Followers

Chapter 93

အပိုင်း ( ၉၃ ) - လမ်းတစ်ဝက်မှာ ဆေးအမယ်တွေ လုယက်ခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

မွန်းတည့်အချိန်..
နေကလည်း ခြစ်ခြစ်တောက်..

မြင်းခုနှစ်ကောင် ရှစ်ကောင်လောက် ပါဝင်သော မြင်းလှည်း များသည် ကုန်းအဆင်းတွင် ခပ်သွက်သွက်လေး ပြေးဆင်း လာသည်။ ပူပြင်းလွန်းသော နေအရှိန်ကြောင့် မြင်းလှည်း ဘေးဘက်တွင် လိုက်ပါလာသော အစောင့်များဟာ ချွေးတလုံးလုံးဖြင့် ရှိနေသည်။  တဖန် လှည်းထဲကနေ မြင်းကို ကြိမ်းမောင်းလိုက်သံလည်း ထွက်ပေါ်နေသည်။ 

ထိုအစောင့်အဖွဲ့တွင် ဂျားလီနူက ဒဒိုရှီ ကြယ်သုံးလုံးအဆင့် ဖြစ်ပြီး ဂျားလီကလန်၏ အကြီးအကဲ နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ဝူတန်မြို့တွင် အသန်မာဆုံးလို့ ပြောလို့ရသည်။ ထိုကဲ့သို့ သူက ကိုယ်တိုင်လိုက်ပါပြီး ဆေးအမယ်အား သွားယူဆောင်ခြင်းကို ကြည့်လျှင် ယင်းဆေးအမယ်တွေအပေါ် ဂျားလီကလန်က မည်မျှ တန်ဖိုးထားသည်ကို တွက်ဆနိုင်သည်။ သို့သော်လည်း လျိုစီး ပျောက်ဆုံးနေသည့် သတင်းအာ သူတို့လည်း မရသေးဟန်ရှိသည်။ သတင်း ကြားမိခဲ့လျှင် ထိုအကြီးအကဲက ဈေးကြီးပေးဝယ်ရသော ဆေးအမယ်တွေကို ကမန်းကတန်း သယ်ပြန်လာမှာ သေချာသည်။ 

ဂျားလီနူသည် မြင်းဆွဲလာသော မြင်းလှည်းတစ်စီးထဲတွင် တင်ပျဉ်ချိတ်ပြီး ထိုင်လာသည်။ ရထားလုံးက မည်မျှပင် လှုပ်ရမ်းနေပါစေ.. သူ့ခန္ဓာကိုယ်က လှုပ်ရှားခြင်း မရှိချေ။ အေးအေးဆေးဆေး သက်တောင့်သက်သာဖြင့် နှစ်ရက်မျှ ခရီးသွားခဲ့ပြီး နောက်ပိုင်းတွင် သူ့မှာ စိတ်မရှည်ဖြစ်လာတော့သည်။ 

“ ရှောင်ကလန်ဆိုတဲ့ သောက်ကလန်ကြောင့်ပေါ့ကွာ.. မကြာဘူး. မင်းတို့အားလုံးကို ဖျက်ဆီးပစ်မှာ.. ”

ဂျားလီနူမှာ အံကို ကြိတ်ပြီး ဒေါသထွက်စွာဖြင့် ကြုံးဝါးနေမိသည်။ ထို့နောက် သေသပ်စွာ ထုပ်ပိုးထားသော ဆေးအမယ်တွေကို ပြတင်းပေါက်ကနေ ချောင်းကြည့်ပြီး ဂရုတစိုက်ကြည့်လိုက်သည်။ စိတ်ပျက်နေသော အကြည့်ကလည်း သူ့မျက်နှာတွင် ဖြစ်ပေါ်လာ ခဲ့သည်။ 

