=======================
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ( ၁၂၅)
သတ်ဖြတ်ခြင်း
======================
ထိုသို့ ကပ်ပေါ်လာသော အသံနှင့်အတူ အစွမ်းပြင်းသည့် အားတစ်ခုကလည်း ဟီမန်အနောက်ကနေ ထွက်ပေါ်လာသည်။
ထိုအား၏ အတိုင်းအဆကို အာရုံခံစားမိသည့်အခါ ဟီမန်၏ မျက်နှာအမူအရာက ပျက်ယွင်းသွားသည်။ သူက ချက်ချင်းပဲ မြေကြီးကို ခြေဖြင့် နင်းဆောင်းကာ ဒေါသတကြီးဖြင့် အော် ဟစ်လိုက်လျှင် အဖြူရောင်အလွှာတွေက ချက်ချင်းပဲ သူ့၏ နောက်ကျောဆီသို့ အလျင်အမြန် ပြောင်းရွှေ့သွားသည်။
“ ရှစ်ဆ.. ပြင်းထန် ”
ရှောင်ယွင်ကလည်း စိတ်ထဲကနေ အေးစက်စွာ အော်ဟစ်ကာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်သည်။ သူ့၏ အင်္ကျီလက်ရှည်ကလည်း ဖြစ်ပေါ်လာသည် အားကြောင့် စက္ကူ ရွက် လှုပ်ခတ်သွားသလို ဆူညံစွာ လှုပ်ခါနေသည်။ ရှောင်ယွင် လက်သီးက အရှေ့သို့ ပြင်းထန်စွာ သွားနေသည်။ အကွာအ ဝေးနီးနီးလေးမှာပင် လက်သီးက သယ်ဆောင်လာသော အား တို့ကြောင့် လေကို ထိုးခွင်းသံများ ထွက်နေသည်။
စူးရှသော လေခွင်းသံကို ကြားလိုက်လျှင် ဟီမန်၏ မျက်နှာက အံသြသွားသယောင် ဖြစ်သွားသည်။
ဒီ ပျော့တိပျော့ဖတ် နဲ့ ကောင်လေးက သူ့ ခန္ဓာကိုယ်ကို ဒီအဆင့်အထိ ရောက်နေအောင် လေ့ကျင့်ထားတာလား..
“ ကလန်းးး ”
ကြည်လင်ပြတ်သားသော အသံက ရွက်ဖျင်တဲအထိ ဟိန်း ထွက်သွားသည်။ ယင်းအသံသည် လေထုထဲ ပတ်လည် ရိုက်နေပြီးမှ နားထဲသို့ စူးရှစွာ တိုးဝင်လာတော့သည်။
ခံစားချက်ကင်းမဲ့သယောင် ရှိနေသည့် ရှောင်ယွင်က သူ့ညာ လက်ဖြင့် ဟီမန်၏ နောက်ကျောကို အားကုန် ထိုးချလိုက်ခြင်း ဖြစ်သည်။ ခြေထောက်ဆီကနေ နင်းယူကာ အားထည့်ထား သည့်အတွက် ထိုးချလိုက်သည့် လက်သီးမှ တန်ပြန်အား ဝင်လာသည့်အခါ ရှောင်ယွင် ခြေထောက် ပတ်ပတ်လည်ရှိ မြေကြီးမှာ မီတာတစ်ဝက်မျှ ချိုင့်ဝင်သွားသည်။
“ ခရက်.. ”
ခပ်သဲ့သဲ့လေး အသံနှင့်အတူ ကွဲအက်ရာများက ဟီမန်၏ နောက် ကျောကနေ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ သို့သော် ခဏ အကြာတွင် သူ့ ခန္ဓာကိုယ်ထဲက ဒိုချီစွမ်းအင်တွေက ပြန်လည် ထိန်း ချုပ်လိုက်သည်။
“ ငါ ပြောပြီးသားပဲ.. မင်းမှာ ငါ့ရဲ့မာကျောမှုကို ချိုးဖျက်ဖို့ အစွမ်း မရှိပါဘူး.. ”
ဟီမန်က ခပ်ကျောကျောလေး ပြောရင်း အနောက်လှည့်လိုက် သည်။
“ အဲ့ဒီစကားက မမှန်တော့ဘူး.. ”
ဟီမန်၏ နောက်ကျောပြင်ကနေ လက်သီးကို ပြန်သိမ်းလိုက် ရင်း ရှောင်ယွင် ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။ သူ့နှုတ်ခမ်း ထောင့်ကို တွန့်လိုက်ကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။
