Followers

Chapter 116



အပိုင်း ( ၁၁၆ ) - ရေခဲဝိညာဉ်မီးမြက်ပင်

တိတ်ဆိတ်နေသော တောင်ဖောက်ဂူအတွင်းသို့ ဝင်လာသည်​နှင့်​အမျှ  အေးစိမ့်နေမှုနှင့် အမှောင်ထုက သူတို့ နှစ်ယောက်ကို တဖြည်းဖြည်းဝန်းရံထား​လာလေသည်။ တိတ်ဆိတ်နေသည့် ညအလယ်တွင် လူသားနှစ်ယောက်၏ ခြေသံကိုသာ ဖွဖွလေး ကြားနေရသည်။ 

ခြောက်ခြားဖွယ် ပတ်ဝန်းကျင်အခြေအနေကြောင့် နတ်မိမယ်သမားတော်မလေးသည် သူမလက်ကို သူမ အလိုလိုပင် ပိုက်ထွေးထားမိသည်။ သူမ၏ အရှေ့ကနေ ဖြည်းဖြည်းသွားနေသော ရှောင်ယွင်ကို ခေါင်းမော့ကြည့် မိလိုက်သည်။ အနည်းငယ်တုံ့ဆိုင်းသွားပြီး ခြေလှမ်းကို ခပ်သွက်သွက်လှမ်း၍ ရှောင်ယွင်အနောက်ကနေ ကပ် လိုက်သွားသည်။ ယခုလို ပတ်ဝန်းကျင်အခြေအနေတွင် အရှေ့က လူငယ်သည် သူမကို လုံခြုံမှုပေးသလို ခံစား  လိုက်ရသည်။ 

ထိုကဲ့သို့ ၁၀ မိနစ်ခန့် လမ်းလျှောက်ဝင်သွားရင်း နတ်မိမယ်သမားတော်မလေးသည် ယခုလို တိတ်ဆိတ် နေသည့် ပတ်ဝန်းကျင်အား ခံစားနေရသည်ကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ ထိုအချိန်တွင် အရှေ့မှ လူငယ်သည် ရုတ်တရက် ခြေလှမ်းရပ်လိုက် သည်။ 

“ အားး ”

နတ်မိမယ်သမားတော်မလေးမှာ အချိန်မှီ မရပ်လိုက်နိုင်၍ ရှောင်ယွင်၏ နောက်ကျောကို အရှိန်မများဘဲ ဝင်တိုက်မိ သွားသည်။ 
မမျှော်လင့်ဘဲ ဝင်တိုက်လိုက်မိသည် အဖြစ်ကြောင့် နတ်မိမယ်သမားတော်မလေးသည် အနောက်ကို ပြန်ဆုတ်လိုက်ပြီ မျက်နှာက နီရဲစွာဖြင့် ရှောင်ယွင်ကို ရှက်သွားသော လေသံဖြင့် မေးလိုက်သည်။ 

“ ဘာဖြစ်လို့ ရပ်လိုက်တာလဲ.. ”

အစောပိုင်းက နူးညံ့စွာ တိုးထိခံစားလိုက်ရမှုကြောင့် ရှောင်ယွင် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်သည်။  ထို့နောက် ခြောက်ကပ်စွာ ရယ်လိုက်ပြိး အဝါရောင် အလင်းဖျော့ဖျော့ ထွက်နေသာ ကျောက်တံခါးတစ်ခုကို လက်ညိုးညွန်ပြလိုက်သည်။ 

“ ဒီမှာ လမ်းက တဖက်ပိတ်နေတယ်.. ”

ထိုအခါ နတ်မိမယ်သမားတော်မလေးက မျက်မှောင် ကြုတ်လိုက်ကာ အရှေ့ကို နှစ်လှမ်းတိုးလိုက်သည်။ တံခါးကို မျက်နှာမူပြီ လေးနက်သော အသံဖြင့် ပြော လိုက်သည်။ 

