Followers

Chapter 111

အပိုင်း ၁၁၁

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

ညသည် တိတ်ဆိတ်စွာဖြင့် တရွေ့ရွေ့ ဖြတ်သန်းသွား သည်။  နောက်တစ်နေ့ မိုးသောက်အချိန် ရောင်နီပျိုးစပြု လာသည့် အချိန်တွင် ရှောင်ယွင်မှာ အချိန်မှန် နိုးထလာ တော့သည်။ တောရိုင်းထဲတွင် နေရမည့်အချိန်အတွက် ရှောင်ယွင်မှာ သူ့၏ ဇီဝနာရီကို မှန်နေအောင် ကျင့်ရ လေသည်။ 

ညတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ထား၍ မူလပင်ပန်း လာခဲ့သမျှ မောပန်းမှုများ ကွယ်ပျောက်သွားပြီး တက်ကြွ လန်းဆန်းနေသည်။ 

အိပ်ရာမှ နိုးလာပြီးနောက် ရှောင်ယွင်သည် တင်ပျဉ်ချိတ် ထိုင် လိုက်ပြီး လေ့ကျင့်ခြင်းကို စတင်ကာ မျက်လုံးကို ပြန်မှိတ်လိုက်သည်။ မနက်မိုးလင်းသည့်အချိန်သည် သူ့အတွက် ဒိုချီစွ်းအင်ကို  လေ့ကျင့်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ နောက်ပြီး ဒိုချီစွမ်းအင် လေ့ကျင့်ခြင်း သည် လေဆန်ကို အံတု၍ လှေလှော်ခတ်နေ သည်နှင့် တူသည်။ တကယ်၍ တစ်ယောက်ယောက်က အဆင့် မတက်နိုင်ခဲ့ဘူးဆိုလျှင် အနောက်တွင် ကျန်ရစ်နေရလိမ့် မည်။  ဇွဲကောင်းသည့်သူမှသာလျှင် အမှန်တကယ် အောင်မြင်လိမ့်မည်။ 

အသက်ရှုသံများ တဖြည်းဖြည်းတည်ငြိမ်လာခဲ့ပြီး ရှောင်ယွင်၏ ဘေးပတ်လည်တွင် ငြိမ်သက်နေသော လေမှာ ရုတ်တရက် လူးလားလှုပ်ခတ်သည့် လှိုင်းကဲ့သို့ ဖြစ်လာပြီး ဒိုချီစွမ်းအင်စီးကြောင်းများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ 
အရင်ရက်များတွင် ခက်ခဲပင်ပန်းသည့် လေ့ကျင့်ခြင်းတွေကြောင့်  ရှောင်ယွင်၏ အသားရေမှာ ကြမ်းတမ်းခက်ရော်နေပြီး ကြေး အထပ်ထပ်ကပ်နေပြီး ဖြစ်သော်လည်း ဘေးပတ်လည်က ဒိုချီစွမ်း အင်များနှင့် ထိတွေ့မိသည်အခါတွင်တော့ ရှိသမျှ ချွေးပေါက်များ ပွင့်ထွက်ကုန်ကာ ဒိုချီစွမ်းအင်စီးကြောင်းကို အငမ်းမရ စုပ်ယူကြ  တော့သည်။  

ချွေးပေါက်တွေက ဒိုချီစွမ်းအင်အား အငမ်းမရ စုပ်ယူနေသလို သူ့၏ အသက်ရှုခြင်းမှလည်း ဒိုချီစွမ်းအင်များကို ခန္ဓာကိုယ်ထဲ စုပ်သွင်းနေသည်။ ထိုအခါ ထိုစွမ်းအင်တို့သည် ရွေးချယ်ထား  သော ချီကျင့်စဉ်အရ သတ်မှတ်ထားသော အတွင်းလမ်း ကြောင်းအတိုင်းကို ဖြတ်သန်းဝင်သွားကြသည်။ ရှောင်ယွင်က ထိုစွမ်းအင် အား အဆက်မပြတ် သန့်စင်ယူပြီး ကိုယ်တွင်းရှိ ချီဝဲကယက်ထဲကို သို  လှောင်ထားလိုက်သည်။ 