“ ပေါက်ကွဲလိုက်စမ်းးး ”
“ အုန်းးး ”
ထိုအခါ ဟီမန်၏ ကိုယ်အတွင်းကနေ လှိုဏ်ခေါင်းအသံများ ဝုန်းဒိုင်း ပေါက်ကွဲထွက်လာလေရာ မျက်နှာပေါ်က အပြုံး သည် ချက်ချင်း အေးစက်သွားကာ မကြာမီမှပဲ အပြုံးနေရာ တွင် အံ့သြခြင်းတို့ ရောက်ရှိလာသည်။
“ အားး ”
မကြာချေ.. ထိခိုက်ပျက်စီးသွားသော အတွင်းကလီစာတို့မှ ပျို့ ထွက်လာသော သွေးစိမ်းတို့ကို အန်ထုတ်လိုက်သည်။ ဟီမန် ၏ ကျောက်သားကဲ့သို့ မာကျောသည့် ခန္ဓာကိုယ်မှာ တဖြည်း ဖြည်း မြေပြင်သို့ ညွတ်တွားကျသွားသည်။
တဖြည်းဖြည်း အသက်ကင်းမဲ့သွားသော အလောင်းကောင်ကို ကြည့်ပြီ ရှောင်ယွင်မှာ အေးဆေးပင် လက်နှစ်ဖက်ကို ပွတ် သပ်လိုက်ကာ အနောက်လှည့်ပြီ ပြန်ထွက်ခွာသွားလိုက်သည်။
***
မနက်မိုးသောက် အလင်းရောင်များ ကောင်ကင်ကနေ ဖြာဆင်း လာခဲ့ပြီ တဲအမိုးများကို ဖောက်ထွင်းလျက် တိတ်ဆိတ် နေသော စခန်းချထားသည့်နေရာတွင် အလင်းဖြာနေတော့ သည်။
တိတ်ဆိတ်ငြိမ်သက်နေသည့် စခန်းတွင် သတိမေ့မျောနေ သည့် ကြေးစားစစ်သည်အချို့မှာ ရုတ်တရက် မျက်လုံးပွင့်လာပြီ စိတ် ရှုပ်ထွေးကာဖြင့် နိုးလာသည်။ တဖြည်းဖြည်း ထထိုင် လိုက်ကြရင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြ သည်။ ခနအကြာမှ အထိတ်တလန့် ဖြစ်သွားကြကုန်ကာ လျင်မြန်စွာဖြင့် မတ်တတ် ရပ်လိုက်ကြပြီ တိတ်ဆိတ် ငြိမ်သက် နေသည့်စခန်းကို ငေးကြည့် နေသည်။ နောက်ဆုံးတွင် သူတို့သည် ကိုင်ဆောင်နေကျ လက် နက်တို့ကို ကိုင်စွဲပြီ စခန်းအလယ်က ရွက်ဖျင်တဲဆီသို့ ခြေလှမ်း ကျဲကျဲဖြင့် လျှောက်သွားကြသည်။
“ တတိယခေါင်းဆောင်.. ” ကြေးစားစစ်သည်တစ်ယောက်က အပြင်မှာ ရပ်ရင်း အော်ခေါ်လိုက်သည်။ သို့သော် တုန့်ပြန်သံကို မကြားရချေ။
နောက်တစ်ကြိမ် ထပ်အော်လိုက်ပြန်သည်။ ကြေးစားစစ်သည်တို့မှာ အချိန်ခဏအထိ တိတ်ဆိတ်စွာ စောင့်လိုက်ပြန်သည်။ သူတို့ ရင်ထဲမှာ လေးလံမှုများဖြစ်ပေါ်လာခဲ့သည်။ ထိုအခါ ဓားကြီးတစ် လက် ကိုင်ဆောင်ထားသော ကြေးစားစစ်သည်သည် အရှေ့တိုး လိုက်ပြီ ရွက်ဖျင်တဲတွင် တွဲလောင်းချထားသော ခန်းဆီးအရွက်ကို ဓားဖြင့် ခုတ်ဖြတ်လိုက်သည်။
ထို ခန်းဆီးအရွက် ပြုတ်ကျသွားသည့်အခါတွင် အတွင်းက မြင် ကွင်းကို အားလုံး မြင်တွေ့လိုက်ရသည်။
ရွက်ဖျင်တဲအထဲတွင် ဟီမန်သည် မျက်လုံးက ပွင့်လျက်သား ဖြင့် မြေပြင်ပေါ် လဲကျနေသည်။ သူ့မျက်နှာတွင် ကြောက်လန့် သွားပုံက ထင်ထင်ရှားရှား ထင်ကျန်နေဆဲပင်။ မြေပြင်တွင် လည်း သွေးအိုင် က ရှိနေသည်။ ထိုမြင်ကွင်းက ရှိသမျှ လူအားလုံးကို အသည်းနှလုံး အထဲထိ အကြီးအကျယ် အံ့အား သင့်နေစေသည်။
“ တတိယခေါင်းဆောင်က အသတ်ခံလိုက်ရတာလား..”
