အပိုင်း ( ၁၁၈ ) - အသက်ဘေးတမျှ ထွက်ပြေးခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
ကျောက်တံခါးအပြင်ဘက်တွင်မူ လူဆယ်ကျော်တို့က ထွက်ပေါ်လာပြီ အဝင်တံခါးကို ပိတ်တားထားလိုက်ကြ သည်။
သူတို့၏ အနောက်တွင် တခြားလူတစ်ယောက်က တိုး ထွက်လာသည်။ လကျောက်တုံး၏ အလင်းရောင်ဖြင့် ထိုလူ၏ မျက်နှာကို ကောင်းကောင်းမြင်လိုက်ရသည်။ ထိုသူမှာ ဝံပုလွေခေါင်းကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင် ငယ် မုလီ ဖြစ်သည်။
သူ့အကြည့်က အခန်းထောင့်ရှိ ရွှေပုံတို့အား တွေ့လိုက် သည့်အခါ သူ့မျက်ဝန်းတွင် လောဘအရိပ်များ ထွက် ပေါ်လာသည်။ နှုတ်ခမ်းကို သပ်လိုက်ပြီနောက် ရှောင်ယွင်တို့ ဖွင့်ထားသော ကျောက်သေတ္တာဆီကို အကြည့်ရောက်သွားပြန်ကာ မုလီသည် ပြုံးလျက်
“ မင်းတို့နှစ်ယောက်ကို အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်ကွာ.. ”
ရှောင်ယွင်သည် လက်ထဲက သော့တံကို ကျစ်ကျစ်ပါ အောင် ဆုပ်ထားလိုက်သည။ သူ့မျက်နှာက အနည်းငယ် မည်းမှောင်နေပြီ ဘေးနားက မျက်မှောင်ကြုတ်ထား သော နတ်မိမယ်သမားတော်မလေးကို တစ်ချက် ကြည့် လိုက်ပြီ မုလီအား အေးစက်စွာ မေးခွန်းမေးလိုက်သည်။
“ ခင်ဗျားက နောက်ယောင်ခံလိုက်ခဲ့တာလား..? ”
“ အနောက်ကနေ လိုက်လာတယ်လို့ ယူဆလို့မရပါဘူး.. ဘာလို့ဆိုတော့ သိပ်မကြာသေးတဲ့ ရက်ပိုင်းတုန်းက နတ်မိမယ်သမားတော်မလေးက ရတနာဂူတစ်ခုကို ရှာ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းကို ရလိုက်လို့ပဲ.. ခက်တာက ငါတို့က နေရာအတိအကျကို မသိဘူးလေ.. ”
မုလီက သူ့ပခုံးကို တွန့်လိုက်ကာ ပြောပြလိုက်သည်။
“ ရှင်က အဲဒီသတင်းကို ဘယ်လိုရလာတာလဲ.. အဲဒီ အကြောင်းကို ကျွန်မရဲ့လက်ထောက် လီဖေး ကိုပဲ ပြော ထားဖူးတာ.. နင်... နင် သူ့ကို စည်းရုံးလိုက်တာလား.. ”
နတ်မိမယ်သမားတော်မလေး၏ မျက်နှာတွင် သံသယ များစွာ ဖြစ်ပေါ်လာပြီး ချက်ချင်းပဲ ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။
“ ဟ..ဟ.. အဲဒီမိန်းမက အရမ်းမိုက်မဲတာပဲ.. ချိုသာတဲ့ စကားလုံးနည်းနည်းပဲ သုံးလိုက်ရတယ်.. ငါ့စကားကို နားထောင်ပြီ အားလုံး ပြောပြလိုက်တယ်လေ.. ”
မုလီက ပြုံးလိုက်သည်။ နတ်မိမယ်သမားတော်မလေး၏ မှန်းဆချက်ကိုလည်း ငြင်းငယ်ခြင်း မပြုပေ။
“ နင်.. ခွေးကောင်.. ”
နတ်မိမယ်သမားတော်မလေးက မျက်လုံးပြူးကျယ်ထား လျက် အော်ဟစ်လိုက်သည်။
“ တောင်းပန်ပါတယ်.. ဒါပေမဲ့ ဒီပစ္စည်းတွေက ငါတို့ရဲ့ ဝံပုလွေခေါင်းကြေးစားတပ်ဖွဲ့အတွက် အရမ်းကို အရေး ကြီးတယ်.. ဒါတွေကို ရလိုက်ရင် ကျွင်းရှိမြို့ထဲက တခြားအဖွဲ့ကို ဝါးမျိုလိုက်လို့ရပြီ.. အဲဒီအချိန်ကျရင် မြို့ကို ပိုပိုပြီး ဖွံဖြိုးဖို့အတွက် ငါတို့မှာ လုပ်နိုင်ခွင့်တွေ ရလာတော့မယ်.. ငါတို့ရဲ့ ရည်မှန်းချက်က ဒီမြို့သေး သေးလေးထက် အများကြီး ပိုလွန်တယ်..”
မုလီက အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“ ရှိသမျှ ငါ့ကို အကုန်လွှဲအပ်လိုက်ပါ.. နတ်မိမယ် သမားတော်မလေး.. မင်းအပေါ်မှာ ငါ့ရဲ့ခံစားချက်တွေ ကို မင်းကောင်းကောင်း သိပါတယ်.. မင်းသာ ငါ့အပိုင် ဖြစ်ချင်တဲ့ ဆန္ဒရှိရင်တော့ ဝံပုလွေခေါင်းကြေးစားတပ် ဖွဲ့ဆီကို ပြန်ရောက်သွားရင် သေချာပေါက် မင်းကို မနှိပ် စက်စေရဘူး.. ”
မုလီက နတ်မိမယ်သမားတော်မလေးကို ခံစားချက် အပြည့်ဖြင့် ပြောနေရင်း သူ့၏ ညင်သာသည့် လေသံက တဖြည်းဖြည်း မြင့်တက်လာသည်။
“ နင့်အတွက် ဖြစ်ရမယ်..?? အမယ်လေး.. ငါ့ကိုသာ ငြင်းလိုက်ပါတော့.. ”
နတ်မိမယ်သမားတော်မလေး၏ စကားက ထိုအဓိပ္ပါယ် ထွက်သလို သူမ၏ နှုတ်ခမ်းကလည်း မဲ့ရွဲ့ကာ လှောင် ပြောင်လိုက်သည်။ ကြည့်ရသည်မှာ မုလီ၏ စည်းရုံး သိမ်းသွင်းသည့်စကားက သူမအား ပိုပြီး ဒေါသထွက်စေ သွားပုံရသည်။
ထိုအခါ မုလီ၏ မျက်ဝန်း အေးစက်မှုတစ်ခုက ဖြတ်သန်း သွားသည်။ သို့သော် သူသည် ပြုံးထားလျက် ညင်သာ စွာ ဆိုပြန်သည်။
“ ဘာမှ ပြဿနာ မရှိပါဘူး.. ငါက နင့်ကို ဘေးနားမှာ အတင်းထားထားမှာ.. ”
မုလီက ထိုသို့ ပြောလိုက်ပြီးနောက် ဘေးနားက တိတ် ဆိတ်နေသော ရှောင်ယွင်ကို ကြည့်ပြီ ရယ်မောလိုက် ပြန်သည်။
“ ဟားဟား.. ဝံပုလွေခေါင်းကြေးစားတပ်ဖွဲ့ကို ဝင်ပါလို့ ငါကမ်းလှမ်းဖူးတာပဲ.. မင်းက ငြင်းပယ်ခဲ့တယ်လေ.. အခု မင်း ဝင်ချင်တာတောင် တော်တော်လေး နောက်ကျ သွားပြီး.. ”
“ ဒဒိုရှီအဆင့် တစ်ယောက်တောင် မရှိတဲ့ ကြေးစား တပ်ဖွဲ့က အဲ့လောက်တောင် ဘဝင်မြင့်နေကြာတာလား”
ရှောင်ယွင်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီ ခေါင်းကို ခါယမ်းကာ လှောင်ပြောင်စော်ကားလိုက်သည်။
“ ဒါပေမဲ့.. မင်းကို သတ်ဖို့က လွယ်ပါတယ်.. ”
မုလီက လူသတ်ချင်သည့်ဆန္ဒအပြည့်ဖြင့် မခိုးမခန့်လေး ပြုံးလိုက်သည်။
“ မင်းမှာ ရှိသမျှ အကုန်ထုတ်လိုက်.. မင်းကို တစ်ချက် တည်းနဲ့ သေခွင့်ပြုပေးမယ်.. ”
မုလီက ရှောင်ယွင်ကို အေးစက်စွာ စိုက်ကြည့်သည်။
ရှောင်မျက်နှာက အေးစက်စက်ဖြစ်သွားသည်။ ကျောက် တံခါးအဝမှာ ပိတ်တားထားသော ကြေစားစစ်သည် ဆယ်ယောက်ကျော်တို့၏ ရင်ဘက်က အမှတ်တံဆပ်ကို လှမ်းကြည့်ပြီ ထိုလူတွေ၏ အင်အားကို တွက်ချက်လိုက် သည်။ ကြေစားစစ်သည်တို့မှာ ဒိုကျဲအဆင့် ကြယ် ၄ လုံး ကနေ ကြယ် ၅ လုံးအထိ ရှိပြီး မုလီက ဒိုကျဲ ကြယ် ၆ လုံး ဖြစ်နေသည်။
ရန်သူ၏ အင်အားကို ချိန်ထိုးတွက်ချက်ကြည့်လိုက်ပြီး နောက် ရှောင်ယွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ အခုလက်ရှိ သူ့ရဲ့ ခွန်အားနှင့် အများဆုံး ဒိုကျဲ ကြယ် ၄ လုံး အဆင့်တစ်ယောက်ကိုပဲ ရင်ဆိုင်နိုင်မည်။ တကယ်လို့ ကျောပေါ်က အနက်ရောင်ဓားကြီးကို ဖယ်ရှားလိုက်မယ်ဆိုရင်တောင် ဒိုကျဲအဆင့် ကြယ် ၆ လုံး အဆင့်သမားတစ်ယောက်ကိုပဲ ရင်ဆိုင်နိုင်ပါသေး သည်။
ဒါပေမဲ့ ခွန်အား သန်မာကြသည့် ကြေးစားစစ်သည် ဆယ်ယောက်ကျော်တို့က ကျောက်တံခါးကို ပိတ်ထား ကြသည်။ ပုံမှန်အခြေအနေအတိုင်းဆိုရင် သူတို့က ရှောင်ယွင်ကို ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် ရှောင်ယွင် သေချာ ရှုံးနိမ့်ပြီ သေဆုံးရလိမ့်မည်။
“ ဆရာရေ… ”
ရှောင်ယွင် စိတ်ထဲကနေ ရွဲ့လော်ကို အော်ခေါ်လိုက် သည်။ သို့သော် မည်သည့်တုံ့ပြန်ချက်မှ မကြားချေ။ ရှောင်ယွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဒီအခက်အခဲမှ လွတ်မြောက်ဖို့ ဆရာရွဲ့လော်ဆီကနေ အကူအညီရဖို့က လမ်းစ မမြင်ရပေ။
မုလီသည် လက်ကို ဟန်ပါပါဖြင့် ပိုက်ပြီ ကျောက်တံခါး အလယ်ဝမှာ မတ်တတ်ရပ်နေသည်။ သူ၏ ကောက် ကျစ်သော အကြည့်က ရှောင်ယွင်၏ မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲနေသည်ကို ကြည့်လိုက်နေသည်။ မုလီ၏ ဟန်ပန်မှာ ကြွက်တစ်ကောင်အား ဆော့ကစား နေသည့် ကြောင်တစ်ကောင်လို ဖြစ်နေသည်။
“ မင်းမှာ အရည်အချင်း ကောင်းကောင်းရှိတယ်.. နောက်ဆို မင်းက တိုးတက်လာမှာ.. အရိုးသားဆုံး ပြောရရင် မင်း လက်စားပြန်ချေမှာကို ငါ စိုးရိမ်မိတယ်.. ဒီတော့ အဲဒီစိတ်မပူရအောင် မင်းကို ဒီမှာပဲ တစ်ခါတည်း သတ်ရတော့မှာပေါ့.. ”
မုလီက လက်ချောင်းကို လက်ခုံပေါ်တွင် ဖွဖွလေး ခေါက်ကစားနေရင်း ခပ်ပြုံးပြုံးလေးဖြင့် ပြောလိုက် သည်။ သူ ငယ်စဉ်အချိန်တွင် ဖခင်က သူ့ကို အမြဲတမ်း သွန်သင်ပေးထားသည်။ ဖြစ်နိုင်လျှင် စော်ကားလာသူကို သတ်ပစ်လိုက်နိုင်ဖို့နှင့် တစ်ဖက်ကို ပြန်ပြီ လက်တုံ့ပြန် ခွင့် မပေးလိုက်မိဖို့ ဖြစ်သည်။
မျက်နှာက ပြုံးရွှင်နေသော မုလီကို ရှောင်ယွင်က မျက်လုံးကို ကျဉ်းမြောင်းစွာဖြင့် ငေးစိုက်ကြည့်နေလိုက် သည်။ ဒီနှစ်ကာလအတွင်း သူသည် တစ်ပါးသူကိုသာ လှောင်ပြောင်ခြင်းကို ပြုလုပ်ရင် ပြုလုပ်ခဲ့မိလိမ့်မည်။ သို့သော် အုပ်စုအားကိုးဖြင့် သတ်ဖြတ်ချင်တာမျိုးကို သူ တကယ် မမြင်ဖူးချေ။
