Followers

Chapter 135

နည်းနည်း အမှောင်ဆန်နေသလိုပဲ။ သည်းခံအံကြိတ်ပြီး ဖတ်ကြပါဗျို့။ 

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ၁၃၅

==================================
လျှာနှစ်ခုဟာ ရှောင်ယွင်၏ ပါးစပ်ခံတွင်းမှာပဲ အယှက်အတင်ဖြစ်လို့ နေသည်။ သာယာနှစ်သိမ့်မှုလှိုင်း တသိမ့်သိမ့်လေးတွေက ရှောင်ယွင်၏ နှလုံးသားထဲအထိ တစိမ့်စိမ့် ဝင်ရောက်လို့နေသည်။ သူ့လက်မောင်းအားက တဖြည်းဖြည်း အားများလာကာ ထိုမိန်းမပျိုအား သူ့ကိုယ်နှင့် ပူးကပ်စေချင်သည့်နှယ် ဆွဲဖက်ထားလို့ နေသည်။ 

ဆန္ဒမီးတောက်တွေက တဖြည်းဖြည်း ပြင်းထန်လို့ လာလေသည်။ ရှောင်ယွင်မှာ သာယာယစ်မူးနေကာ သူ့လက်ကလည်း အလိုလိုပင် ယွင်ချီရဲ့ ခါးငယ်လေးအထက်သို့ တွယ်တက်လို့ လာနေသည်။ လက်ချောင်းက အနည်းငယ်လျှောက်သွားရင်းမှ အနက်ရောက်ဝတ်ရုံအောက်သို့ ရောက်ရှိလို့ သွားကာ ချောမွတ်၍ နူးညံ့လှသည့် ပူနွေးနေသော ကျောက်စိမ်းအသားနှယ် အသားအရေကို ထိတွေ့လို့ သွားလေသည်။ 

နှစ်ယောက်သား ခန္ဓာကိုယ်တို့က ရင်းရင်းနှီးနှီး ထိတွေ့ပွတ်ထိသွားသည်နှင့် ရှောင်ယွင်နှင့် ယွင်ချီတို့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လို့ သွားလေကာ အသက်ရှုအသံများ  ပြင်းထန်မြန်ဆန်လာလေသည်။ ရှောင်ယွင်၏ လက်က တဖြည်းဖြည်း အထက်ပိုင်းသို့ တိုးတက်လို့ သွားလေသည်။ ခဏအကြာတွင် ရှောင်ယွင်သည် သူမ၏ နူးညံ့အိစက်သည့် တောင်ထွတ်နှစ်ခုကို အမှန်အကန် အုပ်ကိုင်ထားလို့ နေလေပြီး။ 

မိမိ၏ ခံစားမှုအကောင်းဆုံးအရာကို ပိုင်ပိုင်နိုင်နိုင် ကျူးကျော်လာခဲ့လိုက်ခြင်းကြောင့် ယွင်ချီမှာ မူလက ဆန္ဒရမ္မက်ကြောင့် သာယာမိန်းမောနေရမှ အနည်းငယ် အသိဝင်လာခဲ့သည်။ သူမမျက်နှာက ဖြူဖျော့သွားခဲ့ပြီးလျှင် သူမတို့ နှစ်ယောက်သား၏ ကိုယ်ဟန်အနေအထားကို သတိရသွားခဲ့သည်။ လျှပ်စစ်လျှပ်သည့်နှယ် သူမသည် ရှောင်ယွင်ကို ပယ်ခွာလိုက်ကာ  သူမ၏ သွားဖြူဖြူကို ကြိတ်၍ အားစိုက်ကာ ကြိမ်းမောင်းလေသည်။ 

“ ရွဲ့ယွင်.. နင်.. နင်..  ငါ့ကို ဒီလို လုပ်ရဲတယ်လား.. ငါ့ အစွမ်းတွေ ပြန်ရတာနဲ့ နင့်ကို ငါသတ်မယ်.. ”

ယွင်ချီစကားက ဆန္ဒရမ္မက်မီးတောက်လောင်ကျွမ်းနေခြင်းကြောင့် မပီပြင်မသဲကွဲချေ။ သိုသော် သူမ၏ စကားလုံးတွေက အနည်းငယ် ငိုကြွေးနေသယောင် ရှိနေပေသည်။ 

