Followers

Chapter 131

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း ၁၃၁

==================================
ထူးခြားသည့် အမျိုးသမီးက သူမ၏ လက်အား ဝှေ့ယမ်းလိုက်သည့် အခါတွင် အစိမ်းရောင် လေဆင်နှာမောင်းကြီးသည် နီလာခရမ်း ခြင်္သေ့ရှိရာသို့ ဝါးမြိုတော့မည့်အသွင်သဏ္ဍာန်ဖြင့် တရကြမ်း ရွေ့ လျားသွားလေသည်။ လေပြင်းများကလည်း အသံနက်ကြီးများ အော်ဟစ်နေသည့်ပမာ အတူတူ လိုက်ပါ ရွေ့လျားနေလေသည်။ 

လေဆင်နှာမောင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် တော အုပ်ထဲက သစ်ပင်ကြီးများ အမြစ်ပါမကျန် ဆွဲနုတ်သွားလေသည်။ ထိုအခါ မြေပြင်ဝါဝါ လွင်တီးခေါင်များ ထွက်ပေါ်လာပြီ ထိုနေရာတွင် ကျက်စားကြသော မှော်သားရဲကောင်များသည်လည်း ထွက်ပြေးကြ လေသည်။ 

ရွဲ့လော်၏ ကာကွယ်မှုကြောင့် ရှောင်ယွင်သည် လေပြင်းတိုက်ခတ် မှုဒဏ်ကို မခံစားရချေ။ သူတို့ ပုန်းကွယ်နေသည့် သစ်ပင်ကိုင်းကို သာ ကျစ်ကျစ်ဆုပ်ထားပြီး အဝေးက တောအုပ်မှာ လွင်တီးခေါင်း ဘဝ ပြောင်းလဲသွားသည်ကိုသာ ကြည့်နေမိသည်။ ပါးစပ်ကနေ လည်း တံတွေးကို အလိုလို မျိုချမိနေသည်။ 

ကြီးမားသော အရာနှစ်ခုက ကောင်ကင်မှာ စတင်ထိပ်တိုးထိတွေ့ လေပြီး။ ထိတွေ့လိုက်သည့်ခဏမှာ လောကကြီးတစ်ခုလုံး တိတ် ဆိတ်သွားလေသည်။ 
“ ဟွန့်.. ” နီလာခရမ်းတောင်ပံခြင်္သေ့ကြီးသည် တဖြည်းဖြည်း နီးကပ်လာသည့် လေဆင်နှာမောင်းကြီးကို ကြည့်၍ ပါးစပ်ကြီး ဟ ကာ တစ်ချက်ဟောက်လိုက်သည်။ တောင်ပံကို ရိုက်ခတ်လိုက် သည့်အခါတွင် ပေနှစ်ဆယ်မှ သုံးဆယ်အထုရှိသည့် ခရမ်းမီး တောက်တိုင်လုံးကြီးက အရှေ့သို့ တိုးထွက်လာပြီ လေဆင်နှာ မောင်းကြီးအား ရိုက်ချလိုက်လေသည်။ 

“ ဘုန်းး ” မိုးခြိမ်းသံလို အော်သံကျယ်ကြီးတစ်ခုက နေခင်းကြောင် တောင်ကြီး မှာ ဘုန်းခနဲ ထွက်ပေါ်လာလေသည်။ 

လေဆင်နှာမောင်းကြီးနှင့် မီးတိုင်လုံးကြီးတို့ ပြင်းထန်စွာ ပူးကပ် ထိခတ်သွားသည်။ ထိန်းချုပ်ခြင်းငှား မစွမ်းသာလောက်သော ပြင်း ထန်အားကောင်းသည့် စွမ်းအင်များ လွင့်စင်ကန်ထွက်လာသည်။ ထိခတ်သွားသည့် နေရာတိုင်း လေထုထဲကို လေလှိုင်းတွန့်များက လည်း ထွက်ပေါ်လွင့်စင်နေပါသေးသည်။ 

“ ဘုန်းး ”