“ မင်းပြောတာ မှန်တယ်.. တကယ်လို့ ငါ ထွက်ပြေးလို့ ရခဲ့ရင် ငါဟာ သေချာပေါက် ဝံပုလွေခေါင်းကြေးစားအဖွဲ့ ကို လက်စားပြန်ချေမယ်.. ”
ရှောင်ယွင် နှုတ်ခမ်းကို အေးစက်စွာ တွန့်ကွေးလိုက်ရင်း ပြောလိုက်သည
“ ဒီလိုအခြေအနေမျိုးမှာတောင် ဒီလိုရဲဝံ့နေနိုင်တာ လေးစားမိပါတယ်ကွာ.. ဒါပေမဲ့လေ မင်းလုပ်လိုက်တာ က မင်းကို ပိုသတ်ချင်စိတ်ပေါက်သွားမိလေပဲ “
မုလီသည် မျက်နှာက ပြုံးလျက်ရှိနေသော်လည်း မျက်ဝန်းတွင် လူသတ်ချင်သည့် အရိပ်အယောင်များ အေးစက်၍ လာသည်။
ရှောင်ယွင်လည်း မျက်ခုံးကို ပင့်ကာ မုလီအား လူသတ်ချင်သည့် မျက်နှာဖြင့် ပြန်ကြည့်လိုက်သည်။
ရှောင်ယွင်သည် လွတ်မြောက်နိုင်သည့် နည်းလမ်းကို စဉ်းစားနေနေရင်း ရုတ်တရက် သူ့လက်က လှုပ်ခါသွားပြီ တစ်စုံတစ်ခုကု သူ့လက်ထဲ ထိုးထည့်လာသည်ကို ခံစား လိုက်ရသည်။ ရှောင်ယွင်က မျက်လုံးကို မှေးကျဉ်းထား ရင်း ဘယ်သူမှ သတိမထားမိအောင် လက်သီးကို ဆုပ်လိုက်ပြီးနောက် ဘေးနားတွင် ရပ်နေပါသော နတ်မိမယ်သမားတော်မလေးကို မျက်လုံးထောင့်ကပ်ကာ ကြည့်လိုက်သည်။
“ အဲဒါက စောစောက မေ့ဆေးအမှုန့်ပဲ.. “
နတ်မိမယ်သမားတော်မလေးသည် နှုတ်ခမ်းကို လှုပ်ရုံသာ လှုပ်ပြီး ရှောင်ယွင်ကြားနိုင်လောက်သည့် အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
ရှောင်ယွင်က ခေါင်းကို အသာလေး ညိတ်လိုက်သည်။ ပြီးလျှင် အခန်းနံရံဆီကို ကြည့်လိုက်သည်။ လကျောက် တုံး သုံးလုံးက အလင်းဖျော့ဖျော့ ထုတ်လွှတ်နေသည်ကို မြင်လိုက်တဲ့အခါမှာ ရှောင်ယွင် ခေါင်းထဲကို အကြံတစ်ခု ကို ရုတ်တရက် ရရှိသွားသည်
" ငါ့အနားမှာပဲ နေ.. "
ရှောင်ယွင်က လေးနက်သော အမူအရာဖြင့် နတ်မိမယ်သမားတော်မလေးကို ပြောလိုက်သည်။
" အင်း “
နတ်သမိးသမားတော်မလေးက နာခံစွာဖြင့် ခေါင်းကို ညိတ်လိုက်သည်။ ဤနေရမှာ လွတ်မြောက်ဖို့အတွက် ရှောင်ယွင်ကို သူမ အမျှော်လင့်ကြီး ထားလိုက်ပြီးလည်း ဖြစ်သည်။
“ ကဲ.. စလိုက်တော့.. အဲဒီကောင်လေးကို သတ်လိုက် ဒါပေမဲ့ နတ်မိမယ်သမာ်းတော်မလေးကို အနာတရ မဖြစ် စေနဲ့.. မှတ်ထားကြ ”
ကောင်းပြီ
မုလီ၏ အမိန့်စကားကို နားထောင်ပြီးသည့်နှင့် သူ့အနောက်က ကြေးစားစစ်သည် ၁၀ ယောက်အထဲက ၅ ယောက်တို့သည် ချက်ချင်းပဲ အရှေ့တက်လာကြပြီ ရှောင်ယွင်တို့ စုံတွဲနှစ်ယောက်ကို ကြောက်မက်ဖွယ် ကောင်းသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။
ကျောက်တံခါးကို ကျန်သည့် ကြေးစားစစ်သည် ၅ ယောက်တို့က ပိတ်ဆို့ထားသည်ကို မြင်လျှင် ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ သတိလက်လွတ်မရှိ သော ထိုကြေးစားစစ်သည်တွေကြောင့် ရှောင်ယွင်မှာ ခေါင်းကိုက်ချင်သလိုလိုပင် ဖြစ်လာသည်။
" ဘန်းးး "
သူ့ဆီကို လှမ်းလာနေသော ကြေးစားစစ်သည်တို့ကို တစ်ချက်ကြည့်လိုက်ပြီ ရှောင်ယွင် လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်သည်။ ပြင်းထန်အားကောင်း သော လေအားက မေ့ဆေးအမှုန့်အိတ်ကို လေထဲ လွင့်ပျံသွားစေသည်။ ချက်ချင်းပဲ လေထဲမှာပဲ ပေါက်ကွဲ သွားသည်။ ပြန့်လွင့်သွားသော ဆေးမှုန့်များက အခန်း တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။
“ အသက်အောင့်ထားကြဟေ့.. တံခါးမှာ ရှိနေတဲ့သူ တွေ လုံးဝမလှုပ်ကြနဲ့.. တံခါးကို ပိတ်တားထားတာပဲ လိုချင်တယ်.. “
မေ့ဆေးအမှုန့်များက အခန်းထဲ ပြန့်ကျဲသွားသည်ကို မြင် လျှင် မုလီ၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီ လျင်မြင်စွာ အော်ဟစ်ပြောလိုက်သည်။
မုလီ၏ အသံက ဝရုန်းသုန်းကားဖြစ်နေသော ကြေးစား စစ်သည်တို့ကို လျင်မြန်စွာ တည်ငြိမ်သွားစေသည်။ အခန်းထဲက ကြေးစားစစ်သည် ၅ ယောက်က ချက်ချင်းပင် ခါးမှာ ချိတ်ထားသော လက်နက်ကို ထုတ်လိုက်ပြီး ရှောင်ယွင်နှင့် နတ်သမီးသမားတော် မလေးတို့ကို စူးရဲစွာ ကြည့်လိုက်ကာ ပြေးဝင်သွားသည်။
ရှောင်ယွင်လည်း နတ်မိမယ်သမားတော်မလေးကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်ပြီ အခန်းအနောက်သို့ ဆုတ်ဝင်လိုက်သည်။ လက်တစ်ဖက်ကိုလည်း မြန်ဆန်စွာ ကွေးညွတ်လိုက်ပြီ စုပ်ငင်အားကို ဖြစ်ပေါ် စေကာ ကျောက်သားနံရံထက်က လကျောက်တုံးကို ဆွဲစုပ်လိုက်ပြန်သည်။ လကျောက်တုံးတို့ကလည်း နံရံကနေ ကျွတ်ထွက်လာကြပြီ ရှောင်ယွင်လက်ထဲကို ပြေးဝင်လာခဲ့သည်။
ရှောင်ယွင်က လက်ကို တစ်ချက်လှည့်လိုက်သည့်နှင့် ထို လကျောက်တုံးတို့အား သူ့၏ သိုလှောင်လက်စွပ်ထဲသို့ တစ်ခါတည်း ထည့်သိမ်းပစ်လိုက်သည်။ အလင်းထုတ် ပေးသည့် လကျေက်တုံး မရှိသည်နှင့် အခန်းတစ်ခုလုံး က ချက်ချင်း မဲမှောင်စပြုလာသည်။ လကျောက်တုံးကို သိုလှောင်လက်စွပ်ကို ထည့်သိမ်းလိုက်ပြီနောက် ရှောင်ယွင်က အလျင်လိုနေသော မျက်နှာဖြင့် အကြည့် ကို ပြောင်းရွှေ့လိုက်သည်။ နံရံထက်က ကျန်နေသေး သည့် လကျောက်တုံး ၂ တုံးကို ညာဘက်လက်ဖြင့် တရစပ် စုပ်ဆွဲလိုက်ပြီ သိုလှောင်လက်စွပ်ထဲ ထည့်ပစ် လိုက်ပြန်သည်။ လကျောက်တုံးအားလုံးက သိုလှောင် လက်စွပ်ထဲ ဝင်သွားသည့်အခါ အခန်းတစ်ခုလုံးမှာ လုံးဝ နက်မှောင်ကျသွားတော့သည်။
အခန်းအတွင်းတွင် အမှောင်ကျသွားသည်နှင့် ရှောင်ယွင် သည် နတ်မိမယ်သမားတော်မလေး၏ လက်မောင်းကို ဆွဲလိုက်ပြီ တစ်ပတ်လှည့်လိုက်ပြီနောက် စိတ်ထဲတွင် မှတ်သားထားသော ထွက်ပေါက်နေရာသို့ ပြေးသွားလေ သည်။
“ မကြောက်ကြနဲ့ဟေ့.. မီးတုတ်တွေ ထုတ်လိုက်ကြ.. တံခါးမှာ ရှိတဲ့သူတွေ လုံးဝ မလှုပ်ကြနဲ့.. အခန်းထဲမှာ ရှိတဲ့သူလည်း အပြင်မထွက်လာနဲ့.. သတိထားကြ.. တံခါးဆီကို လာရဲတဲ့သူ မည်သူကိုမဆို သတ်လိုက်.. ”
ရုတ်တရက် မဲမှောင်သွားခြင်းကြောင့် မုလီ၏ မျက်နှာက ညိုမှောင်သွားသည်။ သို့သော် သူသည် အင်မတန်ကို ဥာဏ်ကောင်းသူဖြစ်ရာ စက္ကန့်ပိုင်းအတွင်းမှာပဲ မှန်ကန် သော ဆုံးဖြတ်ချက်ကို ချလိုက်နိုင်သည်။
ခေါင်းဆောင်က အနားတွင် ရှိနေခြင်းကြောင့် ကြေးစား စစ်သည်တို့သည် ပြန်လည် တည်ငြိမ်သွားသည်။ မီးခြစ် ကို ယူဆောင်လာသည့် ကြေးစားစစ်သည်ကလည်း ကမန်းကတန်း မီးခြစ်ကို ထုတ်ယူလိုက်သည်။ သို့သော် မီးတုတ်အား မီးညှိတော့မည့်အချိန်တွင် လေပြင်းတစ်ခု က သူတို့အား တိုက်ခတ်သွားသည်။ ထို့အတူ လက်ဝါး တစ်ခုကလည်း ပြင်းထန်လှသော အရှိန်နှင့်အတူ သူတို့ ၏ ရင်ဘက်ဆီကို တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင် အချိန်မှီ မတုံ့ပြန်လိုက်နိုင်သော ကြေစားစစ်သည်တို့က ညည်းညူအသံများ ထွက်ပေါ်လာကာ မြေပြင်ပေါ် တုံးခနဲ လဲကျသွားတော့သည်။
“ သူ လာနေပြီ.. သူက ကျောက်တံခါးဆီကို ရောက်နေပြီး.. မြန်မြန်.. သူ့ကို တားလိုက်ကြ.. ”
တိုက်ခိုက်ခံလိုက်ရသော ကြေးစားစစ်သည်တို့က နာကျင်စွာဖြင့် ခေါင်းထောင်ပြီ အော်ဟစ်ပြောလိုက်၏။
သူ့လူ၏ အော်သံကို ကြားလိုက်သည့်အခါ မုလီ၏ မျက်နှာက ပိုပြီး မည်းမှောင်လာသည်။ ချက်ချင်းပင် ခြေလှမ်းကို အနောက်ဆုတ်ပြီ ကျောက်တံခါအစွန်းနား တွင် သွားရပ်လိုက်ကာ လွတ်လပ်နေသော ထွက်ပေါက် ကို အပြည့်အဝ တားရပ်လိုက်သည်။
“ ဘုန်းး.. ”
အားကောင်းပြီ ပြင်းထန်သော အားတစ်ခုက သူတို့ အရှေ့ကို ဝင်ရောက်လာသည်။ တံခါးဝတွင် စောင့်နေ ကြသော ကြေးစားစစ်သည်တို့သာ ချက်ချင်း မတုံ့ပြန် လိုက်နိုင်ကြပါက ဘေးဘက်ကို လွင့်စင်သွားကြပေလိမ့် သည်။ သို့သော် ၎င်းတို့မှာ ခြေလှမ်းအနည်းငယ် ဆုတ် လိုက်ရပြီး ဒယိမ်းဒယိုင် ဖြစ်သွားကြသည်။
ထိုသို့ ကိုယ်ဟန် မထိန်းလိုက်နိုင်သည့်အချိန်တွင် လေပြင်းနှစ်ခုက သူတို့ကြားကနေ လျှို့ဝှက်စွာ ဖြတ် သန်းသွားသည်။ သတိမူလိုက်သည့်အချိန်တွင် နောက် ကျသွားလေပြီး။ သူတို့သည် အနောက်တွင် ရပ်နေသော မုလီကို အော်ပြောလိုက်သည်။
