အပိုင်း ( ၉၇ ) - ရွှယ်နီ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
လမ်းကြားလေးထဲမှာ လမ်းလျှောက်နေရင်း လူတွေ ကျဲပါးနေသလို ဖြစ်နေသည့် ကလန်ကို ကြည့်ရင်း ရှောင်ယွင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ ဒီနေ့တွင် ဂျားနန်အကယ်ဒမီကျောင်းမှလာသော စုဆောင်းရေးအဖွဲ့က ဝူတန်မြို့ကို ရောက်လာမည်ဆိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကလန်ထဲက လူတစ်ဝက်လောက်က သွားကြည့်ကြခြင်း ဖြစ်သည်။ ဒီအချိန်လောက်ဆိုရင် ဝူတန်မြို့ အဝင်တံခါးကြီးနားမှာ လူတွေဖြင့် ပြည့်သိပ်နေလောက်မည်။
" တော်တော်ကို တုံးအတဲ့ လူတွေပဲ.. သွားကြည့်ရုံနဲ့ ဝင်ခွင့်စာမေးပွဲ ကို လွယ်လွယ်လေး အောင်မယ်လို့ ထင်နေတာလား မသိဘူး.."
ရှောင်ယွင်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ရင်း ရေရွတ် နေလိုက်သည်။ ထို့နောက် အေးဆေးသောအမူအရာဖြင့် ကလန်အနောက်ဘက်က တောင်ဆီကို သွားသည်။ သူသည် နေ့တိုင်းပင် ဒိုသိုင်းအား မပျက်မကွက် လေ့ကျင့်သည်။
စုဆောင်းရေးအဖွဲ့က ဝူတန်မြို့မှာ တည်းခိုပါသော်လည်း အနီးအနားရှိမြို့တွေအတွက်လည်း စုဆောင်းရေးတာဝန်ယူရသည့် အတွက်ကြောင့် ရှောင်ယွင်နှင့် သူ့အဖွဲ့တို့ နောက်တစ်နေ့တွင် စုဆောင်းရေးအဖွဲ့နေထိုင်ရာ နေရာသို့ သွားကြည့်ကြသည်။ ထိုနေရာတွင် စောင့်ဆိုင်းနေကြသော မဆုံးနိုင်တော့ဟု ထင်ရသည့်လူအုပ်တန်းအား မြင်ရလျှင် ရှောင်ယွင်တို့ အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။
မြေကွက်လပ်ကြီးတစ်ခုတွင် ဆူညံသံများ လှုပ်လှုပ်ရှားရှားသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ မရေတွက်နိုင်သော လူငယ်များဟာ တိုးဝှေ့နေကြပြီး မြေကွက်လပ်အဝင်ပေါက်နားတွင် စုပြုံနေကြသည်။ မြေကွက်လပ်စည်းအနားတွင် တာဝန်ချထားသော စစ်သည်များကြောင့် မဟုတ်ခဲ့လျှင် တက်ကြွနေကြသော လူတွေက ချက်ချင်းပင် ပြေးဝင်သွားကြမှာ ဧကန်ပင်။
လူပင်လယ်လို ဖြစ်နေသော လူအုပ်ကြီးအား အံ့သြစွာ ငေးကြည့်ပြီး ရှောင်ယွင် အသက်ပြင်းချလိုက်သည်။ စိတ်ဓာတ်ကျသွားသလို ခေါင်းကိုလည်း ခါယမ်းလိုက်သည်။ ယခုပုံအရ ဒီနေ့တွင်တော့ ဝင်ပေါက်လမ်းအား ဖြတ်ဝင်ရဖို့က မဖြစ်နိုင်တော့ပါဘူး။
" ဟွန့်..အခု မင်း ဘာမှ မတတ်နိုင်တော့ဘူးမလား.."
ရှောင်ယွင် စိတ်ဓာတ်ကျနေပုံကို မြင်လျှင် သူ့အနောက်တွင် ရှင်းအာနှင့် စကားပြောနေသော ရှောင်ယု ကျေနပ်အာရသော လေသံမျိုးဖြင့် လှမ်းပြောလိုက်သည်။
ရှောင်ယွင်မှာ စိတ်ပျက်ဟန်ဖြင့် သူမကို လျစ်လျူရှုထားလိုက်သည်။
" အစ်မရှောင်ယုမှာ နည်းလမ်းရှိလို့လား.."
