အပိုင်း ( ၁၂၀ ) - သန့်စင်ခြင်းမိစ္ဆာကြာပွင့် မီးတောက်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ရှောင်ယွင် သတိပြန်လည်လာသည့်အခါတွင် သူ့တစ်ကိုယ်လုံးမှာ နာကျင်နေဆဲပါ။ တစ်ကိုယ်လုံးကို အပ်ဖြင့် ထိုးဆွထားသလို ဖြစ်နေသည်။ ထို့ကြောင့် လက်ချောင်းမှာ ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်ပြီ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းအဖုံးဖွင့်ကာ စောင်းငဲ့၍ ပန်းရောင် ဆေးအရည်စက်များကို မော့သောက်လိုက်သည်။
ထုံထိုင်းစေသော သတ္တိပါဝင်သည့် ယင်းပန်းရောင် ဆေးရည်ကြောင့် ရှောင်ယွင် တစ်ကိုယ်လုံးမှာ နာကျင်နေတာတွေက တဖြည်းဖြည်း လျော့ပါးသက်သာလာသည်။ မတ်တတ်ပြန်ရပ်လိုက်ပြီ အနက်ရောင်စာလိပ်ကို ပြန် ကောက်ယူကြည့်လိုက်ရာ ယင်းစာလိပ်တွင် ရေးထားသာ စာသားများနှင့် စွန်ရဲတောင်ပံတို့မှာ ပျောက်ကွယ်နေတာကို တွေ့လိုက်ရသည်။။
ရှောင်ယွင်မှာ ဗလာအလွတ် ဖြစ်နေပါသော စာလိပ်ကို ငေးကြည့်ရင်း စိတ်ရှုပ်ထွေးလာသည်။ ရုတ်တရက် သူသည် သိုလှောင်လက်စွပ်အထဲကနေ သလင်းကျောက် မှန်တစ်ခုကို ထုတ်ယူလိုက်ပြီ ယင်းမှန်အကူအညီဖြင့် သူ့၏ ကျောပြင်တွင် လက်ဝါးတစ်စာအရွယ်ရှိသည့် အနက်ရောင် စွန်ရဲတောင်ပံတက်တူးက ဘယ်ကဲ့သို့ ဘယ်လိုရောက်လာမှန်းမသိ အခန့်သားရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
“ အဲဒါက ခရမ်းတိမ် စွန်ရဲတောင်ပံလား..”
ရှောင်ယွင်က မသေချာသေးသော လေသံဖြင့် သူ့ကိုယ်သူ ရေရွတ်ပြောလိုက်မိသည်။ ထို့နောက် သူ့၏ခန္ဓာကိုယ် ထဲက ဒိုချီစွမ်းအင်တို့ကို ထိုချီလမ်းကြောင်းနှစ်ခုထဲကို အပြည့်အဝ စီးဆင်းစေလိုက်ကာ ကျောထက်က အဆိုပါတက်တူးဆီသို့ စီးဝင်သွားစေလိုက်သည်။
စီးဆင်းလာသော ဒိုချီစွမ်းအင်တို့ကို လက်ခံလိုက်ပြီးနောက် မည်းနက်လှသော အဆိုပါတက်တူးက ချက်ချင်းပဲ ခရမ်းဖျော့အလင်းတစ်ခုကို ထုတ်လွှတ်ပေးသည်။ နောက်ဆုံးတွင် ၎င်းတက်တူးက အမှန်ပင် တကယ့်တောင်ပံအဖြစ်သို့ ပြောင်းလဲလာသည်။ အရွယ်အစားက လက်တစ်ဝါးစာအရွယ်ကနေ အလျားလိုက် တစ်ပေဝက်အထိ ရှည်လာခဲ့သည်။
ရှောင်ယွင်က ခရမ်းရောင်လိုင်းပြေးမျာ ရှိနေသော စွန်ရဲ တောင်ပံကို စူးစမ်းကြည့်ရင်း သူ့၏ အတွေးဖြင့် ထို တောင်ပံတို့ကို လှုပ်ရှားကြည့်လိုက်သည်။ အားပျော့လှ သော ပင့်တင်အားအဟုန်က ခြေထောက်အောက်ခြေတွင် ဖြစ်ပေါ်လာခဲ့သော်လည်း မြေကြီးကနေ အပေါ်တက်သွားဖို့အထိတော့ အားမကောင်းလှချေ။
