထက်ပါစကားကို ပြောလိုက်သည်။
ရှောင်ယွင်က ပြုံးဖြီးလျက် ခေါင်းညိတ်လိုက်ပြီ ပေတံဓားကြီးအား ထမ်းကာ ဂူအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
ယခုလို လုံခြုံစိတ်ချရသည့် နေရာသို့ ရောက်နေရသည့်အပြင် ယခင်လို လိုက်ဖမ်းထွက်ပြေးနေရခြင်းလည်း မရှိတော့၍ သူ့ အတွက် အတော်လေး စိတ်အနှောင့်အယှက် ကင်းနေသည်။ သူက ငြိမ်သက်စွာဖြင့် လေ့ကျင့်သည်။ ဝိုင်အရက်တို့သည် နှစ်ချို့လာ သည့်အခါ အနှံ့အရသာ ပြင်းရှကောင်းမွန်လာသလို သူ့ကိုယ်ထဲက ဒိုချီစွမ်းအင်တို့သည်လည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာ သည်။ သူ သတိပြန်လည်လာပြီ နောက်သုံးရက်အကြာတွင် ဒိုကျဲ အဆင့် ကြယ် ၇ လုံးသို့ အဆင့်တက်သွားခဲ့သည်။ ယခုတစ်ခေါက် တွင် အဆင့်တက်ရာမှာ လုံးဝ အထစ်အငေါ့မရှိဘဲ မြစ်ရေပြင်မှာ ရေ များ စီးဆင်းသွားသည်နှယ် ချောမွေ့လှသည်။ ရှောင်ယွင်လည်း အဆင့်တက်သွားခြင်းကြောင့် ပျော်ရွှင်ခဲ့သည်။
ဒိုကျဲအဆင့် ကြယ် ၇ လုံးသို့ အဆင့်တက်သွားသည့်အခါ ရှောင် ယွင်၏ လေ့ကျင့်နှုန်းသည်လည်း နှေးကျသွားသည်။ အဆင့်တိုင်း၏ နောက်ဆုံး ကျန်သည့် ကြယ် ၃ လုံး တို့မှာ အဆင့်တက်သွားဖို့က ခဲယဉ်းသွားပြီး ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသည့် ကြယ် ၂ လုံး အတွက် ရှောင်ယွင် မလောတော့ဘဲ အချိန်တန်မည့် အခါကိုသာ စောင့်နေလိုက်သည်။ တကယ်၍ သူက လောဘနှင့် ကြိုးစားလိုက် မည်က ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သည်။
ဒိုချီကျင့်စဉ်၌ လေ့ကျင့်သည့် အချိန်ကို အတော်လေး လျှော့ချလိုက် သော်လည်း ဒိုသိုင်းပညာရပ်အတွက် လေ့ကျင့်သည့်အချိန်က ပို၍ တင်းကြပါလာသည်။ ရှောင်ယွင်တို့ နေသည့် ဂူကနေ အထက်ဘက် သို့ မီတာ ၁၀၀ အကွာမှာ ရေတံခွန်တစ်ခု ရှိနေသည်ကို ရွဲ့လော် ရှာတွေ့ထားပြီး ဖြစ်သည်။ ရှောင်ယွင်က ဒိုကျဲအဆင့် ကြယ် ၇ လုံး အဆင့်ကို ရောက်နေပြီးအပြင် ထိုရေတံခွန်တွင် ဆယ်ရက်လောက် လေ့ကျင့်ပြီးသွားသည့်အခါမှာ ဒီးအဆင့် ဒိုသိုင်းကိုအသုံးပြုဖို့ ရွဲ့ လော် သတ်မှတ်ထားသည့် အနိမ့်ဆုံးလိုအပ်ချက်ကို အောင်မြင် သွားခဲ့သည်။
