အပြာရောင်ကောင်းကင်ပေါ်မှာတော့ အားကောင်းလှသည့် စွမ်း
အင်လှိုင်းတွေက အဆက်မပြတ် ဖန်တီးဖြစ်ပေါ်နေပြီး မိုးခြမ်းသံ
အလား ဆူညံသံတွေဟာ ဆက်တိုက် ထွက်ရှိနေသညရှောင်ယွင်
မှာ တိုက်ပွဲဖြစ်ပေါ်နေသည့်နေရာမှ တော်တော်ဝေးဝေးမှာ ရှိနေ
သော်လည်း ဆူညံသံကြောင့် နားမခံသာအောင် ဖြစ်နေမိသည်။
အဝေးမှာ ရှိနေသည့် ကောင်းကင်တစ်နေရာမှ အနီနှင့်အစိမ်းများ
လေထဲ လွင့်ပျံ့ကြဲနေသည်ကို ရှောင်ယွင်မှာ စိတ်လှုပ်ရှားစွာ အာရုံ
စူးစိုက်ကြည့်နေမိပြန်သည်။ ကောင်းကင်အထက်မှာ ပျင်းရိစွာ ဝဲ
လွင့်နေသည့် အဖြူလွလွ တိမ်စိုင်တို့မှာ ထိုအရောင်နှစ်ဖြာတို့က
ဆေးဆိုးပန်းရိုက် ခြယ်သဘိသကဲ့သို့ ရှိနေပေသည်။
နောက်ထပ်တစ်ခါ ကျယ်လောင်ပြင်းထန်သည့် ဟိန်းဟောက်သံက
ရှောင်ယွင် သောတအာရုံကို တုန်လှုပ်စေပြန်သည်။ သူ့ခမျာ တံတွေးပင် မျိုချရ ခက်ခဲသွားသည်။ ကောင်းကင်ယံများ ကျဆင်းလာသည့် ဖိအားများက သူ့အား အမှန်ပင် ခြေကိုပျော့ခွေ ညွတ်ကျသွားစေလောက်သည်။
“ ဒါက စွမ်းအားကြီးနှစ်ယောက်ကြားထဲက တိုက်ပွဲကြီးလား..”
ရှောင်ယောင် အသံထွက်၍ပင် ရေရွတ်မိလေသည်။ သူကား ပထမဆုံး
အကြိမ်အဖြစ် ဤမျှ အစွမ်းကြီးသူတို့၏ တိုက်ပွဲကို မျက်မြင်ကိုယ်တိုင် ကြုံဖူးလိုက်ရခြင်း ဖြစ်သည်။ အတိတ်က သူသည် ရေတွင်းထဲက ဖားတစ်ကောင်မျှသာ ဟု သူခံစားလိုက်ရသည်။ စာအုပ်များတွင်
မှတ်တမ်းတင်ထားသည့် အဆိုပါလူက ရန်သူ ထောင်သောင်းအား
နိုင်နင်းခဲ့သည်က ပေါ့တန်တန် ဒဏ္ဍာရီတစ်ပုဒ် မဟုတ်ကြောင်း သူ
ကောင်းစွာ သဘောပေါက်လေတော့သည်။
ရှောင်ယွင် ဘေးနားတွင်မူ ရွဲ့ လော်သည် မျက်မှောင်ကို တွန့်ချီထား
လျက် အဝေးက ကောင်းကင်တိုက်ပွဲကို ကြည့်နေရင်းက
“ ဒီမိန်းကလေးက လူသားပေပဲ.. သူက ဘာဖြစ်လို့ ဒီမှာသားရဲ
ကောင်တောင်တန်းအထိကို လာပြီ နီလာခရမ်းတောင်ပံခြင်္သေ့နဲ့
လာတိုက်ခိုက်ရတာလဲ.."
ဟု အသံ ထွက် ရေရွတ်မိပြန်သည်။
ရွဲ့ လော်သည် ထိုသို့ ရေရွတ်နေရင်းမှ ခေါင်းငဲ့စောင်း၍ကာ ထိတ်
လန့်ကြောက်ရွံ့နေဟန် ရှိသည့် ရှောင်ယွင်ကို ပြုံးလိုက်လျက် မေး
လိုက်သည်။
“ ဘာလဲ.. အံ့ဩနေပြီးလား..."
ထိုအခါ ရှောင်ယွင်က မအီမလည်ဖြင့် ပြုံးလိုက်ကာ ခက်ခက်ခဲခဲဖြင့်
ခေါင်းညိတ်လိုက်သည်။
“ ဒီတိုက်ပွဲကို လက်တွေ့ မျက်မြင်ကြုံဖူးမှပဲ ကျွန်တော်ရဲ့ တိုက်ပွဲ
တွေက တကယ့်အသေးအမွှားဆိုတာ ကောင်းကောင်း သိလိုက်တယ်..”