နှစ်ယောက်သား ရန်ဖြစ်တော့မည်ကို မြင်လျှင် ရှင်းအာက ချက်ချင်း ဝင်ပြောလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ဒါပေါ့.. ဝူတန်မြို့မှာ တာဝန်ကျတဲ့ စုဆောင်းရေးအဖွဲ့က တာဝန်ရှိသူက ငါ့ဆရာမပဲလေ..ငါကလည်း သူ့တပည့်အရင်းဆိုတော့ ငါ့မှာ နည်းလမ်းရှိတာ မဆန်းပါဘူးလေ.. "
ရှောင်ယုက နှားခေါင်းရှုံ့လိုက်ရင်း လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။
" ကဲ.. ငါ့အနောက်ကနေသာ လိုက်ခဲ့ပေတော့.."
ရှောင်ယုက လှပပြီး ညှို့ငင်အားကောင်းတဲ့ ခြေတံကို လှမ်းပြီး မြေကွက်လပ်၏ အခြားတစ်ဖက်ကို သွားလိုက်သည်ကို ကြည့်ပြီး ရှောင်ယွင်က ရှင်းအာကို ကြည့်ကာ စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
" ထားလိုက်တော့.. ငါ သူနဲ့ ပြိုင်မငြင်းတော့ဘူး.. "
ထိုအခါ ရှင်းအာက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမနှင့် ရှောင်ယွင်တို့က ရှောင်ယုအနောက်ကနေ လိုက်သွားတော့သည်။
သူတို့အုပ်စုသည့် ရှောင်ယုအနောက်ကနေ လိုက်သွားခဲ့ပြီးတော့ မြေကွက်လပ်ပတ်လည်ကို ပတ်ကာ နောက်ဆုံးတွင် မြေကွက်လပ်၏ အနောက်ရပ် ဘက်တွင် ရပ်လိုက်ကြသည်။ ထိုနေရာတွင် စစ်သည် များက သုံးထပ်ပင် ဝိုင်းပတ်ပြီး စောင့်ကြပ်ထားသည်။
စစ်သည်တွေ၏ လက်နက်က အေးစက်သည့်အသွင်ရှိကာ နေရောင်အောက်တွင် တဖျတ်ဖျတ်နှင့် မျက်စိကျိန်းလောက်သည့် ရောင်ပြန်အလင်းများ ထွက်ပေါ်နေသည်။
အစောင့်စစ်သည်များ တင်းကြပ်စွာ စောင့်ကြပ်ထား၍ ရှောင်ယုသည် ရှောင်ယွင်အား ထိုနေရာမှာပဲ နေခိုင်းလိုက်ာ သူမတစ်ယောက်တည်း ဝင်သွားလိုက်သည်။ သူမ အစိမ်းရောင်ကတ်ပြားတစ်ခုအား ထုတ်ယူ လိုက်ပြီး ထိုစစ်သည်တို့အား အချိန်အတော်ကြာအထိ စကားပြောပြီးမှ စုဆောင်းရေးအဖွဲ့မှ လူတစ်ယောက် ထွက်လာခဲ့သည်။ ထို့နောက်တွင်တော့ သူမက ရှောင်ယွင်တို့ အုပ်စုကို လက်ယပ်ခေါ်လိုက်သည်။
အသက်လတ်ပိုင်း လူကြီးက ရှောင်ယွင်တို့ အဖွဲ့ကို ခပ်တည်တည်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေး လိုက်သည်။
" သူတို့ကို ပေးဝင်လိုက်တော့.. "