ဒိုချီလေ့ကျင့်ခြင်းက တစ်နာရီကျော် ဆက်တိုက် ကြာမြင့်ခဲ့သည်။ အခန်းအတွင်းတွင် နေရောင်များ လုံးဝင် လင်းလင်းကျင်းကျင်း ဖြစ်တော့မှသာ ရှောင်ယွင် နောက်ဆုံးတွင် လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက် သည်။ ပါးစပ်ကနေလည်း  အနည်းငယ် နံစော်နေသည့် လေဟောင်းကို ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။ 

ရှောင်ယွင်၏ မျက်လုံးက တဖြည်းဖြည်း ဖွင့်လိုက်သည်။ အဝါရောင်ဖျော့ဖျော့အလင်းက မျက်ဝန်းအတွင်း ဖျတ်ခနဲ လင်းလက်သွားပြီး မျက်ဝန်းအနက်ဆုံးနေရာ အထိ ပြန်လည် ဝင်ရောက်ပျောက်ကွယ်သွားသည်။ 

“ ဒီလိုနှုန်းထားနဲ့ဆို နောက်ထပ် နှစ်တစ်ဝက်အချိန် ကျရင် ဒိုကျဲ အဆင့် ကြယ် ၅ လုံး ကို ရောက်နိုင်တယ်.. ဒီကြမ်းတမ်းတဲ့ လေ့ကျင့်ခြင်းက စွမ်းတော့ စွမ်းထက် သားပဲ.. ”

ရှောင်ယွင်သည် ပျင်းရိစွာဖြင့် အကြောဆန့်ထုတ် လိုက်ရာ သူ့ ခန္ဓာကိုယ်အနှံ့မှ အရိုးများက တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ် လာသည်ကို ကြားလိုက်လျှင် အပြုံးတစ်ခုက ရှောင်ယွင်မျက်နှာ တွင် ထွက်ပေါ် လာသည်။ 

“ ဒီနေ့ မှော်သားရဲကောင်တောင်တန်းအထဲကို ဝင်တော့မယ်.. ”

အိပ်ရာကနေ ခုန်ဆင်းလိုက်ပြီးနောက် မျက်နှာကို သစ်လိုက်သည်။ ပြီးလျှင် အိပ်ရာဘေးနားကို ပြန်လျှောက်လာပြီ ထူးဆန်းသည့် ဓားကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ငေးကြည့်လိုက်သည်။ 

ခြေထောက်ကို အနည်းငယ် ကွေးညွတ်လိုက်ပြီး ရှောင်ယွင်သည် အသက်ပြင်းကို လေးပင်စွာ ချလိုက်သည်။ လက်ကို အနည်းငယ် ကွေးလိုက်ပြီး စွန်လက်သည်းပုံစံဖြင့် ဓားကြီး၏ လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်။ ကြမ်းပြင်ကို လေးလံစွာ အားပြုထောက်ရပ်ပြီး အသံနိမ့်၍ အော်လိုက်သည်။ 

“ ကြွတက်လာစမ်း.. ”

ရှောင်ယွင်၏ ဒိုချီစွမ်းအင်တွေ လှည့်ပတ်နေပါက သူ့လက်မောင်း မှာ သစ်ပင်ကြီးတစ်ပင်ကိုတောင် ကောင်းကောင်း ခုတ်ဖြတ်လို့ရသည်။ ဒီလိုကြီးမားသည့် ခွန်အားက ဓားကြီးကို အသုံးပြုလိုက်သည့်အခါ မြေပေါ်ကနေ ဖြည်းဖြည်းလေး ကြွတက်ရုံသာ တတ် နိုင်တော့သည်။ 

