=====================
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
=====================
အပိုင်း (၁၂၃)
လက်စားချေခြင်း၏ အစပြု ခြင်း
=====================
" ဝုန်း ဝုန်းး "
ရေတံခွန်ကြီးကနေ ထွက်ပေါ်လာသော အသံများကား တောင် ကြားတစ်ခွင်မှာ တစ်နှစ်ပတ်လုံး မြည်ဟီးနေလျက်ရှိသည်။ ရေခိုးရေငွေ့ များနှင့် စိုစွတ်အေးမြလှသည့် လျှိုမြောင်တို့သည် လည်း ပူလောင် အိုက်စပ်သော အပြင်လောကနှင့် တစ်သီးခြား တည်း ရှိနေသလို မြင်သူအပေါင်းအား ခံစားစေရသည်။
တစ်ရှိန်ထိုး ထိုးဆင်းနေသော ရေတံခွန်သည်လည်း ငွေနဂါး တစ် ကောင်လို အသွင်သဏ္ဍာန်တူလွန်းနေသည်။ ရေတံခွန် အောက်မှာ ကိုယ်အထက်ပိုင်းတွင် အဝတ်ဗလာကျင်းထား သည့် လူငယ်တစ် ယောက်သည် ကြီးမားလှသည့် ကြီးမား လေးလံရွှင်းပေတံ အမည်ရသော ပေတံဓားကြီးကို မြဲမြံစွာ စွဲကိုင်ထားလျက် အံကို တင်းတင်း ကြိတ်ထားသည်။ သူသည် ရေတံခွန်မှ အဆက်မပြတ်စီးဆင်းနေသည့် ရေအလျဉ်ကို ပေတံဓားကြီးဖြင့် ခုတ်ပိုင်းနေသည်။ ဓားချက်များကြောင့် ရေမှုန်ရေမွှားများ အထက်ယံဆီကိုပင် လွင့်စင်သွားကုန်သည်။
ရှောင်ယွင်၏ ခြေထောက်သည်ကား သစ်ပင်တစ်ပင်၏ ရေ သောက်မြစ် ကဲ့သို့ သစ်တိုင်လုံးထိပ်ပေါ်ဝယ် မြဲမြံစွာ ရပ်ထားသည်။ ခန္ဓာ ကိုယ်ပေါ်မှာလည်း အဝါရောင် ဒိုချီစွမ်းအင်တို့က ပါးပါးလေး လွှမ်း ခြုံထားသည့်အပြင် ခန္ဓာကိုယ်ကို ရေစက်များ စင်ထွက်တိုင်း ရေငွေ့များ ခန္ဓာကိုယ်ပေါ်ကနေ တလူလူ ထွက် လာလေသည်။
ကြီးမားသည့် ပေတံဓားဖြင့် ရေအလျဉ်ကို ခုတ်ပိုင်းဖို့အတွက် ခွန်အားကို အင်မတန် အားစိုက်ထုတ်သုံးရသည်။ သို့ဖြစ်၍ သစ်လုံး တိုင်ထိပ်တွင် ခိုင်မာအောင် ရပ်နေရသည့်သည့်အပြင် ပေတံဓားကြီးကိုလည်း လွှဲကာလွှဲကာ ခုတ်ပိုင်း နေရသည်ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယွင်၏ ကြွက်သားစိုင်တို့မှာ နာကျင်မှုများ ကျင်တက်လာတော့သည်။
ရှောင်ယွင်မှာ အံကို ကြိတ်ထားပေမဲ့လည်း ခြေဖနောင့်တို့ လည်း တဖြည်းဖြည်း အားလျော့လာကာ ရေအလျဉ်အား ခုတ် ပိုင်းနေဆဲ အချိန်တွင် သူ့၏ တောင့်ခံနိုင်ရည်စွမ်းအား ကျော်လွန်သွား၍ ဘန်း ဆိုသော အသံနှင့်အတူ ရေပြင်းများအား သူ့ တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားချေကာ နောက်ဆုံးတွင် သစ်တိုင်လုံးထိပ်မှ ရေကန်ဆီသို့ ပြုတ်ကျသွားခဲ့သည်။
" ဖရူး "
ရှောင်ယွင် ခေါင်းက ရေမျက်နှာပြင်ထက် ရောက်သည့်နှင့် ပါးစပ်ထဲ ဝင်သွားသော ရေအား ထွေးထုတ်လိုက်သည်။ အနည်း ငယ် အူဝေသွားသော ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ထုံကျင်နေပြီးသော ခန္ဓာကိုယ်အား အတင်းအားစိုက်ကာ ကန်ခြေ ဆီသို့ ကူးခတ်သွားလိုက်သည်။ ကန်ဘောင်ဆီသို့ ရောက် လျှင် အားဖျော့စွာဖြင့် ရေခဲ တမျှ အေးစက်နေသော ကျောက် သားအပေါ် လှဲအိပ်လိုက်သည်။ ခန္ဓာကိုယ်က ကြွက်သားများ နာကျင်ထုံထိုင်းနေပြီးမို့ ရှောင်ယွင် နည်းနည်းကလေးပင် မလှုပ်ရှားချင်တော့ပေ။
" ရော့.. ဒီမှာ. စားလိုက် "
ရနှံ့မွှေးကြိုင်လှသော ငါးကင်တစ်ကောင်က ရှောင်ယွင် အရှေ့ မှာ ရောက်ရှိလာပြီ လွှဲယမ်းပြနေသည်။
ရှောင်ယွင် မျက်လုံးဖွင့်လိုက်ပြီ ငါးကင်အနံ့ကို ခပ်ပြင်းပြင်း ရှု သွင်းလိုက်သည်။ ဗိုက်ကလည်း ယခုမှပဲ တဂြီဂြီ အော်မြည် တော့သည်။ ရှောင်ယွင်မှာ အခက်အခဲကြီးစွာဖြင့် ကျောက်တုံး တစ်တုံးကို မှီထိုင် လိုက်ပြီးနောက် ငါးကင်အား အားပါတရ စားလိုက်သည်။
ငါးကင်အား အငမ်းမရ စားသောက်နေသော ရှောင်ယွင်ကို ကြည့်ပြီ ရွဲ့လော် အားပါတရ ရယ်မော်လိုက်သည်။ ထို့နောက် ရေတံခွန်အောက်က သစ်လုံးတိုင်ဆယ်လုံးအား လှည့်ကြည့်ပြီ ပြုံးလိုက်ရင်း မှတ်ချက်စကား ဆိုလိုက်သည်။
" မင်းက တကယ်မဆိုးဘူးပဲ.. ငါးရက်တည်းနဲ့ တတိယ မြောက်တိုင်လုံးမှာ အချိန်အကြာကြီး တောင့်ခံနေနိုင်ခဲ့တယ် "
ရှောင်ယွင်မှာ ပါးစပ်တွင် ငါးကင်က အပြည့်ဖြစ်နေ၍ ဝူးဝူးဝါး ဝါးဖြင့် ပြန်ပြောလေသည်။ ပလုတ်ပလောင်း ဖြစ်နေ၍ ဘာ ပြောလိုက်မှန်းတော့ မသိလိုက်။
" အခုတလော.. ကြေးစားစစ်သည်တွေ ဒီနေရာဘက်မှာ ခနခန ပေါ်လာကြတယ်.. "
ရွဲ့လော်သည် ရှောင်ယွင် အနားတွင် ထိုင်လိုက်ရင်း ထိုစကား အား ပေါ့ပေါ့တန်တန်ပဲ ပြောလိုက်သည်။
ရှောင်ယွင်မှာ အနည်းငယ် အံ့သြသွားပြီ သူ့မျက်ဝန်းများက ကျဉ်းမြောင်းလာခဲ့သည်။ ပါးစပ်က ငါးကင်အား အတင်းအဓမ္မ မျိုချလိုက် ပြီ လှောင်ပြောင်သည့် စကားအား ဆိုလိုက်သည်။
" ကြည့်ရတာ..ဝံပုလွေခေါင်းကြေးစားအဖွဲ့က တစ်စုံတခုကို သတိထားသွားမိတဲ့ပုံပဲ.. "
" သူတို့ရဲ့ အမြန်နှုန်းနဲ့ဆို.. နောက်ထပ် တစ်လဆိုရင် ဒီနေရာ ကို ရောက်လာကြတော့မယ်.. ကြည့်ရတာ ငါ့တို့ရဲ့ အမြန်နှုန်း ကို ထပ် မြှင့်မှဖြစ်တော့မှ တူတယ်.. "
" ဘယ်လိုမျိုးလဲ..? "
ရွဲ့လော်၏ စကားကြောင့် ရှောင်ယွင် နားမလည်သွားလိုက်.. မျက်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း မယုံကြည်ဟန်ဖြင့် ပြန် မေးလိုက် သည်။ သူ့ လေ့ကျင့်နေသည့် အမြန်နှုန်းက ပြောရင် တကယ်ကို မြန်နေပြီး ဖြစ်သည်။ ထိုအရာကိုမှ နောက်ထပ် ဘယ်လို ထပ်မြှင့်ဖို့ ဖြစ်ပါဦးမည်နည်း။
" အဲလိုမြှင့်တင်ဖို့က ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ မင်း အဲဒါကို တကယ်ကို ပင်ပန်းနာကျင်ရလိမ့်မယ်.. "
ရွဲ့လော်က ရိုးရိုးသားသားပဲ ကြိုပြောထားလိုက်သည်။