ယွင်ချီ၏ စကားလုံးက ရှောင်ယွင် ခေါင်းကို တူကြီးတစ်လက်ဖြင့် နှက်သည့်နှယ် ပြင်းထန်စွာ ရိုက်ခတ်လို့ သွားသည်။ ချက်ချင်းပင် ရမ္မက်မီးဇောကပ်နေရာမှ အသိစိတ်ပြန်ဝင်သွားခဲ့သည်။ တဖန် သူ့လက်ကလည်း သူမ၏  အဖိုးတန် ရင်နှစ်မြွာကို ဆက်လက်အုပ်ကိုင်သေးသည်ကို သတိပြုမိသွားလေရာ ရှောင်ယွင် မျက်နှာက ခရမ်းရောင်သို့ပင် ပြောင်းလဲသွားချေကာ လက်ကို ကမန်းကတန်း လွှတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်ထဲက ဒိုချီစွမ်းအင်ကို ခပ်မြန်မြန်လှည့်လိုက်ပြီး အရှိန်ကောင်းစွာ တောက်လောင်နေသည့် ရမ္မက်ဆန္ဒမီးတောက်ကို ဖိနှိပ်ဖို့ ကြိုးစားလေသည်။ 

ရှောင်ယွင်က စိတ်ဆန္ဒကို ဖိနှိပ်ဖို့ ကြိုးစားနေသည့်အချိန်တွင် ယွင်ချီမှာ အသိစိတ်လွတ်သွားပြန်ကာ ရမ္မက်မီးက နောက်တစ်ကြိမ် လွှမ်းမိုးသွားပြန်သည်။ သူမ၏ လက်သွယ်သွယ်က  ရှောင်ယွင်၏ ခါးကို သိုင်းဖက်လာပြန်သည်။ သူမ၏ ပါးပြင်လေးက ရှောင်ယွင်၏ ရင်ဘက်ကို အခါခါ ပွတ်သပ်ကလူလို့နေပြန်သည်။ သူမ၏ အသိစိတ်က ကင်းလွတ်သွားတော့မည့်အရိပ်အယောင် ဖြစ်လို့ နေသည်။ သို့သော် ယွင်ချီ၏ လှပနှစ်လိုဖွယ်ကောင်းသည့်မျက်ဝန်းမှ ပုလဲရည်ဥလဲ့လဲ့တို့က ယိုစီးကြလာခဲ့လေသည်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော နှုတ်ခမ်းဖူးဖူးလေးကနေ စကားသံများ မပီမပြင် တိုးထွက်ကာ ရှိနေပြန်သည်။ 

“ ရွဲ့ယွင်… ငါ့ခန္ဓာကိုယ်ကိုသာ မင်းသိမ်းပိုက်ခဲ့ရင်.. ငါ မင်းကို အရင်သတ်မယ်.. ပြီးရင် ငါလည် သတ်သေပါတော့မယ်.. ”

သူမ၏ မျက်နှာမှ   ကြွေခဆင်းလာသော မျက်ရည်ဥလေးများသည် ရှောင်ယွင်၏ ရင်ဘက်ပေါ်သို့ စီးကျသွားလေတော့သည်။ အေးစက်သည့် အရာကြောင့် ရှောင်ယွင်မှာ သူ့ပါးစပ်တွင် ခါးသီးမှုတို့ ခံစားလို့ လာခဲ့ပြန်သည်။ အသက်ပြင်းချလိုက်ပြီးနောက် သူ့နှလုံးသားကို မေးလိုက်လေသည်။ 

“ ဆရာ.. လူသေကောင်လို မလုပ်နေပါနဲ့တော့..။ ဒီအစွမ်းကို ဘယ်လို ပြေပျောက်အောင် လုပ်ရမလဲ.. ”

“ ဟား.. ဟား..  ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုကွာ.. ဒီမိန်းကလေးက ဂျားမားအင်ပါယာမှာ တကယ်ထိပ်တန်း ဆွေကြီးမျိုးကြီးလိုပဲနော့..  တကယ်လို့ မင်းသာ.. အင်း.. ”

ရွဲ့လော်၏ ဟားတိုက်ရယ်မောလိုက်သည့်အသံက  ရှောင်ယွင် နှလုံးသားထဲမှာ ထွက်ပေါ်လာခဲ့သည်။ 

