အပိုင်း ( ၁၂၂ )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ခန်းမထဲတွင် အကြေအလည်ဖြစ်နေသော အခြေအနေ တစ်ရပ်ကို ဆွေးနွေးနေကြသော လူနှစ်ယောက်က ထိုင်နေကြသည်။ ၎င်းတို့အနက် တစ်ယောက်မှာ ရှောင်ယွင်နှင့် ပဋိပက္ခဖြစ်ထားသော မုလီ ဖြစ်သည်။
ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေသူမှာ အသက်လတ်ပိုင်း လူကြီး တစ်ယောက်ဖြစ်ပြီး မျက်နှာက အနည်းငယ် တင်းမာနေကာ သူ့လက်ချောင်းက ကုလားထိုင် လက်ရန်းကို ခေါက်ကစားနေသည်။ နောက်ဆုံးတွင် သူသည် တိတ်ဆိတ်နေမှုကို ဖြိုခွဲလိုက်သည်။
" ရှာဖွေဖို့ လွှတ်လိုက်တဲ့ အဖွဲ့ကနေ သတင်းရလာတယ်.. မှော်သားရဲကောင်တောင်တန်းရဲ့ အလယ်ပိုင်းမှာ ငါတို့လူနှစ်ယောက် ပျောက်ဆုံးသွား ခဲ့တယ် "
အနည်းငယ် ကြမ်းရှနေသည့် စကားသံက ဖြည်းလေးစွာ ထွက်ပေါ်လာသည်။
" အဖေ.. သူတို့က မှော်သားရဲကောင်တွေရဲ့ တိုက်ခိုက် တာကို ခံလိုက်ရလို့လား.. "
မုလီက အေးဆေးစွာဖြင့် ပေါ့ပေါ့လေး ပြန်မေးလိုက်သည်။ မှော်သားရဲကောင်တောင်တန်းမှာ မှော်သားရဲ ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်က ဖြစ်နေကျ ကိစ္စတစ်ခုပင် ဖြစ်သည်။ ဒါအပြင် မုလီ ခေါ်ဝေါ်သုံးစွဲ လိုက်သည်ကို ထောက်သော် အသက်လတ်ပိုင်း လူကြီးမှာ ဝံပုလွေခေါင်း ကြေးစားအဖွဲ့၏ ခေါင်းဆောင် မုရှီ ဆိုတာကို သံသယမရှိသင့်တော့ချေ။
" သူတို့ကို မှော်သားရဲကောင်တွေက တိုက်ခိုက်လိုက်တယ်ဆိုရင်တောင် တိုက်ပွဲရဲ့ လက်ရာ ခြေရာတွေတော့ ကျန်နေမှာပဲလေ.. ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့ လူ နှစ်ယောက် သွားခဲ့တဲ့ နေရာတွေကို လိုက်ရှာဖွေကြည့်တာ ဘာလက်ရာခြေရာမှ မတွေ့ခဲ့ရဘူး.. ချောက်ကမ်း ပါးကနေ ပြုတ်ကျသွားဖို့ဆိုတာကလည်း လူသစ်တွေလောက်ပဲ ဖြစ်ကြတာ.. ဒီတော့ သူတို့ကို တခြားလူတွေ သတ်လိုက်တယ်လို့ပဲ ငါထင်တယ်.. ပြီးတော့ တိုက်ပွဲရဲ့ လက်ရာခြေရာတွေကို အဲဒီလူကပဲ ဖျောက်ပစ်လိုက်တာပဲ ဖြစ်ရမယ်.. "
မုလီက ခံစားချက်ကင်းမဲ့သည့် လေသံဖြင့် ပြောဆိုလိုက် ကာ သူ့ခေါင်းကို ခါယမ်းလိုက်သည်။
" အဖေက အဲဒါကို ရှောင်ယွင် လုပ်သွားတယ်လို့ ယူဆ တာလား.. "
မုရှီ၏ သုံးသပ်ချက်ကို ကြားလိုက်ရတဲ့အခါ မုလီ တွေဝေ သွားသည်။ ထို့နောက် ခေါင်းကို သွက်သွက်ခါလိုက်ပြီး ပြောလိုက်သည်။
" အဲဒီကောင်လေးနဲ့ ကျွန်တော် လက်သီးချင်း ယှဉ်ပြီးသွားပြီ.. သူ့ရဲ့ ခွန်အားနဲ့ဆို ဒိုကျဲအဆင့် ကြယ် ၅ လုံးသမားနှစ်ယောက်ကို အချက်ပြမီးတိုင် မပြနိုင် လောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး.. ဒါ မဖြစ်နိုင် ဘူးထင်တယ်.. "
" သူ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ငါ ဂရုမစိုက်ဘူး.. မနက်ဖြန်ကျရင် လူနောက်ထပ် လွှတ်လိုက်ပြီး အဲ့ဒီနေရာ ကို သေသေချာချာ ထပ်ရှာလာခဲ့ "
မုရှီက လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။ သူလို လူက အမှားနည်းနည်းလေးကိုပင် ဂရုစိုက်တတ်သည် မဟုတ်လား။
" ဟုတ်ကဲ့ "