" အခု လေ့ကျင့်နေတာတွေလည်း ပင်ပန်းနာကျင်နေ၇တာ ပဲ မဟုတ်လား.. "
ရှောင်ယွင် ပါစပ်လေး ရွဲ့သွားပြီ မျက်လုံးလေး ကလယ် ကလယ်ဖြင့် ပြန်လည် ချေပလိုက်သည်။
" ဟားဟား.. ဟုတ်တော့ ဟုတ်ပါတယ်.. "
ရွဲ့လော်မှာ သဘောကျဟန်ဖြင့် ပြုံးရင်း ခေါင်းညိတ်လိုက် သည်။ ထို့နောက် ရှောင်ယွင်၏ သိုလှောင်လက်စွပ်ကနေ ကျောက်စိမ်းပုလင်းငယ်ပေါင်း ဆယ်လုံးကျော်တို့ကို ထုတ်ယူ လိုက်သည်။ ကျောက်စိမ်း ပုလင်းထဲတွင် အနီရောင်ဆေးရည် များဖြင့်ရှိနေကာ တကယ့်သွေးလိုပင် စေးပျစ်နေသည်။
" အဲဒါက ဘာတွေလဲ.. ? "
မတွေ့ဖူးသော အရာဖြစ်၍ ရှောင်ယွင် စပ်စပ်စုစုလေး ငေး ကြည့်ရင်း မေးလိုက်သည်။
" မီးလောင်သွေး!! "
ရွဲ့လော်က ပြန်လည် ဖြေကြားလိုက်ရင်း ကျောက်စိမ်းပုလင်း တစ်လုံးကို ယူလိုက်ကာ အသာအယာ လှုပ်ခါလိုက်သည်။ အ နည်းငယ် ပြုံးလိုက်ရင်း ရှောင်ယွင်ကို ဆက်ပြောလိုက်သည်။
" ဒီဆေးကို ငါကိုယ်တိုင် ဖော်ထားတာ... နှစ်ဆယ့်လေး မျိုးသော အမယ်ကွဲပြားတဲ့ မီးဂုဏ်သတ္တိရှိတဲ့ ဆေးအမယ် တွေနဲ့ အဆင့် ၂ မီးသဘာဝ ရှိတဲ့ မှော်သားရဲကောင်တို့ရဲ့ သွေး အမျိုးအစား သုံးမျိုး ကနေ ရောနှော ဖော်စပ်ထားတာ.. ဒီးဆေးရဲ့ အရည်အသွေးကို အကဲဖြတ်မယ်ဆိုရင် အဆင့် ၄ ဆေးရည် လောက်ရှိလိမ့်မယ်.. "
" အဆင့် ၄ !! "
ရှောင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ အဆင့် ၄ လောက်ရှိ သည့် ဆေးမျိုးကို အခုမှ ပထမဆုံးအကြိမ် တွေ့ဖူး သွားရသည် မဟုတ်လား။
" ဒါဆိုရင် သူ့ဆေးအစွမ်းကရော.. ဘာများလဲ.. "
" ဒီ မီးလောင်သွေး ဆေးရည်က မီးဂုဏ်သတ္တိ ဒိုချီ စွမ်းအင် ရှိတဲ့ လူအတွက်ပဲ အကျိုးသက်ရောက်မှု ရှိတာ.. ရေ ဂုဏ်သတ္တိ ဒိုချီ စွမ်းအင် ရှိတဲ့ လူအတွက်တော့... သေချာ ပေါက် အဆိပ်ဖြစ်သွားမှာ ဒီဆေးကို သောက်သုံးလိုက်မယ် ဆိုရင်.. ဆေးအစွမ်းက တစ်ကိုယ်လုံး ပျံ့နှံ့သွားမယ်.. ခန္ဓာ ကိုယ်အတွင်းကနေ ချီစွမ်းအင် စုပ်ယူမှုနှုန်း ကလည်း မြန်ဆန် လာလိမ့်မယ်.. နောက်ပြီ ဒိုချီစွမ်းအင် ပြန်လည်ဖြည့်တင်းတဲ့ နှုန်းကိုလည်း မြန်ဆန်စေနိုင်သေးတယ်.. ဒီဆေးနဲ့ တွဲလေ့ ကျင့်လိုက်ရင် မင်းရဲ့ ခွန်အားက မြန်မြန်လေး တိုးတက်လာမှာ ပေါ့ကွာ.. "
ရွဲ့လော်က ပြုံးလိုက်ရင်း ခပ်ညစ်ညစ်အကြည့်ဖြင့် ရှောင်ယွင် ကို ကြည့်လိုက်သည်။
" ဒါပေမဲ့ သိပ်ပြီး အပျော်လွန်မသွားနဲ့ဦး... ငါ အခုပြောသွား တာတွေက မင်းသာ လေ့ကျင့်နှုန်းကို မြန်ဆန်ချင်ရင် ဒီဆေးရဲ့ ဆိုးကျိုးဖြစ်တဲ့ ပြင်းထန်တဲ့ နာကျင်မှုကို မလွဲမသေ မင်း ခံစား ရလိမ့်မယ် "
" ဘယ်လို နာကျင်ဒုက္ခမျိုးလဲ.. "
ရွဲ့လော်၏ အမူအရာကို မြင်သည့်အခါ ရှောင်ယွင် စိတ်ထဲတွင် စိုးရိမ်လာပြီ သေသေချာချာ မေးမြန်းလိုက်သည်။
" မင်းရဲ့ လက်ကို ကမ်းလိုက်ပါဦး.. "
အပြုံးတစ်ခုဖြင့် ရွဲ့လော်သည် ရှောင်ယွင်၏ လက်မောင်းကို လှမ်း ဆွဲယူကာ ကျောက်စိမ်းပုလင်းကို စောင်းငဲ့၍ အနီရောင် ဆေးရည်တစ်စက်ကို ရှောင်ယွင်၏ လက်မောင်းအပေါ် တစ် စက် ချလိုက်သည်။
" ရှူးးး "
အနီရောင် ဆေးရည်တစ်စက်က သူ့လက်မောင်းကို ထိတွေ့ သွားသည်နှင့် ရှောင်ယွင် တစ်ချက် မူးဝေသွားပြီ လေးအေး အေးကို ခပ်မြန်မြန် စုပ်သွင်းလိုက်ရသည်။ နဖူးပြင်ကနေ ချွေး စေးများ ချက်ချင်း ယိုစီးလာသည်။ အံကို တင်းတင်း ကြိတ် ထားကာ လက်မောင်းသည်လည်း အဆက်မပြတ် တုန်ခါနေ ပါတော့သည်။
ရှောင်ယွင် စိတ်ထဲတွင် အနီရောင်ဆေးရည်တစ်စက်က မီး လုံးပမာ ပြင်းထန်လှသော အပူရှိန်အား ထုတ်လွှတ်နေသည် ဟု ခံစားနေရ၏။ ပြင်းထန်လှသော အပူရှိန်ကို ခံစားနေရ သည်မှာ သူ့လက်အား မီး တရဲရဲ တောက်လောင်နေသော ထင်းမီးပုံထဲ လက်ထိုးထည့်ထားသည့်အတိုင်းပင် ခံစားနေရ သည်။
ရှောင်ယွင် ဘယ်လို ခံစားနေရသည်ကို ခန့်မှန်းမိသော်အခါ ရွဲ့လော် ကျေနပ်စွာ ပြုံးလိုက်သည်။ သိုလှောင်လက်စွပ်ကနေ နောက်ထပ် အရာတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ အဖြူ ရောင်ကျောက်စိမ်းဖြင့် ပြုလုပ်သည့် အရွယ်အစား ခပ်ငယ်ငယ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ကာ အနီရောင် ဆေး ရည်စက်ကို တဖြည်းဖြည်း ပွတ်သပ်လိုက်၍ ဆေးရည်မျက် နှာပြင်က ကျယ်ပြန့်သွားသည်။
ဆေးရည်ကို တဖြည်းဖြည်း ပွတ်သပ်ဖြန့်ထုတ်လိုက်၍ မျက်နှာ ပြင် ကျယ်လာသည်နှင့်အမျှ ရှောင်ယွင်၏ လက်မောင်းသည် လည်း ပို၍ပို၍ ကြမ်းတမ်စွာ တုန်ယင်သွားသည်။ လက်မောင်း တွင် သွေးကြောများက ထောင်ထတွန့်လိမ်လာကာ အင်မတန် ကြောက်လန့်စရာ ကောင်းသည့် မြင်ကွင်းမျိုးကို ကြည့်နေရ သလို ဖြစ်နေသည်။
အနီရောင်ဆေးရည် သုတ်လိမ်းထားသော ရှောင်ယွင်၏ အရေ ပြားတွင် ရေနွေးငွေ့စီးကြောင်းများ အပြင်သို့ ယိုစီးကျလာ သည်။ ရှောင်ယွင်၏ လက်မောင်းသည်လည်း နီရဲသထက် နီရဲလာခဲ့သည်။
ထိုအနေအထားအတိုင်း ဆယ်မိနစ်ကျော် ဆက်လက်ဖြစ်ပေါ် နေရာမှ တဖြည်းဖြည်း ပြန်လည် သက်သာပျောက်ကင်းလာ သည်။
မီးလောင်ကျွမ်းသလို ခံစားနေရခြင်းက တဖြည်းဖြည်း သက် သာလာ သည့်အခါ ရှောင်ယွင်ခမျာ အသက်ပြင်းကို လေးလေး ပင်ပင် ချ လိုက်မိသည်။ နဖူးပြင်က ချွေးစေးများကို သုတ်လိုက် ရင်း ကျောက် စိမ်းပုလင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဒီတစ်ခါတွင်တော့ ကျောက်စိမ်းပုလင်းကို ကြောက်ရွံ့စွာဖြင့် သာ ကြည့်သည်။
" ဒီဆေးက... တကယ်ကို ကြောက်ဖို့ကောင်းတာပဲ.."
