Followers

Chapter 112

အပိုင်း ၁၁၂

ကောင်းကင်​ဘုံသို့ စစ်​ပြိုင်​ခြင်း
Battle Through The Heavens

ကြီးမားသော လူအုပ်စုတစ်စုသည် တိတ်ဆိတ်နေသည့် တောအုပ်ထဲကို ဖြတ်နင်းလျှောက်နေကြသည်။ နိုးကြား နေသည့် မျက်လုံးတွေက ဘေးပတ်လည်က အမှောင် ကွယ်နေသည့် ခြုံပုတ်များကို ထောင့်စေ့အောင် ကြည့် နေသည်။ လက်တွင်လည်း လက်နက်ကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားရာ ရုတ်တရက် ဖြစ်ပေါ်လာနိုင် သည့် မည်သည့်အရာကိုမဆို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထား ကြသည့်ပုံမျိုး ဖြစ်လေသည်။ 

မှော်သားရဲကောင်တောင်တန်းတွင် နှစ်ပေါင်းများစွာ ကျင်လည်အသက်မွေးလာကြသည့် ဝါရင့်ကြေးစား စစ်သည်များ ဖြစ်ကြသည်အလျောက် ထိုအဖွဲ့တွင် ယခုမှ စတွေ့ကြသည့်လူတွေ ဖြစ်နေကြပေမဲ့ တစ် ယောက်ကိုတစ်ယောက် အခြေခံနားလည်မှုတွေနှင့် ပူးပေါင်းဆောင်ရွက်တတ်ကြသည်။ အချင်းချင်း အကြည့်ချင်းဖလှယ်ရုံနှင့် တစ်ဖက်လူ၏ မျက်ဝန်းထဲမှ အန္တရာယ်ရှိသည့်အချက်ပြမှုလား စိတ်ချရသည့် အချက်ပြမှုလား ဆိုတာကို ဖတ်ရှုတတ်ကြသည်။ 

ကြီးမားသည့် အနက်ရောင်ဓားကြီး၏ လေးလံမှုအပြင် ဒိုချီစွမ်းအင်ကို ဖိနှိပ်နိုင်သော အစွမ်းကြောင့် ရှောင်ယွင် အတွက် ခရီးသွားရာတွင် အခက်အခဲ ဖြစ်စေသည်။ လမ်းလျှောက်ရာတွင်လည်း မြေကြီးကို နင်းလိုက်တိုင်း မြေသားထဲ နစ်ဝင်သွားတတ်သည်။ ထိုပုံစံကြောင့် ခရီးထွက်လာသည်မှာ မကြာသေးသော်လည်း ရှောင် ယွင်မှာ မောဟိုက်နေကာ ချွေးထွက်နေပြီး ဖြစ်သည်။ 

ရှောင်ယွင်သည် မျက်နှာက ချွေးတွေကို သုတ်လိုက်ပြီး သူတို့ လိုက်ပါစောင့်ရှောက်လာသော ဆေးပင်တစ် ထောင်အိမ်တော်၏ ဆေးပင်စုဆောင်းသည့်အဖွဲ့ကို ပြန်လှည့်ကြည့်လိုက်သည်။ မျက်လုံးဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည့်အချိန်တွင် အဖွဲ့၏ အလယ်နေရာ တွင် ရှိနေသာ အဖြူရောင်အဝတ်နှင့် မိန်းမပျိုဆီကို ရောက်သွားသည်။ သူမသည် အဖွဲ့ကြားတွင် ရှိနေ သည်ပုံမှာ ကြယ်များ ဝန်းရံခစားနေသည့် လမင်းပမာ ထင်မှတ်ရသည်။ 

ထိုစဉ် နတ်မိမယ်သမားတော်မလေးဟုလည်း သိကြ သည့် မိန်းမပျိုလေးမှာ ခါးကိုလှည့်၍ အညောင်းဖြေ လိုက်သလို နဖူးတွင် ဆွဲခိုနေသော ချွေးစက်ကိုလည်း သုတ်လိုက်သည်။ လေကို ပင့်သက်ရှိုက်၍ ရှုသွင်းဟန် သူမ၏ ချောမောလှပသည့် မျက်နှာအချိုးအစားတို့ ကြောင့် အလွန်တရာ ချစ်နှစ်သက်ဖွယ်ကောင်းလှသည့် ပန်းချီကားတစ်ခုကို ကြည့်နေရသလို လှပလွန်းနေ၏။