ထိုလူကြီးက အမိန့်ပေးလိုက်သည့်အခါ လူတံတိုင်းလို ကာရံထားသည့် အစောင့်စစ်သည်တွေထံမှာ သံချင်းခတ်သံများ ထွက်ပေါ်လာကာ တဖြည်းဖြည်းဖြင့် ဝင်ပေါက်လမ်းသေးသေးလေးတစ်ခု ထွက်ပေါ်လာခဲ့ သည်။ ရှောင်ယုလည်း ထိုလူကြီးအား ပြုံးပြလိုက်ပြီးနောက် အစိမ်းရောက်ကတ်ပြားကို ပြန်သိမ်းလိုက်သည်။
ရှောင်ယွင်တို့ အဖွဲ့ကို မေးဆတ်ပြလိုက်ပြီး သူမက အသက်လတ်ပိုင်း လူကြီးနှင့် လိုက်ပါသွားပြီး ရှောင်ယွင်တို့အဖွဲ့လည်း လိုက်ပါဝင်သွားခဲ့သည်။
ရှောင်ယုအနောက်မှ လိုက်ဝင်သွားကြသော ရှောင်ကလန်မှ တခြား လူငယ်တွေသည် လမ်းကြောင်းအထဲ ဝင်လိုက်သည်နှင့် သူတို့၏ အသားအရေတွင် အေးစက်ခြင်းကို ခံစားလိုက်ရသည်။ မျက်နှာအမူအရာ အေးစက်နေသာ ဘေးပတ်လည်ရှိ စစ်သည်များထံမှ သွေးအနံ့များ ထွက်ပေါ်နေသည်။ အဆိုပါ ပုံစံမျိုး မကြုံတွေ့ဖူးသော သူများ ဖြစ်၍ သူတို့သည် ပြင်းထန်သည့် ဖိအားမျိုးခံစားရကာ အသက်ရှုဖို့ရန်ပင် ခက်ခဲသွားကြသည်။
" သူတို့က တကယ့်တိုက်ပွဲတွေမှာ ရှင်သန်ခဲ့ကြတဲ့ စစ်သည်တွေလား"
ရှောင်ယွင် အသက်ကို တဖြည်းဖြည်း ရှုထုတ်လိုက်သည်။ သူ့ရဲ့ ထူးခြားတဲ့စိတ်ဆန္ဒက သူ့အား ထိုဖိအားကို ဖယ်ရှားစေခဲ့သည်။ ရှောင်ယွင်၏ လှမ်းရခက်သော ခြေထောက်က တဖန် ပြန်လည်အား ပြန်ရသွားခဲ့သည်။ ဘယ်လို့ပြောပြောပါ.. ရှောင်ယွင်က ဒိုကျဲအဆင့် ကြယ်လေးလုံးအထိ ရောက်နေပြီး၍ အစောင့်စစ်သည်အများစုထက် ပိုပြီးသန်မာနေသည်။ အစောင့်စစ်သည်ဆီမှ ထွက်ပေါ်နေသာ သွေးဆာနေသည့် အငွေ့အသက်ကို သူ မယှဉ်နိုင်သော်လည်း ထိုအတွက်လည်း ရှောင်ယွင် ကသိကအောက် မခံစားခဲ့ရပေ။
ရှောင်ယွင်တို့အဖွဲ့က တချို့လူတွေအတွက် နှစ်ဆယ်မီတာပင် မပြည့်သည့် လမ်းတိုတစ်ခုက မီတာထောင်ချီဝေးကွာသည့် လမ်းရှည်တစ်ခုအလား ခံစားစေရသည်။ လမ်းအဆုံးရောက်သွားသည့် အခါတွင် သူတို့လက်ဖဝါးပြင်မှာ ချွေးအိုင်နေသည်ကို သတိထားမိ လိုက်ကြသည်။
ရှောင်ယုသည် အသက်လတ်ပိုင်းလူကြီးအား မျက်နှာမူပြီး မချိအပြုံး ပြုံးလိုက်ပြီး မေးလိုက်သည်။
" စီနီယာကော့က .. ကျွန်မတို့ကို တမင်တကာ ရည်ရွယ်ပြီး နှိပ်စက်ချင်လို့ မဟုတ်လား.."