ရှောင်ယွင်သည် ခါးကို အရှေ့ကို ကွေးညွတ်ထားသည်။ မျက်နှာ ကလည်း နီမြန်းနေပြီး အသက်ရှုခြင်းလည်း မြန်ဆန်နေသည်။  နောက်တစ်ခါ အော်ဟစ်၍ အားထုတ်လိုက်မှသာ ယင်းပေတံဓား ကြီးသည် ကျောထက်သို့ ရောက်ရှိသွားသည်။ ချက်ချင်းပဲ ရှောင် ယွင်မှာ အရှေ့သို့ ယိမ်းထိုးသွားသည်။ ကံကောင်းစွာဖြင့် ဒါကို  ရှောင်ယွင် ကြိုတွက်ထားပြီးဖြစ်၍ အံကို ကြိတ်လိုက်ပြီး တောင့် ခံလိုက်သည်။ ခဏအကြာတွင် ရှောင်ယွင်ခန္ဓာကိုယ်က တဖြည်း ဖြည်းဖြင့် မတ်မတ် ရပ်နိုင်တော့သည်။ 

“ သေလိုက်ပါတော့.. တော်တော်ကို ရက်စက်တဲ့ ဟာပဲ.. ”

ရှောင်ယွင်မှာ ခါးသီးစွာဖြင့် ဆဲလိုက်မိတော့သည်။ နဖူးထက်က  ချွေးစီးကိုလည်း သုတ်လိုက်သည်။ 
ကျောထက်က အနက်ရောင်ဓားကြီးကို ခိုင်မြဲအောင် ပြုပြင်လိုက်ပြီးနောက် ရှောင်ယွင်သည် ခြေလှမ်းကျဲကျဲ ဖြင့် အခန်းထဲကနေ ထွက်သွားလိုက်သည်။ ရက် အနည်းငယ်လောက် ဓားကြီးနှင့် ကျင့်သားဖြစ်နေပြီး ဖြစ်ရာ ယခုအခါတွင် ဓားကြီးကို ကျောတွင် လွယ်ပိုးထား သော်လည်း ခြေလှမ်းတိုင်းတွင် မြေကြီးကို တုန်ခါစေ ခြင်းမဖြစ်တော့အောင် လျှောက်တတ် လာသည်။ 

မှော်သားရဲကောင်တောင်တန်းတွင် မှော်သတ္တဝါ ကောင်များ ကျက်စားနေသည်ဖြစ်ရာ အန္တရာယ်များ လှသော နေရာဖြစ်သည်။ ထို့ကြောင့် အစွမ်းထက်သည့် သူမှလွဲ၍ တခြားသော ကြေးစားစစ်သည်တို့မှာ အုပ်စု ဖွဲ့ပြီးမှသာ မှော်သားရဲကောင်တောင်တန်းသို့ ဝင်ရဲကြ သည်။ 
အခု ရှောင်ယွင်၏ ခွန်အားသည် အများဆုံး အဆင့်၁ မှော်သတ္တဝါကောင်ကိုသာ ရင်ဆိုင်နိုင်ဦးမည်။ သို့ဖြစ်၍ မှော်သားရဲကောင်တောင်တန်းကို သူတစ်ယောက် တည်းဖြင့် ဖြတ်သန်းသွားလာနိုင်ဖို့က မဖြစ်နိုင်သေးချေ။ 

သို့သော် ရွဲ့လော်က ကူညီပေးလျှင်တော့ ဟုတ်ကောင်း ဟုတ်လိမ့်မည်။ 

သို့ပေမဲ့ ရွဲ့လော်သည် လေ့ကျင့်ခြင်းခရီးထွက်ပြီး ပထမဆုံးနေ့တွင် ပြောခဲ့သည်မှာ တကယ်၍ ရှောင်ယွင်က မလွှဲသာ၍ အသက်အန္တရာယ်နှင့် ကြုံတွေ့မှသာ ဝင်ရောက်ကူညီပေးမည်ဟု  ပြောထား ပြီးသား ဖြစ်သည်။ တနည်း ပြောရလျှင်  ရှေ့ဆက် သွားရမည့် ခရီးတွင် ရှောင်ယွင်သည် ရွဲ့လော်ကို ဝှက်ဖဲအနေဖြင့် ထားရှိလို့ရသော်လည်း ထိုဝှက်ဖဲကို အလွယ်တကူ ထုတ်သုံးလို့ မရနိုင်ပါ။ ရင်ဆိုင်ကြုံတွေ့လာမည့် အခက် အခဲတွေအား သူ့ကိုယ်သူ ပထမဆုံး ကြိုးစားဖြေရှင်းကြည့်ရမည်။ 