“ ဆေးမထိုးပါနဲ့ ဆရာရယ်.. သူက သူ့ခန္ဓာကိုယ်ကို ထိတွေ့သွားတဲ့သူကို ဒီအတိုင်းထားသွားမဲ့ လူမျိုးမဟုတ်ဘူး.. တကယ်လို့ သူ့ကို ကျနော် တကယ် လုပ်ခဲ့မိရင် သူ အသိစိတ်ပြန်ဝင်တာနဲ့ အရင်ဆုံး သူသတ်မှာက ကျနော်ဗျ.. ”  

ရှောင်ယွင် ခါးသီးစွာ ရယ်မောလိုက်ကာ ခေါင်းကို တွင်တွင်ယမ်းနေမိသည်။ သူ ခေါင်းကို ငုံ့ကြည့်လိုက်ရာ ရီဝေမိန်းမောနေသည့် တော်ဝင်ဆန်အလှပိုင်ရှင် ယွင်ချီ၏ မျက်နှာ နီရဲရဲကို မြင်လိုက်ရပြီးနောက် ရှောင်ယွင် တိုးတိတ်စွာ ရေရွတ်လိုက်ပြန်သည်။ 

“ သူ လိမ်မပြောဘူးဆိုတာ ကျနော် ခံစားနေရတယ်.. ။ သူ့ရဲ့ စိတ်နေစိတ်ထားအတိုင်းဆိုရင် သူ တကယ်လုပ်လိမ့်မယ်လို့  ကျနော်စိတ်ထဲ ထင်နေတယ်.. ”

“ အာ.. ဒီလောက် အခွင့်ကောင်းကိုကွာ.. ”   

ရွဲ့လော်က နှမြောတသစွာဖြင့် အသက်ပြင်းချလိုက်သည်။ ထို့နောက် စိတ်ပျက်သည့်လေသံဖြင့်

“ မင်းရဲ့ ဒိုချီစွမ်းအင်ကို လက်မှာ စုစည်းပြီးတော့ သူ့ရဲ့  ဗိုက်သားအောက်က နေရာရယ်၊ ပေါင်ရယ်..၊နောက်ပြီးတော့ ရင်ညွန့်အထက်နေရာရယ် အဲ့ဒီနေရာမှာ ရှိတဲ့ အကြောနေရာတွေကို နှိပ်နှယ်ပေးရမယ်.. ပြီးတော့ အဲ့ဒီအကြောနေရာတွေကို မင်း တိတိကျကျ သိထားရမယ်.. ”

“ အာ.. ”   ရွဲ့လော်၏ စကားကို နားထောင်ပြီးတဲ့အခါတွင် ရှောင်ယွင်၏ မျက်ဝန်းထောင့်က တွန့်ခနဲ ဖြစ်သွားသည်။ ဘာဖြစ်လို့ အဲဒီနေရာတွေက မိန်းခလေးတစ်ယောက်ရဲ့ ထိတွေ့ခွင့်မရှိသည့်နေရာတွေချည်း ဖြစ်နေရတာလဲ။ 

“ ဆရာရယ်.. ထပ်ပြီး ဆေးမထိုးတော့ရင် ကောင်းမယ်ထင်တယ်.. ။ ဒါက ကျနော်အသက်အန္တရာယ်နဲ့ သက်ဆိုင်နေပြီး.. ”

ရှောင်ယွင်မှာ ချွေးစီးကျနေတာကို သုတ်လိုက်ပြီး မဲ့ပြုံးကာ ပြောလိုက်သည်။ သို့သော် ရွဲ့လော်မှာ ရှောင်ယွင်အမေးကို ပြန်မဖြေဘဲ နေလေသည်။ ရှောင်ယွင်မှာ အနောက်ဆုတ်၍ မရတော့သည့်အခြေဆိုက်နေပြီးမို့ အံကိုကြိတ် ခါးကိုညွတ်ပြီးနောက် ပျော့ညွတ်ခွေယိုင်နေသည့် ယွင်ချီ၏ ခါးကို ဖက်၍ ချီလာခဲ့ပြီးလျှင် သူမကို ကျောက်ဇျာထက်တွင် နေရာချလိုက်သည်။ 

