Followers

Chapter 119

အပိုင်း ( ၁၁၉ ) - ခရမ်းတိမ်တောင်ပံ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

တောင်ကြားထဲကို ခုန်ပျံကျော်လွှားပြီးနောက် ရှောင်ယွင် သည် ရေတံခွန်ဆီသို့ ပေါ့ပါးစွာ ဦးတည်သွားလိုက်သည်။  ဘေးပတ်ဝန်းကျင်တဝိုက်ကိုလည်း အဆက်မပြတ် ထောက် လှမ်းကြည့်ကာ မှော်သားရဲကောင်တစ်ကောင်မှ မတွေ့ရ ၍ ရှောင်ယွင် စိတ်အေးလက်အေးဖြင့် အသက်ပြင်းချနိုင်တော့သည်။ 

မတ်စောက်သော ချောက်ကမ်းပါးသို့ ရောက်သွားသည့် အခါတွင် ရှောင်ယွင်သည် ဂူတွေကို အချိန်ယူကာ ဂရုတစိုက်ဖြင့် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူနှင့် လေးငါးမီတာလောက်အကွာမှာ ရှိနေတဲ့ ဂူတစ်လုံး ကို ရွေးချယ်လိုက်သည်။ ချွဲကျိနေသော ကျောက်တုံးတစ် တုံးအပေါ်သို့ တက်လိုက်ကာ မျောက်လွှဲကျော်​တစ်​ကောင်ကဲ့သို့ဖြင့် သူ ရွေးချယ်ထားသော ဂူပေါက်ဆီသို့ ခုန်လွှားလိုက်သည်။ 

ဂူအတွင်းတွင်အေးစက်နေကာ သိပ်တော့ မကျဉ်းလှ။ ပြီးတော့ သူ့တစ်ကိုယ်စာ နေထိုင်ဖို့အတွက်လည်း သန့်ရှင်းနေသည်။ 

ရှောင်ယွင်မှာ ဂူအောက်ခြေကြမ်းခင်းကို သေချာစွာ လေ့ လာကြည့်လိုက်သည်။ ဤဂူတွင် သားရဲကောင် နေထိုင် သည့် အမှတ်လက္ခဏာ မတွေ့ရပေ။ ထိုအခါမှ ရှောင်ယွင် လည်း စိတ်အေးလက်အေး ဖြစ်သွားသည်။ ပြီးလျှင် ဂူ အတွင်းပိုင်းကို ခပ်မြန်မြန် ရှင်းလင်းလိုက်ပြီးနောက် စခန်းချရာတွင် သုံးသော ပစ္စည်းများကို သိုလှောင်လက်စွပ်မှ ထုတ်လိုက်ကာ နူးညံ့ပြီး ခြောက်သွေ့သော အိပ်ရာကို ပြင်ဆင်လိုက်လေသည်။ 

လိုအပ်သည့် အရာများကို အရင်လုပ်လိုက်ပြီးနောက် ရှောင်ယွင်သည် ကျောက်တုံးကြီးများကို အသုံးပြုပြီး ဂူပေါက်ဝကို ပိတ်ဆို့ထားလိုက်ပြီ လူတစ်ယောက်ကပဲ ကောင်းကောင်းဖြတ်သွားလို့ရရုံလေးပဲ နေရာချန်ထားလိုက်သည်။ ဤနေရာတွင် ရက်အတော်ကြာနေထိုင်မည် ဖြစ်ရာ ဘေးကင်းလုံခြုံမှုသည်လည်း အရေးတကြီးလုပ်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။ 

ဂူပေါက်ဝ ပိတ်သည့် အလုပ် ပြီးသွားသည့်အခါတွင် ရှောင်ယွင် လက်နှစ်ဖက်ကို ပွတ်ခါ၍ ဖုန်မှုန့်တွေကို ခါထုတ်ပစ်လိုက်သည်။ အနည်းငယ်အမှောင်ကျသွား သော ဂူထဲကို ပြန်ကြည့်လိုက်ပြီး တစ်ချက် စဉ်းစားလိုက်ပြီးနောက် ရတနာဂူက ရလာသည့် လကျောက်သုံးတုံးကို သိုလှောင်လက်စွပ်ကနေ ထုတ်ယူလိုက်ကာ ဂူနံရံ မှာ ရှိနေတဲ့ မြောင်းကြားတစ်ခုထဲ နေရာလိုက်ချလိုက်သည်။ ချက်ချင်းပင် လကျောက်တုံးမှ ထွက်ပေါ်လာသော အလင်းဖျော့ဖျော့ကြောင့် ဂူအတွင်းပိုင်းတွင် အလင်းတောက်ပလာတော့သည်။ 

အသစ်ကျပ်ချွတ် ကျောက်ဂူကို ကြည့်ရင်း ရှောင်ယွင်သည် ပြုံးဖြီးဖြီးဖြင့် အိပ်ရာထက်ပေါ် အသက်ပြင်းရှည်ချပြီး ထိုင်ချလိုက်သည်။ မကြာမှီမှာပဲ တင်ပျဉ်ချိတ်ထိုင် လိုက်ပြီး လက်နှစ်ဖက်ဖြင့် လေ့ကျင့်နေကျ လက်ပုံစံကို ပြင်ထားလိုက်သည်။ အသုံးပြုလိုက်၍ ကုန်ခမ်းသွားသော ဒိုချီစွမ်းအင်နှင့် နှစ်ရက်တာအချိန်အတွင်း တရကြမ်း ခရီးဆက်ခဲ့ရသလို စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရသမျှကို ပြန်လည်းဖြည့်တင်းနေလိုက်သည်။ 

