Followers

Chapter 84

Chapter ( ၈၄ ) - ဒုက္ခိတ

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens 
Translated By Kaung Myat

လျိုစီးမှာ ယခုအချိန်မှာ အင်မတန်ကို စိတ်လှုပ်ရှားနေသည်။  ထိုသို့ ဖြစ်နေရခြင်း၏ အကြောင်းအရင်းက သူနှင့် မနီးမဝေးတွင် ရပ်နေသော အစိမ်းရောင်အင်္ကျီနှင့် လှပလွန်းနေသည့် မိန်းမပျိုလေး ကြောင့်ပဲ ဖြစ်သည်။ 

ထိုမိန်းမပျိုလေးဝတ်ဆင်ထားသော အင်္ကျီလေးမှာ သူမနှင့် အင်မတန်ကို လိုက်ဖက်လွန်းလှသလို မိန်းမပျိုလေး၏ သိမ်မွေ့ နူးညံ့သော မျက်နှာလေးမှာလည်း မှုံနံ့သာ ခြယ်သထားခြင်းမရှိ.. ပကတိ ပင်ကိုသဘာဝအလှတရားနှင့် ရိုးရှင်းစွာ ချောမောပြေပြစ် နေသည်။ ပိတုန်းရောင်ကေသာဆံနွယ်လေးကိုလည်း အစိမ်းရောင် ပုဝါစလေးဖြင့် စည်းနှောင်းထားသလို အားလုံးဟာ သူမခါးထစ်ခွင် တွင် စုသိမ်းထားသည်။ လေပြေလေး တစ်ချက်ချက်ကြောင့် မျောလွင့်နေသော သူမဆံနွယ်က မြင်ရသူအပေါင်းအား ဘဝင်ကျ စေသည်။ 

တဖန် အထိအခိုက်မခံဟု ထင်ရလောက်သော သေးသေး သွယ်သွယ် ထွာဆိုင်ငယ်လေးမှာလည်း  မြင်သူတကာအား ပွေ့ဖက်ချင်မိလောက်အောင် ဆွဲငင်လွန်းသည်။ ခရမ်းဖျော့ဖျော့ ခါးပတ်ကြိုးလေးက သူမ၏ ခါးနှင့်တင်ကို ပိုင်းကန့်ထား၍ကာ ထူးထူးခြားခြား ပေါ်လွင်လွန်းသော ကောက်ကြောင်းကြောင့် ဖြတ်သွားဖြတ်လာသူအပေါင်းတို့မှာ စိတ်ကို မထိန်းနိုင်ဘဲ ထို ပျိုမဒီ၏ ခါးလေးကို ခိုးခိုးကြည့်သွားကြလေ၏။ 

ထိန်းမရ သိမ်းမရ ငမ်းနေသာ လျိုစီးမှာ စိတ်ထဲမှာ ကျိတ်ပြီး တွေးမိသည်။ 
 
“ ဒီလိုသေးသွယ်တဲ့ ခါးမျိုး.. တစ်ခါလောက် ဖက်လိုက်ရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ.. ”

ပူလောင်နီမြန်းနေသော မျက်နှာဖြင့် မိန်းမပျိုလေးအား ငေးစိုက်ကြည့်နေရင်း လျိုစီး၏ လက်ဝါးပြင်မှာ စိတ်လှုပ်ရှားခြင်း ကြောင့် တုန်ခါနေသည်။ တင့်တယ်လှပလွန်းသော ထိုမိန်းမပျိုလေး သည် သူပျော်မြူးခဲ့ဖူးသည် တခြားသော မိန်းကလေးများနှင့် လုံးဝကို ကွာခြားလို့နေသည်။ သူမ၏ ညင်သာသော စိတ်ထားဟန် နှင့် တွဲမြင်ရသည့်အခါ  သူမသည် အေးချမ်းသော  ကြာပန်းပွင့် တစ်ပွင့်အလား မှတ်ထင်ရလေသည်။ တဏှာကြီးသော လျိုစီးမှာ သူမနှင့် ချက်ချင်းပင် ကာမဂုဏ်အား ခံစားလိုသည့်ဆန္ဒက တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ 