ယွင်ချီမှာ သူမ၏ အဝတ်တို့က ကပိုကရို ဖြစ်လို့နေကာ သူမ၏ တစ်ကိုယ်လုံးကို အပြည့်အဝ ဖုံးကွယ်ထားခြင်းပင် မရှိတော့။ အင်မတန်ကို ဆွဲဆောင်အားပြင်းသည့် မြင်ကွင်း ဖြစ်နေပါတော့သည်။ ရှောင်ယွင်မှာ တစစ ဝမ်းနည်းပက်လက်ဖြစ်လို့လာခဲ့သည်။ သူ့ခမျာ စိတ်ဆန္ဒတွေကို ဖိနှိပ်ထားနေရုံသာမက အခုလို မိန်းမပျိုတစ်ယောက်၏ မမြင်သင့် မမြင်အပ်သည့်အရာများ တစ်ပိုင်းတစ်စ လှစ်ဟပြနေတာကိုလည်း သူတော်စင်တစ်ပါးအလား စိတ်ချုပ်တည်းနေရတာကို တွေးရင်း မချိတင်ကဲ ဖြစ်နေပါတော့သည်။ 

ထို့နောက် သူ အသက်ပြင်းကို လေးလံစွာ ချလိုက်သည်။ တဖန် ဒိုချီစွမ်းအင်တွေဖြင့် ဖုံးလွှမ်းထားသည့် လက်ကို ဆန့်တန်းလိုက်ကာ တစ်ပိုင်းတစ အသိစိတ်ဝင်နေသေးသည့် ယွင်ချီကို မျက်နှာမူလိုက်သည်။ ရှောင်ယွင်သည် လေသံတိုးတိုးဖြင့် “ ငါ တောင်းပန်ပါတယ်.. ” ဟု ပြောလိုက်ပြီးလျှင် ယွင်ချီ၏ ဝတ်ရုံနက်ကို ဆွဲဖယ်လိုက်လေသည်။ နှင်းပွင့်ခဲလို ဖွေးဖွေးဆွတ်သည့် ရင်သားအပေါ်အထက် တစ်ဝက်မျှ ပေါ်သည်နှင့် ရပ်လိုက်သည်။ 

ရှောင်ယွင်သည် အာရုံမပြောင်းစေဘဲ သူ့လက်ချောင်း သုံးချောင်းကို ထောက်ကာ သူမ၏ လည်ပင်းအောက်နှင့်ရင်မြတ်အထက်နေရာက လက်မတစ်ဝက်အကွာနေရာတွင် အသာအယာ နှိပ်နယ်ပေးလိုက်သည်။ 

ဒိုချီစွမ်းအင်က သူမ၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသည့်အခါတွင် ယွင်ချီ၏ နီမြန်းနေသည့် မျက်နှာသည် တဖြည်းဖြည်း အရောင်ပြယ်လာခဲ့သည်။ စိတ်နှလုံးကို လှုပ်ခါစေသည့် သူမ၏  နှာမှုတ်သံများ..။ ညည်းညူသံများကလည်း တဖြည်းဖြည်း အသံတိုးလို့ လာလေသည်။ 

အကျိုးထူးသည်ကို မြင်သည့်အခါ ရှောင်ယွင်မှာ စိတ်အားတက်လာကာ သူ့လက်ထဲကို ဒိုချီစွမ်းအင်များ ထပ်မံပို့လွှတ်လိုက်သည်။ အချိန်အတော်ကြာအထိ နှိပ်ပေးလိုက်ပြီးနောက် ရှောင်ယွင်သည် ယွင်ချီ၏ ဝမ်းဗိုက်အောက်ဘက်ကို အကြည့်ရွှေ့လိုက်သည်။ မိန်းကလေးတစ်ယောက်၏ အထိမခံ သတိထားရပါသော နေရာကို နှိပ်နယ်ရမည်မို့ ရှောင်ယွင် အသက်ပြင်းချလိုက်ပြန်ကာ သူမ၏ အဝတ်ရုံနက်အင်္ကျီကို ထပ်ဆွဲဖယ်လိုက်ပြန်သည်။ 

မကြာချေ ။ အနက်ရောင်ဝတ်ရုံလွှာဖယ်ခွာခြင်းအနုပညာကြောင့် ယွင်ချီ၏ ကြွရွနုလှသည့် စနေနှစ်ခိုင် မို့မို့မောက်မောက်က အကာအကွယ်မဲ့လို့ သွားချေသည်။ အဝတ်များ ကပ်ညိခြင်းမရှိဘဲ သူမ၏ ပကတိအလှတရားများ ထင်ရှားစွာ ထွက်ပေါ်လို့ လာချေသည်။ 