နှလုံးသားထဲကနေ ဖြစ်ပေါ်လာသော ကြောက်ရွံ့ခြင်းနှင့် ရှောင်ယွင် သည် နဂိုမူလအအခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်သည့် လက်မောင်းကို ပွတ်သက်လိုက်ရင်း ရွဲ့လော်ကို ပြောလိုက်သည်။ ရွဲ့လော်အား မချိတရိဖြင့် ကြည့်လိုက်ရင်း
" ဒါကြီးကို လေ့ကျင့်တဲ့ နေရာမှာ မသုံးလောက်ပါဘူးနော် "
" မင်းစိတ်ကို တည်ငြိမ်အောင် အရင်ထားလိုက်.. လက်မောင်း မှာ ဒိုချီစွမ်းအင်တွေ စီးဆင်းနေတာကို ခံစားကြည့်လိုက်စမ်း ပြောင်းလဲမှုတွေ ရှိလား.. ? "
ရှောင်ယွင်၏ မေးခွန်းကို ဖြေမည့်အစား ရွဲ့လော်က ပြန်လည် မေးမြန်းလိုက်သည်။
ရှောင်ယွင်က ပခုံးကို တွန့်ပြလိုက်ပြီ သူ့ဆရာစကားအား လိုက် နာကာ မျက်လုံးနှစ်လုံးကို မှိတ်ချလိုက်ရသည်။ ထို့နောက် သူ့၏ စိတ်အာရုံကို လက်မောင်းက ချီလမ်းကြောင်းဆီသို့ အ လျင်အမြန် ပို့လိုက်သည်။ ခဏတာမျှ လေ့လာကြည့်လိုက် သည့်အခါတွင် ရှောင်ယွင် အံ့သြသွားသည်။ ဘယ်ဘက်လက် ရှိ ချီလမ်းကြောင်းတို့မှာ တခြားနေရာက ချီလမ်းကြောင်းထက် ပိုထူနေရုံသာမက ချီစွမ်းအင်တို့မှာလည်း ပို၍ စွမ်းအားမြင့် နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ရှောင်ယွင်မှာ အံ့သြစွာဖြင့် မျက်လုံးဖွင့်လိုက်ပြီ ဘေးနားတွင် ပြုံးနေဆဲ ရှိနေသည့် ရွဲ့လော်ကို ကြည့်လိုက်သည်။ အတန် ကြာအထိ တိတ်ဆိတ်နေပြီးမှ အံကိုကြိတ်ပြီ ပြတ်ပြတ်သား သား ပြောလိုက်၏
" ကဲ.. ဒါဆိုရင်.. လုပ်ကြတာပေါ့.. "
ရှောင်ယွင်၏ ပြတ်သားသော အမူအရာအား မြင်သည့်အခါ ရွဲ့လော် ၏ အပြုံးက ပို၍ ပီပြင်လာတော့သည်။ မီးလောင်သွေး ဆေးရည်၏ ခွန်အားတိုးတက်မှုအမြန်နှုန်းအား တိုးတက်စေ နိုင်သည့် မက်လုံးကို ဒီကောင်လေး ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိတာကို ရွဲ့လော် ကြိုမြင်ပြီးသားပါ။
" မှောက်ခုံအိပ်လိုက်.. ဒီနေ့ကစပြီ မင်းရဲ့ တစ်ကိုယ်လုံးကို တစ်ရက်တစ်ကြိမ် သုတ်လိမ်းရမယ်.. ဒီဆေးက မင်းရဲ့ လေ့ ကျင့်တဲ့ အမြန်နှုန်းကို သုံးဆယ် ရာခိုင်နှုန်းကနေ လေးဆယ် ရာခိုင်နှုန်းအထိ တိုးတက်သွားစေဖို့ ကူညီပေးလိမ့်မယ်.. "
ရွဲ့လော်က လက်ကို ဝှေ့ယမ်းရင်း ပြုံးလျက် ပြောလိုက်သည်။
ရှောင်ယွင်လည်း ပါးစပ်ဟပြီ သူ့၏ အဝတ်အပိုင်းတစ်ခုအား ကိုက်ထားလိုက်ပြီးနောက် ကျောက်တုံးကွဲအက်ရာကြားထဲကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။ ပြီးလျှင် ဗလုံး ဗထွေးဖြင့် ပြောလိုက်သည်။
" ဆရာ.. စလုပ်လိုက်တော့.. "
ကြောက်စရာကောင်းသော ရန်သူနှင့် ထိပ်တိုက် ရင်ဆိုင်ရ တော့မည့်အလား မျက်နှာကို ထားထားသော ရှောင်ယွင်ကို ကြည့်ပြီ ရွဲ့လော် ခပ်လေးလေးဖြင့် ခေါင်းကို ညိတ်လိုက် သည်။ ကျောက်စိမ်းပုလင်းအထဲက အနီရောင် ဆေးရည်တို့ သည်လည်း ချက်ချင်း စီးကျသွားတော့ သည်။
" အားးးး "
နာကျင်စွာ မြည်တမ်းအော်ဟစ်လိုက်သော အသံက တောင် ကြားလျှိုထဲ သို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။
ရှောင်ယွင်က သူ့၏ လေ့ကျင့်ရသည့်အချိန်တွေအား တတ်နိုင် သမျှ ချုံ့ပစ်နေသည့်အချိန်တွင် ဝံပုလွေခေါင်းကြေးစားအဖွဲ့၏ ပိုက်စိပ် တိုက် ရှာဖွေမှုတို့သည်ကလည်း ပို၍ စိပ်လာခဲ့သည်။ လူအင်အား ဆယ်ယောက်ကျော် အသက်ဆုံးရှုံးသွားခဲ့ရပြီး နောက်တွင် ရှောင် ယွင်တို့ ရှိနေသည့် တောင်ကြားလျှိုဆီသို့ နီးကပ်သည်သထက် နီးကပ်လာခဲ့သည်။
နောက်တစ်လအကြာတွင် ရေတံခွန်အောက်က သစ်တိုင်လုံး ဆယ်လုံးထဲမှ ရှစ်လုံးမြောက်တိုင်လုံးထိပ်တွင် အချိန်အတော် ကြာ လေ့ကျင့်နေသည့်အချိန်တွင် ဝံပုလွေခေါင်းကြေးစားအဖွဲ့ မှ အဖွဲ့သားတစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်နေသည့် လျှိုကြားထဲသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။
ထိုအဖွဲ့သားသည် လျှိုမြောင်အဝင်ဝတွင် ရပ်လိုက်ပြီ ရေတံခွန် အောက်တွင် လေ့ကျင့်နေသော လူငယ်ကို ကြောင်ငေးကြည့် နေမိသည်။ ခဏအကြာတွင် လေအေးအေးက တိုက်ခတ်လာ ၍ သတိပြန်ဝင်လာကာ ရင်ထဲမှာ လှိုက်ခနဲ ဝမ်းသာသွား သည်။ ထို့နောက် ကမန်းကတန်းဖြင့် ရင်ဘက်ထဲကနေ အ ချက်ပြမီးကို ထုတ်ယူလိုက်သည်။ အချက်ပြမီးအား မီးရှို့လိုက် မည့်ဆဲဆဲတွင် သူ့အရှေ့ကနေ ပြင်းထန်သော လေခွင်းသံ တစ်ခုက မထင်မှတ်ဘဲ သူ့အား တိုက်ခိုက်လိုက်လေသည်။
ထိုအဖွဲ့သားမှာ ဒိုကျဲအဆင့် ကြယ် ၆ လုံးသမားဖြစ်နေပါသော် လည်း ထိုတိုက်ခိုက်မှု၏ အင်အားကြောင့် စိတ်ထဲကနေ ကြောက်လန့်သွားခဲ့သည်။ ချက်ချင်းပဲ ခြေစုံကန်ပြီ အနောက် လှည့်ကာ ထွက်ပြေးဖို့ ဟန်ပြင်လိုက်သည်။
" ဘုန်းးး "
