Followers

Chapter 113

အပိုင်း ( ၁၁၃ ) - ဂူ

ချောက်ကမ်းပါးအောက်ခြေကနေ ရုတ်တရက် ထွက် ပေါ်လာသော ချောမောလှပသည့် မျက်နှာလေးကို ငေးကြည့်ရင်း ရှောင်ယွင် အထိတ်တလန့် ဖြစ်သွားမိ သည်။  သို့သော် အနီးကပ်တွေ့၍ ကြည့်လိုက်ပြီး  ထိုမိန်းမပျိုမှာ ဆေးပင်စုဆောင်းသည့် အဖွဲ့က နတ်မိမယ်သမားတော်မလေး ဖြစ်နေမှန်း သိလိုက် သည့်အခါတွင် ရှောင်ယွင် အလျင်အမြန်ပဲ ပြန်တည် ငြိမ်သွားသည်။ 

ချောက်ကမ်းပါးတွင် အကြည့်နှစ်ခုက တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံလျက်.. ထူးဆန်းလှသော မြင်ကွင်းတစ်ခုပေ။

“ ငါ့ကို အပေါ်ဆွဲတင်လို့ ရမလား.. ”

တစ်ယောက်ကိုတစ်ယောက် အချိန်တော်ကြာ ငေးကြည့် နေပြီးမှ နတ်မိမယ်သမားတော်မလေးကပဲ စတင်၍ ညင်သာသော သူမ၏ အသံဖြင့် အနေခက်စရာ အခြေ အနေကို ပြန်ထိန်းလိုက်သည်။ 

ရှောင်ယွင်မှာ မျက်တောင်ကို ခတ်လိုက်ပြီး ဘာမှမဖြစ် သွားသည့်အလား ခေါင်းကိုညိတ်လိုက်သည်။ နတ်မိမယ် သမားတော်မလေး၏ လက်ကို ဖမ်းဆွဲ၍ အားစိုက်ပြီး  သူမကို ချောက်အောက်ကနေ ဆွဲတင်လိုက်သည်။ လေထဲတွင် သူမ၏ ခန္ဓာကိုယ်က ကောက်ကြောင်းများ ထင်းခနဲ ရှင်းခနဲ ပေါ်လွင်သွားကာ ချောက်ကမ်းပါး အစွန်းထက် ပေါ့ပါးစွာ ကျသွားခဲ့သည်။ 

“ ကျေးဇူးတင်ပါတယ်.. ”

သူမခြေထောက်က မြေပြင်ပေါ်ရောက်သည်နှင့် နတ်မိမယ်သမားတော်က ကျေးဇူးတင်စကား ဆိုလိုက် ပြီး ရှောင်ယွင်လက်ကို သွက်လက်စွာ လွှတ်ချလိုက် သည်။ ချောက်ကမ်းပါးဘက်ကို တစ်ချက် ခိုးကြည့်လိုက် ပြီးနောက် နဖူးက ဆံနွယ်ကိုလည်း သပ်ဖယ်လိုက်သည်။ 
ရှောင်ယွင်ကို သေချာ ပြန်ကြည့်လိုက်ပြီးနောက် နူးညံ့စွာ ပြောလိုက်သည်။ 

“ နင်က ဆေးတစ်ထောင်အိမ်တော်က ငှားရမ်းထားတဲ့ ကြေးစားစစ်သည်တွေထဲက တစ်ယောက် မဟုတ်လား ”

“ ဟုတ်တယ်.. ”