ရှောင်ယွင်မှာ တိတ်ဆိတ်သွားသလို သူ့၏ အသက်ရှုခြင်း သည်လည်း အသွင်းအထုတ် စည်းချက်မှန်စွာဖြင့် တဖြည်းဖြည်း အနားပတ်ဝန်းကျင်တွင် စွမ်းအင်အမျှင် တန်းများ လေများဖြင့် ရောယှက် ဝန်းပတ်လို့လာသည်။  ရှောင်ယွင် အသက်ရှုတိုင်း တဖြည်းဖြည်းဖြင့် ခန္ဓာကိုယ် ထဲ တိုးဝင်လာကြသည်။ တဖန် ဝင်လာသမျှ စွမ်းအင် အား ချီအတွင်းလမ်းကြောင်းတို့က သန့်စင်ပေးလိုက်ပြီး ဝမ်းဗိုက်သားအောက်ခြေတွင်ရှိသော ချီဝဲကတော့ထဲသို့ သိုလှောင်သိမ်းဆည်းလိုက်သည်။ 

တိတ်ဆိတ်ငြိမ်သက်စွာ လေ့ကျင့်နေသည်အမျှ ရှောင်ယွင်၏ အတွေးတို့သည် ခန္ဓာကိုယ်အတွင်းပိုင်းသို့ စူးနစ်ဝင်သွားခဲ့သည်။ အံ့သြဖွယ်ကောင်းသော အတွင်းပိုင်းအမြင်အာရုံဖြင့် ခန္ဓာကိုယ်အတွင်း စီးဆင်း နေသော ဒိုချီစွမ်းအင်တွေကို ထင်ရှားပြတ်သားစွာ မြင် တွေ့နေရသည်။ 

သူ့၏ စိတ်အာရုံသည် ချီလမ်းကြောင်းများစွာကို ဖြတ်သန်းလာခဲ့ပြီးနောက် နောက်ဆုံးတွင် ဝမ်းဗိုက်သား အောက်ခြေနေရာဆီကို ရောက်ရှိလာခဲ့သည်။ ထိုအခါ ဒိုချီစွမ်းအင်တွေ၏ အဆောက်အအုံဖြစ်သော ချီဝဲကတော့က ဖြည်ညှင်းစွာ လှည်ပတ်နေသည်ကို သူ့မြင်ကွင်းတွင် ပေါ်ပေါက်လာခဲ့သည်။ 

ထူးခြားအံ့သြဖွယ်ကောင်းသော ချီဝဲကတော့ကို မြင်ရ သည့်အခါတွင် ရှောင်ယွင်မှာ အနည်းငယ် အားရကျေနပ်သွားသည်။ တစ်နှစ်တာ လေ့ကျင့်ခဲ့ပြီးနောက်တွင် လက်မအရွယ်လောက်ရှိသည့် နို့နှစ်အဖြူအရောင်လည်း ရှိသည့် ချီဝဲကတော့မှာ သူ ဒိုကျဲအဆင့်သို့ တက်လှမ်းပြီးနောက် တွင် သူကျင့်ကြံနေသည့် ချီကျင့်စဉ်အတိုင်း အဝါရောင် ဖျော့ဖျော့အရောင်သို့ ပြောင်းလဲသွားသော​ကြောင့် ဖြစ်သည်။  ပြီးတော့ အရင်ကထက် ပိုပြီး ကျယ်ပြန့်လာသည်ကြောင့်လည်း ဖြစ်သည်။ 

ထို့အပြင် ရှောင်ယွင်သည်  ချီဝဲကတော့၏ ဒိုချီစုစည်းမှု မှာ အရင်ကထက် ဆယ်ဆ ပိုအားကောင်းလာနေသည် ကိုလည်း ထင်ထင်ရှားရှား ခံစားနေရသည်။ 

ချီလမ်းကြောင်းကနေ ချီဝဲကတော့အထိ အစဉ်မပြတ် စီးဆင်းသွားကြသော အဝါရောင် ဒိုချီစွမ်းအင်ကို စောင့် ကြည့်နေလိုက်ပြီနောက် ရှောင်ယွင်မှာ ကျေနပ်စွာဖြင့် ပြုံးလိုက်မိပြီးနောက် ခန္ဓာကိုယ်အတွင်းပိုင်းမှ စိတ်အာရုံ တို့ကို ပြန်ရုပ်သိမ်းလိုက်သည်။ ခန္ဓာကိုယ်အတွင်း ဒိုချီ စွမ်းအင်များ အပြည့်အဝ ပြန်ဖြည့်တင်းသွားပြီးနောက် သူ့မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ 