အနက်ရောင် အရိပ်တစ်ခုက လေကို ဖြတ်သန်းလာကာ မြေ ကြီးအား ပြင်းထန်အား ထိမှန်သွားသည်။ ချက်ချင်းပဲ ဖုန်လုံး များ လိမ့်ထွက်သွားကာ ကြီးမာသည့် အနက်ရောင် သတ္တု ပေ တံကြီးတစ်ခုက မြေကြီးမှာ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။
ထူးဆန်းသော အနက်ရောင်ပေတံဓားကြီးအား မြင်လိုက်ရ သောအခါ ဝံပုလွေခေါင်းကြေးစားအဖွဲ့သားမှာ မျက်မှောင်ကြုံ့ သွားသည်။ ထိုထူးခြားသော လက်နက်သည် သူတို့ ရှာဖွေ နေသည့် လူငယ်၏ အမှတ်သင်္ကေတ ဖြစ်နေသည် မဟုတ် လား။
ဖုန်လုံးများ လေထဲ လွင့်ပြယ်သွား၍ အရှေ့မြင်ကွင်းအား ကောင်းကောင်း မမြင်လိုက်ရပေမဲ့ အတွေ့အကြုံ သမ္ဘာရင့် သည့် ကြေးစားအဖွဲ့သားမှာ စိတ်ပျက်ဟန် မပြလိုက်ချေ။ အဆက်မပြတ်ပဲ အနောက်ဆုတ်ကာ လှစ်ခနဲ ပြန်လှည့်ပြေး၍ အပြင်ဘက်သို့ ပြန်ပြေးထွက်သွားလိုက်သည်။
ထိုကြေးစားအဖွဲ့သားမှာ အပြင်ဘက်သို့ ရောက်ခါနီးအချိန်တွင် သူ့၏ သူ့၏ ဖြန့်ကျတ်အာရုံခံစားမှုမှာ တစစ်စစ် ဖြစ်သွားပြီ မြေပြင်ပေါ် ဝုန်းခနဲ လှဲအိပ်ချလိုက်ရသည်။
" ကဝုန်းး "
ထိုသူ၏ ခန္ဓာကိုယ်က မြေကြီးပေါ်လှဲအိပ်ချလိုက်သွားသည်နှင့် တစ်ဆက်တည်းမှာပဲ အားကောင်းလှသော ချီစွမ်းအင်တို့ သည် သူ့၏ ခေါင်းအထက်ကနေ ဖြတ်သန်းသွားကာ ဘေး ဘက်ရှိ သစ်ပင်ကြီးကို သွားထိမှန်သွားသည်။ ချက်ချင်းပဲ သစ်ပင်ကြီးမှာ ကွဲအက်ရာများ ဖြစ်ပေါ်လာကာ တဖျစ်ဖျစ် မြည်သံများ ဆက်တိုက်ထွက်လာလျက် သစ်ပင်မှာ အလယ် ပိုင်းကနေ ကွဲအက်သွားသည်။
သစ်ပင်ကြီးမှာ အတော်လေးကို စုတ်ပြတ်သွားသည်ကို ကြည့် ပြီ ကြေးစားအဖွဲ့သားမှာ ပင့်သက်ရှိုက်လိုက်မိသည်။ ဒီလို အဖျက်စွမ်း အားကောင်းသည့် အင်အားကို ဖန်တီးနိုင်ဖို့ဆိုတာ ခွန်အား ဘယ်လောက် လိုအပ်ပါသနည်း။
ကြေးစားအဖွဲ့သား၏ စိတ်ထဲတွင် အံ့သြသွားသည့် အတွေးက တစ် ချက်လေးသာ ဖျတ်ခနဲ ဖြစ်သွားသည်။ ချက်ချင်းပဲ လက် ဝါးကို မြေပြင်နှင့် ကပ်ထားလိုက်သည်။ သူ့ ပုံစံမှာ အိမ်မြှောင် တစ်ကောင်လို ဖြစ်သွားသည်။ ထိုအနေအထားအတိုင်း မြေ ပြင်ပေါ် လက်ထောက်သွားကာ တွေ့ရာ ခြုံပုတ်ဆီသို့ အပြေး အလွှား သွားလိုက်သည်။
ထွက်ပြေးသွားလိုက်သော ကြေးစားအဖွဲ့သားမှာ သူ ထုတ်သုံး လိုက် သော သိုင်းကို အလွန်ကျေနပ်နေမိသည်။ သူ့၏ သိုင်း မှာ အဆင့်မြင့် ဟွာင်းသိုင်း ဖြစ်သည့် ပုတ်သင်လက်သည်း ဒိုသိုင်း ဖြစ်သည်။ ထိုသိုင်းကြောင့် သူသည် သေမင်းခံတွင်းဝမှ လွတ်မြောက်ခဲ့ဖူးပေါင်း များနေပြီ ဖြစ်သည်။ သူ့အတွေ့အကြုံ အရ တောတွင်းထဲတွင် ပုတ်သင်လက်သည်း သိုင်းအား အသုံး ပြု ထွက်ပြေးပါက သူ့အား တားနိုင်မည့်သူမှာ ဒိုကျဲအဆင့် ထဲတွင် လက်ချိုးရေလို့ရသည်ကို သူသိထားသည်။
ကြေးစားအဖွဲ့သား၏ စိတ်ထဲတွင် အဖွဲ့ဆီကို ပြန်လှည့်ကာ သတင်းပေးရန်နှင့် ဆုလာဘ်ငွေကို ထုတ်ယူရန်၊ ဆောင်ကြာ မြိုင်သို့ သွားပြီ သူ့အား အထင်သေးကြသော ဖွံ့ဖွံ့ထွားသည့် အမျိုးသမီးတို့အား လက်စားပြန်ချေရန် စသည်တို့ကို ဖျတ်ခနဲ ဖျတ်ခနဲ တွေးလိုက်သည့် အချိန်တွင် သူသွားရာ လမ်းကြောင်း အရှေ့တည့်တည့်မှ ခြေတစ်စုံအား ရုတ်တရက် မြင်လိုက် ရ သည်။
အလောတကြီးဖြင့် ဝမ်းလျားမှောက်သွားနေသော ကြေးစား အဖွဲ့သားမှာ ရုတ်ခြည်း ရပ်လိုက်ပြီ ကြောက်ရွံ့စွာဖြင့် ခေါင်း မော့ကြည့် လိုက်ရာ ချောမောခန့်ညားသည့် လူငယ်တစ် ယောက်၏ အပြုံးမျက် နှာကို တွေ့လိုက်ရသည်။
" ခင်ဗျားပြေးတာ အရမ်းမြန်တာပဲ.. "
လူငယ်က ကြေးစားအဖွဲ့သားအား ပြုံးပြလိုက်သည်။ သို့သော် လူငယ်၏ မျက်ဝန်းနက်နက်ထဲမှာ သတ်ဖြတ်ခြင်း အငွေ့ အသက်ကို ခံစားလိုက်ရသည့်အခါ ကြေးစားအဖွဲ့သားမှာ ထိန်း မရ သိမ်းမရ ကြောက်စိတ်မွှန်သွားလေသည်။
ဆောက်တည်ရာမရ ဖြစ်နေသော ကြေးစားအဖွဲ့သားအား စိုက် ကြည့်ရင်း ရှောင်ယွင်၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့် ကွေးတက်သွားသည်။ သူ့လက်ထဲက ကြီးမားသည့် ပေတံ ဓားကြီးက အရှိန်ပြင်းစွာ ခုတ်ပိုင်းလိုက်လေရာ ချက်ချင်းပင် ခြောက်ခြားဖွယ်ရာ ငယ်သံပါအသံက တောအနှံ့ တောင်အနှံ့ ပျံ့နှံ့သွားလေသည်။
ရှောင်ယွင်မှာ အေးဆေးစွာဖြင့် ကြီးမြတ် လေးလံသည့် ပေတံ ဓားကြီးတွင် ပေကျံနေသော သွေးအား သုတ်လိုက်သည်။ ရှောင်ယွင် သည် သူ့ခြေရင်းက အလောင်းကောင်ကို တစ်ချက် ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းအား လျှာသပ်လိုက်ရင်း သွေး ဆာလောင်သောအကြည့်က သူ့မျက်ဝန်းတွင် ဖြစ်ပေါ်လာ သည်။ သူ့ကိုယ်သူ တိုးတိတ်စွာ ရေရွတ်မိသည်။
" ငါ့ကို သတ်ချင်တာလား.. ကောင်းတာပေါ့.. ဒီနေ့ကစပြီ မှော်သားရဲကောင်တောင်တန်းထဲကို ဝင်လာရဲတဲ့ ဝံပုလေ ခေါင်းကြေးစားအဖွဲ့က မည်သူမဆို ငါရဲ့ သုတ်သင်ခြင်းကို ခံရ မယ်.. မင်းတို့က ကစားချင်နေမှတော့ လောင်းကြေးကြီးကြီး တင်ကြတာပေါ့.."