ရှောင်ယွင်မှာ လက်ထဲတွင် ထိတွေ့လိုက်ရသော နူးညံ့မှု ကို သဘောကျသွားပြီးနောက် ပြုံးပြီး ခေါင်းညိတ်လိုက် သည်။ ထို့နောက်တွင် ချောက်ကမ်းပါးကို ကျော်လွန်၍ အောက်ခြေတွင် တည်ရှိနေသော အစိမ်းရောင်တောင် များကို ကြည့်နေလိုက်သည်။ ထိုမိန်းကလေးက အရမ်း မလှပသော်ငြားလည်း သူမ၏ ညင်သာနူးညံ့သည့် အပြုအမူက တစ်ဖက်လူ၏ နှလုံးသားကို ဆွဲလှုပ်နိုင်စွမ်း ရှိသည်။ တခြားအချိန်မှာသာ ကြုံဆုံခဲ့မိရင် ရှောင်ယွင် မှာ သူမအား စနောက်နေမိလိမ့်မည်။ သို့သော် သူ့၏ တင်းကျပ်သည့် လေ့ကျင့်ချိန်ကာလတွင် ဒါကို များစွာ စိတ်ဝင်စားမှု မရှိချေ။ 

ရှောင်ယွင်၏ စကားကို နားထောင်ပြီး တဖန် ထွက်ခွာ သွားမည့်ဟန်ကိုလည်း မမြင်ရလေရာ နတ်မိမယ်သမား တော်မလေးသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် တခြားနေရာကို အကြည့်ကစားလိုက်သည်။ နောက်ဆုံး တွင် သူမသည် ချောက်ကမ်းပါးထိပ်တွင် ပေါက်နေသော အဖြူရောင်အပင်ကို လက်ညိုးညွန်ပြီး အပြုံးဖြင့် မေး လိုက်သည်။

“ ကြည့်ရတာ နင်လည်း အဲဒီဆေးပင်ကို ခူးမယ့်ပုံပဲ.. အဲဒါ ဘာအပင်လဲ သိလား.. ”

ထိုအခါ ရှောင်ယွင်လည်း နှာခေါင်းကို တစ်ချက်ပွတ် လိုက်ပြီး ပြုံးပြီ ပြောလိုက်သည်။ 

“ အဲဒါက သစ်ခွအဖြူအပင် ဖြစ်မယ်… အလယ်လတ် အဆင့် ဆေးပင်ဖြစ်ပြီး ချောက်ကမ်းပါထိပ်မှာပဲ အမြဲ လိုလို ပေါက်တတ်တယ်.. ဒီအပင်တွေက အတော်လေး ပေါပါတယ်.. ဒါပေမဲ့ ငှက်မျိုးနွယ် မှော်သားရဲကောင် တွေရဲ့ အကြိုက်ဖြစ်နေတော့ အရွယ်ကြီးလာတာနဲ့ လာစားသွားတာပဲ.. ဒါကြောင့် အလယ်လတ်အဆင့် ဆေးပင်တွေထဲမှာ ရှားပါးတဲ့ ဆေးပင်လို့ ပြောလို့ရ တယ်.. တကယ်လို့ သစ်ခွအဖြူအသီးက ရင့်မှည့်နေရင် အဲဒါကို ဆေးဆိုင်မှာ သွားရောင်းရင်တော့ ရွှေဒင်္ဂါး ၄ ထောင် ဝန်းကျင်တော့ ရနိုင်တယ်… ”

သစ်ခွအဖြူပင်အကြောင်းကို လူငယ်တစ်ယောက်က အကျယ်တဝင့်ပြောပြနိုင်သည်ကို မြင်သည့်အခါ သူမ၏ မျက်ဝန်းတွင် အရောင် တလက်လက် တောက်ပသွား သည်။ အံ့သြသွားသည့် လေသံဖြင့် သူမ ပြောလိုက်၏။

“ ဒါဆို ရှင်က ဆေးပင်အမျိုးမျိုးခွဲခြာခြင်းအကြောင်ကို လေ့လာထားတယ်ပေါ့.. ”

“ တီးမိခေါက်မိလောက်တဲ့အထိပဲ သင်ဖူးတာပါ.. ”
ရှောင်ယွင်က ပေါ့ပေါ့လေးပဲ ဆိုရင်း ပခုံးတွန့်လိုက် သည်။ 