“ ခေါင်းဆောင်လေး.. သူတို့ ခေါင်းဆောင်လေးဆီကို လာနေပြီ.. ”
မုလီသည် မျက်ဝန်းကို ကျဉ်းမြောင်းကြည့်ထားလိုက်ရင်း ခြေနှစ်ဖက်ကို ခွဲထားကာ ဂူလမ်းကျဉ်းကျဉ်းကို ခန္ဓာ ကိုယ်ဖြင့် ကာကွယ်ထားလိုက်သည်။ လက်နှစ်ဖက်ကို ပူးကိုင်ဆုပ်ထားလိုက်ရင်း အစိမ်းအလင်းရောင် ဒိုချီစွမ်း အင်ကို စီးဆင်းစေလိုက်သည်။ ဒိုချီစွမ်းအင်၏ သက် ရောက်မှုအောက်တွင် သူ့လက်နှစ်ဖက်သည် သစ်သား အရောင်သို့ ပြောင်းလဲစပြုလာသည်။
“ ဒိုကျဲ ကြယ် ၂ လုံးသမားက ငါ့ကို ထိပ်တိုက်တွေ့ပြီ ဘယ်လို အနောက်တွန်းထုတ်နိုင်မလဲဆိုတာ ကြည့်ရ သေးတာပေါ့ကွာ.. ”
အေးစက်စက် ရယ်သံနှင့် မုလီသည် ညလင်းပုလဲ တစ်လုံးကို ထုတ်ယူလိုက်ပြီ အရှေ့သို့ ပစ်ထုတ်လိုက် သည်။ ၎င်းအလင်းမှာ နှစ်ပေမှ သုံးပေ အဝိုင်းလောက် သာ အလင်းထုတ်ပေးနိုင်သည်။သို့သော် ဂူကျဉ်းကျဉ်း အတွက်တော့ လုံလောက်သည်။
ညလင်းပုလဲကို ပစ်လိုက်သည်နှင့် မကြာချေ.. ပုံရိပ်နှစ်ခု က လျင်မြန်သော အဟုန်ဖြင့် ပြေးလာသည်ကို မြင်ရ သည်။ ပုလင်းမှ ထွက်ပေါ်နေသော အလင်းကြောင့် မုလီသည် မသဲမကွဲမြင်ရသော ရှောင်ယွင်၏ မျက်နှာ ထက်က သတ်ဖြတ်လိုသည့် အရိပ်အယောင်ကို မြင်လိုက်ရသေးသည်။
“ ပြန်သွားစမ်း.. ”
မီးထဲတိုးသော ပိုးဖလံပမာ ရှောင်ယွင်လည်း သူ့ဆီကို တရကြမ်း ပြေးဝင်လာသည်ကို ကြည့်နေရင်း မုလီသည် အေးစက်စက်နိုင်သော အသံဖြင့် ရယ်မောလိုက်သည်။ သစ်သားကဲ့သို့ ဖြစ်နေပါသော သူ့လက်သီးသည် အစိမ်း ရောင်အလင်းများဖြင့် ဝိုင်းဖွဲ့လာပြီ ရှောင်ယွင်ကို မညှာ မတာ ပြင်းထန်ရက်စွာဖြင့် ထိုးချလိုက်တောလေသည်။
“ အဆင့်နိမ့် ရွှင်းအဆင့် သစ်သား၏ ခွန်အားးးး ”
ဒိုချီစွမ်းအင်တွေက သူ့ဆီကို ခေါင်းတည်ဝင်လာနေ ခြင်းကြောင့် ရှောင်ယွင်မျက်နှာမှာ တုန်လှုပ်သွားသည်။ မျက်လုံးပြုးကြည့်လိုက်လျှင် မုလီ၏ ကောက်ကျစ်သော အကြည့်ကို မြင်လိုက်ရသည်။
“ သေစမ်းကွာ.. ”
ရှောင်ယွင်သည် စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီ အသက် တစ်ချက် ရှိုက်လိုက်သည်။ နောက်ကျောက ဓားကြီးဆီ ကို လက်ရောက်သွားပြီ တစ်ချက် အားစိုက်ကာ ဆွဲနှုတ် လိုက်သည်။ လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက် ပြီးနောက် ဓားကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်း လိုက်သည်။
ဓားကြီးက ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ရှောင်ယွင်၏ ပြေးနှုန်းမှာ မျက်စိတမှိတ်အတွင်းမှာပဲ တဟုန်ထိုး တိုးမြင့်လာတော့သည်။ ခန္ဓာကိုယ်အတွင်းမှာ နှေးကွေးလေးလံစွာ သွားလာစီးဆင်းနေရသော ဒိုချီစွမ်း အင်တို့မှာ ဒီရေလှိုင်းလုံးပမာ အရှိန်အဟုန် မြင့်တက်လာ တော့သည်။
ဒါသည် ရှောင်ယွင်၏ ဒိုချီစွမ်းအင် ဖိနှိပ်ထားရာမှ ပထမ ဆုံးအကြိမ် ပွင့်ထွက်လာခြင်း ဖြစ်သည်။ ရှောင်ယွင် လက်သီးကို ဆုပ်လိုက်ပြီ သူ့၏မရေတွက်နိုင်သော သွေး ပြန်ကြောများ တုန်လှုပ်လာကာ ကြောက်စရာကောင်း သော ခွန်အားများ စုစည်းလာခဲ့ပေသည်။
ခန္ဓာကိုယ်အတွင်း ဒိုချီစွမ်းအင်များ ရုတ်ချည်းတိုးပွား လာခြင်းနှင့်အတူ ရှောင်ယွင်၏ ငယ်ရွယ်သည့် မျက်နှာ တွင် တိုက်ခိုက်ချင်သည့် စိတ်များ ရုန်းထွက်၍ လာ သည်။ အနားရောက်ခါနီးသည့် မုလီ၏ မျက်နှာကို အေး စက်စက်ဖြင့် တစ်ချက်ကြည့်လိုက်ရင်း သူ၏ ခန္ဓာကိုယ် အတွင်းမှာ ဒိုချီအတွင်းအားများသည် ကျင့်ကြံနေသည့် ဒိုချီကျင့်စဉ်အရ သတ်မှတ်ထားပြီးသော ဒိုချီအတွင်း သွေးလမ်းကြောင်းအတိုင်း စီးဆင်းလာကာ မထိန်းသိမ်း နိုင်လောက်ပင် လှည့်ပတ်၍ လာသည်။
“ ရှစ်ဆပြင်းထန် … ”
စိတ်ထဲကနေ အော်ဟစ်လိုက်သံတစ်ခုကြောင့် အင်္ကျီ လက်ထဲက ရှောင်ယွင်လက်မောင်းက တောင့်တင်းသွား စေသည်။ ပျော့ပျောင်းသော အဝတ်တို့သည်ပင် သတ္တု လို မာကျောကာ ပြောင်းလဲသွားသည်။
ပြင်းထန်အားကောင်းသော ခွန်အားများ ပါဝင်နေသည့် လက်သီးကို အနောက်ပြန်ဆွဲ အရှိန်ယူလိုက်ကာ အရှိန် ဖြင့် အရှေ့ကို ထိုးချလိုက်တော့သည်။
“ ဒုန်းး ”
လက်သီးချင်း တွေ့ဆုံမှုက ဂူကျဉ်းကျဉ်းလေးထဲမှာ မိုးခြမ်းသံလို ကျယ်လောင်စွာ ပေါက်ကွဲထွက်လာပြီး ဂူလမ်းကြောင်းတစ်လျှောက် ပေါက်ကွဲသံများ အပြန်ပြန် အလှန်လှန် ဆင့်ကာဆင့်ကာ ရိုက်ခတ်ပဲ့တင်ထပ်သွား သည်။
ရှောင်ယွင်နှင် ခွန်အားချင်း တူညီနေသည်ကို မြင်လျှင် မုလီ မျက်နှာပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ရှောင်ယွင်၏ ခွန်အားက အဆင့်တစ်ဆင့် အထိ ခုန်တက်သွားနိုင်မှန်း သူ မထင်မှတ်ထားမိချေ။
“ ငါ သူ့ကို ထိန်းထားမယ်.. မြန်မြန် သူ့ကို လာသတ် ကြ.. ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ရအောင် သတ်.. ”
အေးစက်ပြီ ကောက်ကျစ်သော အော်ဟစ်လိုက်သံက မုလီ၏ လည်ချောင်းကနေ အကျယ်ကြီး ထွက်ပေါ်လာ သည်။ ရှောင်ယွင် ပြသလိုက်သော ခွန်အားက အကြံ သမား မုလီအား အကြီးအကျယ် တုန်လှုပ်သွားစေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဒိုကျဲ ကြယ် ၆ လုံသမားတစ် ယောက်ကိုပင် လက်ရည်တူ တိုက်ခိုက်နိုင်လေရာ နောင် နှစ်အနည်းငယ်အတွင်း ဘယ်အဆင့်ရောက်နေမည်မှန်း ခန့်မှန်းရ ခက်ခဲသည်။ တကယ်၍ ရှောင်ယွင်က လွတ် မြောက်သွားခဲ့လျှင် ဝံပုလွေခေါင်းတပ်ဖွဲ့အနေဖြင့် ပျက်စီး ခြင်းကပ်ပါး ဆိုက်ကြရတော့မည်။
ပြန်လည်လက်တုံ့ပြန်နိုင်သည့် အရေးကို တွေးမိတဲ့အခါ မုလီ၏ သတ်ဖြတ်ချင်သည့်ဒေါသက ပိုမို ပြင်းထန်လာ တော့သည်။
မုလီ၏ အော်ဟစ်သံကို ကြားသောအခါ ရှောင်ယွင်၏ နှုတ်ခမ်းထောင့်က လှောင်ရယ်သလို ဖြစ်သွားပြီး နှုတ်ခမ်းကို တစ်ချက် လှုပ်ကာ ပြောလိုက်သည်။
“ ပေါက်ကွဲလိုက်တော့.. ”
“ ဘုန်းးး ”
နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။ သို့သော် ၎င်းပေါက်ကွဲသံက မုလီ၏ ခန္ဓာကိုယ်အတွင်း မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာသော အရှိန်အား ကြောင့် မုလီ၏ မျက်နှာမှာ ခဏအတွင်း ဖြူဖျော့သွားပြီ တစ်ကိုယ်လုံးလည်း တုန်ယင်လာကာ နောက်ဆုံးတွင် သွေးတစ်လုတ်ကို ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။
“ ဝေါ့.. ”
“ သွားမယ်.. ”
မုလီကို ရိုက်ချလိုက်ပြီးနောက်တွင် ရှောင်ယွင်သည် မုလီအား သတ်လိုက်ချင်သည့် စိတ်ကို ချိုးနှိမ်ပြီး နတ်မိမယ်သမားတော်မလေးကို ချက်ချင်း ဆွဲကိုင်လိုက် ကာ အနောက်သို့ တစ်ချက်မှ မလှည့်ဘဲ ဂူအပြင်ဘက် သို့ ပြေးထွက်သွားသည်။
ရှောင်ယွင်တို့ ပြေးထွက်သွားသည်နှင့် ကျောက်အခန်း ထဲမှ ကြေးစားစစ်သည် ဆယ်ယောက်တို့သည် အပြင်ကို ပြေးထွက်လာသည်။ ထို့နောက် မြေကြီးပေါ် လဲကျနေ သော မျက်နှာဖြူရော်နေသည့် မုလီကို မြသည့်အခါ သူတို့ အံ့သြမှင်သက်သွားသည်။ ဒိုကျဲအဆင့် ကြယ် ၆ လုံးသမားတစ်ယောက် ဖြစ်သည့် ခေါင်းဆောင်လေးကို တောင်မှ ဒီလူငယ်က အနိုင်ယူသွားသည်လား..။ ကြောက်စရာကောင်းသည့် အဖြစ်မှန်က သူတို့အား ကြောင်ငေးသွားစေတော့သည်။
“ အရူးတွေ.. ဘာရပ်လုပ်ပြီ ငေးကြောင်ကြည့်နေရ တာလဲ.. ? သွား.. သွားလိုက်ဖမ်းလေ.. အဲဒီကောင်ကို သတ်ကို သတ်ရမယ်.. ငါတို့ အပြင်ရောက်တာနဲ့ အပြင် မှာ ချုံခိုစောင့်နေတဲ့သူတွေကို အချက်ပေးလိုက်.. ”
ကြောင်ငေးကြည့်နေသည့် လက်အောက်ငယ်သားတွေ ၏ မျက်နှာကို တွေ့တဲ့အခါ မုလီ နောက်တစ်ကြိမ် သွေး အန်ထုတ်လိုက်ပြီ ဒေါသတကြီးဖြင့် အော်လိုက်သည်။
“ ဟုတ်.. ဟုတ်.. ”
မုလီ၏ အော်ဆဲလိုက်သည့်အသံကြောင့် ကြေးစား စစ်သည်တို့မှာ ကြောင်ငေးရာမှ သတိပြန်ဝင်လာပြီး ကမန်းကတန်း ခွန်းတုံ့ပြန်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ရှောင်ယွင်နှင့် နတ်မိမယ်သမားတော် မလေးတို့ အနောက်ကို ပြေးလိုက်လေသည်။