ရေတံခွန်အောက်တွင် ရှောင်ယွင်သည် ကမ်းဘက်သို့ ကူးခတ်လာ သည်။ ထို့နောက် အပေါ်တက်ပြီး ခန္ဓာကိုယ်က ရေစက်တွေကို သုတ်လိုက်သည်။ အလုပ်တာဝန်ပြီးသွား၍ အသက်ပြင်းရှည် ချ လိုက်မိသည်။ တင်းတောင့်လေးလံနေသည့် သူ့ ပခုံးကြွက်သားတို့ လည်း ပြေလျော့စပြုလာသည်။ ယခုအချိန်မှာ ဒီးအဆင့် ဒိုသိုင်း ပညာကို အသုံးပြုလိုက်လျှင် အရင်တစ်ခေါက်လို အစွမ်းထွက် အား နည်းပြီ ရှက်စရာကောင်းသည့် အခြေအနေမျိုး ဖြစ်မှာ မဟုတ်ဟု ရှောင်ယွင် သူ့ကိုယ်သူ ယုံကြည်ချက် ရှိလာသည်။
ရေတံခွန်ဘေးနာက ကျောက်တုံးတစ်တုံးအပေါ်မှာ တက်ထိုင်လိုက် ပြီ အေးအေးဆေးဆေး နေပူစာ လှုံနေလိုက်သည်။ ပြီးနောက် ဝူ တန်မြို့မှ ဝယ်လာခဲ့သည့် မီးဆေးအိုးကိုလည်း ထုတ်လိုက်သည်။ ပြီးလျှင်လည်း ဆေးအမယ်ပစ္စည်းအစုံအလင် ထုတ်လိုက်ပြီ သူ ထိုင် နေသည့် ကျောက်တုံး၏ မျက်နှာပြင်တခွင်မှာ အစီအရီ နေရာချ လိုက်သည်။
ပြီးလျှင် အရှေ့မှာ နေရာချထားသည့် ဆေးမီးအိုးကို ကြည့်ပြီ သူ့ လက်ဖဝါး နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် ဆေးမီးအိုး ၏ မီးပြောင်းကို ဘယ်လက်ဖြင့် အုပ်ကိုင်လိုက်ပြီးလျှင် သူ့ စိတ်ဆန္ဒ တိမ်းညွတ်မှုဖြင့် ကိုယ်တွင်းက ချီဝဲဂယက်ကနေ ဒိုချီစွမ်းအင်အမျှင် တန်းများကို လက်ဝါးပြင်သို့ ပို့ဆောင်လိုက်ပြီ ဖူး ဟူသော မြည်သံ တစ်ချက်ဖြင့် မီးပြောင်းအထဲသို့ ကူးလူးဝင်သွားသည်။ ၎င်းဒိုချီစွမ်း အင်တို့သည် ဆေးမီးအိုး၏ ထူးခြားသည့် မီးပြောင်းတလျှောက် ဝင် သွားပြီး အဆုံးသတ်တွင် အဝါရင့်ရင့် မီးတောက်အဖြစ်သို့ ပြောင်း လဲသွားသည်။
အရင်ကထက် ပိုပြီး ပုံသဏ္ဍာန်ပီပြင်လာသော မီးတောက်ကို စိုက် ကြည့်ရင်း ရှောင်ယွင် ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။ မီးတောက် အပူဖြင့် ဆေးမီးအိုးအား နွေးသွားစေလောက်သည့်အချိန်ထိ စောင့် လိုက်ပြီး သူ့ညာလက်ကလည်း ဆေးအမယ်များကို စတင်ရွေးချယ် ဖို့ ဟန်ပြင်လိုက်သည်။
ဒီတစ်ခေါက်တွင် ရှောင်ယွင်မှာ သူ့ဆရာရွဲ့လော်၏ ဆေးအညွန်းကို အသုံးမပြုဖို့ စိတ်ကူးထားသည်။ မှော်ဆေးပညာရှင်တွေတိုင်းက သူတို့ဘာသာ သုတေသနလုပ်ပြီ ကိုယ်ပိုင်ဆေးအညွန်းကို စူးစမ်း ဖော်ထုတ်ကြသည်မှာ ထုံးစံပင်။ ကိုယ်ပိုင်ဆေးအညွန်းတစ်ခုပင် မပိုင်ဆိုင်နိုင်သည့် မှော်ဆေးပညာရှင်တစ်ယောက်က တခြားသော မှော်ဆေးပညာရှင်များနှင့် တွေ့ဆုံကြသည့်အခါတွင် မလုံမလဲ အောင့်သီးအောင့်သက် ဖြစ်မည်မှာ အမှန်ပင်။ ထို့ကြောင့်မို့ မှော် ဆေးပညာရှင်တွေဟာ နှလုံးသားနှင့် အရင်းပြုပြီ မရေတွက်နိုင်တဲ့ ဆေးအမယ်တွေကနေ ကိုယ်ပိုင်သီးသန့်ဆေးအညွန်းတွေ ထွက် လာအောင် ဖန်တီးကြရသည်။ ထိုဆေးအညွန်းတွေက အဆင့်မြင့် လေ ကောင်းလေပင်။
