ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ဂျားနန်အကယ်ဒမီကျောင်းမှာ ကျောင်းသား စုဆောင်းရေးအဖွဲ့အား ဦးဆောင်လာသော နည်းပြရောက်ရှိသည်ကို အစည်းအဝေးလုပ်နေ ကြသော ရှောင်ကျန်းနှင့် အကြီအကဲသုံးယောက်တို့ ကြားသိလိုက် သည့်အခါ တအံ့တသြဖြစ်သွားကြသည်။ ပြီးမှ မျက်နှာက ဝင်းပသွားကြကာ တစ်ယောက်ကို တစ်ယောက် ပြိုင်တူကြည့်လိုက်ကြပြီးနောက် ကမန်းကတန်းဖြင့် အစည်းအဝေးခန်းမကနေ ပြေးထွက်သွားကြကာ ကလန်ဝင်ပေါက်တံခါးဆီကို ပြေး၍ကာ လှပကြသော အမျိုးသမီးများအဖွဲ့ကို ကြိုဆို လိုက်ကြသည်။
ရှောင်ယွင်၏ မိတ်ဆက်ပေးမှုကြောင့်လည်း ကလန်နှင့် ဆရာမဖွဲ့တို့ စတင်ရင်နှီးကြလေသည်။ တဖန် ဆရာမရိုလင်းနှင့်အဖွဲ့က ကလန်မှာ တည်းမည် ဆိုတာကို သိလိုက်ရတော့ ရှောင်ကျန်းက ချက်ချင်းကို သဘောတူကာ အိမ်တော် အနောက်ဘက်ပိုင်းတွင် အခန်းလွတ်များကို ချက်ချင်းပြင်ဆန်ပေးဖို့ကိုလည်း တခြားလူတွေကို မြန်မြန်ဆန်ဆန် ဖြင့် ညွန်ကြား လိုက်သည်။ ရှောင်ကျန်း၏ ဧည့်ဝတ်ပျူငှာလှသော အပြုအမူကြောင့် ဆရာမရိုလင်းနှင့်အဖွဲ့သားများတို့အား သဘောကျသွားစေခဲ့သည်။
ဂျားနန်အကယ်ဒမီကျောင်းမှ လှပပြီး အစွမ်းအစရှိသည့် ကျောင်းသူလေးများကြောင့် ရှောင်ကလန်မှာ အရင်ကထက် တက်တက်ကြွကြွ ရှိသလို ဖြစ်လာ၏။ ကလန်မှာ လူပျိုလေးတွေက ယောင်လည်လည် ဖြင့် လှပျိုဖြူအဖွဲ့ဘက်ကို လာလာချောင်းကြည့်ကြလေ သည်။ တစ်ချိန်တည်းမှာပဲ မိန်းကလေးများ ဝန်းရုံခြင်းခံနေရပြီး မေးခွန်းများ အဆက်မပြတ် အမေးခံထိနေသော ရှောင်ယွင်ကိုလည်း မနာလိုစွာ ကြည့်လိုက်မိကြသည်။
နေဝင်ရီတရောအချိန်လည်း တဖြည်းဖြည်း ရောက်ရှိ လာခဲ့သည်။ ရှောင်ကလန်က အိမ်ရှင်အနေဖြင့် သူတို့အား အကောင်းဆုံး နေရာထိုင်ခင်းများကို လုပ်ဆောင်ပေးသည်။ ညနေစာ စားသောက် ပြီးမှာတော့ နှစ်ဖက်စလုံးက အတော်လေး ခင်ခင်မင်မင်ဖြင့် စကား ဝိုင်းဖွဲ့ပြောဆိုနေတာကို မြင်ရပြီးနောက် ရှောင်ယွင် အကြောင်းပြချက်ရှာပြီး အသာလေး သူ့အခန်းဆီကို ပြန်လာခဲ့သည်။ ညောင်းညာကိုက်ခဲနေသော ခန္ဓာကိုယ် အား အိပ်ရာပေါ် လှဲအိပ်ချလိုက်သည်။ ဒီနေ့ ဆရာမရိုလင်းနှင့် တိုက်ပွဲတွင် သူ့ကို ဆရာရွဲ့လော်က အကူအညီ ပေးထားသော်လည်း သူ့အတွက် တော်တော် လေး ပင်ပန်းသွားခဲ့ရ၏
***
နောက်တစ်နေ့ မိုးသောက်ထအချိန်တွင် နေရောင်ခြည်က ပြတင်းပေါက်ကနေ အခန်းထဲကို ဖြတ်ဝင်လာ၍ အခန်းတစ်ခုလုံး အလင်းရောင်များ ပြည့်လာခဲ့၏။ အိပ်ရာထက်က ရှောင်ယွင် တစ်ယောက် အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်၏။ ငိုင်တိငိုင်တိုင်ဖြင့် ထိုင်နေပြီးမှ အိပ်ရာကနေ ထွက်လာပြီး သမ်းတဝါးဝါးဖြင့် ပြုမြဲအတိုင်း မျက်နှာသစ်လေတော့သည်။