“ ခရမ်းတိမ်တောင်ပံကို သုံးပြီ ပျံသန်းဖို့က ဒိုချီစွမ်းအင် အမြောက်အများလိုအပ်တယ်.. အခု မင်းရဲ့ စွမ်းအားနဲ့ တောင်ပံကို ထိန်းမချုပ်နိုင်သေးတာနဲ့ အင်း.. အကွာအဝေးတိုလောက် လေဟုန်စီးတာလောက်ပဲ ရမယ်လို့ ငါထင်တယ်.. ”
ရှောင်ယွင်၏ ရယ်ချင်စရာ အပြုအမူကို မြင်လျှင် ရွဲ့လော် လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
ရှောင်ယွင်က စပ်ဖြီးဖြီးဖြင့် ခေါင်းညိတ်လိုက်သည်။ စလာတာနှင့် ချက်ချင်း ပျံသန်းသွားဖို့အထိတော့ သူ လည်း မမျှော်လင့်ထားပါဘူး။ အခု အခြေအနေအထိ ရောက်တာကိုပဲ ကျေနပ်လှပါပြီ။ နောက်ပြီး အရာအားလုံးက ဖြည်းဖြည်း စတင်ရတော့မှာ မဟုတ်လား။
ဒိုချီစွမ်းအင် ပို့လွှတ်နေခြင်းအား ရပ်ဆိုင်းလိုက်သည့်အခါ တွင် စွန်ရဲတောင်ပံသည် ကျောပြင်ဆီကို ပြန်လည်ဝင်ခွေ သွားသည်။ ပြီးလျှင် စွန်ရဲတောင်ပံ အနက်ရောင်တက်တူး အဖြစ် ပုံသဏ္ဍာန်ပြောင်းသွားသည်။
ရှောင်ယွင်သည် ပျင်းရိစွာဖြင့် နောက်ကျောကို အပျင်း ဆန့်လိုက်ပြီ အနက်ရောင်စာလိပ်ကို သူ့အရှေ့တွင် ထားလိုက်သည်။ ခဏအကြာတွင် သိုလှောင်လက်စွပ်ကနေ အင်မတန်ကို ဟောင်းနွမ်းနေသော စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
အဆိုပါစာလိပ်ကို အနီးကပ်ကြည့်လိုက်သည့်အခါတွင် သက်တမ်းကြာမြင့်သည့် လက္ခဏာဖြစ်သော ဝါကျင့်ကျင့် အရောင်အသွေးပင် ရှိနေသည်။ ရှောင်ယွင်မှာ စိတ်လှုပ် ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ ဂူပိုင်ရှင် လူကြီးက ဒီစာလိပ်ကို အရိုးအံကြားထဲမှာတောင် သိမ်း ဆည်းထားခဲ့လေရာ ဘယ်နည်းနဲ့မှ သာမန်စာလိပ်တော့ မဟုတ်တန်ရာ။
ရှောင်ယွင်သည် စာလိပ်အား စည်းနှောင်ထားသည်ကို ဖြည်ချလိုက်ပြီ တဖြည်းဖြည်း ဖွင့်ကြည့်လိုက်သည်။ အစပိုင်းကို မြင်တွေ့လိုက်ရသည်နှင့် ရှောင်ယွင် အနည်း ငယ် ကြောင်အသွားသည်။
“ ဒါက ဘာလဲ?? ”
တွေ့လိုက်ရသည်က မည်သည့်ပစ္စည်းနှင့် လုပ်ထားမှန်း မသိရသော အနည်းငယ်ဝါကျင့်ကျင့်ဖြစ်နေသည့် သားရေ အပိုင်းဖြစ်သည်။ ၎င်းအပေါ်တွင် မျဉ်းကြောင်းများ အစီအစဉ်တကျမကျဘဲ ရှိနေသည်။ ရှောင်ယွင်သည် မျဉ်းကြောင်းတစ်ခုအပေါ်ကို လက်ညိုးထောက်ပြီး လမ်းကြောင်းအတိုင်း တဖြည်းဖြည်း ရွှေ့ထောက်လာရာ နောက်ဆုံးတွင် သားရေအပိုင်းအစွန်းသို့ပင် ရောက်ရှိလာ သည်။
