အပိုင်း ၁၂၇
လုပ်ကြံလိုသူတို့၏ ဖမ်းဆီးပွဲ
================
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
===================================
ငြိမ်သက်တိတ်ဆိတ်နေသော မှောင်သားရဲကောင်တောင် တန်းကြီးမှာ ရုတ်ချည်း ထွက်ပေါ်လာသော လိုက်လံဖမ်းဆီးနေမှု ကြောင့် ဝရုန်းသုန်းကား ဖြစ်သွားလေသည်။ ကျယ်လောင်သည့် အသံဆူဆူများက ငြိမ်သက်နေသည့် တောင်တွင်းတခွင် ပဲ့တင်ထပ် နေတော့သည်။
ထိုသို့ လိုက်လံနေကြသည် ကြေးစားစစ်သည်အုပ်စုတွင် အဆင့်မတူကြခြင်းကြောင့် လိုက်ပြေးနေသော အချို့ကြေးစားစစ် သည်တို့သည် ခြေလှမ်းများကို ရပ်လိုက်ကြကာ သူတို့ကို ကျော် ဖြတ်သွားသော လူအုပ်ကြီးကို ငေးကြည့်နေကြရတော့သည်။
တချို့ ကြေးစားစစ်သည်တို့သည် စပ်စပ်စုစုဖြင့် ထိုလူအုပ် ကြီးအနောက်ကို ပြေးလိုက်လိုက်သည်။ သူတို့သည် ထိုကဲ့သို့ လိုက် လံ ဖမ်းဆီးရလောက်အောင် ဖြစ်စေသောလူမှာ အဘယ်ကဲ့သို့ လူ မျိုး ဖြစ်နေမလဲဆိုတာကို သိချင်သွားသောကြောင့် ဖြစ်သည်။
“ ရှောင်ယွင်ကို ဖမ်းကြ.. အဲ့ကောင်မှာ ရွှင်းအဆင့် ဒိုချီ ကျင့်စဉ် တစ်ခု ရှိနေတယ်ဟေ့.. ”
ထိုသို့ လိုက်ဖမ်းနေရင်း မုရှီသည် ဘေးကနေ ရပ်ကြည့်နေ ကြသော ပြင်ပကြေး စားစစ်သည်တို့ကို တွေ့လိုက်သည့်အခါတွင် ပါးစပ် အကျယ်ကြီးဟလိုက်ကာ ထိုစကားကို အော်ဟစ်ပြောလိုက် လေသည်။
ခေါင်းဆောင်ကိုယ်တိုင် အော်ပြောလိုက်သည်ကို ကြားလျှင် ဝံပုလွေခေါင်းကြေးစားအဖွဲ့သားတို့သည်လည်း အကင်းပါးစွာဖြင့် သူတို့၏ ခေါင်းဆောင်စကားအတိုင်း လိုက်လံ အော်ဟစ်ကြလေ၏ ချက်ချင်းပင် ရှောင်ယွင်က ရွှင်းအဆင့် ချီကျင့်စဉ်တစ်ခုအား ပိုင် ဆိုင်နေကြောင်း သတင်းက တောင်တန်းတခွင် ပျံ့နှံ့သွား၏။
ရွှင်းအဆင့် ချီကျင့်စဉ် ဆိုသည့် စကားလုံးအား ကြားမိသူ တိုင်း လုပ်လက်စအလုပ်အား ရပ်တန့်ကာ တစ်ယောက်ကို တစ် ယောက် ကြည့်လိုက်မိကြချေသည်။
ထိုသို့ တိတ်ဆိတ်နေရင်း ဘယ်သူမှလည်း ရွှင်းအဆင့် ချီ ကျင့်စဉ်၏ ဆွဲဆောင်မှုဒဏ်ကို မခံနိုင်ရကား သူတို့သည် လက်နက် ကိုင်စွဲပြီးနောက် အရှေ့ဝေးဝေး ကနေ ပေါ်လိုက် ပျောက်လိုက် ဖြစ် နေသော လိုက်ဖမ်းနေသူအနောက်သို့ စတင်လိုက်ကြတော့သည်။
ထိုတစ်ယောက် ဦးဆောင်ပြေးသွားလျှင် ကျန်သည့် ကြေး စားစစ်သည်တို့မှာ တွေဝေနေပြီးနောက် ခြေလှမ်း ခပ်သွက်သွက် ဖြင့် အော်ကာ ဟစ်ကာဖြင့် အနောက်ကနေ အင်အားဖြည့် လိုက် သွားကြလေသည်။
အနောက်ကျောဆီကနေ အော်ဟစ်အသံများသည် ရှောင် ယွင် နားစည်ဆီသို့ ရိုက်ခတ်တိုးဝင်လာပေသည်။ တစ်ချက် ပြန် လှည့်ကြည့်လိုက်လျှင် အနောက်က လိုက်နေသော လူအုပ်ကြီးကို မြင်လိုက်ရသောအခါ ရှောင်ယွင် မျက်နှာက အမူအရာ ပြောင်းလဲ သွားပြီ လေသံတိုးတိုးဖြင့် ဆဲဆိုလိုက်သည်။
“ ဆိုးသွမ်းတဲ့ ကောင်တွေပဲ..”