မုလီသည် အခက်အခဲကြီးစွာဖြင့် ပြန်ကုန်းထလိုက်ပြီး ကျောက်နံရံကို မှီထိုင်လိုက်ကာ အသက်ပြင်းရှည် ချလိုက်မိသည်။ သူ့မျက်ဝန်းတွင် ကောက်ကျစ်သော အကြည့်များ ဖြစ်နေသည်။ လက်သီးကို ကျစ်ကျစ်ဆုပ် ပြီ ကျောက်သားကို လက်သီးထိုးလိုက်ရင်း မာကျော သော လေသံဖြင့် ပြောလိုက်သည်။
“ ခွေးမသားလေး.. ငါ့လက်ထဲမှာ မဖမ်းမိရင် မင်းအတွက် ပိုကောင်းမယ်.. မဟုတ်ရင် မင်းကို သေတာထက် ပိုဆိုးတာတွေ ခံစားစေရမယ်.. ”
ရှောင်ယွင်မှာ နတ်မိမယ်သမားတော်မလေးကို လက်က နေ ဆွဲကိုင်လျက် ဂူထွက်ပေါက်ဆီကို ပြေးလာနေသည်။ အင်္ကျီလက်ရှည်ထဲတွင် ဖွက်ထားသော သူ့လက်သီးမှာ သွေးအလိမ်းလိမ်းနှင့် ဖြစ်နေသည်။ ရှစ်ဆပြင်းထန်သိုင်း ၏ လျှို့ဝှက်အားကို လေ့လာပြီးနောက် ပထမဆုံအကြိမ် ရန်သူတစ်ယောက်အား ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ရလဒ်မှာ သူ မှန်းထားသည်ထက် ပိုကောင်းနေသည်။ သို့သော် မုလီနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းကြောင့် သူလည်း အနည်းငယ် ဒဏ်ရာရသွားသည်။
“ မုလီလို အကြံကြီးတဲ့သူက သေချာပေါက် ချောက် ကမ်းပါးထိပ်မှာ သူ့လူတွေကို နေရာချထားဦး မှာပဲ.. ”
မောဟိုက်နေသာလေသံဖြင့် နတ်မိမယ်သမားတော် မလေးက ရှောင်ယွင်ကို သတိပေးလိုက်သည်။
“ ချောက်ကမ်းပါးပေါ် တက်မှ ငါတို့ တောအုပ်ထဲ ထွက်ပြေးတိမ်းရှောင်လို့ ရမှာ.. မဟုတ်ရင် သေဖို့က ငါတို့ကို စောင့်နေမှာပေါ့.. ”
ရှောင်ယွင်က မျက်နှာမကောင်စွာဖြင့် ပြောလိုက်သည်။
“ ဂူထိပ်ရောက်ရင် ချောက်ကမ်းပါးအပေါ် မတက်နဲ့.. တကယ်လို့ သူတို့ ကြိုးဖြတ်လိုက်ရင် အောက်ကို ပြုတ်ကျသေမှာပဲ.. ”
“ တကယ်လို့ အပေါ်မတက်ဘူးဆိုရင် မင်းမှာ ဘာအကြံ ရှိသေးလဲ.. ဒါမှမဟုတ် သူများလာသတ်မှာကို ထိုင် စောင့်ချင်လို့လား.. ”
ရှောင်ယွင်က မျက်မှောင်ကုတ်ပြီး ပြောလိုက်သည်။ သို့ သော် ပြေးလွှားနေသည့် ခြေလှမ်းကိုတော့ တစ်စက်မှ မရပ်ပါ။ နတ်မိမယ်သမားတော်မလေးက သူမ၏ နှုတ်ခမ်း ကို ကိုက်ထားရင် တစ်စုံတစ်ရာအား ဆုံးဖြတ်ချက် ချ လိုက်သည်။ ထို့နောက် ပါးစပ်ဟပြီး ပြောလိုက်သည်။
“ ရှင်ကို ကျွန်မ အဝေးကို ခေါ်သွားနိုင်တယ်.. ”
ရှောင်ယွင်၏ နှလုံးက ဒုန်းခနဲ ခုန်သွားပြီ တိတ်ဆိတ် သွားသည်။
“ ဘာမှ ဇဝေဇဝါ မဖြစ်နဲ့.. ရှင်က ကျွန်မကို ကူညီမှ တော့ ရှင့်ကို ထိခိုက်အောင် မလုပ်ပါဘူး..”
ရှောင်ယွင် တွေဝေနေခြင်းအား မြင်တဲ့အခါ နတ်မိမယ် သမားတော်မလေးသည် ရှောင်ယွင် အစိုးရိမ်ကြီးတတ် ပုံအား အမှတ်ရပြီ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက် သည်။
ရှောင်ယွင်က အသက်ကို လေးပင်စွာ ချလိုက်ပြီးနောက် ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
ရှောင်ယွင် သဘောတူတာကို မြင်တဲ့အခါ နတ်မိမယ် သမားတော်မလေးလည်း သူမ၏ ရင်ဘတ်အိတ်ကနေ ဝါးပုလွေတိုတစ်ချောင်းကို ထုတ်ယူလိုက်ပြီ ပါးစပ်အနား တေ့လိုက်သည်။ ပုလွေအား အသာအယာ မှုတ်လိုက်ရာ ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာပြီ ဂူလမ်း ကြောင်းတစ်လျှောက် ဖြတ်သန်းသွားပြီ ကောင်းကင်ယံ သို့ပင် အသံရောက်ရှိသွားသည်။
“ အဲဒါက ဘာလုပ်တာလဲ.. ”
အလင်းရောင်မှိန်မှိန် လင်းနေသော ဂူထွက်ပေါက်အနား ကို စောင့်ကြည့်လိုက်ရင်း ရှောင်ယွင် မနေနိုင်ဘဲ စပ်စု ကြည့်လိုက်သည်။
“ ကျွန်မရဲ့အဖော်ကို ခေါ်နေတာ..”
သူမ၏ လက်ထဲက ဝါးပုလွေကို ဝှေ့ယမ်းလိုက်ပြီ နတ်မိမယ်သမားတော်မလေးက ပြုံးလျက် ဖြေလိုက် သည်။
“ အဆင့် ၁ သိမ်းငှက်ပြာ တစ်ကောင်ပေါ့.. ”
“ ဘာ.. မှော်သားရဲပျံတစ်ကောင်လား.. ”
သူမ၏ စကားကို ကြားရတဲ့အခါ ရှောင်ယွင် သံသယ အနည်းငယ် ဖြစ်သွားသည်။ ဒါပေမဲ့ နတ်မိမယ်သမား တော်မလေးက ခေါင်းညိတ်လိုက်သည်ကို မြင်တဲ့အခါ ရှောင်ယွင် ပျော်သွားတော့သည်။ သူတို့ လွတ်မြောက် ရတော့မည်။
“ ကံမကောင်းလိုက်တာက မဖွင့်ရသေးတဲ့ သေတ္တာ တစ်လုံးက ကျန်သွားသေးတယ်.. ”
နတ်မိမယ်သမားတော်မလေးက ရှောင်ယွင်အနား ကပ်လိုက်ပါရင်း စိတ်မကောင်းစွာဖြင့် ပြောလိုက်မိသည်။
“ မေ့ထားလိုက်ပါ.. အရမ်း လောဘမကြီးပါနဲ့.. ငါတို့ အခွင့်အရေးကြံလာခဲ့ရင် ပြန်လာယူလို့ ရတာပဲ.. ”
ရှောင်ယွင်၏ မျက်နှာတွင် အေးစက်သည့် အမူအရာက ဖြစ်ပေါ်လာသည်။
“ ဟားဟား.. ပထမတုန်းက ခက်ခဲပင်ပန်းတဲ့ လေ့ကျင့် ခန်းတွေအကြောင်း တွေးပူနေသေးတယ်.. မထင်မှတ် ဘဲ ဒီကောင်တွေက အပန်းဖြေအောင် လုပ်ပေးသလိုပါ ပဲလား... ကောင်းပြီလေ.. ဝံပုလွေခေါင်းကြေးစားအဖွဲ့ ရေ… ငါ မှော်သားရဲကောင်တောင်တန်းမှာ လေ့ကျင့် ပြီးသွားရင်တော့ မင်းတို့နဲ့ ငါ လာကစားဦးမယ်.. ”
သူ ဂူလမ်းကြောင်းတစ်လျှောက် ပြေးထွက်လာလေ ဂူထွက်ပေါက်အနားက အလင်းရောင်က ပိုပိုပြီး တောက် ပလာသည်။ ခဏအကြာတွင် အပြင်ဘက်အနား ရောက် သည့်အခါတွင် ဂူပတ်ဝန်းကျင်တွင် တောက်ပနေပြီ ငွေလထိန်ထိန်နှင့် ကြယ်ပွင့်လေးတွေကို အထဲဘက်က နေ လှမ်းမြင်လိုက်ရသည်။
ဂူပေါက်အဝ ရောက်သည့်အခါတွင် ရှောင်ယွင်သည် နတ်မိမယ်သမားတော်မလေးကို လှမ်းဆွဲပြီ ကျောက်နံရံ ကို ကပ်မှီလိုက်သည်။ ထို့နောက် ချောက်ကမ်းပါးထိပ် နေရာသို့ မသိမသာ စစ်ဆေးကြည့်လိုက်သည်။ မီးတုတ် များကို ကိုင်ဆောင်ထားသော လူပုံရိပ်များက ကင်းလှည့် နေသည်ကို တွေ့လိုက်သည်။
“ အဲဒီမှာ တကယ်ပဲ စောင့်နေကြတာပဲ.. ”
ရှောင်ယွင်က ဒေါသတကြီးဖြင့် ဆိုလိုက်ပြီ မြေကြီးမှာ နားကပ်ကာ နားထောင်လိုက်သည်။ ထို့နောက် မှုန်ကုပ် ကုပ်ဖြင့် ပြောလိုက်သည်။
“ အနောက်က လိုက်လာတဲ့သူတွေ နီးလာနေပြီး.. မင်းရဲ့ မှော်သားရဲပျံကရော ဘယ်မှာလဲ.. ”
ထိုအခါ နတ်မိမယ်သမားတော်မလေးသည် ညကောင်း ကင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ပြီးလျှင် ဝါးပုလွေအား ပါးစပ်တွင် တေ့ပြီး မှုတ်လိုက်ပြန်သည်။ ထူးဆန်းသော အသံက ကောင်းကင်ပြင်ထဲ ပျံ့လွင့်သွားသည်။
“ ကျွီးး ”
မကြာချေ.. လေချွန်သံကဲ့သို့ စူးရှသော ပုလွေသံ ထွက် သွားပြီးနောက်တွင် စူးရှသော စူးခနဲ မြည်သံက ည ကောင်းကင်ယံကနေ ပြန်လည်ကာ ထွက်ပေါ်လာသည်။
လမင်း၏ အလင်းရောင်ဖြင့် ရှောင်ယွင်သည် ကြီးမား အရွယ်ရင့်နေသော အပြာရောင်တောက်တောက် သိမ်းငှက်တစ်ကောင်အား တောင်တန်းအရှေ့မှ အတွင်း ကျသော နေရာကနေ ထွက်ပေါ်လာသည်ကို ဝိုးတိုးဝါး တား မြင်လိုက်ရသည်။ ၎င်း သိမ်းငှက်ကြီးသည် လျင်မြန် စွာဖြင့် ပျံသန်းလာပြီး ခဏအကြာတွင် ချောက်ကမ်းပါး အောက်အစွန်းတွင် ဝဲပျံနေလျက် ရှိနေသည်။
သိမ်းငှက်ပြာ ရောက်နေသည်ကို မြင်တဲ့အခါ နတ်မိမယ် သမားတော်မလေးက အသက်ပြင်းချပြီ ရှောင်ယွင်ကို လက်ယပ်ခေါ်လိုက်သည်။
“ သွားကြရအောင်.. ”
ရှောင်ယွင်လည်း ခေါင်းညိတ်လိုက်ပြီ အနောက်လှည့် ကြည့်လိုက်ရာ ဂူအတွင်းမှ ပြေးလာနေသော လူတချို့ ကို မြင်လိုက်ရသည်။ ရှောင်ယွင်လည်း အေးစက်စက် ရယ်မောလိုက်ပြီ နတ်မိမယ်သမားတော်မလေး၏ ခါးကို ဖက်လိုက်ကာ ခုန်ဆင်းလိုက်ပြီ ကြီးမားသော အပြာ ရောင် သိမ်းငှက်ကြီး၏ ကျောပြင်ထက်သို့ သက်ဆင်း လိုက်သည်။
“ ရှောင်လန်.. မြန်မြန်သွားတော့.. ”
သိမ်းငှက်ကိုယ်ပေါ်သို့ ရောက်သည့်အခါ နတ်မိမယ် သမားတော်မလေးက အလောတကောဖြင့် လော်ဆော် လိုက်သည်။
နတ်မိမယ်သမားတော်မလေး၏ အသံကို ကြားရတဲ့အခါ မှာ အပြာရောင်သိမ်းငှက်ကြီးသည် ချက်ချင်းပဲ တောင်ပံ ခတ်လိုက်သည်။ ကြီးမားသော လေအဟုန်ကြောင့် လေ ထုက တဟုန်းဟုန်းဖြင့် မြည်ဟီးနေတော့သည်။ ထို့နောက်တွင် လူနှစ်ဦးအား ကျောတွင် တင်လျက် သိမ်းငှက်ကြီးသည် ကောင်းကင်သို့ ထိုးတက်သွားလေ သည်။
“ မြားနဲ့ ပစ်ချဟေ့.. ”
ဂူထွက်ပေါက်အပြင်ကို ရောက်ရှိလာကြသော ကြေးစား စစ်သည်တို့သည် ရှောင်တို့ နှစ်ယောက်က အပြာရောင် သိမ်းငှက်ကြီးအား တကယ်ပင် စီးနင်းသွားသည်ကို မြင် လျှင် ချောက်ကမ်းပါးထိပ်ပေါ်က သူ့လူများအား ကမန်း ကတန်း အော်ဟစ်လိုက်ကြသည်။
“ ရွှီးးး ရွှီးး ရွှီးးး ”
