========================
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ( 126 )
ကြီးမားသည့် ဝိုင်းရံမှု
========================
ကြည်လင်အေးမြသည့် လရောင်လေးက တိမ်ယံကြားထဲနေ ဖောက်ကျလာကာ တောအုပ်တစ်ခုလုံးကို လွှမ်းခြုံထားပြီ ထမင်း ရည်ဖြူ ဆမ်းထားသလို ရှိနေပေသည်။
“ ရှုးးး ”
တောင်ထိပ်တစ်ခုဝယ် လူငယ်တစ်ယောက်က သစ်ကိုင်းတစ်ကိုင်း ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားနေသည်။ သူ့ လက်မောင်းတွင် လည်း အကြောပြိုင်းပြိုင်းထလျက် ရှိနေသည်။ နဖူးတွင် ချွေးစေး များ တဒီးဒီး ယိုစီးကျနေကာ သူ့အင်္ကျီလက်ရှည်ကိုလည်း ပါးစပ် ဖြင့် ကိုက်ထားလျက် ရှိနေသည်။
လူငယ်၏ နောက်ကျောတွင် အနီရောင်အရည်များဖြင့် သုတ် လိမ်း ထားသည်။ တဖန် ပုံရိပ်ယောင်လို ထင်ရသည့် အဖိုးကြီး တစ် ယောက်က ကျောက်စိမ်းအပြားဖြင့် အနီရောင်အရည်ကို အေးဆေး စွာ သုတ်လိမ်းနေပြန်သည်။ သူ့၏ လက်က အနီရောင်အရည်ကို ဖြန့်သုတ်လိုက်တိုင်း လူငယ်မှာ တစ်ကိုယ်လုံး တုန်တုန်တက်သွား သည်။
အဖိုးကြီးက အနီရောင်အရည်ကို လူငယ်၏ နောက်ကျော တပြင် လုံး ပြည့်ဝစွာ သုတ်လိမ်းပြီးသည့်အခါတွင် ရုတ်ချည်း ရပ်တန့်လိုက်သည်။ အဖိုးကြီးသည် မျက်နှာက ရှုံ့မဲ့စွာ နာ ကျင်နေသော လူငယ်ကို ငုံ့ကြည့်ပြီ အားပါတရ ရယ်မောလိုက် ချေကာ လှောင်ပြောင်လိုက်သည်။
“ ဘယ်လိုလဲ.. သက်တောင့်သက်သာ ရှိရဲ့လား. ”
“ သက်တောင့်သက်သာ.. ?? ယဥပဲဟေ့.. ”
နောက်ကျောဘက်က နာကျင်မှုကြောင့် ရှောင်ယွင်မှာ ချက်ချင်းပဲ ဆဲရေးမိလိုက်သည်။ သူမှာ မီးလောင်သလို အခံရခက်သော နာကျင်မှုကြောင့် စိတ်မချုပ်တည်းနိုင်အောင် ဖြစ် နေရသည်။
“ ဟီဟီ ”
ရွဲ့လော်မှာ တစ်ခစ်ခစ် ရယ်မောလိုက်ပြီ ရှောင်ယွင် ကျောပြင် ထက်က အနီရောင်အရည်အခြေအနေကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းအသာညိတ်လိုက်ပြီ မေးလိုက်သည်။
“ ကဲ.. ဒိုကျဲအဆင့် ကြယ် ၇ လုံး အဆင့် အစပျိုးဖို့ ခံစားချက်တွေ ရေးတေးတေး ဖြစ်လာပြီးလား.. ”
ထိုစကားကြောင့် ရှောင်ယွင် မျက်လုံးက ပေကလတ်ပေကလတ် ဖြစ်သွားသည်။ နှုတ်ခမ်းကိုက်ပြီ ဆောင့်ကြီးအောင့်ကြီးဖြင့် ပြော လိုက်သည်။