ထိုသို့ လေဆင်နှာမောင်းကြီးနှင့် မီးတိုင်လုံးကြီးတို့ ပွတ်တိုက်ရိုက် ခတ်နေသည်မှာ အချိန်ကြာလာသည်နှင့်အမျှ စွမ်းအင်တွေ ယုတ် လျော့လာကြသည့်ဟန် ဖြစ်လာကြကာ ပေါက်ကွဲသံကျယ်ကျယ် ကြီးတစ်ခုက တောတန်းတခွင် မြည်ဟီးထွက်ပေါ်သွားပြီးနောက် လေဆင် နှာမောင်းနှင့် မီးတိုင်လုံးကြီး နှစ်ခုစလုံး အရှိန်ကုန်သွားကြ သည်။ 

ထိုသို့ လေဆင်နှာမောင်းကြီးနှင့် မီးတိုင်လုံးကြီးတို့ ပျောက်ကွယ် သွားသည်နှင့် ထူးခြားသည့် အမျိုးသမီးက လေထဲတွင် ငြိမ်သက်စွာ ရပ်နေရင်းမှ စတင်လှုပ်ရှားလာသည်။ သူမ၏ နောက်ကျောက အစိမ်းရောင်တောင်ပံတို့က လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ် ခတ်လာသည်။ ထို့နောက် စွမ်းအင်များ ဗရမ်းဗတာ ဖြစ်ကျန်နေ သေးသည့် နေရာဆီသို့ သူမက ချက်ချင်း ဖြတ်သန်းသွားပြီ နီလာ ခရမ်းတောင်ပံခြင်္သေ့ကြီး၏ နောက်ကျောဆီသို့ ရောက်ရှိသွားသည်။ သူမ၏ လက်ထဲက ထူးခြားသည် ဓားရှည်သည် အရှေ့သို့ ထိုးသွင်း သွားလေသည်။ ဓားရှည်ထိပ်တွင် လေဓားများ ဖြစ်ပေါ်လာကာ ဓားထိပ်တွင် လှည့်ပတ်မွှေရစ်လျက် အံမခန်းလောက်သော အလျင် နှုန်းဖြင့် အတော်မသတ် လှည့်ပတ်နေသည့်အခါ မရေတွက်နိုင် လောက်သည့် လေဓားများနှင့် အစိမ်းရောင်အလုံးများ ဖြစ်ပေါ်ကြီး ထွားလာသည်။ 

“ ခလန်းး ခလန်းး ”

လေဓားများ ဝန်းရံထားသည့် ဓားရှည်က နီလာခရမ်းတောင်ပံခြင်္သေ့ ၏ ခန္ဓာကိုယ်ကို ထိုးသွင်းလိုက်သည့်အခါ ကြည်လင်ပြတ်သား သော အသံများ ထွက်ပေါ်လာသည်။ သို့သော် ဓားရှည်၏ လျင်မြန် သွက်လက်လွန်းသော ဓားသွားချက်များက အဖြူရောင်ဒဏ်ရာ လောက်ကိုသာ ဖြစ်စေခဲ့သည်။ ထိုအဖြူရောင်ဒဏ်ရာချက်ကလည်း ခဏတာမျှသာ ထင်ကျန်ပြီး ပြန်လည် ပျောက်ကွယ်သွားသည်။ 

ရန်သူ၏ ပုံမှန်ဓားချက်ကို ဂရုပင် မစိုက်ဘဲ နီလာခရမ်းတောင်ပံ ခြင်္သေ့ကြီးသည် ဦးခေါင်းကို လှည့်၍ ၎င်း၏ ခရုပတ်ဗွေသဏ္ဍာန် ရှိသည့် ဦးချိုကနေ မီတာတဝက်အရွယ်ရှိသည့် စွမ်းအားကောင်း သည့် ခရမ်းရောင်မီးလုံးကြီးကို သူမဆီကို ပစ်လွှတ်လိုက်သည်။ 