မုလီက လက်ကို ဝှေ့ယမ်းလိုက်ပြီ ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်လိုက်သည်။
" ဂူထဲကနေ သယ်လာတဲ့ ကျောက်သေတ္တာကို ဖွင့်နိုင်ပြီလား.. "
ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မုရှီ ရုတ်တရက် မေးလိုက်သည်။
" ကျောက်သေတ္တာရဲ့ သော့က ရှောင်ယွင် လက်ထဲမှာ ရှိနေတယ်.. ပြီးတော့ ကျွင်းရှန် တစ်မြို့လုံးကနေ တော်တဲ့ သော့ပညာရှင်တွေ ပြကြည့်တယ်.. ဒါပေမဲ့ ဖွင့်လို့မရဘူး.. "
မုလီက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
" သော့နဲ့ မဖွင့်နိုင်ရင် ရိုက်ချိုးပြီ ဖွင့်လိုက်တော့.. ရွှေဒင်္ဂါး ခုနှစ်သိန်းနဲ့ ရှားပါးဆေးအမယ်တွေတောင် အခန်းဘေးမှာ ပစ်ထားနိုင်ပုံကို ထောက်ရင် အဲဒီ ဂူပိုင်ရှင်က အတော်လေးစွမ်းအားကြီးမဲ့ပုံပဲ.. ဒီတော့ သူချန်ထားသွားတဲ့ ပစ္စည်းကလည်း ဘယ်နည်းနဲ့မှ သာမန်ပစ္စည်း မဖြစ်နိုင်ဘူး ”
မုရှီက လက်သီးဆုပ်လိုက်သလို သူ့မျက်ဝန်းမှာလည်း လောဘအရိပ်က ထွက်ပေါ်လာသည်။
" ဟုတ်.. "
မုလီသည် ခေါင်းညိတ်လိုက်ပြီ နှုတ်ခမ်းသပ်လိုက်သည်။ လေသံတိုးတိုးဖြင့် သူ့အဖေကို မေးလိုက်သည်။
" အဖေ.. နတ်မိမယ်သမားတော်မလေးကိုရော ဘာလုပ်ဖို့ စိတ်ကူးထားလဲ "
" သူကရော ကျောက်ဂူဆီကနေ ဘာတွေ ရလာခဲ့သလဲဆိုတာ မင်းသိလား.. "
မုလီက စိတ်ပျက်စွာ ခေါင်းခါပြလိုက်ရာ မုရှီ၏ မျက်ဝန်းကျဉ်းမြောင်းသွားသည်။ သူ့လက်ကို ဝှေ့ယမ်းကာ လေးနက်သော အသံဖြင့်ပြောလိုက်သည်။
" အခု ငါတို့ သူကို ထိလို့မရသေးဘူး.. ကျွင်းရှန်မြို့မှာ သူ့ရဲ့ ဂုဏ်သတင်းက အတော်လေး ကောင်းတယ်ကွ.. တကယ်လို့ ငါတို့က သူ့ကို သွားထိပါးလိုက်ရင် ကျန်တဲ့ တစ်ကိုယ်တော် ကြေးစားစစ်သည်တွေရဲ့ ရန်ငြိုးကို ခံရနိုင်တယ် "
" ဒါဆို သူ့ကို ဒီအတိုင်းပဲ ဆေးတစ်ထောင်အိမ်တော်မှာ ထားလိုက်ရမှာလား "
" ဟဟ.. သူ့ကို ဘယ်လိုလုပ်ပြီး သာယာတဲ့နေ့ရက်တွေ ပိုင်ဆိုင်ခွင့် ပေးထားရမှာလဲ.. မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို ကောလာဟလဖြန့်ခိုင်းလိုက်.. ဒီလိုပြောခိုင်း.. နတ်မိမယ်သမားတော်မလေးက စွမ်းအားကြီးတဲ့ လူတစ်ယောက်ရဲ့ အမွေအနှစ်ကို ရလာတယ်လို့.. အဲဒီအမွေအနှစ်ကလည်း ရွှင်းအဆင့် ချီကျင့်စဉ်တစ်ခုပဲ လို့ ဖြန့်ခိုင်းလိုက်.. "
မုရှီက အေးစက်စွာ ရယ်မောလိုက်သည်။
" နတ်သမီးသမားတော်မလေးက ဆေးကုတဲ့နေရာမှာ တော်ပေမဲ့ သူက အရမ်းအားနည်းလွန်းတယ်.. ဒီလောကမှာ ဘယ်သူမှ သနားတယ်ဆိုတာ မရှိဘူး.. သူ့ဆီကနေ အမွေအနှစ်ကို လုဖို့ စဉ်းစားကြတဲ့ လူတွေချည်းပဲ.. အဲဒီလူတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းပေတော့.. ငါတို့က သူ့ကို ခေါင်းကိုက်စရာတစ်ခု လက်ဆောင်ပေးခဲ့လိုက်မယ်.. "
" ကောင်းလိုက်တဲ့ အကြံပဲ.. ဆေးတစ်ထောင်အိမ်တော် ကတောင် အဲဒီအမွေအနှစ်ကို စိတ်ဝင်စားသွားလိမ့်မယ်.. အဲဒီအခါကျရင် နတ်မိမယ်သမားတော်လည်း နေရတာ လုံခြုံမှုမရှိတော့ဘူး..ဟဟ.. အဲဒီအချိန်ကျရင် ငါတို့ သူ့ကို လွယ်လွယ်လေး ဖမ်းလို့ရပြီး.. "