“ ဒိုကျဲအဆင့် ကြယ် ၆ လုံး ရောက်တာ တစ်လလောက်ပဲ ရှိ သေး တာ.. ဘယ်လိုလုပ်ပြီ ကြယ် ၇ လုံးအဆင့် ဆက်တိုက်ရောက်နိုင်ပါ့ မလဲ..။ အဆင့်တိုင်းရဲ့ နောက်ဆုံး ကြယ် ၃ လုံးတွေက အဆင့် တက်ဖို့ အခက်ခဲဆုံးတွေပဲလေ.. ”
ထိုအခါ ရွဲ့လော်က ပြုံးလိုက်ပြီ အေးဆေးစွာ ပြောလိုက်သည်။
“ ငါတို့ ဒီခရီးကို စထွက်လာတုန်းက ဒီကနေ့အထိဆိုရင် ငါးလ လောက် ရှိနေပြီး..။ တိမ်မြူဂိုဏ်းက မိန်းကလေးနဲ့ သွားတွေ့ဖို့ အချိန်က တစ်နှစ်တောင် မလိုတော့ဘူး.. ”
ထိုအခါ ရှောင်ယွင် အနည်းငယ် တုံ့တွေသွားပြီ သူ့နှုတ်ခမ်းကို လျှာ ဖြင့် ဖိသပ်လိုက်ရင်း မျက်မှောင်ရှုံ့ကာ မေးလိုက်သည်။
“ ဒီအချိန်လောက်ဆိုရင် သူလည်း ဘယ်အဆင့်ထိ ရောက်နေ မလဲ မသိဘူးနော်..။ လွန်ခဲ့တဲ့ နှစ်နှစ်အချိန်က သူမက ဒိုကျဲ အဆင့် ကြယ် ၃ လုံး ရောက်နေပြီး..။ သူမရဲ့ အရည်အချင်းနဲ့ တိမ်မြူဂိုဏ်း ရဲ့ အထောက်အပံ့နဲ့ဆိုရင် သူမက ကျွန်တော့်ထက် နိမ့်နေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်.. ”
“ ဟုတ်တာပေါ..။ မင်းရဲ့ ခွန်းအားကို ရုတ်ချည်း တိုးတက်သွား အောင် လုပ်ဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်.. ။ အဲ့မှာ အစွမ်းထက်တဲ့ အရာတွေ ပါတယ်လေ..။ ဒါပေမဲ့ လျို့ဝှက်နည်းတွေ သုံးလိုက်ပြီးတာနဲ့ အဲဒီအဆင့်မှာပဲ မင်း နှောင့်နှေးမှာကို ငါ စိုးရိမ်မိတယ်..”
ရွဲ့လော်က အေးဆေးစွာ ရှင်းပြနေရင်း တိတ်ဆိတ်နေသည့် ရှောင်ယွင်ကို တစ်ချက် ကြည့်လိုက်ရင်း ဆက်ပြောပြန်သည်။
“ ငါကတော့ မင်းကို အဲ့ဒီလျို့ဝှက်နည်းလမ်းကို ပေးမသုံးပါဘူး တကယ်လို့ မင်းက အဲဒီကောင်မလေးကို အနိုင်ရသွားရင် တောင်.. ပေးဆပ်ရမဲ့ တန်ဖိုးက ကြီးလွန်းတယ်.. ”
ရှောင်ယွင်က ခန္ဓာကိုယ်ကို လှဲချလိုက်ပြီ ညဥ့်နက်မိုးယံထက် က လမင်းကြီးကို ခေါင်းမော့ကြည့်လိုက်သည်။ မျက်ဝန်းကို ကျဉ်း မြောင်းထားရင်း ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောလိုက် သည်။
“ သုံးနှစ်ကြာ စိန်ခေါ်ပွဲနဲ့ ပတ်သတ်ပြီ သူ့ကို မရှုံးချင်ဘူး..။ ဆရာလည်း သိပါတယ်.. ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော် ဘယ် လောက်တောင် ကြိုးစားထားရသလဲဆိုတာ..။ ကျွန်တော်ဟာ ဘာဖြစ်လို့ ဒီလောက် ခက်ခဲကြမ်းတမ်းပြီ ခါးသီးတဲ့ လေ့ကျင့် ခန်းတွေကို တောင့်ခံအားတင်းနိုင်ခဲ့တဲ့ အကြောင်းအရင်းက သူမကြောင့်ပဲ့.. ”