ထူးခြားသည့် အမျိုးသမီးသည် စူးရှတောက်ပသည့် ခရမ်းရောင်မီး လုံးကြီးကြောင့် မျက်မှောင်တွန့်သွားကာ ချက်ချင်း သူမ၏ လက် ဗလာက ထူးဆန်းပြီး ကြည့်ရထူးခြားသည့် အတားအရံတစ်ခုကို ဖန်တီးလိုက်သည်။ 

“ လေအဟုန်တွန်းအားးး ”

သူမ၏ ပြတ်သားနူးညံ့သော အသံဆုံးသည်နှင့် ပြင်းထန်အား ကောင်းသည့် အစိမ်းရောင် လေဝဲတစ်ခုက သူမအရှေ့တွင် ချက် ချင်း ထွက်ပေါ်လာပြီးနောက် ခရမ်းရောင်မီးတောက်ကြီးအား တား ဆီးလိုက်သည်။ 

ရှောင်ယွင်က ခေါင်းအသာလေးညိတ်ပြီးနောက် တစ်ခါ ပြန်လည် တိတ်ဆိတ်နေလိုက်သည်။ ထို့နောက် ကောင်းကင်ထက်က မြင်တွေ့ရ ရှားပါးသည့် အဆင့်မြင့်တိုက်ပွဲကို ပြန်လည် ခေါင်းမော့ကြည့်လိုက်သည်။ 

လူသားနှင့် မှော်သားရဲကောင် တို့၏ ပြင်းထန်လှသော တိုက်ပွဲတို့၏ အရှိန်အဝါကြောင့် ကျန်သည့် မှော်သားရဲကောင်တို့မှ အိပ်မောကျနေရာမှ လှုပ်နိုးလာကြသည်။ ထို့ကြောင့် မူလမှာ မှော်သားရဲကောင် ကင်းရှင်း နေသည့် တောင်တန်းတွေမှာ ယခုအခါ အမျိုးအစား စုံလင်ထူးခြားသော မှော်သားရဲကောင်များဖြင့် တဖွဲဖွဲ ပြည့်တင်းသွားသည်။ 

မှော်သားရဲကောင်တောင်တန်းကြီး၏ အတွင်းပိုင်းတွင် ကျင်လည်ကျက်စားနိုင်ကြသည့် မှော်သားရဲကောင်များ ဖြစ်ကြသည်မို့ ထိုမှော်သားရဲကောင်တို့မှာ အနိမ့်ဆုံး အဆင့်၃ ရှိကြသည်။ ထိုအဆင့်ရောက်လျှင် သားရဲကောင်တို့သည် ကနဦးအသိဥာဏ်များကို ပိုင်ဆိုင်လာကြသည်မို့ အပြင်ဘက်အပိုင်းက မှော်သားရဲကောင်တို့နှင့် ကွဲပြားသွားပြီး ဖြစ်သည်။ အပြင်ဘက်အပိုင်းက မှော်သားရဲကောင်တို့သည် နဂိုမူလ ဗီဇစရိုက်တို့သာ ရှိကြသည်။ 

မှော်သားရဲကောင်တို့၏ လောကာတွင် အဆင့်နေရာတို့မှာ အထူးပင် တင်းကြပ်လှသည်။ ယခု ရောက်ရှိလာကြသော မှော်သားရဲကောင်တို့အနက် အဆင့်နိမ့်သည့် သားရဲကောင်တို့မှာ အမြီးကလေးကုပ်လျက် အပြင်ဘက်အပိုင်းသို့ ထွက်ပြေးကြရသည်။ အရေအတွက် နည်းပါးသော အဆင့်မှီသည့် မှော်သားရဲကောင်တို့သာ အနီးအနားမှာ ကပ်လျက် တိုက်ပွဲအခြေအနေကို စောင့်ကြည့်နိုင်သည်။ ရှောင်ယွင်က ထိုမှော်သားရဲကောင်တို့ကို စိတ်ထဲတွင် လိုက်ပြီး ရေတွက်ကြည့်လိုက်သည်။ ညာဘက်က တောင်ထိပ်နေရာတွင် အရွယ်အစားကြီးမားသည့် မှော်သားရဲကောင်သုံးကောင်တို့က တောင်ထိပ်ကနေ အပေါ်စီးအနေအထားဖြင့် ရှိနေသည်။ ၎င်းတို့၏ အကြည့်တွေက လေထဲက တိုက်ပွဲကို အပြည့်အဝ အာရုံစိုက်နေကြသည်။ ထိုသုံးကောင်၏ အဆင့်မှာ အဆင့်၅ တွင် ရှိနေမှန်းကိုလည်း ရွဲ့လော် ပြောပြ၍ ရှောင်ယွင် သိလိုက်ရသည်။ အဆင့်၅ ဆိုသည်က လူသားတို့၏ ဒိုဝမ်အဆင့်နှင့် တူညီသည့်အဆင့် ဖြစ်သည်။ 

