Followers

Chapter 108

အပိုင်း ၁၀၈

ကောင်းကင်​ဘုံသို့ စစ်​ပြိုင်​ခြင်း
Battle through the Heavens

ပူပြင်းလှသော နေလုံးကြီးက အလျှံတညီးညီးဖြင့် ပြင်း ထန်လှသော အပူချိန်အား ထုတ်လွှတ်နေပေရာ မြေကြီး တို့မှာ ခြောက်သွေ့ကွဲအက်နေသည်။ မြေကြီးပေါ်နင်းမိ ပါက အပူလှိုင်းငွေ့တွေက ထိုသူအား ရိုက်ခတ်ပေလိမ့် မည်။ ခရီးသွားသူကို ချွေးတပြိုက်ပြိုက်ကျစေကာ ဆိုးဝါး လှသော ရာသီဥတုအခြေအနေအား ဆဲရေးစေလိမ့်မည်။ 

မြေဝါလမ်းကျယ်တစ်ခုတွင် သာမန်အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ချွေးများ ရွှဲနစ်စွာ ဖြင့် အနိုင်နိုင် လမ်းလျှောက်နေရသည်။ ထိုလူငယ်၏ ခြေလှမ်းတိုင်းက အဝါရောင်ဖုန်မှုန့်မြေပေါ်ကို လေးနစ် စွာ သက်ရောက်နေလေသည်။ 

တစ်စုံတစ်ဦးက ထိုလူငယ်အား အနီးကပ်ကြည့်လိုက်ပါ လျှင် ပို၍ အံ့သြသွားပေလိမ့်မည်။ ကြီးမားလွန်းသည့် အနက်ရောက်ဓားတစ်ခုက သူ့ကျောပြင်တွင် သယ် ဆောင်ထားသောကြောင့် ဖြစ်သည်။ ထပ်ပြီး ပြောရလျှင် အသွားမရှိ ထိပ်လည်း မချွန်သည့် ဓားဆိုသည်ထက် ကြီးမားသည့် သတ္တုပေတံကြီးဟု ဆိုခြင်းက ပိုသင့်တော် ပေလိမ့်မည်။ ထိပ်ဖက်တွင်လည်း ဓားတစ်ချောင်းဖြင့် တုံးတိကြီး ခုတ်ဖြတ်ထားသည့်အလား ရှိနေသည်။ အလျားလိုက်ချောမွေ့သော မှန်ကဲ့သို့ မျက်နှာပြင်လည်း ရှိသည်။ 

အဆိုပါ နက်မှောင်သော ဓားကြီး၏ မျက်နှာပြင်ထက် တွင် မရှင်းလင်း မပြတ်သားသော ထူးဆန်းပြီး အကြော ပြိုင်းပြိုင်းထနေသည့်ဟန်ရှိသည့် ပုံသဏ္ဍာန်အပြောက် အမွှမ်းတို့ ရှိနေသည်။ ယင်းအပြောက်အမွှမ်းတို့သည် ဓားလက်ကိုရိုးအထိ ရှိနေကာ ဆိုရလျှင် ဓားကိုယ်ထည် တစ်ခုလုံးကို တစ်လက်မ မကျန် ပြည့်နှက်နေသည်ဟု ဆိုရနိုင်သည်။ တဖန် ထိုအပြောက်အမွှမ်းတို့သည် ပေတံဓားအား ထူးခြားဆန်းကြယ်မှုကို ပေးစွမ်းကာ သာမန် နက်မှောင်နေသည့်အရောင်နှင့် ပေါင်းစပ်၍ ထူးထူးကဲကဲ ဆန်းကြယ်နေတော့သည်။ 

တဖန် ထိုကြီးမားသေား ပေတံဓားသည်ကား လူငယ်၏ အရပ်အမြင့်ထက် ကျော်လွန်နေသည်။ ထူးထူးခြားခြား ဖြစ်နေမှုက တစ်ခါတရံ ကြုံတွေ့ရသော ခရီးသွားသူများ အား ထိုလူငယ်အား စူးစမ်းသော အကြည့်ဖြင့် အထူး အဆန်းသဖွယ် ကြည့်သွားစေခဲ့ကြသည်။ 