မုလီ၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီ အားရစွာ ရယ်ပြုံးလိုက်သည်။
မုရှီလည်း ခေါင်းကို အသာညိတ်လိုက်ပြီ သူ့နားရွက် အောက်က အနာရွတ်ကို ပွတ်သပ်လိုက်သည်။ ရုတ်တရက် ကောက်ကာငင်ကာ ပြောလိုက်သည်။
" နတ်မိမယ်သမားတော်မလေးက ပြဿနာ သိပ်မပေးနိုင်သေးဘူး.. ငါ တကယ် စိတ်ပူတာက မင်းပြောတဲ့ ကောင်လေး ရှောင်ယွင်ပဲ "
ထိုနေရာတွင် စကားခနရပ်လိုက်သည်။ မုရှီ၏ မျက်ဝန်း တွင် ဆုံးဖြတ်ချက် ချလိုက်သည့်ဟန် ဖြစ်ပေါ်လာသည်။
" ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိုကျဲအဆင့် ကြယ် ၂ လုံး အထက် ရောက်နိုင်တယ်ဆိုတာ သူ့ရဲ့ အလားလာက အရမ်းကောင်းနေတယ်.. ငါ တကယ် စိတ်ဝင်စားတာက အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ လူငယ်လေး တစ်ယောက်က တခြားသူလို ဘဝင်လည်း မမြင့်ဘဲ သူ့ အစွမ်းအစကိုလည်း သိုဝှက်ထားသေးတယ်.. တကယ်လို့ သေရေးရှင်ရေးအခြေအနေ နောက်ဆုံးမိနစ်အထိ မကြုံ တွေ့လိုက်ရရင် မင်းကို လက်သီးတစ်ချက်တည်းနဲ့ အနောက်တွန်းသွားစေနိုင်တာကို ဘယ်သူမှ သိကြလိမ့် မှာ မဟုတ်ဘူး.. "
သူ့အသံက တဖြည်းဖြည်း တိုးသွားသလို အေးစက်စက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ မျက်နှာပေါ်မှာ ဖုံးလွှမ်းလာသည်။
" ဒီလို အစွမ်းအစရှိတဲ့ ရန်သူတစ်ယောက်ကို မကြီးထွားခင်မှာ သတ်ထားရမယ်.. မဟုတ်ရင်.. အနာဂတ်မှာ သူ လက်စားပြန်ချေလာခဲ့ရင်ဘာမှ တတ်နိုင်တော့မှ မဟုတ်ဘူး.. "
ထိုအခါ မုလီသည် ဂူထဲက အဖြစ်အပျက်ကို ပြန်သတိ ရလိုက်သည်။ ရှောင်ယွင်သည် အန္တရာယ်ဖြင့် တွေ့ကြုံ ရပါသော်လည်း အကောင်းဆုံး လွတ်မြောက်နိုင်သည့် နည်းလမ်းဖြင့် ထွက်ပြေးနိုင်ခဲ့သည်။ ဒီလိုရန်သူမျိုး ရှိသည်က သူ့အတွက် အိမ်မက်ဆိုးပင်။
" မနက်ဖြန်ကျရင်.. လူအင်အား နှစ်ဆတိုးပြီ ရှာခိုင်း လိုက်မယ်.. ဆုတော်ငွေကိုလည်း သုံးဆတိုးပေးလိုက် မယ်.. အဲဒီကောင်ကို အချိန်တိုတိုအတွင်းမှာ အမြန်ဆုံး ရှာတွေ့နိုင်အောင် လုပ်ရမယ်.. "
မုလီက ပြောလိုက်ပြီး သူ့လက်သီးကိုလည်း ဆုပ်ထား လိုက်လေသည်။
အဖေနှင့်သားက ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို ရင်ဆိုင်ဖို့ အသည်းအသန်ဖြစ်နေသည်ကို ကြည့်ပြီ ခန်းမ ထဲမှာ ထိုင်နေသော တခြားသူတွေက လှောင်ပြောင်ချင် ကြသော်လည်း သူတို့သည် ရိုသေစွာဖြင့် အမိန့်နာခံလိုက် ကြသည်။
***
တဝေါဝေါဖြင့် ကျဆင်းနေသော ရေတံခွန်မှ ရေတို့သည် ကျောက်တုံးအပေါ်သို့ ကဆုန်ပေါက် ဆင်းချလာကာ မိုးခြမ်းသံလို ခပ်အုပ်အုပ်အသံများသည်လည်း တောင်ကြားထဲတွင် ထွက်ပေါ်နေသည်။
ရေတံခွန်ဘေးနားက ရေကန်တစ်ခုတွင် မတ်တတ်ရပ်နေ ရင်း ရှောင်ယွင်သည် ကျဆင်းနေသော ရေစီးအောက်မှ ကြီးမားသည့် သစ်တိုင်လုံးကြီး ဆယ်လုံးတို့ကို ငေးကြည့် နေမိသည်။ သူ့မျက်နှာမှာ ခါးသီးနေဟန်ရှိကာ ဘေးနားက ရွဲ့လော်ကို မအီမသာဖြင့် ပြုံးလိုက်၍
“ ဆရာ.. ဆရာက ကျွန်တော်ကို အဲဒီအောက်ကို ဆင်းပြီ လေ့ကျင့်စေချင်နေတယ်မလား.. ”
“ မင်းပြောတာမှန်တယ်..”