" ငါ့ရဲ့ လက်စားချေခြင်းက အခုမှ စတာ.. "
================================
နက်ရှိုင်းလှသော တောနက်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်ကာ အေး ချမ်းလှသည်။ ရံဖန်ရံခါ တောတိရစ္ဆာန်ငယ်လေးများက ခုန်ပေါက် ပြေးလွှားနေကြသလို ကျေးငှက်တို့သည်လည်း သစ်ပင်ထက်တွင် နားခိုလျက် ရှိနေသည်။
သို့သော် ထိုသို့ ငြိမ်သက်နေလိုက်သည်မှာ သိပ်မကြာလှ လိုက်ချေ။ ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက် ဖွယ်ရာကောင်းသည့် လူပုံရိပ်တစ်ခုကြောင့် သစ်ပင်ထက်က ကျေးငှက်တို့သည် ကြောက်လန့်တကြား ပျံပြေးသွားလေ သည်။
သူ့ကြောင့် ဝရုန်းသုန်းကား ဖြစ်သွားသည်ကို ဂရုမစိုက်အား ပေ။ စိတ်ခြောက်ခြားနေဟန်ရှိသည့် ထိုလူသည် ခပ်မြန်မြန် သာ အရှေ့ ဆက်သွားသည်။ တစ်ချက်ချက် အနောက်ဘက် ကို ပြန်ပြန်လှည့် ကြည့်နေလေရာ နှစ်ချို့မှော်သားရဲကောင် တစ်ကောင်က အနောက်ကနေ သူ့အား လိုက်ဖမ်းနေသလို ထင်ရသည်။
တော်တော်ဝေးဝေးအထိ ပြေးလွှားနေရင်း ကြေးစားစစ်သည် ဝတ်စုံ ဝတ်ဆင်ထားသည့် ထိုလူသည် ခေါင်းမော့လိုက်ပြီ မနီးမဝေးက နေအလင်းရောင်ကို လှမ်းကြည့်လိုက်သည်။ ထို အခါ ထိုသူ၏မျက်နှာတွင် ထိန်းမရလောက်အောင် ပျော်ရွှင် သွားသည်။ တောနက်အပြင်ပိုင်းသို့ ထွက်ပြေးရောက်ရှိသွား ခဲ့လျှင် သူ့အား ကယ်တင်ရန် သူ့ အဖော်များအား အကူအညီ တောင်းနိုင်တော့မည်။ ထိုအချိန်ရောက်လျှင် အနောက်က လိုက်လာနေသော သေမင်းကို ကြောက်နေစရာ မလိုတော့ ပေ။
ထိုကြေးစားစစ်သည်၏ ခန္ဓာကိုယ်သည် ရုတ်ချည်း အရှေ့သို့ ထွက် ပြေးသွားပြန်သည်။ ပြေးလွှားနေရင်း သစ်ကိုင်း တစ် ကိုင်းဆီသို့ ခုန်တက်လိုက်သည်။ ပြီးလျှင် ချက်ချင်းပဲ နေရောင် အလင်းရှိရာသို့ ပြင်းထန်သော ကန်အားဖြင့် ခုန်ဆင်းသွား လိုက်သည်။
အလင်းဘက်အနားနီးလေ ကြေစားစစ်သည်၏ အပြုံးသည် ပို၍ ပီပြင်လာလေသည်။ သို့သော် ထိုအပြုံးမှာ သိပ်မခံလိုက် ချေ။ ရုတ်တ ရက် ဖြစ်ပေါ်လာသော စုပ်ငင်အားကြောင့် ကြေးစား စစ်သည်၏ ပျော်ရွှင်မှုသည် ရုတ်ချည်း တောင့်ခဲ သွားသည်။ ထိုစုပ်ငင်အားသည် သူ့ အရှေ့တိုးနေတာကို လုံးဝ ရပ်တန့်စေသွားရုံသာမက သူ့ခန္ဓာကိုယ်ကို အနောက်သို့ပင် ပြန်ဆွဲနေသည်။
ကြေးစားစစ်သည်၏ မျက်နှာထက်တွင် လန့်ဖျပ်တုန်လှုပ်ခြင်း တို့ စိုးမိုးသွားလေသည်။ လန့်ဖျပ်သွားခြင်းကြောင့် ကြောက် လန့်တကြား မအော်ဟစ်လိုက်ခင်မှာပဲ အနက်ရောင် အရာ တစ်ခုက ဖျတ်ခနဲ သူ့ဆီကို ရောက်ရှိလာသည်။ ထုထည်ကြီး မားပြီ လေကို ထိုးခွဲလာကာ မိုးကြိုးသံ ခပ်အုပ်အုပ်အသံ နှင့် အတူ ရောက်ရှိလာခြင်းဖြစ်ကာ သူ့၏ ရင်ဘက်ကို ပြင်းထန်စွာ ထိနှက်သွားလေသည်။
" ဘန်းးး "
ထုထည်ကြီးမားသည့် အင်အားကြောင့် ကြေးစားစစ်သည်မှာ လေထဲ လမ်းခုလတ်မှာပဲ ပြုတ်ကျလာကာ မြေပြင်ပေါ် နာ ကျင်စွာ ပွတ်တိုက်ကျသွား၍ မြေခဲများပင် လွင့်စင်ကုန်သည်။ အတွင်းကလီစာများ မွကြေကုန်ကာ နေရာအနှံ့ သွေးစိမ်းများ ပြန့်ကျဲကုန်သည်။
သူ့၏ ပြုးကျယ်နေသော မျက်ဝန်းသည် သူ့အရှေ့က သစ်ပင် ကြီး၏ အကိုင်းထက်တွင် ရှိနေသော လူပုံရိပ်ကို စိုက်ကြည့်လို့ နေသည်။ တဖြည်းဖြည်းဖြင့် မျက်ဖြူလန်လာကာ ခဏအကြာ တွင် ကြေးစား စစ်သည်၏ အသက်ရှုသံများ ချုပ်ငြိမ်းသွား လေသည်။
ကြေးစားစစ်သည် အသက်ချုပ်ငြိမ်းသွားသည်ကို သစ်ပင်ထက် က အနက်ရောင်ပေတံဓားကြီးအား ကိုင်ဆောင်ထားသူ လူ ငယ်သည် အေးဆေးစွာ ကြည့်နေရင်း လက်သီးကို ကျစ်ဆုပ် လိုက်ကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
" ဆယ့်တစ်ယောက်မြောက်.. မင်းက ငါ့ရဲ့ခေါင်းနဲ့ ဆုကြေး လဲချင်တယ်ဆိုရင် ငါကလည်း မင်းကို ပြန်သတ်မှာကို စိတ်ထဲ မှာ ကြိုတွေးထားသင့်တာပေါ့.. "
သစ်ပင်ထက်တွင် ရှိနေသူသည် လေ့ကျင့်သည့်နေရာမှ ထွက် လာသည့် ရှောင်ယွင် ဖြစ်သည်။ လေ့ကျင့်သည့် နေရာမှ ထွက် လာပြီး နောက်တွင် ရှောင်ယွင်သည် ဝံပုလွေခေါင်းကြေးစား စစ်သည် ဆယ်ယောက်ကျော်လောက်တို့နှင့် ထိပ်တိုက်ဆုံခဲ့ရ သည်။ ၎င်းကြေးစားစစ်သည်တို့မှာ သူ့အား နှစ်ရက်တိုင်တိုင် လိုက်လံရှာဖွေနေသူများ ဖြစ်ကြသည်။ ထိုသူတို့အား ရင်ဆိုင်ရ သည့်အခါတွင်လည်း ထိုသူတို့မှာ သူ့အား ဖမ်းပြီ ဆုငွေထုတ်ချင်ကြသူများ ဖြစ်၍ ရှောင်ယွင်မှာ သူ တို့အပေါ် ညှာတာမှု လုံးဝမပြခဲ့ပေ။ သူ ထွက်လာခဲ့သည့် လမ်းခရီး တစ် လျှောက်တွင်လည်း ကြုံတွေ့လာခဲ့သည့် ကြေးစားစစ်သည်တို့ ထဲအနက် ဒိုကျဲအဆင့် ကြယ် ၈ လုံးထက် နိမ့်ကျနေသူမှန် သမျှကို အကုန်သတ်လာခဲ့သည်။
ရှောင်ယွင်၏ လက်ရှိခွန်းအားနှင့်ဆိုလျှင် ဒိုကျဲအဆင့် ကြယ် ၇ လုံး အဆင့်သမားတစ်ယောက်ကို ကြီးမားလေးလံ ရွှင်းပေ တံဓား မပါဘဲ အကွက် ၂၀ အတွင်း သတ်နိုင်သည်။ သို့သော် လည်း ထိုစကားသည် ထိုလူက သူနှင့် အဆင့်အတန်းတူ ဒို သိုင်းကို မတတ်ကျွမ်းမှသာ မှန်မည်။ သိုပေမဲ့ ထိုကဲ့သို့ သူ မျိုးသည် ဝံပုလွေခေါင်းကြေးစားအဖွဲ့တွင် မရှိပါချေ။