ဒီကိစ္စနှင့်ပတ်သတ်၍ ရှောင်ယွင်မှာ အားမလိုအားမရ ဖြစ်သွားသော်လည်း မတတ်သာစွာ လက်ခံလိုက်ရ သည်။ သို့သော် ရှောင်ယွင်သည် ရွဲ့လော်၏ စိတ် စေတနာကို နားလည်မိသည်။ သူ့၏ ကာကွယ်ပေးမှု  ကြောင့် ရှောင်ယွင်က ပတ်ဝန်းကျင်က အန္တရာယ် အငွေ့အသက်ကို ခံစားသိမြင်ခြင်းနှင့် ဖျတ်လတ် နိုးကြားခြင်း မရှိမှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။ 

မိခင်သိမ်းငှက်၏ ရင်ခွင်အောက်မှာပဲ အမြဲပုန်းကွယ်နေ တတ်သည့် သိမ်းငှက်လေးဟာ ဘယ်တော့မှ အစစ် အမှန်လွတ်မြောက်ခြင်းကို သင်ယူနိုင်မှာ မဟုတ်ပါဘူး။  အန္တရာယ်ကို ဖောက်ထွက်ခြင်းသည်သာလျှင် စွမ်းရည် ကို လွတ်မြောက်စေပြီး ကောင်းကင်သို့ ပျံသန်းခွင့် ရရှိ သွားစေမည်။ 

ရွဲ့လော်သည် ရှောင်ယွင်ကို သိမ်းငှက်လေးကဲ့သို့ မိခင်  ၏ နောက်ကျောမှာ အမြဲပုန်းကွယ်နေတတ်သူ တစ်ယောက် မဖြစ်စေချင်ခဲ့သည်။ ထို့ကြောင့် ရှောင်ယွင် ကို သူ့လက်ရှိအခြေအနေအား သဘောပေါက်စေဖို့ ရည်ရွယ်ထားခြင်း ဖြစ်သည်။ 

ရှောင်ယွင်သည် မြို့လမ်းမအတိုင်း လျှောက်လှမ်းလာ ခဲ့ရာ နောက်ဆုံးတွင် မြို့တစ်ဘက်ခြမ်းရှိ မြို့ဝင်ပေါက် နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုဝင်ပေါက်မှာ မှော် သားရဲကောင်တောင်တန်းသို့ သွားရာ ထွက်ပေါက်လမ်း လည်း ဖြစ်သည်။ 

ထိုထွက်ပေါက်နေရာတွင် ကြေးစားစစ်သည်များတို့ စုရုံးနေကြသည်။ သူတို့၏ အော်ဟစ်သံတွေကလည်း ဟိုနားဒီနားကနေ ထွက်ပေါ်နေလျက်ရှိသည်။ မှော် သားရဲကောင်တောင်တန်းသို့ သွားရောက်လိုသော ကြေးစားစစ်သည်များကို အုပ်စုဖွဲ့ဖို့ အဆက်မပြတ်  အော်ခေါ်နေကြခြင်း ဖြစ်သည်။ 

ဤမြို့ငယ်အတွင်းရှိ ကြေးစားစစ်သည်များကို အုပ်စု သုံးစု ခွဲထားသည်။ ပထမအုပ်စုသည် စည်းကမ်းတင်း ကြပ်ထားသော ကြေးစားစစ်သည်တပ်ဖွဲ့ဖြစ်သည်။ ထိုကဲ့ သို့ တပ်ဖွဲ့မှာ ကျွင်းရှန်မြို့တွင် သုံးဖွဲ့သာ ရှိသည်။ တပ်ဖွဲ့တစ်ဖွဲ့တွင်လည်း အဖွဲ့ဝင်အယောက်တစ်ရာ ကျော် ရှိသည်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီ၏ ခွန်အားမှာလည်း အနည်း ဆုံး ဒိုကျဲအဆင့် ရှိကြသည်။ သူတို့၏ ခေါင်းဆောင်တွေ သည် သန်မာသည့် ဒိုရှီအဆင့်သမားများ ဖြစ်သည်။ ထိုအဖွဲ့တွေသည် ကျွင်းရှန်မြို့တွင် အင်အားတောင့်တင်း ဆုံးအဖွဲ့များ ဖြစ်သည်ဟုလည်း ပြောလို့ရသည်။ 