" ဆရာရွဲ့လော်.. ကျွန်တော်တို့ ဒီကနေ ဘယ်အချိန် ထွက်ကြမှာလဲ ? "
ရေစိုမျက်နှာကို သုတ်လိုက်ရင်း ရှောင်ယွင် ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်သည်။
" အပြင်ထွက်ပြီး တချို့ဟာတွေ ပြင်ဆင်ရဦးမယ်. ရေတို့ အစားအသောက်တို့.. ပြီးတော့ ရွက်ဖျင်တဲ ပိုးမွှားသတ်ဆေးရယ်.. အဆင့်နိမ့် ဆေးအမယ် တွေရယ်.. အနာကျတ်ဆေး..နောက်ပြီး စွမ်းအင် ကုန်ခမ်းတာကို ပြန်ဖြည့်တင်းပေးမဲ့.. ဆေးတို့ ဒါတွေအားလုံးက ငါတို့ ခရီးမှာ လိုအပ်တဲ့ ဟာတွေပဲ ဒါဆို တောနက်နက်ထဲမှာ အကြာကြီး နေနေလို့ ရပြီး.. "
ဖောက်ထွင်းမြင်နေရသော ခန္ဓာကိုယ်အကြည်ပိုင်ရှင် ရွဲ့လော်က စားပွဲခုံနားမှာ ထွက်ပေါ်လာပြီး စကားကို အေးဆေးစွာ ပြောလေသည်။
" ဟားဟား.. ဒါဆို အဲဒါတွေ စုထားရမယ်.. "
ရှောင်ယွင်က ပြုံးရယ်ရင်း အဝတ်တွေကို မြန်မြန် ကောက်ဝတ် လိုက်သည်။
စိတ်အားထက်သန်နေသော ရှောင်ယွင်ကို ကြည့်ပြီး ရွဲ့လော်က မျက်ခုံးပင့်ကာဖြင့် နူးညံ့စွာ ပြောလိုက် သည်။
" မင်းဟာ မွေးလာကတည်းက တကယ့်တိုက်ပွဲတွေကို မကြုံတွေ့ခဲ့ဖူးဘူး.. လူတစ်ယောက်ရဲ့ အရည်အချင်းက တကယ့်ဒုက္ခတွေနဲ့ ကြုံမှပဲ ပွင့်ထွက်လာတာကိုး.. ဒီလို တော်ရိလျော်ရိ လေ့ကျင့်ခြင်းမျိုးနဲ့ တကယ့်ကို စွမ်းအားကြီးမားတဲ့ လူတစ်ယောက် ဖြစ်လာဖို့က မလွယ်ဘူး.. မင်းမှာက အစွမ်းအစ ရှိတယ်.. ဒါပေမဲ့ မင်းမှာ တကယ်လိုနေတာက တကယ့်တိုက်ပွဲ အတွေ့အကြုံတွေပဲ.. "
ရွဲ့လော်က အေးဆေးစွာ လက်ဖက်ရည်ပန်းကန်တစ်လုံး အား လက်ထဲတွင် လှည့်ပတ်ဆော့နေရင်း အဝတ်အစား ကို တက်သုတ်ရိုက် ဝတ်နေသော ရှောင်ယွင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
" တကယ့်တိုက်ပွဲအစစ်အမှန်မှ မင်းကို ပြောင်းလဲစေမှာ"
ရှောင်ယွင်သည် လက်သီးကို ဆုပ်လိုက်ပြီး ခေါင်းမော့ပြီး ရွဲ့လော်ကို ပြုံးပြလိုက်ကာ ပြောလိုက်သည်။
" ကျွန်တော် အဲဒါကို အောင်မြင်ဖို့ ယုံကြည်ချက် ရှိတယ်"
" အခုလို ယုံကြည်ချက်ရှိတာ ကောင်းပါတယ်လေ.. "
ရွဲ့လော်မှာ ရှောင်ယွင် ပြောစကားကြောင့် အတော်လေး ကျေနပ်သွားပြီး ပြုံးရင်း ခေါင်းညိတ်လိုက်လေသည်။
" ဟဲ.. အော် ဆရာ.. အရင်တစ်ခေါက်က ဆရာ ပြောထားတဲ့ ဒီအဆင့် သိုင်းဆိုတာကို ဘယ်တော့မှ ကျွန်တော်ကို သင်ပေးမှာလဲ.."