အပြုံးတစ်ခုဖြင့် ရွဲ့လော် ပြန်ဖြေလိုက်သည်။
“ ငါ ပြောဖူးပါတယ်.. ဒီအဆင့် ဒိုသိုင်းတစ်ခုကို ရွှင်းအဆင်း ဒိုသိုင်းနဲ့ တူတယ်လို့ မထင်လိုက်ပါနဲ့လို့်.. မဟုတ်ရင် လူတိုင်းက လေ့လာနိုင်သွားမှာပေါ့.. အဆင့် တစ်ခုရှိတဲ့ အရာတစ်ခုကို လေ့လာချင်ရင် အဲဒီအဆင့်နဲ့ ညီမျှတဲ့ လိုအပ်ချက်တွေကို ပြည့်စုံအောင် အရင်လုပ်ထား ရတယ်ကွ… ”
“ ငါ့ကို အဲဒီ ကြီးမားလေးလံ ရွှင်းပေတံကြီးကို ကမ်းပေးလိုက်.. ”
ရွဲ့လော်သည် လက်ကမ်းလိုက်ပြီ ရှောင်ယွင်ဆီမှ အနက်ရောင် ပေတံဓားကြီးကို လှမ်းယူလိုက်သည်။
ရှောင်ယွင် လေးလံစွာ သယ်ထားရသော အလွန်တရာ လေးလံသည့် ပေတံဓားကြီးသည် ရွဲ့လော်လက်ထဲတွင် ပေါ့ပေါ့လေးသာ ဖြစ်နေသည်။ ရွဲ့လော်သည် ဓားကြီးအား ပေါ့ပါးစွာ လွှဲယမ်းလိုက်ရင်း ရှောင်ယွင်ကို အပြုံးဖြင့် မေး လိုက်သည်။
“ တကယ့်အစစ်အမှန် ဒီအဆင့် ဒိုသိုင်းတစ်ခုကို မြင်ဖူး လား.. မင်း မြင်ချင်လား.. ”
ထိုစကားကြားလိုက်ရသည့်အခါတွင် ရှောင်ယွင်၏ မျက် လုံးက ချက်ချင်း တောက်ပလာသည်။ ကြက်ဖ ဆန်စေ့ ကောက်သလို ခေါင်းကို သွက်သွက် ညိတ်လိုက်သည်။
ရွဲ့လော်က အသာအယာ ပြုံးလိုက်ရင်း ကြီးမားလေးလံ ရွှင်းပေတံဓားအား ကိုင်ဆွဲကာ လေထက်သို့ ပျံတက် လိုက်သည်။ ရေကန်အလယ်ရောက်မှ ရပ်လိုက်သည်။
ရွဲ့လော်သည် ခေါင်းငုံ့၍ ၅ မီတာအကွာမှာ ရှိနေသည့် ရေကန်ကို ကြည့်လိုက်ပြီ တဖန် ငွေရောင်ထနေသည့် နဂါးကြီးတစ်ကောင်လို ပုံစံဖြစ်နေသာ ရေတံခွန်စီး ကြောင်းကြီးကို ထပ်ကြည့်လိုက်သည်။
ရွဲ့လော်သည် အသက်ကို ဖြည်းညှင်းစွာ ရှုသွင်းလိုက်ပြီ မျက်လွှာချထားလိုက်သည်။ ခဏအကြာတွင် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ချက်ချင်းပင် မရင်းနှီးသည့် ကြောက်စရာကောင်းသည့် အားတစ်ခုက ရွဲ့လော် ခန္ဓာကိုယ်ကနေ နဂါးတစ်ကောင် နိုးထလာသလို ထွက်ပေါ်လာသည်။
ထိုအားကြောင့် တည်ငြိမ်နေသော ကန်ရေပြင်မှာ ရေပူဖောင်းများ ပလုံစီလာပြီ ရေဆူပွက်နေသလို ဖြစ်လာ သည်။ ရေပူဖောင်းသည် တဖြည်းဖြည်း များပြားလာကာ ကန်ရေပြင်တစ်ခုလုံးကို တစ်စစ ပြန့်နှံ့ရောက်ရှိသွားသည်
ရှောင်ယွင်မှာ ထိတ်လန့်နေသော မျက်နှာဖြင့် ထိုမြင်ကွင်း ကို ကြည့်နေသည်။ ယခု ရွဲ့လော်ပုံစံမှာ အမြဲတမ်းပျင်းရိ နေပြီ အေးဆေးသမား လူအိုကြီးတစ်ယောက်နှင့် ဘာမှ မဆိုင်တော့ချေ။ ထိုအခိုက်တွင် သူသည် ဓားအိမ် မချွတ် ရသေးသော ဓားတစ်လက်ကဲ့သို့ ဘယ်သူမှ စေ့စေ့ မကြည့်ရဲလောက်အောင် ထက်မြက်သော အင်အားကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