ရှောင်ယွင် အသက်ပြင်းချပြီ ပုံရိပ်ယောင်လို ဖြစ်နေသည့် ရွဲ့လော် ကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်က တွန့်ခနဲ ဖြစ်သွားပြီ ပြောလိုက်သည်။
“ ပြီးတော့ လက်ဦးဆရာကလည်း သဘောတူထားတယ်လေ.. သူမကို အမှီလိုက်ဖို့ ဆရာက ကူညီပေးမယ်တဲ့.. ”
“ ခွေးသားလေး.. ”
စနောက်လိုက်သော လူရှုပ်ကလေး ရှောင်ယွင်ကို ကြည့်ပြီ ရွဲ့လော် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူက လက် ဝါးပြင်ကို အရှေ့ထုတ်လိုက်သည်။ အေးစက်သော အဖြူရောင် မီးတောက်တစ်ခုက သူ့လက်ဝါးပြင်အလယ်တွင် ထွက်ပေါ်လာ သည်။ ကခုန်နေသယောင် ရှိသည့် အဆိုပါ မီးတောက်ကို ငေး ကြည့်ရင်း အပြုံးယဲ့ယဲ့လေးတစ်ခုက သူ့၏ မျက်နှာအိုရင့်ရင့်တွင် ဖြစ်ပေါ်လာသည်။
“ စိတ်မပူပါနဲ့.. ငါ့မှာ အဲဒီလောက်တောင် အရည်အချင်းမရှိရင် မင်းအရှေ့မှာ ငါ မျက်နှာမော့ ကိုယ်ရည်မသွေးဝံ့ပါဘူး.. ”
ထို့နောက် ရွဲ့လော်က ကျီစယ်စကား ဆိုလိုက်သည်။
“ ငါ မင်းရဲ့ ခွန်အားကို မြင့်တက်လာဖို့ ကူညီပေးနိုင်တယ်..။ ဒါ ပေမဲ့.. ငါ့ရဲ့ ညွန်ကြားချက်ကို မင်းလိုက်နာဖို့ မင်းမှာ အချိန်ရှိ ရင်ပေါ့..။ တကယ်လို့ မင်းက တောင်တစ်ခွင်လုံး ပြဲပြဲစင် လိုက် သတ်နေမှတော့ မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဖြုန်းတီး လိုက်သလို ဖြစ်နေပြီးလေ.. ”
ရှောင်ယွင်က မျက်လုံးလေး ပေကလတ်ဖြင့် လက်မောင်းနှစ် ဖက်ကို ဖြန့်ကားလိုက်ပြီ စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
“ တကယ်တမ်းဆို သူတို့ကို အမြစ်ဖြတ်သုတ်သင်ဖို့က ဆရာ့ အတွက်ဆို အီးပေါက်သလောက်ပဲ ရှိမယ်..။ ဒါပေမဲ့ ဆရာကမှ ဝိုင်းမကူတာ.. ”
“ ဗြမ်းးး ”
လက်ဝါးတစ်ချက်က ရှောင်ယွင်၏ ဇတ်ပိုးကို ဗြမ်းခနဲ ကျ ရောက် သွားသည်။ ရွဲ့လော်က ပြုံးရယ်ရင်း အော်ငေါက်လိုက်သည်။
“ မင်းရဲ့ ပြဿနာတိုင်းကို ငါက လိုက်ရှင်းနေရင် ဘာထူးမှာလဲ ဒီနည်းလမ်းက မင်းအတွက် အတွေ့အကြုံနဲ့ ဥာဏ်ပညာကို မြင့် တက်စေတဲ့ နည်းလမ်း မဟုတ်ဘူး.. ”
ရှောင်ယွင်က ပခုံးတွန့်လိုက်ပြီ နောက်တစ်ကြိမ် ခန္ဓာကိုယ်ကို လှည့်ဆန့်လိုက်သည်။ ထို့နောက် စိတ်တိုတိုဖြင့် အသံထွက်ပြီ ဆဲဆိုကြိမ်းမောင်းလိုက်သည်။
“ အဲ့ဒီ မသာကောင်တွေ.. မင်းတို့ကို အနှေးနဲ့အမြန် ရှင်းထုတ် ပစ်မယ်.. မင်းတို့ကြောင့် ငါ့အချိန်တွေ ပုပ်ကုန်ပြီး..”
