အပိုင်း ( ၁၁၇ ) - ပျံသန်းနိုင်သည့် စွန်းရဲတောင်ပံဒိုပညာရပ်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ရှောင်ယွင်သည် သော့ကိုကိုင်လာရင်း သေတ္တာဆီကို လျှောက်လာပြီ နွေးနေသည့် သတ္တုသော့ခလောက်ကို ကိုင်လိုက်သည်။ ထို့နောက် ဆေးပင်အားလုံးကို တူး၍ ပြီးသလောက် ရှိနေပါသော နတ်မိမယ်သမားတော်မလေး ကို ခေါင်းလှည့်ကြည့်လိုက်ကာ ပြုံးပြီ ခေါ်လိုက်သည်။
“ ဒီကို မြန်မြန်လာခဲ့.. ဒီသေတ္တာတွေကို ဖွင့်ပြီး အားလုံး ကို အပိုင်မသိမ်းချင်ပါဘူးနော်.. ”
“ နင့်မှာ အသိစိတ်တော့ ရှိတတ်သားပဲ.. ”
နတ်မိမယ်သမားတော်မလေးက နှာခေါင်းရှုံ့ပြောလိုက် ကာ ပုလင်းဆယ်လုံးကျော်ကို ပိုက်လာပြီး ကျောက်စားပွဲ ခုံပေါ်ကို ထားလိုက်သည်။ ပြီးလျှင် ပုလင်း ၆ လုံးကို တွန့်တိုစွာဖြင့် ရွေးလိုက်ပြီ ရှောင်ယွင်ကို ကမ်းပေးလိုက် သည်။
“ ရော့.. နင့်ဟာတွေ.. ”
ရှောင်ယွင်လည်း လှမ်းယူလိုက်ပြီ တစ်ချက် စစ်ဆေး ကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲကို ထည့် ထားလိုက်သည်။ ရေခဲဝိညာဉ်မီးမြက်ပင်ကို ရထားပြီးပြီ မို့ တခြားသော တန်ဖိုးရှိဆေးပင်တွေက သူ့အတွက် အရေးမကြီးတော့ပါလေ။
ရှောင်ယွင်က သော့သုံးချောင်းကို မြှောက်ပြလိုက်ပြီး နတ်မိမယ်သမားတော်မလေးကို ပြောလိုက်သည်။
“ ဒါဆို ဒီသေတ္တာတွေကို ငါ ဖွင့်လိုက်တော့မယ်.. ”
“ သေတ္တာကို ဖွင့်ဖို့.. ”
ရှောင်ယွင်ကို မျက်စောင်းထိုးကြည့်လိုက်ပြီးနောက်တွင် သူမသည် ဆေးပုလင်းများကို သူမ၏ ခါးနေရာနှင့် ရင် ဘတ်အတွင်းသို့ ခပ်သွက်သွက် ထည့်သွင်းလိုက်သည်။ ထိုအခါ သေးသွယ်သော သူမ၏ ခါးနေရာမှာ အနည်းငယ် ဖောင်းတင်းသွားသည်။
ရှောင်ယွင်က နှုတ်ခမ်းသပ်လိုက်ပြီ ကျောက်သေတ္တာကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သော့သုံးချောင်း ထဲက တစ်ချောင်းကို ကံစမ်းရွေးယူလိုက်ပြီး ပထမဆုံး သော့ခလောက်ကို ယူ၍ သော့ထိုးကြည့်လိုက်သည်။
“ ဒါ မဟုတ်သေးဘူး.. ”
သော့က အထိုးရခက်နေ၍ ရှောင်ယွင်က ပခုံတွန့်ပြော လိုက်ပြီး ဒုတိယသော့ချောင်းနှင့် ပြန်ပြီ ထိုးထည့်ကြည့် လိုက်ပြန်သည်။
“ လွဲပြန်ပြီး.. ”