သိုလှောင်လက်စွပ်က သယ်ယူပို့ဆောင်သည့်နေရာတွင် ပိုပြီး အဆင်ပြေသော်လည်း အဆင့်နိမ့် သိုလှောင်လက်စွပ်မှာ သုံးမီတာ ပတ်လည်သာ အကျယ်အဝန်းရှိ၍ ယခုသယ်ဆောင်လာသော ဆေးအမယ်တို့အား ထည့်သွင်းဖို့က အနည်းဆုံး အဆင့်နိမ့် သိုလှောင်လက်စွပ် ၅ ကွင်း လိုအပ်ပေလိမ့်မည်။ ထိုလက်စွပ်မှာ ရှားလည်းရှားသည့်အပြင် ဈေးလည်းကြီးလှသည်။ ပြီးတော့ ဝူတန်မြို့မှာ နှစ်ကွင်းသာ ရှိသည်။ ထို့ကြောင့် သူတို့သည် နှေးကွေး သော နည်းလမ်းဖြစ်သည့် မြင်းလှည်းဖြင့်သာ သယ်ယူကြရခြင်း ဖြစ် သည်။ 

မျက်တောင်အား လေးကန်စွာ အနိုင်နိုင်ဖွင့်ရင်း ဂျားလီနူမှာ ငိုက် မြည်းလာနေရင်း ရုတ်တရက် အရှေ့က ရထားလုံးမှာ ရုတ်တရက် ရပ်လိုက်သည်ကို တွေ့လိုက်သည်။ ဒေါသပါသော အော်ဟစ်ပြော လိုက်သောအသံကလည်း လေထဲ တုန်ခါသွားသည်။ 

မျက်မှောင်ကို ကြုတ်ထားရင်း ဂျားလီနူသည် အခြေအနေကို သွားကြည့်ရန် တစ်ယောက်ယောက်အား ခေါ်လိုက်မည်ဆဲဆဲတွင် ဂျားလီကလန်က အစောင့်တစ်ယောက်သည် အရှေ့မြင်းလှည်း ကနေ ကမန်းကတန်း ပြေးလာသည်ကို တွေ့လိုက်သည်။ ထိုအစောင့်က ချက်ချင်းပဲ သတင်းပို့လိုက်သည်။ 

“ အကြီးအကဲ.. အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်က အရှေ့မှာ လမ်းပိတ်ထားနေတယ်. ”

ဂျားလီနူ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူတို့က ဝူတန်မြို့၏ နယ်နိမိတ်အထဲကိုပင် ဝင်လာခဲ့ပြီးပြီ.. ဘယ်သူက သူတို့ကို တားဆီးရဲရသနည်း..

မျက်လုံးတွင် အေးစက်သော အရိပ်အယောင်ဖြင့် ဂျားလီနူသည် ခေါင်းကို အသာညိတ်လိုက်ပြီး မြင်းလှည်းကနေ ခုန်ဆင်းလိုက်
သည်။ အရှေ့ကို လျင်မြန်စွာ သွားလိုက်ရာ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် လမ်းလယ်ခေါင်ရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်သည်။ အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာကို မမြင်သေးသော်လည်း ထိုလူ၏ အကြည့်က အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ 

“ မင်းဘယ်သူလဲ.. ဘာဖြစ်လို့ ငါတို့ လမ်းကြောင်းကို တားထားရတာလဲ.. ”

ဂျားလီနူသည် အနက်ရောင်ဝတ်ရုံနှင့်လူအား သေချာစွာ အကဲခတ်ကြည့်ပြီးနောက် အသံနက်ကြီးဖြင့် အော်မေးလိုက်သည်။ 

“ မင်းတို့က ဂျားလီကလန်က လူတွေ မဟုတ်လား.. ”

လူကြီးဆန်သော အသံက အနက်ရောင်ဝတ်ရုံအောက်ကနေ ထွက်ပေါ်လာခဲ့သည်။ 

ဂျားလီနူ၏ မျက်နှာက ကွက်ခနဲ ပျက်သွားသည်။ သုန်မှုန်သော မျက်နှာထားဖြင့် သူ့လက်မောင်းကို ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ သူ့အနောက်တွင် ရှိနေသာ အစောင့်တွေက လက်နက်ကိုယ်စီ ထုတ်ယူလိုက်ပြီး အမည်မသိ ထူးခြားသော အနက်ရောင်ဝတ်ရုံနှင့် လူကို စိုက်ကြည့်လိုက်ကြသည်။ 