ခန္ဓာကိုယ်ကို ပျင်းရိစွာ အကြောဆန့်လိုက်ပြီးနောက် သူ့ခန္ဓိာကယ်တွင် ပြည့်တင်းလာသော အားအင်သစ် များကို ရှောင်ယွင် ခံစားလိုက်ရသည်။ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီးနောက်တွင် သူ့၏ ခက်ခဲကြမ်းတမ်း သည့် လေ့ကျင့်ခြင်းကြောင့် ဒိုကျဲအဆင့် ကြယ် ၅ လုံးမှ ကြယ် ၆ လုံးအဆင့်ဆီကို အနည်းငယ် တိုးတက်သွားတာကို ကောင်းကောင်း အာရုံခံမိလိုက်သည်။ နောက်ထပ် တစ်လ နှစ်လအတွင်း ဒိုကျဲအဆင့် ကြယ် ၆ လုံးအဆင့် သို့ ရောက်ရှိသွားလိမ့်မည်။ 

ထို့နောက်တွင် ရှောင်ယွင်သည် ဓားကြီးအား ဖွဲ့နှောင်ထားသည်ကို ဖြတ်လိုက်ပြီ ရွှင်းအဆင့် ဒိုသိုင်းတစ်ချို့ ကိုလည်း တစ်ခါတည်း ထုတ်လိုက်သည်။ သူ့အတွက် ထိုသိုင်းတို့သည် ဒိုကျဲအဆင့် ကြယ် ၈ လုံးသမားကို ရင်ဆိုင်ဖို့ ဖြစ်စေနိုင်သည်။ နောက်ပြီ ရှောင်ယွင် ကျင့် နေသော ချီကျင့်စဉ်က အဆင့်နိမ့်ဆုံး ဟွာင်းအဆင့် ဖြစ်လေရာ သူ့၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်လေသည်။ 

သူ့၏ စွမ်းအင်များ ပုံမှန်အခြေအနေသို့ ပြန်လည် ဖြည့်တင်းပြီးနောက်တွင်တော့ ရှောင်ယွင် လက်ဖဝါးကို တစ်ချက်လှန်လိုက်ရာ အနက်ရောင်စာလိပ်တစ်ခုက သူ့လက်ထဲ ထွက်ပေါ်လာသည်။ ၎င်းစာလိပ်ကား အဆင့်မြင့် ရွှင်းအဆင့် ပျံသန်းခြင်းဒိုပညာရပ်ဖြစ်လေ သည်။ 

ကောင်းကင်သို့ ထိုးဖောက်ပျံသန်းနိုင်ခြင်းသည် လူတိုင်း တို့၏ အိမ်မက်ဖြစ်သည်။ ကောင်းကင်ထဲမှာ လွတ်လပ် ပေါ့ပါးစွာ ပျံသန်းနိုင်ဖို့က ရှောင်ယွင်အတွက်လည်း စိတ်ဝင်စားစရာတစ်ခုပါ။ အဘယ်ကြောင့်ဆိုတော့ ပျံသန်း  ခြင်းသည် ထွက်ပြေးလွတ်မြောက်ဖို့အတွက် အကောင်း ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ တကယ်၍ နတ်မိမယ် သမားတော်မလေးမှာ အပြာရောင် သိမ်းငှက်ကြီးမရှိပါက ပတ်လည်ဝိုင်းထားခြင်း ခံရသော ချောက်ကမ်းပါးမှ နှစ်ယောက်စလုံး လွတ်မြောက်သွားဖို့ရန် အင်မတန် ခက်ခဲလှပေမည်။ 

ဒိုချီကုန်းမြေဒေသတွင် ဒိုချီစွမ်းအင်ကို တောင်ပံဖန်းတီး လိုက်နိုင်ဖို့က အဆင့်မြင့်လေ့ကျင့်ကြသူများဖြစ်သည့် ဒိုဝမ်နှင့် သူ့ထက် အဆင့်မြင်သူများသာ တတ်နိုင်ကြ သည်။ ကျန်သည့်အဆင့်နိမ့်သူတွေက ကောင်းကင်ကို မော့ကြည့်ပြီ အသက်ပြင်းပဲ ချကြရသည်။ အခုတော့ ရှောင်ယွင်မှာ ရှားပါးလှသော ပျံသန်းခြင်းဒိုပညာရပ်ကို ကံကောင်း၍ ရလာခဲ့လေရာ တစ်ပါးသူ မတတ်နိုင်သော ကိစ္စတစ်ခုကို လုပ်နိုင်ခွင့် ရှိလာပြီး ဖြစ်သည်။ 

စာလိပ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင် ရှောင်ယွင် မှာ နှုတ်ခမ်းသပ်လိုက်သည်။ စာလိပ်ကို စည်းနှောင်ထား သော ကြိုးကို ဖြည်လိုက်ပြီ တဖြည်းဖြည်း ဖွင့်လိုက်သည်။ 

နက်မှောင်သော စာလိပ်ကို ဖွင့်လိုက်ပြီးနောက်တွင် တွေ့လိုက်ရသော အနက်ရောင် စွန်ရဲတောင်ပံနှစ်ခုက ရှောင်ယွင်အား အနည်းငယ် တုန်ယင်သွားစေသည်။ အဆိုပါ တောင်ပံနှစ်ခုမှ စာလိပ်တွင် ရေးဆွဲထားသည် ဖြစ်ရာ သိပ်တော့ မကြီးလှပေ။ သို့ပေမဲ့ သူတို့သည် အနွေးဓာတ် နွေးနွေးလေးတော့ ထုတ်လွှင့်နေသည်။ ထူးခြားသော မြင်ကွင်းကြောင့် ၎င်းပုံမှာ သာမန်မဟုတ်မှန်း သိသာထင်ရှားလှသည်။ 