ဒဏ္ဍာရီတစ်ခုလို နာမည်ကျော်ကြားလှသည့် မှော်သားရဲကောင်ကြီးကို ကြည့်ရင်း ရှောင်ယွင်မှာ စိတ်ထဲတွင် မြည်တမ်းအံ့သြမိသည်။ ယခု နေရာကား မှော်သားရဲကောင်တောင်တန်းကြီး၏ အရှေ့ဘက်အပိုင်းတွင် ဖြစ်သော်လည်း အဆင့်၆ မှော်သားရဲကောင် တစ်ကောင်၊ အဆင့်၅ မှော်သားရဲကောင် သုံးကောင်နှင့် မြောက်မြားလှစွာသော မှော်သားရဲကောင်တို့က ဤနေရာတွင် ထွက်ပေါ်ရောက်ရှိလာကြနေပြီး ဖြစ်သည်။ ၎င်းအင်အားတို့ကား စစ်တပ်တစ်ခုလုံးကိုပင် ကောင်းကောင်း အမှုန့်ခြေလို့ ရနိုင်ပေသည်။ 

မှော်သားရဲကောင်များစွာ ထွက်ပေါ်ရောက်ရှိလာကြသော်လည်း တစ်ကောင်မှာ အရှေ့တက်ပြီး နီလာခရမ်းတောင်ပံခြင်္သေ့ကြီးကို ကူမပေးကြပါ။ မှော်သားရဲကောင်တောင်တန်း၏ အရှေ့ပိုင်းနယ်မြေဘုရင်ကို သွားကူညီလိုက်ခြင်းက ကူညီရာမရောက်ဘဲ ဝင်ရောက်စွက်ဖက်သလို ဖြစ်နေကာ စော်ကားလိုက်သည်နှင့် တူကြောင်းကို မှော်သားရဲကောင်တို့က ကောင်းကောင်းသဘောပေါက်ကြသည်။ 

နေ့လယ်အချိ်န်မှ စတင်လာသော ယင်းတိုက်ပွဲသည် ယခုအခါ နေဝင်အချိန်ပင် ရောက်တော့မည်။ 

ကြီးမားသည့် နေလုံးနီနီကြီးက မိုးကုတ်စက်ဝိုင်းအောက်တွင် သက်ဆင်းတော့မည်ကို မြင်လျှင် မမောနိုင်မပန်းနိုင် တိုက်ခိုက်နေသော နီလာခရမ်းတောင်ပံခြင်္သေ့ကြီးသည် တိုက်ခိုက်ခြင်းကို ရုတ်တရက် ရပ်လိုက်သည်။ ခြင်္သေ့ကြီး၏ နီရဲနေသည့် မျက်ဝန်းတွင် အလျှော့မပေးလိုဟန်ရှိနေကာ မျက်လုံးတွင် ထွက်ပေါ်နေသည့် ခရမ်းအလင်းတို့သည်လည်း ထူးခြားနေလျက် သူကား ထူးခြားသည့် အမျိုးသမီးကို ဒေါသပြင်းစွာဖြင့် စိုက်ကြည့်နေသည်။

“ လူသားမိန်းမ.. မင်းက ငါရဲ့ အစွမ်းကုန်သည်းခံနေတာကို ပျက်စီးစေခဲ့ပြီးပဲ.. ”

နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ အော်သံက တောင်တန်းမှာ ပေါက်ရောက်နေကြသည့် သစ်ပင်တို့အား တုန်ခါသွားစေခဲ့သည်။ 

“ တကယ်လို့ အသင်ဘုရင်ကသာ ခရမ်းဝိညာဉ်သလင်းကျောက်ကို ပေးကမ်းမယ်ဆိုရင် ကျွန်မကလည်း နောက်ထပ် အနှောင့်အယှက်မပေးတော့ဘူးဆိုတာ ကတိပေးပါတယ်.. ”

ထူးခြားသည့် အမျိုးသမီးသည့် နေ့မွန်းတည့်အချိန်မှ စတင်၍ တိုက်ခိုက်လာခဲ့ရသော်လည်း နဂိုအတိုင်း လှပတင့်တယ်နေဆဲပင်။ သူမစကားဆိုလိုက်တိုင်း လေပွေရူးတစ်ခုက သူမအနားတွင် ထွက်ပေါ်လာလိုက် ပျောက်သွားလိုက်နှင့်။

“ မင်းက မချေမငံ ဆက်ဆံနေမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့”

နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ ပါးစပ်မှ ထွက်ကျလာသော စကားတို့တွင် ဒေါသအငွေ့အသက်များ ပြည့်တင်းလို့နေသည်။ ထိုအခိုက်တွင် နေဝန်းသည်လည်း မိုးကုတ်စက်ဝိုင်းအောက် စတင်ကွယ်ဆင်းလို့နေပြီး။ ခြင်္သေ့ကြီး၏ ကိုယ်ပေါ်တွင် ထွက်ပေါ်နေသော ခရမ်းရောင်အလင်းလည်း ပို၍ပင် တစ်စစ ပြင်းထန်သိပ်သည်းလာသည်။ 

“ သူရဲ့ အစွမ်းအားအစစ်အမှန်ကို ထုတ်ပြတော့မယ်ထင်တယ်.. ”

နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာနေသော စွမ်းအားကို မျက်မြင်ကြည့်နေသူ တစ်ယောက်အနေဖြင့် ရှောင်ယွင်က ကောင်းကောင်း သတိမူလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ 

ထိုစဉ် နီလာခရမ်းတောင်ပံခြင်္သေ့ကြီးမှ ထူထဲသိပ်သည်းစွာ ခရမ်းရောင်အလင်းများ တစ်စစ ထွက်ပေါ်လာသည်ကို မြင်လျှင် အနားပတ်လည်မှာ နေ၍ တိုက်ပွဲကို အကဲခတ်ကြည့်ရှုနေကြသည့် မှော်သားရဲကောင်တို့သည်လည်း ရုတ်တရက် အထိတ်တလန့် ဖြစ်သွားကြပြီ အနောက်ဘက်သို့ ဆုတ်ခွာလိုက်ကြသည်။ တောင်ထိပ်က အဆင့်၅ မှော်သားရဲကောင်ကြီး သုံးကောင်တို့သည်လည်း ထိုနည်းအတူပင် အနောက်ဘက် ဆုတ်ခွာကြသည်။ 

ထူးခြားသည့် အမျိုးသမီးကလည်း နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ ထူးဆန်းပြီ မူမမှန်သည့် အဖြစ်ကို သတိပြုမိဟန် ရသည်။ သူမ၏ ဘေးပတ်လည်တွင် ပုံမှန်မဟုတ်သော စွမ်းအင်စီးကြောင်းကို ခံစားလိုက်ရသည့်အခါတွင် သူမ၏ မျက်နှာက ပိုပြီး တည်ငြိမ်လာခဲ့သည်။ ထိုအခိုက် ဆယ်ပေကျ ယ်သည့် လေပြင်းမုန်တိုင်းကြီးတစ်ခုက ထိုအနားပတ်ဝန်းကျင်တွင် စတင်ဖြစ်ပေါ်တိုက်ခတ်ပါတော့သည်။ 