ရွဲ့လော်နှင့် အချိန်ကြာကြာ နေလာခဲ့ပြီး၍ ရှောင်ယွင်မှာ ဆေအမယ်သန့်စင်ရပုံကို သာမက ဆေးအပင်အမျိုးမျိုး တို့အား ခွဲခြားရပုံကိုလည်း လေ့လာခဲ့ရသည်။ ရွဲ့လော် ၏ အတွေ့အကြုံအရ ဆေးပင်အမျိုးမျိုးကို မြင်ဖူးခဲ့လေ ရာ ရှောင်ယွင်သည် သူ့တပည့်အရင်းဖြစ်၍ သူသိသမျှ ဗဟုသုတတို့ကို သင်ကြားပြသထားသည်။ 

“ဒီ သစ်ခွအဖြူသီးကို စတွေ့တဲ့သူကပဲ ရသင့် ပါတယ် လေ.. အခု ရှင်က စတွေ့တယ်ဆိုတော့ ရှင်ဆီကနေ အတင်းမလုတော့ပါဘူးရှင်.. ”

ရှောင်ယွင်ကို ပြုံးပြလိုက်ပြီးနောက်  နတ်မိမယ် သမားတော်မလေးသည် ကိုယ်ကို ငုံ့ကာ ပန်းပင် ကြားထဲက အနီရင့်ရင့်သစ်သီးကို သေချာစွာ ခူးလိုက်ပြီး နောက် ရှောင်ယွင်ကို ကမ်းပေးလိုက်သည်။ 

နတ်မိမယ်သမားတော်မလေး၏ အပြုအမူကို မြင်သည့် အခါ ရှောင်ယွင်လည်း ခေါင်းကို ကုတ်ပြီး ခေါင်းညိတ် လိုက်သည်။ သစ်ခွအဖြူအသီးက ရှားပါးပြီး တန်ဖိုးကြီး တယ်ဆိုပေမဲ့ ရှောင်ယွင်အတွက်တော့ အသုံးမဝင်ပါ ဘူး။ သို့ပေမဲ့ နတ်မိမယ်သမားတော်မလေးလည်း မယူ လိုတော့သည်မို့ သူ ယူလိုက်လည်း ကိစ္စတော့ မရှိချေ။ 

“ ကောင်းပြီလေ.. အခု အဖွဲ့တွေလည်း ကောင်းကောင်း အနားယူပြီးလောက်ပြီ.. ပြန်လှည့်ကြရအောင်.. ”

ရှောင်ယွင်က သစ်ခွအဖြူအသီးကို လက်ခံလိုက်သည် အား မြင်ပြီးနောက် သူမက သံသယဖြစ်ဖွယ် ပျော်ရွှင် နေဟန်ဖြင့် အလောတကြီး ဆိုလိုက်သည်။ 

ရှောင်ယွင်မှာ သစ်ခွအဖြူအသီးကို လက်မှာကိုင်ထား ရင်း နတ်မိမယ်သမားတော်မလေး၏ စိတ်မရှည်ဖြစ်နေမှု ကို ကြည့်ကာ မျက်မှောင်ကုတ်လိုက်မိသည်။ နတ်မိမယ် သမားတော်မလေး၏ မူပျက်နေသလို စိတ်ထဲတွင် ခံစား နေရသည်။ 

“ ဘာလို့ သူက အလျင်လိုနေရတာလဲ.. ”

ရှောင်ယွင်စိတ်ထဲတွင် သံသယတစ်ခုက ဖျတ်ခနဲ ဖြတ်ပြေးသွားသည်။ ထို့နောက် သစ်ခွအဖြူသီးကို ရင်ဘက်က အိတ်ကပ်ထဲ ထည့်လိုက်သည်။ ဘာမှ မဖြစ်သလိုဟန်ဖြင့် ရှောင်ယွင်က ရုတ်တရက် မေးခွန်း မေးလိုက်သည်။ 