“ သူက တစ်ချိန်တစ်ခါတုန်းက တကယ်ကို စွမ်းအား ကြီးခဲ့သူ တစ်ယောက် ဖြစ်နိုင်တယ်.. ”
ရှောင်ယွင် လေသံတိုးတိုးဖြင့် ပြောလိုက်မိသည်။ ခဏအကြာတွင် ရှောင်ယွင်၏ မျက်လုံးသည် ရုတ်ခြည်း တောက်ပလာသည်။ တစ်နေ့တွင် သူသည်လည်း ထိုအင်အားမျိုးကို ပိုင်ဆိုင်နိုင်ရမည်ဟု ဆုံးဖြတ်ချက် ခိုင်မာသွားလေသည်။
ရေကန်ပြင်ထက်တွင် ရွဲ့လော်သည် အနက်ရောင်ပေတံ ကို အေးဆေးပေါ့ပါးစွာ လွှဲယမ်းနေသည်။ ထိုပေတံဓား ကြီး၏ ကိုယ်ထည်ပေါ်က ရှောင်ယွင် ခေါင်းရှုပ်ဖူးသော ရှုပ်ထွေးသည့် မျဉ်းလိုင်များသည် ယခုအခါ အနီရောင် အလင်းများ တောက်ပနေသည်။ ထိုပေတံဓားကြီးက လေထုထဲ လွှဲယမ်းလိုက်သည့်အခါတွင် ဘေးပတ်လည်က လေထုမှာ ချက်ချင်း လှုပ်ခါဝေဝါးသွားသည်။
အနက်ရောင်ပေတံဓားမှာ ညနေဆည်းဆာဆို အနီရဲရဲ ဖြစ်လာနေသည်။ ထိုဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရင်း ရွဲ့လော်သည် တစ်ချက် မာန်သွင်းအော်ဟစ် လိုက်ပြီ ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူ့ခြေလှမ်းများက လေထုထဲ နှေးကွေးစွာ လျှောက်လှမ်း နေသလို ပုံရိပ်ယောင်များစွာ အံ့သြဖွယ်ကောင်းလောက် အောင် နေအလင်းရောင်အောက်မှာ ထွက်ပေါ်လာခဲ့ သည်။
လေထုထဲမှာတောင် မှုန်ဝါးဝါး ပုံရိပ်ယောင်များကို တအံ့တအားကြည့်နေရင်း ရှောင်ယွင်မှာ ဆွံ့အနေမိတော့ သည်။ ရွဲ့လော်၏ အလျင်က ဒီလောက်ကြောက်စရာ ကောင်းမှန် သူ မထင်မှတ်ထားပါဘူး။
ပုံရိပ်ယောင် ပျောက်ကွယ်သွားသည့်အချိန်တွင် ရွဲ့လော် ၏ ခန္ဓာကိုယ်သည် ဆယ်မီတာအကွာက ရေတံခွန်ကြီး ဆီသို့ ရွှေ့ပြောင်းလိုက်သလို သွားပေါ်နေသည်။ ကြီးမား သော ရေတံခွန်ကြီးနှင့် ရွဲ့လော်၏ ခန္ဓာကိုယ်ကို နှိုင်းယှဉ်ပါလျှင် ရွဲ့လော်သည် ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေသည်။ သို့သော် ယင်းသေးသေးလေးအရာက သယ်ဆောင်ထားသော ကြောက်စရာကောင်းသည့် အင်အားက ရေတံခွန်ထက်ပင် ပို၍ ကြောက်ရွဲ့ဖွယ် ကောင်းလေသည်။
ရေတံခွန်မှ ရေအဟုန်နှင့် ဖြစ်ပေါ်လာသော လေအဟုန် တို့က သေးငယ်ပြီ အားနည်းနေသယောင် ထင်ရသော ရွဲ့လော်ကို နည်းနည်းလေးပင် လှုပ်ခါစေခြင်းငှာ မပြုနိုင် ကြချေ။
စတင်လှုပ်ရှားလေပြီ.. ရွဲ့လော်သည် အရှေ့သို့ ထိုးပျံသွား ပြီ ရုတ်တရက် ရပ်တန့်လိုက်သည်။ ခန္ဓာကိုယ်ကိုလည်း နှစ်ခါပြန် လှည့်ပစ်လိုက်သည်။ ရွဲ့လော်လက်ထဲက ပေတံ ဓားကြီးမှာ ပိုပိုပြီ အနီရောင်တောက်ပလာသည်။ ခဏအကြာတွင် တောက်ပလာမှုကြောင့် ရှောင်ယွင် မျက်လုံးကို မှေးကျဉ်းထားရသည်။