ရှောင်ယွင်မှာ စိတ်ပျက်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ နောက်ဆုံးသော့ချောင်းကို တင်းတင်းကိုင်လိုက်ပြီး နောက် သော့ပေါက်ထဲသို့ ဂရုတစိုက်ဖြင့် ထည့်ကြည့် လိုက်သည်။
သော့ချောင်းက သော့ခလောက်ထဲ တဖြည်းဖြည်း ဝင်သွားသည်ကို ကြည့်ရင်း ရှောင်ယွင်နှင့် နတ်မိမယ် သမားတော်မလေးတို့သည် အသက်ကိုပင် အောင့်ထား မိကြသည်။ တိတ်ဆိတ်နေသည့်အခန်းတွင်းဝယ် သော့ ခလောက်ထဲကို သော့ချောင်းတိုးဝင်သွားသည့် အသံတစ်မျိုးတည်းသာ ထွက်ပေါ်နေသည်။
“ ခလန်းးး ”
ရုတ်တရက် ကြည်လင်ပြတ်သားသော အသံက အခန်း အတွင်း ပျံနှံ့သွားပြီ ရှောင်ယွင်၏ လက်ကလည်း တုံ့ခနဲ ရပ်သွားသည်။
သော့ခလောက်က ပွင့်သွားရာက ထွက်ပေါ်လာသော အသံကို ကြားလိုက်လျှင် ရှောင်ယွင် အသက်ပြင်းချပြီ ပြောလိုက်သည်။
“ သော့ပွင့်သွားပြီး.. ”
“ ဒါဆို မြန်မြန်ဖွင့်လိုက်တော့လေ.. ”
နတ်မိမယ်သမားတော်မလေး၏ မျက်နှာမှာ ပျော်မြူးသွား ဟန်ဖြင့် မစောင့်ဆိုင်းချင်တော့သည့် အသံဖြင့် ပြော လိုက်သည်။
ရှောင်ယွင်မှာ စိတ်လှုပ်ရှားနေသော နတ်မိမယ်သမား တော်မလေးကို တစ်ချက်ကြည့်လိုက်ပြီ သူမစကားကို ဂရုမစိုက်ဘဲ အဲဒီအစား သူမ၏ လက်ကို ဖမ်းကိုင်ပြီ အနောက်ကို ဆုတ်လိုက်သည်။ ထို့နောက် လက်ဝါးကို သေတ္တာဆီ ထိုချိန်လိုက်ပြီး ပြင်းထန်အားကောင်းသော အားကို လက်ဝါးပြင်ကနေ ထုတ်လွှတ်လိုက်လျှင် ကျောက်သေတ္တာအဖုံးအား ပွင့်ထွက်သွားစေသည်။
ကျောက်သေတ္တာအဖုံးပွင့်ထွက်သွားလျှင် ရှောင်ယွင် အချိန်တစ်ခုအထိ စောင့်ဆိုင်းနေလိုက်သေးသည်။ ကျောက်သေတ္တာအတွင်းမှာ မည်သည့်တုံ့ပြန်မှုကို မထွက်လာသည်ကို မြင်မှသာ ရှောင်ယွင် ကောင်း ကောင်း အသက်ပြင်းချလိုက်နိုင်တော့သည်။ ထို့နောက် လက်နှစ်ဖက်ကို ရင်ဘက်အရှေ့ထားပြီ ကွယ်ရပ်နေ သော နတ်မိမယ်သမားတော်မလေးက သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်လျှင် ရှောင်ယွင် ပခုံးကို တစ်ချက် တွန့်ပြလိုက်ပြီ ပြောလိုက်သည်။
“ နည်းနည်းလောက် သတိထားတာ သိပ်ကောင်းတဲ့ အရာပဲလေ.. ”
“ ရှင့်ကို မှော်သားရဲကောင်တောင်တန်းမှာ ပစ်ထားခဲ့ရင် အပြင်လောကထက် ရှင် နေရတာ ပိုပျော်မယ်လို့ ကျွန်မ ထင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲမှာ ရှိတဲ့ မှော်သား ရဲကောင်တွေတောင် ရှင့်လောက်တောင် သတိမရှိကြ ဘူးလေ…”