ရှောင်ယွင် ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ပြီ သူ့အင်္ကျီလက် ရှည် ကို ကိုက်ထားလျက် ဗလုံးဗထွေးအသံဖြင့် ပြောလိုက် သည်။
“ ဆရာ.. ဆက်လုပ်ရအောင် ”
“ ဟမ်း ”
ရွဲ့လော် အနည်းငယ် အံ့သြသွားသည်။
“ မင်း တောင့်ခံနိုင်သေးလား ”
“ အင်း.. ကျွန်တော်မှာ အနားယူဖို့ အချိန်မရှိတော့ဘူး ”
လူငယ်က ခေါင်းကို အဝတ်ထဲ မြုပ်ချလိုက်ရင်း မသဲကွဲသော အ သံဖြင့် ဖြေလိုက်သည်။
နောက်တစ်ကြိမ် ပြန်လည် စိတ်အားကြွလာသော လူငယ်ကို ငေး ကြည့်ရင်း ရွဲ့လော် စက္ကန့်အနည်းငယ်လောက် တွေဝေနေ သည်။ အသွေးထဲ အသားထဲနေ ခေါင်းမာတတ်လွန်းသည့် လူ ငယ်ကို ကြည့်နေရင်း ရွဲ့လော်၏ မျက်နှာတွင် ဝမ်းမြောက်လာ သည့် အမူ အရာက ဖြစ်ပေါ်လာပြီ ခပ်ပြုံးပြုံးဖြင့် ရွဲ့လော် ခေါင်းညိတ်လိုက် သည်။ နောက်တစ်ခါ မီးလောင်သွေးဆေးပုလင်းကို အဖုံးဖွင့်ကာ လောင်းချလိုက်ပြန်သည်။
“ ယားးစ်.. ”
တိတ်ဆိတ်သော ညဝယ် လူငယ်၏ သွားကြားကနေ တုန်ခါနေ သော အအသက်ရှုသံတိုးတိုးက ရပ်ဆိုင်းခြင်းမရှိ ဆက်တိုက် ထွက် ပေါ်လာပါတော့သည်။
***
နေမင်းကြီး၏ ရောင်ခြည်မောင်းက သစ်ကိုင်းကြားကနေ တောအုပ် အတွင်းသို့ ဖြတ်သန်းဝင်ရောက်လာနေသည်။ နေရောင်နေပြောက် တို့က တောင်မှောင်မှောင်ထဲမှာ ဟိုတစ်ကွက် ဒီနှစ်ကွက်ဖြင့် မရေ တွက်နိုင်အောင် ကျရောက်နေသည်ဖြစ်ရာ အလွန်ပင် ရှုမောဖွယ် လှပသော မြင်ကွင်း တစ်ခုပါပေ။
သို့သော် ရှောင်ယွင်မှာ တောအုပ်ထဲမှာ လုံခြုံသည့် တစ်နေရာတွင် ပုန်းကွယ်နေကာ မျက်မှောင်ချိုးထားရင်း မနီးမဝေးက ကြေးစားစစ် သည်တစ်အုပ်စုအား အကဲခတ်ကြည့်နေသည်။ ထိုနေရာကား မှော် သားရဲကောင်တောင်တန်းကြီးသို့ ဦးတည်သွားရာ လမ်းမကြီး ဖြစ် ပေသည်။ သို့သော်လည်း ထိုလမ်းကို ကြေးစားစစ်သည်အချို့သာ ဖြတ်သန်းသွားလာခြင်း ပြုကြသည်။ ဤကနေ့တွင်မူ ရှောင်ယွင်မှာ တစ်ခုခု မူမမှန်နေသလို ခံစားနေရသည်။
ရှောင်ယွင်သည် ခြုံအကွယ်ကနေ ပုန်းကွယ်နေရင်း ဖြတ်သန်းသွား သော ကြေးစားစစ်သည်တို့အား ဆက်လက် စောင့်ကြည့်နေလိုက် သည်။ အချိန်အတော်ကြာမှ ရှောင်ယွင် မျက်ဝန်းမှာ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ ဘာကြောင့် မူမမှန်သလို ခံစားနေရတာ ကို ယခုမှ သဘောပေါက်လိုက်သည်။