အားလုံး၏ အံ့အားသင့်နေသည့် မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ် သွားကြကုန်သည်။
***
“ ဝံပုလွေခေါင်းကြေးစားအဖွဲ့ရဲ့ တတိတခေါင်းဆောင်က အသတ် ခံလိုက်တယ်ဆို.. ”
“ သူ့ကို သတ်လိုက်တဲ့သူက သူတို့ ဆုကြေးငွေ ထုတ်ထားတဲ့ လူငယ်ပဲလို့ ပြောနေကြတာပဲ.. ”
“ ဟဟ.. အတွင်းလူဆီက ရလာတဲ့ သတင်းတစ်ခုအရ.. အဲဒီလူငယ်က ရှောင်ယွင်လို့ ခေါ်တယ်.. သူက ဝံပုလွေခေါင်း ကြေးစားအဖွဲ့သား အယောက် နှစ်ဆယ်ကျော်ကို သတ်ထား ပြီးပြီ လို့ ပြောတယ်.. ”
“ ကျွတ်စ်ကျွတ်.. အင်… ဝံပုလွေခေါင်းကြေးစားအဖွဲ့ကတော့ သိက္ခာတော့ ကျပြီးပေါ့ကွာ.. အသက် နှစ်ဆယ်တောင် မပြည့် သေးတဲ့ ကလေးတစ်ယောက်ကြောင့် မျက်နှာပျက်ရတာပဲ.. ဟဟ.. ကဲ.. မုရှီတစ်ယောက် အရင်လို ဆောင့်ကြွားကြွား နေဦးမလား ဆိုတာ ကြည့်ရသေးတာပေါ့.. ”
ဤ ကောလာဟလတို့ မည်သည့်နေရာမှ ထွက်လာမှန်း မသိ လိုက် သော်လည်း နေ့တစ်ပိုင်းအချိန်အတွင် ကျွင်းရှိမြို့မှ လူအားလုံးတို့ သည် ရှောင်ယွင်ကောင်လေးက ဝံပုလွေခေါင်း ကြေးစားအဖွဲ့ တတိယခေါင်းဆောင်ကို သတ်လိုက်သည့် ကိစ္စ ကို အကုန်သိသွား ကြလေသည်။ မကြာမီမှာပဲ မည်ကဲ့သို့ ဆက်လက် ဖြစ်သွားမည်ကို သိလိုကြာသော လူတို့၏ လှောင် ပြောင်သည့် အကြည့်များသည် တိတ်ဆိတ်ငြိမ်သက်နေသည့် ဝံပုလွေခေါင်းကြေးစားအဖွဲ့ဆီသို့ ဦး တည်စောင့်ကြည့်ကြလေ သည်။
သေးငယ်ပြီ တိတ်ဆိတ်သည့် အခန်းငယ်တစ်ခုတွင် အဖြူ ရောင် အဝတ်နှင့် မိန်းမပျိုတစ်ဦးသည် ဆေးမှုန့်များကို သေချာစွာ ရောစပ် နေသည်။ ဒါပေမဲ့ အပြင်ဘက်က အစေခံမလေးတွေ ပြောဆိုနေ ကြသည့် သတင်းကို ကြားလိုက်သည့်အခါတွင် သူမ၏ လက်နှစ် ဖက်က တောင့်ခဲသွားကာ ရောစေပ်နေသော ဆေးမှုန့်များ ဖိတ် ကျသွားသည်။
သူမသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ရင်း ဆေးပုလင်း ကို စားပွဲပေါ် ပြန်တင်ထားလိုက်သည်။ သူမ၏ တောက်ပရွှ့န်း လဲ့သည့် မျက်လုံးက လှုပ်ခါနေရင်း လှပသော အပြုံးတစ်ခုက လည်း ဖြစ် ပေါ်လာကာ သူမသည် လေသံတိုးတိုးဖြင့်
“ ရှောင်ယွင်.. မင်း လက်စားချေတာကို တကယ် စတင်နေပြီး ပဲ.. ”
နတ်မိမယ်သမားတော်မလေးသည် သူမ၏ ဂါဝန်အား လက် ဖြင့် ဖြန့်သပ်လိုက်ပြီ ကုလားထိုင်တစ်ခုမှာ ထိုင်လိုက်သည်။ ထို့နောက် သူမသည် အရောင်ခုနှစ်မျိုးရှိသည့် စာအုပ်တစ်ခုကို ထုတ်ယူ လိုက်ပြီ ညင်သာစွာ ပုတ်သပ်လိုက်သည်။