“ ဟီဟီ.. ဒိုချီကုန်းမြေဒေသဆိုတာ တကယ်ကို ကြီးမားကျယ်ပြန့်
တယ်ဆိုတာ မင်းကို အရင် ပြောဖူးပါတယ်လေ.. ဒိုဝှမ်းအဆင့်ထက်
တောင် အဆင့်မြင့်တဲ့သူတွေ အများကြီးရှိတယ်.. အဲဒီအဆင့်ကို
ရောက်ခဲ့ရင် ဒီကမ္ဘာလောကကြီးက ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလဲဆိုတာ မင်း နားလည်သဘောပေါက်လာလိမ့်မယ် ။
ဟု ရဲ့ လော်က ရယ်မောရင်း ဆိုလိုက်ချေသည်။
“ အဲဒီတိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ စွမ်းအားတွေက ကြောက်
စရာကောင်းတာ မှန်ပေမဲ့ ကျွန်တော် အဲ့လောက်အထိ လောဘ
မတက်သင့်သေးဘူး.. ဒီခရီးကနေ အချိန်တစ်ခုရောက်ရင် အဆင့်
တစ်ခုအထိပဲ ရရှိဖို့ ကျွန်တော် မှန်းထားတယ်.. "
ဟု ရှောင်ယွင်က တောက်ပစွာ ပြုံးလိုက်လျက် ဆိုလိုက်သည်။
ရှောင်ယွင်၏ စကားကို ကြားလိုက်ရလျှင် ရွဲ့လော် တစ်ချက်တော့
အံ့ဩသွားလေသည်။ သို့သော် ချက်ချင်းပင် ကျေနပ်သွားသည့်
အပြုံးဖြင့် ခေါင်းကို ညိတ်လိုက်လေ၏။
“ ကဲ.. အဲဒီအနားကို သွားပြီး တိုက်ပွဲကို ကြည့်ချင်လား.. "
ရွဲ့လော်သည် အဝေးက တိုက်ပွဲနေရာကို ခေါင်းမော့ကြည့်ပြီ
ရှောင်ယွင်ကို အကဲစမ်းမေးလိုက်၏။
" ဟမ်.. သူတို့က ကျွန်တော်တို့ကို မတွေ့နိုင်ဘူးလား "
ရှောင်ယောင်မှာ ပျော်ရွှင်မြူးတူးသွားလိုက်သော်လည်း ရုတ်ချည်း
ဖြစ်ပေါ်သွားသည့် စိုးရိမ်စိတ်ကြောင့် ပြန်မေးလိုက်သည်။
“ မင်းက ငါ့ကို အထင်သေးတာပဲ "
ရဲ့လော်က လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်ပြီးနောက် အလင်းတန်း
တစ်ခုအသွင်သို့ ပြောင်းလဲလိုက်ကာ ရှောင်ယောင် ခန္ဓာကိုယ်အတွင်း
သို့ ဝင်သွားလိုက်သည်။ ဝင်သွားသည်နှင့် ရုတ်ချည်းပင် အဖြူရောင်
ရှိကာ သိပ်သည်းလှသည့် စွမ်းအင်တစ်ခုက သူ့တစ်ကိုယ်လုံးကို ရစ်
ပတ်ဖုံးလွှမ်းသွားချေသည်။
“ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ တစ်ချက်လောက်တော့ ထိန်းချုပ်ထားရမယ် ။
ထိုသို့ ပြောလိုက်ပြီးသည်နှင့် ရှောင်ယောင် နောက်ကျောမှ ဇီယွန်
တောင်ပံက အလိုလို အပြင်ဘက်သို့ ကားထွက်လာသည်။ ယခုတစ်
ကြိမ် ထွက်ရှိလာသည့် ဇီယွန်တောင်ပံသည် တစ်မီတာထက် ပို၍
ရှည်လျားနေရုံသာမက ၎င်း၏ မျက်နှာပြင်ထက်ဝယ် ခရမ်းရောင်
အလင်းများ ပို၍ပင် တောက်ပစီးမျောနေ၍ ဇီယွန်တောင်ပံသည်
ကား ပိုမိုရွှန်းစိုနေကာ ထူးခြားလှပနေတော့သည်။
သို့သော် သိပ်သည်းလှသည့် အဖြူရောင်စွမ်းအင်တို့သည် ခရမ်း
အရောင်အလင်းတို့အား ပြန်လည် ဖုံးလွှမ်းသွားချေကာ စူးရှသည့်
တောက်ပသည့် အလင်းကို ဖုံးကွယ်ပေးလိုက်လေသည်။
" သွားစို့.. ဒီနေ့မှာ တကယ့်အစွမ်းကြီးတဲ့ သူဆိုတာက ဘယ်လိုမျိုး
လဲဆိုတာ ငါ မင်းကို ခေါ်ဆောင်ပြသပေးမယ်..."