ဖြတ်သန်းသွားလာကြသော ကြေးစားစစ်သည်အဖွဲ့တို့မှာ ယခုမှပဲ အသင်းဖွဲ့လာသယောင် ရှိပေသည်။ သို့သော် သူတို့သည် အချိန် အကြာကြီး အတူတကွ ပေါင်းသင်းလေ့ကျင့်ခဲ့ကြဖူးသည့်မို့ ထိုအမူ အကျင့်များက တချက်ချက် လှစ်ခန်လှစ်ခနဲ ထွက်ပေါ်နေခြင်း ကြောင့် ရှောင်ယွင် သတိထားမိလိုက်ခြင်း ဖြစ်သည်။
ဒါက တကယ့်ကို မူမမှန်တာပဲ
ရှောင်ယွင်က မျက်မှောင်တွန့်ထားရင်း ရွေရွတ်လိုက်ပြီးနောက် ပါးစပ်က ဝါးထားတဲ့ မြက်စိမ်းကို ထွေးထုတ်လိုက်သည်။ မျက်လုံးက အနောက်ပြန်လှည့်ကြည့်လိုက်သေးကာ ထို့နောက် ခြုံပုတ်ကနေ သတိထား၍ ခေါင်းငုံ့တိုးထွက်ပြီ တောအထဲသို့ ပြန်လည် တိုးဝင် သွားလိုက်သည်။
ရှောင်ယွင် အဝတ်အစားတို့က မြက်ပင်ကနေ ရလာသည့် အစိမ်း အရည်တို့ဖြင့် သုတ်လိမ်းထားသည်ဖြစ်ရာ တောနက်ထဲတွင် ပုန်း ကွယ်သွားလာဖို့အတွက် အင်မတန် လုံခြုံမှုရှိလေသည်။
တောနက်ထဲက လျို့ဝှက်နေရာတစ်ခုတွင် ပုန်းနေရင်းလည်း ရှောင် ယွင်မှာ နောက်ထပ် ငါးယောက်တစ်အုပ်စု အဖွဲ့မျိုး သုံးအဖွဲ့လောက် ကို မြင်ရပြန်သေးသည်။ ထိုအဖွဲ့တို့အား သေချာ လေ့လာကြည့် လိုက်သည့်အခါတွင် ထိုကြေးစားစစ်သည်တို့က မှော်သားရဲကောင် အား လာဖမ်းဆီးကြသည့် ဟန်ပန်မျိုး ဖြစ်နေသယောင် ရှိနေပါ သော်လည်း တကယ်တမ်းတွင် တစ်စုံတစ်ခုအတွက် ရှာဖွေနေကြ သည်ဟု ရှောင်ယွင် သေချာစွာ အကဲဖြတ်မိလိုက်သည်။
သစ်ပင်အကာအကွယ်နှင့် ခန္ဓာကိုယ်တွင် သုတ်လိမ်းထားသည့် အပင်အရည်တို့၏ ရနှံ့ကြောင့် ရှောင်ယွင်မှာ လုံခြုံမှုတော့ အတော် အတန် ရှိနေပေသည်။ ကြေးစားစစ်သည်အဖွဲ့များနှင့် မှော်သားရဲ ကောင် အန္တရာယ်တို့ကနေ အောင်မြင်စွာ ရှောင်တိမ်းလွတ်ကင်း နိုင်နေသေးသည်။
နေ့တဝက်လောက် အချိန်ပေးပြီ တောအနှံ့ လိုက်လံ စစ်ဆေးကြည့် လိုက်သည့်အခါတွင် ရှောင်ယွင်သည် ကံကောင်းစွာဖြင့် ကြေးစား စစ်သည်အဖွဲ့ငယ်တို့၏ ထင်ရှားသည့် အထောက်အထားကို ရိပ်မိ သိရှိလိုက်သည်။
ဝံပုလွေကြေးစားစစ်သည်အဖွဲ့ကဆိုပါလား..။ ဟဟ.. ကြည့်ရတာ သူတို့ရဲ့ တတိယခေါင်းဆောင်ကို သတ်လိုက်တာ ပျားအုံကို တုတ် နဲ့ ထိုးလိုက်သလိုပါပဲလား..