စွန်ရဲတောင်ပံမှာ အနက်ရောင်ရှိနေသော်လည်း ခရမ်းတိမ်အရောင်များက ခပ်ပါးပါး ပါဝင်နေသည်။ အနီးကပ်သေချာစွာ ကြည့်လိုက်ပါလျှင် ၎င်းတောင်ပံအစုံ မှာ အနက်ရောက်သံမဏိနှင့်လုပ်ထားသလို ဖြစ်နေပြီး ထူးခြားသည့် သတ္တုမျက်နှာပြင်လို ဖြစ်နေပြန်သည်။ တဖန် စွန်ရဲတောင်ပံတွင်ရှိသည့် အမွှေးတောင်ကလည်း နူးညံ့သော အနွေးဓာတ်ကို ထုတ်လွှတ်ပေးနေသည်။ ၎င်းအပေါ်သို့ ရှောင်ယွင် လေမှုတ်ကြည့်သည့် အခါတွင် သူ့မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီ အနည်းငယ်လည်း ထိတ်လန့်သွားသည်။ အဘယ် ကြောင့်ဆိုတော့ ၎င်းအမွှေးတောင်တွေက အစစ်ကဲ့သို့ လှုပ်ခါသွားခြင်းကြောင့် ဖြစ်သည်။ တကယ်ကို ထူးဆန်း လှသော မြင်ကွင်းတစ်ခု ဖြစ်သည် 

စွန်ရဲတောင်ပံကို သေချာကြည့်ပြီးသွားပြီနောက်တွင် ဘေးနားရှိ စာကြောင်းဆီသို့ အကြည့်ရောက်သွားသည်။ မျက်တောင် တစ်ချက်ချက်ခတ်လိုက်ပြီး ထိုစာကြောင်း အား အသံထွက်၍ ဖတ်လိုက်သည်။ 

“ ခရမ်းတိမ်မီးစွန်ရဲနက်.. အဆင့် ၅ ပျံသန်း သည့် မှော်သားရဲကောင်. ဒဏ္ဍာရီသမိုင်းအရ ၎င်းတို့သည် ရှေးဟောင်းအချိန်ကတည်းက ဖီးနစ်ငှက်တို့၏ သွေးအမွေ ကို ပိုင်ဆိုင်ထားကြသည်ဟု ပြောကြသည်.. သူ့၏ ပျံသန်း သည့် အလျင်နှုန်းသည် မှော်သားရဲပျံအားလုံးထက် အမြန် ဆုံး ဖြစ်သည်.. သဘာဝတရားအရ ၎င်းတို့သည် ကောက် ကျစ်ကာ ရက်စက်ကြသည့်အလျောက် အင်မတန်ကို ဖမ်းဆီးရ ခက်ခဲသည်..  ၎င်းတို့သည် ကုန်းမြေဒေသ၏ မြောက်ဘက်ရှိ မြူတောင်တန်းဒေသတစ်ဝိုက်တွင် ကျက်စားကြသည်။ ” 

“ အဆင့် ၅ မှော်သားရဲကောင်..?? ”

ရှောင်ယွင်မှာ ထိတ်လန့်သွားပြီး ခြောက်ကပ်စွာ တံတွေး မျိုချလိုက်သည်။ ၎င်းသားရဲကောင်မှာ ဒိုဝမ်အဆင့်ရှိသည့် လူသားတစ်ယောက်နှင့် ညီမျှသည်။ 

“ ဤဒိုပညာရပ်၏ အမည်မှာ စွန်ရဲတောင်ပံ ဖြစ်ပြီ ခရမ်းတိမ်တောင်ပံ ဟုလည်း ခေါ်သည်.. ဤစာရေးသူ ကျွန်ုပ်သည် သုံးနှစ် အချိန်ယူ၍ နောက်ထပ် သူငယ်ချင်း အနည်းငယ်နှင့် ပူးပေါင်းပြီ ခရမ်းတိမ်မီးစွန်ရဲနက်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်.. ထို့နောက် လျှို့ဝှက် နည်းလမ်းဖြင့် တောင်ပံနှစ်ဖက်လုံးကို ရယူခဲ့သည်.. နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဤစာလိပ်ကို ဖန်တီးနိုင် ခဲ့ပြီ တစ်ယောက်ကိုသာ လေ့ကျင့်ခွင့်ပြုဖို့ လုပ်ခဲ့သည်.. ကျွန်ုပ်၏ ဘဝနောက်ဆုံးအချိန်တွင် ဒိုချီစွမ်းအင်တွေနှင့် ဤစာလိပ်ကို ပြုလုပ်ခဲ့သည်.. သတိရပါ.. ၎င်းသည် လူတစ်ဦးကိုသာ လေ့လာခွင့်ရှိသည်.. ”

“ ဟာ.. ဘယ်လောက်တောင် ရဲတင်းတဲ့ လူပါလဲ.. ဒိုဝမ်အဆင့်လောက်ရှိတဲ့ မှော်သားရဲပျံကိုတောင် ဖမ်းရဲတာပါလား.. ”

ရှောင်ယွင်မှာ တအံ့တသြဖြင့် ဆိုလိုက်မိသည်။ ဤဥစ္စာကို ချန်သွားခဲ့သော လူ၏ အဆင့်ခွန်အားကိုလည်း သိချင် စိတ်လည်း ဖြစ်ပေါ်လာခဲ့သည်။ 