နတ်မိမယ်သမားတော်မလေး၏ ပုံရိပ်ကို မြင်သည့်အခါ တချို့သော ကြေးစားစစ်သည်တို့သည် သူမကို ထမ်းပိုး သယ်သွားချင်စိတ်ပင် တဖွားဖွား ဖြစ်ပေါ်လာကြသည်။ သို့သော် သူတို့က သယ်ချင်ပါသော်လည်း နတ်မိမယ် သမားတော်မလေးက အပြုံးနှင့်ငြင်းမည်ဆိုတာကိုပါ အသေအချာ သိနေသည်။ 

အားလုံး၏ အကြည့်က နတ်မိမယ်သမားတော်ဆီကို ရောက်နေသည့်အချိန်တွင် အနည်းငယ်ချောမောသည့် လူငယ်တစ်ယောက်က ကြေးစားစစ်သည်အဖွဲ့မှ ထွက် လာသည်။ သူသည် ခေါင်းကို နိမ့်ကာဖြင့် နတ်မိမယ် သမားတော်မလေးကို တစ်ခုခု စကားပြောလေသည်။ 

စကားအနည်းငယ်ဆိုကြပြီးလျှင် နတ်မိမယ်သမားတော် သည် ရိုးရှင်းစွာ ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်ပြီး နောက် ခြေလျင်ဖြင့်သာ ခရီးဆက်သွားသည်။ 

နတ်မိမယ်သမားတော်မလေး၏ ငြင်းဆိုခြင်းကို ခံလိုက် ရသော်လည်း ထိုလူငယ်၏ မျက်နှာတွင် ဒေါသအရိပ် အယောင် တစ်စက်မှ မဖြစ်ပေါ်ချေ။ ထိုအစား ခပ်ယဲ့ယဲ့ လေးသာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြော လိုက်သည်။ 

" ကဲ ဝံပုလွေခေါင်းအဖွဲ့သားတို့ရေ.. ငါတို့ မှော်သားရဲ ကောင်တောင်တန်းရဲ့ နယ်နိမိတ်ထဲကို ဝင်တော့မယ်.. တလွဲတချော်တွေ မဖြစ်မိစေနဲ့.. "

" ဟုတ်ကဲ့ပါ သခင်လေး.. "

ထိုလူငယ်၏ စကားကို ကြားလိုက်သည့်အခါ လူငယ်၏ အနားတွင် ဝန်းရံနေကြသော လူအယောက် ဆယ်ယောက်ကျော်တို့က ချက်ချင်း ပြိုင်တူ တုံ့ပြန်လိုက် ကြသည်။ စည်းစနစ်ရှိသည့် ထိုအသံကြောင့် အားလုံး၏ အကြည့်ကို ဆွဲဆောင်သွားသည်။ နတ်မိမယ်သမားတော် ပင် အနောက်ပြန်လှည့်ကြည့်မိသည်။ 

သူ့လူ၏ ချက်ချင်း နာခံလိုက်ပုံကြောင့် လူငယ်မှာ အလွန်ကျေနပ်သွားပြီး အနည်းငယ် ပြုံးလိုက်ပြီးနောက် ခြေလှမ်းကို ခပ်သွက်သွက်လှမ်း၍ နတ်သမိးသမားတော် ဆီကို အမှီလျှောက်လိုက်သည်။ သူမဘေးနားတွင် ကပ် လျှောက်နေရင်း သူမကို စိတ်ပါလက်ပါဖြင့် အနီးကပ် စောင့်ရှောက်မှု ပေးလာခဲ့သည်။ 

" ဟွန့်.. သူ့အဖေက ဝံပုလွေခေါင်း ကြေးစားစစ်သည် အဖွဲ့ခေါင်းဆောင်မို့လို့ပါ.. ဒီလောက်လေးနဲ့များ နတ်မိမယ်သမားတော်မလေးရဲ့ နှလုံးသားကို အပိုင်သိမ်း နိုင်မယ်လို့ ထင်နေတာလား မသိဘူး.. "

နတ်မိမယ်သမားတော်မလေးနှင့် ယှဉ်လျှောက်လျက် စကားတပြောပြောနှင့် ရှိနေသော လူငယ်ကို ကြည့်ပြီး ရှောင်ယွင်ဘေးနာက ကြေးစားစစ်သည်တစ်ယောက် သည် မနာလိုသော လေသံဖြင့် ပြောလိုက်သည်။ 