ထိုသို့ ရိပ်မိလိုကသည့်အခါ ရှောင်ယွင်မှာ အနည်းငယ် အံ့အားသင့် မိသွားသည်။
“ ခွေးမသားတွေ.. နေ့တဝက်လောက် ပုန်းပြီ ဒေါသကို မျိုထားရတယ်.. မင်းတွေ သေဖို့ ထိုက်တန်ပြီလေ..”
ရှောင်ယွင်မှာ အမှောင်ကွယ်တွင် ပုန်းခိုရင်း ထို ငါးယောက်တစ်အဖွဲ့ က တောနက်ထဲ တဖြည်းဖြည်း တိုးဝင်နေသည်ကို ကြည့်ပြီး ခပ်တိုး တိုးလေး ကျိန်ဆဲလိုက်သည်။
ထိုအဖွဲ့ကို ရှောင်ယွင် လေ့လာနေသည်မှာ အချိန်ကြာနေပြီး ဖြစ် သည်။ ထိုအဖွဲ့တွင် ငါးယောက်စလုံးက ဒိုကျဲအဆင့်သမားများ ဖြစ် နေကြကာ ရှောင်ယွင်မှာ အားလုံးကို အသက်ခြွေပေးချင်စိတ်များ တဖွားဖွား ဖြစ်နေသည်။ တဖန် သူတို့က တောနက်ထဲ ဝင်ရောက် ခဲ့ပြီးဖြစ်နေရာ တခြားအဖွဲ့က မြင်သွားမှာကိုလည်း ရှောင်ယွင် မစိုး ရိမ်ချေ။
တောနက်ထဲ တိုးဝင်သွားသော ထိုအဖွဲ့အား ရှောင်ယွင် အနောက် ကနေ နောက်ယောင်ခံလိုက်သွားသည်။ ရှောင်ယွင်မှာ ချက်ချင်း အရှေ့ထွက်ပြီး သွားရင်ဆိုင်ဖို့အထိတော့ မညံ့ဖျင်းသေးပါဘူး။ ဘေး တစ်ဖက်ခြမ်းကနေသာ ကပ်လိုက်ရင်း သစ်ပင်ကြီးကြီးတစ်ပင်၏ အကွယ်တွင် ပုန်းနေလိုက်သည်။ မြွေပွေးတစ်ကောင်က အစာကို ချောင်းမြောင်းသလို သူသည်လည်း စိတ်ရှည်စွာ ငြိမ်သက်စွာဖြင့် သာ စောင့်ဆိုင်းနေလိုက်သည်။
ထိုကဲ့သို့ ရှောင်ယွင်မှာ ထိုအဖွဲ့အား တော်တော်ဝေးဝေးသို့ ရောက် သည်အထိ နောက်ယောင်ခံလိုက်နေရင်း နောက်ဆုံးတွင် ထိုအဖွဲ့ သည် အနားယူဖို့အတွက် ရပ်နားလိုက်ကြသည်။ အနားယူနေသည့် အချိန်တွင် ကြေးစားစစ်သည်တစ်ယောက်က အဖွဲ့မှ ထွက်လျှောက် လာပြီး ခြုံပုတ်ငယ်တစ်ခုသို့ ဖြည်းညှင်းစွာ သွားလေသည်။
ထိုသူက သစ်ပင်ကြီးတစ်ပင် အနားတွင် မတ်တတ်ရပ်ကာဖြင့် ကိစ္စ ပြီးလောက်သည့်အချိန်တွင် သူ့ဇတ်ပိုးတွင် ကျရောက်လာသော နာ ကျင်မှုတစ်ခုကြောင့် အမြင်အာရုံက မှောင်မိုက်သွားကာ ချက်ချင်း သတိလစ်မေ့မြောသွားသည်။
ထိုသို့ ကြေးစားစစ်သည် အပေါ့သွားရန် ထွက်သွားပြီး၍ မကြာသည့် အချိန်ခဏအတွင်း ကြောက်လန့်တကြားဖြင့် စူးရှစွာ အော်လိုက် သည့် အသံတစ်ခုက ထွက်ပေါ်လာသည်။
“ ဒီမှာ သားရဲကောင်တစ်ကောင်..အဆင့်၃ တစ်ကောင်ဟေ့ ”