“ ဒီအဆင့် ဒိုပညာရပ်.. မီးလျှံခွဲဆူနာမီ.. ”
တောင်ကြားထဲက လေထုထဲတွင် မိုးခြိမ်းလိုက်သလို ခပ်အုပ်အုပ်အသံကြီးက ပေါက်ကွဲထွက်လာသည်။ ထို့အတူ အင်မတန်ပူပြင်းသည့် အပူလှိုင်းကပါ တောင်ကြားနေရာအနှံ့သို့ ရိုက်ခတ်သွားသည်။
“ ဘုန်း.. ”
အနီရောင်အလင်းတန်းသည် ကန်ရေမျက်နှာပြင်ကို မိုးကြိုးပစ်ချလိုက်သလို ထိမှန်ဖြတ်ဝင်သွားသည်။ ထိုအခါ ၁၀ မီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းလုံးကြီးက ရုတ်ချည်း ကြွတက်လာပြီ နောက်ဆုံးတွင် အရှိန်အဟုန် ဖြင့် ကျဆင်းနေသော ရေတံခွန်ဆီသို့ ပြင်းထန်စွာ သွား ရိုက်ခတ်သွားသည်။
“ ဘုန်း.. ဘုန်း.. ဘုန်း.. ”
နားကွဲမတတ် ဆူညံလှသော ပေါက်ကွဲသံသည် မိုးခြမ်းသံ ကဲ့သို့ တောင်ကြားနေရာကို ဆက်တိုက် အသံလှိုင်းပျံဝင် သွားသည်။ ထိုအခါ မရေတွက်နိုင်သော ကျောက်တုံးများ ကွဲကြေကာ ချောက်ကမ်းပါးနံရံကနေ တဒုန်းဒုန်း လိမ့် ဆင်းလာကြသည်။
ရှောင်ယွင်သည် နားနှစ်ဖက်ကို ပိတ်ထားလိုက်သည်။ ရွဲ့လော်၏ တိုက်ခိုက်မှုကြောင့် ဤဆူညံသံများ ထွက် ပေါ်လာသည်ကိုလည်း ပါးစပ်အဟောင်းသားဖြင့် မှင်တက်အံ့သြနေသည်။ ခဏအကြာတွင် တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီ ရေတံခွန်အနားက နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ထူထဲလှသော ရေခိုး များက မြင်ကွင်းကို ပိတ်ကာထားသည်။
အားကောင်းသော လေကလည်း ကန်ရေပြင်ကနေ ဖြတ်ဝင်တိုက်ခတ်သွားရာ ရေခိုးငွေ့သည်လည်း တဖြည်းဖြည်း ကျဲပါးသွားသည်။ ရေခိုးငွေ့အနောက် ဘက်က ရေတံခွန်သည်လည်း တဖြည်းဖြည်း ရုပ်လုံး ပြန်ပေါ်လာသည်။
ထိုအခိုက်တွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ရေတံခွန်စီးကြောင်းမှာ အမှန်ပင် ဖြတ်တောက်လိုက်ခြင်း ခံလိုက်ရသည်ကို တွေ့လိုက်သည်။ ရေစီးကြောင်း အနောက်က ကြီးမားသော ကျောက်ရေမြောင်းကို မြင်ရလေသည်။ ကျောက်ရေမြောင်းအလျားမှာ ပေတစ်ရာမီတာရှည်ပြီ သုံးဆယ်မီတာ ကျယ်ဝန်းသည်။
ကျောက်ရေမြောင်းအစွန်းတွင် မရေတွက်နိုင်သော ကွဲအက်ရာများဖြင့် ကျောက်နံရံတစ်ခုလုံးကို လွှမ်းခြုံထား သည်မှာ နွယ်ပင်များ ဖြန့်ကျက်ထားသလိုပင် ရှိသည်။
ရေတံခွန်ကြီး၏ ရေစီးကြောင်း ဖြတ်တောက်ခံလိုက်ရ သည်မှာ စက္ကန့်နှစ်ဆယ်ကျော်ကြာမြင့်ပြီးနောက် တဖြည်း ဖြည်းဖြင့် ပြန်လည်း စီးဆင်းလာပြီး ကျောက်သားထက်က ကွဲအက်ရာကြီးကို ပြန်လာဖုံးလွှမ်းသွားသည်။
“ ဒါ..ဒါက.. တကယ်ပဲ ဒီအဆင့် ဒိုသိုင်းပညာရပ်ရဲ့ အင်အားအစစ်အမှန်လား..”