ရွဲ့က အသာအယာ ပြုံးလိုက်ပြီးနောက် ဇီယွန်တောင်ပံကို
စတင်ခတ်လိုက်ကာ လေထဲသို့ ရှောင်ယွင်ကိုယ်ကို ပင့်တက်သွား
စေတော့သည်။ ဇီယွန်တောင်ပံကို ထပ်မံခတ်လိုက်လျှင် ရှောင်ယွင်သည် တိုက်ပွဲ ဖြစ်သည့်နေရာသို့ မထင်မရှား ပုန်းကာကွယ်ကာဖြင့်
ပျံသန်းသွားလေသည်။
ရှောင်ယွင်မှာ သူ့အောက်က မြေပြင်မှာ ပေါက်နေသည့် သစ်ပင်တို့
၏ တရိပ်ရိပ် နောက်ကျန်သွားနေသည့် မှုန်ပျပျ ပုံရိပ်တို့ကို ကြည့်
နေရင်း စိတ်လှုပ်ရှားစွာဖြင့် သူ့မျက်နှာက အနည်းငယ် နီမြန်းလာ
သည်။ ယခု ရွဲ့လော်၏ အလျင်သည် ဇီယွန်တောင်ပံ၏ အစွမ်း
ကြောင့် ဝူတန်မြို့တွင် ရှိစဉ်အခါက အလျင်ထက် ပို၍ လျင်မြန်နေ
ပေသည်။ လျင်မြန်လွန်းသည့် အမြန်နှုန်းဖြင့် လေထဲ ပျံသန်းနေရ
ခြင်းကြောင့် ရှောင်ယွင်မှာ ကောင်းကင်ကို မျက်နှာမူ၍ အော်ဟစ်
လိုက်မိလေသည်။
ရှောင်ယွင်တို့မှာ အမြန်နှုန်းမြင့်ဖြင့် သစ်ပင်တောတန်းထိပ် တစ်
လျှောက်အတိုင်း ပျံသန်းလာခဲ့လျှင် ဆယ်မိနစ်ခန့်အကြာတွင်
တိုက်ပွဲဖြစ်သည့်နေရာနှင့် နီးကပ်လာခဲ့သည်။ ထိုနေရာမှ ထွက်ပေါ်
နေသည့် အင်အားကောင်းလှသော စွမ်းအားလှိုင်းတို့ကြောင့် ရှောင်
ယွင်သည် ရွဲ့ လော်၏ ကာကွယ်မှုအောက်တွင် ရှိနေပါသော်လည်း ၊
စိတ်တုန်လှုပ်နေမိသည်။
နောက်ဆုံးတွင် ရှောင်ယွင်တို့သည် တိုက်ပွဲနေရမှ မီတာ ၁၀၀
အကွာနေရာတွင် ရပ်တန့်လိုက်ကြသည်။ရှောင်ယွင်တို့သည် သစ်
ပင်ကြီးတစ်ပင်၏ အကွယ်ကို ယူလိုက်ပြီးနောက် နောက်ထပ် ကြီး ၊
မားသော သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားတွင် ဆင်းသက်လိုက်ကြသည်။ ထို့ကြောင့်မို့ ကောင်ကင်ပေါ်က တိုက်ပွဲမြင်ကွင်းကို ရှောင်
ယွင်တို့ ပြတ်ပြတ်သားသား မြင်ကြရလေသည်။
မနီးမဝေးကနေ တိုက်ပွဲကို ကြည့်ရှုနေကြရင်း ရှောင်ယွင်မှာ ဒိုဝှမ်း
အဆင့်တို့၏ ကြမ်းတမ်းပြင်းထန်ခြင်းတို့အား ကွက်ကွက်ကွင်းကွင်း
တွေ့ကြုံရလေသည်။ အပြာရောင်ကောင်းကင်ထက်တွင် အနီ
တဖုံ အစိမ်းတလှည့် အရောင်အရှိန်အဝါတို့က ကောင်းကင်ပြည့်ဖုံး
လုနီးပါး တောက်ပနေလေရာ ကြီးကျယ်ခမ်းနားသည့် ပန်းချီကား
သဖွယ် ရှုမြင်နေရသည်။
ရှောင်ယွင် ပထမဦးဆုံး အကြည့်ရောက်သွားခဲ့သည်က ကောင်း