ရှောင်ယွင်မှာ သူ့အရှေ့က အမျိုးအစား တစ်ရာကျော်လောက် ရှိ နေသည့် ဆေးပင်တွေပေါ် လက်ဝါးပြင်ဖြင့် ဝဲယမ်းနေရင်းမှာ သွက် လက်သည့် အလျင်ဖြင့် ထူးဆန်းသည့် ရနှံ့သင်းပျံနေသည့် အနီ ရောင်သစ်သီးတစ်လုံးကို ယူလိုက်သည်။
မြွေရာဂသစ်သီး .. ပုံမှန်အားဖြင့် အလင်းရောင်မရှိသည့်နေရာတွင် ပေါက်သည်။ ၎င်းသစ်သီးကို အဆင့်မြင့်မှော်မြွေရိုင်းများက မိတ် လိုက်သည့်နေရာတွင် အသုံးချကြသည်။ ပိုပြီး အချစ်စိတ်ပြင်းပြစေ နိုင်သော သတ္တိထူး ရှိပေသည်။ တနည်းပြောရရင် ၎င်းသစ်သီးသည် ကာမအားတိုးဆေးအစွမ်းကဲ့သို့ ရှိပေသည်။
ထိုမြွေရာဂသစ်သီးအား ကောက်ယူလိုက်ပြီးနောက် တဆက်တည်း မှာပဲ နောက်ထပ် ဆေးအပင် ခုနှစ်မျိုး ရှစ်မျိုးလောက်ကို ထပ်မံ ကောက်ယူလိုက်သည်။ ထိုဆေးအမယ်များမှာ ရှိသမျှဆေးအမယ် အားလုံးထဲမှ လိင်စိတ်နိုးကြွစေသည့် အစွမ်းပါသော ဆေးအမယ် များ ဖြစ်ကြသည်။
ရှောင်ယွင်က မှော်ဆေးပညာရပ်ကို စတင်လေ့ကျင့်သည်နှင့် ရွဲ့ လော်က လက်စွပ်ကနေ တိတ်တခိုးလေး ထွက်လာခဲ့သည်။ ထို့အပြင် ရှောင်ယွင် ရွေးချယ်ထားသော ဆေးအမယ်များကို မြင်လိုက်ရသည့်အခါတွင် ရွဲ့လော် မျက်ခုံးက မြင့်တက်သွားလေ သည်။ သို့သော် တိတ်တိတ်လေးပဲ နေပြီ ရှောင်ယွင် အနောက်မှာ ရပ်နေလိုက်သည်။
လိုအပ်တဲ့ ဆေးအမယ်တွေ အားလုံး ရွေးချယ်လိုက်ပြီးနောက် ရှောင်ယွင် ပထမဆုံး အနီရောင်သစ်သီးကို ဆေးမီးအိုးထဲ အရင် ထည့်လိုက်သည်။ မီးတောက်ကို ထိန်းညှိပေးလိုက်ခြင်းဖြင့် သစ်သီး က ရေတွေကို ခပ်မြန်မြန်ပဲ ကင်ထုတ်ပစ်လိုက်သည်။ ချက်ချင်ပင် အနီရောင်သစ်သီးမှာ အနီရောင်ပေါင်ဒါအမှုန့် ဖြစ်သွားသည်။
ဆေးမီးအိုးအတွင်းထဲကို အာရုံအပြည့်စိုက်ထားရင်းမှ အရွက်ခုနှစ် ရွက်ပါသည့် ပန်းရောင် ပန်းပွင့် အရိုးတံခိုင်ကို ဆေးမီးအိုးထဲကို ထည့်လိုက်ပြန်သည်။ ၎င်းပန်းပွင့်သည် လိုအင်ပန်းပွင့်ဟု ခေါ်သည်။ ၎င်းအမွှေးရနှံ့က အနားကပ်လာသည့် မှော်သားရဲတွေကို လူးလိမ့် စေပြီး အဆက်မပြတ် အော်မြည် အူစေသည်။