ဒုတိယအမျိုးအစားကတော့ ချက်ချင်း ထဖွဲ့တတ်ကြ သည့် ကြေးစားအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့မျိုးမှာ လုပ်ငန်း အောင်မြင်သွားပြီးနောက် အဖွဲ့ပြန်ဖျက်ကြသည်။ သူတို့ ၏ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရမှုနှင့် အဖွဲ့ လိုက် ပူးပေါင်းဆောင်ရွက်တတ်ခြင်းတို့က ပထမအမျိုး အစား ကြေးစားစစ်သည်အဖွဲ့ကို မမှီချေ။ 

တတိယအမျိုးအစားကတော့ တစ်ကိုယ်တော် ကြေးစား စစ်သည် ဖြစ်သည်။ ထိုလူစားမျိုးတွင် ဝှက်ဖဲ လျှို့ဝှက် လက်နက် ရှိကြတော့ သူများ ဖြစ်ကြသည်။ 

ယခု မြို့ထွက်ပေါက်အနားတွင်  အော်ဟစ်ခေါ်ဆိုနေကြ သော ကြေးစားစစ်သည်တို့မှာ ဒုတိယအမျိုးအစားတွင် ပါဝင်သည်။ 

ရှောင်ယွင်သည် ထောင့်တစ်နေရာတွင် သွားရပ်လိုက် သည်။  မည်သည့်အဖွဲ့ကိုမှ ဝင်ရောက်ဆက်သွယ်ခြင်း မပြုသေးဘဲ မည်သည့်အဖွဲ့က ပိုပြီး ကျွမ်းကျင်သူများ ပါဝင်သည်ကိုကို အကဲခတ်လေ့လာနေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မှော်သားရဲကောင်တောင်တန်း သို့ သွားရောက်မည်ဖြစ်ရာ အမှားသေးသေးတစ်ခုက အသက်ကို သေစေနိုင်သောကြောင့် ဖြစ်သည်။ 

ရှောင်ယွင်က စိတ်ကြိုက်အဖွဲ့တစ်ခုအား ရှာဖွေနေသည့် အချိန်တွင် မြို့ထွက်ပေါက်အနားတွင် လှုပ်လှုပ်ရွရွ တစ်ချက်ဖြစ်သွားသည်။ စိတ်လှုပ်ရှားနေသော အော်သံ တစ်ခုကလည်း ပျံနှံ့လာသည်။ 

“ ဆေးတစ်ထောင် အိမ်တော်ကနေ မှော်သားရဲကောင် တောင်တန်းကို ဆေးပင်တူးဖို့ သွားကြပါမယ်.. နတ်မိမယ် သမားတော်မလေးလည်း ပါပါတယ်.. နေရာလွတ် ၅ ခုပဲ ကျန်ပါတော့တယ်.. ဒိုကျဲအဆင့် ကြယ် ၂ လုံးနှင့် အထက် ရှိတဲ့သူတွေ မြန်မြန်ဆက်သွယ်ပေးကြပါ.. ”

ကျယ်လောင်လှသည့် အော်ပြောလိုက်သံက ဆူညံနေ သော မြို့ဝင်ပေါက်ကို တိတ်ဆိတ်သွားစေသည်။ ခဏအကြာတွင် အားလုံးသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးနောက် သူတို့ လိုချင်သည့် အဖွဲ့နှင့် ဆုံလေပြီ ဟူသော အတွေးဖြင့် ဆေးပင်တစ်ထောင် အိမ်တော်မှ အသက်လတ်ပိုင်း လူကြီးဆီကို ပြေးလွှားသွားကြတော့သည်။ 

ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားကြသော ကြေးစား စစ်သည်အုပ်စုကို ရှောင်ယွင် ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။ ပြီးမှ ရှောင်ယွင်လည်း အများနည်းတူ ပြေးလွှားပြီး ထိုလူအုပ်ဆီကို လိုက်သွားသည်။ 