“ ဒီကျောက်တံခါးရဲ့ အနောက်မှာ ကျွန်မတို့ သွားချင်တဲ့ နေရာက သေချာပေါက် ရှိလိမ့်မယ်.. တကယ်လို့ ရှေးအကြီးအကဲတစ်ယောက်က ဒီနေရာမှာ ဂူလာ ဆောက်မယ်ဆိုရင် ဘယ်ကိုမှ ထပ်သွားလို့ မရအောင် လုပ်ထားမယ်လို့တော့ ကျွန်မက မထင်ဘူး.. ”

ရှောင်ယွင်လည်း အရှေ့တက်ပြီ ကျောက်တံခါးကို ထိ ကိုင်လိုက်သည်။ ကျောက်တံခါး၏ အထူကိုလည်း ခန့်မှန်းတွက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို ခါယမ်းလိုက်ကာ ပြောလိုက်သည်။ 

“ ဒီကျောက်တံခါးက အရမ်းထူနေတယ်.. ဒိုရှီအဆင့် တစ်ယောက်လောက်ကပဲ ဒါကို ချိုးဖောက်လို့ နိုင်မှာ ”

“ ရှင်သိထားတာက အားကို ဘယ်လိုသုံးရမလဲဆိုတာပဲ ဒီမှာကြည့် အဝါရောင်အလင်းက ကျောက်တံခါးကနေ ထွက်နေတယ်.. ဒါက သေချာပေါက် မြေသဘာဝ ထောင်ချောက်ပညာရပ်ပဲ.. ရှင်သာ နည်းနည်းလောက် အာရုံစိုက်ပြီ သေချာကြည့်ရင် တံခါးကို ဖွင့်ဖို့က မခက်ခဲ ပါဘူး.. ”

နတ်မိမယ်သမားတော်မလေးက ရှောင်ယွင်ကို ချိုးနှိမ် စကား ဆိုလိုက်ပြီ သူမ၏ လက်ကို ကျောက်တံခါးအပေါ် ကပ်ထားလိုက်ရာ ၎င်းတံခါးမှာ တဖြည်းဖြည်း ရွေ့လျား သွားသည်။ 

“ မင်းက ထောင်ချောက်ပညာရပ်အကြောင်းကိုလည်း သိတယ်ပေါ့.. ငါ အထင်သာမှန်မယ်ဆိုရင် ဒီပညာရပ်က သစ်သား ဒါမှမဟုတ် မြေသဘာဝကို ပိုင်ဆိုင်တဲ့ ဒိုကျဲ အဆင့်တစ်ယောက်ကပဲ ကျွမ်းကျင်တဲ့ ပညာရပ် ဖြစ် ရမယ်.. ”

နတ်မိမယ်သမားတော်မလေး၏ လေးနက်နေသော မျက်နှာကို မြင်လျှင် ရှောင်ယွင်လည်း စပ်စုမေးကြည့် လိုက်သည်။ 

“ ထောင်ချောက်ပညာရပ်စာအုပ်တချို့လောက်ကို ဖတ်ထားဖူးတာပါ.. ကျွန်မက ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပေမဲ့ နည်းနည်းလောက် စူးစမ်းကြည့်လိုက်ရင် လည်း ဒီထောင်ချောက်တွေက ကျွန်မအတွက် ပြဿနာ တော့ မဟုတ်ပါဘူး.. ”

နတ်မိမယ်သမားတော်မလေးက အေးအေးဆေးဆေးပင် ပြန်ဖြေပေးလိုက်သော်လည်း သူမ၏ လက်ကိုတော့ ဒီအတိုင်း မပြောင်းလဲဘဲ ထားထားသည်။ 

ရှောင်ယွင်က ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီ သူမ စူးစမ်းလေ့လာနေခြင်းကိုလည်း အနှောင့်အယှက် မပေးတော့ချေ။ ကျောက်တုံးတံခါးကို ဆက်မကြည့် တော့ဘဲ အလင်းရောင်မှိန်မှိန်ဖြင့် ဘေးပတ်လည်က ကျောက်နံရံတွေကိုသာ အနီးကပ်ကြည့်နေလိုက်သည်။ 

ကျောက်နံရံထက်တွင် ကျောက်ထွင်းရာများ ခပ်မှိန်မှိန် လေး ရှိနေသည်။ မပီပြင် မသဲကွဲနေပါသော်လည်း ဒါသည် လူနှစ်ယောက်၏ ရုပ်ပုံဖြစ်ကြောင်း ရှောင်ယွင် ပြောနိုင်သည်။ ကြည့်ရသည်မှာ အရင်ဂူပိုင်ရှင် ပြုလုပ် သွားဟန် ရှိသည်။ 