ရှောင်ယွင်မှာ လျင်မြန်သော ခြေလှမ်းများဖြင့် တောနက်ထဲ တိုးဝင်ပြေးနေပြီး ဘေးပတ်ဝန်းကျင်ကိုလည်း ကြည့်လာခဲ့သည်။ ထို့ နောက် မှော်သားရဲကောင် မကြာခဏ ထွက်ပေါ်လာတတ်သော နယ်မြေဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။
“ လိုက်လာကြပေတော့.. ဒီမှော်သားရဲကောင်တောင်တန်း မှာ မင်းတို့ပဲ လူအုပ်များမလား .. မှော်သားရဲကောင်တွေပဲ.. ပိုများ နေမလားဆိုတာ ကြည့်ရသေးတာပေါ့.. ”
ထိုသို့ ရယ်မောလိုက်ရင်း ရှောင်ယွင် ခေါင်းစိုက်ပြီ အရှေ့တူ ရူသို့ ပြေးလိုက်ပြန်သည်။
“ ကောင်လေး.. ဒီနေ့ မင်း ဘယ်လိုလွတ်အောင် ကြိုးစား မလဲဆို ကြည့်ရတာပေါ့.. ”
ရှောင်ယွင် အနောက်ကနေ မုရှီက ဒိုချီစွမ်းအင် အသုံးပြု လိုက်ပြီး ပြောလိုက်သော ခြင်္သေ့ဟိန်းအသံအလား အေးစက်စက် အသံကြီးက တောနက်တခွင် ပဲ့တင်ထပ်သွားလေသည်။
ရှောင်ယွင်မှာ အဓိပ္ပါယ်မရှိသော ခြိမ်းခြောက်စကားကို စိတ် ထဲ အာရုံမထားဘဲ အရှေ့ကိုသာ တတ်နိုင်သမျှ မြန်မြန်ပြေးနိုင် အောင် အာရုံစိုက်လိုက်သည်။
ရှောင်ယွင်က သူ့အော်ဟစ်သံအား ဂရုမထားသည်ကို မြင် လျှင် မုရှီက နှုတ်ခမ်းမဲ့သွားသည်။ သူက မျက်ဝန်းကျဉ်းမြောင်းထား ရင်း ရှောင်ယွင်ကို အာရုံစိုက်ထားပြီ ခြေလှမ်းတွေကို တဖြည်းဖြည်း အရှိန်တင်လိုက်သည်။ ရှောင်ယွင်၏ ပြေးနှုန်းက သူ ထင်မှတ်ထား သည်ကို ပိုမြန်နေ၍ မျက်မှောင်ကြုတ်လိုက်မိသည်။
မုရှီက ဖြည်းညှင်းစွာ အသက်ရှုထုတ်လိုက်ရင်း ခန္ဓာကိုယ်ကို ခါယမ်းလိုက်သည်။ ထိုအခါ အစိမ်းဖျော့ဖျော့ ဒိုချီစွမ်းအင်တို့က သူ့ တစ်ကိုယ်လုံးအား အလျင်အမြန် ဖုံးလွှမ်းသွားချေသည်။ ခပ်ထန် ထန် အော်သံတစ်ခုကလည်း သူ့လည်ချောင်းကနေ တုန်ခါထွက် လာလေသည်။
“ ဟွာင်းအဆင့်သိုင်း.. လေဆန်ခြေလှမ်းးးး ”
မုရှိ အော်လိုက်သည်နှင့် ထုထည်ကြီးမားသော အစိမ်းရောင် ဒိုချီစွမ်းအင်တို့က သူ့ခြေထောက်တွင် ရုတ်ချည်း စုဝေးလာပြီ ခြေ ထောက်နှစ်ဖက်တွင် လေပွေရူးများ ဖြစ်ပေါ်လာသည်။
သူ့ခြေလှမ်းက မြေပြင်ပေါ် စတင်လိုက်သည်နှင့် မုရှီမှာ အရှေ့သို့ ရုတ်ချည်း ထိုးပြေးသွားသည်။ သူ့အလျင်ကား နှစ်ဆ ပို၍ လျင်မြန်လာချေသည်။
“ ဒုက္ခပဲ.. ”
လေကို ထိုးခွဲ၍ အလျင်အမြန် ဖြတ်ကျော်လာနေသော လေ သံကို ကြားလိုက်လျှင် ရှောင်ယွင် ကမန်းကတန်းပင် အနောက် လှည့်ကြည့်လေသည်။ မုရှီက ကြောက်စရာကောင်းသော အမြန် နှုန်းဖြင့် ပြေးလာသည်ကို မြင်လျှင် ရှောင်ယွင် အထိတ်တလန့် ဖြစ် သွားသည်။ ရှောင်ယွင် လက်ဖျောက်တစ်ချက် တွက်ပြီ စွမ်းအင် ဖြည့်တင်းဆေးလုံးတစ်လုံးကို လက်ဝါးပြင်ထက် တင်လိုက်ပြီ ပါးစပ် ထဲသို့ ပစ်သွင်းလိုက်သည်။ ထိုအခါ ကုန်ဆုံးသွားသော ဒိုချီစွမ်းအင် တွေက တဖြည်းဖြည်း ပြန်လည် ပြည့်တင်းလာသည်။