ရှောင်ယွင်မှာ ရယ်မောရင်း အရှေ့တိုးပြီး မေးလိုက် သည်။ သူက ထိုသိုင်းအား မျှော်လင့်နေသည်မှာ ကြာလွန်းနေပြီးမဟုတ်လား။
ပြုံးနေသည့် ရှောင်ယွင်မျက်နှာကို ကြည့်ပြီး ရွဲ့လော်၏ မျက်နှာတွင် စနောက်ချသည့် အမူအရာက ဖြစ်ပေါ်လာ သည်။
" အေးဆေးပေါ့.. မင်းကို သင်ပေးမယ်လို့ ပြောထားပြီးမှ ငါ့စကားကို ပြန်မဖျက်ပါဘူး.. ငါတို့ ဝူတန်မြို့ကနေ ထွက်သွားမယ့်အချိန်ထိ စောင့်ပါဦး ပြီးရင် ငါ့ဆီကနေ သင်ကြားဖို့ ပြင်ဆင်ထားပေတော့.. "
ရွဲ့လော်၏ အမူအရာကို ကြည့်ပြီး ရှောင်ယွင်သည် ရုတ်တရက် မသိုးမသန့် ခံစားလိုက်ရသည်။ နှစ်ချက်လောက် ခြောက်ကပ်ကပ်ရယ်လိုက်ပြီးနောက် စကားထပ်မမေးတော့ချေ။ လိုအပ်သည့် ပစ္စည်းများကို ရင်ဘက်က အိတ်ကပ်ထဲ အကုန်ထည့်လိုက်ပြီးနောက် အခန်းတံခါးဖွင့်ပြီး အပြင်ထွက်လိုက်သည်။
ထိုအချိန်မှာ ဆရာမရိုလင်းနှင့် ကျောင်းသူတို့က မြေကွက်လပ်ဆီကို သွားနေကြပြီးဖြစ်ကာ ကျောင်းသား အသစ် စာရင်းသွင်းခြင်းအား စတင်နေပြီး ဖြစ်သည်။ ထို့ကြောင့် ရှောင်မျိုးနွယ်အိမ်ဝင်းမှာ နောက်တကြိမ် ခြောက်ကပ်ကပ် ဖြစ်သွားသည်။
အချိုးအကွေ့အနည်းငယ်အား လမ်းလျှောက်လာပြီး နောက် ရှောင်ယွင်သည် ကလန်အိမ်ဝင်းကနေ ထွက် လာခဲ့လိုက်သည်။ သို့ပေမဲ့ အပြင်မြင်ကွင်းကို ကြည့် လိုက်သည့်အခါတွင် သူ ရုတ်တရက် ကြောင်အသွား သည်။
ကလန်ဝင်ပေါက်အရှေ့က လမ်းမကြီးမှာ မြင်းလှည်းတွေ နှင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ သားသားနား နား ရှိလှသော မြင်းလှည်းတွေ ဖြစ်သလို များပြားလှ သော တံဆိပ်အမှတ်အသားများ စုံလင်လှသည်။ ဒါတွေက ဝူတန်မြို့မှာ ရှိကြသော အင်းအားစုတွေ၏ အမှတ်အသားတံဆိပ်များ ဖြစ်ကြောင်း ရှောင်ယွင် သတိပြုလိုက်သည်။
" ကျွတ်စ်..ကျွတ်စ်.. သူတို့ သတင်းရတာကလည်း မြန်ဆန်လိုက်တာ.. "
ရှောင်ယွင်မှာ အံ့အားတသင့်ဖြင့် ခေါင်းကို ခါယမ်းပြီး အသက်ပြင်းချလိုက်သည်။ ဝူတန်မြို့မှာ ဂျားနန်အကယ်ဒမီကျောင်း၏ ဂုဏ်သတင်းကြီးမားမှုက အတော်လေး အားကောင်းကြောင်း ရှောင်ယွင် နောက်တကြိမ် အသိအမှတ်ပြုလိုက်မိပြန်သည်။
မြင်းလှည်းတန်းအား လမ်းလျှောက်ထွက်လာရင်း ကြည့်လာခဲ့ပြီးနောက် နောက်ဆုံးတွင် ကျော်လွန်လာ ခဲ့သည်။ ထိုလူတွေအား လျစ်လျူရှုထားပြီး ခြေလှမ်း ကျယ်ကျယ်ဖြင့် အရှေ့တည့်တည့်သာ ထွက်လာခဲ့ လိုက်သည်။