နတ်မိမယ်သမားတော်မလေးက နှုတ်ခမ်းကို မဲ့ကာရွဲ့ကာ ဖြင့် ရွဲ့ပြောလိုက်သည်။
“ ငါလည်း မင်းလိုပဲ အဲ့ဒီအတွေး တွေးမိတယ်.. ”
ရှောင်ယွင်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ရယ်မော လိုက်သည်။
နတ်မိမယ်သမားတော်မလေးက အရှက်ကင်းမဲ့လှသော ရှောင်ယွင်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး ကျောက် သေတ္တာဆီကို လျှောက်သွားလိုက်သည်။ ပွင့်လျက်သား ရှိသော ကျောက်သေတ္တာကို ကြည့်လိုက်သည့်အခါတွင် သူမက အံ့သြသွားသည်။ သူမ၏ မျက်နှာမှာ ပြုံးရွှင်စွာ ဖြင့် သေတ္တာအတွင်းသို့ လက်နှိုက်ထည့်လိုက်ပြီးလျှင် သက်တန့်ကဲ့သို့ အရောင် ၇ ရောင်ရှိသည့် ရှေ့ဟောင်း စာအုပ်တစ်အုပ်ကို ထုတ်ယူလာခဲ့သည်။
“ အဲဒါက ဘာလဲ.. ”
ရှောင်ယွင်က စိတ်ဝင်တစားဖြင့် ကြည့်နေရင်း မေးလိုက် သည်။
“ အဆိပ်ပြုလုပ်တဲ့ နည်းလမ်းတွေကို မှတ်တမ်းတင်ထား တဲ့ အဆိပ်စာအုပ်ပဲ.. ”
နတ်မိမယ်သမားတော်မလေးက စာအုပ်ကို လှန်လှော ကြည့်ရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
“ အဆိပ်စာအုပ်.. ? ”
ရှောင်ယွင်သည် အံ့သြသွားဟန်ဖြင့် မျက်ခုံးပင့်တက် သွားပြီ နတ်မိမယ်သမားတော်မလေး၏ လက်ထဲက အရောင်ခုနှစ်ရောင်ပါသော စာအုပ်ကို ယူလိုက်ကာ ဖတ်ကြည့်လိုက်သည်။ စာအုပ်၏ ဘေးတစ်ချက်တွင် ရေးထားသော စာလုံးအနည်းငယ်ကို ဖတ်ကြည့်လိုက် ပြီးနောက် ရှောင်ယွင်က အံ့အားသင့်သည့်လေသံဖြင့် ပြောလိုက်သည်။
“ သက်တန့်အဆိပ်စာအုပ်ပါလား.. ဒါက အဆိပ် ဘယ်လို ဖော်ရမလဲဆိုတာကို အဓိကထား ရေးထားပါလား… ဒါဆို ဒီစာအုပ်ကို ချန်ထားတဲ့လူက သမားတော် တစ်ယောက် ဖြစ်နိုင်တယ်.. ”
သမားတော်ဆိုသည်က ဒိုချီကုန်းမြေဒေသတွင် အားလုံး အထဲမှာမှ အဆိပ်ကို ကာကွယ်ရန်အတွက် သီးသန့် အသုံးပြုတတ်သူများ ဖြစ်ကြသည်။ အဆိပ်နှင့် ပတ် သတ်ပြီး ကျွမ်းကျင်စွာ အသုံးပြုတတ်သူကို အဆိပ် ပညာရှင်ဟု ဒိုချီကုန်းမြေဒေသတွင် ခေါ်တွင်ကြသည်။ သို့သော် အဆိပ်ပညာရှင်တို့သည် မှော်ဆေးပညာရှင် တွေထက် များစွာ နိမ့်ကျသည်။
“ ဒါဆိုရင်.. ဒီဟာကို နင့်ကို မခွဲဝေပေးတော့ဘူး.. ငါ့ရဲ့ မွေးရာပါဓာတ်သဘာဝအရ မှော်ဆေးပညာရှင် တစ်ယောက် မဖြစ်လာနိုင်ဘူး.. ဒီစာအုပ်ထဲက အရာကိုပဲ ငါ အားကိုး အားထား ပြုရတော့မှာဆိုတော့.. ”