ပြီးခဲ့သည့် မနေ့ကလည်း ရှောင်ယွင်သည် ကြေးစားအဖွဲ့သား တစ် အဖွဲ့သားတစ်ယောက်ကနေ ဝံပုလွေခေါင်းကြေးစား အဖွဲ့၏ အတွင်းပိုင်းဖွဲ့စည်းပုံအကြောင်းကို အစ်အောက် မေး နိုင်ခဲ့သည်။ ဝံပုလွေ ခေါင်းကြေးစားအဖွဲ့တွင် ခွန်အား အကြီးဆုံးလူမှာ ဒိုရှိအဆင့် ကြယ် ၂ လုံး အဆင့်ကို ရောက်နေ သည့် မူရှိဖြစ်သည်။ သူသည် ဝံပုလွေ ခေါင်းကြေးစားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူ့၏ အောက်တွင် ဒိုကျဲအဆင့် ကြယ် ၉သမားတစ်ယောက်နှင့် ဒိုကျဲအဆင့် ကြယ် ၈ သမားတစ် ယောက်တို့ရှိကာ ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်များအဖြစ် ဖွဲ့စည်းထားသည်။ ထိုသုံးယောက်ကလွဲ၍ ကျန်သောသူများ သည် ရှောင်ယွင်နှင့် တစ်ဦးချင်း တိုက်ခိုက်ယှဉ်ပြိုင်ဖို့ အဆင့် မမှီချေ။
သေဆုံးနေပြီးသော အလောင်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီ နောက် ရှောင်ယွင် သစ်ပင်ကိုင်းကနေ အသာအယာ ခုန်ဆင်း လိုက်သည်။ အတွင်းအားကို အသုံးပြု၍ ရှောင်ယွင်သည် တောနက်ပိုင်းအတွင်းသို့ ရွေ့လျားဝင်သွားသည်။ သူ့၏ နူးညံ့ ပြီ အေးစက်သော ရယ်မောသံက အနားပတ်ဝန်းကျင်ကို တဖြည်းဖြည်း ပြန့်ကျဲသွားလေသည်။
" သခင်လေးမုလီ.. မင်းရဲ့ အဖွဲ့သားတွေ ဘယ်နှစ်ယောက် သေဦးမလဲဆိုတာ ကြည့်လိုက်ရအောင်..မင်း လူတစ်ယောက် ပို့လိုက်ရင် ငါက တစ်ယောက်ပြန်သတ်ပေးမယ်.. ကစားပွဲက အခုမှ စရုံလေးပဲ ရှိသေးတာ.. "
***
" အသုံးမကျတဲ့ကောင်တွေ.. သွားသေကြကွာ... "
ကျယ်ဝန်းသော ခန်းမကြီးတွင် မုရှီသည် သူ့လက်အောက်ငယ် သားများ ယူဆောင်လာသော သတင်းများကြောင့် ဒေါသထွက် ကာ အော်ဟစ်နေခြင်းဖြစ်သည်။ သူက စိတ်ဆိုးလွန်း၍ လက် ထဲက ရေနွေးခွက်ကိုပင် အမှုန့်ခြေလိုက်သည်။
စိတ်ဆိုး ဒေါသထွက်နေသော မုရှီအား ကြည့်ပြီ အဖွဲ့ခေါင်း ဆောင်အပိုင်းက လူတို့သည် တိတ်ဆိတ်နေကြရသည်။ ဘယ် သူမှလည်း ဒေါသထွက်နေသော သူ့အား စကားမပြောရဲကြ ချေ။
" နှစ်ရက်ပဲ ရှိသေးတယ်.. ငါတို့ရဲ့ အရေးကြီးတဲ့ အဖွဲ့သားတွေ ဆယ့်ငါးယောက်တောင် ဆုံးရှုံးလိုက်ရပြီ.. ဒီအတိုင်းသာ ဆက် သွားနေရင် ငါတို့ ဝံပုလွေခေါင်းကြေးစားအဖွဲ့မှာ လူတောင် ကျန်ပါဦးမလား.. "
မုရှီသည် အသက်ကို ပြင်းပြင်းရှုနေရင်း နှာခေါင်းရှုံ့လိုက်၏။
လူအားလုံးသည် စကားများ ဆွံ့အသွားကာ တစ်ယောက်ကို တစ်ယောက် ပြန်ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
" ဒါကို လုပ်တဲ့သူက သေချာပေါက် ရှောင်ယွင်ပဲ ဖြစ်ရမယ်.."
မုရှီသည် ကိုယ်ခန္ဓာကို တောင့်ထားရင်း တိတ်ဆိတ်နေသော ခန်းမကြီးကို ငေးကြည့်ကာ ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီ ပြောလိုက်သည်။
" သူ့ရဲ့ ခွန်အားက မင်းနဲ့ အတူတူလောက်ပဲလို့ မင်းမပြောခဲ့ ဘူးလား.. ဒါဆိုရင် ဒိုကျဲအဆင့် ကြယ် ၇ သုံးယောက်က ဘာ ဖြစ်လို့ သူ့လက်ထဲမှာ သေသွားရတာလဲ.. ? "
မုရှီသည် စားပွဲခုံကို ထုလိုက်ရင် ဒေါသတကြီးဖြင့် ဖြေရှင်းချက် တောင်းလိုက်သည်။
မုလီလည်း ခါးသီးစွာ ပြုံးလိုက်ပြီ မတတ်သာစွာဖြင့် ဖြေလိုက် သည်။
" လွန်ခဲ့တဲ့ သုံးလက အဲဒီကောင်က သူ့ရဲ့ ဖွက်ထားတဲ့ ခွန် အားကို ထုတ်ပြပြီးတာတောင် ကျွန်တော်ထက် ပို မသန်မာ သေးပါဘူး.. မဟုတ်လို့ရှိရင် ကျွန်တော်ခေါ်သွားတဲ့ လူတွေနဲ့ ဂူထဲမှာ ရင်ဆိုင်ရတုန်းက သူ ဘယ်လွတ်ပါ့မလဲ.. "
" ဒါပေမဲ့ အခု သူ ပြသနေတဲ့ ခွန်အားအရ သူက ဒိုကျဲ ကြယ် ၇ လုံးသမားထက် အဆင့်နိမ့်မှာ မဟုတ်ဘူး.. ဒိုကျဲ ကြယ် ၈ လုံးတောင် ဖြစ်ရင် ဖြစ်နေနိုင်တယ်.. "
မုရှီ၏ မျက်နှာက ပို၍ မည်းမှောင်လာသလို စိတ်ထဲကနေ လည်း ဖြစ်နိုင်ချေရှိသမျှ ကိုလည်း တွေးနေသည်။ သူ့နှုတ်ခမ်း ထောင့်က တွန့်ကွေးသွားပြီ အေးစက်သော သူ့အသံက ထွက် ပေါ်လာသည်။
" အဲဒီကောင်လေးက မှော်သားရဲကောင်တောင်တန်းဝင်သွားပြီ လအနည်းငယ်လောက် နေလိုက်တာနဲ့အဆင့် အများကြီး မြင့် တက်သွားတာပဲ ဖြစ်ရမယ်.. "
ထိုအခါ မုလီ၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ အံ့သြ သွားသည့် အငွေ့အသက်များ မျက်ဝန်းတွင် ပြည့်နှက်သွား သည်။
ဒီကောင်က တကယ်ပဲ အချိန် သုံးလအတွင်းမှာ ကြယ် ၂ လုံး အဆင့်တက်သွားအောင် လုပ်သွားနိုင်တာလား.. ဒီကောင် ဘယ်လိုများ လေ့ကျင့်လိုက်တာလဲ.. ဒီအမြန်နှုန်းက အရမ်း ကြောက်ဖို့ ကောင်းတာပဲ
" ကြည့်ရတာ ငါတို့တွေးတာ မှန်တယ်ထင်တယ်.. အဲဒီ ကောင်လေးက သာမန်တော့ မဟုတ်ဘူး.. "
ဒေါသထွက်ရာမှ တဖြည်းဖြည်း စိတ်ငြိမ်သက်လာသော မုရှီ သည် ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်ပြီ စားပွဲခုံအား လက်သည်း ဖြင့် ခေါက်နေသည်။ အတော်ကြာအထိ တိတ်ဆိတ်နေပြီးမှ သူက တွက်တွက်ဆဆဖြင့် ပြောလိုက်သည်။
" ငါတို့ လူတွေကို မှော်သားရဲကောင်တောင်တန်းကနေ ခန ပြန်ဆုတ်ထားခိုင်းလိုက်မယ်.. နောက်နှစ်ရက်ကျရင်.. ငါတို့ရဲ့ လူအင်အားကို ငါးယောက်တစ်ဖွဲ့ လုပ်ပြီ တည်နေရာ အချက်ပြ မီးတွေနဲ့ မှော်သားရဲကောင်တောင်တန်းကို နောက်တစ်ခါ ပြန် ဝင်ကြမယ်.. "
" သူ လုံးဝ ထွက်ပြေးလို့ မလွတ်တဲ့ ထောင်ချောက်တစ်ခုကို ငါ လုပ်ချင်တယ်.. ဒီကောင် ဘယ်ကို ထွက်ပြေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့.. "
မုရှီက လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်။ သူ့မျက်နှာတွင်မူ ရက်စက်ယုတ်မာသည့် သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖြစ် ပေါ်နေသည်။
" ဟုတ်ကဲ့ပါ.. ခေါင်းဆောင်.. "
" အော်.. ဒါနဲ့.. ဟီမန်က ဘယ်မှာ ရှိနေလဲ.. သူ့ကို ငါ မမြင်ရ သေးဘူး.. "
မုရှီက ခေါင်းငုံ့ပြီ ခန်းမတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် ရုတ်တ ရက် မေးလိုက်သည်။
" အင်.."