“ ဒီအဓိပ္ပါယ်မရှိတာဟာက ဘာပါလိမ့်.. ”
ရှောင်ယွင်က မျက်မှောင်ကြုတ်ပြီ ဆိုလိုက်သည်။ အဆောင်ပစ္စည်းလို့ အသွင်သဏ္ဍာန်ရှိသည့် အဆိုပါ လျှို့ ဝှက်နက်နဲသော အရာကိုလည်း စူးစိုက်ကြည့်နေလိုက်၏။
ထိုအချိန်တွင် လက်ချောင်းမှာ စွပ်ထားသော အနက်ရောင်လက်စွပ်က တစ်ချက် တုန်ခါသွားပြီ ရွဲ့လော် ထွက်ပေါ်လာသည်။ ရှေ့ဟောင်းပစ္စည်းကဲ့သို့ ထင်ရသည့် သားရေအပိုင်းကို ကြည့်လိုက်ပြီ မျက်မှောင်ကြုတ်ထားကာ လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။
“ ကြည့်ရတာ.. အဲဒါက မြေပုံတစ်ခုရဲ့ အပိုင်းတစ်ခု ဖြစ်မယ်.. ”
“ မြေပုံ?? အပိုင်းတစ်ခု?? ”
ရွဲ့လော်၏ စကားကို ကြားလိုက်ရသည့်အခါတွင် ရှောင်ယွင်မှာ စိတ်ပျက်သွားသည်။ သားရေအပိုင်းကို စိတ်ဝင်စားနေသည်မှာလည်း ချက်ချင်း ပျက်ပြယ်သွားသည်။
ရှောင်ယွင် စိတ်မဝင်စားတော့တာကို ရွဲ့လော် လျစ်လျူ ရှုလိုက်ပြီ သားရေအပိုင်းတစ်ခုလုံးကို တဖြည်းဖြည်း ဖြန့်ချလိုက်သည်။ ပြီးလျှင် သေချာစွာ လေ့လာကြည့်ရှုလိုက်သည်။ သားရေအပိုင်း၏ အောက်ခြေအစွန်းတွင် မပီမပြင် ရှိနေသည့် ကြာပွင့်ကဲ့သို့ ပုံတစ်ခုကို မြင်လိုက်သည့်အခါ တွင် ရွဲ့လော်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ နောက်ထပ်တစ်ခါ အနီးကပ်တိုး၍ ထူးခြားစွာ ရေး ဆွဲထားသော ကြာပွင့်ပုံကို အသေးစိတ် လေ့လာကြည့် ပြန်သည်။
ကြာပွင့်သဏ္ဍာန်ပုံမှာ မှေးမှေးမှိန်မှိန်ဖြင့် အဝါရောင်သန်း နေကာ ပုံသဏ္ဍာန်လည်း ပျက်ယွင်းနေပြီး ဖြစ်သည်။ နှစ်သက်တမ်းကြာ၍လည်း ဖြစ်နိုင်ချေရှိကာ သို့ပေမဲ့ မူလပုံသဏ္ဍာန်ကိုတော့ တွေ့မြင်နိုင်ပါသေးသည်။
ကြာပွင့်တစ်ခုလုံးသည် အနက်ရောင်ဖြစ်ကာ ၎င်းမျက်နှာ ပြင်ထက်တွင်လည်း ပါးလျသော အနက်ရောင်မီးလျှံများ အေးခဲရပ်တန့်နေသယောင်ပင် ရှိသည်။ တစ်ခုလုံး ခြုံငုံ ကြည့်လိုက်လျှင် ယင်းကြာပွင့်တစ်ခုလုံးသည် မိစ္ဆာတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်း သည်။
“ ဆရာ.. တစ်ခုခု တွေ့လို့လား.. ”