သူမ ပြောလိုက်ပြီးအခါတွင် သူမ၏ မျက်နှာတွင် ညိုးနွမ်း သွားသလို ဖြစ်သွားသည်။ မှော်ဆေးပညာရှင်ဖြစ်ဖို့က သူမ၏ အကြီးမားဆုံး ဆန္ဒဖြစ်သည်။ သူမ ဖြစ်ချင်တာက လူတကာ မုန်းတီး ပြီး မနှစ်သက်ကြသည့် အဆိပ်ပညာ ရှင် မဟုတ်ချေ။
စိတ်ဓာတ်ကျနေသော နတ်မိမယ်သမားတော်မလေးကို ကြည့်ပြီ ရှောင်ယွင် ပြုံးလိုက်သည်။ အရောင်ခုနှစ်ရောင် ရှိသော စာအုပ်ကို သူမဆီ ကမ်းပေးလိုက်ပြီ ပြောလိုက် သည်။
“ ဒီဟာက ကောင်းတော့ ကောင်းပေမဲ့ ကျွမ်းကျင်သွား ဖို့က အချိန်အများကြီး ပေးပြီး လေ့ကျင့်ရတယ်..ဒါဆို ငါ့ရဲ့ စွမ်းအင်တွေ သက်သက်ကုန်ဆုံးရတော့မယ်.. အစကနေ ပြန်စဖို့ ငါ မရူးသေးပါဘူး.. အဲဒီတော့ ငါ စားနိုင်တာထက် ပိုမစားတော့ပါဘူးလေ.. ”
“ ကျေးဇူးတင်ပါတယ်.. ”
နတ်မိမယ်သမားတော်မလေးသည် ရှောင်ယွင်စကားကို ကြားလိုက်ရသည့်အခါတွင် တကယ်ပင် စိတ်လက်ပေါ့ ပါးသွားပြီ ရှောင်ယွင်ကို ညင်သာစွာ ခေါင်းညိတ်ပြလိုက် သည်။
“ မင်းလက်ထဲက အရာကို လွှင့်ပစ်လိုက်လို့ ရပါတယ်.. ငါက လူကောင်းတစ်ယောက်လို့ သတ်မှတ်လို့ မရပေမဲ့ အခု ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ဖွဲ့တည်း ဖြစ်နေပြီးပဲ.. ငါက ကိုယ့်အတွက် အားလုံးကို လုယူမယ့် လူမျိုး မဟုတ်ပါဘူး. ”
ရှောင်ယွင်သည် စာအုပ်သိမ်းထည့်နေသော နတ်မိမယ် သမားတော်မလေးကို တည့်တည့်ကြည့်ပြီ အရေးမကြီး သလိုလေသံဖြင့် ပြုံးပြုံးလေး ပြောလိုက်သည်။
နတ်မိမယ်သမားတော်မလေးက တချက်ထိတ်လန့်သွား ပြီး အားနာသွားသည့် အမူအရာက ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူမ၏လက်ကို ဖြန့်လိုက်ပြီး အစိမ်းရောင် အမှုန့်များ ကပ်ညှိနေသော အိတ်အသေးတစ်လုံးကို ထုတ်ပြလိုက်သည်။
“ ကျွန်မ.. ”
ရှောင်ယွင်က လက်ပူးလက်ကြပ်မိလိုက်၍ နတ်မိမယ် သမားတော်မလေးမှာ မျက်နှာနီရဲစွာဖြင့် ပြောစရာ စကားလုံးများ ပျောက်ဆုံးသွားသည်။
“ ထားလိုက်ပါ.. မိန်းမတစ်ယောက်ပဲလေ.. မင်းက ငါနဲ့ အတူ ရတနာတွေ လာရှာမှတော့ အကာအကွယ်ပစ္စည်း တွေ ယူလာခဲ့မှာပေါ့.. ”
ရှောင်ယွင်က ပခုံးတွန့်ကာ အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ်.. ”