ကင်ထက်တွင် ပျံနေသည့် ကြီးမားလှသော မှော်သားရဲကောင် တစ်
ကောင် ဖြစ်သည်။ ယင်းမှော်သားရဲကောင်၏ ခန္ဓာကိုယ်တစ်ကိုယ်
လုံးကို ခရမ်းရောင်အဆင်းရှိသည့် သလင်းကျောက်လွှာများဖြင့် ဖုံး
လွှမ်းနေလျက် ရှိချေသည်။ နေရောင်အလင်းကြောင့် ပြန်ကန်ထွက်
လာသော ရောင်စဉ်အလင်းတန်းများကလည်း ပတ်လည်ဖြာဆင်း
စေလျက် ပတ်ဝန်းကျင်တခွင် လင်းလက်စေတော့သည်။
မှော်သားရဲကောင်ကြီး၏ ဦးခေါင်းမှာ သိသာထင်ရှားစွာဖြင့် ခြင်္သေ့ဦး
ခေါင်း ဖြစ်နေကာ ရဲရဲနီ သွေးမျက်လုံးအစုံနှင့် ကြီးမားလွန်းသည့်
ပါးစပ်တွင် ခရမ်းရောင်အလင်းများ တောက်ပချေသော သွားအစွယ်
များသည်လည်း ရှိနေသည်။ တဖန် ထိုမှော်သားရဲကြီး၏ ဦးခေါင်း
ထိပ်တွင် ခရုပတ်ပွေကဲ့သို့ ဦးချိုတစ်ချောင်းက အနီရဲရဲ ရှိနေပြန်ကာခရမ်းမီးတောက်များကလည်း ၎င်းဦးချိုတွင် ရစ်ပတ်တောက်လောင်
နေပြန်သည်။ တဖန် ခရမ်းရောင် အသွေးအသားရှိသည့် တောင်ပံ
နှစ်ဖက်ကလည်း ခြင်္သေ့ကိုယ်ကျောထက်တွင် ရှိနေပါသေးသည်။၎င်းတောင်ပံနှစ်ဖက်ကို ခတ်လိုက်တိုင်း ခရမ်းရောင်အလင်းစက်များ
ဦးတည်ရာပေါင်းစုံသို့ လွင့်စင်နေပြန်သည်။ တကယ့်ကို မီးတောက်
များ ပစ်လွှတ်နေဘိသကဲ့သို့ပင်။ ၎င်းမှော်သားရဲ၏ မာကျောကျစ်ခဲ
သည့် ခြေစွယ် လေးဖက်တွင် ခရမ်းသလင်းကျောက်များဖြင့် ဖုံးကာ
နေသည်။ ၎င်းခြေစွယ်ခြေသည်းများ ကုတ်ဆွဲလိုက်တိုင်း လေထုပင်
ပုံသဏ္ဍာန်ပျက်ယွင်းကာ တုန်ခါသွားစေသည်။ တကယ့်ကို စိတ်ကူး
ပုံဖော်ဖို့ပင် ခဲယဉ်းလှသည့် ခွန်းအား၊ အစွမ်းပကားအား ပြသနေဘိ
သကဲ့သို့။
မြေပြင်ထိ ဆင်းသက်လာချေသော အရှိန်အဝါဖိအားတို့ကား ရှောင်
ယွင်၏ စိတ်ဝိညာဉ်တို့အား တုပ်လှုပ်ခြောက်ခြားစေလေသည်
“ ဒါ.. ဒါက.. ဒဏ္ဍာရီလာ နီလာခရမ်းတောင်ပံခြေင်္သေ့ကြီးလား.."
၎င်းမှော်သားရဲကြီး၏ ကိုယ်ရောင်ကိုယ်ထည်နှင့် အရှိန်အဝါကို
သေသေချာချာကြည့်နေရင်း ရှောင်ယွင် တိုးတိတ်စွာ ရေရွတ်မြည်
တမ်းမိသည်။
နီလာခရမ်းတောင်ပံခြင်္သေ့ကြီးအား ငေးစိုက်ကြည့်ရင်း တအံ့တဩ
ဖြစ်နေခြင်းကို အသာကိုယ်ရှိန်သတ်ပြီး ခေါင်းကို ယမ်းလိုက်သည်
။
ထို့နောက် နီလာခရမ်းတောင်ပံခြင်္သေ့ကြီးကာ ဖက်ပြိုင်ယှဉ်တိုက်နေ
သူအား တဖန် အကြည့်တွေ့လိုက်သည်။
" အမျိုးသမီးတစ်ယောက်ပါလား.."