မြို့တွင်းလမ်းမတွေမှာ ဂျားနန်အကယ်ဒမီ ကျောင်သား အသစ်စုဆောင်းနေမှုကြောင့် ပိုပြီး အသက်ဝင်နေသလို ဖြစ်နေသည်။ ရှောင်ယွင်သည် အေးအေးဆေးဆေးဖြင့် သာ မြို့လယ်ခေါင်တွင်ရှိသော လေလံအိမ်သို့ ဦးတည် လိုက်သည်။ ရောက်ခါနီး နေရာသို့ ရောက်လျှင် ထုံးစံ အတိုင်း အနက်ရောက်ဝတ်ရုံအား ထုတ်ယူပြီး ဝတ်ဆင် လိုက်သည်။ ပြီးနောက်မှသာ စိတ်ချလက်ချဖြင့် လေလံ အိမ်အတွင်းသို့ ဝင်သွားလိုက်သည်။ လေလံအိမ်မှာ ယနေ့တွင် ခါတိုင်းထက် ပိုစည်ကားနေသည်။
ရဖေး.. ကုလားထိုင်တစ်လုံးတွင် ထိုင်နေသည်။ သူမ၏ ညာခြေထောက်က ဘယ်ခြေထောက်ပေါ် တင်ထား လျက် ထိုင်နေရာ ဖြူဖွေးသောခြေတံက ဆွဲဆောင်မှုရှိရှိ ဖြင့် ပေါ်ထွက်လို့နေသည်။
သူမ၏ လက်တွင်လည်း စာလိပ်ရှည်တစ်ခုအား ကိုင်ထားသည်။ အချိန်အတော်ကြာထိ စာလိပ်ထဲက စာရင်းကို ဖတ်ပြီးနောက်တွင် အံ့သြသွားသော အမူအရာက သူမ၏ မျက်နှာလေးတွင် ဖြစ်ပေါ်လာခဲ့ သည်။ ခေါင်းကို မော့ပြီး ဘေးဘက်တွင် ထိုင်နေသော အနက်ရောင်ဝတ်ရုံနှင့် လူကြီးအား ကြည့်ပြီး အံ့သြသော လေသံဖြင့် မေးလိုက်သည်။
" မောင်လေးရှောင်ယွင်.. ဘာလို့ အပြင်ခရီးသွားတဲ့ နေရာမှာ သုံးတဲ့ ပစ္စည်းတွေ စာရင်းစုထားရတာလဲ.. မဟုတ်မှလွဲရော.. ခရီးထွက်ဖို့ ပြင်ဆင်နေတာလား "
" အင်း.. ဟုတ်တယ်.. နောက်တစ်ရက် နှစ်ရက်နေရင် ဝူတန်မြို့ကနေ ထွက်သွားတော့မှာ.. ပြီးတော့ နောက် တစ်နှစ် နှစ်နှစ် နေမှ ပြန်လာနိုင်တော့မှာ.. "
ရှောင်ယွင်သည် ရေနွေးအား မှုတ်သောက်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
" တစ်နှစ် နှစ်နှစ်..? "
ရဖေးမှာ လုံးဝကို အံ့အားသင့်နေတော့သည်။
" ဘာလို့ ဒီလောက် အကြာကြီး.. ?. ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ..? "
" ဟားဟား.. ကျွန်တော်က အရွယ်ရောက်နေပြီးလေ.. ဒီတော့ အပြင်ထွက်ပြီး အတွေ့အကြုံရှာချင်တာပေါ့.. ဒီ မြို့သေးသေးလေးမှာပဲ.. အမြဲ မနေနိုင်ပါဘူးဗျာ.. "
ရှောင်ယွင် အသာပြုံးပြီး ဖြေလိုက်သည်။
" အင်.. မင်းရဲ့ အရည်အချင်းနဲ့ဆို. ဒီဝူတန်မြို့မှာ နေတာက စွမ်းအားကြီးသူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းကို ဖိနှိပ်ထားသလို ဖြစ်နေမှာပေါ့လေ. "
ရဖေးမှာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ ထို့နောက် အနည်းငယ်တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
" ဒါဆို မှော်ဆေးဆရာကြီးလည်း မင်းနဲ့အတူ ထွက်သွား မှာပေါ့.. ဟုတ်လားဟင်.."