နတ်မိမယ်သမားတော်မလေးမှာ ရှောင်ယွင်ကို နောက်တစ်ကြိမ် ကျေးဇူးတင်လိုက်ပြီ သူမလက်ထဲက အစိမ်းရောင်အမှုန့်ကို လွှင့်ပစ်လိုက်သည်။
ရှောင်ယွင်သည် မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ် လိုက်ပြီ ဒုတိယမြောက် ကျောက်သေတ္တာကို ကြည့် လိုက်သည်။ ထို့နောက် သော့ခလောက်ထဲ သော့ထည့် လိုက်ပြီ တဖြည်းဖြည်း အထဲသို့ ထိုးသွင်းလိုက်သည်။
“ အဲဒီဆေး က ဘာအစွမ်းရှိလဲ.. ”
လက်ထဲက သော့တံသည် သော့ခလောက်အတွင်းထဲ တဖြည်းဖြည်း ထိုးထည့်နေရင်း ရှောင်ယွင်က ထိုမေးခွန်း အား စိတ်ကူးပေါက်သလို မေးလိုက်သည်။
“ အဲဒါက နဂါးအရက်မူးမြက်ပင်နဲ့ လုပ်ထားတာ.. စိတ်ငြိမ်စေတဲ့ နောက်ထပ် ဆေးအမယ် ၂ မျိုးလည်း ထည့်ထားသေးတယ်.. အမှုန့်ကို ရှုလိုက်ရင် နေ့တဝက် လောက်ကို အိပ်ပျော်သွားမယ်.. ဒါပေမဲ့ ဒါက သာမန် အဆိပ်ရိုးရိုးပါပဲ.. လူတစ်ယောက်က စွမ်းအားနည်းနည်း ရှိရင် ဒိုချီစွမ်းအင်နဲ့ ဆေးအစွမ်းကို ဖိနှိပ်ပြီ အပြင်ကို ပြန် ထွက်လာအောင် လုပ်လို့ရတယ်.. ”
နတ်သမီးသမားတော်မလေးက အားနာစွာဖြင့် ဖြေလိုက် ရသည်။
“ တော်သေးတာပေါ့..သေစေတဲ့ အဆိပ်မဟုတ်လို့.. မင်းက ရက်စက်တတ်သူ မဟုတ်ဘူးပဲ… ”
ရှောင်ယွင်က သူ့နှုတ်ခမ်းကို ဖိထားပြီ လက်ကောက် ဝတ်ကို ဆတ်ခနဲ လှည့်လိုက်ပြီးနောက် ပြောလိုက်၏။
“ ဒီသေတ္တာလည်း ပွင့်ပြီး.. ”
ရှောင်ယွင်၏ အသံနှင့်အတူ တင်းကျပ်စွာပိတ်ထားသော ကျောက်သေတ္တာမှာ တဖြည်းဖြည်း ပွင့်လာသည်။
လကျောက်တုံးတွေ၏ အလင်းမှိန်မှိန်အောက်တွင် ရှောင်ယွင်နှင့် နတ်မိမယ်သမားတော်တို့သည် ကျောက် သေတ္တာအတွင်းမှ အရာကို ရှင်းလင်းစွာ မြင်လိုက်ရ သည်။
“ နောက်ထပ် စာလိပ်တစ်ခုပါလား.. ”
သေတ္တာအတွင်းမှ အနက်ရောက်စာလိပ်တစ်ခုဖြစ်မှန်း သတိထားမိလိုက်သည့်အခါ ရှောင်ယွင်က မျက်ခုံးပင့် ကြည့်လိုက်မိသည်။
သေတ္တာထဲ လက်နှိုက်လိုက်ပြီး အနက်ရောင်စာလိပ်ကို ထုတ်ယူလိုက်ကာ ဖွင့်ဖတ်ကြည့်လိုက်သည်။ စာလိပ် အဖျားနားတွင် ရေးထားသော စာလုံးဆီကို အကြည့် ရောက်သွားသည်။
“ အဆင့်မြင့် ရွှင်းအဆင့် ပျံသန်းခြင်းဒိုပညာရပ်… စွန်ရဲတောင်ပံ.. ”
“ ပျံသန်းခြင်းဒိုပညာရပ်.. ”
ရှောင်ယွင်သည် မကြားဖူးသည့် စကားလုံးကို ရေရွတ် ကြည့်ရင်း တဖြည်ဖြည်း သူ့မျက်လုံးက ပြူးကျယ်လာ သည်။ အံ့သြထိတ်လန့်စွာ အသံရှရှဖြင့် ပြောလိုက်မိ သည်။