ထို လိုအင်ပန်းပွင့်ကိုလည်း ပေါင်ဒါမှုန့်ဘဝ ပြောင်းလဲပေးလိုက်ပြန် သည်။ နောက်ထပ် ဆေးအမယ်တွေကိုလည်း ဆက်တိုက်ပဲ ဆက် လက်လုပ်ဆောင်သွားလိုက်သည်။ နောက်ဆုံးတွင် ရှစ်မျိုးသော အရောင်ကွဲပြားသည့် ဆေးအမှုန့်တို့ကို ရရှိလာခဲ့သည်။ နောက်ဆုံး တွင် လိုအင်ပန်းပွင့်မှ ရရှိလာသည့် ဆေးအမှုန့်ကို သန့်စင်လိုက် သည့်အခါ အရည်အလုံးလေး ရလာခဲ့သည်။ ထိုအရည်အလုံးငယ် ထဲကို ကျန်သည့် ဆေးပေါင်ဒါအမှုန့်များဖြင့် ရောနှောပေးလိုက်လေ ရာ ပန်းရောင်အရည်တစ်မျိုး ရရှိလာခဲ့သည်။
ပြီးလျှင် အပူချိန်မြင့်မြင့်သုံးပြီ ပန်းရောင်အရည်ထဲက ရေလက်ကျန် တို့ကို အငွေ့ပေးပြန်စေလိုက်သည့်အခါ နောက်ဆုံးမှာ ဆေးမီးအိုးထဲ တွင် အဖြူမှိုင်းမှိုင်း ပေါင်ဒါမှုန့် ရရှိလာခဲ့သည်။
ထို အဖြူမှိုင်းမှိုင်း ဆေးအမှုန့်ကို စိုက်ကြည့်ရင်း ရှောင်ယွင် အဖြီး သား ပြုံးရယ်လိုက်သည်။ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ဆေးမီးအိုးအဖုံးကို ဖွင့်လိုက်သည်။ လက်ဝါးပြင်က စုပ်ယူအားကို အသုံးပြု၍ ဆေးမီးအိုးအထဲက ဆေးအမှုန့်အားလုံးကို စုပ်ဆွဲလိုက် ပြီ လက်ထဲက ကျောက်စိမ်းပုလင်းအထဲကို ထည့်လိုက်သည်။
ရှောင်ယွင်မှာ သူ့၏ ပထမဦးဆုံး ဆေးကို ဂုဏ်ယူစွာဖြင့် လက်တစ် ချောင်းဖြင့် တို့ယူလိုက်ပြီ လျှာပေါ်၌ တင်လိုက်ကာ အရသာခံလိုက် သည်။
“ ဝိုးး.. ဟဟ.. အောင်မြင်တယ်ဟ.. ”
ဆေးမှုန့်က ကိုယ်ထဲ ဝင်သွားသည့်အခါ သူ့ တစ်ကိုယ်လုံး ယားကျိ ကျိ ဖြစ်သွားပြီ ပူသလိုလို ဖြစ်သွားသည်။ သူ့ရဲ့ ဒိုချီစွမ်းအင်ကို သုံး ပြီ ယားကျိကျိဖြစ်ပြီ ပူနေသလိုလို ဖြစ်နေတာကို ဖိနှိမ်လိုက်သည်။ ပြုံးဖြီးနေသည့် သူ့မျက်နှာမှာ ရှားပါးလှသည့် ဂုဏ်ယူဝင့်ကြွားနေ ခြင်းနှင့် ပြည့်နှက်သွားသည်။
“ အဟမ်းး ”
အနောက်ဘက်က ထွက်ပေါ်လာသည့် ချောင်းဟန့်သံကြောင့် ရှောင်ယွင်မျက်နှာက မုန်လာဥနီလို နီရဲတွက်သွားပြီ ဆေးပုလင်း ကိုလည်း ကမန်းကတန်း ဖွက်ဖို့ ကြိုးစားလိုက်သည်။
“ ဖွက်တာ ရပ်လိုက်တော့.. ဒါက လိင်စိတ်နိုးကြွဆေးပဲ.. ဟဟ.. ဒီလိုပါပဲ ယောင်္ကျားလေး မှော်ဆေးပညာရှင်အများစုတွေရဲ့ ပထမ ဆုံး ဆေးအညွန်းက ဒီလိုဟာတွေပဲလေ.. ငါ့ကောင်ရ.. ”
မမျှော်လင့်ထားဘဲ သူ့ဆရာက အပြစ်တင်မည့်အစား အရွှန်းဖောက် ၍ပင် ပြောနေတော့သည်။