ရှောင်ယွင်မှာ တံတွေးကိုသာ အနိုင်နိုင်မျိုချရင်း သူမ၏ ဝမ်းဗိုက်အောက်သားကို လက်ချောင်းဖြင့် ထိတွေ့ကြည့်လိုက်ပြီး အသာအယာ ရွေ့လျားလိုက်လေသည်။ တပ်မက်ဖွယ်ကောင်းသည့် အထိအတွေ့ကြောင့် ရှောင်ယွင်၏ နှလုံးသားတို့သည် အကြမ်းပတမ်းနိုင်စွာ ဝုန်းဒိုင်းကြဲလို့နေပါတော့သည်။ 

ဒိုချီစွမ်းအင်တို့က ယွင်ချီ၏ ချက်အောက်သားနေရာတစ်ဝိုက်ကို စတင်ကူးပြောင်းလို့ သွားခဲ့သည်။ ထိုအခါ သူမ၏ မျက်နှာနီမြန်းနေမှုက လျော့ပါးလာလေသည်။ ပန်းရောင် ပြေးနေသော သူမ၏ လည်တိုင်လေးကလည်း တဖြည်းဖြည်း ပုံမှန်အဖြူရောင်ဘက်သို့ ပြောင်းလဲလာချေသည်။ 

မိနစ်အနည်းငယ်ကြာသည်အထိ သူမ၏ ချက်အောက်သားကို နှိပ်ပေးပြီးနောက် ရှောင်ယွင်သည် သူမ၏ ဝတ်ရုံအင်္ကျီကို ကမန်းကတန်း ပြန်ဆွဲတင်ပေးလိုက်သည်။ ပြီးလျှင် ယွင်ချီ၏ ခြေထောက်က ဝတ်ရုံအစကို ဆွဲဖယ်လိုက်ပြန်သည်။ ဒီနေရာမှာ ရှောင်ယွင် မရိုမသေ မလုပ်ရဲချေ။ တော်သင့်ရုံလောက်သာ အဝတ်ကို ပင့်မပြီး အကြောနှိပ်ရမည့်နေရာကို အမြန်ရှာလိုက်သည်။ ထို့နောက် မျက်လုံးကို မှိတ်လိုက်ပြီး ဒိုချီစွမ်းအင်ကို ပို့လွှတ်ကာ ယွင်ချီ၏ ရမ္မက်မီးတောက်လောင်နေမှုကို ခြေဖျက်ပေးလိုက်လေသည်။ 

ရှောင်ယွင် မျက်လုံးမှိတ်လိုက်သည့်အခါတွင် လဲလျောင်းနေရသည့် ယွင်ချီမှာ သူမ၏ လက်ကို တင်းတင်းဆုပ်လိုက်သည်။ သူမ၏ မျက်တောင်ရှည်မှာ တဆတ်ဆတ် တုန်ယင်လို့နေသည်။ သူမ၏ မျက်နှာတွင် ဒေါသနှင့် ရှက်ရွံ့ခြင်းတို့ တစ်လှည့်စီ ထွက်ပေါ်လို့နေသည်။  

ခဏအကြာတွင် ရှောင်ယွင် ချွေးများ ရွဲနစ်လို့လာကာ နောက်ဆုံးတွင် သူ့လက်ကို ဖယ်ထုတ်လိုက်သည်။ အနက်ရောင်ဝတ်ရုံကိုလည်း အောက်ပြန်ဆွဲချလိုက်ပြီးနောက် သူ့မှာ ဟောဟဲလိုက်လို့နေသည်။ တစ်ဖက်လှည့်ကြည့်လိုက်သည့်အခါတွင် ယွင်ချီ၏ မျက်နှာက ပုံမှန်အသွေးအရောင်ပြန်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ 