" ဟားဟား.. ဒါက ဆရာမ ရိုလင်းက မှာထားလို့ပါ.. တကယ်လို့ အနောက်ပေါက်က ဝင်ချင်ရင်.. ဒီစမ်းသပ်ချက်သေးသေးလေးကို ဖြတ်ကျော်ရမှာပဲ.. မင်းတို့အားလုံးက တော်ကြပါတယ်. ငါတို့ရဲ့ စစ်သည်တွေက လူသောကောင်ပေါင်းများစွာ ကြုံရတွေ့ခဲ့ရတာ. သူတို့ကြားထဲကို ဖြတ်ဝင်ရတဲ့အခါမှာ မင်းတို့မှာ သန်မာတဲ့ စိတ်အားမရှိရင် လမ်းတစ်ဝက်မှာပဲ ကြောက်လန့်ပြီးတော့ ရပ်သွားလိမ့်မယ်.. "
အသက်လတ်ပိုင်းအရွယ်လူကြီးက ရှောင်ယုကို ပြုံးလိုက်ရင်း သူမဘေးက လူတွေကိုပါ လိုက်ကြည့်လိုက်သည်။ တည်ငြိမ်သော မျက်နှာနှင့် ဟန်မပျက်ရှိနေသော ရှောင်ယွင်နှင့် ရှင်းအာကို မြင်သည့် အခါ ထိုလူကြီး၏ မျက်ဝန်းတွင် အံ့သြသွားခြင်းများ ဖြစ်ပေါ်သွားသည်။
" ကြည့်ရတာ ဆရာမရိုလင်တော့ ဒီတစ်ခေါက်မှာ ကျောင်းသားကောင်းတွေ ရတော့မယ် ထင်တယ်.. "
ထို့နောက် အသက်လတ်ပိုင်းအရွယ်လူကြီးသည် ခပ်တည်တည်ဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ ရှောင်ယုသည် ခြေထောက်များ ယိုင်နဲ့နေသော ရှောင်မိန်နှင့်ရှောင်နင်ကို ဆွဲပြီး ကွင်းကွက်လပ်ပြင်အတွင်းသို့ ဝင်သွားလိုက်သည်။
" ယုအာ.. "
ကြီးမားသော ရွက်ဖျင်တဲအနားရောက်သွားသည့်အခါတွင် မိန်းမတစ်ယောက်၏ ရယ်သံက အကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ အနီရောင်ပုံရိပ်တစ်ခုက ပြေးလာပြီး ရှောင်ယုကို ပျော်ရွှင်စွာ ဖက်လိုက် သည်။ သူမက ရှောင်ယု၏ ခါးကို ဖမ်းကိုင်လိုက်ပြီး စနောက်ဟန်ဖြင့် ပြောလိုက်သည်။
" အိုး.. မင်း ဝလာတာပဲ.. "
" တယ်ဆိုးတဲ့ ကောင်မလေးပဲ.. ငါ့ကိုလွှတ်ဟ.."
ရှောင်ယုက အပြုံးဖြင့် အော်ငေါက်လိုက်ပြီး ထိုမိန်းကလေးအား တွန်းဖယ်လိုက်သည်။ ပြီနောက် ရှောင်ယွင်တို့ဘက်ကို မျက်နှာလှည့်ပြီ ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
" သူက ဂျားနန်အကယ်ဒမီကျောင်းမှာ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်း ပဲ..သူက ရွှယ်နီလိုခေါ်တယ်.. ဒိုကျဲအဆင့် ကြယ်လေးလုံးသမား တစ်ယောက်လည်း ဖြစ်တယ်.."