ထို့နောက် လက်သီးတစ်ချက်တည်းဖြင့် မြေပြင်ပေါ် ဒရွတ်တိုက် ကျသွားသော ရှောင်နင်အား လျိုစီးသည် ရယ်မောလိုက်ရင်း 

“ မိန်းကလေးကို ကာကွယ်ဖို့က တကယ့်အရည်အချင်းလိုတယ်ကွ.. မင်းမှာ ရှိမှမရှိတာ.. ”

လျိုးစီ၏ လှောင်ပြောင်မှုကြောင့် ရှောင်နင်၏ မျက်နှာက နီရဲသွားသည်း ဒေါသထွက်စွာဖြင့် အံကို ကြိတ်သည်။ 

“ ရှောင်နင်… ပြန်လာခဲ့.. မင်းက သူ့ပြိုင်ဖက် မဟုတ်ဘူး.. ”

ရှောင်ယုက တချက် လှောင်ရယ်လိုက်ပြီး အရှေ့ကို တိုးလာ ခဲ့သည်။ သူမ၏ မျက်နှာက အနည်းငယ် အေးစက်လို့ နေသည်။ 

ရှောင်နင်မှာ အံကိုသာ ကြိတ်ထားသည်။ ရန်သူ၏ အင်အားနှင့် သူ့အင်အားကို စိတ်ထဲ ချိန်ထိုးတွက်ထားပြီးပြီမို့ သူ အနောက်ပြန် မဆုတ်ချင်သေးပါဘူး။ ပြီးတော့ သူ အရမ်းကို သဘောကျနေသော မိန်းကလေးအရှေ့တွင် ရှုံးနိမ့်လိုက်ရသည်မို့ ရှောင်နင်မှာ အလွန်တရာကို ရှက်နေပြီးဖြစ်သည်။ 

ရှောင်ယု၏ ခန္ဓာကိုယ်ကိုလည်း လျိုစီးက တစ်ကိုယ်လုံး စုန်ဆန် ကြည့်ရှုလိုက်ပြီးနောက် သူမ၏ ဆွဲဆောင်မှုရှိသော ခြေတံရှည်မှာ အာရုံက တွယ်ငြိသွားတော့သည်။ သူမကိုလည်း မြှောက်ပင့်လိုက် ပြန်သည်။ 

“ ဝိုး.. နောက်တစ်ယောက်ကလည်း အရမ်းလှတဲ့ ကောင်မလေးပါလား.. ကြည့်ရတာ ဒီနေ့ ငါ တော်တော် ကံကောင်းနေပါလား.. ”

“ ဟားဟား ..  အကိုလျိုစီး.. သူတို့က ရှောင်ကလန်က လူတွေလေ ဒီကောင်မလေးနာမည်က ရှောင်ယုတဲ့.. စိတ်ဆတ်တဲ့ ကောင်မလေးတစ်ယောက်ပဲ.. တော်ရုံယောင်္ကျားတွေက စွမ်းရည် မရှိဘူးဆိုရင် သူ့ကို ယှဉ်လို့ မလွယ်ဘူးဗျ.. ”  

ဗလတောင့်တောင့် လူကြီးအုပ်စုနှင့်အတူ လိုက်ပါလာသော ဂျားလီယောင်က ပြုံးရယ်ကာ အရှေ့တိုးပြီး မညှာမတာကို ရယ်မောလိုက်သည်။ 

“ ဟီဟီ.. အစပ်ပိုလေ.. ပိုအရသာရှိလေပေါ့.. ”

လျိုစီး၏ အကြည့်က အစိမ်းရောင်အဝတ်နှင့် ငြိမ်သက်စွာ ရှိသော မိန်းမပျိုလေးအား နောက်တစ်ခါ ရောက်သွားပြန်သည်။ သူ့မျက်လုံး မှာ အစိမ်းရောင်အလင်းက ဖျတ်ခနဲ ဖြတ်ပြေးသွားသည်။ 