ဆရာရွဲ့လော်၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်လျှင် ရှောင်ယွင်က တအံ့တသြဖြင့် မေးမြန်းခြင်း ပြုလိုက်သည်။ ရွဲ့လော်နှင့် အချိန်ကြာကြာ နေလာခဲ့သည်ဖြစ်ရာ ရွဲ့လော် ၏ ယခုလို အမူအရာကို ရှောင်ယွင် ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။
“ ဒါက..ဒါက.. သန့်စင်ခြင်းမိစ္ဆာကြာပွင့်မီးတောက် လား..!! ”
ထူးဆန်းလှသော အသားရေအပိုင်းအား အချိန်ကြာကြာ လေ့လာနေရင်းမှ ရွဲ့လော်၏ တအံ့တအား လေသံဖြင့် ရေရွတ်လိုက်သည့် အသံက ထွက်ပေါ်လာခဲ့သည်။
“ သန့်စင်ခြင်းမိစ္ဆာကြာပွင့်မီးတောက်လား.. ?? ”
ရှောင်ယွင်မှာ ဇဝေဇဝါဖြင့် မျက်လုံးကို ပေကလတ် ပေကလတ်လုပ်နေရင်းမှ အတွေးတစ်ခုက ခေါင်းထဲ ချက်ချင်း ရောက်လာသည်။ ထိုအခါ ချက်ချင်းပဲ မေးမြန်း လိုက်သည်။
“ အဲဒါက ကောင်းကင်ဘုံမီးတောက်လား..?? ”
“ ဟုတ်တယ်.. အဲဒါက ကောင်းကင်ဘုံမီးတောက်ထဲက တစ်ခုပဲ.. ပြီးတော့ ကောင်းကင်ဘုံမီးတောက်အဆင့် သတ်မှတ်ချက်မှာ အထူးခြားဆုံး မီးတောက်တစ်ခုပဲ.. ”
ရွဲ့လော်မှာ လေးနက်သော အမူအရာ လေးနက်သော လေသံဖြင့် ဖြေပေးလိုက်သည်။
“ သန့်စင်ခြင်းမိစ္ဆာမီးတောက်က ကောင်းကင်ဘုံ မီးတောက်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၃ မှာ ရှိတယ်.. သူ့ရဲ့ အထူးစွမ်းရည်က အားလုံးကို သန့်စင်သွားစေတာပဲ.. တွေ့သမျှ အရာအားလုံးကို ဘာမှ မကျန်တော့အောင် သန့်စင်ပေးနိုင်တာပဲ.. အရမ်းကို ကြောက်စရာကောင်းတဲ့ စွမ်းအားလည်း ရှိတယ်. အဲလို မီးတောက် အလွန်ရှားပါးပြီး ကြာပွင့် နှစ်ခု သုံးခုလောက်ပဲ တည်ရှိတယ်.. ဘယ်မှာရှိနေမှန်းလည်း ဘယ်သူမှ မသိဘူး.. ဘယ်သူက အဲဒီတည်နေရာကို မှတ်တမ်းတင် ထားသလဲဆိုတာ ငါလည်း မသိဘူး.. ပြီးတော့ ဘယ်သူမှ အဲဒီမီးတောက်ကို မမြင်ဖူးဘူး.. ငါက အဲဒါကို မှတ်မိတာကလည်း ငါ ကောင်းကင်ဘုံမီးတောက်ကို ရှာဖွေတုန်းက အဲဒီမီးတောက်အကြောင်းကို အကြမ်းဖျင်း သိလာခဲ့ရလို့ ပဲ.. ကျွတ်စ် ကျွတ်စ်.. မဟုတ်မှလွဲရော ဒီမြေပုံက သန့်စင်ခြင်းမိစ္ဆာမီးတောက် တည်နေရာကို ညွန်ပြထား တာပဲ ဖြစ်မယ်.. ”
ရွဲ့လော်က အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ပြီ ဟောင်းနွမ်းနေသော သားရေအပိုင်းကို အံ့သြစွာ ကြည့်နေပါတော့သည်။
“ ဆိုးတာက အဲဒါက မြေပုံရဲ့ အပိုင်းတစ်ခုပဲ ဖြစ်နေတာ.. ဒီလောက်ပဲ ရတဲ့ အချက်အလက်နဲ့ဆို အဲဒါကို သွားရှာ တွေ့ဖို့ မျှော်လင့်လို့ မရတာပဲ.. ”