" ဟုတ်တာပေါ့.. သူက ကျွန်တော်ရဲ့ ဆရာပဲလေ.. "
" အင်း.. ဒါကြောင့်ကိုး.. "
ရဖေး ခေါင်းညိတ်လိုက်ရင်း ရှောင်ယွင်ကို ခပ်ငေးငေး လေး ကြည့်လိုက်ပြီးနောက် ခန့်မှန်းကြည့်လိုက်သည်။
" ဒါဆို.. မင်းကရော.. မှော်ဆေးပညာရှင်လို့ သတ်မှတ် ရတော့မှာပေါ့.. "
" ရှောင်ကလန်က ထုတ်လုပ်ရောင်းချနေတဲ့ အနာကျတ်ဆေးက ကျွန်တော်ပဲ ဖော်စပ်ထားတာ.. "
ရှောင်ယွင်က ပြုံး၍ ပြန်ဖြေလိုက်သည်။ ယခုအခါတွင် သူသည် ဘာမှ ထိန်ချန်ထားခြင်းလည်း မရှိတော့သည်။
" ဟီဟီ.. ဒါကြောင့်ကိုး.. ဦးလေးကုနီက သွေးတိတ် ဆေးရဲ့ ဖော်စပ်မှုအဆင့်မှာ သင်္ကာစရာအချက် တွေ့ ထားပေမဲ့ မင်းဖော်စပ်တာကလို့ သူဘယ်ထင်မလဲ.. မှော်ဆရာကြီးနဲ့ မင်းတို့ ကြားထဲက ဆက်ဆံရေးကို သူမှ မသိဘဲ.. "
ရဖေးမှာ များစွာ မအံ့သြတော့ချေ။ သူမ၏ ခေါင်းကိုပဲ ညိတ်ရင်း ပြောလိုက်သည်။ တချို့အချက်တွေက သူမ ခန့်မှန်းထားသလို မှန်ကန်နေသည်၍ သူမ မျာစွာ အထိတ်တလန့် မဖြစ်တော့ပါဘူး။
" ဒါဆို စာရင်းထဲက ပစ္စည်းစာရင်းကို စုထားပေးပါ.. ကုန်ကျငွေကိုလည်း ဒီကတ်ထဲနေ နုတ်ထားလိုက်ပါ.. အဲဒီအတွက် မငြင်းပါနဲ့.. ဒီကနေ မထွက်သွားခင်မှာ ဘယ်သူ့ကိုမှ အကြွေးမတင်သွားချင်ပါဘူး.."
ရှောင်ယွင်မှာ သူ့၏အင်္ကျီရင်ဘတ်ထဲကနေ ရွှေရောင် ကတ်တစ်ကတ်ကို ထုတ်ယူလိုက်ပြီး ရဖေးကို ကမ်းပေး လိုက်၏။ ယင်းကတ်ထဲတွင် ရွှေဒင်္ဂါး ၄ သိန်းကျော် ရှိနေ သည်။ ဒါတွေက ရှောင်ကလန်၏ အနာကျတ်ဆေး ရောင်းရငွေထဲမှ သူ့အတွက် ဝေစုငွေ ဖြစ်သည်။
" ကောင်းပြီးလေ.. "
တစ်စုံတစ်ရာ စိတ်ပျက်သလို ဖြစ်သွားကာ ရဖေးသည် ခေါင်းညိတ်လိုက်ရပြီး ကတ်ကို လက်ခံယူလိုက်သည်။ ထို့နောက် အစေခံမလေးတစ်ယောက်ကို လက်ယပ်ခေါ် လိုက်ပြီး ရွှေရောက်ကတ်နှင့် စာလိပ်ကို ပေးလိုက်ပြီး ပစ္စည်းများ ခပ်သွက်သွက် စုယူလာရန် ညွန်ကြားလိုက် သည်။
" ကျွန်တော်ထွက်သွားပြီးနောက်ပိုင်းမှာ ပထမတန်း လေလံအိမ်ကလည်း ရှောင်ကလန်အိမ်ကို ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်.. နောင်တစ်ချိန်မှာ အစ်မရဖေးက အကူအညီလိုအပ်လာခဲ့ရင် ကျွန်တော် မျက်နှာလွှဲ မနေပါဘူး.. "
ရှောင်ယွင်သည် အသက်ရှုမှားလောက်အောင် မက်မော စွဲမက်ဖွယ်ကောင်းသည့် မိန်းကလေးအား ခေါင်းမော့ ကြည့်လိုက်ရင်း ပြုံးလျက် အကူအညီတောင်းလိုက်၏။