“ အင်း.. ငါ ခန့်မှန်းတာ မှန်သားပဲ.. ”

ဂျားလီနူ၏ လှုပ်ရှားမှုကို ကြည့်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူက ပုံမှန်သာ ပြုံးလိုက်ပြီ ကျောက်တုံးကြီးကနေ ခုန်ဆင်းလိုက်ပြီး လှည်းလမ်းကြောင်းအတိုင်း အေးအေးလူလူ လျှောက်လာခဲ့သည်။ 

တဖြည်းဖြည်း နီးကပ်လာသော အနက်ရောင်ဝတ်ရုံနှင့်လူအား အေးစက်စွာ ကြည့်ရင်း ဂျားလီနူသည် ဘေးနားရှိ အစောင့်ထံမှ လေးကြီးတစ်လက်နှင့် မျှားကို ယူလိုက်သည်။ လေးညှို့အား ဆွဲတင်းလိုက်ရာ လေးမှာ ကွေးညွတ်သွားသည်။ မျှားကို ပစ်လွှတ် လိုက်သည့်အခါ မျှားမှာ ရက်စက်ပြင်းထန်သော လေအသွင် ပြောင်းလဲသွားပြီး အနက်ရောင်ဝတ်ရုံနှင့်လူ၏ လည်မျိုဆီကို ပြေးဝင်သွားလေသည်။ 

မျှားနှင့်အတူ လိုက်ပါလာသည်က တရွှီးရွှီးအသံနှင့် ကြောက်မက် ဖွယ်ကောင်းသော လေကို တိုးခွင်းသံ ဖြစ်လေသည်။ ဒါပေမဲ့ အနက်ရောင်ဝတ်ရုံနှင့်လူ၏ အရှေ့တစ်မိတာအကွာ အရောက်တွင် အဖြူရောင်မီးတောက်တစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာကာ မျှား သည် ထိုမီးတောက်အား ထိလိုက်မိသည်နှင့် ချက်ချင်းပင် ပြာမှုန့် အဖြစ် သို့ ပြောင်းလဲသွားသည်။ 

ထိုမြင်ကွင်းအား ကြည့်ပြီး ဂျားလီနူ၏ မျက်နှာသည် အရောင်များ ပြောင်းလဲသွားသည်။ မလွယ်ကူသည့် ခံစားချက်က ရင်ဝအထိ တက်လာသည်။ သူ့အရှေ့က အနက်ရောင်ဝတ်ရုံနှင့်လူသည် ဒဒိုရှီအဆင့်ထက် မနိမ့်ကျသည့်ဟန် ရှိသည်။ 

အသက်ကို ဖြည်းညှင်းစွာ ရှုထုတ်လိုက်ပြီး ဂျားလီဘီက အစောင့်ထံမှ နက်ပြာအရောင်ရှိသော လှံတစ်ချောင်းကို နောက်တဖန် လှမ်းယူလိုက်ပြန်သည်။ အပြာဖျော့ဖျော့ ဒိုချီစွမ်းအင်က သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် ဘေးပတ်ဝန်းကျင်ရှိ လေထုမှာ စိုထိုင်း၍ လာသည်။ သူ့၏ ချီကျင့်စဉ်က အေးစက်မဲမှောင်သော ရေဓာတ်ကျင့်စဉ်ဖြစ်နေသည်မှာ သိသာထင်ရှားလှသည်။ 

လှံရှည်ကို ကိုင်ထားရင်း အနက်ရောင်ဝတ်ရုံနှင့်လူအား ဂျားလီနူက စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ကိုယ်ဟန်ကို အနည်းငယ် ပြင်လိုက်ပြီး မြေပြင်ကနေ လွှားခနဲ ခုန်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်ဟာ အပြာရောင်အလင်းတန်းလို အရှေ့ကို တိုးထွက်သွားပြီး အနက်ရောင်ဝတ်ရုံနှင့်လူဆီကို အနားနီးကပ်သွားသည်။ 