ထို့နောက် စာလုံးသေးသေးလေးကနေ အကြည့်ဖယ်လိုက်ပြီးနောက် သူ့လက်ဝါးကို ဖြန့်ထုတ်လိုက်ကာ အနက်ရောင်စွန်ရဲတောင်ပံကို အသာအယာ ထိတွေ့လိုက် သည်။ 

“  ဘာလို့ ဒီလို ခံစားသွားရတာလဲ.. တကယ်ပဲ ဒီဟာက တကယ့်ပစ္စည်းအစစ်ပဲလား.. ”

လက်ဖဝါးဆီကနေ ခံစားလိုက်ရသော ငှက်မွေးတောင်၏ ခံစားချက်ကြောင့် ရှောင်ယွင် အကြီးအကျယ် အံ့အားသင့် သွားသည်။ နောက်ထပ်တစ်ကြိမ် လက်ဝါးနှင့် ဖိသပ်လိုက် သည့်အခါမှတော့ မျက်နှာအမူအရာပါ အကြီးအကျယ် ပြောင်းလဲသွားသည်။ ချက်ချင်းပဲ လက်ကို ပြန်ရုပ်လိုက်ပြီ တုန်လှုပ်ချောက်ချားစွာဖြင့် ထစ်ထစ်အအ ပြောလိုက်၏။

“ ဒီ.. ဒီ.. ထဲမှာ စွန်ရဲတောင်ပံထဲမှာ စိတ်ဝိညာဉ်ရှိနေ တာပါလား.. ”

ရှောင်ယွင်၏ စိတ်အာရုံခံစားသိရှိမှုက အလွန်တရာထက် မြက်သည်ဖြစ်ရာ စွန်ရဲတောင်ပံအား ထိလိုက်သည် ခဏအတွင်းမှာပဲ ရိုင်းစိုင်းပြီ ဒေါသထွက်နေသည့် ပုန်းကွယ်နေသော စိတ်ဝိညာဉ်တစ်ခု ရှိနေသည်ကို ထင်ထင်ရှားရှား ခံစားလိုက်ရသည်။ 

“ အာ.. ပုန်းနေတဲ့ စိတ်ဝိညာဉ်တစ်ခုပဲ..ဒါပေမဲ့.. ဒီ စိတ်ဝိညာဉ်က ထိန်းချုပ်မှု မရှိတဲ့ စိတ်ဝိညာဉ်ပဲ.. ”

အံ့အားသင့်နေသည့် လေသံဖြင့် အသက်ကြီးကြီး စကား ပြောသံက ရှောင်ယွင်လက်ချောင်းက လက်စွပ်ဆီကနေ ထွက်ပေါ်လာခဲ့သည်။ 

“ ထိန်းချုပ်မှု မရှိတာ..?? ”

ရှောင်ယွင်မှာ တစ်ချက် ကြောင်သွားပြီ မယုံနိုင်သည့် လေသံဖြင့် ပြန်မေးလိုက်သည်။ 

“ ငါထင်တာကတော့ ဒီဒိုသိုင်းပညာကို လုပ်တဲ့အချိန်က သုံးလိုက်တဲ့ လျှို့ဝှက်နည်းလမ်းကြောင့် ဖြစ်သွားတာလို့ ငါ ယူဆတယ်.. အိုးး.. ဟုတ်တာပေါ့.. ဒီသားရဲပျံရဲ့ စိတ်ဝိညာဉ်နဲ့ တောင်ပံကို ဆွဲနှုတ်လိုက်တုန်းက ဒီနှစ်ခုက ပေါင်းစည်းသွားလိုက်မယ်.. ပြီးရင် ဒီလို ပေါင်းစည်းတာ မျိုးက ထူးခြားတဲ့ လျှို့ဝှက်ကျင့်စဉ်နဲ့ ထပ်ပေါင်းစပ်ဖို့ လိုလိမ့်မယ်.. အဲအခါကျမှ အစစ်အမှန် ဒိုပညာရပ်တစ်ခု ရလာမှာပေါ့.. ဘာကြောင့် ဒီပျံသန်းဖြင်းဒိုပညာရပ်က အမွေဆက်ခံဖို့ ကြာသွားတယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး.. ဒီ ဒိုသိုင်းပညာရပ်ကို ပြုလုပ်သွားပုံက မင်း အတွက် ထူးခြားတဲ့အရာတွေကို သိသွားစေတယ်ပေါ့ ”

ရွဲ့လော်က သူ့အတွေးအား ထုတ်ပြောလိုက်ပြီးနောက် ပျင်းရိစရာကောင်းသော ရယ်သံဖြင့် ရယ်မောလိုက်သည်။ 

“ ဒါဆို.. ဒါကို လေ့ကျင့်ရင် မကောင်းတဲ့ ဘေးထွက်ဆိုး ကျိုးတွေတော့ မရှိသင့်ဘူးမလား.. ”