“ ဒါက..ဒါက.. တကယ်ကို ရှားပါးတဲ့ ပျံသန်းခြင်း ဒိုပညာရပ်လား.. ”
“ ပျံသန်းခြင်းဒိုပညာရပ်..?? အဲဒါက ဘာလဲ.. ”
ထိုနာမည်အား ပထမဆုံးအကြိမ် ကြားမိသောအခါ နတ်မိမယ်သမားတော်မလေးသည် ဇဝေဇဝါဖြင့် မျက်လုံး ကို တဖျတ်ဖျတ်ခတ်ရင်း မေးလိုက်သည်။ သူမသည် တိုက်ခိုက်ခြင်းဒိုပညာရပ်များ၊ ခုခံကာကွယ်ခြင်းဒိုပညာ ရပ်များ၊ ပေါ့ပါးသွက်လက်စေသည့်ဒိုပညာရပ်များနှင့် နောက်ထပ် တခြားသော ဒိုပညာရပ်များကိုသာ ကြား ဖူးသည်။ ယခုမှ ပျံသန်းခြင်းဒိုပညာရပ်ကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။
“ ဟုတ်တယ်.. သူ့နာမည်အတိုင်းပဲ.. ဒီပညာရပ်က လူတစ်ယောက်ကို လေထဲ ပျံသန်းစေနိုင်တယ်.. ”
ရှောင်ယွင်သည် အံ့သြစွာဖြင့် နှုတ်ခမ်းကို ဖိကိုက်ထား ပြီးနောက် သူမကို ရှင်းပြလိုက်သည်။
“ ပျံသန်းဖို့.. ? အဲဒါက အနည်းဆုံး ဒိုဝိညာဉ်အဆင့် လောက် ရောက်မှ မဟုတ်လား.. ”
နတ်မိမယ်သမားတော်မလေးသည် ပထမတွင် အံ့သြ သွားသော်လည်း ရှောင်ယွင် ရှင်းပြပြီးနောက်မှာ စိတ်ရှုပ်ထွေးသွားသည်။
ဒိုချီကုန်းမြေဒေသတွင် ဒိုလင်( ဒိုဝိညာဉ် ) အဆင့် ခွန်အားကို ရောက်ရှိလျှင် အကွာအဝေးတိုတစ်ခုအထိ ပျံသန်းလို့နိုင်သည်။ တကယ်၍ ဒိုဝမ် ( ဒိုဘုရင်) အဆင့် နှင့် ဒိုဝှမ်း ( ဒိုဧကရာဇ် ) အဆင့်ကို ရောက်နေလျှင် သူတို့၏ ဒိုချီစွမ်းအင်ကို အသုံးပြုပြီ သူတို့၏ နောက် ကျောပြင်တွင် စွမ်းအင်တောင်ပံတစ်စုံကို ဖန်တီးယူနိုင် သည်။ ထိုတောင်ပံသည် သူတို့အား မြေကြီးမှ ပင့်တက် သွားစေကာ မိုးတိမ်ယံအထိ ပျံသန်းသွားစေနိုင်သည်။
ပျံသန်းခြင်းဆိုသည်မှာ လူများစွာအား အရူးအမူး ဖြစ် စေနိုင်သော အရာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့အတွက် စွမ်းအားကြီးသည့် လူများစွာ တို့မှာ ရှိသမျှ အားစိုက်ထုတ်၍ ဒိုဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်အောင် ကြိုစားကြလေသည်။ တစ်ချိန် တည်းမှာပဲ တစ်ချို့လူတွေကလည်း ဖြတ်လမ်းနည်း လိုက်၍ ရှားပါပြီ တန်ဖိုးကြီးသည့် ပျံသန်းခြင်းဒိုပညာရပ် ကို ရှာဖွေကြသည်။
ရှောင်ယွင်မှာ အနက်ရောင်စာလိပ်ကို ကိုင်ထားရင်း အသက်ပြင်းရှည် ချမိသည်။ ပျော်ရွှင်နေသည်ကို အတင်းဖိနှိပ်ထားလိုက်ပြီနောက် နတ်မိမယ်သမားတော် မလေးကို လက်လှမ်းပြလိုက်သည်။