ရှောင်ယွင်မှာ ရင်ဘက်ဖိထားရပြီ ပျာယာခတ်ကာ အသက်ရှုမွန်းကြပ်သလို ခံစားလိုက်ရသည်။
လေထဲမှ ရွဲ့လော်သည် ပြန်ဆင်းလာပြီ အံ့အားသင့် နေသည့် ရှောင်ယွင်ကို လက်ညိုးတို့လိုက်သည်။
“ မီးလျှံခွဲဆူနာမီ… အဆင့်နိမ့် ဒီအဆင့်.. ကျွမ်းကျင်စွာ တတ်မြောက်သွားပါက တောင်ကို ဖြတ်တောက်ခြင်း.. လှိုင်းလုံးခြေဖျက်ခြင်းတို့ကို လွယ်ကူစွာ လုပ်ဆောင် နိုင်ပြီး.. ”
အညွန်းက ရိုးရှင်းသော်လည်း ရှောင်ယွင်မှာ တကယ်ကို ဝမ်းသားသွားသည်။
ရွဲ့လော်သည် ကြီးမားလေးလံ ရွှင်းပေတံကို မြေကြီး ပေါ် ထိုးစိုက်လိုက်ပြီ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် ရေအောက်က သစ်လုံးကြီး ဆယ်လုံးကို မေး ဆတ်ပြလိုက်ပြီ ပြုံးလိုက်သည်။
“ ဒီနေ့ကစပြီ ရေတံခွန်ရဲ့ ရေစီးကြောင်းကို ယှဉ်နိုင် အောင် လေ့ကျင့်ရမယ်.. ဒီ သစ်လုံး ဆယ်လုံအပေါ်မှာ မာမာရပ်ပြီး ရေအလျင်ကို အကြိမ်သုံးရာ ဖြတ်တောက် နိုင်ရမယ်.. ဒါဆို မီးလျှံ့ခွဲဆူနာမီ ပထမဆင့်ကို သင်ပေး မယ်.. ဒါပေမဲ့ မှတ်ထားပါ မင်ရဲ့ စွမ်းအားနဲ့ဆို တစ်ခါပဲ သုံးလို့ရသေးတယ်.. နောက်တစ်ကြိမ် ထပ်မသုံးရဘူး.. တကယ်လို့ အတင်းသုံးလိုက်မယ်ဆိုရင် အတွင်းဒဏ်ရာ ရမယ်.. အနာဂတ်မှာ တိုးတက်မှု နှောင့်နှေးသွားမယ်.. ဒါကြောင့် ဖြစ်နိုင်ရင် လုံးဝ မသုံးပါနဲ့.. တကယ်ကို အရေး ကြီးသည့် အခါမှာသာ သုံးပေါ့.. ”
စကားအဆုံးနားရောက်လေ ရွဲ့လော်၏ အသံက ပိုပြီ ကျယ်လောင်လာပင်။
ရှောင်ယွင်လည်း ခေါင်းညိတ်လိုက်ပြီ ရွဲ့လော်ပြသည့် နေရာသို့ လိုက်ကြည့်လိုက်သည်။ ရေတံခွန်အောက် နေရာသို့ ဖြစ်သည်။ ကျယ်လောင်ပြင်းထန်သည့် ရေများက ကျောက်တုံများကို တဝုန်းဝုန်း ပြေးဆောင့် နေသည်ကို ကြည့်ရင်း ရှောင်ယွင် ကျောစိမ့်သွားသည်။ ထို့ကြောင်း ခပ်ကျယ်ကျယ်လေး ရယ်လိုက်ပြီ ပြောလိုက် သည်။
“ တော်တော် အားကောင်းတယ်ဟ.. တကယ်လို့ တစ်ယောက်ယောက်က ဒိုချီစွမ်းအင် အကာအကွယ် မလုပ်ဘဲ ဆင်းသွားရင် ချက်ချင်း သတိလစ်သွားနိုင် တယ်နော့.. ဟုတ်တယ်မလား.. ”
“ ဖြစ်နိုင်တယ်.. ”
ရွဲ့လော်က လက်ကို ဆန့်တန်းလိုက်ပြီ ရှောင်ယွင်ကို အပြုံးဖြင့် ကမ်းပေးလိုက်သည်။
“ လေ့ကျင့်တဲ့အခါမှာ ကြီးမားလေးလံ ရွှင်းပေတံကို ယူထားရမယ်.. အနာဂတ်မှာ မီးလျှံခွဲဆူနာမီကို ထုတ်သုံးရင် ဒီပေတံနဲ့ တွဲသုံးရမယ်.. ဒါမပါရင် ဒီအဆင့် ဒိုသိုင်းက စွမ်းအား ထုတ်ပေးနိုင်တာ သုံးဆယ် ရာခိုင်နှုန်းပဲ.. ”