“ ဘာလို့ ချောက်ကမ်းပါးအနောက်ကို သွားရတာလဲ.. ”

ရှောင်ယွင်နှုတ်ခမ်းမှ ထိုမေးခွန်းထွက်ကျလာသည့်အခါ နတ်မိမယ်သမားတော်မလေးသည် တစ်ချက်တည်း တောင့်ခနဲ ဖြစ်သွားသည်။ ကြောက်လန့်သွားသည့် အမူအရာက စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားပြီး လျင်မြန်စွာ ပြန်လည်း ဖုံးကွယ်လိုက်သည်။ 

“ ဘာမှ မဟုတ်ပါဘူး.. တချို့ဆေးပင်တွေက ချောက် ကမ်းပါးမှာ ပေါက်တတ်တယ်လေ.. အဲဒါကြောင့် အောက်ဆင်းပြီး ကြည့်မိတာပါ.. ”

“ အော်.. ”

ရှောင်ယွင်က ခေါင်းကို ညိတ်လိုက်သည်။ နတ်မိမယ် သမားတော်မလေးပြောလိုက်သည့် အကြောင်းပြချက် က သူ့သံသယကို အနည်းငယ်လျော့သွားစေသည်။ တချို့သော ဆေးပင်တို့သည် ချောက်ကမ်းပါးနံရံတွင် ပေါက်တတ်သည်မဟုတ်လား။ 

“ မဟုတ်ဘူး.. ချောက်ကမ်းပါးအောက်မှာ တစ်ခုခု ရှိနေတယ်.. ”

ရှောင်ယွင်တို့ ပြန်လှည့်ထွက်သွားမည့်အချိန်တွင် ရွဲ့လော်၏ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။ 

ရှောင်ယွင်သည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး အရှေ့ကို မသိမသာ တိုးလျှောက်လိုက်သည်။ ထိုအခါ ချောက်ကမ်းပါးနံရံက သူ့မြင်ကွင်းထဲ ရောက်လာသည်။ 

ချောက်ကမ်းပါးနံရံတွင် ကျောက်စိုင်ကျောက်ခဲနှင့် ထူးခြားသော ခြုံပုတ်ပင်တို့က အလေ့ကျ ပေါက်နေ သလို အရိုးကဲ့သို့ တူသည့် အရာတွေလည်း ရှိသည်။ 

ရှောင်ယွင်သည် ချောက်ကမ်းပါးနံရံကို သေချာစွာ လေ့ လာကြည့်လိုက်သည်။ ခဏအကြာတွင် ပုံပျက်နေသော ခြုံပုတ်များဖြင့် ဖုံးကာထားသော နေရာတစ်ခုကို မြင် လိုက်သည်။ 

ချောက်ကမ်းပါးနံရံက ထိုနေရာတွင် ထူးဆန်းသည့် သစ်ကိုင်းခြောက်များဖြင့် ပုံစံတကျ ဖြစ်နေအောင် စီစဉ်ထားသလို ရှိနေကာ ရွဲ့လော်၏ သတိပေးချက် ကြောင့်လည်း ထိုအရာက ပုံမှန်မဟုတ်မှန်း ရှောင်ယွင် သိလိုက်သည်။ 

နေအလင်းရောင်အကူအညီဖြင့် ရှောင်ယွင်သည် မျက်လုံးကို ပိုကျဉ်းမြောင်းလိုက်ပြီး ထပ်ကြည့်လိုက် လျှင် ထိုသစ်ကိုင်းအောက်တွင် မှောင်မဲနေသည့် တွင်းတစ်ခုရှိနေသည်ကို တွေ့လိုက်သည်။ 

“ ဟုတ်တယ်.. တစ်ခုခုတော့ ရှိနေတယ်.. ”