အကြည့်တွေ့လိုက်ပြီးလျှင် ပြီးချင်း စတွေ့လိုက်ရသော ကောင်းစွာ
ဖွံ့ဖြိုးပြီး အချိုးအဆစ်ကျနသည့် ခန္ဓာကိုယ်ပိုင်ရှင်ကြောင့် ရှောင်ယွင်
ကြောင်သွားမိသည်။ နီလာခရမ်းတောင်ပံခြင်္သေ့ကိုပင် တိုက်ခိုက်ရဲသော အစွမ်းကြီးသူက အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟုသူ တကယ်ကို မမျှော်လင့်ထားခဲ့မိပေ။
ကောင်းကင်ထက်က အဆိုပါအမျိုးသမီးသည် သူမ၏ ကောက်
ကြောင်း ပြေပြစ်သော ခန္ဓာကိုယ်ပေါ်တွင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်
ဆင်ထားပြီးလျှင် အစိမ်းရောင်အလင်းများ ဖြာလင်းနေသည့် ဓား
ရှည်တစ်လက်ကိုလည်း ကိုင်စွဲထားသည်။ သူမ၏ နက်မှောင်သည့်
ဆံကေသာကို ထုံးကျစ်ထားသည်မှာ အထက်တန်းကျပြီး ဇာမဏီငှက်၏ ကျက်သရေကဲ့သို့ တင့်တယ်လှသည်။ သူမ၏ လှပ ချောမောသည့် မျက်နှာသည် အင်မတန်တည်ငြိမ်နေပြီးလျှင် ယခုတွင် ဒိုချီကုန်းမြေဒေသ၌ အထူးထင်ရှားလှသော မှော်သားရဲကြီးကို ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း သူမ၏ မျက်နှာအမူအရာက အနည်းငယ်ပင် ပြောင်းလဲမှု မရှိချေ။
ထိုကဲ့သို့ ထူးခြားဆန်းကျယ်သည့် မိန်းကလေး၏ ကျောပြင်မှာမူ
အစိမ်းရောင် တောင်ပံတစ်စုံ ရှိနေပြီး ၎င်းတောင်ပံမှာ အနည်းငယ်
ဝေဝါးနေသည်။ ထိုတောင်ပံတို့သည် သူမ၏ ဒိုချီစွမ်းအင်ဖြင့် စုစည်း
ပုံဖော်ထားသော တောင်ပံများ ဖြစ်ချေသည်။ ဒိုချီစွမ်းအင်အား
တောင်ပံအဖြစ်သို့ ပြောင်းလဲနိုင်ခြင်းသည် ဒိုဝှမ်းအဆင့်နှင့်အထက်
စွမ်းအားမြင့်သူများ ဖြစ်ကြောင်း အမှတ်သင်္ကေတ တစ်ခု ဖြစ်သည်။
“ဟဲ့ လူသား... ဘာကြောင့် ငါ့ကို လာပြီး အနှောင့်အယှက်ပြုရတာလဲ "
ကောင်းကင်ထက်က နီလာခရမ်းခြင်္သေ့ကြီးသည် ရုတ်တရက်
လူသားဘာသာစကားဖြင့် ဟိန်းဟောက်မေးမြန်းလိုက်သည်။
မှော်သားရဲကောင်က လူသားဘာသာစကားဖြင့်မေးမြန်းလိုက်သည်
ကို ကြားလိုက်သည့်အခါ ရှောင်ယွင်မှာ ပထမ ထိတ်လန့်သွားသော်
လည်း ချက်ချင်း သဘောပေါက်လိုက်သည်။ မှော်သားရဲကောင်တို့
မှာ ထိုအဆင့်အထိ ရောက်သွားခဲ့လျှင် လူသားနီးပါးအသိဉာဏ်ကို
ပိုင်ဆိုင်လာကြသည်မလား။
" သင့်ရဲ့ ခရမ်းဝိညာဉ်သလင်းကျောက်ကို ငှားရမ်းချင်လို့ပါပဲ...”
ထူးခြားခန့်ညားသည့် အမျိုးသမီးက သူမ၏ နီတာထွေး နှုတ်ခမ်းအား ဖွင့်ဟကာ ဆိုလိုက်သည်။ သူမ၏ လှပသည့် မျက်ဝန်းက နီလာခရမ်းခြင်္သေ့ကြီးကို ငေးစိုက်ကြည့်နေသည်။ သူမ၏ ညင်သာသည့် အသံက ကြည်လင်ပြီး သွက်လက်သည်။
“ ခရမ်းဝိညာဉ်သလင်းကျောက်.. ဟုတ်လား.. ငါ့မှာ အနှစ်နှစ်ဆယ်
ပြည့်မှ အပိုင်းအစလေးတစ်ခုပဲ ရတာ.. ဒါကို လာတောင်းရဲတဲ့နင်
က ဘယ်သူများလဲ..”
နီလာခရမ်းခြင်္သေ့က ရယ်သွမ်းသွေးကာ ဆိုလိုက်သည်။
" သင် လိုချင်တဲ့ အရာတစ်ခုခုနဲ့ လဲလှယ်ပေးမယ်.."