ရှောင်ယွင်သည် မျက်လုံးကို ကျဉ်း၍ ထိုလူငယ်ဆီကို ကြည့်လိုက်သည်။ ထိုလူငယ်၏ ရင်ဘက်ပေါ်က အမှတ်တံဆိပ်ဆီကို အကြည့်ရောက်သွားသည်။ ထိုအမှတ်တံဆိပ်မှာ မျက်လုံးတစ်လုံးနှင့် ဝံပုလွေခေါင်း ပုံစံ ဖြစ်သည်။ 

ထိုလူငယ်ကို ကြည့်ပြီးလျှင် နောက်ထပ် လူအယောက် သုံးဆယ်ကျော်တို့မှာလည်း အလားတူ အမှတ်တံဆိပ် ရှိနေသည်ကို ရှောင်ယွင် ထပ်မြင်ရပြန်သည်။ ယခု အုပ်စုသည် ဝံပုလွေခေါင်းကြေးစားစစ်သည်ဋ္ဌာန၏ အဖွဲ့တစ်ခုဖြစ်မည်။ ဝံပုလွေခေါင်းကြေးစားစစ်သည် ဋ္ဌာနသည် ကျွင်းရှန်မြို့တွင် ရှိသော ကြေးစားစစ်သည် အဖွဲ့ကြီးထဲတွင် တစ်ခုဖြစ်သည်။ 

ဆေးပင်စုဆောင်းသည့်အဖွဲ့ကိုပင် ဝံပုလွေခေါင်းကြေး စားစစ်သည်အဖွဲ့က စောင့်ရှောက်မှုပေးထားသည်ကို ကြည့်လျှင် ဆေးတစ်ထောင်အိမ်တော်က ကာကွယ် စောင့်ရှောက်မှုပေးရန်အတွက် အထူးတလည် ငှားရမ်း ထားမှန်း သိသာထင်ရှားနေပြီ။ တဖန် ဆေးတစ်ထောင် အိမ်တော်ကလည်း ဝံပုလွေခေါင်းအအဖွဲ့ကို တခြား ကြေးစားစစ်သည်အဖွဲ့များထက် ပိုပြီး ယုံကြည်အားကိုး နေပုံလည်း ရသည်။ သို့မဟုတ်လျှင် ဆေးတစ်ထောင် အိမ်တော်က သူတို့ကို ကာကွယ်စောင့်ရှောက်သူအဖြစ် ငှားရမ်းမည်မှာ မဟုတ်ချေ။ 

ရှောင်ယွင်သည် အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက် သည်။ သူသည် ထိုလူငယ်ကိုရော နတ်မိမယ်သမားတော် ကိုပါ စိတ်မဝင်စားချေ။ ထို့ကြောင့် ခေါင်းကို ယမ်းလိုက် ပြီး သူ့၏ လေးလံသော ခြေလှမ်းများဖြင့် မှော်သားရဲ ကောင်တောင်တန်းထဲကို ဆက်လျှောက်လေသည်။ 

မှော်သားရဲကောင်တောင်တန်းအပြင်ဘက်တွင် အရာ အားလုံးဟာ အေးဆေးငြိမ်သက်သလောက် အတွင်း နယ်နမိတ်အထဲ ဝင်လာသည့်အခါတွင် မှော်သတ္တဝါ တစ်ကောင်၏ တိုက်ခိုက်မှုနှင့် ကြုံလိုက်ရပြီး ရက်ရက် စက်စက်ပင် ပြန်လှန်သတ်ဖြတ်လိုက်သည်ကို ရှောင်ယွင် မျက်မြင် မြင်လိုက်ရသည်။ 

ဝင်ရောက်တိုက်ခိုက်လာသော သတ္တဝါမှာ အဆင့်၁ မှော်သားရဲကောင် သုံးကောင်ဖြစ်ပြီး ရေခဲနီမြွေ ဖြစ် သည်။ ထိုသတ္တဝါမျိုးမှာ မှော်သားရဲကောင်တောင်တန်း ၏ အနားသတ်မှာ မကြာခဏ တွေ့ရသည်။ ၎င်းမြွေ သည် ရေခဲသဘာဝရှိပြီး သူတို့တွင် ရေခဲအဆိပ်လည်း ပိုင်ဆိုင်ထားသည်။ ၎င်းအဆိပ်မိ၍ နေ့တစ်ဝက်အတွင်း မကုသနိုင်ခဲ့လျှင် သွေးများ အေးစက်သွားပြီး အသက် သေဆုံးသွားစေမည်။ 