ချောက်ကမ်းပါးနံရံပေါ်က ထူးခြားနေသည့် နေရာကို ကြည့်ရင်း ရှောင်ယွင် စိတ်ထဲမှာ ရေရွတ်လိုက်သည်။ ရုတ်တရက် ရှောင်ယွင်၏ မျက်နှာက ပြောင်းလဲသွား သည်။ ခြေထောက်က ယိမ်းယိုင်သွားသလို ခန္ဓာကိုယ် ကလည်း အနောက်ပြန်လန်သွားသည် ရှောင်ယွင်က အော်ဟစ်လိုက်သည်။

“ ခင်ဗျား ဘာလုပ်လိုက်တာလဲ.. ”

ရှောင်ယွင် အနောက်ပြန်ဆုတ်လိုက်သည့်အခါတွင် အဖြူရောင်အမှုန့်တွေက ရုတ်တရက် ပျံ့လွင့်သွားပြီး နောက်ဆုတ်လာသည့် ရှောင်ယွင်ကို လျင်မြန်စွာ ဖုံးအုပ်သွားသည်။ 

အဖြူရောင်အမှုန့်တွေက ရှောင်ယွင်ကို အချိန်အတော် ကြာ ဖုံးအုပ်ထားပြီးမှ လေကြောင့် တဖြည်းဖြည်း လွင့်ပါး သွားသည်။ ရှောင်ယွင်မှာ မြေမှာ သတိမေ့နေပြီး ဖြစ် သည်။ 

သတိမေ့နေသော ရှောင်ယွင်ကို ကြည့်ပြီး နတ်မိမယ် သမားတော်မလေးသည် လက်ထဲက အမှုန့်ကို သုတ် လိုက်သည်။ သူမ၏ နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး အသက်ပြင်းချလိုက်သည်။ 

“ ပြန်ဖို့ ငါပြောသေးတာပဲ.. နင်မှ နားမထောင်တာ.. အခုတော့ သိပြီးမလား.. ”

နတ်မိမယ်သမားတော်မလေးသည် ခေါင်းကို ခါယမ်း လိုက်ပြီး သတိမေ့နေသော ရှောင်ယွင်အနားကို ဖြည်း ဖြည်း လျှောက်လာခဲ့ပြီး ကိုယ်ကို ငုံ့လိုက်သည်။ သူမ သည် ကြိုးတစ်ချောင်းကို ထုတ်၍ ရှောင်ယွင်၏ လက်ကို ဖမ်းကိုင်ကာ ချည်တုတ်ဖို့ လုပ်လိုက်သည်။ 

နတ်မိမယ်သမားတော်မလေးက ရှောင်ယွင်၏ လက်ကို ချည်တုတ်ဖို့ ဟန်ပြင်နေသည့်အချိန်တွင် အရာတစ်ခုက မထင်မှတ်ဘဲ ဖြစ်လာခဲ့သည်။ 

မေ့မြောနေသော ရှောင်ယွင်သည် ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီး လက်ကောက်ဝတ်ကိုပါ လှည့်လိုက်သည်။ ထို့အခါ နတ်မိမယ်သမားတော်မလေးသည် သတိလစ် ဟင်းသွား၍ ရှောင်ယွင်ကသာ သူမကို ပြန်ဖမ်းချုပ်လိုက် သည်။ 

“ ဒီလိုပစ္စည်းတွေကို သုံးတတ်လိမ့်မယ်လို့ ငါ မထင်ထား မိလိုက်ဘူး.. ငါ့ရဲ့ အာရုံခံစားချက်ကြောင့်သာ မဟုတ် ရင် မင်းမေ့ဆေးကြောင့် ငါ တကယ် သတိမေ့သွားနိုင် တယ် ”