“ တွေ့ပြီး… ”

ရှောင်ယွင် ကျောက်တုံးနံရံတွေအား လေ့လာနေသည့် အချိန်တွင် နတ်မိမယ်သမားတော်မလေး၏ ပျော်ရွှင်စွာ ထွက်ပေါ်လာသော အသံကြောင့် ရှောင်ယွင် ပြန်လှည့် ကြည့်လိုက်သည်။ 

ကျောက်နံရံဘေးနားတွင် နတ်မိမယ်သမားတော်မလေး က ဒူးထောက်လျက်သား ရှိနေပြီ နံရံပေါ်က ဖုထွက် နေသော နေရာတစ်ခုကို ကိုင်ထားသည်။ အဲဒါကို သူမ ဖိနှိပ်လိုက်သည့်အခါတွင် တကျွိကျွိမြည်သံက ဂူထဲကို တဖြည်းဖြည်း ပဲ့တင်ထပ်သွားသည်။ 

မြင့်တက်သွားသော ကျောက်တံခါးကို ကြည့်ပြီ ရှောင် ယွင် စိတ်သက်သာရစွာ အသက်ပြင်းချလိုက်ပြီ နတ်မိမယ်သမားတော်မလေးကိုလည်း လက်မထောင်ပြ လိုက်သည်။ 

ကျောက်တံခါးမြင့်တက်သွားသည်နှင့် ယင်းအနောက်မှ အလင်းရောင်မှိန်မှိန်က ထွက်ပေါ်လာပြီ သူတို့ အနား ပတ်လည်ကို လင်းသွားစေသည်။ 

ကျောက်နံရံအနောက်က တောက်ပနေသည့် အတွင်းပိုင်းကို မြင်သည့်အခါ နတ်မိမယ်သမားတော်က ပြုံးလိုက်သည်။ သို့သော် သူမ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး  ရှောင်ယွင်ကို မျက်နှာမူကာ ခေါင်းမော့၍ ပြုံးပြလိုက် သည်။ 

“ ကျေးဇူးပြ၍ အထဲဝင်လို့ ရပါပြီ ”

ရှောင်ယွင်က ပခုံးတွန့််ပြလိုက်ပြီ ကျောက်ခဲတုံးအနည်း ငယ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ဂူအတွင်း ပိုင်းသို့ ကျောက်ခဲကို ပစ်သွင်းလိုက်သည်။ မည်သည့် တုံ့ပြန်ချက်ကို မကြားရသည့်အခါတွင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ 

ရှင်က တကယ့်ကို စိုးရိမ်ကြီးတဲ့ လူတစ်ယောက်ပဲ ”

ယခုအချိန်မှာပင် သတိမမေ့လျော့သော ရှောင်ယွင်ကို ကြည့်ပြီ နတ်မိမယ်သမားတော်မလေးက အကူအညီ ကင်းမဲ့သွားဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ 

“ ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးပါပဲ.. ”

ရှောင်ယွင်က ပုံမှန်အတိုင်းသာ ပြုံးပြလိုက်ပြီနောက် သေချာဂရုတစိုက်ဖြင့် ကျောက်တံခါးဆီကို တိုးကပ် သွားပြီ အတွင်းထဲသို့ ဝင်သွားလိုက်သည်။ 

ရှောင်ယွင် အရှေ့တိုးသွားသည်ကို မြင်လျှင် နတ်မိမယ် သမားတော်မလေးလည်း အနောက်ကနေ ကပ်လျက် လိုက်ပါလာသည်။ 