ထိုအမျိုးသမီးသည် ကြမ်းကြုတ်ရက်စက်သည့်နေရာတွင် နာမည်
ကြီးသည့် အဆင့်၆ မှော်သားရဲကြီးကို အနည်းငယ် ရှိန်နေဟန် ရှိ
သည်။ ထို့ကြောင့် သူမက အတင်းအကြပ်တော့ မတောင်းဆိုချေ။
“ လဲလှယ်မယ်. ဟုတ်လား.. ဟဟ.. ကောင်းပြီးလေ.. အခုက ငါက
ခန္ဓာကိုယ်ပြောင်းလဲခြင်းအခြေအနေမှာ ရောက်နေတယ်.. မင်းက
ငါ့ကို ခန္ဓာပြောင်းလဲခြင်းဆေးလုံး ရှာပေးမယ်ဆိုရင် ငါကလည်း
မင်းကို ခရမ်းဝိညာဉ်သလင်းကျောက် ပေးမယ်လေ.. ကဲ..ဘယ်လိုလဲ "
ထိုအမျိုးသမီး၏ အဆိုပြု အကြံပေးစကားကို ကြားလိုက်ရသည့်အခါ
နီလာခရမ်းတောင်ပံခြင်္သေ့ကြီးက ရယ်မောလေသည်။
“ တော်တော်လေးကို တရားလွန် တောင်းဆိုလိုက်တာပဲ.. ခန္ဓာ
ပြောင်းလဲခြင်းဆေးလုံးက အဆင့်၇ လောက်ရှိတဲ့ မှော်ဆေးပညာ
ရှင်မှ အောင်မြင်အောင် ဖော်စပ်ပေးနိုင်တာ.. အဲဒါကို ခရမ်းဝိညာဉ်
သလင်းကျောက်နဲ့ လဲလှယ်မယ်ဆိုရင်တော့ ဒီမိန်းမက ငတုံးပဲ"
နီလာခရမ်းတောင်ပံခြင်္သေ့ကြီး၏ တောင်းဆိုချက်ကို ကြားလိုက်
သည့်အခါတွင် ကြားရသည့်အခါ ရွဲ့ လော်က ရယ်မောလိုက်လေသည်။
ရှောင်ယွင်ကမူ မျက်လုံးကို ပေကလတ်ပေကလတ်ဖြင့် ယခုမှ
စကြားဖူးသော ဆေးလုံးနာမည်ကို စပ်စုကာ မေးမြန်းလိုက်သည်။
“ ဆေးလုံးနာမည်အတိုင်းဆိုရင် ကြည့်ရတာ ခန္ဓာပြောင်းလဲခြင်း
ဆေးလုံးက မှော်သားရဲကောင် ခန္ဓာကိုယ်ပြောင်းလဲတဲ့နေရာမှာ
အသုံးချတာပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား.. ဘာဖြစ်လို့လဲ.. အဲဒီ
ဆေးလုံးက တန်ဖိုးရှိတာလား "
" ခန္ဓာပြောင်းလဲခြင်းဆေးလုံးနဲ့ဆိုရင် မှော်သားရဲကောင်တစ်ကောင်က လူသားပုံသဏ္ဍာန်ကို အပြည့်အဝ ပြောင်းလဲလို့ ရသွားပြီးလေ.. အဲလို ပြောင်းလဲနိုင်ပြီးဆိုရင် သူတို့ရဲ့ လေ့ကျင့်တဲ့နှုန်းကလူသားတစ်ယောက်ရဲ့ လေ့ကျင့်နှုန်းနဲ့ ယှဉ်နိုင်သွားပြီး.. ကဲ အဲဒါဆို အဲဒီဆေးလုံးက တန်ဖိုးမကြီးပေဘူးလား”
“ အင်းပေါ့.." ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ မှော်သားရဲကောင်တို့၏ သက်တမ်းသည် လူသားတို့ထက် ပိုရှည်လျားပေသည်။ အထူးသဖြင့် အဆင့်မြင့်လာလေ အသက်ရှည်လေပင်။ လူသားတို့၏ သက်တမ်းကမူ တကယ်ကို တိုတောင်းလွန်းသည်။ အဆင့်မြင့် မှော်သားရဲကောင်တစ်ကောင်သာ ခန္ဓာကိုယ်ကို အောင်မြင်စွာ ပြောင်းလဲနိုင်ပြီး အနှစ်တရာ သို့ အနှစ်ရှစ်ဆယ် လေ့ကျင့်နိုင်ခဲ့သည်ကို တွေးကြည့်ပါက တကယ့်ကို ကြက်သီးထစရာအတွေး ဖြစ်ပါလိမ့်မည်။
ရွဲ့ လော် ထင်ထားသည့်အတိုင်းပင် ထိုထူးခြားသည့်အမျိုးသမီးက
လည်း နီလာခရမ်းတောင်ပံခြင်္သေ့၏ တောင်းဆိုချက်ကို ကြားရ
သည့်အခါတွင် မျက်မှောင်ကြုတ်သွားသည်။ သူမက နူးညံ့သောအသံဖြင့် ပြောပြန်သည်။
" ဒါဆိုရင် စိတ်မကောင်းပါဘူး.. ဂျာမာအင်ပါယာမှာ ခန္ဓာပြောင်း
ဆေးလုံးကို ပိုင်ဆိုင်နိုင်တဲ့သူက အနည်းငယ်ပဲ ရှိတယ်.. ဒါပေမဲ့
ရှင်သာ ဆန္ဒရှိမယ်ဆိုရင် အဆင့်၅ မွန်းစတားအမြူတေ သုံးလုံး အဆင့်မြင့် ရွှင်းအဆင့် ချီကျင့်စဉ်နဲ့ ဒိုသိုင်းပညာရပ်တစ်ခုတွေကို ပေးမယ်လေ "
“ ငါ အဲဒါတွေ စိတ်မဝင်စားဘူး... ခန္ဓာပြောင်းဆေးလုံးသာ မပေး
နိုင်ဘူးဆိုရင် ဒီမှော်သားရဲကောင်တောင်တန်းကနေ ထွက်သွား
လိုက်တော့..”