ရုတ်တရက် အခြေအနေ ပြောင်းလဲသွား၍ နတ်မိမယ် သမားတော်မလေးမှာ ထိတ်လန့်သွားသော်လည်း သူမ ၏ တုံ့ပြန်မှုကတော့ မနှေးကွေးစေပါဘူး။ ရှောင်ယွင်က သူမ၏ လက်ကို ဖမ်းချုပ်ထား၍ ရှောင်ယွင်ကို လက် အစား ခြေထောက်ဖြင့် ခပ်ပြင်းပြင်းလေး ကန် လိုက်သည်။ 

နတ်မိမယ်သမားတော်မလေး၏ အလျှော့မပေးလိုသည် ကို မြင်သည့်အခါ ရှောင်ယွင် အေးစက်စက်လေး ရယ် မောလိုက်သည်။ သူမ၏ ခြေကန်ချက်အတိုင်းပဲ သူ လည်း ညာခြေထောက်ကို လှမ်းကန်လိုက်ရာ နတ်မိမယ် သမားတော်မလေး၏ သေးငယ်သောခြေထောက်၏ ဘေးခြမ်းကို ထိသွားသည်။ ချက်ချင်းပင် သူမ၏ မျက်နှာ တွင် နာကျင်ခြင်းကြောင့် ရှုံ့မဲ့သွားသည်။

ပထမခြေကန်ချက်က အောင်မြင်သွားသော်လည်း ရှောင်ယွင် မရပ်တန့်သေးပါဘူး။ ဖဲကြိုးလို သူ့  ဘယ်ခြေထောက်က နတ်မိမယ်သမားတော်မလေး၏ ခြေထောက်နှစ်ဖက်စလုံးကို လှဲချလိုက်သည်။ ထိုအခါ နှစ်ယောက်စလုံးက မြေကြီးပေါ် လဲကျသွားသည်။ သို့ သော် ရှောင်ယွင်က သူမကို အပေါ်ကနေ တင်းတင်း ဖိထားလိုက်သည်။ 

သူ့ကိုယ်အောက်က နူးညံ့သော အတွေ့အထိကြောင့် ရှောင်ယွင် ခေါင်းနပန်းကြီးသွားသည်။ စိတ်ထဲမှာလည်း ညည်းသံတစ်ခုကို အော်ညည်းလိုက်မိသည်။ ခေါင်းကို ငုံ့ကြည့်လိုက်လျှင်  နတ်မိမယ်သမားတော်မလေး၏ နီမြန်းနေသောမျက်နှာကို ကြည့်မိပြီး ခေါင်းကို မော့ လိုက်ကာ လူရမ်းကားတစ်ယောက်လို သူ့ခန္ဓာကိုယ် အောက်ပိုင်းကို လှုပ်ရမ်းနေမိသည်။ ချက်ချင်းပင် နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်သည် ပူးကပ်သည်ထက် ပူးကပ်လာတော့သည်။ 

“ ငါ့ကို လွှတ်စမ်း.. ”

နတ်မိမယ်သမားတော်မလေးသည် သူမအထက်က ယောင်္ကျားတစ်ယောက်၏ အပြုအမူကို မြင်လျှင် ခေါင်း ထဲမှာ နောက်ကျိကျိ ဖြစ်လာသည်။ အံကို ကြိတ်ပြီး ဒေါသက ထွက်လာသည်။ 

“ မင်းက ဘာလို့ ငါ့ကို တိုက်ခိုက်ရတာလဲ.. ”

ထိုအခါ သူမ၏ စိုစွတ်နေသော နှုတ်ခမ်းက တုန်ခါသွား သည်။  ထို့နောက် အေးစက်စွာ ပြုံးလိုက်ပြီး ပြောလိုက် သည်။ 

“ ဘာလို့ဆိုတော့ မင်းကို ငါမကြိုက်လို့ ”

“ မင်းကရော.. ငါ မင်းကို ဒီမှာပဲ *** မယ်လို့ ယုံလား ”