“ ဒီနေ့တော့ မင်းကို ရအောင် သတ်ရမယ်.. ”
တဖြည်းဖြည်း ရှောင်ယွင်နှင့် နီးကပ်လာလျှင် မုရှီ၏ မျက်နှာပြင် တွင် ကောက်ကျစ်သော အမူအရာများ ဖြစ်ပေါ်လာပြီ ခြိမ်းခြောက် စကားကို ပြောလိုက်သည်။
“ ခင်ဗျားအမေကိုသာ သတ်လိုက်.. ပြိတ္တာကြီးရေ.. ”
ရှောင်ယွင်က လှည့်ကြည့်ပြီ ညာဘက်လက်ကို ဝှေ့ယမ်းလိုက် ကာ ပြန်အော်ဟစ်လိုက်သည်။ ပြင်းထန်အားကောင်းသည့် အသွင် မဲ့ အားတစ်ခုက လက်ဝါးပြင်ကနေ ထိုးထွက်သွားသည်။
“ ဟွန့်.. ”
အားက အသွင်သဏ္ဍာန်မဲ့နေသော်လည်း မုရှီက ၎င်းဖိအားကို ခံစားလိုက်ရသည်။ ချက်ချင်း တုံ့ဆိုင်းခြင်းမရှိဘဲ သူက အေးစက် စက် နှာမှုတ်လိုက်ရင်း စွမ်းအားပြင်းသည့် လက်သီးတစ်ချက်ကို အရှေ့ထိုးလိုက်သည်။ ချက်ချင်းပင် ရက်စက်သည့် အားတစ်ခုက သူ့အရှေ့မှာ လွှမ်းကာသွားပြီ အရှေ့သို့ ပေါက်ကွဲထွက်သွားသည်။ နောက်ဆုံးတွင် အသွင်သဏ္ဍာန်မဲ့အားဆီသို့ ထိတိုက်သွားသည်။
“ ဘန်းး ”
အတွင်းအားနှစ်ခု ထိပ်တိုက်ထိတွေ့သွားသည်နှင့် တောအုပ် တွင် ပေါက်ရောက်နေသော မြက်ပင်တို့မှည ရိတ်ဖြတ်ခံသွားသည်။ တချို့အပင်ငယ်တို့မှာ ကျိုးကျသွားကုန်သည်။
“ မင်းမှာ အစွမ်းတွေ ရှိသားပဲ.. ဒါကြောင့် ဒီလောက် ရိုင်းပျနေ တာကိုးး ”
တိုက်ကွယ် ဖလှယ်လိုက်သည်နှင့် မုရှီ၏ မျက်ဝန်းတွင် အံ့သြ သွားသည့် အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက အေးစက်စွာ ဖြင့် ရယ်မောလိုက်ပြီ မြေကြီးကို အားဖြင့် နင်းဆောင့်လိုက်ကာ အ ရှေ့သို့ ဆယ်မီတာလောက် ခုန်ပြေးလိုက်သည်။
“ ကောင်လေး.. ဇာတ်သိမ်းတော့မယ်ကွ.. ”
သွက်လက်သော ခြေလှမ်းအနည်းငယ်များဖြင့် မုရှီသည် ရှောင် ယွင်အနားသို့ တဖြည်းဖြည်း နီးကပ်လာပါတော့သည်။ သူက အားပါ တရ ရယ်မောလိုက်ပြီ အရှေ့က အားကုန်ပြေးလွှားနေသော လူငယ် ကို ကြည့်လိုက်သည်။
“ နင့်မေကလွှားပဲ ဇာတ်သိမ်းး ”
ရှောင်ယွင် ပါးစပ်ကနေ အယုတ္တအနတ္တစကားများ ထွက်လာ ပြန်သည်။ ရှောင်ယွင်မှာ သူ့ကို လိုက်ဖမ်းနေသော မုရှီကို စိတ်ဆိုး ဒေါသထွက်လွန်း၍ မျက်နှာအရောင်ပင် ပြောင်းလဲနေ၏။
သူ ခေါင်းကို စောင်းငဲ့ကြည့်လိုက်လျှင် အနောက်ကနေ ပြေး လိုက်နေသည့် မုရှီ၏ ညိုမည်းမှောင်ကုတ်နေသော မျက်နှာကို သော်လည်းကောင်း၊ သူ့အနောက်က ထပ်ကြပ်မကွာ လိုက်နေကြ ပြန်သော ကြေးစားစစ်သည်အုပ်စုကို လည်းကောင်း မြင်လိုက်ရ သည်။