မုရှီ မေးမြန်းသည်ကို ကြားလျှင် လက်အောက်ငယ်သားတို့မှာ ခဏတော့ ငြိမ်ကျသွားသည်။ ခဏအကြာမှ တစ်ယောက်က ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး
" ကျွန်တော်ကြားထားတာကတော့ ပန်းပြာတည်းခိုခန်းက မိန်းမပျိုလန်က မှော်သားရဲကောင်တောင်တန်းမှာ နှင်းမြေ ခွေးကို ဖမ်းဖို့ အဲဒါကို တတိယအဖွဲ့ခေါင်းဆောင်က တခြား ညီအကိုတွေကို ခေါ်သွားပြီ အတူလိုက်သွားတယ်လို့ ပြော တယ်.. "
ထိုအခါ မုရှီက ကြိမ်းမောင်းလိုက်သည်။
" ဒီနှာဘူးကောင်တွေက မိန်းမအကြောင်းပဲ ခေါင်းထဲ ရောက် နေကြတယ်.. အခုလက်ရှိ ဝံပုလွေခေါင်းအဖွဲ့က ဘယ်လို ဒုက္ခ ဖြစ်နေတာ.. ဘယ်လိုကြိုတွေးရမလဲဆိုတာ မသိဘူး... ခွင့်ပြု ချက်မရှိဘဲ မှော်သားရဲကောင်တောင်တန်းကို ဝင်သွားရဲကြ တယ်ပေါ့.. ဒီအရူးကောင်တွေ မိန်းမတစ်ယောက်ကြောင့် အ နှေးနဲ့အမြန် သေကြဦးမယ်.. "
" အဖွဲ့ခေါင်းဆောင်.. တတိယအဖွဲ့ခေါင်းဆောင်က ဒိုကျဲ အဆင့် ကြယ် ၈ လုံးသမားတစ်ယောက်ပါ.. တကယ်လို့ သူ ရှောင်ယွင်နဲ့ တွေ့ခဲ့ရင် သူကတောင် ပြန်သတ်လာနိုင်တယ်.. "
" ဒီကောင်ရဲ့ စိတ်နဲ့.. အသက်ရှင်ပြန်လာရင်တောင် တော် သေးဦးမယ်.. "
မုရှီက နှာခေါင်းရှုံ့လိုက်သည်။ ချက်ချင်းဘဲ သူ့လက်ကို စိတ် တထင့်ထင့်ဖြင့် ဝှေ့ယမ်းလိုက်သည်။ တချို့သော အကြောင်း ပြချက်များကြောင့် ဟီမန်နှင့် ပတ်သတ်ပြီ မုရှီ စိတ်မသက် မသာ ဖြစ်နေသည်။ ဟီမန်က တခြားသော အဖွဲ့သားများနှင့် ကွဲပြားသည်။ တကယ်လို့ သူသာ ရှောင်ယွင်လက်ထဲမှာ သေ သွားခဲ့လျှင် ဝံပုလွေခေါင်းကြေးစားအဖွဲ့က အကြီးအကျယ် ထိ ခိုက်နစ်နာသွားမည်။
" သူ ပြန်လာရင် ငါ့ဆီကို တစ်ခေါက် လာခဲ့လို့ သွားပြောထား လိုက်.. "
မုရှီက ဒေါသအသံပါသော စကားသံဖြင့် ပြောလိုက်ပြီ ခန်းမ ကနေ လှည့်ထွက်သွားသည်။ အခန်းမတွင်တော့ တတွက် တွက် စကားသံများ စတင်ထွက်ပေါ်လာသည်။
***
ကြီးမားသော ရွက်ဖျင်တဲတစ်ခု တောအုပ်အလယ်တွင် တည် ဆောက်ထားသည်။ လရောင်များ ဖြာဆင်းနေသလို မီးဖိုထား သော မီးပုံနှစ်ပုံသည်လည်း ညအလယ် အမှောင်ထုမှာ ထင် ထင်ရှားရှား ပေါ်လွင်နေသည်။ သစ်ပင်တစ်ပင်၏ ထိပ်တွင် ရှောင်ယွင်သည် သစ်ကိုင်းတစ်ကိုင်းကို မှီထားကာ သစ်ရွက် စိမ်းတစ်ရွက်ကို ဖြည်းဖြည်းလေး ကိုက်ဝါးနေသည်။ အနည်း ငယ် ခါးသက်သော အရသာက သူ့ပါးစပ်ထဲ တဖြည်းဖြည်း စိမ့်ဝင်လာသည်။
သစ်ကိုင်းများ၏ ဖုံးကွယ်မှုအောက်တွင် နေနေသော ရှောင် ယွင်သည် အောက်ဘက်က စခန်းတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ အောက်ဘက်က စခန်းတွင် ကြေးစားစစ် သည်တို့ အယောက် ဆယ့်ငါးယောက် ရှိနေပြီ အများစုမှာ ဒိုကျဲအဆင့် ကြယ် ၅ လုံးသမားများ ဖြစ်ကြသည်။ စခန်း အလယ်က ရွက်ဖျင်တဲမှာတွင်တော့ ဒိုကျဲအဆင့် ကြယ် ၈ လုံး သမားတစ်ယောက် ရှိနေသည်။ ထိုသူသည် ရှောင်ယွင်၏ ပစ် မှတ် ဖြစ်ပေသည်။ ထိုသူသည် ဝံပုလွေခေါင်းကြေးစားအဖွဲ့၏ တတိယခေါင်းဆောင်ဟုလည်း ပြောလို့ရသည်။
ယခု လက်ရှိ ရှောင်ယွင်၏ ခွန်အားနှင့်ဆိုလျှင် ဒိုကျဲအဆင့် ကြယ် ၈ လုံးသမားနှင့် တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်ဖို့ အခွင့် ကောင်း ဖြစ်ပေသည်။ သို့သော် ထိုကိစ္စက ဘေးနားကနေ ဝင် ရောက် နှောင့်ယှက်မည့်သူ မရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ယခု အခြေအနေအရ တခြားသော ကြေးစားစစ်သည်တို့အား ရှင်း လင်း သုတ်သင်ပြီးမှ ဒိုကျဲအဆင့် ကြယ် ၈ လုံးသမားကို သတ် နိုင်ပေလိမ့်မည်။
ရှောင်ယွင်သည် မျက်မှောင်ကြုတ်လိုက်ပြီ အစောင့်တင်းကြပ် လှသော စခန်းကို လေ့လာကြည့်နေသည်။ သူ့ဘက်က စ၍ မလှုပ်ရှားသေးချေ။ အခွင့်အခါကောင်းကိုသာ စောင့်မျှော် လျက်ရှိသည်။
***
လကွေးကွေးလေးသည် ကောင်ကင်ယံထက်မှာ တွဲချိတ်လျက် ရှိနေသည်။ မြေပြင်လောကတခွင်လည်း တိတ်ဆိတ်လို့ နေ သည်။
အတန်ကြာ စောင့်ဆိုင်းနေစဉ်မှာပဲ လေပြည်ညှင်းများက ရုတ် တရက် တိုက်ခတ်လို့လာကာ တောအုပ်အား ဖြတ်သန်းလာ သည်။ သစ်ပင်သစ်ကိုင်းများပင် လှုပ်ခါသွားသည်။
လေတိုက်ခတ်လာသည်ကို ခံစားလိုက်ရသောအခါ ရှောင်ယွင် ၏ မျက်နှာထက်တွင် အပြုံးရေးရေးတစ်ခု ဖြစ်ပေါ်လာသည်။ လက်ဖျောက်တစ်ချက် တွက်လိုက်ရာ ဆေးပေါင်ဒါအမှုန့်တစ် အိတ်က လက်ထဲ ရောက်ရှိလို့လာသည်။ ထိုဆေးပေါင်ဒါအမှုန့် သည် သူနှင့် နတ်မိမယ်သမားတော်မလေးတို့ နှုတ်ဆက်ခွဲခွာ စဉ်က သူ့အား ပေးလိုက်သော ဆေးပေါင်ဒါအမှုန့်ဖြစ်ပေသည်။ ထိုဆေးမှုန့်က မေ့ဆေးဖြစ်ရာ ရှောင်ယွင် အလိုရှိသော အရာ လည်း ဖြစ်သည်။