အောက်ခြေကနေ အော်ဟစ်ပြောလိုက်သည့် အသံကို ကြားရသည့်အခါ ချောက်ကမ်းပါးထိပ်က လူတို့သည် ခဏတော့ ကြောင်သွားသည်။ သို့သော် မကြာမီမှာပဲ မြားတံအုပ်စုတစ်စုက ကောင်းကင်ထက် ပျံသန်းသွားပြီ အပြာရောင်သိမ်းငှက်ဆီကို ဦးတည်သွားသည်။
မိုးရွာသကဲ့သို့ ပြေးဝင်လာသော မြားတံများကို မြင်သည့် အခါ ရှောင်ယွင် အနည်းငယ် ထိတ်လန့်သွားပြီ ရှောင် လွဲလိုက်ဖို့ ဟန်ပြင်လိုက်သည့်အခါတွင် အပြာရောင် သိမ်းငှက်ကြီးက တောင်ပံကို ရုတ်တရက် ခါလိုက်သည်။ ထိုအခါ အစိမ်းရောင်ဖျော့ဖျော့ လေပြင်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီ မြားတံများအား ချောက်ကမ်းပါးအောက် သို့ ပြန်ပြုတ်ကျသွားစေသည်။
“ ဟူးးး ”
ရှောင်ယွင် လေးလံစွာ အသက်ပြင်းချလိုက်ပြီ သိမ်းငှက် ကိုယ်ပေါ်တွင် အားမရှိစွာ ထိုင်ချလိုက်သည်။ ခပ်မြန်မြန် သေးငယ်မှေးမိန်သွားသော တောအုပ်ကို ငုံ့ကြည့် သည့် အခါတွင်လည်း တစ်ကိုယ်လုံး တဖြန်းဖြန်း ကြက်သီး ထသွားသည်။ ဒါဟာ သူ့အတွက် အမြင့်ဆုံးကို ပျံသန်း ဖူးသည့် ပထမဆုံအကြိမ် ဖြစ်သည်။
ရှောင်ယွင် နဖူးပေါ်က ချွေးစက်များကို သုတ်ချလိုက် သည်။ သူ့တစ်ကိုယ်လုံးမှာ ယိုင်တိုင်တိုင်ပင် ဖြစ်ချင်နေ သလို ခံစားနေရသည်။ ပြင်းထန်သော ရင်ဆိုင်တိုက် ခိုက်ရခြင်းက သူ့အား တော်တော်လေးကို ပင်ပန်းမော ဟိုက်သွားစေသည်။
သိမ်းငှက်ကြီးပေါ်မှာ ထိုင်နေရင်းမှ ဂူပေါက်ဝဆီကို ပြန် ငဲ့ကြည့်လိုက်သည်။ ဂူပေါက်ဝတွင် တခြားသော ကြေး စားစစ်သည်များက တွဲထားပေးရသည့် မုလီကို မြင်လျှင် ရှောင်ယွင် စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။
မုလီကလည်း မော့ကြည့်နေခြင်းနှင့်ဆုံလေရာ ကောက် ကျစ်သောအပြုံးများနှင့် ကိုယ်စီ ပြုံးလိုက်သည်။ သူတို့၏ မျက်ဝန်းတွင်လည်း သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတွေကို လုံးဝ ဖုံးကွယ်မထားချေ။
အပြာရောင်သိမ်းငှက်လည်း တဖြည်းဖြည်း အပေါ်သို့ မြင့်တက်ပျံသန်းနေရာ ရှောင်ယွင်လည်း စူးစိုက်ကြည့် နေသည့် အကြည့်တို့ကို ရုတ်သိမ်းလိုက်ပြီး နတ်မိမယ် သမားတော်မလေးကို ကြည့်ပြီ မေးလိုက်သည်။
“ ဘယ်နေရာကို သွားဖို့ တွေးထားသေးလဲ.. ”
ရှောင်ယွင်မေးလိုက်သည့်အချိန်တွင် နတ်မိမယ်သမား တော်မှာ သူမ၏ နဖူးထက်သို့ ကျနေသော ဆံနွယ်များ အား သိမ်းစုပြီ သပ်ရပ်အောင် ပြုပြင်နေသလို လေက လည်း သူမဆီကို တိုက်ရိုက်တိုက်ခတ်ရာ သူမ၏အဝတ် အစားက လှပသောကောက်ကြောင်းကို ဖုံးကွယ်စေခြင်း အား မပြုနိုင်ဖြစ်နေတော့သည်။ ဖုံးကွယ်ထားသည့် သွယ်ညွတ်သော အရှိုက်အဖိုများကိုပင် ပြက်ပြက်ထင် ထင် မြင်နေရတော့သည်။
“ ကျွန်မက ဆေးပင်စုဆောင်းတဲ့အဖွဲ့ဆီကို ပြန်သွားမယ်”
“ မင်းက ပြန်သွားချင်နေသေးတာလား.. မုလီလည်း ပြန် သွားနိုင်သေးတယ်လေ.. ”
သူမ၏ စကားကြောင့် ရှောင်ယွင် တအံ့တအားဖြင့် ပြန် မေးလိုက်မိသည်။
“ ဟင်းဟင်း.. ဆေးပင်စုဆောင်းတဲ့အဖွဲ့ဆီကို ပြန်ရောက် တာနဲ့ ကျွန်မကို သူ ဘာမှ မလုပ်ရဲတော့ပါဘူး.. ”
နတ်မိမယ်သမားတော်မလေးက အသာအယာ ရယ်ရင်း ဆိုလိုက်သည်။ ကျွင်းရှန်မြို့တွင် သူမ၏ ထင်ပေါ်ကျော် ကြားမှုနှင့် မုလီသည် သူမကို တစ်စက်လေးမှ မတို့ထိရဲ ပေ။ သို့မဟုတ်လျှင် မြို့ထဲက ကြေးစားစစ်သည်တို့၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရလိမ့်မည်။
“ နောက်ပြီးတော့ ကျွန်မတို့ ကျွင်းရှန်မြို့ထဲ ပြန်ရောက် သွားရင် သူ ပိုပြီးတော့ အကွက်မရွှေ့ရဲတော့ပါဘူး.. ဆေးတစ်ထောင်အိမ်တော်ရဲ့ သြဇာကလည်း ဝံပုလွေ ခေါင်းကြေးစားတပ်ဖွဲ့ထက် မနိမ့်ပါဘူး.. နောက်ပြီး ကျန်သေးတဲ့ ကြေးစားစစ်သည်အဖွဲ့ကြီးနှစ်ခုကလည်း ကျွန်မကို ကျေးဇူးအကြွေးတင်ထားကြသေးတယ်လေ..”
“ ဒါဆိုရင်လည်း မင်းသဘောအတိုင်းပါပဲ.. ”
ရှောင်ယွင် ခေါင်းကို အသာညိတ်လိုက်ရသည်။ သူမကို ကြေးစားစစ်သည်တို့ ကြည့်ကြသည့် အကြည့်အရ သူမ သည် ကျော်ကြားထင်ရှားသည်ကို ရှောင်ယွင် ကောင်း ကောင်း သိထားသည်မဟုတ်လား။ ထို့ကြောင့် သူမ၏ ဘေးကင်းမှုကို ရှောင်ယွင် သိပ်စိတ်မပူမိတော့။
“ ရှင်ကရော.. ”
နတ်မိမယ်သမားတော်မလေးက ခေါင်းငဲ့ကြည့်ပြီး ပြုံး လိုက်ကာ ရှောင်ယွင်ကို မေးလိုက်သည်။
“ ငါလား.. အဟက်ဟက်.. ငါတော့ မပြန်တော့ဘူး.. ငါက မင်းလိုမှ မထင်ရှား မကျော်ကြားတာလေ.. မုလီက ငါ့ကို သတ်ချင်ရင်တောင် ဘယ်သူမှ အရှေ့တိုးပြီ တားပေးမှာ မဟုတ်ဘူး.. နောက်ပြီးတော့ ငါ ထုတ်ပြလိုက်မိတဲ့ စွမ်း အားကို ကြည့်ပြီ သူတို့က တတ်နိုင်သမျှ သတ်ဖို့ ကြိုးစား ကြမှာပဲ.. ဒီတော့ ကျွင်းရှန်မြို့လေးဆီကို ငါ မပြန်တော့ ဘူး.. ”
ရှောင်ယွင်က ဟက်ခနဲ ရယ်မောလိုက်ပြီ အပြာရောင် သိမ်းငှက်၏ တောင်ပံကို တင်းတင်းဆုပ်ထားလိုက်သည်။
“ ရှင်က ထွက်သွားချင်တာလား.. ”
ရှောင်ယွင်စကားကြောင်း သူမ တွေဝေသွားကာ ပြန်မေး လိုက်သည်။
“ ထွက်သွားမယ်.. ဟားဟား.. ငါက အဲလို ခြေဖနောင့်နဲ့ တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးတဲ့ အလုပ်မျိုး မလုပ်ဘူး.. ငါက ဒီမှော်သားရဲကောင်တောင်တန်းမှာ အချိန်တစ်ခုအထိ လေ့ကျင့်နေရဦးမယ်.. ပြီးရင် ဝံပုလွေ ခေါင်းကြေးစားအဖွဲ့ကို ပြန်လာရှာပြီ ငါ့ရဲ့အကြွေးတွေကို ဖြည်းဖြည်း ပြန်ဆပ်ခိုင်းရမယ်.. ”
ရှောင်ယွင်က ရက်စက်သည့်အပြုံးကို ပြုံးလိုက်ပြီး ကြုံးဝါး ပြောဆိုလိုက်သည်။
“ ဝံပုလွေခေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်က ဒိုသခင် ( ဒိုရှီ ) အဆင့် ကြယ် ၂ လုံးနော်.. တကယ်လို့ ရှင် လက်တုံ့ပြန် မယ်ဆိုရင် သေချာ ဂရုစိုက်ပါရှင်.. ”
နတ်မိမယ်သမားတော်သည် အတန်ကြာတိတ်ဆိတ်နေပြီး မှ ရှောင်ယွင်ကို တိုးတိတ်စွာ စိတ်ပူပေးနေမိသည်။
“ စိတ်အေးအေးထားပါ.. ဒိုရှီအဆင့်လောက်ကို ငါက မမြင်ဖူးတာ ကျနေတာပဲ.. ”
ရှောင်ယွင်က အေးအေးဆေးဆေးပဲ လက်ကို ကာပြလိုက် ရင်း ရယ်မောလိုက်ချေသည်။ တစ်ချိန်တုန်းက ဂျားလီဘီ ကဲ့သို့ ဒဒိုရှီ ( ဒိုဂုဏ်ထူးဆောင်ဆရာ ) အဆင့်သမား သည်ပင် ရှောင်ယွင်ကြောင့် သူ့ကလန်တောင် ပျက်စီး ခဲ့ရဖူးသည်မဟုတ် လား..။
ရှောင်ယွင်က ယုံကြည်မှု ရှိနေတာကို ကြည့်ပြီ နတ်မိမယ် သမားတော်မလေးက ခေါင်းကို ညိတ်ရုံသာ ညိတ်လိုက် နိုင်ပြီ နောက်ထပ် ဘာစကားမှ မဆိုတော့ချေ။ ထို့နောက် အပြာရောင်သိမ်းငှက်ဘက်ကို ခေါင်းလှည့်လိုက်ပြီ တောင်တန်းဘက်ဆီသို့ မောင်းနှင်လိုက်သည်။
သိမ်းငှက်ကြီး၏ ကျောထက်တွင် နှစ်ယောက်သား တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ နှစ်ယောက်စလုံးက လည်း အသက်ဘေးနှင့် ကပ်သီလေး ထွက်ပြေးနိုင်ခဲ့ သည်ကို ပြန်လည်းတွေးတောနေကြသည်။
“ ဟားဟား. ကောင်ကလေး.. ဒီလိုအန္တရာယ်ကြီးတဲ့ အခြေအနေကနေ သိပ်အားမစိုက်ရဘဲ လွတ်အောင် ပြေးနိုင်ခဲ့တာ.. ဒါဟာ ငါ တွေးထားတာထက်အောင် ပိုလွန်နေပါလား.. ”
ရှောင်ယွင်က မျက်လုံးမှိတ်၍ ကုန်ဆုံးသွားသော ဒိုချီစွမ်း အင်တို့အား ပြန်လည်ဖြည့်တင်းဖို့ ဟန်ပြင်လိုက်သည့် အချိန်တွင် ရွဲ့လော်၏ ကျေနပ်အားရသော ရယ်မောသံ က သူ့ခေါင်းထဲမှာ မြည်ဟီးလာသည်။
ရွဲ့လော် နောက်ဆုံးပြောလိုက်သော စကားကို ကြားလိုက် သည့်အခါ ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်ပြီ ရွဲ့လော် ကို စိတ်ထဲကနေ ညည်းပြလိုက်သည်။
“ ကျွန်တော်မှာတော့ ဆရာပျောက်သွားပြီးလို့တောင် မှတ်နေတာ.. ”
“ ဟဟ.. ကောင်ကလေး.. မင်းက သိပ်သနားဖို့ကောင်း တာပဲ.. ဒီလိုဘေးအန္တရာယ်မျိုးကို မင်းကိုယ်တိုင် မဖြေ ရှင်းခိုင်းခဲ့ရင် မင်းရဲ့အစွမ်းအစတွေ မျိုးတုံးသွားမှာပေါ့ ”
ရွဲ့လော်က စိတ်ထဲမှာပဲ ရယ်မောလိုက်ပြီး စကားဆက်ဆို ပြန်သည်။
“ နောက်ပြီး.. အကျပ်အတည်းကနေ လွတ်မြောက်လာ တော့ရော ဘယ်လိုခံစားရလဲ.. ”
“ မဆိုးပါဘူး..”