သူ့၏ အော်ဟစ်သံကို ကြားလိုက်သည့်အခါ အနားယူနေသော ကြေးစားစစ်သည်တို့မှာ ဆတ်ခနဲ ဖြစ်သွားကြသည်။ တစ်ယောက် သောသူက ခေါင်းငိုက်စိုက်ငိုက်စိုက်ဖြင့် ပြေးလာခဲ့သူကို ဆီးကြိုပြီ အော်ငေါက်လိုက်သည်။
“ ဟေ့ကောင်.. မနေ့ညက မိန်းမတစ်ယောက်ကြောင့် ရူးကြောင် မူးကြောင် ဖြစ်သွားတာလား.. ဒီနေရာက မှော်သားရဲကောင်တောင် တန်းရဲ့ အပြင်ဘက်အဝန်းပဲ ရှိသေးတာ.. ဒီမှာ ဘယ်လိုလုပ်ပြီ အဆင့် ၃ သားရဲကောင် ရှိရမှာလဲ.. ”
ထိုသို့ အော်ငေါက်လိုက်သံ ဆုံးသွားသည်နှင့် ခေါင်းငိုက်စိုက်ပြီ ပြေးလာနေသော ကြေးစားစစ်သည်မှာ သူ့အရှေ့သို့ တရကြမ်း ပြေးလာတော့သည်။ အေးစက်စက် အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားသည်။ အော်ငေါက်လိုက်သည့်အသံက ပြီးဆုံးသွားသလို ထိုကြေးစားစစ်သည်မှာလည်း လည်ပင်းထက်တွင် ဓားသွားရာ ထက်ထက်တစ်ခုက ထင်းထင်းကြီး ထွက်ပေါ်လာသည်။
ကြေးစားစစ်သည်တစ်ယောက်ကို သုတ်သင်ပြီးသည်နှင့် ခေါင်းငုံ့ ထားသည့် ထိုလူသည် ရုတ်ခြည်း လှုပ်ရှားလိုက်ပြန်သည်။ လက် တစ်ဖက်ကို ပင့်မြှောက်၍ အရှေ့ဆုံးမှ ကြေးစားစစ်သည်ကို ဆွဲယူ စုပ်သွင်းလိုက်သည်။ ထိုအခါ ကြောင်ငေးကြည့်နေသော ကြေးစား စစ်သည်မှာ သူ့ဆီကို အနီးရွေ့လာလေသည်။ ရှောင်ယွင် လက်ထဲက ဓားမြောင်သည် ရုတ်ခနဲ ထိုးသွင်းသွားပြန်သည်။ ထိုဓားမြောင်ကား စုပ်ယူ ဆွဲငင်လိုက်ခံထိသော ကြေးစားစစ်သည် ၏ လည်ပင်ထက်သို့ တရကြမ်း သက်ရောက်သွားပြန်လေသည်။
“ သူက ရှောင်ယွင်ပဲ.. ရှောင်ယွင်.. ”
ဆယ်စက္ကန့်အချိန်အတွင်း ရုပ်ဖျက်ထားသော ရှောင်ယွင်သည် ဒိုကျဲအဆင့် ကြယ် ၅ လုံးသမား နှစ်ယောက်ကို လွယ်ကူစွာ ဇိဝိန်ခြွေပေးလိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ကျန်ရှိနေသည့် ကြေးစားစစ်သည်နှစ်ယောက်မှာ သတိပြန်ဝင်သွားခဲ့သည်။ အသက် ပိုကြီးသည့် တစ်ယောက်သည် ဘေးနားက ကြေးစားစစ်သည်အား ရုတ်တရက်ဆိုသလို သူတို့ဆီကို ခပ်သွက်သွက် နီးကပ်လာနေ သော ရှောင်ယွင်ဆီသို့ ကန်ထည့်လိုက်ပြီး အင်္ကျီလက်ရှည်ထဲမှ ဝါးပုလွေတိုတစ်ချောင်းကို ထုတ်၍ နှုတ်ခမ်းပေါ် တေ့လိုက်သည်။ အသံထွက်အောင် မမှုတ်လိုက်ခင်မှာပဲ အနက်ရောင်အရာတစ်ခုက ဖျတ်ခနဲ ရောက်ရှိလာကာ သူ့ရင်ဘက်ဆီသို့ အားပြင်းပြင်းဖြင့် ထိ မှန်သွားလေသည်။