ရှောင်ယွင်သည် ပြုံးလိုက်ပြီ ဆေးပေါင်ဒါအမှုန့်တို့ကို သူ့လက် တွင် သုတ်လိမ်းထားလိုက်သည်။ သူက စတင်လှုပ်ရှားတော့ မည့်အချိန်တွင် ရွက်ဖျင်တဲက အစောင့်နှစ်ယောက်သည် သူ့ ဆီကို တဖြည်းဖြည်း ဦးတည်လာနေသည်ကို သတိထားမိ လိုက်သည်။
" ငါ ရှာတွေ့ခံထိသွားပြီးလား.. "
ရှောင်ယွင်က မျက်မှောင်ကြုတ်လိုက်ပြီ ကိုယ်ကိုလည်း အရိပ် ထဲ ကြုံ့ကြုံ့လေး နေလိုက်ကာ သူ့နှင့် တဖြည်းဖြည်း နီးကပ် လာသော အစောင့်နှစ်ယောက်ကို စိုက်ကြည့်နေလိုက်သည်။ တချိန်တည်းမှာပဲ သူ့ကိုယ်အထဲတွင် ဒိုချီစွမ်းအင်များကို စု စည်းလည်ပတ်ထားလိုက်သည်။
သို့သော် အစောင့်နှစ်ယောက်သည် ရှောင်ယွင် ရှိနေသော သစ်ပင်အောက်သို့ ရောက်သောအခါ ရုတ်ခြည်း ရပ်တန့်လိုက် သည်။ ထိုသူနှစ်ယောက်သည် ဘေးပတ်ဝန်းကျင်ကို လှည့် ပတ်ကြည့်လိုက်ပြီးနောက် အပေါ့သွားကြသည်။
ထိုအခါမှသာ ရှောင်ယွင် စိတ်သက်သာရာ ရသွားသည်။ သူ့ စိတ်ထဲမှာတော့ တိတ်တိတ်လေး ထိတ်လန့်နေမိသည်။
" အားပါးပါး.. ဒီမြာကလေးက တကယ်ကို မြူဆွယ်အား ကောင်းတယ်ကွာ.. သူ့ အိုးကြီးကလည်း ငါ့စိတ်ကို မထိန်း နိုင်အောင် ဖြစ်စေတယ်ကွ.. ငါတော့ သူ့ကို လှဲချပြီ ဒချိဒချိ လုပ်ချင်စိတ် ပေါက်လာတာပဲ.. "
နှစ်ယောက်စလုံး အပေါ့သွားပြီးတဲ့အခါ တစ်ယောက်က မစားရဝခမန်း စကားကို ဆိုနေသည်။
" ဟေ့ကောင် အသံကို တိုးလိုက်ဟ.. အဲဒီ မြာကလေးက တတိယခေါင်းဆောင်ဟာကွ.. အဲဒီ ကလေးမကိုသာ မင်း တစ်ခုခုလုပ်ကြည့်.. တတိယခေါင်းဆောင်က မင်းကို အပြင် ကန်ထုတ်ပြီ ဝံပုလွေအစာ ကျွေးလိမ့်မယ်.. "
နောက်တစ်ယောက်က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်သည်။
" ထွီ.. ဒီကောင်မက စားထားပြီးသားပါကွာ.. ဒုတိယအဖွဲ့ ခေါင်းဆောင်တောင် သူ့ကို ပြီးတဲ့အခေါက်က ခေါ်သွားတာ ငါ မြင်လိုက်ရသေးတယ်.. ကြည့်ရတာ သူမက တတိယခေါင်း ဆောင်ကို ပြန်မပြောပြရဲဘူး ထင်တာပဲ.. ဟဟ.. "
" ထားလိုက်တော.. မေ့ထားလိုက်တော့... ဒီအကြောင်းတွေကို လိုက်မပြောပြတာ ကောင်းတယ်.. ဒီအကြောင်းတွေသာ သိ သွားရင် အရင်ဆုံးထိမှာက ငါတို့လို အဆင့်နိမ့်တဲ့ လူတွေပဲ.. ကဲ.. သွားစို့ "
ထို့သို့ ပြောလိုက်ပြီ ဘယ်ဘက်ခြမ်းက ကြေးစားစစ်သည်က အရင်ဆုံး အနောက်လှည့်လိုက်သည်။ အနက်ရောင်အရိပ် တစ်ခုက သူ့အရှေ့ကို ဖျတ်ခနဲ ရောက်လာသည်။ ကြေးစား စစ်သည်မှာ ပြန်လည် တုံ့ပြန်ဖို့ပင်အချိန်မရှိလိုက်ချေ။ စူးရှ သော နာကျင်မှုက လည်ချောင်းနေရာကနေ ထိုးတက်လာ သည်။ ချက်ချင်းပဲ သူ့၏ အသိသတိသည် မြောလွင့်သွားတော့ သည်။
" အင်း... သွားစို့.. "
ကြေးစားစစ်သည် နောက်တစ်ယောက်ကလည်း ထိုအခါမှ အနောက်လှည့်သည်။ သို့သော် အနောက်လှည့်လိုက်၍ သူ့ အဖော်အား မမြင်လိုက်ရသည့်အခါတွင် အံ့အားသင့်သွား သည်။ သို့သော် သူ့တွင် စကားပြောဖို့ အချိန်မရလိုက်.. အေး စက်သော ခံစားကို လည်ချောင်းနေရာတွင် ခံစားလိုက်ရပြီ နောက် အရာအားလုံးက အမှောင်ကျသွားတော့သည်။
ရှောင်ယွင်သည် အလောင်းနှစ်လောင်းကို တောနက်ထဲသို့ ဆွဲသွင်းလိုက်ပြီးနောက် သစ် ပင်ထိပ်သို့ နောက်တစ်ခါ တက်နေလိုက်ပြန်သည်။ အောက် ဘက်က စခန်းတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်ပြီ သူ့လက် ထဲက ဆေးပေါင်ဒါအမှုန့်ကို ဖြန့်ချလိုက်သည်။
ညအမှောင်၏ အကာအကွယ်မှုအောက်တွင် ဆေးပေါင်ဒါ အမှုန့်များသည် လေနှင့်အတူ လွင့်ပါသွားပြီ စခန်းချထားသည့် နေရာဆီသို့ လျှို့ဝှက်စွာ အုပ်ဆိုင်းသွားတော့သည်။
ထိုအခါ စခန်းထဲက ကြေးစားစစ်သည်တို့သည် ဆေးအစွမ်း ကြောင့် တဖြည်းဖြည်း မေ့လဲကျသွားတော့သည်။
သိပ်မကြာလိုက်.. ကြီးမားသည့် စခန်းတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားလေသည်။
ရှောင်ယွင်သည် ငြိမ်ငြိမ်သက်သက်လေးပဲ နေကာ တိတ်ဆိတ် သွားသော စခန်းတစ်ခုလုံးကို အခြေအနေကြည့်လိုက်သည်။ နောက်ဆုံးတွင် သစ်ပင်ပေါ်ကနေ ခုန်ချလိုက်ပြီ စခန်းဆီသို့ လမ်းလျှောက်ဝင်သွားကာ လက်တွင်လည်း ကြေးစားစစ်သည် တစ်ယောက်ထံမှ ရလာသော ဓားတစ်ချောင်းကို ကိုင်ဆောင် ထားသည်။
ထိုဓားဖြင့် ရှောင်ယွင်သည် ရွက်ဖျင်တဲအလွတ်တွေကို အောင် မြင်စွာ ဖြတ်ကျော်လာခဲ့ပြီ ခဏအကြာတွင် စခန်းတစ်ခုလုံး၏ အလယ်နေရာသို့ ရောက်သွားပြီ အကြီးဆုံး ရွက်ဖျင်တဲကြီး၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ရွက်ဖျင်တဲအတွင်းထဲတွင် ထင်းမီးပုံအလင်းရောင်ကြောင့် လူခန္ဓာကိုယ်နှစ်ခုက ပလူးပလဲ ဖြစ်နေသည်ကို မြင်လိုက်ရ သည်။
တဲအတွင်းက လူနှစ်ယောက်တို့၏ ညည်းသံများကို ကြားလိုက် ရသည့်အခါတွင် ရှောင်ယွင်၏ နှုတ်ခမ်းထောင့်က အေးအေး စက်စက် ကော့ညွတ်သွားသည်။
===============================
No comments:
Post a Comment