“ သူကရော.. ဘယ်သူလဲ… ”

သူ သဘောကျနေသော မိန်းကလေးအား လျိုစီးက စိတ်ဝင်စားနေ သည်ကို မြင်သောအခါ ဂျားလီယောင်၏ ပါးစပ်က အနည်းငယ် မဲ့ သွားခဲ့သည်။ စိတ်ထဲကနေ လျိုစီးကို ပျစ်ပျစ်နှစ်နှစ်  ကျိန်ဆဲလိုက် ပြီးနောက် မတတ်သာစွာဖြင့် ဖြေလိုက်ရသည်။ 

“ သူက ရှောင်ရှင်းအာ.. ”

“ အင်း.. နာမည်က လှသားပဲ.. ”  

လျိုစီးက ခေါင်းအား တဆတ်ဆတ်ညိတ်ရင်း ရယ်မောလိုက်ပြန် သည်။ ထို့နောက် ဂျားလီယောင်နဲ့ ဆက်ပြီး အချိန်ဖြုန်းမနေလို တော့ရာ သူသည် အရှေ့ကို ခြေနှစ်လှမ်းတိုးလိုက်ပြီ လူကြီး လူကောင်းဟန်ပန်ဖြင့် စကားပြောလိုက်သည်။ 

“ ငါ့နာမည်က လျိုစီးပါ.. မိန်းကလေးတွေကို ဈေးအတူတူလိုက်ပတ် ဖို့ ဖိတ်ခေါ်ချင်ပါတယ်.. ဟားဟား.. တကယ်၍ ဈေးမှာ မိန်းကလေး တို့ ဝယ်ချင်တာတွေ စိတ်ဝင်စားတာတွေ ရှိရင် ကိုယ့်စာရင်းထဲ ထည့်လိုက်လို့ ရတယ်နော် ”

ထိုစကားအား ပြောနေရင်း လျိုစီးက သူ့ရင်ဘက်အား တဖြည်းဖြည်း ကျယ်ပြလိုက်ရာ သူ့အလုပ်အကိုင်အား ရည်ညွန်းပြသနေသည့် အမှတ်တံဆိပ်တစ်ခုက ရင်ဘက်အင်္ကျီပေါ်တွင် ထွက်ပေါ်လာခဲ့ သည်။ 

ထိုအမှတ်တံဆိပ်ပေါ်တွင် ရိုးစင်းသော ဆေးမီးအိုး ပုံစံတစ်ခုပါဝင် သည်။ ထိုဆေးမီးအိုးပေါ်တွင် ငွေသားလှိုင်းတွန့်ပုံစံလုပ်ထားရာ နေရောင်ကြောင့် တမူထူးစွာ ထွန်းလင်းဝင်းပနေသည်။ 

“ အဆင့်၁ မှော်ဆေးပညာရှင်တစ်ယောက်ပါလား.. ”

လျိုစီးရင်ဘက်ပေါ်က အမှတ်တံဆိပ်အား မြင်သောအခါ ဘေးပတ် ဝန်းကျင်ရှိ လူအများက ချက်ချင်းပင် အလန့်တကြားဖြစ်သွားကြရ သည်။ အံ့အားသင့်စွာ ရေရွတ်လိုက်မိကြသော အသံများကြောင့် လျိုစီးသည် ဂုဏ်ယူဝင့်ကြွားစွာ ပိုပြီး ပြုံး၍ပင်လာသည်။ 

အဆင့်၁ မှော်ဆေးပညာရှင်ဆိုသော စကားသံအား ကြားလိုက်ရ သည့်အခါတွင် ရှောင်ယု၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲ သွားချေသည်။ သို့သော်လည်း သူမ၏ အမူအကျင့်အရ  ထိုအလုပ် အကိုင်တစ်ခုတည်းကြောင့် သူမသည်  မျက်စိအစာကျွေး တတ် သော လူတစ်ယောက်နှင့် အတူတူ ဈေးပတ်ဝယ်လိမ့်မှာ မဟုတ်မှာ သေချာသည်။ 