ထို့နည်းတူစွာ ခရမ်းရောင်အလင်းများလည်း ထိုဧရိယာတစ်ပြင်လုံးတွင် အလုံးစုံ လင်းလက်တောက်ပလာခဲ့သည်။ ထိုသို့ အသီးသီး ပြင်ဆင်နေချိန်တွင် ကွေ့ကောက်ရစ်နွယ်နေသည့် ခရမ်းအလင်းပြင်ကျယ်ကြီးသည် ရုတ်တရက် ပေတစ်ဝက်အကျယ်ရှိသည့် ခရမ်းရောင်အလင်းတိုင်လုံးကြီးအဖြစ်သို့ ကျုံ့ဝင်ဖွဲ့တည်သွားလေသည်။

“ အဲဒါက အချုပ်အနှောင်တစ်ခုလား.. ”

ရွဲ့လော်မှာ ခရမ်းရောင်အလင်းတိုင်လုံးမှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းကို ခံစားလိုက်ရသော်အခါ အံ့အားသင့်သည့်အသံဖြင့် ရေရွတ်မိခြင်း ဖြစ်သည်။ 

“ အချုပ်အနှောင် ဟုတ်လား ”

ရှောင်ယွင်က မကြားဖူးသေးသည့် စကားလုံးအသစ်အဆန်းကြောင့် ချက်ချင်းပဲ ပြန်မေးလိုက်သည်။ 

“အဆင့်မြင့်သွားတဲ့ တချို့မှော်သားရဲကောင်ကြီးတွေက ဒီအချုပ်အနှောင်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မွေးရာပါ အသိပါလာတတ်ကြတယ်။ အချုပ်အနှောင်ကို ဘယ်လို သုံးရမလဲဆိုတာကို ဒီကောင်ကြီး သိနေတာ အံ့သြစရာပဲ။ ဟိုအမျိုးသမီးကတော့ ဒုက္ခတော့ ရောက်တော့မယ်ထင်တယ်..”

ထိုသို့ ရွဲ့လော် ရှင်းပြနေစဉ်အခိုက်တွင် ခရမ်းရောင်အလင်းတိုင်လုံးက လျှပ်စီးတန်းလို ပြေးထွက်သွားလေပြီး။ ၎င်း၏ အလျင်က ကြောက်စရာကောင်းလောက်အောင်ကို လျင်မြန်လွန်းလှသည်။ ထူးခြားသည့် အမျိုးသမီးဆီအနား အနီးရောက်လာလေ အလျင်နှုန်းက နှစ်ဆ ပိုမြန်ဆန်သွားချေသေးသည်။ 

“ နီလာခရမ်းအချုပ်အနှောင်....”

ထိုသို့ ခရမ်းအလင်းများ လျစ်ခနဲ ထွက်ပေါ်ခဲ့သလို နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ အော်ဟစ်လိုက်သည့် အသံကလည်း တောင်တန်းတခွင် ပျံ့ဟိန်းသွားသည်။ 

ခရမ်းရောင်အလင်းတိုင် ထွက်ပေါ်လာသည်နှင့် ထူးခြားသည့်အမျိုးသမီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူမသည်လည်း အလျင်အမြန်ဖြင့် စွမ်းအားကောင်းသည့် ဒိုသိုင်းတစ်ခုကို ထုတ်သုံးလိုက်ရတော့သည်။ 

“ လေကိုခွဲထုတ် ကခုန်ခြင်း ”

ထိုသို့ ထူးခြားသည့် အမျိုးသမီး ထုတ်သုံးလိုက်သည့် သိုင်းနာမည်နှင့် လျော်ညီစွာ သူမ၏ အရှေ့က လေဟာပြင်သည် စတင်လှုပ်ရှားလာသည်။ တဖန် မရေတွက်နိုင်သော များပြားလှသည့် အစိမ်းရင့်ရောင် လေဓားကြီးများက ပေတစ်ရာမျှ ကြီးမားလျက် လေထဲတွင် ထွက်ပေါ်လာလေသည်။ ထို့နောက် လေဓားကြီးများက အချင်းချင်း ချိတ်ဆက်လိုက်လေရာ ထုထည်ကြီးမားသည့် လေဓားတိုင်လုံးသဖွယ် ဖြစ်သွားကာ ၎င်းတို့သည် မွတ်မွတ် လည်ပတ်နေလျက် အရှေ့သို့ အလွန်အားကောင်းသော အလျင်ဖြင့် ပြေးထွက်သွားလေသည်။ 