“ သိပြီး.. အဲဒါကို ရှင်ယူမယ်မလား. ”
ရှောင်ယွင်၏ အမူအရာကို မြင်လိုက်သည်နှင့် သူ့၏ ရည်ရွယ်ချက်ကို သိလိုက်ကာ သူမသည် ခွင့်ပြုလိုက် သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ ဟားဟား.. လူတိုင်းကတော့ အလိုရှိရာပဲ ယူကြတယ် မလား.. ”
ရှောင်ယွင် ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။ ဒီကနေ့ သူ ရထားရှိထားသော ပစ္စည်းများက သူ့အား ရယ်ပြုံးခြင်း၏ ဟိုတစ်ဖက်ကမ်းကိုပင် ကျော်လွန်သွားစေသည်။
“ နောက်ထပ် သေတ္တာတစ်လုံး ကျန်သေးတယ်.. မြန်မြန်လုပ်.. ဒါဖွင့်ပြီးရင် ငါတို့ ပြန်ထွက်ကြမယ်.. ”
နတ်မိမယ်သမားတော်မလေးက နောက်ဆုံးကျန်နေသည့် ကျောက်သေတ္တာကို ကြည့်လိုက်ပြီး ရှောင်ယွင်ကို လှုံ့ ဆော်လိုက်သည်။
“ အင်း.. ”
ပစ္စည်းနှစ်ခုရထား၍ ရှောင်ယွင်မှာ စိတ်ဓာတ်တက်ကြွ နေသည်။ နောက်ဆုံးသော့ကို ကိုင်ထာပြီး ကျောက် သေတ္တာကို ဖွင့်ဖို့ ဟန်ပြင်လိုက်သည်။
အခန်းကျယ်ကြီးမှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွား ပြန်သည်။ ရှောင်ယွင်က ကိုယ်ကို ငုံ့၍ သော့ဖွင့်ဖို့ လုပ်လိုက်သည့်အချိန်တွင် ရုတ်တရက် ရှောင်ယွင် ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ အနောက်လှည့် လိုက်ပြီ သူ့မျက်နှာက ဆောက်တည်ရာမရ ဖြစ်သွား ခဲ့သည်။
“ တစ်ယောက်ယောက် လာနေတယ်.. ”
“ ဘာ..?? ”
ထိုစကားကို ကြားလိုက်ရသည့်အခါ နတ်မိမယ်သမား တော်မလေးမှာ အထိတ်တလန့် ဖြစ်သွားသည်။ သို့ သော် ခဏအကြာမှာ သူမ ခေါင်းကို ခါယမ်းလိုက်လိုက် ကာ
“ မဖြစ်နိုင်တာ.. ဒီနေရာကို သိတာ ကျွန်မတို့ နှစ်ယောက်ပဲ ရှိတာလေ.. ”
“ ငါ ကြာတာ မမှားနိုင်ဘူး.. လူတွေလည်း ပါလာတယ် ”
ရှောင်ယွင်သည် နတ်မိမယ်သမားတော်မလေးကို ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဖြင့် ကြည့် လိုက်သည။ သူမျက်ဝန်းက အေးစက်လာသည်။
“ ငါက ဒီလူတွေကို ခေါ်လာတယ်လို့ နင်ထင်နေတာ လား.. ”
ရှောင်ယွင်၏ မျက်နှာအမူအရာကို မြင်သောအခါ နတ်မိမယ်သမားတော်မလေး၏ မျက်နှာက ဒေါသအရိပ် အယောင်တို့ ထွက်ပေါ်လာသည်။
“ နင့်ကို သတ်ချင်ရင်.. နင် အကြိမ်ပေါင်းများစွာ သေနေ ပြီး သီလား..”