နီလာခရမ်းတောင်ပံခြင်္သေ့ကြီးက သူ့၏ ခေါင်းကြီးကို ခါယမ်းလျက်
သူမ၏ စကားကို စိတ်မဝင်စားစွာ ငြင်းငယ်လိုက်သည်။
ထိုအခါ ထူးခြားသည့် အမျိုးသမီးက အသက်ပြင်းရှည် ချလိုက်ပြီး
နောက် သူမလက်ထဲက ထူးခြားသည့်အသွင်ရှိသော ဓားရှည်ကို
စောင်းငဲ့ကြည့်ကာ စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
" ဒီလိုဆိုရင် ကျွန်မ အင်အားသုံးရတော့မှပေါ့.. "
"ဟားဟား... လူသားတွေက ဒီပုံစံအတိုင်းတွေပဲ..”
အမျိုးသမီး၏ အပြုအမူကို မြင်သည့်အခါ နီလာခရမ်းတောင်ပံ
ခြင်္သေ့ကြီးက မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ရယ်မောလိုက်လေ
သည်။ ခဏအကြာတွင် ထိုရယ်မောသံက ရပ်စဲသွားပြီး အေးစက်
စက်အသံက ထွက်ပေါ်လာသည်။
"မင်းက ဒိုဝှမ်းအဆင့်ဆိုတာ ငါသိပါတယ်.. ဒါပေမဲ့ ငါတို့ တကယ်
| ကို တိုက်ခိုက်ကြမယ်ဆိုရင် ဒီမှော်သားရဲကောင်တောင်တန်းကနေ
မင်း လမ်းလျှောက်ပြီး အိမ်ပြန်နိုင်မလားဆိုတာ မေးခွန်းထုတ်ရတော့မယ် "
“ ဒီကိစ္စက ရှင်နဲ့ မဆိုင်ပါဘူး.."
ထူးခြားသည့် အမျိုးသမီးက အေးဆေးစွာ တုံ့ပြန်ပြောဆိုလိုက်ပြီး
သူမ၏ လက်ကို ညင်သာစွာ မြှောက်ပင့်လိုက်သည်။ ထိုသို့ သူမ
| လုပ်ဆောင်လိုက်သည့်အခါတွင် အစိမ်းရောင် လေဆင်နှာမောင်း
ငယ်တစ်ခုက လေထဲမှာ ဖြစ်ပေါ်လာခဲ့သည်။ စစချင်းတွင်တော့
၎င်း လေဆင်နှာမောင်းမှာ ၂မီတာမျှသာ ကြီးသော်လည်း ခဏအကြာ
တွင် စတင်ကျယ်ပြန့်လာပြီးနောက် တစ်စစဖြင့် မီတာ ၁၀၀ ကျော်
ကြီးမား ကျယ်ပြန့်သည့် လေမုန်တိုင်းအသွင် ပြောင်းလဲလာခဲ့သည်။
ကောင်းကင်နှင့်မြေကြီး နှစ်ရပ်ကြားတွင် အစိမ်းရောင်လေဆင်နှာ
မောင်းသည် အလွန်တရာ လျင်မြန်သည့်အဟုန်ဖြင့် ဝှေ့ယမ်းတိုက်
ခိုက်နေလေ၍ မြေပြင်က သစ်ပင်ကြီးတို့သည်လည်း တောင့်ခံနိုင်
စွမ်း မရှိတော့ဘဲ အမြစ်များ အဆက်မပြတ် ကျွတ်ထွက်ကုန်ကြ
တော့သည်။ ပြင်းထန်စွာ တိုက်ခတ်လာသော လေပြင်းတို့ကလည်း
သစ်ပင်တွေကို မြေပြင်ပေါ်လှဲချနေကြသလို သဲမှုန်ဖုန်မှုန့်များကို
လည် လေထဲ လိုက်ပါဝဲလွင့်စေတော့၏။
“ ဟွန့်.. ဒီ မှော်သားရဲကောင်တောင်တန်းက မင်းတို့ လူသားတွေရဲ့