“ ဘုန်းး ”
ထိုလူမှာ သွေးတစ်လုတ်အား ထိန်းမရစွာ ထွေးထုတ်လိုက်ရသည်။ သို့သော် ထိုလူမှာ သူ့ဆီ သက်ရောက်သွားသော တွန်းကန်အားကို ပြန်ယူပြီးလျှင် အနောက်ဘက်သို့ ဝဲပျံ ပြန်ဆုတ်လိုက်သည်။ အနောက်သို့ ဝဲပျံနေရင်း ခန္ဓာကိုယ်တွင် ကျန်ရှိနေသော နောက်ဆုံး လက်ကျန်အားဖြင့် ပါးစပ်က ပုလွေတိုအား မှုတ်လိုက်ရာ အသံ လှိုင်းကတိုသော်လည်း စူးရှသည့် အသံက ထွက်ပေါ်လာလေသည်။ ထိုအခါ ရှိသမျှ ကြေးစားစစ်သည်တို့သည် လျင်မြင်စွာဖြင့် ထိုနေရာ ဆီသို့ အပြေး လာကြတော့သည်။
“ သူ့ကို ဖမ်းကြဟေ့.. ”
ရှောင်ယွင် အနောက်ကနေ ကြေးစားစစ်သည်အုပ်စုကြီးက လူစုခွဲ ၍ အရှေ့က မှုန်ပျပျ ဖြစ်နေပြီးသော လူပုံရိပ်အနောက်ကို ညာသံ ပေးကာ လိုက်ကြလေသည်။
“ ဘုရား ဘုရား.. လောင်းကြေးစားကြေးက မြင့်သွားပြီးဟေ့ ... ”
အနောက်ကနေ လိုက်နေကြသော ကြေးစားစစ်သည်အုပ်စုကြီးကို စောင့်ငဲ့ကြည့်ပြီ ရှောင်ယွင်က လှောင်သရော်လိုက်သည်။ ထို့ နောက် အနည်းငယ် စိတ်ညစ်သွားဟန်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး သူ့ကိုယ်ပေါ်က အစိမ်းရောင်အစင်းကြားများ အကာအကွယ်ဖြင့် ချုံပုတ်ကြားထဲကနေ ဆက်လက်ပြေးသွားလိုက်သည်။
ထိုသို့ ပြေးလွှားနေရင်း တော်တော်ဝေးဝေးအထိ ရောက်သွားသည့် အခါတွင် ရှောင်ယွင် မျက်နှာအမူအရာက ရုတ်ခြည်းပြောင်းလဲသွား သည်။ ခေါင်းကို ပြန်လှည့်ကြည့်လိုက်သည့်အခါတွင် ကြေးစားစစ် သည်အုပ်စု၏ အရှေ့ဆုံးကနေ သုန်မှုန်နေသော မျက်နှာထားဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးလာနေသော အသက်လတ်ပိုင်း လူကြီး တစ်ယောက်ကို မြင်လိုက်ရသည်။ အသံဝါကြီးဖြင့် အော်ပြောလိုက် သော အသံသည်လည်း ရှောင်ယွင် နားစည်ဆီသို့ တိုက်ရိုက်ရောက် ရှိလာလေသည်။
“ ကောင်ကလေးရေ.. ဒီမှော်သားရဲကောင်တောင်တန်းမှာ မင်းရဲ့ အလောင်းကို ငါတို့ မြုပ်နှံပေးမယ်ဟေ့.. ”
===================================
No comments:
Post a Comment