ရှောင်ယွင် စိတ်ပျက်စွာ အသက်ပြင်းချလိုက်သည်။ နှုတ်ခမ်း ကို တင်းတင်းစေ့ထားလိုက်ပြီ လက်နှစ်ဖက်ဖြင့် နောက်ကျောပြင်က ကြီးမားလေးလံရွှင်းပေတံကို ဖယ်ရှားလိုက်သည်။ နောက်ကျောက ပေတံဓားကြီးအား ဆွဲထုတ်လိုက်သည့်အခါတွင် သူ့ခြေရာများက လေးလံနစ်ဝင်နေပေသည်။ လက်ကောတ်ဝတ်ကို လှည့်လိုက်သည် နှင့် ပေတံဓားကြီးအား သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက် သည်။
“ အနောက်ကနေပဲ ဖြည်းဖြည်း လိုက်ကြတော့.. မင်းတို့နဲ့ မကစားတော့ဘူး.. ဟားဟား.. ”
အနောက်လှည့်ပြီ လှောင်ပြောင်လိုက်သည်။ ထို့နောက် ရှောင် ယွင် ခြေလှမ်းများကို အားအပြည့်ဖြင့် ဆက်ပြေးလေသည်။ သူ့ အမြန်နှုန်းက ရုတ်ချည်း ထိုးတက်သွားသည်။ အစိမ်းအရည်များ လူးကျံထားသော သူ့အဝတ်မှာ အစိမ်းရောင်အရိပ်ကဲ့သို့ပင် ထင်သ ယောင် ရှိသွားပြီ အစိမ်းရောင်ကျားသစ်တစ်ကောင်လို တောနက်ထဲ ပြေးဝင်သွားလေသည်။
ရှောင်ယွင်၏ အလျင်နှုန်း ထိုးတက်သွားသည်ကို မြင်သည့်အခါ မုရှီ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ထိုအခြေအနေအား မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ သူ့လို ဒိုရှိအဆင့် ကြယ် ၂လုံးသမားက သွက်လက်မှုဒိုသိုင်းပညာကို အသုံးပြုလိုက် တာတောင်မှ ဒိုကျဲအဆင့်သမားတစ်ယောက်ကို မဖမ်းမိနိုင်ပါလား။ ဤအဖြစ်က သူ့အတွက် မျက်နှာပျက်စရာ ဖြစ်လေပြီး။
“ ကြည့်ရတာ.. ဒီကောင် ဂူကနေ အများကြီး ရထားတဲ့ပုံပဲ.. ”
ရှောင်ယွင်၏ မူလဇစ်မြစ်ကို မသိရ၍ မုရှီက ရှောင်ယွင်သည် ရုတ်ချည်း အပြေးနှုန်းမြန်သွားခြင်းသည် ကျောက်ဂူထက ထူး ခြားသော ရတနာပစ္စည်းများနှင့် သက်ဆိုင်လိမ့်မည်ဟု မှတ်ချက်ချ လိုက်သည်။ ထိုသို့ တွေး၍ မှတ်ချက်ချလိုက်သလို ရှောင်ယွင်ကို မဖြစ်မနေ သတ်ရမည်ဖြစ်သော ဆုံးဖြတ်ချက်သည်လည်း မုရှီတွင် ပို၍ ခိုင်မာလာခဲ့သည်။
မုရှီ ခေါင်းမော့၍ ရှောင်ယွင် ပြေးဝင်ပျောက်ကွယ်သွားသော တောနက်အပိုင်းထဲကို ကြည့်လိုက်သည်။ မုရှီ၏ ခြေလှမ်းများက နောက်တကြိမ် ထပ်မံ အရှိန်တိုးလာပြီ မဲမှောင်အေးစက်နေသော သစ်ပင်အုပ်အတွင်းသို့ ပြေးဝင်သွားတော့သည်။
ထိုသစ်အုပ်အတွင်းသို့ ဝင်သွားသည်နှင့် အနံစူးရှသော လေနှင့် အားတစ်ခုက သူ့ဆီ ဝင်လာလေသည်။ မုရှီ၏ မျက်နှာက ကွက်ခနဲ ပျက်သွားသည်။ ခါးကနေ ဓားမောက်ရှည်တစ်လက်ကို ဆွဲထုတ် လိုက်ပြီ ဒိုချီစွမ်းအင်နှင့် ပေါင်းစည်းလိုက်ကာ အရှေ့ကို လွှဲခုတ် လိုက်သည်။