ထို့ကြောင့် သူမသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြောလိုက်သည်။ 

“ ကျွန်မတို့ မအားသေးဘူး.. တခြားတစ်ယောက်ကိုပဲ ရှာလိုက်ပါ တော့.. ”

ပြောပြီးသည်နှင့် ရှင်းအာလက်အား ဆွဲကာ အနောက်လှည့်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။ 

သူမ အနောက်သို့ လှည့်ထွက်သွားမည့်အချိန်မှာပဲ လူကြီး အနည်းငယ်လောက်က လူအုပ်ကနေ အရှေ့တိုးလာကြသည်။ သူတို့၏ အပြုံးများက အခွင့်အရေးယူတတ်သည့်အရိပ်အယောင် တွေနှင့် လမ်းကို ပိတ်တားထားသည်။ 

ထိုလူများက သူမ၏ လမ်းကို ပိတ်တားသည်ကို မြင်သည့်အခါ ရှောင်ယု၏ မျက်နှာက ကွက်ခနဲ ပျက်သွားသည်။ သူမက အနောက် ပြန်လှည့်ပြီး ဂျားလီယောင်အား အေးစက်စွာ ပြောလိုက်သည်။

“ ဒီနေရာက ရှောင်ကလန်ရဲ့ ပိုင်နက်နော်.. မင်း နည်းနည်းလေး မရဲတင်းလွန်းနေဘူးလား.. ”

“ ဟိဟိ.. ရှောင်ကလန်.. သူတို့က စွမ်းအားကြီးလို့လား.. သူတို့လုပ် တတ်တာက သွေးတိတ်ဆေးအကူအညီနဲ့  ဈေးကွက်နည်းနည်း ရသွားရုံလေးပဲ.. တကယ်လို့ ငါသာ ဆန္ဒရှိရင် ရှောင်ကလန်ကို အေးဆေးဖျက်ဆီးပစ်လိုက်လို့ရတယ်.. နွေဦးပြန်လည်ခြင်းဆေးက ငါက စိတ်ထဲမှာတောင် သိပ်မထားတဲ့ အနာကျတ်ဆေးပဲလေ.. ” 

ထိုစကားကိုလည်း ကြားလိုက်သည့်အခါ ရှောင်ယု ပိုပိုပြီး ဒေါသ ထွက်လာခဲ့သည်။ သို့သော် သူမက တိတ်တိတ်လေးပဲ နေသည်။  
သူမ၏ စိတ်ထဲတွင် မှော်ဆေးပညာရှင်တစ်ယောက်၏ စွမ်းဆောင် နိုင်ပုံကို ကောင်းကောင်းသိထားသည်။ ရှောင်ကလန်ဆီကို သက်သက်မဲ့ ဒုက္ခရောက်ခြင်းမျိုး မဖြစ်စေချင်သည့်အတွက် ကြမ်း ကြမ်းတမ်းတမ်း မပြောရဲချေ။ 

ရှောင်ယုက အသေးစိတ်လိုက် ဂရုစိုက်နေသော်လည်း ရှင်းအာမှာ ထိုကဲ့သို့ စိတ်ပူစရာ မလိုချေ။ သူမအတွက်က ရှောင်ယွင်နှင့် တွေ့ ဖို့ကို လူဟုသာ သမုတ်ရမည့် အမှိုက်တုံးကောင်က သူမတို့အား အနှောင့်အယှက်ပေးနေသည်ဟုသာ သူမ သတ်မှတ်လိုက်သည်။ 

သူမသည် မျက်လွှာလေးအား ပင့်လိုက်ပြီး ဘဝင်မြင့်နေသော လျိုစီး အား ကြည့်လိုက်ရင်း သူမ၏ သေးငယ်သော နှုတ်ခမ်းလွှာက အနည်းငယ် ပွင့်ဟသွားသည်။ မိန်းမလှလေး၏ စကားသံက နူးညံ့ ပါသော်လည်း စကားလုံးတိုင်းက လူတိုင်းအား ကြက်သေသေစေ ခဲ့မိ၏