လူများများဖြင့် မှော်သားရဲကောင်တောင်တန်းသို့ သွား လျှင် တော်ရုံ မှော်သားရဲကောင်တို့က လာပြီး ရန်မစရဲ တော့သည်။ ထို့ကြောင့် အသက်ရှင်ကျန်ဖို့ အခွင့်အလမ်း များသည်။ ထို့ကြောင့်မို့ ရှောင်ယွင်သည် ထိုခရီးစဉ် အတွင်း သူ့အတွက် ဘေးကင်းလုံခြုံသည့် နေရာကို ရှာ ဖွေနိုင်မည်ဖြစ်သလို ထိုအဖွဲ့ကနေလည်း အလွယ်တကူ စွန့်ခွာနိုင်သည့်အကြံဖြင့် အပြေးအလွှားဆက်သွယ်ခြင်း ဖြစ်သည်။  

မနေ့က ဆေးတစ်ထောင်အိမ်တော် ဆေးဆိုင်မှ ဆိုင် အကူပြောသော စကားမှာ မှန်လေပြီ။ နတ်မိမယ်သမား တော်ဟူသော နာမည်မှာ ကျွင်းရှန်မြို့က ဘယ်အရာ ထက်ကိုမဆို ဆွဲဆောင်မှုရှိသည်။ နေရာလွတ် ၅ နေရာ အတွက် လူတွေ ရန်ဖြစ်ကြစေကုန်သည်။ သို့သော် ရှောင်ယွင်မှာ သူ့ခန္ဓာကိုယ်သေးသေးဖြင့် လူအုပ်ကြား ထဲ တိုးသွားပြီး အရှေ့ကို ရောက်သွားခဲ့သည်။ 

“ နေရာတစ်ခုပဲ ကျန်တော့တယ်.. ”

အသက်လတ်ပိုင်း လူကြီးက တိုးဝှေ့နေသော လူအုပ်ကို ပြုံးပြလိုက်ပြီး လက်ထဲက ဆိတ်သားရေစာလိပ်ကို ယမ်းပြလိုက်သည်။ 

“ ကျွန်တော်ပါမယ်.. ”

လူငယ်တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြော လိုက်သည်။ သူသည် အနည်းငယ်မောဟိုက်နေပြီး အသက်လတ်ပိုင်း လူကြီးဆီကို လျှောက်လာခဲ့သည်။ 

“ ဟမ်..”

အသက် ၁၇ ၁၈ ပဲ ရှိနေဦးမည် ထိုလူငယ်ကို ကြည့်ပြီး ထိုလူကြီးမှာ တစ်ချက်ကြောင်သွားသည်။ သို့သော် ချက် ချင်းပဲ ပြုံးလိုက်ပြီ ပြောလိုက်သည်။ 

“ ကောင်လေး.. ငါတို့ အနိမ့်ဆုံးလိုချင်တာက ဒိုကျဲအဆင့် ကြယ် ၂ လုံးနော်.. ”

အသက်လတ်ပိုင်းလူကြီးက နောက်ဆုံး စကားလုံးကို အသံမြှင့်ပြီး ပြောလိုက်သည်။ ထိုလူငယ်လေးက ဒီ အသက်အရွယ်နှင့် ဒီအဆင့်ရောက်နိုင်သည်ဟု သူ မယုံကြည်မိချေ။ 

“ ဟေ့ အဲဒီကလေးက ဘယ်ကရောက်လာတာလဲ.. မုတ်ဆိတ်မွေးတောင် မပေါက်သေးဘဲနဲ့ ပြဿနာက ရှာချင်သေးတယ်.. ”

“ ဘေးမှာ ရပ်နေစမ်း ကောင်ကလေး.. ငါတို့ အချိန်ကို အလကားနေ လာမဖြုန်းနဲ့.. ”

ဘေးပတ်လည်ရှိ ကြေးစားစစ်သည်တို့သည် နောက်ဆုံး ပါဝင်ခွင့်ကို လူငယ်တစ်ယောက်ကရယူတော့မည်ကို မြင်လျှင် ချက်ချင်းပင် အော်ဟစ်ဆူပူကြသည်။ 