“ အင်.. ”
ရှောင်ယွင် အနည်းငယ် အံ့သြသွားပြီ စိတ်အေးသွားကာ အသက် ပြင်းချလိုက်သည်။ ထို့အပြင် ခေါင်းလှည့်ပြီ ဆရာရွဲ့လော်ကို ကြည့် လိုက်ပြီ စပ်ဖြီးဖြီးဖြင့် ရယ်လိုက်ရင်း
“ ဆရာ.. ဆရာလည်း ပထမဆုံးအချိန်မှာ ဒီလိုမျိုးဟာတွေ လုပ်ခဲ့ တယ်မလား.. ”
ထိုစကားကြောင့် ရွဲ့လော်၏ အိုမင်းနေသည့် မျက်နှာက ရှက်သွေး ဖြန်းသွားသည်။ မျက်နှာကလည်း အနည်းငယ် ပျက်သွားပြီးနောက် သူ့အင်္ကျီလက်ရှည်ကို ယမ်းလိုက်ပြီးမှ ပြောလိုက်သည်။
“ ငါက မင်းလိုမျိုး ပေါက်ကရဟာတွေ လုပ်တတ်လို့ မင်း ထင်နေလို့ လား ”
ရွဲ့လော်၏ ပျာယာခတ်သွားသည့် ပုံစံကို ငေးကြည့်နေရင်း ရှောင် ယွင် စိတ်ထဲမှာ ချက်ခနဲ သဘောပေါက်လိုက်သည်။ သူ့နှုတ်ခမ်း ထောင့်က အပေါ်သို့ တွန့်ကွေးသွားပြီ သူ မတ်တတ်ရပ်လိုက် သည်။ ပစ္စည်းအားလုံးကို နေရာပြန်ချဖို့ ဟန်ပြင်လိုက်သည့်အချိန် တွင် အားကောင်းလှသော စွမ်းအင်လှိုင်းတစ်ခုနှင့် မိုးခြိမ်းသံတမျှ ကျယ်လောင်လှသော ခြင်္သေ့ဟိန်းသံတစ်ခုက အာကာတခွင်မှာ ရုတ်တရက် ပေါက်ကွဲကာ ပျံ့နှံ့လာသည်။
ထိုကဲ့သို့ ကျယ်လောင်ပြင်းထန်သော ခြင်္သေ့ဟိန်းဟောက်သံကို ကြားလျှင်မူ ရွဲ့လော်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲ သွားသည်။ သူ့မျက်ဝန်းကား ကောင်းကင်ပေါ်က အဝေးတစ်နေရာ သို့ ငေးမော့ကြည့်လိုက်သည်။ ထိုနေရာကား အားကောင်းသော စွမ်းအင်လှိုင်းအစပြုရာ နေရာဖြစ်ပေသည်။ ထိုအခါ ရွဲ့လော်သည သူ့၏ စူးရှအားကောင်း သော အမြင်အာရုံဖြင့် ကျက်သရေတင့်တယ်ပြီး ချော မောလှပသော အမျိုးသမိးတစ်ဦး၏ ရိပ်ခနဲ ရိပ်ခနဲ ဖြစ်နေသော ပုံရိပ်ကို ဝိုးတိုးဝါးတားစွာ ဖမ်းမိလေသည်။
“ ဒီအော်ဟိန်းသံက အဆင့်၆ရှိတဲ့ နီလာခရမ်းတောင်ပံခြင်္သေ့ရဲ့ အော်ဟိန်းသံပဲ.. ဘယ်လို လူစားမျိုးက သူ့ကို တကယ် ရန်စရဲတယ် ပါလား.. ”
“ အဆင့်၆ မှော်သားရဲ.. ?? ”
ရှောင်ယွင် မျက်သူငယ်အိမ်က အနည်းငယ် ကျဉ်းမြောင်းသွားပြီ တံတွေးလည်း မျိုချလိုက်ရသည်။
“ ဒီကောင်က လူသားကျင့်ကြံသူ ဒိုဝှမ်းအဆင့်နဲ့တောင် ယှဉ်လို့ ရနေတာ.. ဘယ်သူကများ သတ္တိကောင်းပြီး သူ့နှုတ်ခမ်းမွှေးကို သွားဆွဲနုတ်ရဲတာပါလိမ့် ”
===================================
No comments:
Post a Comment