ရှောင်ယွင်၏ စိတ်ဝင်စားမှုက ပြန်လည်တောက်ပလာ သည်။ သို့သော် မြေပုံအပိုင်းတစ်ခုသာ ဖြစ်နေတာကို ပြန်လည် သတိပြုလိုက်မိတဲ့အခါမှ ဝမ်းနည်းသွားပြန် သည်။
“ ဒီမြေပုံအပိုင်းကနေ သန့်စင်ခြင်းမိစ္ဆာမီးတောက် အကြောင်းကို ဒီလောက်သိတာပဲ ကံကောင်းလွန်းလှပြီ.. တကယ်လို့ အခုနေ မီးတောက်ကို ရှာတွေ့ရင်တောင် ငါတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်သေးဘူး.. အဲဒါကို နောက် မှ တဖြည်းဖြည်း အရှေ့ဆက်ကြတာပေါ့.. အနာဂတ်မှာ ကျန်တဲ့ မြေပုံအပိုင်းတွေ ဆက်ရှာကြတာပေါ့.. ”
ရွဲ့လော်က ပြုံးပြီ ပြောလိုက်သည်။
“ တကယ်လို့ မင်းသာ သန့်စင်ခြင်းမိစ္ဆာမီးတောက်ကို မျိုချနိုင်ခဲ့ရင် မင်းရဲ့ မီးတောက်မန္တရားကျင့်စဉ်က ဘယ်အဆင့်ထိ ထိုးတက်သွားမလဲဆိုတာ တကယ် ခန့်မှန်းရ ခက်ခဲသွားလိမ့်မယ်.. ”
ရှောင်ယွင်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း မှန်းဆ ကြည့်လိုက်သည်။
“ အမြင့်ဆုံး တျန်းအဆင့်အထိ ရောက်သွားနိုင်လား..”
“ မပြောတတ်ဘူးလေ.. ”
ရွဲ့လော်က အသာအယာ ရယ်မောလိုက်ရင်း ချက်ချင်း တိတ်ဆိတ်သွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်း အရေးမကြီးသလို ခပ်ပေါ့ပေါ့ ပြောလိုက်ပြန်သည်။
“ ဒိုချီကုန်းမြေတိုက်ကြီးက အရမ်းကို ကျယ်ပြန့်တယ်ကွ.. မင်းသာ အဆင့်နေရာတစ်ခုအထိ ရောက်သွားတဲ့အခါ ကျရင် ဒိုချီတိုက်ကြီးတစ်ခုလုံးက ဘယ်လောက်ကျယ်ပြန့်နေသလဲဆိုတာ အလိုလို သိလာလိမ့်မယ်.. အခု မင်းလက်ရှိ အခြေအနေအရ အောက်ခြေကနေ ရိုးရိုးသား သား တက်လှမ်းတာပဲ ကောင်းပါလိမ့်မယ်.. ဝံပုလွေခေါင်း ကြေးစားတပ်ဖွဲ့လို သေးသေးတစ်ခုကတောင် မင်း အတွက် အသည်းအသန် ရင်ဆိုင်နေရသေးတယ်ဆိုတာ မမေ့နဲ့ဦး.. ”
ရှောင်ယွင်မှာ ထူးခြားသော ရွဲ့လော်ကို မျက်လုံးချင်း တည့်တည့်ကြည့်လိုက်ပြီ စိတ်အားလျော့စွာ ခေါင်း ညိတ်လိုက်သည်။ နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ ဘယ်သူကရော အောက်ခြေကနေ မတက်လာတာ ရှိပါဦးမလဲ.. ”
ရွဲ့လော်က ပြုံးလိုက်ပြီး လျင်မြန်စွာဖြင့် အလင်းတန်း သဏ္ဍာန်သို့ ပြောင်းလဲလိုက်ကာ လက်စွပ်ဆီသို့ ပြေးဝင် သွားလိုက်သည်။ ပြီးလျှင် နောက်ဆုံးတစ်ကြိမ် ရယ်မောလိုက်ပြီ