ရှောင်ယွငက ခေါင်းကို ငုံ့ပြီးမေးလိုက်ရာ တစ်ယောက် ကိုတစ်ယောက် အသက်ရှုလေတွေကို ခံစားလိုက်ရ၍ ရှောင်ယွင် အေးစက်စွာ ပြုံးလိုက်သည်။ 

“ အပြင်က ကြေးစားစစ်သည်အယောက်တစ်ရာကျော် ကို တိုက်ခိုက်နိုင်တယ်ထင်ရင် လုပ်ကြည့်လိုက်လေ.. ”

နတ်မိမယ်သမားတော်က ပြောလိုက်သည်။ 

“  မင်းရဲ့ ရင်အုံကလည်း ကောင်းကောင်း မပြည့်တင်း သေးဘူး.. တင်ပါးကလည်း သိပ်မဖွံ့ဖြိုးသေးဘူး.. ဟင်း ဟင်း...  ပြောရရင် မင်းကို ငါ သိပ်စိတ်မဝင်စားမိပါဘူး ကွာ.. ”

ရှောင်ယွင်၏ မျက်နှာအပေါ်က ရိသဲ့သဲ့အပြုံးသည် တဖြည်းဖြည်း အေးစက်လာသည်။ 

“ ချောက်ကမ်းပါးအောက်မှာ ဘာရှိနေလဲ.. ”

“ မင်း ဘာပြောနေတာလဲဆိုတာ ငါ မသိဘူး.. ”

နတ်မိမယ်သမားတော်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက မျက်မှောင်ကုတ်၍ ပြော လိုက်သည်။

“ ငါ့ကို မြန်မြန်လွှတ်နော်.. မဟုတ်ရင် ငါ အော်လိုက် မယ်.. တစ်ယောက်ယောက်က နင့် ငါ့ကို ဒီလိုလုပ်နေ တာကို မြင်သွားရင် ဒီမှော်သားရဲကောင်တောင်တန်းက နေ ထွက်ဖို့ မစဉ်းစားနဲ့တော့.. ”

“ အော်လိုက်လေ… ဘာလို့ မအော်သေးတာလဲ.. ဒီ အောက်က လျှို့ဝှက်ချက်အကြောင်းကို လူတိုင်း သိ စေချလို့လား.. ဒါဆို အော်လိုက်လေ.. အသံတွေ ဝင် သွားတဲ့အထိ အော်ပေါ့.. ”

ရှောင်ယွင်၏ မတုန်လှုပ်သော အသံက နတ်မိမယ်သမား တော်မလေး၏ အော်ဟစ်မည့်အကြံအစည်ကို ပျက်ပြယ် သွားစေသည်။ 

“ နင်က ဘာလုပ်ချင်နေတာလဲ.. ”

နတ်မိမယ်သမားတော်မလေးက အသက်ပြင်းရှိုက်ပြီး  ဒေါသဖြင့် မေးလိုက်သည်။ 

“ အဲဒီအောက်မှာ ဘာရှိလဲ.. အမှန်တိုင်း မဖြေရင် မင်းကို ချည်တုပ်ပြီးတော့ ဒီမှာ ဖွက်ထားလိုက်မယ်.. ပြီး ရင် ငါကိုယ်တိုင် အောက်ဆင်းကြည့်လိုက်မယ်.. ”

“ နင်.. ”

ရှောင်ယွင်၏ ခြိမ်းခြောက်စကားကြောင့် နတ်မိမယ် သမားတော်မလေးမှာ ထိတ်လန့် တုန်လှုပ်သွားသည်။ သူမသည် ရှောင်ယွင်ထက် အနည်းငယ် အသက်ကြီး နေသော်လည်း ရှောင်ယွင်လောက် သူမ၏ စိတ်ဓာတ် ခွန်အားနှင့် လိမ္မာပါးနပ်မှုတို့က လိုက်မမှီချေ။ 
ရှောင်ယွင်၏ နှုတ်ခမ်းထောင့်က ကျီစယ်ချင်သည့်ဟန် ဖြင့် ကော့ညွတ်သွားသည်။ ခေါင်းကို ငုံ့လိုက်ပြီး  သူမ၏ နားရွက်အနားသို့ တိုးကပ်ကာ သူ့နှုတ်ခမ်းဖြင့် တို့ထိလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။ 