“ ဘုန်းး ဘုန်းး ”

ခရမ်းရောင်အလင်းတိုင်လုံးကြီးနှင့် လွန်ထိုးထွက်လာသော လေဓားကြီးများ ကိုယ်စီကိုယ်စီ ဖြတ်သွားရာ လမ်းတစ်လျှောက်က လေထုများမှာလည်း လှုပ်ခါလှိုင်းထသွားလေသည်။ ခဏအတွင်းမှာပဲ ထိုအရာနှစ်ခုက ထိပ်တိုက် ထိတွေ့သွားလေပြီး။ ချက်ချင်းပင် ဥက္ကာခဲနှစ်ခု ထိပ်တိုက် တိုက်သွားသည့်နှယ် ကြောက်စရာကောင်းလွန်းသည့် အသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ 

ထိုသို့ ထိပ်တိုက်ရင်ဆိုင်သွားသည်နှင့် လေဓားကြီးမှာ သိသိသာသာပင် အားလျော့သွားသလို ဖြစ်သွားသည်။ မကြာမီမှာပဲ မွတ်မွတ်လည်နေသည့် လေဓားကြီးမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ခရမ်းရောင်တိုင်လုံးကြီးကမူ အနည်းငယ် အရောင်မှိန်သွားရုံလောက်သာ ဖြစ်ခဲ့သည်။ 

ထိုသို့ လေဓားများကို အနိုင်ယူကျော်ဖြတ်သွားပြီးနောက် ခရမ်းရောင်အလင်းတိုင်သည် အရှေ့သို့ လွယ်ကူစွာ စိုက်ထိုးဝင်လာနိုင်ခဲ့ပြီး တဖန် ထူးခြားသည့် အမျိုးသမီးအရှေ့က လေဒိုင်းအလွှာကိုပင် ထိုးဖောက်၍ နောက်ဆုံး သူမ၏ ခန္ဓာကိုယ်ကို ထိမှန်သွားလေသည်။ 

နီလာခရမ်းတောင်ပံခြင်္သေ့ကြီးသည်လည်း သူ့၏ ခရမ်းရောင်အလင်းတိုင်လုံးဖြင့် တိုက်ခိုက်မှုက အောင်မြင်သွားသည်နှင့် သူမ၏ အရှေ့ကို ရုတ်ချည်း ရောက်ရှိလာသည်။ သူ့၏ ကြီးမားသည့် ခြေစွယ်ငါးခုကနေ ခရမ်းရောင် ၅သွယ် ဆူးချွန်သဖွယ် ထူးခြားသည့် အမျိုးသမီး၏ ဦးခေါင်းဆီသို့ ကုတ်ခြစ်ချလိုက်သည်။ 

ထိုသို့ ကြီးမားသည့် ခြေသည်းက သူမ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်တော့မည့်အလား တိုးဝင်လာသည့် အခါတွင် သူမ၏ လက်ထဲက ထူးဆန်းသည့် ဓားရှည်သည် ရုတ်တရက် တုန်ခါသွားသည်။ ချက်ချင်းဆိုသလို သေးငယ်ပြီး ဆန်းပြားသည့် လက်မအရွယ် အလင်းတန်းတစ်ခုက ထိုးထွက်သွားသည်။

“ လေအလျင်ထိပ်ဖျား.. ဥက္ကာပျံကိုဖျက်ဆီးစမ်း.. ’’

ထိုအလင်းတန်းကား လေထုကိုပင် တသိမ့်သိမ့် တုန်လှုပ်သွားစေခဲ့သည်။ 

“ ဝုန်းး ”