နောက်ထပ် မီတာတစ်ရာကျော်အထိ လမ်းလျှောက်ပြီး လျှင် ထိုလူငယ်မှာ နောက်ဆုံး ဆက်လက် မသယ်ပိုး နိုင်တော့ပေ။ လေမုန်တိုင်း တိုက်ခတ်နေသည့်အလား သူ့ပါးစပ်က လေကို အငမ်းမရ ရှုသွင်းနေသလို သူ့ခြေ လှမ်းကလည်း ပေါင်တစ်ထောင်လေးလံနေသလို ခံစား နေရရင်း လမ်းဘေးရှိ အရိပ်အာဝါသကောင်းသည့် သစ်ပင်ဆီကို ခက်ခက်ခဲခဲ လှမ်းသွားနေရသည်။ 

သစ်ပင်ခြေရင်းကို ရောက်လျှင် လူငယ်သည် ချက်ချင်း ပင် လှဲပြိုကာ ပက်လက်လန်သွားလေသည်။ အေးစိမ်း သော မြက်ပင်ကြားတွင် ခေါင်းထည့်ထားလိုက်သည်။ နဖူးမှ ချွေးတို့က စမ်းချောင်းငယ်လို စီးဆင်းကျနေတော့ သည်။ 

" ဆရာ.. ဒီကောင်က တကယ့်ကို ကြောက်ဖို့ကောင်း တာပဲ.. ကျောမှာလွယ်ထားရင် ခန္ဓာကိုယ်ထဲမှာ လှည့် ပတ်နေတဲ့ ဒိုချိစွမ်းအင်တွေက နှေးကွေးလေးကန်သွား တယ်.. ပြီးတော့ စိတ်ပျက်စရာကောင်းတဲ့ အရာက တကယ့်ကို လေးလွန်းတယ်.. သွားနေတဲ့နေရာဆီ ရောက်ဖို့က တစ်ရက်ခရီးက နှစ်ရက်ခရီးလောက် အချိန်ကြာသွားပြီး.. "

ရှောင်ယွင်မှာ မောကြီးပန်းကြီးဖြင့် ပြောချလိုက်သည်။ သူ့အသံမှာ အရမ်းကို အားစိုက်ရလွန်း၍ ကြမ်းရှလို့ နေ သည်။ 

" ဟားဟား.. လေ့ကျင့်ခြင်းက ပုံမှန်စနေပြီးလေ.. အပြင်လောကကို ခြေဆန့်ရတာက မရိုးရှင်းဘူးဆိုတာ မတွေးထားမိဘူးမလား.. ကြမ်းတမ်းတဲ့ လေ့ကျင့်ခြင်း လို့ အမည်တပ်မှတော့ ဆိုးရွားလှသော အပြုအစုတွေ မှာ ပျော်ရွှင်သွားစေဖို့ ပြင်ဆင်ထားပေတော့.. ဝူတန်မြို့ မှာ နေတုန်းက ဇိမ်ကျခဲ့တဲ့ ဘဝမျိုးဆိုတာ မင်းနဲ့ အဝေးကြီးကို ရောက်သွားပြီးလေ.. "

လက်စွပ်အတွင်းကနေ ရွဲ့လော်၏ ရယ်သံကျယ်ကို ကြားရနိုင်ပေသည်။ 

ရွဲ့လော်စကားကို ကြားရသည့်အခါ ရှောင်ယွင်သည် မချိတရိဖြင့် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ ဘေးတစ်ခြမ်းစောင်း ပြန်လှဲလိုက်ပြီး ကျောဘက်က အနက်ရောင် အသွားတုံးဓားကြီးကို စွေပြီး ကြည့်လိုက် သည်။ 