“ ရွှမ်းး ရွှပ်... ”
အသားတုံးကို အသွားထက်တစ်ခုက ခုတ်ပိုင်းလိုက်၍ ထွက်ပေါ် လာသော အသံက စိတ်ပျက်စရာကောင်းစွာ နားထဲသို့ တိုးဝင်လာ သည်။
မုရှီ၏ ဓားမောက်ရှည်ဖြင့် ထိတွေ့ရာမှ စူးရှစွာ ထွက်ပေါ်လာစေ သော အရာကား အဆင့်၁ မှော်သားရဲကောင် သွေးဆာကြွက် ဖြစ် လေ၏။
မုရှီက ခံစားချက်ကင်းမဲ့စွာဖြင့် ဓားမောက်ရှည်ကို လွှဲယမ်းကို သွေး ဆာကြွက်ကို ဖယ်ရှားလိုက်သည်။ ခပ်ဝေးဝေးသို့ ရောက်ရှိသွား သော တောနက်တွင်းက လူပုံရိပ်ကို ကြည့်လိုက်သည်။ ခြေလှမ်း များကို လှမ်း၍ စတင်ပြေးလိုက်တော့မည်အခါတွင် သွေးဆာကြွက် ၁၀ ကောင်ကျော်တို့က သူ့ဆီ ခုန်အုပ်လာလေသည်။
လူတစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားထက် တစ်ဝက်မျှ သေး ငယ်သော သွေးဆာကြွက်များကြောင့် နှောင့်နှေးသွားခဲ့၍ မုရှီက အလွန်အမင်း စိတ်ပျက်သွားသည်။ ကြွက်များကြောင့် သူ့ကို နာကျင်သွားစေရုံသာမက ရှောင်ယွင်ကို ဖမ်းဆီးတာလည်း နှောင့် နှေးသွားစေသည်။
ထိုသို့ မုရှီ ခေါင်းကိုက်နေသည့်အချိန်တွင် အနောက်က လိုက်လာ နေသော ကြေးစားစစ်သည်အုပ်စုတို့က သူ့အနား ရောက်ရှိလာကြ သည်။ သူတို့၏ ခေါင်းဆောင်က သွေးဆာကြွက်များဖြင့် ပိတ်တား ခြင်း ခံရသည်ကို မြင်လျှင် အားလုံးက လက်နက်ကိုယ်စီ ထုတ် လိုက်ကြပြီ သွေးဆာကြွက် ဆယ်ကောင်ကျော် အုပ်စုတို့အား ဝိုင်း သုတ်သင်လိုက်ကြ၏
“ သူ့ကို လိုက်ဖမ်းကြ.. ” သွေးဆာကြွက်တစ်ကောင်ကို ကန် ထုတ်လိုက်ပြီးနောက် မုရှီက လက်ကို ဝှေ့ယမ်းပြီ ခပ်ကြမ်းကြမ်း အမိန့်ပေးလိုက်သည်။
မုရှီ၏ အမိန့်အတိုင်း ရှောင်ယွင်အနောက်သို့ ဇွဲနဘဲသန်သန်ဖြင့် နောက်တစ်ကြိမ် ထပ်လိုက်ကြပြန်သည်။
ထိုသို့ အရှေ့က ပြေးသူကပြေး အနောက်က လိုက်နေသူက လိုက် နှင့် တိတ်ဆိတ်ငြိမ်းချမ်းသော တောအုပ်ကြီးမှာ ဝရုန်းသုန်းကား ဖြစ် နေပါတော့၏။ ထိုသို့ကြောင့် ရှောင်ယွင်မှာ မတတ်သာတော့ဘဲ ထို တောအုပ်အတွင်း နေထိုင်ကြသော တောနေသတ္တဝါတို့အား အကာ အကွယ်ယူ တဖက်လှည့်ပေးဖို့ လုပ်လိုက်ရတော့သည်။ ထို့ကြောင့် အနောက်က လိုက်ဖမ်းနေသူတို့မှာ နှောင့်နှေးသွားကြရုံသာမက အမျိုးမျိုးသော မှော်သားရဲကောင်တို့ကြောင့် ဒဏ်ရာဗလပွဖြင့် အထိနာကြကုန်သည်။