ပထမတွင် အဆင့်၁ ရေခဲနီမြွေသုံးကောင်မှာ သစ်ပင် ကိုင်းသုံးကိုင်းတွင် ရစ်ခွေနေသည်။ ထို့နောက် လျှပ်စီး လက်သလို အလျင်နှုန်းဖြင့် ကြေးစားစစ်သည်တို့ကို အံ့သြစေကာ သူတို့ထဲမှ သုံးယောက်အား အလွယ်တကူ ပင် ရစ်ပတ်ပြီး အဆိပ်သင့်သွားစေသည်။ ချက်ချင်းပင် အဖွဲ့ဝင်သုံးယောက်တို့၏ မျက်နှာမှာ အေးစက်ဖြူဖျော့ သွားပြီး ခြေလက်များ အေးစက်လာကာ အလောင်း ကောင်လို ဖြစ်လာသည်။ 

တိုက်ခိုက်ခံလိုက်ရပြီးဆိုတာကို သိသည်နှင့် အားလုံး ဟာ ဒေါသတကြီးဖြင့် ပြန်လည်တိုက်ခိုက်လိုက်ကြ သည်။ ခဏအကြာတွင် အဆင့်၁ မှော်သားရဲကောင် တို့ သည် ကြေးစားစစ်သည်အဖွဲ့လက်ချက်ဖြင့် အသတ်ခံ လိုက်ရသည်။ သို့ပေမဲ့ သားရဲကောင်ခန္ဓာကိုယ်တွင်းမှ မွန်းစတားအမြူတွေတစ်ခုမှာ မတွေ့ရသည့်အခါ ကြေးစားစစ်သည်တို့က စိတ်ပျက်သွားကြသည်။ တောနက်ထဲတွင် ပြင်းထန်စွာ ဒဏ်ရာရခြင်းက ထုံးစံလို ဖြစ်နေပြီး မှော်သားရဲကောင်ကို သတ်ပြီးသော်လည်း ဘာမှ မရလိုက်ခြင်းကလည်း ဖြစ်တတ်သည်။ ထို့ကြောင့် သူတို့သည် မွန်းစတားအမြူတေရဖို့ကို မျှော်လင့်ချက် သိပ်မထားကြပေ။ 

ရေခဲနီမြွေကို သတ်လိုက်ပြီးသည်နှင့် ရေခဲအဆိပ် မိသွားသော ကြေးစားစစ်သည်သုံးယောက်ကို ဆေးပင်စုဆောင်းသည့်အဖွဲ့နှင့် နတ်မိမယ်သမားတော် မလေးရှိရာအနောက်သို့ အမြန်ပို့လိုက်ပြီး အဆိပ်ကို ဖယ်ရှားခိုင်းလိုက်ရသည်။ 

ရေခဲနီမြွေ၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် ကြေးစားစစ်သည်အဖွဲ့သည် ပို၍ ဂရုစိုက်လာကြသည်။ ဒါပေမဲ့လည်း မှော်သားရဲကောင်များ ပေါများသည့် မှော်သားရဲကောင်တောင်တန်းထဲ သွားနေရသည်မို့ မှော်သားရဲကောင်တို့အား ရှောင်ရှားဖို့ကလည်း ဘယ်လို မှ မဖြစ်နိုင်ပေ။ 

နောက်ထပ် ၁ ကီလိုမီတာတစ်ဝက်ကို ရောက်သည့်အခါ တွင်လည်း မှော်သားရဲကောင်တို့နှင့် သုံးခါ ဆုံမိပြန် သည်။ ကံကောင်းစွာဖြင့် မှော်သားရဲကောင်တို့ထက် ကြေးစားစစ်သည်တို့က ပိုအုပ်စုတောင့်၍ မှော်သားရဲ ကောင်တို့၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ကာ အသေးစားဒဏ်ရာလောက်သာ ရရှိခဲ့သည်။ 