“ သူက ဟီမန်ကိုတောင် သတ်နိုင်တယ်ဆိုတော့. အခု သူ့ရဲ့ ခွန်အားက ဒိုကျဲအဆင့် ကြယ် ၈ လုံး အဆင့်လောက် ရှိနေပြီး ပေါ့.. တကယ်ကို ကြောက်စရာကောင်းတဲ့ လေ့ကျင့်နှုန်းပဲ.. ငါတို့ ထွက်လာတာ နှစ်လလောက်ပဲ ရှိသေးတာ.. ”
“ သခင်မလေး… လူကြီးမင်းရွယ်က တွေ့ချင်လို့တဲ့..
အစေခံမလေး၏ ညင်သာသော အသံက အခန်းအပြင်ဝကနေ ထွက်ပေါ်လာသည်။
အစေခံမလေး၏ အသံကို ကြားရသည့်အခါ နတ်မိမယ်သမား တော် မလေးက မျက်ခုံးပင့်တက်သွားသည်။ လူကြီးမင်းရွယ် ဆိုသည်က ဆေးတစ်ထောင်အိမ်တော်၏ တာဝန်ရှိသုတစ်ယောက်ပင် ဖြစ် သည်။ ဝံပုလွေခေါင်းကြေးစားအဖွဲ့ကနေ ကောလာဟလသတင်း ကို ကြားလိုက်ပြီးနောက်တွင် လူကြီးမင်းရွယ်သည် သူမဆီကို မကြာမကြာ အလည်လာလေသည်။ သူ့၏အပြုအမူအရ ဒါကို မပြောဘဲနှင့်လည်း သိနိုင်သည်။
“ ဝင်ခွင့်ပြုလိုက်လေ..”
နတ်မိမယ်သမားတော်မလေးက အရောင်ခုနှစ်ခုပါသည့် စာ အုပ်ကို သေချာစွာ ဖွက်လိုက်ပြီ စိတ်ပျက်စွာ အသက်ပြင်းချ လိုက်သည်။ တစ်ဦးတစ်ယောက်၏ အမိုးအောက်တွင် ခိုနား နေမှတော့ ထိုသူကို လေးစားမှုတော့ သူမ ပေးရမည်မဟုတ် လား။
“ ဟားဟား..နတ်မိမယ်သမားလေး.. နေရထိုင်ရ အဆင်ပြေရဲ့ လား.. ”
မကြာချေ..တန်ဖိုးကြီးအဝတ်အစား ဝတ်ဆင်ထားသည့် လူကြီး တစ်ယောက် ပြုံးရွှင်စွာဖြင့်ဝင်လာပြီ သူမကို နှုတ်ဆက်လိုက်သည်။
“ ဟဟ.. အခုတလော.. အဆင်ပြေရဲ့လား.. နတ်မိမယ်သမား တော်မလေး.. ”
အစေခံမလေးက အကြောင်းကြားပြီးနောက် မကြာချေ။ တန်ဖိုးကြီး အဝတ်အစား ဝတ်ဆင်ထားသည့် လူကြီးတစ် ယောက်က အခန်းအတွင်းသို့ လမ်းလျှောက်ဝင်လာကာ နတ်မိမယ်သမားတော် မလေးအား အပြုံးဖြင့် နှုတ်ခွန်းဆက် မေးမြန်းလိုက်သည်။
နတ်မိမယ်သမားတော်မလေးက မျက်လွှာပင့်ပြီ သူမအရှေ့က အသက်လတ်ပိုင်း လူကြီးကို မော့ကြည့်ကာ ခေါင်းညိတ်လိုက် သည်။ ထို့နောက် သူမသည် မတ်တတ်ရပ်လိုက်ပြီ တဖက်သို့ လှည့်၍ ဘေးနားက စားပွဲခုံကနေ ရေနွေးကြမ်းခွက် နှစ်လုံးကို ကိုယ်ကို ကိုင်းညွတ်ကာ ယူလိုက်သည်။
လူကြီးမင်းရွယ်သည်လည်း ထိုင်ခုံမှာ ထိုင်နေရင်း နတ်မိမယ် သမားတော်မလေး၏ အချိုးအစားပြေပြစ်သော ခန္ဓာကိုယ်နှင့် သူမ၏ သေးသွယ်သော ခါးကို သတိလက်လွတ် ငေးကြည့်နေ မိသည်။ သူ့မျက်ဝန်းမှာပင် အမျိုးအမည် မသိရသော အလင်း တန်းတစ်ချက် လင်းလက်သွားပါသေးသည်။