နယ်မြေ မဟုတ်ဘူးကွ.. မင်းတို့မှာ လာပြီ ရမ်းကားစော်ကားလို့ မရဘူး "
နီလာခရမ်းတောင်ပံခြင်္သေ့ကြီးသည် လေဆင်နှာမောင်းက တဖြည်း
ဖြည်း ကြီးမားလာပြီ တော်လည်းသံလို အသံကြီးများ ထွက်ပေါ်လာ
သည်ကို ကြည့်နေရင်းမှ ထိုစကားကို အော်ဟစ်ပြောလိုက်သည်။
သူ့ အသံသည် တောင်တန်းကြီးတလျှောက် ဟိန်းထွက်သွားသည်။
ထိုသို့ အော်ဟစ်ဟိန်းဟောက်လိုက်သည့်အခါတွင်လည်း သူ့၏
ကိုယ်ရောင်ကိုယ်ဝါကလည်း တောက်ပလာသည်။ မျက်စိတမှိတ်
အတွင်းမှာပဲ အင်အားပြင်းထန်ရက်စက်သည့် ခရမ်းရောင်မီးလျှံများ
သူ့ခန္ဓာကိုယ်တစ်ခုလုံးကနေ ပေါက်ကွဲထွက်ပေါ်လာသည်
။ ခရမ်းရောင်မီးတောက်မီးလျှံတို့သည် တဖြည်းဖြည်းဖြင့် အပေါ်ဘက်သို့
ရစ်နွယ်တက်သွားပြီ နောက်ဆုံးတွင် ကောင်းကင်သို့ မိုးထိုးတက်
နေသည့် ခရမ်းရောင်တိုင်လုံးကြီးသဖွယ် စုစည်းဖြစ်တည်လာခဲ့
သည်။ ၎င်းထံမှ ထွက်ပေါ်လာသော အပူလှိုင်းတို့သည် တစ်ကီလို
မီတာအကွာတွင် ရှောင်ယွင်ကို ချွေးတပြိုက်ပြိုက် ကျစေခဲ့သည်။
" အားပါးပါး.. တော်တော် ကြောက်စရာကောင်းပါလား..။
ရှောင်ယွင် အသံခြောက်ကပ်စွာဖြင့် ပြောလိုက်ပြီး နဖူးက ချွေးတွေ
ကို သုတ်လိုက်သည်။ အဝေးက လေဆင်နှာမောင်းကြီးနှင့် မီးတိုင်
ကြီးကို ကြောက်ရွံ့စွာဖြင့် ဆက်ကြည့်နေလိုက်သည်။
“ ဆရာရေ.. သူတို့နှစ်ယောက်ထဲက ဘယ်သူနိုင်မယ်လို့ ထင်လဲ.."
ရှောင်ယွင် နောက်တစ်ခါ နဖူးက ချွေးစက်ကို ထပ်သုတ်လိုက်ရင်း
ဆရာရဲ့ လော်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
" ဒီအခြေအနေအရဆိုရင် နှစ်ယောက်ထဲက တစ်ယောက်ကပဲ
ဖြစ်ဖြစ်.. တကယ့်လျှို့ဝှက်အင်အားကြီး ဝှက်ဖဲကို ပိုင်ဆိုင်ထားတာ
ကလွဲလို့ ဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့က
ခက်တယ်ကွ။ ဘယ်သူ နိုင်မယ် ရှုံးမယ်ဆိုတာ ငါလည်း အပ်ချမတ်
ချ မပြောတတ်ဘူးကွ။ တိုက်ပွဲပြီးမှပဲ.. အားလုံးကို သိရမှာပေါ့.. ။"
ရွဲ့လော်က မကြံတတ်ဟန်ဖြင့် ခေါင်းကို ခါယမ်းရင်း ပြောပြလိုက်
သည်။ ထို့နောက် တင်းမာနေသည့် တိုက်ပွဲအခြေအနေကို
ကြည့်ရင်း လေသံတိုးတိုးဖြင့်
“ ဟာ.. တိုက်ပွဲက စနေပြီးပဲ ” ဟု ပြောလိုက်လေသည်။
No comments:
Post a Comment