ရှောင်ယွင်သည်လည်း စောင့်ရှောက်ရသည်ဖြစ်၍ တိုက်ပွဲတစ်ခုမှာ ဝင်ရောက်တိုက်ခိုက်ရလေသည်။ သို့ပေမဲ့ အဆင့်၁ မှော်သားရဲကောင်နှင့် ရင်ဆိုင်တိုက် ခိုက်ရသည်မို့ ရှောင်ယွင်မှာ လက်တစ်ဖက်က နာကျင် သွားခဲ့ရသည်။ 

ရှောင်ယွင်၏ ထိရောက်မှုမရှိလိုက်သော တိုက်ခိုက်ဖြင့် လျင်မြန်သွက်လက်လွန်းသော မှော်သားရဲကောင် လွတ်မြောက်သွားသည့်အခါ ရှောင်ယွင်သည် ဒေါသ ထွက်စွာဖြင့် အံကြိတ်ထားသည်။ တကယ်၍ ပေတံဓား ကြီးက သူ့၏ ဒိုချီစွမ်းအင်ကို မဖိနှိပ်ထားပါက သူသည် သေချာပေါက် မှော်သားရဲကောင်ကို သတ်နိုင်မည် ဖြစ် သည်။ 

မှော်သားရဲကောင်ကို လွတ်မြောက်ခဲ့သော်လည်း ရှောင် ယွင် ထုတ်သုံးလိုက်သော ခွန်အားကြောင့် တခြားသော ကြေးစားစစ်သည်တို့ကို သူ့အား လေးစားစွာဖြင့် ကြည့် သွားစေခဲ့သည်။ 

" ညီလေး.. မင်းက အတော်လေး သန်မာတာပဲ.. သန်မွာလွန်းလို့ နာမည်ကြီးတဲ့ မြွေမြီးကျားသစ်ကို တောင် ပြန်တိုက်နိုင်တယ် "

" အားပါးပါး.. ငယ်ငယ်ရွယ်ရွယ်နဲ့ သန်မာလှချည်းလား.. နောက်ဆိုရင် ဘယ်လောက်အထိ စွမ်းအားကြီးလာမလဲ ဆိုတာ ငါတော့ မခန့်မှန်းတတ်တော့ဘူး.. "

" ဟဟ.. ဒီကောင်လေးက ဒိုကျဲအဆင့် ကြယ် ၂ လုံး သမားတွေထဲမှာ အငယ်ဆုံးဖြစ်မယ်.. အခု သူ့ခွန်အား ကို ကြည့်ရင် ဖြစ်နိုင်တယ်ကွ.. "

ဘေးနားက ကြေးစားစစ်သည်တို့သည် တိုးတိုးတိတ် တိတ်ပင် ချီးကျူးနေကြသည်။ ကြီးမားသော ဓားနှင့် လူငယ်ကို ကြည့်သည့်အခါတွင်လည်း စူးစမ်းလိုသော ဆန္ဒက သူတို့၏ မျက်ဝန်းတွင် ဖြစ်သွားကြသည်။ 

လူတစ်ဦး၏ ခွန်အားသည် ထိုသူ၏ အဆင့်ကို သတ် မှတ်ကြသည်။ ပိုင်ဆိုင်ထားသည့် ခွန်အားက တခြား သူကို အံ့သြသွားစေခဲ့လျှင် ထိုသူတို့၏ လေးစားခြင်းကို ခံစားရမည်။ ဤသည်မှာ ရိုးရှင်းပြီး မှန်ကန်သည့် သဘောတရားတစ်ခု ဖြစ်သည်။ 

ရှောင်ယွင်သည် ထိုချီးကျူးခြင်းကို ခံရသော်လည်း ပုံမှန်သာ ပြုံးနေလိုက်သည်။ သူ့အပြုံးတွင် ဝင့်ကြွား ခြင်းလည်း မရှိသလို ကျေနပ်နေသည်လည်း မရှိချေ။ ထိုအုပ်စုအနောက်ကိုသာ လိုက်ပါ၍ ဆေးပင်တူးဖော် ကြမည့်နေရာကိုသာ ဆက်လက်ချီတက်သွားသည်။ 

" အားလုံး. အားလုံး.. ဆေးပင်ယူကြမယ့် နေရာကို ရောက်ခါနီးနေပြီ.. အဝေးကြိးလျှောက်လာကြတော့ အားလုံးကလည်း ပင်ပန်းနေပြီး.. ခန အနားယူလိုက် ရအောင်.. " 