ထိုအခိုက်တွင် နတ်မိမယ်သမားတော်မလေးသည် ပြန်လှည့် လာ လေရာ လူကြီးမင်းရွယ်သည်လည်း သူ့အကြည့်ရိုင်းကို ကမန်း ကတန်း ပြန်ရုပ်သိမ်းလိုက်သည်။ နတ်မိမယ်သမားတော်မလေး သည် ရေနွေးကြမ်းခွက်ကို ယူဆောင်ကာ လူကြီးမင်းရွယ်အနားက စားပွဲခုံပေါ်တင်လိုက်ပြီ သူမ၏ နီထွေးသော နှုတ်ခမ်းကို ဖွင့်ဟ၍ နူးညံ့သော စကားသံဖြင့် မေးလိုက်သည်။
“ ဒီကို လာတာ အကြောင်းတစ်ခုခုများ ရှိလို့လား လူကြီးမင်းရွယ် ”
“ ဟဟ ”
လူကြီးမင်းရွယ်က ပြုံးရယ်လိုက်သည်။ သူ့လက်နှစ်ဖက်ဖြင့် ရေနွေး ကြမ်းခွက်ကို ကိုင်လိုက်သည်။ ရေနွေးကြမ်းခွက်သည် လှပသော မိန်းမပျို၏ လက်ငွေ့ဖြင့် ပူနွေးနေဆဲပင်။ ဘယ်သူမှ သတိမထား မိလိုက်ဘဲ လူကြီးမင်းရွယ်သည် ရေနွေးကြမ်းခွက်ကို ပွတ်သပ်နေ မိသည။ သူက ရေနွေးကို စုပ်သောက်လိုက်ပြီး နောက် ပြုံးရွှင်စွာဖြင့် စကားဆိုသည်။
“ ရှောင်ယွင်ဆိုတဲ့ လူတစ်ယောက်ရဲ့သတင်းကို မင်းလည်း ကြား ပြီးပြီလို့ ထင်ပါတယ်..”
“ ဟုတ်ပါတယ်..”
ထိုစကားကြောင့် နတ်မိမယ်သမားတော်မလေး၏ မျက်နှာမှာ လုံးဝ မပျက်ယွင်းသွားပေ။ ပုံမှန်အတိုင်းသာ တည်တည် ငြိမ်ငြိမ် ရှိနေပေ သည်။
“ သူက မင်းနဲ့ ဂူထဲကို ရတနာ ဝင်ရှာတုန်းက ရှိနေတဲ့ တစ်ယောက် မဟုတ်လား.. ”
လူကြီးမင်းရွယ်၏ မျက်ဝန်းတွင် အရောက်တလက်လက် တောက်ပ လာကာ ရုတ်ချည်း မေးမြန်းလိုက်မိသည်။
“ လူကြီးမင်းရွယ်.. ကျွန်မအထင် လူကြီးမင်း အထင်မှား နေတာ ဖြစ်မယ်.. ”
နတ်မိမယ်သမားတော်မလေးက ခေါင်းကို ခါယမ်းလျက် အပြုံးဖြင့် ဆိုလိုက်သည်။
“ ကျွန်မက ရှောင်ယွင်နဲ့ အတူဆုံခဲ့တာတော့ ဟုတ်ပါတယ်.. ဒါပေမဲ့.. သူက ကျွန်မ ဆေးပင်ခူးတဲ့အချိန်မှာ ကျွန်မ ချောက် ကမ်းပါးကနေ ပြုတ်ကျတော့မလိုလို ဖြစ်နေတုန်း သူက ကံကောင်းထောက်မစွာနဲ့ ကျွန်မကို ကယ်တင်နိုင်ခဲ့တယ်.. ဂူထဲမှာ ရတနာပစ္စည်းရှာတဲ့ ကိစ္စကိုတော့ ကျွန်မ တောင်း ပန်ပါတယ်.. ကျွန်မတို့ ဘာရတနာမှ မရှာဖွေရပါဘူး.. ဒါပေမဲ့ ဝံပုလွေခေါင်း ကြေးစားအဖွဲ့ကတော့ လမ်းတဝက်ကနေ လှည့်ပြန်သွားတယ် ဆိုတာ ကြားမိမှာပေါ့.. ကြည့်ရတာ သူတို့ တစ်ခုခု ရှာတွေ့သွားပုံ ရတယ်.. ”