ရှောင်ယွင်က စိုးရိမ်တကြိမ်ဖြင့် မေးလိုက်သည်။ 

“ အခု မင်းခံစားလိုက်ရတဲ့ စိတ်ဝိညာဉ်က ခရမ်းတိမ်စွန်ရဲ ငှက်နဲ့ သက်ဆိုင်တယ်လေ.. နှစ်ပေါင်းများစွာ ကြာအောင် သေဆုံးသွားရပြီနောက်မှာ သူ့ရဲ့ အသိဥာဏ်က သားရဲ ကောင်တစ်ကောင်ရဲ့ အသိဥာဏ်တွေပဲ ကျန်ခဲ့တာလေ.. ဒီတော့ တစ်ယောက်ယောက်က စောင့်ပေးနေမယ်ဆိုရင် အဲဒါကို လေ့ကျင့်ရတာ ပြဿနာတော့ မရှိလောက်ပါဘူး”

ရွဲ့လော်က ရယ်မောရင်း ရှောင်ယွင်ကို အကြံပေးလိုက် သည်။ 

ရွဲ့လော်စကားကို ကြားလိုက်ရတဲ့အခါမှသာ ရှောင်ယွင် အသက်ပြင်းချနိုင်တော့သည်။ သူ ကြောက်သွားမိတာက ပျံသန်းခြင်းဒိုပညာရပ်ကို လေ့ကျင့်သည့်အချိန်မှာ ခရမ်းတိမ်စွန်ရဲ၏ စိတ်ဝိညာဉ်က သူ့ကို ထိန်းချုပ် လိုက်မှာကို တွေးကြောက်သွားမိခြင်း ဖြစ်သည်။ နောက် ပြီ အဆင့် ၅ မှော်သားရဲကောင်၏ အသိညာဉ်ကလည်း လူသားထက် အောက်ကျနေမှာ မဟုတ်ချေ။

စာလိပ်ပေါ်က အနက်ရောင်သိမ်းငှက်တောင်ပံကို တစ်ချက် ပြန်ကြည့်လိုက်ပြီနောက် လေ့ကျင့်ပုံနည်းလမ်း ညွန်ကြားချက်ကို အကြိမ်ကြိမ်အခါခါ ဖတ်လိုက်သည်။ မျက်မှောင်အနည်းငယ်ကုတ်ထားလျက် ညင်သာစွာ ပြောလိုက်ည်။ 
“ စာလိပ်မှာ ပြောထားတာက.. ဒီပညာရပ်ကို လေ့ကျင့် တဲ့အချိန်မှာ ခရမ်းတိမ်စွန်ရဲတောင်ပံထဲက စိတ် ဝိညာဉ်က လေ့ကျင့်တဲ့သူကို တိုက်ခိုက်လိမ့်မယ်တဲ့.. တကယ်လို့ တိုက်ခိုက်တာကို ခံနိုင်ရည်ရှိရင် ဆက်လက် လေ့ကျင့်လို့ ရပါတယ်တဲ့.. ဒါမှ မဟုတ်ရင်တော့ လေ့ကျင့်တာကို အရှုံးပေးလိုက်ပါတော့တဲ့.. ”

“ ဟူး.. ကြည့်ရတာ ဒီပညာရပ်ကို လေ့ကျင့်မယ်ဆိုရင် အန္တရာယ်တော့ နည်းနည်း ရှိတဲ့ပုံပဲ.. ”

ရှောင်ယွင်က ဟူးခနဲ အသက်ပြင်းမှုတ်ထုတ်လိုက်ပြီ စိတ်အားငယ်ဟန်ဖြင့် ပြောလိုက်သည်။ 

“ ဒါပဲလေ.. တစ်ခုခု လိုချင်ရင်.. တစ်ခုခု ပြန်ပေးရမှာ ပေါ့.. ”

ရွဲ့လော်က လေးနက်သည့်အသံဖြင့် ပြောလိုက်ပြီးနောက် ပြုံးလိုက်ကာ စကားကို ဆက်ပြောပြန်သည်။ 

“ မင်းရဲ့ စိတ်ဝိညာဉ်ခွန်အားနဲ့ဆို ခရမ်းတိမ်စွန်ရဲ ရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှာကို သိပ်စိတ်ပူစရာတော့ မရှိပါဘူး.. ပြီးတော့ အဆင့် ၅ သားရဲပျံ ဖြစ်နေပေမယ့်လည်း ဒါက ပျက်စီးနေတဲ့ စိတ်ဝိညာဉ်ဖြစ်နေပြီးလေ.. ဘာမှ သိပ်မလုပ်နိုင်တော့ပါဘူး.. ”

ထိုစကားကြောင့် ရှောင်ယွင် ခေါင်းကို အနည်းငယ် ညိတ် လိုက်သည်။ မကြာမီမှာပဲ.. အံကို ကြိတ်လိုက်ကာ နောက် ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် လက်သီးဆုပ်ထား တာကို ဖြည်းဖြည်း ပြန်ဖြန့်လိုက်သည်။ လက်ဖဝါးနှစ်ဖက် ကို စာလိပ်ထက်က နူးညံ့သော တောင်ပံနှစ်ဖက်ကို အသာအယာ ဖိကပ်လိုက်သည်။ ပြီးလျှင် အသက်ပြင်း တစ်ချက် ရှိုက်သွင်းလိုက်ပြန်ကာ မျက်လုံးကို အသာ မှိတ်ချလိုက်သည်။ 