သာမန်ပစ္စည်းတစ်ခုသာ ထင်ရသည့် ထိုအရာက ကြောက်စရာကောင်းမှန်း သူ တကယ်မထင်မှတ်ထား မိပေ။ သူ့ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ လှည့်ပတ်နေ သော ဒိုချီစွမ်းအင်ကို လေးကန်သွားစေရုံသာမက လေးလံခြင်းကြောင့် ခါးကျောရိုးပင် ကျိုးစေမည့်အလား ခံစားစေရသည်။ ရှောင်ယွင်မှာ ရှိသမျှအင်အားကို အကုန်သုံး၍ ဒိုချီစွမ်းအင်လှည့်ပတ်မှုကို တွန်းအားပေး နေရသည်။ 

ထိုနှစ်ရက်အတွင်း ရှောင်ယွင်သည် တကယ့်အစစ်အမှန် ဆင်းရဲပင်ပန်းမှုဒဏ်ကို ကောင်းကောင်း အရသာသိသွား ခဲ့သည်။

ထိုထူးဆန်းသည့် အနက်ရောင်ဓားကြီးကို သယ်ဆောင် လိုက်သည့်အခါ ရှောင်ယွင်၏ တိုက်ခိုက်သည့်ခွန်အား က အသစ်စက်စက် ဒိုကျဲတစ်ယောက်၏ ခွန်အားနှင့် ညီမျှသွားသည်။ အနက်ရောင်ဓားကြီးက သူ့ကို ပြင်း ထန်စွာ ဖိနှိပ်ထားသော်လည်း ယင်းဖိနှိပ်ထားသည့် အစွမ်းက ရှောင်ယွင်ကို သူ့၏ တကယ့်အစစ်မှန်အင် အားကို တစ်ပါးသူက တွေ့ရှိသွားနိုင်မည့် စိုးရိမ်မှုကို လျော့ပါးသက်သာစေသည်။ မရင်းနှီး မကျွမ်းဝင်သည့် အရပ်ဒေသသို့ တစ်ယောက်တည်း ခရီးသွားနေသူ တစ် ယောက်အနေဖြင့် သူ့ခွန်အားကို တခြားသူအား လွယ်ကူ စွာသိမြင်စေနိုင်ခြင်းမှာ ရူးမိုက်မှုတစ်ခု ဖြစ်သွားနိုင်သည်။ 

လက်ချောင်ပေါ်က သိုလှောင်လက်စွပ်ကို အသာအယာ ပွတ်သပ်လိုက်ရာ အစိမ်းဖျော့ဖျော့ ဆေးလုံးတစ်လုံးက လက်ဝါးပြင်ထက် ရောက်လာသည်။ ၎င်းမှာ အစွမ်း ထက်လှသော ချီစွမ်းအင်ပြန်လည်ဖြည့်တင်းသည့် ဆေးလုံး ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ ဒိုချီ စွမ်းအင်ပြန် လည်ဖြည့်တင်းနိုင်သည့် အရှိန်အဟုန်ကို အချိန်တိုအတွင်း တိုးမြှင့်ပေးနိုင်သည်။ 

ယင်းဆေးလုံးများကို ရွဲ့လော်က ရှောင်ယွင်အတွက် ဝူတန်မြို့မှ မထွက်ခွာမီ အထူးတလည် ဖော်စပ်ပေး ထားခြင်း ဖြစ်သည်။ သို့ပေမဲ့ ချီပြန်လည်ဖြည့်တင်းသည့် ဆေးလုံးကို ဖော်စပ်ရာတွင် ပါဝင်သော ဆေးအမယ်တို့ မှာ အင်မတန်ကို ရှားပါးလေရာ ပထမတန်းလေလံအိမ် ၏ အကူအညီကို အသုံးချလိုက်သော်လည်း ဆေးအလုံး ၃၀ လောက်သာ လုံလောက်သည့် ဆေးအမယ်ပမာဏ ကို ရရှိလာခဲ့သည်။ ထို့ကြောင့် ရှောင်ယွင်မှာ ပုံမှန်အား ဖြင့် ထိုဆေးလုံးကို စိတ်ရှိတိုင်း မသုံးရဲချေ။ သို့ပေမဲ့ အခုလက်ရှိ အခြေအနေက ခြိုးခြံချွေတာ၍ မရလောက် သည့် အခြေအနေ ဖြစ်နေသည်။ 