ရှောင်ယုစကားကို နားထောင်ရင်း ရှောင်ယွင်တို့အားလုံး အနီရောင် ဝတ်စုံနှင့် မိန်းမပျိုလေးကို ကြည့်လိုက်ကြသည်။ လှပချောမောသည်ဟု ဆိုရမည်ဖြစ်သော သူမ၏ မျက်နှာသည် ပြုံးနေပြီး အညိုရောင်ဆံပင် ကိုလည်း အနောက်သိမ်းပြီး စုချည်ထားသည်။ ဖွံ့ဖွံ့ထွားထွားလည်း ရှိလှသလို သေးငယ်သော ခါးနှင့် လုံးဝန်းသော တင်းသားလည်းရှိ၏ ရှောင်ယုလောက် မလှပေမဲ့ ဆွဲဆောင်အားကောင်းသည့် ကိုယ်လုံး ကိုယ်ပေါက်က ယောင်္ကျားအားလုံး၏ အိမ်မက်ထဲက ပုံစံမျိုး ဖြစ်သည်။ အနည်းငယ်မိတ်ဆက်ပေးပြီးနောက်တွင် စမ်းသပ်ခြင်းကို ဖြတ်ကျော် လာနိုင်ခဲ့သည် လူငယ်လေးများသည် ထိုမိန်းမပျိုနှစ်ယောက်အား ခိုးကြောင်ခိုးဝှက်ဖြင့် ကြည့်ကြည့်သွားကြသည်ကို ရှောင်ယွင် သတိထားမိလိုက်သည်။
ရှောင်ယုက ရွှယ်နီကို ကြင်နာစွာ ကိုင်ထားသည်။ ထိုအရာကို ကြည့်ခြင်းဖြင့် သူတို့နှစ်ယောက်က တော်တော်လေးကို ခင်မင် ရင်းနှီးနေမှန်း သိသာသည်။
" သူတို့က ငါတို့ကလန်က လူတွေပဲ.. သူက ရှင်းအာတဲ့ ဟင်းဟင်း ချောတယ်မလား.. ဒါပေမဲ့ မင်းတို့ သူကို စိတ်မဝင်စားနဲ့ သူကလည်း မင်းကို စိတ်ဝင်စားမှာ မဟုတ်ဘူး..သူကတော့ ရှောင်မိန်.. နောက်ထပ် အလှတစ်ပါးလေးပေါ့. ဒါက ငါ့မောင်လေး.. ရှောင်နင်တဲ့.. နောက်ဆုံးက သူကတော့.. "
နောက်ဆုံးမှာ ပျင်းရိနေပုံပေါက်နေသော ရှောင်ယွင်ဆီကို ရောက်သည့်အခါ ရှောင်ယုသည် ခေါင်းစောင်းလိုက်ပြီး ရွှယ်နီ၏ နားရွက်အနားတိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
" သူက ရှောင်ယွင်လေ.. အရင်တုန်းက ငါ မင်းကို ပြောဖူးပါတယ်.. "
ရွှယ်နီသည် ရှင်းအာနှင့် ရှောင်မိန်ကို အရင်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးက ပြုးကျယ်စွာဖြင့် ပင့်သက်ရှိုက်လိုက်ပြီး
" ဝိုး.. မင်းကလန်မှာ အလှတွေ စုထားတာပဲ.. ဂျားနန်အကယ်ဒမီ ကျောင်းကို သူတို့ ရောက်သွားခဲ့ရင် ယောင်္ကျားလေးတွေ အားလုံး ကျိတ်ခိုက်သွားမှာပဲ.. "
" ဟင်.. ရှောင်ယွင်လား.."
ရွှယ်ယင်က ပင့်သက်ရှိုက်ပြောလိုက်ပြီးနောက် ရှောင်ယွင်ကို ကြည့်လိုက်သည့်အခါတွင် ရုတ်တရက် ငြိမ်သက်သွားသလို အသက်ရှုမှားသွားခဲ့သည်။
" သူက မင်းပြောပြောနေတဲ့တစ်ယောက်လား အဆင့်၃ မှာပဲ ရပ်နေတဲ့ ဝမ်းကွဲမောင်လေးဆိုတာ.. အတော်လေး ချောတာပဲ.."