“ ဒီနေ့တော့ နားလိုက်ဦး.. မနက်ဖြန်ကစပြီ ငါတို့ လေ့ကျင့်တာကို စတော့မယ်.. ”
ထိုအခါ ရှောင်ယွင်က စပ်ဖြီးဖြီးဖြင့် မျက်နှာကို ပွတ်သပ် လိုက်ရင်း
“ ကျွန်တော်ကလည်း အဲဒါကို မျှော်နေတာဗျို့.. ”
***
ပူနွေးသော နေရောင်ခြည်က ကုန်းမြေပေါ် လင်းလက် တောက်ပစွာ ကျရောက်လာသည်။ နေရောင်အောက်တွင် ရေတံခွန်ကြီးက အစွမ်းရှိသလောက် အရှိန်အဟုန် ပြင်းပြင်းဖြင့် ကျဆင်းလို့ နေသည်။ ရေတံခွန်ထိပ် ချောက် ကမ်းပါးကနေ ငွေရေအတန်းများ ထိုးဆင်းကျန်နေပုံမှာ ဒေါသထွက်နေသော နဂါးတစ်ကောင်လိုပင် တူနေပါ တော့သည်။ ထိုအခိုက်မှာလည်း ချိုင့်ဝှမ်းငယ်ကနေ အော်ဟစ်မာန်သွင်းသံက တစ်ချက်ချက် လွင့်တက်နေ ပါသေးသည်။
မြေလွတ်ကွက်လပ်တစ်ခုတွင် ရှောင်ယွင်အပြင် မြေကြီး တွင် စိုက်ထူထားသော သစ်တိုင်လုံးတို့က ဆယ်တိုင် ကျော် ရှိနေသည်။ တိုင်အမြင့်သည် နှစ်မီတာကျော် အမြင့်တွင် ရှိနေသည်။ ထို့အပြင် နောက်ထပ် သစ်လုံး ဆယ်လုံးကျော်တို့သည်လည်း သစ်ကိုင်းများတွင် တွဲ လောင်း ချိတ်ဆွဲထားပါသေးသည်။ တဖန် ပြင်းထန် လှသော လေရူးတိုက်ခတ်နေမှုကြောင့် တွဲလောင်း ချိတ်ဆွဲထားသော သစ်လုံးတို့မှာ ဦးတည်ရာမဲ့ လွှဲရမ်းနေပါသေးသည်။
အနက်ရောင်လက်စွပ် တစ်ချက် တုန်ခါသွားပြီ ယင်းအထဲ ကနေ ရွဲ့လော် တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်လာပါသည်။ တစ်ဒါဇင်ကျော် ရှိနေသော သစ်လုံးများကို ကြည့်ပြီး ရွဲ့လော် ပြုံးလိုက်ကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက် သည်။ ထို့နောက် အနည်းငယ် အားနာသည့် အကြည့်ဖြင့် ရှောင်ယွင်ကို ကြည့်လိုက်ပြီ တဖန် သစ်လုံးများကို လက် ညိုးညွန်ကာ ပြုံးလိုက်ပြီနောက် ပြောလိုက်သည်။
“ ဒီနေ့ကစပြီ မနက်မိုးလင်းတိုင်း အဲဒီသစ်လုံးတွေနဲ့ လေ့ကျင့်ရမယ်.. ငါက တွဲလောင်း ချိတ်ထားတဲ့ အဲဒီ သစ်လုံးတွေကို ထိန်းချုပ်ပြီ မင်းနဲ့ တိုက်ခိုက်လို့ ရအောင် လုပ်ပေးမယ်.. မင်းက သစ်လုံးတွေကို ရှောင်ရမယ်.. ကျောပေါ်က ဓားကြီးကိုလည်း မဖယ်ထားရဘူး.. အိုး.. တစ်ခုမေ့နေတာ.. အဲဒီဓားကို ကြီးမားလေးလံ ရွှင်းပေတံ လို့ ခေါ်ရမယ်.. ဆက်ပြောမယ်.. မင်း ရှောင်တဲ့အခါမှာ ကြီးမားလေးလံ ရွှင်းပေတံကို ဖယ်ရှားထားခွင့်မပြုဘူး.. နောက်ပြီ.. လေဟာနယ်လက်ဝါးရော မီးလက်ဝါးပါ မသုံးရဘူး.. ”