ပြီးနောက် ဆေးလုံးကို သောက်လိုက်ပြီးနောက် အစွမ်း ထနေသည့်အချိန်တွင် လေ့ကျင့်ခြင်းကို ပြုလုပ်ဖို့ အကောင်းဆုံး အနေအထား ဖြစ်နေသော်လည်း ယခု ပတ်ဝန်းကျင်အနေအထားသည် အကောင်းဆုံး မဟုတ် ချေ။ ခရီးသွားလာသူများသည် ဤလမ်းကို မကြာခဏ ဖြတ်သန်းသွားလာနေကြရာ တကယ်၍ ကျင့်ကြံလိုက် ပါက သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်နေလိမ့်မည်။ 

ရှောင်ယွင် မျက်လုံးကို တဖြည်းဖြည်း မှိတ်လိုက်သည်။ အင်မတန်ကို ပင်ပန်းနွမ်းနယ်နေသော ရှောင်ယွင်မှာ ဆေးလုံးမှ ထွက်ပေါ်လာသော အဆီအနှစ်များကို သူ့ရဲ့ နာကျင်နေသော ကြွက်သားများက အငမ်းမရ စုပ်ယူနေ သည်ကို သိသိသာသာပင် ခံစားနေရသည်။ 

နောက်ဆုံး လက်ကျန် ဆေးအဆီအနှစ်ကို စုပ်ယူလိုက် ပြီးနောက် ရှောင်ယွင်သည် သူ့၏ ကြက်သားအစိုင်အခဲ တို့မှာ စွမ်းအားတွေနှင့် ပြည့်နှက်လာသလို ခံစားလာရ ကာ အရင်ကထက် ပိုသန်စွမ်းလာသလိုပင် ဖြစ်လာ၏။

ပြင်းထန်ကြမ်းတမ်းသည့် လေ့ကျင့်ခန်းက လွန်ခဲ့သည့် နှစ်ရက်ကတည်းက စလိုက်သည် ဖြစ်သော်လည်း ရှောင် ယွင်သည် သူ့ကျောပေါ်က ဓားလေးလေးကြီးကိုသာ ဖယ်ရှားလိုက်ရင် ဒိုကျဲအဆင့် ကြယ် ၆ လုံးသမားကိုပင် နိုင်အောင် ချနိုင်သည်ဟုပင် အတော်လေး ယုံကြည်ချက် ရှိလာသည်။ 

" ကြည့်ရတာ နောက်ထပ်အစွမ်းတွေ ရှိနေဦးမလားပဲ.. "

ရှောင်ယွင် သူ့ကိုယ်သူ ရေရွတ်လိုက်မိ၏။ သူ့မျက်နှာကို ပွတ်သပ်ရင်း ခါးသီးသောအပြုံးတစ်ခုကို ပြုံးလိုက်သည်။ ပျင်းရိစွာဖြင့် လက်ကို ဖြန့်ကားရင်း အကြောဆန့်လိုက် သည်။ အင်အားများ အပြည့်ပြန်ဖြစ်နေသည်ကို ခံစား နေရကာ နောက်ထပ်တဖန် မွေးဖွားလာသလိုပင် ခံစား နေရပြန်သည်။ 

မြေပြင်ကနေ ပြန်ရုန်းထလိုက်ပြီး ရှောင်ယွင်သည် ထူးဆန်းလှသော ပေတံဓားကြီးအား ချစ်ခြင်းမုန်းခြင်း ခံစားချက်ရောထွေးစွာဖြင့် ဓားမျက်နှာပြင်ကို ပွတ်သပ် ကြည့်မိသည်။ ထို့နောက် လေးလံသော ခြေလှမ်းများဖြင့် အနီးဆုံး နားမည့်နေရာသို့ ခရီးလမ်းလျှောက်ရပြန်တော့ သည်။ 