“ အမှိုက်ကတော့ ဘယ်တော့မဆို အမှိုက်ပါပဲ.. မှော်ဆေးပညာရှင် ဆိုပြီး အရေခြုံထားပေမဲ့ သူကတော့ အမှိုက်ဖြစ်နေဆဲပါပဲ.. ရှင်လို အစွမ်းအစနည်းနည်းပဲ ရှိပြီး လူတကာကို ကြွားလုံးပြနေတာက အကိုရှောင်ယွင်စကားယူသုံးပြီ ပြောရရင်  မိုက်မဲထုံထိုင်းတာပါပဲ..”

လမ်းမတစ်ခုလုံးဟာ တိတ်ဆိတ်သွားခဲ့၏။ လူတွေ တော်တော်များ များက အံ့သြသွားခဲ့ကြသည်။ ထိုမိန်းကလေးက လှပပြေပြစ်ပါ သော်လည်း တစ်ဖက်သားအား အထိနာအောင် ပြောတတ်သည်မှာ သူများတွေထက် မနိမ့်ကျပါဘူး။

ရှောင်ယုလည်း ရှင်းအားကို အံ့သြစွာ ကြည့်နေမိသည်။ အချိန်ခဏ ကြာမှ သူမနှုတ်ခမ်းအား ကိုက်လိုက်ပြီး ပြောလိုက်သည်။ 

“ ဟိုခွေးကောင်စုတ်ကြောင့် မင်းလည်း သူ့အတိုင်း စရိုက်တူသွား ပြီးလို့ ပြောရမယ်.. ”

လူပုံအလယ်တွင် သူ့အား ပေါ်ပေါ်ထင်ထင်ကို ချိုဖဲ့ပြောဆိုခြင်း ကြောင့် စိတ်ထားကောက်ကျစ်သော လျိုစီး၏ မျက်နှာပေါ်က အပြုံးများ ချက်ချင်း ကွယ်ပျောက်သွားသည်။ 

မျက်နှာက မည်းမှောင်စွာဖြင့် 
“ ဒီမှာ ရှိနေတဲ့ကာလမှာ မင်းတစ်ယောက်ပဲ ငါ့ကို ဒီလိုမျိုး ပြောဖူး တယ်.. ”

“ တကယ်လား.. ဘယ်လို အရူးထတဲ့ စကားမျိုးလဲ.. ”
ရှင်းအာသည် သူမ၏ နဖူးကို နှိပ်နယ်လိုက်သည်။ သူမ၏ အရှေ့က လူသည် အရူးငပေါ ဒါမှမဟုတ် ဘဝင်မြင့်လွန်းနေသော သူ ဖြစ်နေ ကြောင်း သူမ သေသေချာချာ သိလိုက်ပါပြီး။

“ ဂျားလီယောင်.. လုပ်လိုက်တော့.. အစက ကောင်းကောင်းမွန်မွန် ချဉ်းကပ်ချင်တာပဲ.. ဒါပေမဲ့.. ကံမကောင်းတာက သူက နားမလည် ဘူးကွ.. ”

တင်းမာနေသော မျက်နှာဖြင့် လျိုစီးက လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။ 

“ ဟမ်.. ”
ဂျားလီယောင် ကြောင်ငေးသွားသည်။ ခေါင်းကို ကုတ်လိုက်ရင်း ခေါင်းကိုက်ခြင်း ဝေဒနာကို စတင်ခံစားမိသည်။ မျက်နှာက ပြုံးဟန် ပြုထားသော်လည်း စိတ်ထဲ တွေးလိုက်မိသည်။ 

“ဒီကောင် ဘာတွေ တွေးနေလဲဟ.. အဖေပြောတာ မှန်တယ်.. ဒီကောင်က မှော်ဆေးပညာရပ်က လွဲပြီ ဘာမှ မသိတဲ့ကောင်ပဲ.. ဒီလိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး မှော်ဆေးပညာရှင် ဖြစ်လာ သလဲ မသိဘူး.. ”