" အမ်.. "
ရှောင်ယု၏ နှုတ်ခမ်းက မဲ့သွားသလို ဘေးနားက ပါးစပ်ကြီးဟနေသော ရွှယ်နီကို ခပ်ကြမ်းကြမ်းလေး ဆွဲဆိတ်လိုက်သည်။ ထို့နောက် မအီမသာ ဖြစ်နေသော ရှောင်ယွင်မျက်နှာကို သတိထားမိလိုက်ကာ ရှောင်ယုသည် ရှက်ကိုးရှက်ကန်းဖြင့် ကမန်းကတန်း ဖြေရှင်းချက် ပေးလေသည်။
" မင်းအကြောင်းကို ငါ လျှောက်ပြောတာမဟုတ်ပါဘူး.. ဒီလိုပဲ ငါ အိမ်မက်ထဲမှာ ယောင်ယမ်းပြောမိတာကို သူက နားပါးတော့ သိသွားတယ်လေ.. "
ရှောင်ယွင်၏ မျက်ခုံးက ပင့်တက်သွားသည်။ ပါးစပ်ကြီး ဟသွားပြီး နောက် ပြန်ပြီး ရယ်သွမ်းသွေးလိုက်ည်။
" ဒါဆို ငါ့အကြောင်းကို အိမ်မက်ထဲအထိတောင် စဉ်းစားနေတယ်ပေါ့.. ငါတို့နှစ်ယောက်က အဲ့လောက်တောင် ရင်းနှီးခဲ့တယ်ပေါ့..အရင်တုန်း က ငါလုပ်ခဲ့မိတာက ဟိုဟာ ထိ.. "
" ပါးစပ်ပိတ်လိုက်တော့.. "
ရှောင်ယွင်စကားကြောင့် ရှောင်ယု၏ မျက်နှာက ရှက်သွေးဖြာသွားပြီး သူမ၏ ခြေတံရှည်ဖြင့် ရှောင်ယွင်အား ကန်လိုက်တော့သည်။
ရှောင်ယွင်က ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်ပြီး အေစက်စွာ ရှောင်လိုက် သည်။ ထို့နောက် ကမန်းကတန်း လက်ကာပြလိုက်ပြီနောက် စနောက် ခြင်းအား ရပ်လိုက်သည်။
" မင်းက ဘာကို ထိလိုက်တာလဲ..အဲဒါက ယုအာလား..ဟုတ်လား.. "
ရွှယ်နီ၏ မျက်နှာက သိချင်စိတ် ပြင်းပျသွားသလို ရှောင်ယု၏ လက်ချက်ဖြင့် ခပ်ကြမ်းကြမ်း ဆွဲဆိတ်ခံလိုက်ရသေးသည်။
" ယုအာ.. အဲ့လောက် ကြမ်းရလားဟ.. မင်းရဲ့ သူငယ်ချင်းကို အဲလို လုပ်ရလားဟ "
နီရဲနေပြီး ဖြစ်သော သူမ၏ ခါးကို ကာကွယ်လိုက်ပြီး ရွှယ်နီက ရှောင်ယုအား သူမ၏ ငိုတော့မည့် မျက်လုံးဖြင့် ကြည့်မေးလိုက် သည်။
" အရူးလုပ်နေတာ တော်တော့.. ငါတို့ သူတို့ကို စမ်းသပ်တဲ့နေရာဆီ ကို ခေါ်သွားရဦးမယ်. "
ရှောင်ယုက အော်ငေါက်လိုက်ပြီး ရွှယ်နီအား တွန်းထုတ်လိုက်သည်။ ရွှယ်နီမှာ ငိုရမလိုလို ရယ်ရမလိုလိုပင် ဖြစ်သွားသည်။
" ဟီဟီ... သွားကြရအောင်.. အနောက်ကနေ လိုက်ခဲ့.. ငါလမ်းပြပေးမယ်.. "
ရွှယ်နီက မျက်နှာပိုးအား သတ်လိုက်ပြီး မျက်ရည်စကိုလည်း သုတ်လိုက်သည်။ အနောက်လှည့်ပြီး စထွက်တော့မည်အချိန်တွင် ရွှယ်နီက ရုတ်တရက် ခေါင်းပြန်လှည့်ပြီ ပြောလိုက်သည်။
" အော်..ပြောဖို့မေ့သွားတယ်..လိုဘူ ကလည်း စုဆောင်းရေးအဖွဲ့မှာ ပါလာတယ်.. ပြီးတော့ ဒီခရီးမှာလည်း ငါကြားသေးတယ်.. သူက ဒိုကျဲအဆင့် ကြယ်လေးလုံးအထိ ရောက်သွားခဲ့တယ်တဲ့.."
ထိုအရာကို ကြားရသည့်အခါ ရှောင်ယု၏ ပြုံးနေသော မျက်နှာက မှုန်ကုပ်သွားသည်။ စိတ်မရှည်ဟန်ဖြင့်လည်း မေးလိုက်သည်။
" စိတ်တိုဖို့ကောင်းတဲ့ အဲ့ကောင်က ဘာလို့ လာတာလဲ.? "
" ဘာလို့ဆိုတော့ ငါတို့အရှေ့မှာ ရှိနေတဲ့ အလှပဂေးလေး ရှောင်ယု ကြောင့်ပေါ့.. လမ်းတစ်လျှောက်လုံးမှာလည်း မင်းအကြောင်းကိုလည်း သူတစ်ချိန်လုံး တွေးနေခဲ့ပါတယ်တဲ့.."