“ တကယ်လို့ လူကြီးမင်းရွယ်က ရတနာပစ္စည်း စိတ်ဝင်စား တယ်ဆိုရင် ကျန်တဲ့ ကြေးစားအဖွဲ့ကြီးနှစ်ခုရဲ့ ခေါင်းဆောင် တွေကို စည်းရုံးပြီ ဝံပုလွေခေါင်းကြေးစားအဖွဲ့ ယူလာတဲ့ ပစ္စည်းတွေကို သွား ကြည့်လို့ ရတာပဲ.. ”
နတ်မိမယ်သမားတော်မလေးက မျက်နှာကအပြံးကို ဟန် မပျက်စေ ဘဲ အကြံပင် ပေးလိုက်ချေသေးသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါတွင် လူကြီးမင်းရွယ်၏ မျက် နှာက ပြောင်းလဲသွားပြီ ချက်ချင်း တုံ့ပြန်ဆိုလေသည်။
“ အာ.. ဒီလိုပဲ. ပါးစပ်ထဲ တွေ့ကရာ မေးလိုက်တဲ့ စကားပါ.. ဒါဆို ရှောင်ယွင်နဲ့ အသိကျွမ်းတယ်ဆိုတော့ နောက်တစ်ခါ သူ့နဲ့ ဆုံဖြစ်ခဲ့ရင် ငါတို့ ဆေးတစ်ထောင်အိမ်တော်ဆီ ဖိတ်လိုက်ပေါ့.. ဝံပုလွေခေါင်းကြေးစားအဖွဲ့က အင်အားကြီးတယ် ဆိုပေမဲ့ ငါတို့ ဆေးတစ်ထောင်အိမ်တော်ကလည်း သူတို့ကို ကြောက်စရာ မလို ပါဘူး.. ”
“ဟုတ်ကဲ့.. သူ့နဲ့ ဆုံခဲ့မိရင် ဒီစကားကို ဆက်ဆက်ပြောပေး ပါ့ မယ်.. ဒါပေမဲ့ ကျွန်မက သိရုံလေးပဲဆိုတော့ သူ့ကို အများကြီး မျှော် လင့်ထားလို့ မရဘူးပေါ့.. ”
“ ဟဟ ဟုတ်ပါတယ်.. ကဲ.. မင်းကိုလည်း အနှောင့်အယှက် မပေးတော့ဘူး.. အပြင်ထွက်ပြီ လုပ်စရာရှိတာ လုပ်လိုက်ဦးမယ်.. ”
လူကြီးမင်းရွယ်က ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ရင်း သူမအား စကား စမြည်အနည်းငယ်ဆိုပြီးနောက် နှုတ်ဆက်ထွက်သွားခဲ့သည်။
အခန်းတံခါး တဖြည်းဖြည်း ပြန်ပိတ်သွားသည်ကို ကြည့်ပြီး နောက် နတ်မိမယ်သမားတော်မလေးသည် လူကြီးမင်းရွယ် သောက်သုံး သွားသော ရေနွေးကြမ်းခွက်အား ပြန်ကြည့်ဖြစ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ ရှင်က ရှင့်ဦးတည်ရာကို မဖျောက်ဖျက်သေးဘူးကိုး.. ကျွန်မကို စိတ်မပျက်အောင် မလုပ်မိပါစေနဲ့လို့ပဲ ဆုတောင်း ရမှာပဲလေ.. ကျွန်မက အရမ်းမသန်မာပေမဲ့ ကျွန်မကျိုတဲ့ ရေနွေးကြမ်းကို အေးဆေး သောက်လို့ရတယ်လို့ ရှင် ထင်ရင် တော့ မှားသွားပြီ.. ”
နတ်မိမယ်သမားတော်မလေသည် အစိမ်းရင့်ရောင် ရေနွေး ကြမ်း ခွက်ကို လက်ချောင်းဖြင့် အသာအယာ ခေါက်ကြည့်ရင်း သူမ၏ အတွေးထဲကို အနက်ရောင်အဝတ်နှင့် လူငယ်တစ် ယောက်၏ ပုံရိပ်က ဖျတ်ခနဲ ရောက်ရှိလာသည်။ သူမ၏ နီရဲသော နှုတ်ခမ်းက ပွင့်ဟသွားပြန်သည်။
ရှင်က ကျွန်မနဲ့အတူ ကောင်းကောင်းဆိုးဆိုး ရင်ဆိုင်ခဲ့ဖူးသူ တစ် ယောက်ပဲ.. ကျေးဇူးပြုပြီ ကျွင်းရှန်မြို့လေးမှာ မသေလိုက် ပါနဲ့...