ထိုသို့ လိုက်ဖမ်းနေခြင်းသည် နေ့လယ်မွန်းတည့်အချိန်အထိပင် ရောက်ရှိလာသည်။ နောက်ဆုံးတွင် အချို့သော ကြေးစားစစ်သည် တို့မှာ ရည်ရွယ်ချက်မပါဘဲ လိုက်ဖမ်းနေခြင်းအား လက်လျှော့လိုက် ကြကာ ထိုအုပ်စုကနေ ဖယ်ခွာသွားကြသည်။ ကြေးစားစစ်သည်တို့ တဖြည်းဖြည်း လက်လျှော့ကြသည့်အခါ နောက်ဆုံးတွင် လိုက်ဖမ်း ကြသည့် ကြေးစားအုပ်စုမှာ တဖြည်းဖြည်း လူဦးရေ လျော့ပါးလာ ကြသည်။ ဝံပုလွေခေါင်းကြေးစားစစ်သည်အဖွဲ့သားနှင့် ရှောင်ယွင် ထံမှ ရွှင်းအဆင့် ချီကျင့်စဉ်ကို လိုချင်တပ်မက်သည့် ကြေးစားစစ် သည်တချို့သာ ဆက်လက် လိုက်ကြသည်။
ထိုသို့ ခြေလှမ်းကျဲကျဲဖြင့် တော်တော်ဝေးဝေးအထိ ပြေးလွှားနေရင်း ခြေထောက်တို့ကလည်း ထုံကျင်လာလေရာ ရှောင်ယွင်သည် ကောင်းကင်ယံတွင် ခပ်ရေးရေး မြင်နေရပြီးဖြစ်တဲ့ လကွေးကွေးကို ခေါင်းမော့ကြည့် လိုက်သည်။ သူက ခါးသီးစွာဖြင့် ရယ်လိုက်သေး သည်။ အနောက်က လိုက်နေကြသူတွေ၏ ဇွဲလုံ့လကို သူ လျှော့ တွက်ခဲ့မိသည်။
“ ကြည့်ရတာ မှော်သားရဲကောင်တောင်တန်းရဲ့ အတွင်းပိုင်းအထဲ ကိုတောင် ဝင်လာနေသလိုပဲ.. ဒီ လဒူကောင်တွေ.. မှော်သားရဲကြီး တွေနဲ့ တွေ့ကြမှာ မကြောက်ကြဘူးလား မသိဘူး.. ”
ရှောင်ယွင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ အနောက်လှည့်ပြီးတော့ မျက်နှာတင်းမာနေသည့် မုရှီကို လှမ်းကြည့် လိုက်သည်။ သူ့နှုတ်ခမ်းက အပေါ်ထောင့် တွန့်ကွေးသွားပြီ မုရှီကို ဆဲလိုက်သည်။
“ အရူးကောင်ပဲ.. ”
မုရှီမျက်ဝန်းမှာတော့ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသော လူပုံရိပ် ကို ကြည့်ပြီ အစွဲမပြတ် ဖြစ်နေသည်။ တကယ်၍ သူတို့သာ ဆက် လိုက်မယ်ဆိုလျှင် မှော်သားရဲကောင်တောင်တန်းအတွင်းနယ်နမိတ် အတွင်းသို့ ဝင်သွားကြတော့မည်။ ထိုအချိန်ရောက်လျှင် ဟိုကောင် က ခြေဦးတည့်ရာ ရွေးပြေးပြီ ပုန်းနေနိုင်မည်။ သူတို့က လူအုပ်များ ၍ လူအများကြီးဖြင့် ထိုသို့ လုပ်နိုင်မှာ မဟုတ်ချေ။
မုရှီမှာ ဆက်လိုက်ရမည်လော မလိုက်ရမည်လော ထိုသို့ ဒွိဟစိတ် က လွန်ဆွဲနေသည့်အချိန်တွင် အရှေ့က ပြေးလွှားနေသော လူပုံရိပ် က တုံ့ခနဲ ရပ်သွားသည်ကို တွေ့လိုက်သည်။ သူ တချက်တော့ အံ့ သြသွားသည်။ တဖန် ဖုံးဖိမရသော ပျော်ရွှင်မှုက မျက်နှာထက် လျှံ တက်လာသည်။ ခြေလှမ်းကို လှမ်း၍ အရှေ့သို့ ဆက်ပြေးသွားလိုက် သည်။
အနားရောက်သွားသည့်အခါတွင် ထိုနေရာမှ မနီးသည့်နေရာတွင် ဆယ်မီတာအကျယ်ရှိသည့် ချောက်တစ်ခုက ခြားထားသည်ကို မြင်လိုက်သည်။ ထိုချောက်ကို လွန်လျှင် တစ်ဖက်ကမ်းသည် မှော် သားရဲကောင်တောင်တန်း၏ အတွင်းပိုင်း ဖြစ်ချေသည်။
“ သေမင်းချောက်ပါလား.. ဟဟ.. ရှောင်ယွင်.. ပြေးလမ်းက ဆုံး ပြီးပေါ့.. ”