နေ့အလင်းရောင်တို့သည်လည်း တဖြည်းဖြည်း အမှောင် ကျလာသည်။ နောက်ဆုံးတွင် မှော်သားရဲကောင်တောင် တန်းနှင့် အနီးဆုံး တည်ရှိသည့် မြို့လေးတစ်မြို့သို့ ရှောင်ယွင် ရောက်ရှိခဲ့တော့သည်။ 

ယင်းမြို့လေးကို ကျွင်းရှန်မြို့ဟု သိကြသည်။ တဖန် မှော်သားရဲကောင်တောင်တန်းနှင့် နီးကပ်စွာ တည်ရှိနေ သောကြောင့် မှော်သားရဲကောင်မြို့ဟုလည်း ခေါ်ကြပါ သေးသည်။ ထိုမြို့လေးတွင် နေထိုင်သူအများစုတို့သည် လည်း သူတို့၏ ဓားကို အမြဲတစေ သွေးသောက်စေ တတ်သော ကြေးစားစစ်သည်များ ဖြစ်ကြသည်။ အဆိုပါ ကြေးစားစစ်သည်တို့သည် တစ်ယောက်ပခုံးကို တစ်ယောက်ဖက်ကာ တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ပါးစပ်ကလည်း မြို့ထဲရှိ မိန်မများအကြောင်း တံတွေးများ စင်ထွက်မတတ် ပြောဆိုတတ်ကြသည်။ တခါတလေ အရက်ပြင်းပြင်းများအကြောင်းနှင့် အကြမ်းဆုံး မှော်သား ရဲကောင်များ အကြောင်းလည်း ပြောတတ်ကြသည်။ 

ထုံးကျောက်များဖြင့် လမ်းခင်းထားသော မြို့လမ်းမ အတိုင်း ရှောင်ယွင် လမ်းလျှောက်ဝင်လာသည်။ ကျော ပေါ်က သယ်ဆောင်လာသော ဓားကြီးကြောင့်လည်း လမ်းသွားလမ်းလာတို့က ကွက်ကြည့်ကွက်ကြည့်ဖြင့် စိတ်ဝင်စားမှုကို အတော်လေး ခံနေရသည်။ ဒါပေမဲ့ ထိုအကြည့်များကို လျစ်လျူရှုလိုက်ပြီး ရှောင်ယွင်မှာ နဖူးက ချွေးစက်ကိုသာ အနိုင်နိုင်သုတ်ရင်း လမ်းမ ကြောင်းအတိုင်း တဖြည်းဖြည်း လျှောက်လိုက်သည်။ 

လမ်း၏ ဘေးနှစ်ဖက်တွင်လည်း ဈေးဆိုင်များစွာ ရှိ၏။ နေရာကအခင်းအကျင်းအရ အတော်လေး လူစည်ကား သည်ဟု ပြောလို့ရသည်။ ရှောင်ယွင်သည် မီးလင်းနေ သော ဈေးဆိုင်များကို အကဲခတ်ကြည့်လာနေရင်း နောက်ဆုံးတွင် အတော်လေးကျယ်ဝန်းသော ဆေးဆိုင် တစ်ဆိုင်တွင် ရပ်လိုက်သည်။ ခြေလှမ်းကို ရပ်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်ရင်း " ဆေးတစ်ထောင်အိမ် တော်" ဟု အမည်ရသော ထိုဆေးအမယ်ရောင်းဆိုင် ထဲကို ဝင်သွားလိုက်သည်။ 

ရှောင်ယွင်သည် လက်နက်နှင့်ချပ်ဝတ်တန်ဆာတို့ကို သိပ်စိတ်မဝင်စားပါဘူး။ သူစိတ်ဝင်စားသည်က အမျိုးမျိုးသော ဆေးအမယ်ပစ္စည်းတွေပင် ဖြစ်သည်။ တကယ်၍ သူလိုချင်သည့် ဆေးအမယ်ကို ရှာတွေ့လျှင် ရွဲ့လော်က ထိုဆေးအမယ်ကို စွမ်းအားတိုးစေသော ဆေးလုံးအမျိုးမျိုးရအောင် ဖော်စပ်ပေးနိုင်မည်။ အန္တရာယ်ကြီးမားသော မှော်သားရဲကောင်တောင်တန်း သို့ ခရီးသွားလျှင် အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ဆေးလုံးတို့ သည် အဓိကကျသော အရာဖြစ်သည်။ 