ရှောင်ယွင်လည်း အသက်ပြင်းချလိုက်ပါသည်။ သို့သော် သူက သူ့၏ ဒိုချီစွမ်းအင်ကို အသုံးပြုပြီး ယွင်ချီ၏ အပူရမ္မက်ကို ဖိနှိပ်ခြေဖျက်ပေးခဲ့လေရာ ယခုတွင် သူ့၏ ရမ္မက်စိတ်ရိုင်းက ပြန်နိုးကြွလို့ လာလေသည်။ ရှောင်ယွင်မှာ မျက်နှာနီမြန်းစွာဖြင့် ကိုယ်ကို ကိုင်းလိုက်ပြီးလျှင် ကျောက်သားပြင်ထက်ဝယ် ခိုကိုးရာမဲ့စွာ လှဲနေရသည့် အချောအလှလေးကို ငုံ့ကြည့်လိုက်သည်။ သူသည် အလိုလို အရှေ့တိုးလာပြီး ခေါင်းကို ထပ်ငုံ့ကာ သေးသွယ်ပြီး လှပကော့ညွတ်သည့် စွဲမက်ဖွယ် နှုတ်ခမ်းဖူးဖူးကို စိုက်ကြည့်သည်။ သူ့မျက်ဝန်းတွင် မီးလျှံတစ်ချက် ဝင်းပသွားကာ ခေါင်းကို တဖြည်းဖြည်း ငုံ့လို့ လာလေသည်။ အသက်ရှုလေများ တဖြည်းဖြည်း နီးကပ်လာသည်ကို ခံစားလိုက်ရသည့်အခါ ယွင်ချီသည် လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။ 

ထိုသို့ ယွင်ချီက လက်တုံ့ပြန်ဖို့ ရည်ရွယ်လိုက်သည့်အချိန်တွင် အသက်ရှုလေက ထပ်ပြီး မတိုးကပ်လာတော့ချေ။ တစ်ချက် တိတ်ဆိတ်သွားကာ ဂူထဲတွင် ကြည်လင်ပီသသည့် ရိုက်ချက်အသံက ထွက်ပေါ်သွားလေသည်။ ထိုအသံက ပြန်တိတ်ဆိတ်သွားသည့်အခါ အသက်ရှုလေနွေးနွေးက တဖြည်းဖြည်း ဝေးကွာသွားလေသည်။ ယိုင်တိုင်တိုင် လျှောက်လှမ်းသွားသည့် ခြေလှမ်းသံများ ဂူထဲမှာ ဆက်လက်ထွက်ပေါ်ခဲ့လေသည်။ 

ခြေလှမ်းသံများ ပျောက်ကွယ်သွားသည့်အခါတွင် ယွင်ချီသည် မျက်တောင်ကို လှုပ်ခါ၍ မျက်လုံးဖွင့်လိုက်သည်။ သူမ၏ ဝတ်ရုံက ပုံပန်းမကျ ဖြစ်နေသည်ကို မြင်သည့်အခါ နောက်ထပ် မျက်ရည်များ စီးကျလာလေသည်။ သူမ ကြောက်ရွံ့ခဲ့သည့် အဖြစ်က မဖြစ်ခဲ့သည်က မှန်သော်လည်း ရှောင်ယွင်၏ နှိပ်နယ်ခြင်းက သူ၏ ခန္ဓာကိုယ်တစ်ကိုယ်ကို မြင်ခွင့်ရသည်နှင့် အတူတူပဲ မဟုတ်လား။ 

သူမ၏ ဂုဏ်အဆင့်အတန်းဖြင့် မည်သူမျှ သူမ၏ အရှေ့တွင် ရိုင်းစိုင်းစော်ကားခြင်းပင် မပြုရဲကြ၊ သူမ၏ ခန္ဓာကိုယ်ကို ထိကိုင်ဖို့ပင် ဝေးစွ။ သို့သော် သူမ တစ်သက်လုံး ထိန်းသိမ်းစောင့်စည်းလာခဲ့သည့် သူမ၏ ပထမဆုံးအနမ်းကို သူမထက်ပင် ငယ်ရွယ်သည့် ကောင်လေးတစ်ယောက်က သိမ်းပိုက်သွားခဲ့သည်ကို ပြန်တွေးမိတဲ့အခါ သူမသည် ရူးရူးခါခါကို ငိုချင်မိသွားသည်။ ဒါပေမဲ့ သူမ၏ မျက်ဝန်းမှာ မျက်ရည်တော့ မထွက်ကျလာချေ။ 