ရှောင်ယွင်က တောင်ပံကို လက်ဝါးဖြင့် ထိကပ်လိုက်ပြီး ခဏမှာပဲ ရိုင်းစိုင်းသော စွန်ရဲငှက် စိတ်ဝိညာဉ်က ရုတ် တရက် ထကြွလာကာ စူးရှသော တွန်မြည်သံက ရှောင် ယွင်၏ စိတ်နှလုံးကိုပင် တုန်ခါသွားစေသည်။ ယင်း အော် မြည်သံက စာလိပ်ဆီကနေ ထိုးဖောက်လာကာ ရှောင် ယွင်လက်ဖဝါးက ချီအတွင်းလမ်းကြောင်းကနေ စီးဆင်း သွားကာ ပြီးလျှင် သူ့၏ စိတ်အာရုံကို လွန်းဖောက်လိုက် သလို ထိုးဆွပါတော့သည်။ 

စိတ်ဝိညာဉ်တစ်ခုက တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် အဖြစ် ရှောင်ယွင် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။ ခန္ဓာ ကိုယ်က ရုတ်တရက် တုန်ခါသွားပြီ မျက်နှာအသား အရေကလည်း ရုတ်ခြည်း ဖြူဖျော့သွားသည်။ 

“ စိတ်အာရုံကို စုစည်းလိုက်စမ်း.. စိတ်နှလုံးကို အကာအကွယ်လုပ်ထားလိုက်.. သူ့ကို တိုက်ခိုက်လာပါစေ.. ”

လက်စွပ်အထဲကနေ ရွဲ့လော် အော်ဟစ်လိုက်သည်။ 

ရှောင်ယွင်က အံကို ကြိတ်ကာ ခေါင်းကို ညိတ်ပြလိုက် သည်။ ထိုအခါ ရှောင်ယွင်၏ စိတ်ဝိညာဉ်အာရုံက သူ့ဘာသာ အလွှာသဏ္ဍာန်ဖြစ်ပေါ်လာကာ သူ့၏ စိတ်ကို အကာအကွယ်ပြု၍ သူ့၏ စိတ်ဝိညာဉ်အား စူးရှစွာ ထိုးနှက်တိုက်ခိုက်လာသည်ကို ခံနိုင်ရည်ရှိအောင် လုပ်ပေးပါတော့သည်။ 

သူ့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အကျိုးသက်ရောက်မှု မရှိတာကို မြင်ရသည့်အခါ ခရမ်းတိမ်စွန်ရဲ၏ စိတ်ဝိညာဉ် က ခဏမျှ ငြိမ်သက်သွားပြီးနောက် ရုတ်ခြည်း ကြွတက် လာသောာ အရိုင်းဆန်သည့် အားများက စာလိပ်ကနေ ဆက်တိုက်ထိုးဖောက်သွားကာ ရှောင်ယွင်၏ နက်ရှိုင်း သော နေရာက အတွေးများဆီကို အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်လိုက်ပြန်သည်။ 

“ မင်းရဲ့ အတွေးတွေကို တည်ငြိမ်အောင် ထားထားလိုက် မင်းရဲ့ စိတ်ခံစားချက်ကို လုံးဝ အနှောင့်အယှက်ပေးမဝင် စေနဲ့.. မဟုတ်ရင် မင်းက သားရဲကောင်တစ်ကောင်လို ဖြစ်သွားပြီ သတ်တာတစ်ခုပဲ သိတော့တာပဲ ဖြစ်သွားလိမ့် မယ်.. ”

ရွဲ့လော်၏ လေးနက်သော စကားသံကြီးက အချိန်မဆိုင်း ဘဲ ချက်ချင်း ထွက်လာပြန်သည်။ 

ရှောင်ယွင် နောက်တစ်ကြိမ် အသက်ပြင်းချပြီ သူ့အတွေး ကို အထူးဂရုစိုက်ပြီ စောင့်ကြည့်လိုက်ပြန်သည်။ နည်း နည်းလေးပင် အတိမ်းအစောင်းမခံရဲချေ။ 

ထိုကဲ့သို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ဆယ်မိနစ်ကျော် အထိ ကြာမြင့်လာသည့်အခါ ခရမ်းတိမ်စွန်ရဲမှာ တဖြည်း ဖြည်းဖြင့် အရှုံးပေးစပြုလာသည်။ ရှောင်ယွင်၏ စွမ်းအား က အဆင့်၅ မှော်သားရဲကောင်ကို မယှဉ်နိုင်သော်လည်း ၎င်း၏ စိတ်ဝိညာဉ်က နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီး ဖြစ်ရာ အရင်က ခရမ်းတိမ်စွန်ရဲ နှင့် ဘာမှမဆိုင်တော့ ချေ။  အသုံးမကျသည့် သားရဲကောင်ပင် ဖြစ်နေတော့ပြီး ဖြစ်သည်။ 

ရက်စက်ရိုင်းစိုင်းသည့် သားရဲပျံကောင်ကဲ့သို့ ပုံသဏ္ဍာန် သည် နောက်ဆုံးတွင် ရှောင်ယွင်၏ အတွေးထဲမှ ဆုတ် ခွာခဲ့သွားပြီးအချိန်တွင် ရှောင်ယွင်မှာ တစ်ကိုယ်လုံး လဲပြိုကျသွားသည်။ သူ့၏ ဖြူဖျော့နေသော မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသည်။ စိတ်ဝိညာဉ်အချင်းချင်း တိုက် ခိုက်မှုမှာ ခန္ဓာကိုယ်ချင်း အပြင်မှာ တိုက်ခိုက်သည်ထက် ပိုပြီး စွမ်းအင်ကုန်ခမ်းလေသည်။ 