မုရှီက ကောက်ကျစ်စွာဖြင့် ပြောလိုက်ရင်း အရှေ့တိုးလာကာ ရှောင် ယွင်အရှေ့ အကွာအဝေးတိုတွင် ရပ်လိုက်သည်။ သူ့လက်ကို ဝှေ့ ယမ်းလိုက်သည့်အခါ အနောက်က ကြေးစားစစ်သည်တို့က ခပ် သွက်သွက်ဖြင့် ရှောင်ယွင် ပတ်လည်ကို စက်ဝိုင်းခြမ်းသဏ္ဍာန် နေရာယူ ဝိုင်းလိုက်ကြသည်။
ချောက်ကမ်းပါးကို မျက်နှာမူကြည့်ရင်း စိတ်မသက်မသာဖြင့် ရှောင် ယွင်မှာ ခါးသီးစွာ ပြုံးလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။ မှော် သားရဲကောင်တောင်တန်းအတွင်းသို့ ဝင်ရန်လမ်းကြောင်းမှာ နှစ်ခု ရှိသည်။ ထိုလမ်းကြောင်းနှစ်ခုမှလွဲလျှင် တခြားနေရာအားလုံးကို ချောက်ကမ်းပါးဖြင့် ပိုင်းကန့်ထားပေသည်။ ယခုကဲ့သို့ ခြေဦးတည့် ရာ ပြေးလာရမှ ချောက်ကမ်းပါးနှင့် ကြုံကြိုက်သွားလိမ့်မည်ဟု ရှောင်ယွင် တကယ် မထင်မှတ်ထားမိပေ။
“ ရှောင်ယွင်.. မင်း ဂူထဲကနေ ရလာသမျှအကုန် ငါ့တို့လက်ထဲကို အပ်လိုက်.. ”
မုရှီက အရှေ့တက်ပြီ အေးစက်စက် ပြောလိုက်၏။
“ ခင်ဗျားကို တကယ် အပ်ရမှာပေါ့လေ.. ”
ရှောင်ယွင်က ဝံပုလွေခေါင်းအဖွဲ့ဝင်မဟုတ်သည့် တခြားသော ကြေး စားစစ်သည်တို့ကို ဝေ့ဝဲကြည့်လိုက်ပြီးမှ မုရှီကို ဗြုန်းစားကြီး ပြုံးပြ လိုက်သည်။
ရှောင်ယွင်စကားကို ကြားလိုက်သည့်အခါတွင် တခြားသော ကြေး စားစစ်သည်တို့မှာ မရိုးမရွ ဖြစ်သွားကြသည်။ အများစုက လိုက်ဖမ်း သည့်နေရာတွင် လက်မလျှော့ဘဲ ပါလာကြသော လွတ်လပ်သည့် ကြေးစားစစ်သည့်များ ဖြစ်ကြသည်။ ( လွတ်လပ်သည့်ကြေးစားဆို သည်က အဖွဲ့တစ်ခုခုထဲ ဝင်မပါဘဲ တစ်ကိုယ်တော် အမဲလိုက်ကြ သူများ ဖြစ်သည်။ ) သူတို့က ရလာသမျှ အကျိုးအမြတ်ကို ဝံပုလွေ ခေါင်းကြေးစားအဖွဲ့က လက်ဝါးကြီးအုပ်လိုက်မှာကို မလိုလားကြပါ။
မုရှီက ရှောင်ယွင်က အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ရှောင်ယွင် က တခြားသူတွေနှင့် တဖက်လှည့်ရန်တိုက်ပေးလိုက်မှန်း အကင်း ပါးစွာ သဘောပေါက်လိုက်သည်။ ဘေးပတ်လည်ကို ကြည့်လိုက်ခါ စကားဆိုလိုက်သည်။
“ အားလုံးပဲ.. ဟောဒီ ရှောင်ယွင်က ငါတို့ ဝံပုလွေခေါင်းကြေးစား အဖွဲ့သား တစ်ဒါဇင်ကျော်ကို သတ်ခဲ့ပါတယ်.. ဟီမန်တောင်မှ သူ့ လက်ချက်တောင် သေသွားရသေးတယ်.. ဒီသွေးကြွေးအတွက် သူ့ အသက်နဲ့ သူ ပြန်ဆပ်ပေးရလိမ့်မယ်.. နောက်ပြီ ဂူကနေ ရလာတဲ့ အရာတွေက ကျုပ်သားက ရှာတွေ့ရှိခဲ့တာ.. ဒီနေ့ ကျုပ်တို့နဲ့ သက် ဆိုင်တဲ့ အရာကို ကျုပ်တို့က ပြန်ယူရုံပဲ.. ဒီကိစ္စမှာ ခင်ဗျားတို့က ကြားဝင် မနှောင့်ယှက်ကြဖို့ မျှော်လင့်ပါတယ်.. ဒီကိစ္စသာ အရာ ပြီးမြောက်သွားခဲ့ရင်.. အားလုံးကို ဆုလာဘ်ကြီးကြီး ချီးမြင့်ပါ့မယ်..”