နေရာကျယ်ဝန်းသော ဆေးဆိုင်ထဲသို့ ဝင်လျှင် အထဲတွင် လင်းထိန်နေအောင် လရောင်ကျောက်တုံး များဖြင့် နံရံတွင် ချိတ်ဆွဲထားသည်ကို တွေ့လိုက်သည်။ ဈေးဆိုင်တွင်လည်း ဈေးဝယ်သူများနှင့် အတော်လေး ရှုပ်ထွေးလေရာ ဆိုင်အကူမှာ အင်မတန် ကို အလုပ်ရှုပ် နေသည်။ ထို့ကြောင့်မို့ ရှောင်ယွင်မှ ဆိုင်အထဲကို ဝင်သွားပြီးသော်လည်း တစ်ဦးမှ မမေးမြန်း မကြိုဆိုကြ သေးချေ။ 

တစ်ယောက်မှာ လာမမေးသော်လည်း ရှောင်ယွင်က ပိုပြီး သဘောကျသွားသည်။ ထို့နောက် ထွင်းဖောက် မြင်ရသော ကောင်တာခုံကို တဖြည်းဖြည်းကြည့်နေ လိုက်ရင်း ကျောက်စိမ်းပုလင်းငယ်တစ်ခုကို မြင်သည့် အခါ အနည်းငယ် အံ့သြသွားသည်။ 

" အနာကျတ်ဆေးပါလား.. ဒါဆို ဒီမှာ မှော်ဆေးပညာ ရှင်တစ်ယောက်ယောက်လောက် ရှိနေနိုင်တာပေါ့.. "

ရှောင်ယွင်မှာ အံ့အားတသင့်ဖြင့် ရေရွတ်လိုက်ပြီးနောက် ကျောက်စိမ်းပုလင်းငယ်အောက်တွင် ရေးသားထားသော အညွန်းစာကို ငေးကြည့်လိုက်မိသည်။ 

ခေါင်းကို ခါယမ်းလိုက်ပြီး ရှောင်ယွင်မှာ အရှေ့ကို ဆက် ကြည့်လိုက်သည်။ ဒါပေမဲ့ ကောင်တာတွင် ပြသ ထား သော အရာအားလုံးကို ကြည့်ပြီးနောက် စိတ်ပျက် စွာ ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ အလယ်လတ် အဆင့် ဆေးအမယ်တွေ ရှိနေပါသော်လည်း ရှောင်ယွင် အတွက် များစွာ အသုံးမဝင်ပါဘူး။

ရှောင်ယွင်မှာ ဘာမှ မရလိုက်ဘဲ ဆေးဆိုင်မှ ပြန်ထွက် တော့မည့်အချိန်တွင် ဟိုကြည့် ဒီကြည့် ကြည့်လိုက် သော သူ့အကြည့်က တစ်နေရာတွင် ရပ်တန့်သွားသည်။ 

ရှောင်ယွင်အကြည့်က ထွင်းဖောက်မြင်ရသော ခင်းကျင်း ပြသထားသည့် ပုံးတစ်ခုကို ကြည့်ပြီး အထဲက ထောင့် တွင်ရှိ အဝါရောင်ဖျော့ဖျော့ ရှိသည့် ပစ္စည်းတစ်ခုကို ငေး ကြည့်နေမိတော့သည်။ အချိန်ကလေးကြာမှ ရှောင်ယွင် သည် နှုတ်ခမ်းသပ်လိုက်ပြီး ခပ်တည်တည်ဖြင့် ထိုနေရာ ကို လျှောက်သွားလိုက်သည်။ ခေါင်းငုံ့ပြီး ထိုပစ္စည်းကို အနီးကပ်ကြည့်လိုက်သည်။ 

" အဟမ်းဟမ်း... ဒီပစ္စည်းလေး ထုတ်ပြလို့ ရမလား.. "