သူမ၏ ဒိုချီအစွမ်းကို ဆုံးရှုံးရသည်ဖြစ်ရာ ယွင်ချီသည် သူမ၏ ပုံမှန်အစွမ်း ခံစားချက်အား မဖြစ်ပေါ် မခံစားရဘဲ နေနေရသည်။ သူမ၏ အစွမ်းမှာ သူမ၏ အသိအာရုံ၏ နက်ရှိုင်းသည့်နေရာတွင် ယာယီချုပ်နှောင်ထားသလို ဖြစ်နေပေသည်။ 

တကယ်၍ အရင်အချိန်မှာ ယခုလို ဖြစ်ပွားခဲ့ပါက ယွင်ချီ လုံးဝ နှောင့်နှေးနေမှာ မဟုတ်ဘဲ သူမ၏ လက်သုံးတော်ဓားဖြင့် ရှောင်ယွင်ကို အပိုင်းရှစ်ပိုင်း ဖြတ်တောက်လိုက်မှာ အမှန်ပင်။ ဒိုချီစွမ်းအင်တွေသာ ပိတ်ဆိုးခံရခြင်း မရှိပါက ရှောင်ယွင် လက်တည့်စမ်း ဖော်စပ်ထားသည့် ကာမစိတ်ကြွဆေးမှာ သူမကို အနည်းငယ်ပင် မူးဝေစေခြင်းငှာ တတ်စွမ်းနိုင်မှာ မဟုတ်ချေ။ 

ယွင်ချီသည် လှဲလျောင်းနေရင် သူမ၏ နီထွေးလှသည့် နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သူမ၏ မျက်နှာမှာ အလင်းအမှောင်နှစ်ရပ်ကြား အမူအရာများ အထွေထွေ ပြောင်းလဲလို့ နေရာ ဘယ်သူကမှ သူမ၏ အတွေးအား ခန့်မှန်းနိုင်မှာ မဟုတ်ချေ။ 

ဂူအပြင်ဘက် ရောက်သည်နှင့် ရှောင်ယွင်သည် မဝေးလှသည့် နေရာက ရေတံခွန်ဆီသို့ ပြေးသွားလိုက်သည်။ သူ့မှာ တောက်လောင်နေသည့် ရမ္မက်မီးက မီးဖိုက အပူနှယ် သူ့အား ခံစားနေစေသည်။ မျက်နှာက နီမြန်းစွာဖြင့် ဆက်လက်ပြေးသွားလေသည်။ တဝုန်းဝုန်းကျဆင်းနေသည့် ရေလုံးများ၏ အသံနှင့် ရေခိုးရေငွေ့များက သူ့နား သူ့မျက်နှာကို လာရောက်ထိမှန်သွားသည့်အခါ အနည်းငယ်သက်သာသွားသလို ရှောင်ယွင် ခံစားလိုက်ရသည်။ 

“ ဗလုံးးး ”
အရှေ့တွင် ရေကန်မြင်သည့်အခါ ရှောင်ယွင်သည် ငါးတစ်ကောင်ကဲ့သို့ ရေထဲ ခုန်ဆင်းလိုက်သည်။ ရေကန်အောက်ခြေသို့ပင် ထိုးဆင်းသွားပြီး ကန်ရေအေးအေးဖြင့် သူ့ကိုယ်အပူကို ငြိမ်းအေးလိုက်စေသည်။ 

ထို့နောက် သိုလှောင်လက်စွပ်ကနေ စွမ်းအင်ဖြည့်တင်းဆေလုံးကို ထုတ်ယူလိုက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ကန်ရေများလည်း သူ့ပါးစပ်ထဲ အလိုလိုဝင်ကုန်သည်။ ထို့နောက် ရေကန်အောက်ခြေမှာပဲ ခြေပလ္လင်ခွေကာ ဒိုချီစွမ်းအင်တွေအား စတင်လှည့်ပတ်လိုက်၍ ကိုယ်ထဲက ရမ္မက်မီးကို မောင်းထုတ်ပစ်ဖို့ လုပ်လေသည်။ 

ရေ၏ ဖိအားအပြင် ဒိုချီစွမ်းအင်များကလည် ပြန်လည်ပြည့်တင်းလာ၍ ရှောင်ယွင် ကိုယ်ထဲက အပူလှိုင်းများ စတင်လျော့ပါးလာသည်။ ထကြွနေသည့် စိတ်ရိုင်းတွေကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ 

“ ပလွတ်.. ”