***
အသက်မဲ့သော အလောင်းတစ်ခု..။ အခန်းမအလယ်တွင် ရှိ နေ သည်။ ပတ်ဝန်းကျင်အခြေအနေတို့သည် သိပ်မကောင်းလှ။ ထို အလောင်းမှာ ရှောင်ယွင် လက်ချက်ဖြင့် သေဆုံးသွားရသော တတိယခေါင်းဆောင် ဖြစ်ပေသည်။
ခန်းမတစ်ခုလုံးသည် တိတ်ဆိတ်နေသည်။ အားလုံး၏ အကြည့်က ဟီမန်ဆီမှာ ရောက်ရှိနေကြသည်။ တစ်ယောက် မှလည်း အသံ တစ်စိုးတစိမှ မထွက်ရဲကြချေ။ ခေါင်းဆောင် ထိုင်ခုံတွင် ထိုင်နေ သော လူတစ်ယောက်ထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားမိ နေသောကြောင့် ဖြစ်ပေသည်။
“ အဲဒီခွေးကောင်ကို အပိုင်းအတစ် တစ်ထောင်လောက် စုတ်ဖြဲပစ်လိုက်ရင်တော့လား ”
မုရှီသည် အလောင်းကောင်ကို မျက်လုံးနီရဲစွာ စိုက်ကြည့်နေ သည်။ အံကို ကြိတ်ထားသည်မှာ အသံပင် ကြားရနိုင်သည်။ သူ့၏ အသံ ဟိန်းဟိန်းကြီးတွင် ဒေါသအား ချုပ်တည်းထား သည်ကို ကြားရပြန် သည်။
မုလီသည် သူ့ဘေးနားက အလောင်းကောင်အား စိုက်ကြည့်ရင်း သူ့မျက်ဝန်းကျဉ်းကျဉ်းတွင် အံ့အားသင့်ခြင်းနှင့် ကြောက်လန့် နေ ခြင်းတို့ အရောင်လက်သွားသည်။ လွန်ခဲ့သည့် လအနည်းငယ် အ တွင်းက သူတို့ လိုက်လံ ဖမ်းဆီးကြသော လူ ငယ်သည် ဤမျှအထိ ကြီးထွားသွားပြီးလား။ ဝံပုလွေခေါင်း ကြေးစားအဖွဲ့၏ တတိယ ခေါင်းဆောင် ဖြစ်သည့် ဟီမန်၏ ခွန်အားကို မုလီ ကောင်းကောင်း သိထား၍ သူ့အနေဖြင့် ဟီမန်၏ ခွန်အားကို ယုံမှားခြင်း မရှိပေ။ သို့ သော် သူ လေးစား ကြောက်ရွံ့ရသော ခွန်အားကြီး လူတစ်ယောက် က အသက် နှစ်ဆယ်ပင် မပြည့်သေးသည့် လူငယ်တစ်ယောက်၏ သတ် ဖြတ်ခြင်းကို ခံလိုက်ရပါလား။ အိမ်မက်ဆန်သလိုပင် ရှိသည့် အမှန်တရားက သူ့ရင်ထဲက ရှောင်ယွင်အား ကြောက်လန့် ခြင်းကို ပိုမိုမြင့်တက်စေခဲ့ပြီး။ ထို့အတူ သူ့၏ သတ်ဖြတ် လိုသည့် စိတ်ကိုပါ ဟုန်းဟုန်းကြွအောင် နှိုးဆွစေခဲ့သည်။
ဒီလိုရန်သူမျိုးက ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်.. သတ်ကို သတ်ရမယ်