ဂျားလီယောင် အသက်ပြင်းကိုသာ ချလိုက်မိပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ 

“ အကိုကြီးလျိုစီး… လောလောဆယ် ကျွန်တော်တို့ ဂျားလီကလန်က ရှောင်ကလန်ကို ရန်စလို့ မရသေးဘူး.. ”

“ ဘာ ရှောင်ကလန်? ”
လျိုစီး အေးစက်စက် ရယ်မောလိုက်ပြီး မထီမဲ့မြင်ပြုကာ ပြောလိုက်  သည်။ 

“ ရှင်းအာကိုသာ ရနိုင်ခဲ့မယ်ဆိုရင် ရှောင်ကလန်ကို မြေလှန်ပစ်ဖို့ ငါကူညီပေးမယ်..နွေဦးပြန်လာခြင်းဆေးထက် နောက်ထပ် သုံးလေး မျိုး ငါလုပ်ပေးလို့ရတယ်.. ငါသာ ဖော်စပ်ပြီးသွားခဲ့ရင် ရှောင်ကလန် တော့ အရင်ကအတိုင်း ဝမ်းနည်းရမဲ့အဖြစ်ကို ရောက်စေရမယ်ဆို တာ ငါအာမခံတယ်.. ”

လျိုစီးစကားအား နားထောင်နေရင်း ဂျားလီယောင် နောက်တစ်ကြိမ် အံ့သြသွားပြန်သည်။ ဒီလူက သူ့လျှို့ဝှက်ချက်ကို လွယ်လွယ်လေး ထုတ်ပြောလိမ့်မယ်လို့ သူ မထင်ထားမိပါဘူး။ တိုးတိတ်စွာ ဝမ်းသာ သွားသလို သူ နောက်တစ်ကြိမ် ထပ်ပြီး အသက်ပြင်းချလိုက်မိပြန် သည်။ 

ဒါက တုံးအတာတွေ များလေ.. မှော်ဆေးပညာရှင်ဖြစ်ဖို့ အခွင့်အရေး များလေလား. ??

 သူ မတွေးတတ်တော့.. ထို့နောက် လက်ကို ဝှေ့ယမ်းလျက် အမိန့် ပေးလိုက်သည်။

“  သူတို့ကို ဖမ်းလိုက်တော့.. ”
ဂျားလီယောင်၏ အမိန့်သံအား ကြားသည်နှင့် သူ့အနောက်က မျက်နှာထား မာကျောလှသော လူသန်ကြီးဆယ်ယောက်က အရှေ့တိုးချဉ်းကပ်လာပြီး ရှောင်ရှင်းအာ တို့အုပ်စုအား ပတ်လည် ဝိုင်းထားလိုက်ကြသည်။ 

တစ်ဖက်အဖွဲ့၏ ရိုင်းပြသော အမူအရာကြောင့်  ရှောင်ယု အလွန်အမင်း ဒေါသထွက်လာခဲ့သည်။ နှာတစ်ချက် မှုတ်လိုက်ပြီး သူမခါးမှာ အစိမ်းရောင် ကျာပွတ်ရှည်ကို ဆွဲထုတ်လိုက်ပြီး အညှာအတာမဲ့စွာဖြင့် သူမတိှု့ဆီ ပြေးဝင်လာသော လူသန်ကြီးများ အား ရိုက်ချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိုလူတွေ၏ မျက်နှာပေါ်တွင် အစင်းရာရှည်များ ထင်ကျန်သွားတော့သည်။ 

ရှောင်ယုက ဒိုကျဲအဆင့် ကြယ်သုံးလုံး ကိုရောက်နေပါသော်လည်း ဒိုကျဲအဆင့် အလားတူရှိနေကြသော လူသန် ဆယ်ယောက်ကျော် အား တိုက်ခိုက်နေရ၍ နှစ်ယောက်သုံးယောက်အား ရိုက်ချပြီးပြီ နောက် သူမ အရေးနိမ့်စပြုလာခဲ့သည်။ 