" ဟင်းဟင်း.. ငါ့ကို အစ်မရဖေး လို့ ခေါ်နေမှတော့ ဒီအစ်မက ဘယ်ငြင်းလို့ ရတော့မှာလဲ.. ဘာပဲဖြစ်ဖြစ်ပါ.. အစွမ်းအစက အကန့်အသတ်မရှိတဲ့ မှော်ဆေးပညာရှင် တစ်ယောက်ရဲ့ မျက်နှာသာပေးတာကို ရဖို့ ဘာမဆို လုပ်ပေးမှာပါ.. ငါ့ဘဝတစ်ခုလုံးစာ ပေးအပ်လိုက်ရင် တောင်မှပေါ့.. "
အစ်မရဖေးဟု သူမအား ရှောင်ယွင် ခေါ်ဆိုလိုက်သော အပြုအမူအပြင် စကားသံထဲမှာလည်း ရိုးသားမှုက သိသိသာသာထင်ရှားနေလေရာ ရဖေး၏ ရှည်လျားလှပ သော မျက်လုံးသည် ရွှန်းလဲ့တောက်ပ၍ လာသည်။ ပါးပြင်ကို လက်ထောက်လိုက်ရင်း သူမ၏ မျက်တောင် လေးကို ဝေခွဲမရသော ဟန်ဖြင့် တဖျတ်ဖျတ်ခတ်ရင်း အနက်ရောက်ဝတ်ရုံ နှင့် ဖုံးကွယ်ထားခြင်း မပြုထား သော လူငယ်၏ မျက်နှာ လေးဘက်ကို လှည့်၍ ကြည့် နေလိုက်သည်။ သူမ၏ ပြီးပြည့်စုံစွာ စွဲဆောင်မှုရှိသော မျက်နှာတွင် နှစ်သက်ကြည်နူးနေသည့်အပြင် ဆွဲငင် ညှို့ဓာတ်နှင့် ခပ်ပါးပါးလေး ထပ်မံဆွဲဆောင်နေသည်။
ထို့အပြင် စိတ်လှုပ်ရှားစေလောအောင် ဖြားယောင်း ဆွဲဆောင်နိုင်လွန်းသော ရဖေး၏ စကားသံကြောင့် ရှောင်ယွင်၏ နှလုံးသားမှာ တသိမ့်သိမ့် တုန်တုန်ယင် ယင် ဖြစ်လာသည်။ ရှောင်ယွင် ချက်ချင်းပဲ ခေါင်းခါ လိုက်သည်။ ထိုမိန်းမသည် ယောင်္ကျားသားများအား ဖြားယောင်းမြူဆွယ်နိုင်ဖို့ မွေးဖွားလာသော အလှ နတ်ဘုရားမလေး ဖြစ်ချေတော့သည်။ ယခုလို လူသူ ကင်းမဲ့နေသာ သီးသန့်အခန်းတွင် ရှိနေသည့်အပြင် ထိုကဲ့သို့ မြူဆွယ်ခြင်းပါ ကြုံကြိုက်လိုက်မည်က တခြား သော ပုရိသယောင်္ကျားတစ်ယောက်က ကိုယ့်ကိုယ်ကို ထိန်းထားနိုင်ဖို့က ခဲယဉ်းနေမှာ အမှန်ပင်။ ဆန္ဒရမ္မက် နိုးကြွလာခြင်းကို ထိန်းမချုပ်နိုင်တော့ဘဲ သူမကို ကြမ်းပြင်ပေါ် တွန်းလှဲလိုက်ဖို့လည်း စိတ်ကူးကြမှာ သေချာသည်။
" ဟင်းဟင်.. ကဲပါလေ.. မင်းကို မစတော့ပါဘူး.. "
အနက်ရောင်ဝတ်ရုံအောက်က အသက်ရှုမြန်ဆန်နေ သည့် အသံကို ကြားလိုက်ရခြင်းက ရဖေး၏ စိုစွတ်ပြီး ပျော့ပျောင်းနီထွေးနေသော နှုတ်ခမ်းအား အောင်ပွဲရ သည့် အပြုံးသို့ ကူးလူးသွားစေသည်။ အရမ်းကို တည်ငြိမ်သော လူငယ်လေးတစ်ယောက်ကို ရှက်သွား အောင် ပြုလုပ်ရသည်ကို သူမ နှစ်သက်နေမိသည်။
" မောင်လေးရှောင်ယွင်.. မင်း ဝူတန်မြို့ကို ပြန်လာတဲ့ အခါကျရင် ဘယ်လိုစွမ်းအားမျိုး ပိုင်ဆိုင်လာမလဲဆိုတာ စောင့်မျှော်နေပါမယ်နော်.. "
ရဖေး၏ မျက်နှာပေါ်က မြူဆွယ်သည့်အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ရှောင်ယွင် ကို နူးညံ့ချိုသာစွာ ပြောလေသည်။