သို့သော် ရှောင်ယွင်က ထိုစကားတို့ကို လျစ်လျူရှုပြီး  အရှေ့ကို လှမ်းပြီး လက်မောင်းနှစ်ဖက်လောက် ကြီးမား  သည့် သစ်ပင်တစ်ပင်အရှေ့တွင် ရပ်လိုက်သည်။ လက်သီးကို ဆုပ်လိုက်ပြီး အဝါဖျော့ဖျော့ ဒိုချီစွမ်းအင် တို့က အလင်းအလွှာ အကာအကွယ်သဘောဖြင့် ဖြစ် ပေါ်လာသည်။ ထို့နောက် သိပ်မကျယ်လှသော အော် လိုက်သံနှင့်အတူ သစ်ပင်ကို ရှိသမျှအား အကုန်ထုတ်၍ အားပါတရ ထိုးချလိုက်သည်။ 

“ ခရက်.. ”

ရှင်းရှင်းလင်းလင်း မြည်လာသော အသံနှင့်အတူ ထူထဲ တုတ်ခိုင်သော အပင်ကြီးမှာ အာလုံးရဲ့ အရှေ့မှာပဲ လဲပြိုကျသွားပြီး မြေပြင်က ဖုန်လုံးများ ရိုက်ခတ်သွား သည်။ 

“ ကဲ ရပြီးလား.. ”

လက်နှစ်ဖက်ကို ပွတ်ခါလိုက်ပြီး ရှောင်ယွင်က အံ့အား သင့်နေသည့် အသက်လတ်ပိုင်းလူကြီးကို မေးလိုက် သည်။ 

“ ဟဲဟဲ.. ကောင်လေး.. မင်းမှာ အရည်အချင်းတွေ ရှိသားပဲ.. ဒီအသက်အရွယ်နဲ့ ဒိုကျဲအဆင့် ကြယ် ၂ လုံး ကို ရောက်နေနိုင်တာ ပါရမီရှင်လေးပဲ.. ”
အသက်လတ်ပိုင်းလူကြီးသည် အံ့သြတကြီးဖြင့် ခေါင်း ညိတ်ရင်း ရှောင်ယွင်ကို ပြုံး၍ ချီးမွမ်းလိုက်သည်။ 

“ ကောင်းပြီ.. နောက်ဆုံးနေရာက မင်းရသွားပြီ.. လုပ်အားခက ရွှေဒင်္ဂါး ၅၀၀ ရမယ်.. လုပ်ရမယ့် တာဝန်က ဆေးတစ်ထောင်အိမ်တော်က ဆေးပင်ရှာ မယ့်အဖွဲ့ကို ကာကွယ်စောင့်ရှောက်ရမယ်.. လုပ်အားခ ကို တစ်ဝက် အရင်ပေးထားမယ်.. ကျန်တဲ့တစ်ဝက်ကို ပြန်ရောက်တဲ့အခါကျမှ အပြည့်ပေးမယ်.. ”

“ ကောင်းပြီ.. ”

ရှောင်ယွင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ရွှေဒင်္ဂါး ၅၀၀ ကို သူ စိတ်မဝင်စားပါဘူး။ သူ လိုချင်တာက လေ့ ကျင့်ဖို့အတွက် နေရာကောင်းကို ရှာဖွေဖို့ အဖွဲ့တစ်ခု လို နေတာပါ။ 

နောက်ဆုံးလက်ကျန်နေရာကို အမည်မသိလူငယ်လေး တစ်ယောက်က ရသွားသည်ကို မြင်လျှင် တိုးဝှေ့နေကြ သည့် ကြေးစားစစ်သည်တို့ ချက်ချင်း လူစုခွဲလိုက်ကြ သည်။ သူတို့ ထွက်ခွာသွားကြသော်လည်း ရှောင်ယွင် ကိုတော့ အထူးအဆန်းသဖွယ် ကြည့်သွားကြပါသေး သည်။ 

အသက် ၁၇ ၁၈ အရွယ်ဖြင့် ဒိုကျဲအဆင့် ကြယ် ၂ လုံး ဖြစ်လာနိုင်သည့် အရည်အချင်းကြီးကတော့ ကျွင်းရှန် မြို့မှာ တကယ်ကို တွေ့ရခဲလေသည်။ 
=============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...