နောက်ပြီ မင်းမှာ ရှိတဲ့ စွမ်းအင်ဖြည့်တင်းဆေးလုံး အကုန်လုံးကို ငါ့လက်ထဲအပ်.. ဒီလေ့ကျင့်ခြင်းက ဆေးလုံးတွေ မလိုဘူး.. မင်းဘာသာ ကိုယ့်ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်းရမယ်.. ”
ရွဲ့လော်သည် ရှောင်ယွင်ရဲ့ သိုလှောင်လက်စွပ်ကနေ တိုက်ရိုက် ထုတ်ယူလိုက်ပြီ ခပ်ပြုံးပြုံးဖြင့် နေလိုက်သည်။
ရွဲ့လော်က သူ့ပစ္စည်းကို ပိုင်စိုးပိုင်နင်းဖြင့် လုပ်ချင်သလို လုပ်နေသည်ကို ကြည့်ပြီ ရှောင်ယွင် စိတ်ပျက်စွာဖြင့် နှုတ်ခမ်းမဲ့ရွဲ့လိုက်သည်။ အနောက်လှည့်ပြီ ရေတံခွန် အောက်က ကြီးမားသည့် တိုင်လုံးကို ကြည့်ကာ အံကြိတ် လိုက်ရင်း
“ ဘယ်လို ဆင်းရဲမျိုးကိုမဆို ငါကျော်လွှားနိုင်ရမယ်.. ဒီလောက်လေးကို မကျော်ဖြတ်နိုင်ဘူးဆိုတာ မင်းထင်လား.. ”
“ ဒီအဆင့် ဒိုသိုင်းအတွက် ငါ တိုက်ခိုက်ရမယ်.. ”
အံကို ကြိတ်ကာ အားပါပါဖြင့် အော်ဟစ်လိုက်ပြီးနောက် အဝတ်အစား ချွတ်လိုက်သည်။ ပြီးလျှင် ကျောက်တုံးကြီး တစ်တုံးအပေါ်သို့ ခုန်ဆင်းလိုက်သည်။ ပြီလျှင် ပထမဆုံး သစ်တိုင်လုံးဆီသို့ ခုန်လွှားလိုက်သည်။
တိုင်လုံးထိပ်ပေါ်သို့ ရောက်သွားသည်နှင့် ပြင်းထန်စွာ ကျ ဆင်းလာသောေ၇အားက ရှောင်ယွင်အား အနောက်ကန် ချလိုက်၍ ရှောင်ယွင်မှာ ချက်ချင်းပဲ ဒိုချိစွမ်းအင်ဖြင့် အကာအကွယ် ပြုလိုက်ရလေသည်။ နောက်ကျောဆီက နာကျင်စွာ ခံစားလိုက်ရကာ တဖန် ရေအားဒဏ်ကို ဆက်လက်တောင့်ခံနိုင်စွမ်း မရှိ၍ တိုင်လုံးထိပ်မှာ ပြုတ် ကျသွား၍ ကန်ရေပြင်ဆီသို့ ပြန်လည် မျောပါသွားသည်။
ခဏအကြာတွင် ရှောင်ယွင်သည် ကန်ရေပြင်ထက် မျက်နှာပေါ်လာပြီ အစာအိမ်ထဲေ၇ာက်သွားသော ရေတို့ကို အန်ထုတ်လိုက်သည်။ ပြီးလျှင် ဒေါသထွက်ထွက်ဖြင့် အော်လိုက်ပြန်သည်။
“ ဒီနေ့ မင်းကို အနိုင်ယူမယ်ကွ.. ”
ထိုသို့ အော်ဟစ်လိုက်ပြီနောက် ရှောင်ယွင်သည် ရေကန် ကနေ တက်လာကာ နောက်တစ်ကြိမ် ကျောက်တုံးဆီကို ခုန်ဆင်းလိုက်ပြန်သည်။ ပြီးလျှင် သစ်တိုင်လုံးထိပ်ဆီသို့ အပြေးသွားရပ်လိုက်သည်။
“ ဘုန်းး ”
“ နင့်ဘွားအေ.. ”
“ ဘုန်းးး ”
“ ချီးတဲ့မှ.. ”
် ခေါင်းမာလှသော လူငယ်က အကြိမ်ကြိမ် ရေတံခွန်ကို စိန်ခေါ်နေသည်ကို ရေကန်ဘေးနားမှာ ထိုင်နေသော ရွဲ့လော်သည် ကြည့်ပြီ အသာအယာ ပြုံးလိုက်မိသည်။ သူ့မျက်ဝန်းတွင်လည်း ကျေနပ်သော အမူအရာ ပေါ်လွင်နေသည်။
=========================================
No comments:
Post a Comment