ထိုအလင်းတန်းကား နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ ဦးခေါင်းကို ဦးတည်သွားနေသည်။ သို့သော် သားရဲတို့၏ လျင်မြန်သည့်အလေ့ကြောင့် ၎င်းသည် ခေါင်းကို ငုံ့ရှောင်လိုက်ရာ နဖူးက အနီရောင်ဦးချိုကိုသာ ထိမှန်သွားသည်။ ထိုခဏအတွင်း နီလာခရမ်းခြင်္သေ့ကြီးသည် သူ့၏ အမာကြောဆုံး အစိတ်အပိုင်းဖြစ်သည့် ဦးချိုကား ထက်ပိုင်းမျှ တိတိရိရိ ပြတ်ကျသွားသည်။ 

နီလာခရမ်းခြင်္သေ့ကြီးသည် အသည်းခိုက်မတတ် နာကျင်သွားရသည်။ ၎င်းသည် ဒေါသပြင်းထန်စွာ အော်ဟောက်ဟိန်းသံပြု၍ ထူးခြားသည့်အမျိုးသမီး၏ ရင်ဘက်ကို ၎င်း၏ လက်သည်းစွယ်များဖြင့် အကြမ်းပတမ်းနိုင်စွာ ကုတ်ခြစ်ချလိုက်သည်။ 

သံမဏိထိခတ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီးနောက် ထူးခြားသည့် အမျိုးသမီးသည် ပြင်းထန်စွာ ဒဏ်ရာရသွားကာ သွေးတစ်လုတ်ကို ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။ ထို့နောက် သူမသည် ဖြူဖျော့သွားသည့် မျက်နှာဖြင့် အနောက်လှည့်ပြီး သူမ၏ အစိမ်းရောင်တောင်ပံကို ခတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ထူးခြားဆန်းကြယ်စွာဖြင့် လျစ်ခနဲ ပြေးထွက်သွားပြီး ခဏအကြာတွင် မိုးစက်ဝိုင်းအောက်အနားလေးမှာ ပျောက်ကွယ်သွားလေသည်။ 

နီလာခရမ်းတောင်ပံခြင်္သေ့ကြီးမှာ ထူးခြားသည့်အမျိုးသမီ၏ ထူးခြားဆန်းပြားဖွယ် ကြောက်စရာကောင်းလောက်သည့် အမြန်နှုန်းကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ ၎င်းသည် ဦးချိုထက်ပိုင်း ပြတ်သွားခြင်းကြောင့် အားအင်ယုတ်လျော့နေရာမှ သတ်ဖြတ်လိ်ုသည့်စိတ်အပြည့်ဖြင့် ဒေါသအပြည့်ပါသော ဟိန်းဟောက်သံကြီးကို အော်ဟောက်လိုက်သည်။ 

ထိုအော်ဟောက်သံတွင် အရိုင်းဆန်သည့် စွမ်းအင်များ ပါဝင်နေရာ ထိုသက်ရောက်မှုကြောင့် ထိုနယ်မြေက တောင်တန်းကြီးများ၏ အောက်ခြေသည် ငလျင်လှုပ်ဘိသကဲ့သို့ တုန်လှုပ်သွားကြသည်။ တချို့ချို့သော တောင်ထွတ်ထိပ်ဖျားတို့သည် တုန်လှုပ်ခြင်းကြောင့် ပြိုဆင်းကျလာကုန်သည်။ 

“ သွားရှာကြ.. အဲဒီ လူသားမိန်းမကို သွားရှာကြ ≥

နီလာခရမ်းတောင်ပံခြင်္သေ့ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟောက်သံကို ပြုပြီးနောက် ၎င်းအောက်က တောင်တန်းကြီးကို မျက်နှာမူ၍ သူ့၏ သွေးဆာနေသော မျက်လုံးနီကြီးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ ထိုအခါ တောင်တန်းမှာ ရှိနေကြသော မှော်သားရဲကောင်တို့သည် ရုတ်ချည်း သွက်လက်လျင်မြန်စွာဖြင့် စတင်လှုပ်ရှားသွားကြသည်။ 
≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠≠

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...