လေထဲတွင် ဂျားလီဘီသည် တည်ငြိမ်သော မျက်နှာထားဖြင် လှံရှည်အား ရုတ်တရက် ရက်စက်ပြင်းထန်စွာ ရိုက်ချလိုက်သည်။ လှံရှည်ပေါ်တွင် စီဆင်းနေသည ဒိုချီစွမ်းအင်မှာ လှပစွာ တောက်ပလာခဲ့သည်။ လှံရှည်၏ တုန်ခါမှုနှင့်အတူ ပဲ့တင်သံတွေလည်း ထွက်ပေါ်လာခဲ့သည်။ 

“ လှိုင်းနှင့်တစ်ထပ်တည်း.. ”

လှိုင်းနှင့်တစ်ထပ်တည်းသိုင်းမှာ အဆင့်နိမ့် ရွှင်းအဆင့် သိုင်းဖြစ်ချေသည်။ ၎င်းသိုင်းမှာ အစွမ်းထက်သော သိုင်းဖြစ်ပြီး ဂျားလီနူသာ အပြည့်အဝထုတ်သုံးနိုင်သည်။ ကြာမြင့်စွာ လေ့ကျင့်ထားခြင်းက ဤသိုင်းတွင် သူ့အား ပြည့်စုံသည့်အဆင့်အထိ ဆရာတစ်ဆူဖြစ်စေခဲ့သည်။ အားအပြည့်ထုတ်သုံးလိုက်မည်ဆိုလျှင် ၎င်းခွန်အားမှာ ဒဒိုရှီအဆင့် ကြယ်ခြောက်လုံးသမားကပင် မခန့်လေးစား မလုပ်ရဲချေ။ 

ဂျားလီနူ၏ အော်ဟစ်လိုက်သံနှင့်အတူ ထုထည်ကြီးမားသော အပြာရောင်လှိုင်းစွမ်းအင်က အပြာရောင်တောက်ပနေသော လှံရှည်ကနေ ထုတ်လွှတ်လိုက်သည်။ အပြာရောင်စွမ်းအင်လှိုင်းမှာ ကောင်ကင်ထက် အလျင်အမြန် ထိုးတက်သွားပြီး အနက်ရောင်ဝတ်ရုံနှင့်လူဆီအား ရက်စက်ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။ 

သူတို့၏ အကြီးအကဲက နတ်ဘုရားတစ်ပါးလို ခွန်အားအား ထုတ်သုံးလိုက်သည်ကို မြင်လျှင် ဂုဏ်ယူစွာ ဟစ်ကြွေးလိုက်သံများသည် ကျန်သည့်အစောင့်များထံမှ ထွက်ပေါ်လာသည်။ သူတို့သည် ခရီးသွားခဲ့သည့် လမ်းတစ်လျှောက်တွင်လည်း လုယက်သူအဖွဲ့အချို့နှင့်လည်း ဆုံလာခဲ့သေးသည်။ သို့သော်သူတို့အားလုံးမှာ ဂျားလီနူ၏ လှံဖျားအောက်မှာ သေဆုံးကုန်ကြ၍ ယခုအခါ နောက်ထပ်သေဆုံးခြင်းတစ်ခု တွေ့ရလိမ့်မည်ဟု သူတို့ တွေးလိုက်ကြသည်။ 

အပြာရောင်လှိုင်းမှာ အလျားလိုက် ပြေးဝင်လာသည်။ ၎င်းအထဲတွင် သေးငယ်သော အလင်းတစ်ခုက ရုတ်တရက် ကျယ်ပြန့်လာသည်။ လျှပ်စီးလက်သလိုမျိုး လှံရှည်တစ်ချောင်းက အနက်ရောင်ဝတ်ရုံနှင့် လူ၏ ခေါင်းဆီကို ပြေးဝင်သွားပြန်သည်။ လှံရှည်က ထိုလူ၏ ငယ်ထိပ်အား ထိမှန်လာဖို့ နီးကပ်လာသည့်အချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းကို မော့လိုက်သည်။ ချောမောပြေပြစ်သော မျက်နှာက နေရောင်အောက်တွင် ပေါ်လွင်သွားကာ ဂျားလီနူ၏ မျက်ဝန်းတွင် ပုံရိပ်ထင်သွားသည်။ 