တည်ငြိမ်သည့် ရေပြင်ထက်ကို ဦးခေါင်းတစ်လုံးက ထွက်ပေါ်လာခဲ့သည်။ ရှောင်ယွင်သည် မျက်နှာမှာ ကပ်နေသည့် ရေကို သုတ်ချလိုက်ကာ ခေါင်းကိုမော့၍ နေကို မော့ကြည့်လိုက်သည်။ ထို့နောက် အသက်ကို ဖြည်းဖြည်းလေး ရှုလိုက်ပြီးလျှင် ကန်ရေအစပ်သို့ ဖြည်းဖြည်း ကူးခတ်သွားလိုက်ပြီး အသက်ကို အငမ်းမရ ရှုလိုက်သည်။ 

ရှောင်ယွင် မျက်ဝန်းကို ကျဉ်းမြောင်းထားကာ ကောင်းကင်ကို မော့ကြည့်ရင်း သူ့နှုတ်ခမ်းကို လျှာသပ်လိုက်သည်။ တော်ဝင်ဆန်ပြီး လှပသည့် ယွင်ချီ၏ ပုံရိပ်က သူ့မျက်ဝန်းမှာ မြင်ယောင်လာပြန်သည်။ တော်ဝင်ဆန်သည့် နတ်ဘုရားမလေးက သူမ၏ အလှပဆုံး စွဲမက်ဖွယ်ရာများကို  ကိုယ်နေဟန်ထားဖြင့် လှစ်ဟပြသလို့ နေပြန်သည်။ 

ရှောင်ယွင် ခေါင်းခါလိုက်သည်။ အသံတိုးတိုးဖြင့် ခါးသက်စွာ ရယ်မောလိုက်ပြန်သည်။ အနာဂတ်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် သူမသည် သူ့အား မိန်းမတစ်ယောက်၏ အရသာကို မြည်စမ်းခွင့်ပေးခဲ့သူအဖြစ် သူ့ရင်ထဲမှာ အမြဲ နေရာယူလိမ့်မည်ကို သူသိနေသည်။ 

“ ဟူးးး ”  အကြောင်းပြချက်မရှိဘဲ ရှောင်ယွင် အသက်ပြင်းချလိုက်ကာ ကန်ဘောင်ထက်သို့ တက်လာခဲ့သည်။ ထို့နောက် ရင်ထဲမှာ လေးကန်စွာဖြင့် ဂူဘက်သို့ ဖြည်းလေးစွာ ပြန်သွားလေသည်။ 

ဂူအနားသို့ ရောက်ခါနီးသည့်အခါတွင် ရှောင်ယွင် အသက်ပြင်းတစ်ခါ ထပ်ချလိုက်ပြီး 

“ သူ ပြန်နိုးနေပြီးလားမသိဘူး.. ” ဟု ရေရွတ်လိုက်သည်။ 

လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ရှောင်ယွင် ခြေလှမ်းကျဲကျဲဖြင့် အေးစိမ့်နေသည့် ဂူအတွင်းသို့ လှမ်းဝင်လိုက်သည်။ ကျောက်ဖျာဘက်ကို လှမ်းကြည့်လိုက်သည့်အခါတွင် ရှောင်ယွင် အထိတ်တလန့် ဖြစ်သွားသည်။ ယွင်ချီ လှဲလျောင်းခဲ့သည့် နေရာတွင် ယခုအခါ သူမ မရှိနေတော့ချေ။ 

ရှောင်ယွင်မှာ စိုးရိမ်စွာဖြင့် အရှေ့သို့ ခြေလှမ်းပြေးသွားပြီး အော်ဟစ်လိုက်မည့် ဆဲဆဲတွင် သူ့လည်ပင်းက ရုတ်တရက် အေးစက်သွားလေသည်။ ကြည့်ရတာ ထူးခြားသည့် ဓားရှည်က အေးစက်သည့်အရှိန်အဝါဖြင့် သူ့လည်ပင်းမှာ လာရောက်မှေးတင်လို့ နေလေသည်။  

ရှောင်ယွင် တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားလေသည်။ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ရေခဲတမျှ အေးစက်စက်မျက်နှာနှင့် ယွင်ချီသည် ညာလက်ဖြင့် ဓားရှည်ကို ကိုင်ဆောင်ထားပြီး သူ့အနောက်တွင် ရပ်နေသည်ကို မြင်လိုက်ရလေသည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...