ပြီးနောက် လှပကျက်သရေရှိစွာ မတ်တတ်ရပ်လိုက်ပြီး ရှောင်ယွင်အရှေ့တွင် ရပ်လိုက်သည်။ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် ခရီးသွားတော့မည့် လူငယ်လေး ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေး က စီးပွားရေးနှင့် ဆိုင်ပေမဲ့ ရဖေး၏ စိတ်ထဲ သူမထက် အသက်အနည်းငယ် ငယ်သော လူငယ်လေးကို အနည်း ငယ် ထူးခြားသော အချစ်မျိုးဖြင့် ခင်တွယ်နေသည်။ ဒီအချစ်က ယောင်္ကျားမိန်းမအချစ်မျိုး မဟုတ်ပါဘူး။ မောင်လေးနှင့် အစ်မတစ်ယောက်တို့၏ ခံစားမှုမျိုး ဖြစ်သည်။
ရဖေးသည် ရှောင်ယွင်၏ ပခုံးကို လက်ဖြင့် ပွတ်သပ်ရင်း သူမ၏ မျက်နှင်တွင်လည်း အနည်းငယ် ဝမ်းနည်းနေ သယောင် ရှိသည်။
" ကိုယ့်ကိုယ်ကို ဂရုစိုက်နော်.. "
ရှောင်ယွင်သည် ဝူတန်မြို့တွင် မသိသူ မရှိသလောက် နာမည်ကြီးလှသော မိန်းမလှလေးအား မျက်လုံးချင်းဆုံ ကြည့်လိုက်သည်။ ရုတ်တရက်ပြုံးလိုက်ကာ အရှေ့တစ် လှမ်းတိုးပြီး ရဖေး၏ စွဲမက်ဖွယ်ကောင်းသော ခါးသွယ် သွယ်လေးကို အသာအယာ ပွေ့ဖက်လိုက်သည်။
တကယ်၍ ဝူတန်မြို့က မရေတွက်နိုင်သော ယောင်္ကျားသားအပေါင်းတို့သည် အချိုးအဆစ်လှပသော ခါးလေးကို ရှောင်ယွင် သိမ်းပိုက်ထားပုံအား မြင်မိပါက တကယ်ပင် သွားရည်တများများ ကျသွားလောက်သည်။
ရှောင်ယွင်သည် ရဖေး၏ကိုယ်လုံးက တောင့်တောင့်ကြီး ဖြစ်နေတာကို ခံစားလိုက်ရသည်။ ဒါပေမဲ့ ခဏအကြာ တွင် သူမ၏ ခန္ဓာကိုယ်သည် ပြန်လည် ပြေလျော့သွား သည်။
ရဖေးသည် ထိုနေရာတွင် ငြိမ်သက်နေသည်။ ရှောင်ယွင် ၏ နှုတ်ဆက်ခွဲခွာသည့် ထူးထူးဆန်းဆန်း အပြုအမူ ကြောင့် သူမ၏မျက်နှာမှာ အနည်းငယ် နီရဲလာသည်။
ရှောင်ယွင်က ရှေ့ဆက်တိုးမလိုက်ခြင်းက သူမအတွက် ကံကောင်းခဲ့သည်။ ရှောင်ယွင်၏ စိတ်ဆန္ဒများသည် လှိုင်းတံပိုးထနေသည်အလား ဖြစ်နေသည်ကို သူမ အသေအချာကို သတိပြုမိခဲ့သည်။
" အစ်မရဖေးလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ.. အစ်မရဲ့ အဆင့်က လေလံအခမ်းအနားမှူးအဆင့်လောက် မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်. ဒါပေမဲ့ ကျွန်တော် တစ်ခုလောက်ကို အလေးအနက် ပြောပြချင် ပါတယ်.. "
ရှောင်ယွင်သည် ရဖေး၏ ပခုံးသားထက်တွင် မေးကို တင်ထားပြီး သူမ၏ ကိုယ်သင်းရနှံ့အား တအား ရှုသွင်း လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်က စနောက်လိုဟန် အပြုံးသို့ ကော့ညွတ်သွားပြီး