မုလီက ခေါင်းကို တဖြည်းဖြည်း မော့လိုက်ပြီ ခေါင်းဆောင် ကုလား ထိုင်တွင် ထိုင်နေသော မုရှီနှင့် အကြည့်ချင်း ဖလှယ် လိုက်သည်။ သားအဖနှစ်ယောက်စလုံး၏ မျက်ဝန်းအကြည့်မှာ အရောင်အတူ အသွေးတူလှသည်။ ရက်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မာန်တင်းခြင်း အငွေ့အသက်တို့သည်သာ ရှိနေပေသည်။
“ အခု ရှောင်ယွင်က ဟီမန်ကိုတောင် သတ်လိုက်နိုင်တယ် ဆိုတော့ သူ့ရဲ့ ခွန်အားက ဒိုကျဲအဆင့် ကြယ် ၈ လုံး အနား မှာပဲ ရှိနေပြီးလို့ ပြသနေတာပဲ..။ နောက်ပြီ ဟီမန်က အဆင့်မြင့် ဟွာင်းကျင့်စဉ် ဖြစ်တဲ့ ကျောက်သားချီကျင့်စဉ်ကို ကျင့်ထားသူတစ်ယောက် ဖြစ် တယ်..။ နောက်ထပ် အဆင့်မြင့် ဟွာင်းသိုင်းပညာရပ် နှစ်ခုကို လည်း တတ်မြောက်ထားတယ်..။ အဲဒါကြောင့်ပဲ သူက အဆင့်တူ သမားတွေထက် ပိုပြီ သန်မာတယ်..။ ဒါပေမဲ့ ရှောင်ယွင်သတ်လို့ သေသွားရသေးတယ်..။ ငါခန့်မှန်းရသလောက် အဲဒီကောင်က အဆင့်မြင့် ဒိုကျင့်စဉ်နဲ့ ဒိုသိုင်းပညာရပ်ကို တတ်မြောက်ထားမယ်လို့ ငါထင်တယ်.. ”
မုရှီ၏ အသံသည် အေးစက်မှုဖြင့် မကောင်းဆိုးဝါးဆန်လှသည်။
“ မနက်ဖြန်ကစပြီ ဒိုကျဲအဆင့် ကြယ် ၅ လုံးနဲ့ အထက် ရှိတဲ့ သူ တွေဟာ ဝံပုလွေခေါင်းကြေးစားအဖွဲ့ရဲ့ အမှတ်တံဆိပ်ကို ဖြုတ် လိုက်ကြ.. ပြီးရင် သာမန်ကြေးစားစစ်သည်လို ဟန်ဆောင်နေကြ တော့..။ ပြီးရင် ငါးယောက်တစ်ဖွဲ့ စုပြီ မှော်သားရဲကောင်တောင် တန်းဆီကို ဝင်ကြမယ်..။ တကယ်လို့ ဘယ် အဖွဲ့ကဖြစ်ဖြစ် ရှောင် ယွင် အရိပ်အယောင်ကို မြင်တာနဲ့ ဝါးပုလွေနဲ့ အသံပေးပြီ ဆက် သွယ်ကြရမယ်.. ”
မုရှီက မျက်နှာထားတင်းတင်းဖြင့် ခပ်ပြတ်ပြတ်လေသံဖြင့် အမိန့် ပေးလိုက်သည်။
“ ဟုတ်ကဲ့.. ခေါင်းဆောင်.. ”
အောက်တွင်ရှိ လက်အောင်ငယ်သားတို့သည် အသံပြိုင် အော် ဟစ် လိုက်ကြသည်။
“ ဒီကောင်က ငါ့လက်ကနေ လွတ်အောင် ပြေးနိုင်မယ်ဆိုတာ ငါ မယုံဘူး.. ”
မုရှီက လက်သီးကို ဖြည်းဖြည်းဆုပ်ရင်း အေးစက်စွာ ရယ်မော လိုက်သည်။
“ ခွေးကောင်လေး..မင်းရဲ့ သာယာတဲ့ နေ့ရက်တွေက ပြီးဆုံးခါနီးပြီးပေါ့ကွာ ”
===============================စကားမစပ် ဒီလိုခြင်္သေ့ကြီးနဲ့ တူတဲ့ မှော်သားရဲကောင်က အရှေ့အခန်းမှာ ပါလာလိမ့်မယ်။ 😁😁
No comments:
Post a Comment