ဒေါသထွက်နေသော နတ်မိမယ်သမားတော်၏ အမူအရာ က အစစ်အမှန်ဖြစ်မှန်း မြင်လိုက်လျှင် ရှောင်ယွင် မျက် မှောင်ကြုတ်လိုက်ပြီ အနောက်လှည့်လိုက်သည်။ လက် ထဲကို သော့ကို သော့ခလောက်ထဲ ထည့်ပြီ ဖွင့်ဖို့ လုပ်ပေမဲ့ အင်မတန် စိတ်လှုပ်ရှားနေရာ အကြိမ်ကြိမ် ဖွင့်မရဖြစ်နေသည်။
“ ဟာကြာ.. ”
ရှောင်ယွင်မှာ ဒေါသထွက်ထွက်ဖြင့် ဆဲလိုက်သည်။ ကျောက်သေတ္တာကိုလည်း လက်နှစ်ဖက်ဖြင့် မဖို့ ကြိုးစားလိုက်ပြန်သည်။ သို့သော် သေတ္တာမှာ ကျောက် စားပွဲခုံပေါ်မှာ ကပ်စွဲထားသည်ကို တွေ့လိုက်သည်။
“ အသုံးမကျတာကွာ.. ”
ရှောင်ယွင်သည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် နောက်တစ် ကြိမ် ထပ်ဆဲလိုက်ပြန်သည်။ ပြီးနောက် အသက်ကို ဖြည်းဖြည်းပြန်ရှုလိုက်ပြီ အေးစက်သော အသံဖြင့် ပြော လိုက်သည်။
“ သူတို့ ဒီကို ရောက်နေပြီး.. ”
ရှောင်ယွင်၏ စကားကို ကြားလိုက်သည့်အခါ နတ်မိမယ် သမားတော်မလေးက ရှောင်ယွင်ကြည့်နေရာဘက်ကို လိုက်ကြည့်လိုက်သည်။ သူမ၏ နားတွင်လည်း ခြေသံ များကို ကြားနေရသည်။
“ ဟဲဟဲ.. နတ်မိမယ်သမားတော်မလေးရေ.. လမ်းပြပေး လို့ အထူးကျေးဇူးတင်ပါတယ်.. ကြည့်ရတာ ငါတို့ ရထား တဲ့ သတင်းအချက်အလက်က မှန်သားပဲ.. ”
လူဆယ်ယောက်ကျော်တို့က အပြင်အမှောင်ထုကနေ တဖြည်းဖြည်း ဝင်လာကြသလို ရင်းနှီးနေသည့် ရယ်သံ ကလည်း အခန်းထဲမှာ ပဲ့တင်ထပ်သွားသည်။
“ မုလီ..!! ”
ထိုအသံကို ကြားလိုက်ရသည့်အခါ နတ်မိမယ်သမား တော်မလေးသည် သူမသည် အံကို တင်းတင်းကြိတ် ထားလိုက်တော့သည်။
=============================
No comments:
Post a Comment