" နောက်နောင်ဆိုရင်.. ဘယ်ယောင်္ကျားလေးကိုမှ ဒီလိုမျိုး ပေးမဖက်ပါနဲ့.. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က လွဲလို့ တခြားယောင်္ကျားတွေက ဒီလို ဖက်ပြီးတာနဲ့ အိပ်ရာဆီကို သယ်သွားဖို့ စဉ်းစားကြမှာ "
ဒီစကားကို ကြားလိုက်ရသည့်အခါ ရဖေးမှာ လန့်ဖြန် သွားသည်။ သူမ၏ မျက်နှာတွင် ရှက်သွေးဖြာသွားကာ ရှောင်ယွင်ကို ဆူလိုက်သည်။
" ကောင်ကလေး.. ငါ့ကို ဒီလိုလှောင်ရဲတယ်ပေါ့လေ.. မင်းလည်း အဲလိုလူတွေထဲက တစ်ယောက်ပဲလို့ ငါထင် တယ်.. "
" ဟဟ.. "
ရှောင်ယွင်က နှစ်ချက် ရယ်မောလိုက်ပြီး နူးညံ့သော ခါးအသားအား ဆုပ်ကိုင်ထားသည်ကို လွှတ်ချလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိဘဲ လက်ကို ပြန်ရုပ်လိုက်သည်။ ရဖေးကို လက်ဝှေ့ယမ်းပြလိုက်ပြီး အနောက်လှည့်ပြီး ပြန်ထွက်သွားသည်။
" နှုတ်ဆက်ပါတယ်.. အစ်မရဖေး.. တစ်နှစ်ပြည့်တဲ့အခါ ကျရင် ပြန်ဆုံကြတာပေါ့.. "
အသာအယာရယ်မောလိုက်ပြီး ရှောင်ယွင်သည် တံခါး ဆီကို လျှောက်သွားလိုက်သည်။ ထိုနေရာတွင် အစေခံ မလေးက ရှောင်ယွင်နှင့် ရဖေးတို့၏ အဖြစ်အပျက်ကို မြင်တွေ့ခဲ့သူမို့ လုံးဝကို အံ့သြတကြီး ဖြစ်နေသည်။ ရှောင်ယွင်သည် အစေခံမလေးရှေ့တွင် ရပ်လိုက်ပြီး ပြုံးလိုက်ကာ ငွေလင်ဗန်းထက်တွင် ရွှေရောင်ကတ်နှင့် သိုလှောင်လက်စွပ်ငယ် နှစ်ကွင်းကို ယူလိုက်သည်။ ကျေးဇူးတင်စကားဆိုလိုက်ပြီး အနောက်ဘက်ကို တစ်ချက်မှ ပြန်လှည့်မကြည့်တော့ဘဲ လေလံအိမ်မှ ထွက်ခွာလာခဲ့သည်။
တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသော ရှောင်ယွင်ကို ကြည့်နေရင်း ရဖေး၏ မျက်နှာထက်က ရှက်သွေးနီမြန်း နေသည်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ရှောင်ယွင်လက်ဖြင့် ကိုင်ခဲ့သည့် သူမ၏ ခါးနေရာကို သူမ ပြန်လည်ပွတ်သပ်နေရင်း ရင်ထဲတွင် နွေးနွေးလေး ခံစားနေရသည်။ ထူးဆန်းသည့် ခံစားချက်က ရဖေး၏ ခြေထောက်ကို ပျော့ခွေစေတော့သည်။
" ဒီကောင်လေး.. သူလိုချင်တာကို ထုတ်ပြသွားတာပဲ.. ဒါပေမဲ့ လည်း မင်းပြန်လာမယ့်နေ့ကို ငါ တကယ် မျှော်နေမှာပါ.. စီးပွားမိတ်ဖက်ကောင်းတစ်ယောက် ဆုံးရှုံးမှာကို ငါ တကယ်မဖြစ်ချင်ပါဘူး.. ပြီးတော့ မင်းပြန်လာတဲ့အခါ ဘယ်လောက်အထိ အမြင့်ကို ပျံနိုင်ခဲ့သလဲဆိုတာကို တကယ်ကို တွေ့မြင်ချင်ပါသေးတယ်.. "
=============================
No comments:
Post a Comment