နောက်ထပ် လူကြီးတစ်ယောက်က သွေးအန်ထုတ်လိုက်ပြီး ပြန်ဆုတ်သွားခဲ့သလို ရှောင်ယု၏ မျက်နှာသည်လည်း သွေးဆုတ် နေကာ အနောက်သို့ အတင်းဆုတ်လိုက်ရသည်။ ရှောင်နင်အား လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ 

“ ရှင်းအာကို ခေါ်သွား..   ပြေးပြီးတော့ ဟိုကောင်စုတ်ကို မြန်မြန် သွားခေါ်လာခဲ့.. ”

ရှောင်နင်က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာက ရုတ်ခြည်း ပြောင်းလဲသွားပြီးး ပူပန်ဟန်ဖြင့် ခပ်မြန်မြန် သတိပေးလိုက်သည်။ 

“ အစ်မ.. အစ်မ.. သတိထား.. ”

ရှောင်နင် သတိပေးသံကြောင့် သူမ ချက်ချင်းပဲ အနောက်ပြန်လှည့် လိုက်ရာ စောစောက  သူမ၏ ကျာပွတ်ဖြင့် ရိုက်နှက်ခံရသော လူကြီးက  ပြန်ထလာပြီး  သံတုံးလိုမာကျောသော လက်သီးဖြင့် သူမ၏ ရင်ဘက်ဆီကို ပစ်ထိုးလိုက်သည်ကို မြင်လိုက်သည်။ 

အလစ်ဝင်တိုက်ခိုက်ခြင်းခံရသလို အမျိုးသမီးတစ်ယောက်၏ ရင်ဘက်ကို ပစ်မှတ်ထားကာ တိုက်ခိုက်လိုက်သော ညစ်ပတ်သည့် တိုက်ကွက်ကြောင့် ရှောင်ယု ဒေါသ အကြီးအကျယ်ထွက်ရှိသွားပြီး ဒိုချီစွမ်းအင်များ သူမ လက်ဖဝါးပြင်မှာ စုစည်းလိုက်သည်။ ထိုစွမ်းအင်အား ဒေါသတကြီးဖြင့် ပစ်လွှတ်လိုက်မည်ဆဲဆဲတွင် အနက်ရောင်လူပုံရိပ်တစ်ခုက သူမ နဘေးကို အလျင်အမြန် ရောက် ရှိလာခဲ့သည်။ ပြင်းထန်လှသော လေအဟုန်နှင့်အတူ ထိုလူကြီးအား ရိုက်ချလိုက်သည်။ များပြားလှသော အင်အားကြောင့် ထိုလူကြီးမှာ မြေပြင်ပေါ်တွင်  မီတာအနည်းငယ်အထိ လှိမ့်သွားခဲ့ပြီး သူ့မျက်နှာ တွင်လည်း သွေးများဖြင့် ဖုံးလွှမ်းသွားချေပြီ။

“ တိုက်ခိုက်တဲ့ သူအားလုံးကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ကြ  ”

လူငယ်တစ်ယောက်သည် သံတုတ်တစ်ချောင်းကို ကိုင်ဆောင်ထား ပြီး တစ်ဖက်ခြမ်းတွင် ရပ်ကြည့်နေသော လျိုစီးနှင့် ဂျားလီယောင်အား အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းက ထွက်ကျလာသော အမိန့်စကားသံက အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှ၏

ထိုလူငယ်၏ အမိန့်အား ကြားလိုက်သည်နှင့် လူအုပ်ထဲမှ လူကြီးဆယ်နှစ်ယောက်တို့သည် သံတုတ်ကိုယ်စီဖြင့် အရှေ့ထွက် လာကြပြီး သရဲတဘက်ဆန်သော အပြုံးများဖြင့် ပြေးဝင်လာခဲ့ ကြသည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...