“ သူက.. သူက.. ရှောင်ကလန်က ဟိုကောင်မဟုတ်လား.. ”

ရင်းနှီးနေသော မျက်နှာအား မြင်သည်နှင့် ဂျားလီနူ၏ မျက်လုံးက ကျဉ်းမြောင်းသွားသလို အသေသတ်လိုသည့် ဆန္ဒကလည်း ပေါက်ကွဲထွက်လာသည်။ 

လှံရှည်က ပိုပို၍ နီးကပ်လာသည်။ လှံဖျားနှင့် ငယ်ထိပ် ထိတော့မည့်ဆဲဆဲတွင် အဖြူရောင်မီးတောက်က အနက်ရောင်ဝတ်ရုံနှင့်လူ၏ တစ်ကိုယ်လုံးအား ချက်ချင်း ဖုံးလွှမ်းသွားပြန်သည်။ ထို့နောက မီးတောက်အရင်းအမြစ်ကဲ့သို့ ဖြစ်သွားပြီး လေထဲတွင် ရှိနေသော ဂျားလီနူဆီကို တန်ပြန်ရိုက်ခတ် သွားတော့သည်။ 

အဖြူရောင်မီးတောက်ဟာ လှိုင်းကဲ့သို့ အလျားလိုက်ပင် ဖြတ်သန်းသွားသည်။ လူတွေအားလုံးဟာ သူတို့၏ အရေပြားမှာ အေးစက်ခြင်းကို ခံစားလိုက်ရသည်။ ထို့နောက် လှိုင်းရော လှံရော ပြီးနောက် ဂျားလီနူ ပါ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ 

လမ်းပေါ်တွင် ဂုဏ်ယူသြဘာပေးသံတွေ တိခနဲ ရပ်သွားသည်။ ဂျားလီကလန်က အစောင့်တွေမှာ လည်လိမ်ထားသော ဘဲကဲ့သို့ ပါးစပ်ကြီးဟကာ ငုတ်တုတ်မေ့သွားသလို ဖြစ်ကုန်သည်။ ဝင့်ကြွားနေသော သူတို့မျက်နှာသည် တဖြည်းဖြည်း ကြောက်လန့်လာခဲ့သည်။ တဖန် အနက်ရောင်ဝတ်ရုံနှင့်လူကို ပြိုင်တူကြည့်လိုက်ကြပြန်သည်။ သူတို့ ကြောက်လန့်သွားပုံမှာ မကောင်းဆိုးဝါးတစ်ကောင်အား တွေ့လိုက်သလိုပင် ဖြစ်သည်။ 

ထိုအစောင့်တို့အား အေးဆေးစွာ ပြန်ကြည့်လိုက်ရင်း အနက်ရောင်ဝတ်ရုံနှင့်လူသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြန် သည်။ အဖြူရောင်မီးတောက်နှစ်ခု ထွက်လာပြန်သည်။ လက်ချောင်း ကို ဆတ်ခနဲ လှုပ်လိုက်သည့်အခါ ထိုမီးတောက်နှစ်ခုမှာ အရှေ့ကို ပြေးထွက်သွားပြီး လှည်းပေါ်သို့ ကျသွားသည်။ 

“ ဘုန်း. ”

ထွက်ပေါ်လာသော သိပ်မကျယ်သည့် ပေါက်ကွဲသံအပြင် မြင်းလှည်းနှင့် ဆေးအမယ်တို့မှာ ချက်ချင်းပင် မီးစွဲလောင်ကာ အားလုံး၏ မှင်တက်နေသော အကြည့်အောက်မှာပဲ ပြာကျသွားတော့သည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...