မုရှီ၏ စကားကို ကြားလိုက်ရသည့်အခါတွင် အားလုံးက သူ့ ရည် ရွယ်ချက်ကို သဘောပေါက်လိုက်သည်။ သူက အားလုံးကို သူ့ အိတ်ကပ်ထဲ ထည့်ချင်နေတာဟာ သိသာထင်ရှားနေသည်။
မုရှီက လွတ်လပ်သည့် ကြေးစားစစ်သည်တို့ကို စူးရှသော အကြည့် ဖြင့် လိုက်ကြည့်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ တွင် ဝံပုလွေခေါင်းကြေးစားစစ်သည်အဖွဲ့သားတို့က ခါးတွင် ချိတ်ဆွဲ ထားသော လက်နက်များ ကို လျင်မြန်စွာ ကိုယ်စီ ထုတ်လိုက်ကြ သည်။ ပြီးလျှင် တွေဝေစဉ်းစားနေကြသေးသည့် လွတ်လပ်သော ကြေးစားစစ်သည်များကို အေးစက်စွာ စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ သတ်ဖြတ်လိုသည့် အငွေ့အသက်မှာ ထင်ထင်ရှားရှားပင်။
ဝံပုလွေခေါင်းကြေးစားအဖွဲ့သားတို့က လူအင်အား ပိုများနေလေရာ ထို လွတ်လပ်သည့် ကြေးစားစစ်သည်တို့မှာ မည်မျှပင် မကျေမချမ်း ဖြစ်သွားပါသော်လည်း မတတ်သာစွာဖြင့် အနောက်ဆုတ်လိုက်ကြ သည်။
လွတ်လပ်သည့် ကြေးစားစစ်သည်တို့ ပြန်ဆုတ်ခွာသွားလျှင် မုရှီက သူ့အေးစက်စက်အကြည့်ကို ရှောင်ယွင်ဆီ ပို့လိုက်သည်။ သူ့လက် ထဲက ဓားမောက်ရှည်ကို ကျစ်ကျစ်ဆုပ်ရင်း ရှောင်ယွင် ဆီကို ဖြည်း ဖြည်း တိုးသွားလိုက်သည်။ ရှောင်ယွင်မှာ ချောက်ကို ကျောပေးရပ် ထားသည်။
“ တကယ်လို့ အခု မင်း ပစ္စည်းတွေ အပ်ပေးမယ်ဆိုရင်.. မင်းကို မနာမကျင်ဘဲနဲ့ သေခွင့်ပြုပေးမယ်.. ”
မုရှီ၏ ကောက်ကျစ်သော မျက်နှာကို ကြည့်ပြီ ရှောင်ယွင် ပခုံးကို အသာတွန့်လိုက်ရင်း အသက်ပြင်းချလိုက်သည်။ လက်ဖျောက် တချက်တွက်လိုက်လျှင် ကြီးမားပြီ အနက်ရောင်ပေတံဓားကြီးက လက်ပေါ် ရောက်ရှိလာသည်။ လက်မောင်းကို မြှောက်၍ ပခုံးဖြင့် ဟန်ပါပါ ထမ်းထားလိုက်ရင်း ခေါင်းကို အနည်းငယ်စောင်းလိုက် ကာ ခပ်ရွဲ့ရွဲ့လေး ပြုံးထားလိုက်၏။
“ ကဲ.. သတ္တိရှိရင် အရှေ့လာယူလေ.. ”
==============================
No comments:
Post a Comment