ရှောင်ယွင်ကလည်း ခေါင်းကို အသာစောင်းငဲ့ကြည့်လိုက် သည်။ သူ့မျက်နှာတွင် တက်ကြွမှုဖြင့် ပြည့်လွှမ်းနေသည်။ သူ့၏ ရှောင်ရှားနိုင်သည့် အလျင်ကို အတော်လေး ယုံ ကြည်မှု ရှိနေသည်မဟုတ်လား။
“ စမ်းကြည့်ဦးမလား.. ”
ရှောင်ယွင်၏ အမူရာကို မြင်သည့်အခါ ရွဲ့လော် ချက်ချင်း ပြုံးလိုက်သည်။ သူ့အပြုံးကာ အနည်းငယ် ပါးနပ်သော ဟန်ဖြစ်သည်။
“ ဆရာ စမ်းချင်တယ်ဆိုလည်း.. ”
ရှောင်ယွင် ပခုံးတွန့်လိုက်ပြီး မြေပြင်ကနေ ခုန်တက်လိုက် ကာ သစ်တိုင်လုံးထိပ်ဆီကို အသာအယာ ရောက်ရှိသွား သည်။ အရပ်မြင့်မြင့်ကိုယ်လုံးကြောင့် သစ်တိုင်လုံးထိပ် တွင် အနည်းငယ် ခန့်ထည်နေသည်။ သူသည် ရွဲလော် ကို လက်ဝှေ့ယမ်းလိုက်ပြီ ပြောလိုက်သည်။
“ လုပ်တော့.. ဆရာရဲ့ ပုံစံထုတ်ထားက ဘယ်လောက် ခက်ခဲဆိုတာ ကြည့်လိုက်ရအောင်.. ”
“ အင်း မင်းမှာ ကောင်းမွန်တဲ့ စိတ်ထားရှိတာပဲ.. ကဲ.. မင်းလည်း သစ်လုံး ဘယ်နှစ်လုံးအထိ တောင့်ခံနိုင်မလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်.. ”
ထိုသို့ ရွဲ့လော်က ပြုံးရွှင်စွာဖြင့် ပြောလိုက်ပြီးနောက် အင်္ကျီလက်ရှည်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် တွဲလောင်းချိတ်ဆွဲထားသော သစ်လုံး ဆယ်လုံးကျော်တို့မှာ ဦးတည်ချက်မျိုးစုံဖြင့် ရှောင်ယွင်ဆီကို လွှဲယမ်းနေကြတော့သည်။
လွှဲခါနေသော သစ်လုံးတို့ထံမှ ဖိအားများကြောင့် ရှောင် ယွင်မှာ မျက်နှာ မပြုံးနိုင်တော့ချေ။ နီးကပ်လာသမျှ သစ်လုံးတို့ကို မျက်ခြေမပြတ်ကြည့်ထားကာ သူသည် ရုတ်တရက် ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ ထိုအခါ နောက်ကျောဘက်မှ နီးကပ်လာသော သစ်လုံးသည် အပေါ်ကနေ နီးကပ်စွာ အန္တရာယ်များစွာဖြင့် ဖြတ်သန်း သွားသည်။
ကိုယ်ကို ပြန်မတ်လိုက်သည့်အခါတွင် နောက်ထပ် သစ်လုံးတစ်လုံးက သူ့ဆီကို ပြေးဝင်လာပြန်သည်။ ထိုအခါ ရှောင်ယွင်လည်း သစ်တိုင်လုံးထိပ်မှာ ရပ်နေရင်း ခုန်လွှားပြီ ရှောင်လိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် သစ်တိုင်လုံးထိပ်တွင် ရပ်နေသာ သူ့ခြေထောက်မှာ ထိုတိုင်လုံးထိပ်တွင် ကပ်နေသည်ကို သိလိုက်သောအခါ သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