“ ငါကြားဖူးတာက ဒီမှော်သားရဲကောင်တောင်တန်းမှာ လူဝံ မှော်သတ္တဝါတစ်ကောင်ရှိတယ်တဲ့.. အဲလိုလူဝံတွေ က လူသားမိန်းမဆို စိတ်ဝင်စားတယ်လို့ ပြောကြတာပဲ ”

“ နင်.. အယုတ်တမာ.. ”

နတ်မိမယ်ဒေါက်တာမလေး၏ မျက်နှာက ဖြူဖျော့သွား သည်။ သူမသည် အမှန်ပင် အကြီးအကျယ် ထိတ်လန့် သွားဟန် ရှိသည်။ ထိုကြောက်စရာကောင်းသော မှော် သတ္တဝါ၏ နာမည်ကို သူမလည်း ကြားဖူးဟန် ရှိသည်။ 
“ ငါ့ကို လွှတ်လိုက်တော့.. ဒီအောက်က ဘာရှိသလဲ ဆိုတာ ငါ ပြောပြမယ်.. ”

ရှောင်ယွင်၏ ခြိမ်းခြောက်မှုစကားလုံးအောက်မှာ နတ်မိမယ်သမားတော်မလေး ကြာရှည်စွာ မတောင့်ခံ နိုင်တော့ပါဘူး။ 

ရှောင်ယွင်မှာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ ကုန်းထလိုက် သည်။ နတ်မိမယ်သမားတော်မလေးကိုလည်း ဆွဲထူပေး လိုက်သည်။ ကြိုတင်ကာကွယ်ထားသည့်သဘောဖြင့် သူမ၏ ခါးကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ရှက်ရွံ့နေပြီး ဒေါသလည်း ထွက်နေသော သူမကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ 

နှစ်ယောက်စလုံးသည် ချောက်ကမ်းပါးစွန်းဆီကို သွား သည်။ နှစ်ယောက်စလုံးသည် ချောက်ကမ်းပါးနံရံတွင်ရှိ ထူးဆန်းသည့်နေရာဆီကို ပြိုင်တူပင် ကြည့်လိုက်မိ သည်။ ခဏအကြာတွင် နတ်မိမယ်သမားတော်၏ နီရဲနေသော နှုတ်ခမ်းက မပွင့်တပွင့်ဖြင့် ဝန်လေးစွာ ပြောလေသည်။ 

“ ဆေးပင်တွေ ရှာတုန်းက.. အဲဒါကို မတော်တဆ တွေ့မိခဲ့တယ်.. သစ်ကိုင်းတွေနဲ့ ဖုံကွယ်ထားပြီး သတိပြုမိဖို့ မလွယ်ကူတဲ့ အရာက ဂူတစ်လုံးပါပဲ ”

“ အဲဒီဂူထဲမှာ တချို့ရှေးလူကြီးတစ်ယောက်ယောက်က ချန်ထားခဲ့တဲ့ အရာတွေ ရှိနိုင်တယ်.. ဒါပေမဲ့ အထဲကို တော့ မဝင်ဖူးပါဘူး.. အဲဒါကြောင့် အထဲက အကြောင်း ကိုတော့ သိပ်မသိဘူး..ဒါပေမဲ့ တချိုသဲလွန်စအရ ဒီဂူ ထဲမှာ ချန်သွားခဲ့တဲ့ လူက အရမ်းစွမ်းကြီးတယ်ဆိုတာ ပါပဲ.. ”
=============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...