မျက်လုံးတွင် တောက်ပလာသော စိတ်လှုပ်ရှားမှုနှင့် လိုချမှုကို တဖြည်းဖြည်း ပြန်သိမ်းလိုက်ရင်း ရှောင်ယွင် ခေါင်းမော့လိုက်ပြီး ဆိုင်အကူယောင်္ကျားတစ်ယောက်ကို ကြည့်ကာ ပြုံးရင် ပြောလိုက်သည်။ 

ထိုကဲ့သို့ ပြောလိုက်သံကို ကြားသည့်အခါ ဆိုင်အကူ ဝန်ထမ်းသည် ခေါင်းမော့၍ သာမန်အဝတ်အစားနှင့် ရှောင်ယွင်ကိုကြည့်လိုက်ပြီး တဖန် ရှောင်ယွင် ညွန်ပြ သော ပစ္စည်းကိုလည်း ကြည့်လိုက်သည်။ အဆင့် အရမ်းနိမ့်သော ပစ္စည်းတစ်ခုဖြစ်မှန်း တွေ့လိုက်သည့် အခါ ဆိုင်အကူ၏မျက်နှာက စိတ်မရှည်သည့်ဟန် ဖြစ် သွားသည်။ သူ့မျက်နှာက မပြုံးမရွှင်ဖြင့် ထိုပစ္စည်းကို ထုတ်ယူလိုက်ပြီး 

" အဝါရောင်ကြာအဆီအနှစ်.. အဆင့်နိမ့်ဆေးအမယ်.. ရွှေဒင်္ဂါး တစ်ရာ.. " 

ဆိုင်အကူ၏ ခွဲခြားဆက်ဆံသော အပြုအမူကို ရှောင်ယွင်မှာ ဂရုပင်မစိုက်.. ရင်ထဲမှာသာ လှောင် ရယ်နေမိသည်။ အဆင့်နိမ့်ဆေးအမယ်ဟု ထင်ထား သည့် အဝါရောင်ကြာအဆီအနှစ်ကိုသာ ယူလိုက်ပြီး နောက် အဆီအနှစ်၏ မျက်နှာပြင်ကို လက်သည်းဖြင့် မသိမသာ ခိုးခြစ်လိုက်သည်။ အဝါရောင်မျက်နှာပြင် တွင် အနီရင့်ရင့် သွေးအရောင်သေးသေးလေးတစ်ခုကို မြင်လိုက်သည်။ မမြင်သာအောင် ပုန်းကွယ်နေသည့် အနီရောင်ကို မြင်လျှင် ရှောင်ယွင်၏ မျက်စိက အနည်းငယ်မှေးကျဉ်း သွားသည်။ မကြာချေ..။ 

ရှောင်ယွင်က စိတ်ဝင်စားသည့်ဟန်ကို အတတ်နိုင်ဆုံး မပြသဘဲ နှာခေါင်းကို ပွတ်လိုက်သလို လုပ်လိုက်ကာ လက်ချောင်းတွင် စွဲညှိပါလာသည့် သွေးအညှီအနံ့ကို ခပ်ပြင်းပြင်း ရှုကြည့်လိုက်သည်။ ချက်ချင်းပင် ရှောင်ယွင် ၏ မျက်ဝန်းနက်နက်တွင် ထူးဆန်းသည့် အငွေ့အသက် များက ခုန်ပေါက်ထွက်လာသည်။

" သေချာပြီး.. ဒါက သွေးကြာအဆီအနှစ်ပဲ.. "

ရှောင်ယွင်၏ နှလုံးသားက စိတ်လှုပ်ရှားစွာ ခုန်နေသည့် အခိုက်တွင် ရွဲ့လော်၏ အနည်းငယ်အံ့အားသင့်သွား သည့်အသံက ရှောင်ယွင်အတွေးထဲ ထွက်ပေါ်လာ၏။

" ကောင်ကလေး.. မင်းရဲ့ ကံက မဆိုးဘူးဘဲ..

ဒီလောက် ရှားပါးတဲ့ ဆေးအမယ်မျိုးကို ရှာတွေ့သွားပြီး "

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...