မမျှော်လင့်ထားသည့် အရာကြောင့် ရှောင်ယွင် အထိတ် တလန့်ဖြစ်သွားသည်။ သို့သော် သူ့၏ စိတ်ခွန်အားမှာ အတော်လေး ကောင်းသူမို့ ချက်ချင်းပဲ ကိုယ်ထဲက ဒိုချီ စွမ်းအင်ကို ခြေထောက်ဆီ အလျင်အမြန် ပို့လိုက်သည်။ နောက်ထပ် တစ်ကြိမ် ခြေထောက်ကို အားစိုက်ခွာလိုက် မှသာ ခြေထောက်က လွတ်ထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပဲ သူ့ဆီ ခေါင်းတည်လာသော သစ်လုံး နှစ်ချောင်းကိုလည်း ရှောင်လိုက်ရပါသေးသည်။
ရှောင်ယွင်က သစ်လုံးတွေကို ရှောင်ရှားလို့ ရသွားပါ သော်လည်း သူ့ခြေထောက်က နောက်ထပ်တဖန် ကပ်ညိသွားပြန်သည်။ ထိုချိန်မှာလည်း နောက်ထပ် သစ်လုံး ငါးလုံးက သူ့ဆီကို လွင့်လာနေပြန်သည်။ နောက်ဆုံးမှာ ရှောင်ယွင်သည် သစ်တိုင်လုံးထိပ်ကနေ ဒလိမ့်ခေါက် ပြုတ်ကျပါတော့သည်။
မြေကြီးမှာ ရှုံ့မဲ့နေသော ရှောင်ယွင်ကို ငုံ့ကြည့်ပြီး ရွဲ့လော်က အပြုံးလေးဖြင့် မေးလိုက်သည်။
“ ဘယ်လိုလဲ အရသာက..”
“ တိုင်လုံးတွေကို ဆရာဘာလုပ်ထားတာလဲ.. ”
ရှောင်ယွင်မှာ နာကျင်သွားသော ရင်ဘက်ကို ပွတ်သပ် ရင်း ရှုံ့ရှုံ့မဲ့မဲ့ဖြင့် မေးလိုက်သည်။
“ တိုင်တွေကို ကော်စေးနက်တွေနဲ့ သုတ်ထားတယ်လေ.. မင်း ခြေလှမ်းလှမ်းချင်တဲ့အခါမှာ ကပ်စေးနေတာကို ခွာ နိုင်ဖို့ ဒိုချီစွမ်းအင်ကို မဖြစ်မနေ ထုတ်သုံးရလိမ့်မယ်.. မဟုတ်ရင် အချိန်မှီ ရှောင်နိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် ရှောင်ရှားနေတဲ့ အချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်ထဲင ဒိုချီစွမ်းအင်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားရမယ်.. အဲဒီအတိုင်း အချိန်အကြာကြီး ထိန်းထားနိုင်တယ်ဆိုရင် မင်းအတွက် အများကြီး အကျိုးရှိသွားလိမ့်မယ်.. ”
ရွဲလော့်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက် သစ်တိုင်လုံးနှင့် တွဲလောင်းချိတ်ထားသည့် သစ်လုံးတွေ
ကို လက်ညိုးညွန်ပြလိုက်ကာ ပြောလိုက်သည်။
“ ဒီလေ့ကျင့်ခန်းတွေက မင်းအတွက် လျင်မြန်သွက်လက် မှုနဲ့ ဒိုချီစွမ်းအင်တွေကို ထိန်းချုပ်တာကို အကူအညီပေး ဖို့အတွက်ပဲ.. ”
==============================
စင်ကြယ်စေမိစ္ဆာမီးတောက်အစား သန့်စင်ခြင်းမိစ္ဆာမီးတောက် ပြန်ပြောင်းထားပါတယ်။
No comments:
Post a Comment