နောက်ထပ် ခပ်ဝေးဝေးလျှောက်လာပြီးသည်နောက် ညင်သာပြီး လတ်ဆတ်သည့် အမျိုးသမိးတစ်ဦး၏ အသံက တိတ်ဆိတ်နေသည့် အုပ်စုထဲကနေ ထွက် ပေါ်လာသည်။ 

ချီတက်နေကြသော ခြေလှမ်းများ နှေးသွားကြပြီး တစ်ချိန်တည်းမှပဲ အားလုံးဟာ ရပ်တန့်လိုက်ကြသည်။ အနောက်လှည့်ပြီး အပြစ်ကင်းစွာ ပြုံးနေသော မိန်းမပျို လေးကို မျက်နှာမူပြီး သဘောတူစွာ ခေါင်းညိတ်လိုက် ကြသည်။ 

ကြေးစားစစ်သည်တို့လည်း လျင်မြန်စွာ တိုင်ပင်လိုက် ပြီးနောက် အယောက်ဆယ်ယောက်ကျော်တို့သည် ဘေးပတ်လည်ကို ခွဲထွက်သွားကြပြီး ကင်းစောင့်ကြ လေသည်။ ကျန်ရှိနေသူများက မြေကြီးပေါ် ထိုင်ချလိုက် ပြီး ခရီးစဉ်တစ်လျှောက် ရင်ဆိုင်လာ၍ ကုန်ဆုံးသွားခဲ့ သည့် ခွန်းများကို ပြန်လည်ဖြည့်တင်းကြသည်။ 

မြေကြီးပေါ်ထိုင်ချလိုက်ပြီ ရှောင်ယွင်လည်း အသက်ကို ဖြည်းလေးစွာ မှုတ်ထုတ်လိုက်သည်။ သူ့လက်ချောင်း မြှောက်လိုက်ပြီးနောက် ခွန်အားပြန်လည်ဖြည့်တင်း သည့် ဆေးလုံးတစ်လုံးက လက်တွင် ရောက်လာသည်။ ဘေးပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး နောက် ခေါင်းကိုမော့၍ သမ်းဟန် ပြုလိုက်သည်။ ပါးစပ် ကို လက်ဝါးပြင်ဖြင့် ဖုံးကွယ်ထားလိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။ လျင်မြန်စွာ မျိုချလိုက်ပြီး အရိပ်အယောင်မထွက်ပေါ်စေဘဲ ဟန်မပျက် နေလိုက် သည်။ 

ဆေးလုံးသည် သူ့ကိုယ်ထဲ ဝင်သွားသည့်အခါတွင် ဆေး အစွမ်းက တစ်ကိုယ်လုံးအား ချက်ချင်း ပျံနှံ့သွားသည်။ ရှောင်ယွင်သည် သစ်ပင်တစ်ပင်ကို မှီလိုက်ပြီး မျက်လုံး ကို မှိတ်ထားလိုက်သည်။ ဆေးအစွမ်းက ကုန်ဆုံးသွား သော ဒိုချီစွမ်းအင်အား ပြန်လည်ဖြည့်တင်းနေခြင်းကို ထိုင်စောင့်နေလိုက်သည်။ 

ခွန်အားပြန်လည်ဖြည့်တင်းခြင်းဆေးလုံးအကူအညီဖြင့် ရှောင်ယွင်မှာ နဂိုမူလအခြေအနေကို လျင်မြန်စွာ ပြန် လည် ရောက်ရှိလာသည်။ သူ့ဘေးပတ်လည်က တခြား ကြေးစားစစ်သည်တို့မှာ ခွန်အားပြန်လည်ပြည့်တင်းလာ တာကို စောင့်နေဆဲ ဖြစ်သည်။ 

ဆေးလုံးရှိခြင်း၏ ကောင်းကျိုးကို စိတ်ထဲမှာ မှတ်ချက်ချ လိုက်ပြီးနောက် ရှောင်ယွင် မတ်တတ်ရပ်လိုက်သည်။ ဘေးပတ်လည်က ကြေးစားစစ်သည်တို့အား ခွင့်တောင်း လိုက်ပြီး ရှောင်ယွင်သည် ဘေးခြမ်းက တောထူထူဘက် ကို ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ 