ရှောင်ယွင်က နှာခေါင်းပွတ်လိုက်ပြီ ဘဝင်မြင့်သည့် လေသံဖြင့် ပြောလိုက်သည်။
“ ဟဟ.. ဒါနဲ့ မင်းက လက်စားချေချင်တာလား.. ”
ရွဲ့လော်၏ ရယ်သံက ကောက်ကျစ်သော မြေခွေးအို တစ်ကောင်၏ ဖြားယောင်းသိမ်းသွင်းသော အသံကဲ့သို့ ဖြစ်နေသည်။
“ ကျွန်တော်က ဘာမှ လက်တုံ့မပြန်ရဘဲ သက်သက် စော်ကားခံထားရတာကို ဆရာလည်း မြင်ပြီးသားပဲ.. ဟိုကောင်က ကျွန်တော့်ကို သေစေချင်မှတော့ ကျွန်တော် က ဘာကြောင့် သူ့ကို လွှတ်ထားပေးရမှာလဲ.. ”
ရှောင်ယွင်က အသာအယာပြုံးလိုက်သလို သူ့မျက်ဝန်း တွင်လည်း အေးစက်သည့်အငွေ့အသက်များ ဖြာသွားခဲ့ သည်။
“ အင်း.. ဟိုကောင်မလေးပြောတာ ကြားတယ်မလား.. ဝံပုလွေခေါင်းကြေးစားအဖွဲ့ခေါင်းဆောင်းက ဒိုရှီအဆင့် ကြယ် ၂ လုံးတဲ့.. ”
ရွဲ့လော်က ရယ်မောလိုက်ပြီးနောက် ဆက်ပြောလေ၏။
“ ဒါကြောင့် မင်းက လက်စားချေချင်ရင်.. မင်းကလည်း ဒိုရှီအဆင့်ကို အမြန်ဆုံးရောက်အောင် လိုအပ်နေပြီးပေါ့ ”
“ ဟုတ်တာပေါ့.. ဒီကြားထဲမှာ ဒီမှော်သားရဲကောင်တောင် တန်းမှာ လေ့ကျင့်ခန်းတွေ လေ့ကျင့်ရမယ်.. ဆရာ သင်ပေးမယ့် သင်ခန်းစာတွေက ဘယ်လောက်ပဲ ခက်ခဲ ကြမ်းတမ်းပါစေ.. ကိစ္စမရှိဘူး.. အားလုံးကို ရင်ဆိုင်ကျော် ဖြတ်မယ်.. ”
ရှောင်ယွင်က ပခုံးတွန့်လိုက်သည်။
“ ဟဟ.. ကောင်းတယ်ကွာ.. မင်းမှာ ဆုံးဖြတ်ချက်ခိုင်မာ နေမှတော့ ငါကလည်း မင်းကို ဒိုရှီအဆင့်ရောက်အောင် အမြန်ဆုံးနည်းလမ်းတွေကို ဘာမှ နောက်ဆံမတင်းဘဲ သင်ပေးရတော့တာပေါ့.. ”
ရှောင်ယွင် စကားကို ကြားလိုက်သည့်အခါမှာ ရွဲ့လော်က တော်တော်လေး ဝမ်းသာသွားသည်။ သူ တကယ်ကို အမုန်းဆုံးအရာတစ်ခုက လူတစ်ယောက်က အဆင့်တက် ဖို့အတွက် ဆေးဝါးအကူအညီအပေါ် အားကိုးလွန်းခြင်း ကိုပါ။ ကောင်းကင်ယံမှာ အတန်ကြအောင် ဝဲပျံနေပြီး နောက် သိမ်းငှက်သည် တောင်ပံကို ဖြန့်ကားကာ တောင် ကုန်းထိပ်တစ်ခုပေါ်သို့ သက်ဆင်းလိုက်သည်။
“ ဆေးပင်စုဆောင်းတဲ့အဖွဲ့နေရာက ဒီတောင်ကုန်း အောက်မှာပဲ.. မင်းက မပြန်ချင်ဘူးဆိုတော့ ဒီမှာပဲ ထားခဲ့ပေးမယ်.. မနက်အထိ စောင့်နေပြီးမှ မင်းဘာသာ ထွက်သွားတော့.. အဆင်ပြေတယ်မလား.. ”
တောင်ကုန်းအောက်ခြေက မီးပုံကို ကြည့်ပြီးနောက် နတ်မိမယ်သမားတော်က ရှောင်ယွင်ကို အနောက်ပြန် လှည့်ကြည့်ကာ ပေါ့ပါးစွာ ပြုံးပြီးနောက် ပြောလိုက်သည်။
“ ရပါတယ်.. ”
ရှောင်ယွင်ကလည်း ပြန်လည်ကာ ပြုံးပြလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်သီးဆုပ်ပြီး နတ်မိမယ်သမားတော်မလေးကို အရိုအသေပေးလိုက်ကာ တောက်ပသော အပြုံးဖြင့်..
“ ဒါဆိုရင် ဒီမှာပဲ လမ်းခွဲသွားရအောင်.. နောက်တစ်ကြိမ် ပြန်တွေ့ဖို့က အချိန်ဘယ်လောက်ကြာဦးမလဲ မသိနိုင်ဘူး”
“ အင်း ”
နတ်မိမယ်သမားတော်မလေးက အသာအယာ ခေါင်း ညိတ်လိုက်ပြီးနောက် အတန်ကြာ တွေးနေပြီးမှ နောက် ဆုံးတွင် ဆေးအိတ်လေးတစ်လုံးကို ထုတ်ယူလိုက်ပြီ ရှောင်ယွင်ကို ပေးလိုက်သည်။
“ ဒီဆေးအမှုန့်တွေရဲ့ အစွမ်းက သိပ်မပြင်းထန်ပေမဲ့ ရှင့်အတွက် ကာကွယ်မှုတော့ ဖြစ်စေလောက်ပါတယ်..”
သူမ၏ ကိုယ်ငွေ့နွေးနွေးလေး ကျန်နေဆဲသည့် အိတ်ကို လှမ်းယူလိုက်သည့်အခါတွင် ရှောင်ယွင်စိတ်ထဲ အနည်း ငယ် လှုပ်ရှားသွားသည်။ အမှန်တကယ်အားဖြင့်လည်း ရှောင်ယွင်နှင့် သူမတို့က မတော်တဆ ဆုံမိကြလေသော သူစိမ်းများ ဖြစ်ကြသည့်အပြင် တဖန် သူမကပဲ အားလုံး ပိုင်သည့်ဟု ဆိုရနိုင်သော ရတနာများကိုလည်း သူက အရှက်မရှိစွာ တစ်ဝက်ယူလိုက်ပါသေးသည်။ နောက်ပြီး ထွက်ပြေးကြသည့်အခါစဉ်မှာလည်း သူက သူမကို ကယ် ခဲ့သည်မှာ မှန်သော်လည်း ဒီလိုအခြေအနေအောက်မှာ ဆိုရင် ဘယ်ယောင်္ကျားကမဆို သူလိုပဲ ကယ်တင်ကြမှာ အမှန်ပင်။
ရှောင်ယွင်က နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်တော့သည်။ နတ်မိမယ်သမားတော်လေး ကို လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် တောအုပ်ဘက်သို့ ဝင်သွားရန်အတွက် ကိုယ်ကို လှည့်လိုက်သည်။
“ ပြန်ဆုံကြတာပေါ့.. နောက် ငါတို့ ပြန်ဆုံကြရင်.. ငါတို့ နှစ်ယောက်စလုံးအတွက် ဒီ ရွံ့စရာကောင်းတဲ့ ကြေးစား စစ်သည်အဖွဲ့ကို ဖျက်ဆီးပစ်ပြမယ်.. ”
“ အင်း..အင်း.. စောင့်မျှော်နေပါ့မယ်.. ”
နတ်မိမယ်သမားတော်မလေးက ချစ်စဖွယ်ကောင်းအောင် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး ရယ်မောလိုက်သည်။
လူငယ်၏ ပုံရိပ်က တောအုပ်ထဲ တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် သူမသည် အနောက်လှည့်ပြီး ရွက်ဖျင်တဲဆီသို့ လှည့်ကြည့်လိုက် သည်။ သူမသည် အေးစက်သော အသံဖြင့် ရေရွတ်လိုက် ပါသေးသည်။
“ မုလီ.. မုလီ.. စောင့်ကြည့်လိုက်ပါဦး.. မိန်းမတစ် ယောက်ရဲ့ မကျေနပ်ခြင်းက ရှင်ထင်ထားတာထက် ပိုကြောက်စရာကောင်းတာကို စောင့်ကြည့်လိုက်ပါဦး.. ”
ထို့နောက် အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ သူမ သည် အပြာရောင်သိမ်းငှက်အပေါ် ခုန်တက်လိုက်ပြီ တောင်ကုန်းအောက်ခြေသို့ ဝဲဆင်းသွားကာ ညအမှောင် ထဲ ပျောက်ကွယ်သွားတော့သည်။ သူမ တဖြည်းဖြည်း အဝေးသို့ ပျောက်ကွယ်သွားပြီးနောက်တွင် မိုးသောက် အလင်းရောင်တန်းများ မိုးကုတ်စက်ဝိုင်းကနေ တိုးထွက် လာကာ လောကတစ်ခု လုံးအား လင်းကျင်းစေတော့ သည်။
နတ်မိမယ်သမားတော်မလေးက အိပ်စက်ခြင်းမှ နိုးထ လာသည့်အချိန်တွင် သူမ၏ တဲအပြင်ဘက်ဆီမှ ဆူဆူ ညံညံအသံများ ကြားလိုက်ရသည်။ ထိုအတူ စက်ဆုပ် ဖွယ်ကောင်းသော ရင်းနှီးနေသည့်အသံကိုပါ ကြားလိုက် ရခဏတွင် ပြုံးလိုက်သော သူမ၏ အပြုံးတွင် အငြိုးများ ပါဝင်နေသလိုပင် ရှိသည်။ သူမသည် အေးအေးလူလူပင် အိပ်ရာမှ ထပြီ အဝတ်အစားလဲလိုက်ကာ သူမ၏ ရွက်ဖျင် တဲကနေ အေးဆေး ထွက်လာသည်။
ရွက်ဖျင်တဲအပြင်ဘက်က ထွက်ပေါက်အနားတွင် ကြေး စားစစ်သည် ၈ ယောက်တို့က တင်းကျပ်စွာ စောင့် ကြပ် နေသည်ကို တွေ့လိုက်သည်။ ထိုအခိုက်တွင် လူငယ် တစ်ယောက်က သူမတဲအထဲ ဝင်လာသည်ကို ကြေးစား စစ်သည်တို့မှာ တင်းမာနေသော မျက်နှာဖြင့် တားဆီးနေ လေရာ သူမ ထွက်လာသည်ကို မြင်လိုက်ရသောအခါ တွင် ကြေးစားစစ်သည်တို့မှာ ကမန်းကတန်းဖြင့် သူမကို နှုတ်ဆက်ကြလေသည်။
“ ခစ်ခစ်.. သခင်လေးမုလီ.. ဘာဖြစ်လို့ မနက်စောစော စီးစီး ကျွန်မရဲ့တဲဆီကို ဇွတ်တိုးဝင်ဖို့ ကြိုးစားနေရတာလဲ”
နတ်မိမယ်သမားတော်မလေးက ကြေးစားစစ်သည်တို့ကို အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီ မျက်နှာက မအီမသာ ဖြစ် နေသော မုလီကိုလည်း စောင်းငဲ့ကြည့်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်ပြန်သည်။
ထိုသို့ ပြောနေရင်းမှ မုလီ၏ မျက်စိက နတ်မိမယ်သမား တော်မလေး၏ နောက်ကျောနေရာသို့ လှမ်းပြီ အကြည့် ကစားလိုက်သည်။ သို့သော် မည်သည့်အရာမှ မတွေ့ရှိ ရချေ။ မျက်မှောင်တစ်ချက်ကြုတ်သွားပြီးနောက် ပြုံးရွှင် လျက်ပဲ ပြောလိုက်သည်။
“ ဟဟ.. ဘာမှ မဟုတ်ပါဘူး.. နောက်ကျနေပြီးဆိုတော့ အဲဒါကြောင့် နတ်မိမယ်သမားတော်ကို လာနှိုးပြီ ခရီးဆက် ဖို့အကြောင်း လာပြောတာပါ.. ”