ရွှယ်နီက စနောက်ပြီး ပြောလိုက်သည်။
ရှောင်ယုသည် အံကို ကြိတ်လိုက်သည်။ ခဏအကြာတွင် သူမ၏ အမူအရာက ပြောင်းလဲသွားပြီး အနောက်လှည့်ကာ ရှောင်ယွင်ကို ကြည့်လိုက်သည်။
" မင်းက ဘာလို့ ငါ့ကို ကြည့်နေရတာလဲ.. အဲဒီလူအရှေ့မှာ မင်းနဲ့ငါ ရင်းနှီးတဲ့ပုံစံမျိုး လုပ်ခိုင်းမယ့် စိတ်ကူးကို မေ့လိုက်တော့. မင်းကိုလည်း ငါ စိတ်မဝင်စားဘူး.. ရင်းနှီးချင်ယောင်ဆောင်ဖို့လည်း စိတ်မပါဘူး.. "
ရှောင်ယု၏ တောက်ပနေသော မျက်လုံးကို မြင်လိုက်သည်နှင့် အကင်ပါးသူတစ်ယောက်လည်း ဖြစ်ရာ ရှောင်ယွင်သည် ရှောင်ယု ဘာစဉ်းစားနေသလဲဆိုတာ ရိပ်မိလိုက်သည်။ ခပ်တည်တည်ပဲ ရယ်မောလိုက်ပြီး ဒေါသထွက်နေသော အကြည့်ကို လျစ်လျူရှုလိုက်ပြီး နောက် ရွက်ဖျင်တဲကြီးဆီကို သွားလိုက်သည်။
" အော်.. ရှောင်ယုရယ်.. ကြည့်ရတာ မင်းရဲ့ ဆွဲဆောင်နိုင်စွမ်းလည်း အသုံးမဝင်တော့ပါလား ဒီလို မျက်နှာသာပေးလို့ကတော့ ကျောင်းက ကောင်လေးတွေ အချင်းချင်း ရိုက်ပွဲတွေတောင် ဖြစ်ကုန်ကြမှာ.. ဒါပေမဲ့ ဒီကောင်လေးကတော့ မင်းကို ဂရုတောင် မစိုက်ပါလား.."
ထွက်သွားသော ရှောင်ယွင်၏ နောက်ကျောကို ကြည့်ပြီး ရွှယ်နီက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
အံကိုကြိတ်ပြီး ရှောင်ယု စိတ်တိုစွာဖြင့်ပြောလိုက်သည်။
" ဒီခွေးကောင်လေးကတော့ တကယ့်ငကြောင်ပဲ.. ဒါပေမဲ့ မင်းကို သူ့ကို ဘယ်လို့ပဲလုပ်လုပ် နားလည်နိုင်မှာ မဟုတ်ဘူး.. တခြားမပြောနဲ့ ငါတို့ကျောင်းမှာ ဘယ်သူက တစ်နှစ်အတွင်းမှာ အဆင့်၃ ကနေ ဒိုကျဲအဆင့် ကြယ်သုံးလုံးအထိ ရောက်ဖူးတဲ့သူ ရှိခဲ့သလဲ.. "
ဒါကို ကြားရတော့ ရွှယ်နီ ပါးစပ်ဟသွားသည်။ သူမ၏ စနောက်ဟန် ရှိနေသော အမူအရာက ထိတ်လန့်အံသြသွားသည့် အမူအရာသို့ လုံးဝ ပြောင်းလဲသွားသည်။ ငယ်ရွယ်ပြီး ချောမောသည့် ကောင်လေးက ဒီလောက်အရည်အချင်းရှိနေမှန်း သူမ မထင်မှတ်မိလိုက်ချေ။
ဒီကောင်လေးက ရှောင်ယု ပြောပြဖူးခဲ့တဲ့ အမှိုက်ကောင်လေးဆိုတာ ဟုတ်ကော ဟုတ်ရဲ့လား...
No comments:
Post a Comment