ထို တောအုပ်ထူထူထဲတွင် အလင်းရောင်တို့က ခပ်မှိန် မှိန်သာ ရှိနေသည်။ သို့ပေမဲ့ ထိုနေရာကို တခြားကြေး စားစစ်သည်တို့က ကင်းထောက်လှမ်းထားပြီးပြီရာ မှော်သားရဲကောင်တို့၏ အလစ်ငိုက်တိုက်ခိုက်မှုကို ရှောင်ယွင် မပူပန်မိပေ။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ပြီး သူ့အတွက် သင့်တော်သော လေ့ကျင့်သည့် နေရာကို ရှာဖွေကြည့်သည်။ 

ရှောင်ယွင်သည် ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့် ရင်း သိပ်သည်းစွာ အုပ်ဆိုင်းနေသာ တောအုပ်အတွင်း သို့ ဝင်လာခဲ့သည်။ အကွာအဝေးတစ်ခုသို့ လျှောက်ဝင် လာပြီးသည့်အခါတွင် မှောင်အုံ့နေသာ ပတ်ဝန်းကျင်မှာ ရုတ်တရက် လင်းကျင်းသွားသည်။ ခေါင်းမော့ပြီး လေ့ လာကြည့်သည့်အခါတွင် တောအုပ်ထူထူ၏ အဆုံးကို ရောက်နေမှန်းသိလိုက်သည်။ သူ့အရှေ့တွင် မတ်စောက် သော ချောက်ကမ်းပါးက ရှိနေသည်။ ချောက်ကမ်းပါး အောက်ခြေတွင် စိမ်းလမ်းစိုပြေသော သစ်ပင်ချုံပင်များ ဖြင့် အလွန် မျက်စိပဒသာဒ ရှိလှသည်။ 

ရှောင်ယွင်သည် ချောက်ကမ်းပါးထိပ်ဘက်ကို ငုံ့ကြည့် သည့်အခါတွင် တစ်နေရာတွင် အကြည့်ရပ်တန့် သွား သည်။ နှာခေါင်းကိုပွတ်လိုက်ပြီးနောက် အဖြူရောင် ပန်းပွင့်များပွင့်လန်းနေသော အပင်များ တွယ်ကပ်ပေါက် နေသည့် ကျောက်ထရံအစွန်းကို ကြည့်လိုက်သည်။ 

ထိုအပင်တို့မှာ အဖြူဖျော့ဖျော့ပန်းပွင့်များ ရှိသည်။ ထိုသို့ ပွင့်လန်းနေသော အဖြူရောင်ပန်းပွင့်များကြားတွင် ကြက်သွေးရောင် အနီရင့်ရင့် အသီးတစ်လုံးက ပုန်း ကွယ်နေကာ ဆေးပင်ရနံ့လေးကလည်း သင်းသင်းလေး ပျံ့လွင့်နေသည်။ 

ထိုသစ်ပင်ကို သေချာစွာ ကြည့်မိသည့်အခါတွင် ရှောင်ယွင်၏ မျက်လုံးက ပြူးကျယ်သွားသည်။ ထို့နောက် ရှောင်ယွင်သည် ကိုယ်ကို ငုံ့ပြီး လက်ကို အပင်ဆီ ဆန့်တန့်၍ ခူးဆွတ်ရန် ဟန်ပြင်လိုက်သည်။ 

သူ့လက်က အပင်နှင့် ထိတော့မည့်အချိန်တွင် ချောက်ကမ်းပါးတစ်ဖက်မှ ကျောက်စိမ်းလို ဖြူစင်သည့် လက်တစ်ဖက်ကလည်း ရုတ်တရက် လှမ်းဝင်လာသည်။ ထိုလက်က အပင်ကို ဖမ်းဆွဲရန် လှမ်းလိုက်သော်လည်း ရှောင်ယွင်၏ လက်ကိုသာ ဖမ်းမိလိုက်သည်။ 

ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်သည် ရှောင်ယွင် လက်ကို ထိမိသည်နှင့် ခဏတာ ငြိမ်သက်သွားပြီး လျင်မြန်သည့်အဟုန်ဖြင့် လက်ကို ပြန်ရုတ်လိုက်သည်။ ခဏအကြာတွင် ဆောင့်ကြောင့်ထိုင်နေသော လူငယ်၏ အံ့အားသင့်နေသည့်အကြည့်အောက်မှာ ချောမောလှပ သည့် မျက်နှာတစ်ခုက ချောက်ကမ်းပါးတစ်ဖက်ကနေ ထွက်ပေါ်လာခဲ့သည်။ 

=============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...