နတ်မိမယ်သမားတော်က ခေါင်းကို အသာအယာ ညိတ် လိုက်ပြီ ကြေးစစ်စစ်သည်တွေကို လက်ယပ်ပြီး ဖယ်သွား ခိုင်းလိုက်သည်။ သူမသည် အရှေ့သို့ ခြေနှစ်လှမ်းတိုး လိုက်ပြီ ပြုံးလျက် မုလိကို ကြည့်လိုက်ကာ
“ သခင်လေးမုလီ.. အရှေ့က ပုဇဉ်းရင်ကွဲကောင်ကို ဓား ခုတ်ကောင်က ချောင်းနေတဲ့အချိန်မှာ အနောက်ကနေ ငှက်က သူ့ကို ပြန်ချောင်းနေတယ်ဆိုတဲ့ စကားကို ကြား ဖူးတယ်မလား.. ငှက်က အတော်လေးကို အကွက်မြင်တဲ့ ကောင်ပဲ.. ”
“ ဓားခုတ်ကောင်က ဥာဏ်နီဥာဏ်နက်များတာကိုး.. သနားစရာပါပဲ.. ”
မုလီက ပြုံးရင်း ဆိုလိုက်သည်။ သူ့၏ မျက်နှာတွင် အေး စက်သော အမူအရာဖြင့် နတ်မိမယ်သမားတော်အနောက် က ရွက်ဖျင်တဲဆီကို နောက်တစ်ခါ ဝေ့ဝဲကြည့်လိုက် သည်။ ထို့နောက် အေးစက်သော လေသံဖြင့်
“ မင်း ပြန်ရောက်လာပြီးကတည်းက ရောက်နေမှန်း ငါသိပြီးသားပါ.. မင်းကို ငါ ဘာမှ လုပ်လို့မရဘူးဆိုတာ မှန်ပေမဲ့ ငါ့ရဲ့ ဦးတည်ချက်က မင်းမဟုတ်ဘူး.. ရှောင်ယွင် ကို ငါ့လက်ထဲ လွှဲပေးပါ.. မင်းအတွက် အခက်အခဲ ဖြစ် အောင် ငါ ဘာမှ မလုပ်တော့ဘူး.. ”
“ သူ ထွက်သွားပြီး.. ”
နတ်မိမယ်သမားတော်မလေးက လက်ဖဝါးလှန်ပြပြီး ပြုံးလျက် ပြောပြလိုက်သည်။
“ ထွက်သွားတယ်? ”
မုလီက မျက်မှောင်ကုတ်လိုက်ကာ သူ၏ မျက်နှာအမူ အရာသည်လည်း ပိုရုပ်ဆိုးလာသည်။
“ သူက ရူးမိုက်ပြီးတော့ စခန်းကို ပြန်လာလိမ့်မယ်လို့ တွေးထင်နေတာလား.. ? ”
နတ်မိမယ်သမားတော်မလေးက လှောင်ရယ်လိုက်ပြီး ဘေးနားဝန်းကျင်က နိုးထလာကြသော ကြေးစားစစ် သည်တို့ကို ငေးကြည့် လိုက်သည်။ ထိုသူတို့မှာ သူမ၏ ကာကွယ်သူ ဖြစ်ကြသည်။ သူတို့ ဒီမှာ ရှိနေလျှင် မုလီက သူမကို ဘာမှ လုပ်ရဲမှာ မဟုတ်ချေ။
“ အကောင်ယုတ်.. ”
မုလီ ဆဲလိုက်သည်။ သူသည် အသက်ပြင်းတစ်ချက် ရှိုက် လိုက်ပြီးနောက်
“ အဲဒီကောင်က မှော်သားရဲတောင်တန်းထဲကို ဝင်သွား ပြီးဆိုတော့ မြန်မြန်သေတာပေါ့.. ”
မုလီ၏ ရုန်းရင့်စကားကို နတ်မိမယ်သမားတော်မလေးက လျစ်လျူရှုလိုက်သည်။ သူမ၏ နီထွေးပြီ သေးငယ်သော နှုတ်ခမ်းသား၏ ထောင့်ချိုးက အပေါ်သို့  ကော့ညွတ်သွား သည်။ သူမ၏ လှပသော မျက်လုံးတွင်လည်း လှောင် ပြောင်ခြင်းတို့က အပြည့်ရှိနေသည်။
“ မမလေး.. ဆေးပင်တွေ အားလုံး စုဆောင်းသိမ်းဆည်း လို့ပြီးပြီ.. ကျွန်တော်တို့ ပြန်ကြတော့မလား.. ”
ဆေးတစ်ထောင်အိမ်တော်မှ ပါလာသော ဆေးပင်စု ဆောင်းရေးအဖွဲ့သားတစ်ယောက်က လျင်မြန်စွာ လျှောက်လာပြီ နတ်မိမယ်သမားတော်မလေးကို အကြောင်းကြားလိုက်သည်။
“ အင်း.. ဒါဆို အပြန်ခရီး စကြတာပေါ့.. ”
နတ်မိမယ်သမားတော်မလေးက ပြုံးပြီ ခေါင်းညိတ်လိုက် သည်။ ထို့နောက် စခန်းတစ်ခုလုံးကို ခြုံကြည့်လိုက်ပြီး နောက် ယဉ်ကျေးသော အသံဖြင့်..
“ အားလုံးပဲ.. ဝံပုလွေခေါင်းကြေးစားတပ်ဖွဲ့က တချို့ ပြဿနာတွေနဲ့ အခက်အခဲ ရှိသွားတာကြောင့် အားလုံးကို သူတို့အစား ကျွန်မရဲ့ ကိုယ်ရံတော်အဖြစ် ကူညီပေးကြပါ လို့ တောင်းဆိုချင်ပါတယ်… အဆင်ပြေကြရဲ့လားရှင့်.. ”
နတ်မိမယ်သမားတော်မလေး၏ စကားကို ကြားလိုက် ရသည့်အခါတွင် ကြေးစားစစ်သည်တို့မှာ ပထမတော့ အံ့သြသွားကြသည်။ ထို့နောက် လက်ထဲက ပစ္စည်းများ ကို ကမန်းကတန်း ပစ်ချလိုက်ပြီ သူမဆီကို စိတ်လှုပ်ရှား စွာဖြင့် တရကြမ်း ပြေးလာကြလေသည်။
နတ်မိမယ်သမားတော်မလေးက ပျော်ရွှင်စွာဖြင့် ကြေး စားစစ်သည်တို့ကို အဖွဲ့ဖွဲ့ပေးနေသည်ကို ကြည့်ပြီး မုလီမှာ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွား သည်။ ဒါဟာ နတ်မိမယ်သမားတော်မလေးက သူ့အား တန်ပြန်တုံ့ပြန်လိုက်ခြင်းဟု သူ သဘောပေါက်လိုက် သည်။
သူမ၏ ကိုယ်ရံတော်အစောင့်များ ရွေးချယ်ပြီးနောက်တွင် နတ်မိမယ်သမားတော်မလေးက အနောက်လှည့်ကြည့် လိုက်ပြီ ထွက်ခွာသွားနေဆဲ မုလီကို ပြုံးရွှင်ကာဖြင့် လှမ်း ပြောလိုက်သည်။
“ သခင်လေးမုလီ.. ရှောင်ယွင်က မထွက်သွားခင်မှာ ရှင့်ကို အမှာစကားလေးတစ်ခွန်းကို ပြောပေးဖို့ အကူ အညီ တောင်းသွားပါသေးတယ်.. ”
“ အေးပေါ့လေ.. ဂူကနေ ရလာတဲ့ ပစ္စည်းအားလုံးကို ငါ့လက်ထဲ ထည့်ပေးရင် သူက ငါ့ကို ဒဏ်ရာရစေခဲ့တာ ကို ငါ ခွင့်လွှတ်ပေးလိုက်မယ်.. ”
ဟု မုလီက လှောင်လိုက်သည်။
“ ဟဟ.. သခင်လေးမုလီ.. ရှင် မှားသွားပြီ.. ရှောင်ယွင်က ကျွန်မကို ပြောသွားစေချင်တဲ့စကားကတော့ သူပြန်လာခဲ့ မယ်တဲ့.. ”
နတ်မိမယ်သမားတော်မလေးက ချိုသာသည့် အပြုံးဖြင့် ညင်သာစွာ ပြောလိုက်သည်။
မုလီ၏ မျက်လုံးအနားက အရေပြားတို့ပင် တင်းမာသွား သည်။ နှာမှုတ်သံကျယ်ကျယ်တစ်ချက် မှုတ်ထုတ်လိုက် ပြီး မျက်ခုံးကို တွန့်ချိုးလိုက်လေရာ လူသတ်ချင်သည့် ဆန္ဒတို့ ဖြစ်ပေါ်လာကြောင်း သိသာလှသည်။ အတန် ကြာမှ အေးစက်စက်ဖြင့် ခေါင်းညိတ်လိုက်ပြီ
“ ကောင်းတယ်.. မှော်သားရဲကောင်တောင်တန်းမှာ အသက်ရှင်နေနိုင်ရင်တော့ သူ လက်စားချေမှာကို ငါ စောင့်နေပေးမယ်.. ”
စကားပြောပြီးသည်နှင့် မုလီက အင်္ကျီလက်ရှည်ကို ဒေါသတကြီးဖြင့် ခါထုတ်လိုက်ပြီး သူ့လူတွေကို ခေါ်ကာ ထွက်သွားလိုက်သည်။
ထွက်သွားသော မုလီကို ကြည့်ရင်း နတ်မိမယ်သမား တော်မလေး၏ တင့်တယ်ကျက်သရေရှိသော မျက်နှာ သည် တဖြည်းဖြည်းပြောင်းလဲလာပြီး သူမ၏ မျက်ဝန်း တွင် အေးစက်သည့် အငွေ့အသက်တို့ ထွက်ပေါ်လာ သည်။ သူမ၏ နဖူးထက်က ဆံနွယ်ကို သိမ်းလိုက်ပြီး ခေါင်းကို မော့ကာ အနောက်က တောင်ထွတ်ဆီကို ကြည့် လိုက်သည်။ နေရောင်ကလည်း တောင်ထိပ်ဆီကို ဖြာ ဆင်းနေရာ ဝင့်ကြွားစွာ မတ်တတ်ရပ်နေသော လူပုံရိပ် တစ်ခုကို မြင်ရလေသည်။
ရှောင်ယွင်သည် တောင်ထိပ်မှာ မတ်တတ်ရပ်နေရင်း ထွက်ခွာသွားကြသော ကြေးစားစစ်သည်တို့ကို ကြည့် နေသည်။ သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး လှောင်ရယ်လိုက်သည်။
“ ခွေးမသား.. ငါ့ကို စောင့်နေစမ်းပါ.. ဟောဒီ သခင်လေး က ညက ဖြစ်ပျက်သွားတဲ့ အရာအားလုံးကို မှတ်ထားမယ် ဒီအကြွေးတွေကို ပြန်လည်ပေးဆပ်စေဖို့ ငါ လုပ်ပြမယ်.. ”
မနက်ခင်းလေကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် ရှောင်ယွင် အနောက်လှည့်ကာ ကျောထက်မှာ ဓားကြီး အား လွယ်ထားလျက် တောနက်ထဲဆီသို့ အနောက်ပြန် လှည့်မကြည့်တော့ဘဲ လျှောက်သွားလေသည်။ တကယ့် ဒုက္ခဆင်းရဲခြင်းများ ယခုမှ စမှန်းလည်း သူ သိနားလည် လိုက်သည်။
***
သန့်ရှင်းလတ်ဆတ်သော တောသဘာဝလေများ တဖြူး ဖြူး ရိုက်ခတ်နေပါသည်။ ရှောင်ယွင်မှာ မြက်ခင်းပြင်တွင် ဝမ်းလျားမှောက်နေသည်။ ထိုးထိုးထောင်ထောင် ဖြစ်နေ သော မြက်ပင်ထိပ်များကြောင့် ဘေးကင်းစိတ်ချရစွာ ပုန်းကွယ်ခွင့် ရနေသည်။ ရှောင်ယွင်မှာ အသက်ရှုနှုန်းကို အတတ်နိုင်ဆုံး အနိမ့်ဆုံးထားထား၍ အသက်မရှုတော့ သယောင် ထင်ရသည်။ ခန္ဓာကိုယ်က ကျောက်တုံး တစ်တုံးလို မလှုပ်မယှက်ရှိနေကာ သူ့အကြည့်သည် လည်း မြက်ပင်ကြားထဲသို့ ဖောက်ထွက်၍ သူရှိရာဘက် ကို ဖြည်းလေးစွာ လှမ်းလျှောက်လာနေသော ဝံပုလွေနီ အကောင်ကြီးကြီးတစ်ကောင်ကို မမှိတ်မသုန် စိုက်ကြည့် နေသည်။