“ အောင်မြင်သွားပြီးလို့ ပြောလို့ရပြီးလား.. ”

ရှောင်ယွင်မှာ မျက်ခုံးထက်က ချွေးစက်ကို သုတ်ဖယ် လိုက်ပြီ မေးလိုက်သည်။ 

“ ဒါပေါ့.. အခုဆိုရင် အဲဒီပညာရပ်ကို လေ့ကျင့်ဖို့ အဆင့် မှီသွားပြီ.. ”

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှောင်ယွင် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ရယ်မောလိုက်ချေသည်။ လက်နှစ်ဖက်ကို စွန်ရဲတောင်ပံဆီ ထပ်မံ ကပ်ထားကြည့် လိုက်ရာ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မခံစားရတော့ချေ။ ထိုအခါ ခန္ဓာကိုယ်ထဲက ဒိုချီစွမ်းအင်ကို စာလိပ်ထဲက ညွန်ကြားချက်အတိုင်း စတင် ပေးစီးဆင်းလိုက်တော့ သည်။ ခဏအကြာတွင် စီးဆင်းနေသော ဒိုချီစွမ်းအင်မှာ လက်မောင်းကို ရောက်ရှိလာကာ တဖြည်းဖြည်းဖြင့် လက်ဖဝါးဆီကို ထပ်မံရောက်ရှိလာသည်။ 

ဒိုချီစွမ်းအင်တွေက လက်ဖဝါးခွက် တည့်တည့်သို့ စရုံး ရောက်ရှိလာပြီးအခါတွင် အနက်ရောက်စာလိပ်ပေါ်က စွန်ရဲတောင်ပံသည် ရုတ်တရက် ကြွတက်လာသည်။ ခရမ်းရောင်နှင့် အနက်ရောင်.. တဖြည်းဖြည်းပင် ပိုမို တောက်ပလာကာ နောက်ဆုံးတွင် ခရမ်းဆန်ဆန် အနက်ရောင် အလင်းတန်းသို့ ပြောင်းလဲသွားပြီ ရှောင် ယွင်လက်ဖဝါးအတွင်းဆီသို့ ဝင်ရောက်သွားခဲ့သည်။ 

အဆိုပါ ခရမ်းဆန်ဆန် အနက်ရောင်အလင်းတန်းက ရှောင်ယွင် ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက်တွင် သူတို့ သည် ချီးလမ်းကြောင်းတစ်လျှောက် စီးဆင်းသွားကာ နောက်ဆုံးတွင် ရှောင်ယွင်နောက်ကျောပြင်က ချီလမ်း ကြောင်းဆီသို့ ရောက်ရှိလာသည်။ ထိုနေရာ ရောက်လျှင် တုံ့ခနဲ ရပ်လိုက်ပြီ ထိုနေရာတွင် လှည့်ပတ်ကာ မထင်မှတ်စွာဖြင့် နောက်ထပ် သေးငယ်သော အတွင်း လမ်းကြောင်းနှစ်ခုကို ဖောက်ထွင်းတည်ဆောက်လိုက်ကြ သည်။ 

အဆိုပါ ချီလမ်းကြောင်းအသစ်သည် ပင်ရင်းချီလမ်း ကြောင်းကနေ ကြီးထွားလာပြီး ခန္ဓာကိုယ်၏ နောက်ကျောပြင်က ဂိတ်ဆုံးအထိ ရောက်ရှိမှသာ ကြီးထွားမှုကို တဖြည်းဖြည်း ရပ်တန့်လိုက်ကြသည်။ 

အပြင်ဘက်မှာမူ ရှောင်ယွင်သည် စွန်ရဲတောင်ပံ ပျောက် ကွယ်သွားခြင်းကြောင့် စိတ်ရှုပ်ထွေးဆဲပါ။ ရုတ်တရက် ကျယ်လောင်စွာ အော်ညည်းလိုက်သလို နဖူးဆီကလည်း ချွေးသီးများ ပိုးပိုးပေါက်ပေါက်ကျဆင်းလာသည်။ လက် နှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် လက်သီးဆုပ် ထား ကာ မောဟိုက်စွာ အသက်ရှုလာရသလို စိတ်လည်း ဆိုးလာ၍ ဆဲဆိုမိပြန်သည်။ 

“ ဒီသောက်ဟာက ဘာတွေလုပ်နေတာလဲဟ.. ”

အိပ်ရာထက် လှဲကာ တစ်ကိုယ်လုံးတွန့်လိမ်နေပြန်သည်။ ရှောင်ယွင်မှာ နှုတ်ခမ်းကို ဖိကိုက်ထား၍ သွေးများပင် ပေါက်ထွက်ယိုစီးကျသည်။ ထိုအနေအထားအတိုင်း တောင့်ခံထားနေရင်း ရှောင်ယွင်မှာ သူ့၏ ချီလမ်းကြောင်း များ ဖောက်ထွင်းတည်ဆောက်နေခြင်းကြောင့် နာကျင်မှု ဒဏ်ကို မခံနိုင်ရကာ သတိလစ်မေ့မျောသွားတော့သည်။ 
==============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...