ဒီနေ့မှာ နတ်မိမယ်သမားတော်မလေးတို့ကို ထွက်ခွာလာ ပြီး နှစ်ရက်မြောက်နေ့ဖြစ်သည်။ ဒီနှစ်ရက်အချိန်အတွင်း တွင် သူသည် မှော်သားရဲကောင်တောင်တန်းအလယ် နေရာသို့ ဦးတည်ပြီး ဆက်တိုက်ခရီးဆက်လာခဲ့သည်။ သူ့၏ အလျင်နှုန်းဖြင့်ဆိုလျှင် ယခုအချိန်တွင် သူသည် မှော်သားရဲကောင်တောင်တန်း၏ အလယ်သို့ ရောက်နေ ပြီးဟု ပြောရမည်။
နှစ်ရက်အချိန်အတွင်းမှာ ရှောင်ယွင်သည် မှော်သားရဲ ကောင်တောင်တန်း၏ တိုက်ခိုက်မှုကို ဆယ်ကြိမ်ထက် မနည်း ရင်ဆိုင်လိုက်ရသည်။ သို့သော် နှစ်ပွဲတိတိသာ အနိုင်ရပြီး ကျန်သည့် တိုက်ပွဲမှာမူ အသက်ရှင်ဖို့အရေး အသည်းအသန် ထွက်ပြေးခဲ့ရသည်။ သို့သော် သူသည် အကြိမ်များစွာ ထွက်ပြေးခဲ့ရသော်လည်း မှော်သားရဲ ကောင်တို့နှင့် အသက်လုပြီ တိုက်ခိုက်ရင်ဆိုင်ခဲ့ရသည့် အတွက် ရှောင်ယွင်မှာ သွေးဆာသည့် အငွေ့အသက်များ ပင် ထုတ်လွှတ်နိုင်ခဲ့တော့သည်။
ထို နှစ်ရက်တာကာလအတွင်း ရှောင်ယွင်သည် ရွဲ့လော် မှာကြားထားသော သူ့အတွက် လေ့ကျင့်ဖို့ သင့်တော် သည့် နေရာကို အဆက်မပြတ် ရှာဖွေနေရသည်။ ထို့ ကြောင့် ဆက်တိုက်ပဲ လှုပ်ရှားသွားလာနေရသလို မှော် သားရဲကောင်တွေ၏ တိုက်ခိုက်မှုကြားထဲမှ ရဲရင့်လာခဲ့ သည်။ တစ်ဆက်တည်းမှာပဲ အသက်ရှင်နေထိုင်နိုင်ဖို့ အတွက် သတိတရားကိုလည်း အမြဲမပြတ်စေခဲ့သည်။
ရှောင်ယွင်အရှေ့မှ ကြီးမားသော ဝံပုလွေနီကြီးသည် အရွယ်ရောက်ပြီးသော အဆင့် ၁ မီးဝံပုလွေ ဖြစ်သည်။ ထိုကောင်၏ ခွန်အားမှာ ဒိုကျဲအဆင့် ကြယ် ၆ လုံး ရထားသည့် လူတစ်ယောက်၏ ခွန်အားနှင့် ဖက်ပြိုင်၍ ရသည်။ မှော်သားရဲကောင်များစွာနှင့် ရင်ဆိုင်တိုက်ခိုက် ခဲ့လာပြီး မီးဝံပုလွေတို့နှင့် ကြုံကြိုက်ခဲ့ရသော်လည်း ကျောနောက်က လေးလံလှသော ဓားကြီးကြောင့် ရှောင်ယွင်မှာ ထွက်ပြေးခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
ရှောင်ယွင်မှာ လက်တစ်ကမ်းအကွာသို့ပင် ရောက်ရှိလာ သော ဝံပုလွေနီကြီးကို ကြည့်ပြီ လက်ကို မြေပြင်ပေါ် အသာအယာထောက်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ် က ဆတ်ခနဲ တောင့်တင်းထားပြီ ကိုယ်ဟန်ကို ဆက် လက် ထိန်းသိမ်းထားကာ တင်းတင်းဆွဲထားသော လေး ကိုင်းကဲ့သို့ သူသည် ရုတ်တရက် မြက်ပင်ကြားထဲကနေ လျှပ်စီးကဲ့သို့ ခုန်ထွက်လိုက်တော့သည်။ မြက်ရွက် ခြောက်တို့ပင် ပြန့်ကျဲစင်သွားကာ လေထဲ ဝဲပျဲပြီးမှ မြေပေါ်သက်ဆင်းသွားသည်။
ရှောင်ယွင်မှာ ပြန့်ကျဲသွားသော သစ်ရွက်ခြောက်ကြား ဖြတ်သန်း၍ ဝံပုလွေကြီး၏ ကျောဘက်သို့ အရောက် သွားလိုက်သည်။ လက်သီးကိုလည်း လမ်းတွင် ကျစ်ကျစ် ပါအောင် ဆုပ်သွားကာ ပြင်းထန်းလှသော ဒိုချီစွမ်းအင်ဖြင့် ဝံပုလွေကြီး၏ ကျောထက်ကို ပြင်းထန်လေးလံစွာ ထိုးချ လိုက်သည်။
“ ရှစ်ဆပြင်းထန်.. ”
စိတ်ထဲကနေ အော်ဟစ်လိုက်ပြီးနောက် ကြီးမားအား ကောင်းသော ချီစွမ်းအင်တို့က ဝံပုလွေကြီးအား တအီအီ အော်သံပင် ထွက်ပေါ်စေနိုင်ကာ တစ်ဆက်တည်းမှာပဲ ၎င်းခန္ဓာကိုယ်သည်လည်း ဆယ်မီတာအကွာသို့ လွင့်စင် သွားစေကာ နောက်ဆုံးတွင် သစ်ပင်တစ်ပင်သို့ ပြေးရိုက် သွားမိသည်။ ၎င်း၏ ခြေလက်တို့က ကျိုးကြေသွားသော် လည်း ပြန်လည်တိုက်ခိုက်ဖို့အတွက် ရုန်းကန်နေပါသေး သည်။ သို့သော် နောက်ဆုံးတွင် ပြိုလဲကျသွားသည်။
ရှောင်ယွင်မှ ခြေလှမ်းကို လေးလံစွာ လှမ်းလာရင်း စိတ်အေးပေါ့ပါးစွာ အသက်ပြင်းချလိုက်သည်။ ဝပ်တွားပြီ အချိန်ကြာကြာအထိ နေလိုက်ရ၍ သူ့၏ ခြေထောက်နှင့် လက်မှာ အနည်းငယ် ထုံကျင်နေသည်။ ခေါင်းကို ဆတ် ခနဲ အကြောဆွဲလိုက်ပြီ ခပ်သွက်သွက် လျှောက်လိုက် ကာ ခါးက ဓားမြှောင်ကိုလည်း ထုတ်ယူလိုက်သည်။ ပြီးလျှင် ဝံပုလွေကြီး၏ ဦးခေါင်းကို ဓားဖြင့် ဖွင့်ဖောက် လိုက်သည်။ ဦးခေါင်းအတွင်းမှ အနီရောင်သလင်းတုံး လေးတစ်တုံးကို ရုတ်တရက် ရှာတွေ့လိုက်သည်။
“ အိုး.. မှော်အမြူတေပဲ.. ”
ရှောင်ယွင်မှာ အနီရောင်သလင်းတုံးကို ငေးစိုက်ကြည့် လိုက်ပြီး ပျော်ရွှင်စွာဖြင့် ဆွဲနှုတ်ယူလိုက်သည်။ ကျန်သည့် အရိုးနှင့် အရေကိုပင် ဂရုမစိုက်နိုင် ဖြစ်သွားသည်။ မှော်အမြူတေကို ယူလိုက်ပြီးနောက် ရှောင်ယွင်သည် ဝံပုလွေကောင်အလောင်းကို ဒီအတိုင်းပဲ ပစ်ထားလိုက် သည်။ ထိုစဉ် စီးဆင်းနေသော ရေအသံ သဲ့သဲ့လေးကို ကြားလိုက်မိရာ ခေါင်းမော့ပြီ အသံလာရာနေရာကို မှန်းဆလိုက်သည်။
ပြီးလျှင် သစ်တောအုပ်၏ ပေါများလှသော ခြုံပုတ်များကို ကျွမ်းကျင်စွာ လျင်လျင်မြန်မြန်ဖြင့် ဖြတ်ဝင်ပြေးလွှားနေ လိုက်ရင်း.. မကြာချေ.. ကျယ်ဝန်းသော မြင်ကွင်းတစ်ခု က ရှောင်ယွင် အရှေ့တွင် ဘွားခနဲ ပေါ်ပေါက်လာတော့ သည်။ တအုန်းအုန်းဖြင့် ကျဆင်းနေသော ရေတံခွန်တစ် ခုပါပေ။ ရှောင်ယွင်မှာ ဝမ်းသာအားရဖြင့် အပျော်ကြီး ပျော်ရွှင်သွားတော့သည်။
နောက်ဆုံး သစ်ပင်ကြီးကို ကျော်လွန်သွားသည့်အခါတွင် ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာသော မြင်ကွင်း ကြောင့် ရှောင်ယွင် ပင့်သက်ရှိုက်မိတော့သည်။
တောင်ထိပ်ဖျားဆီကနေ တရဟော ကျင်ဆင်းလာကြ သော ကြီးမားလှသည့် ရေတံခွန်မှာ ငွေရည်အလွှာများ သုတ် လိမ်းခြယ်သထားသလို ဖြစ်နေသည်။ အရှိန်ပြင်း ပြင်းဖြင့် ကျဆင်းလာကြသော ရေတို့မှာလည်း အောက် ခြေက ကျောက်တုံးကြီးများအား ရိုက်ခတ်ကာ ရေငွေ့များ လေထက်သို့ ပြန်လည်ကာ ဝေ့ဝဲနေပြန်သည်။
ရေတံခွန်၏ ဘေးနှစ်ဖက်တွင် မတ်စောက်သော တောင် ထရံက ရှိနေသည်။ ထိုတောင်ထရံတွင် သဘာဝ အလျောက် ဖြစ်ပေါ်နေသော ကျောက်ဂူတို့ကိုလည်း မြင်လိုက်ပြန်သေးရာ ရှောင်ယွင်မှာ အတော်လေး ပျော်မြူးသွားလေသည်။ ကျောက်ဂူအဝတွင် ကျောက်တုံး တွေကို စီထပ်ထားလိုက်ရင် တော်ရုံမှော်သားရဲကောင်တို့ အား ကာကွယ်ထားပြီးသား ဖြစ်သွားလိမ့်မည်။ လေ့ကျင့် နေသည့်အချိန်တွင်လည်း ဘေးနားတွင် အဆိပ်ရှိ မြွေရိုင်း ရှိနေမှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။
“ နောက်ဆုံးတော့ အကောင်းဆုံး လေ့ကျင့်တဲ့ နေရာကို ရှာတွေ့ပြီး.. ”
ရှောင်ယွင် ရေရွတ်ပြောလိုက်ပြီးနောက် လက်နှစ်ဖက်ကို ဖြန့်ကားထားလိုက်ကာ ရေငွေ့ပါဝင်နေသော လေကို တဝကြီး ရှုသွင်းလိုက်သည်။
ရှောင်ယွင်သည် နှာခေါင်းကို ပွတ်လိုက်ပြီးနောက် လက်ဖဝါးကို ဖြန့်လိုက်ရာ စာလိပ်နှစ်လိပ်က လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထိုစာလိပ်တို့မှာ ဂူထဲက ရရှိလာ သော စာလိပ်များ ဖြစ်ကြကာ လွန်ခဲ့သည့် နှစ်ရက်တုန်း ကလည်း အခြေအနေမပေး၍ အကြောင်းအရာများကို လေ့လာဖို့ အချိန်မရလိုက်ချေ။ ယခုတွင် ဘေးကင်းစိတ် ချရသည့် နေရာလည်း တွေ့ရှိပြီးမို့ နောက်ဆုံးတွင်တော့ စိတ်အေးလက်အေးဖြင့် လေ့ကျင့်ဖို့ စတင်နိုင်တော့မည်။
=================================
သောက်ကျိုးနည်း တော်တော်ရှည်တဲ့အပိုင်းပဲ။ မှတ်မှတ်ရရလေး။ ရေးခဲ့သမျှ အရှည်ဆုံး။
No comments:
Post a Comment