ဂူအတွင်းသို့ ဝင်လိုက်သည့်အခါတွင် သူတို့၏ မြင်ကွင်း က ရုတ်တရက် ကျယ်ဝန်းသွားသည်။ 

ကျောက်တံခါး၏ အနောက်ကွယ်မှာ ကြီးမားသော အခန်းကျယ်ကြီး ရှိနေပြီ အထဲတွင် ရိုးရိုးရှင်းရှင်းဖြင့် ဗလာကျင်းလျက် ရှိသည်။ နံရံထက်တွင် လကျောက်တုံး များဖြင့် တပ်ဆင်ထားပြီ ၎င်းတို့ထံမှ အလင်းရောင်များ ထွက်ပေါ်နေခြင်း ဖြစ်သည်။ အခန်း၏ အလယ်တွင်  ကုလားထိုင်တစ်လုံးရှိနေပြီ လူအရိုးစုရှိနေပြီး ဦးခေါင်းခွံ က အရိုးပုံထက်တွင် ရှိနေသည်။ တိတ်ဆိတ်နေသည့် အခြေအနေတွင် ယင်းမြင်ကွင်းကို ကြည့်ရသည်မှာ ခြောက်ခြားစရာပင် ကောင်းလှသည်။ 

ယင်းကုလားထိုင်အရှေ့တွင် ကျယ်ဝန်းရှည်လျားသော ကျောက်စားပွဲခုံရှိနေသည်။ သော့ခတ်ထားသော ကျောက်သေတ္တာ သုံးလုံးလည်း ၎င်းခုံအပေါ်တွင် သပ်သပ်ရပ်ရပ် စီစီရီရီ တင်ထားသည်ကို တွေ့ရပြန် သည်။ 

ပြီနောက် အရေအတွက်များပြားလှသော ရွှေရောင် တောက်ပနေသည့်  ရွှေဒင်္ဂါးများနှင့် တခြားတန်ဖိုးရှိ သည့်ပစ္စည်းများကလည်း အခန်းထောင့်သုံးထောင့် နေရာတွင် ပုံလျက်သား ရှိနေသည်ကို တွေ့ရသည်။ ထိုအခန်းတွင် ရွှေဒင်္ဂါးပြားသက်သက်၏ တန်ဖိုးကပင် ရွှေဒင်္ဂါးတစ်သန်းကျော် တန်ဖိုးရှိသည်။ 

တန်ဖိုးကြီးသည့် အရာများနှင့် ရွှေဒင်္ဂါးတို့မှာ ရှောင်ယွင် အတွက် ပြတ်လပ်နေသည့်အရာမဟုတ်ချေ။ ပြီး ထို တန်ဖိုးရှိသည့် ပစ္စည်းများကို ဒီအတိုင်းပင် ပုံထားသည် ကို ထောက်ရှုလိုက်သော် မူလပိုင်ရှင်သည်လည်း ထို ပစ္စည်းများကို  များစွာ အရေးမထားဟန် ရှိသည်။  

ရှောင်ယွင်သည် အရောင်တောက်ပနေသော ရွှေဒင်္ဂါး များကို မကြည့်တော့ဘဲ ကျန်သေးသည့် အခန်းထောင့် နေရာကို သွားကြည့်လိုက်သည်။ ထိုအခါ ရှောင်ယွင်၏ မျက်နှာတွင် ပျော်ရွှင်မှုက ထိန်းမရလောက်အောင် ဖြစ်သွားခဲ့သည်။ 

နောက်ဆုံးကျန်နေသော အခန်းထောင့်နေရာတွင် မြေပုံ တစ်ပုံနှင့်အတူ ပန်းခင်းတစ်ခုလည်း ရှိနေသည်။ ၎င်းတွင် မရေတွက်နိုင်သော အမျိုးအစားလည်း များပြား လှသည့် ပန်ပွင့်များနှင့် အပင်တို့ ရှိကြကုန်ကာ ယင်းပန်း ခင်းတစ်ခုလုံး အမွှေးရနှံ့များဖြင့် သင်းထုံ၍ နေသည်။ 

ထိုအပင်တို့အား ငေးမောကြည့်ရင်း ရှောင်ယွင်နှင့် နတ်မိမယ်သမားတော်မလေးတို့သည် ပြိုင်တူပင် အရှေ့ ကို အပြေးသွားကြသည်။ သာမနန်ရိုးရိုးလူတို့မှာ ၎င်းအပင်တွေအား ကွဲကွဲပြားပြားမသိနိုင်ကြသော်လည်း ရှောင်ယွင်တို့မှာ သာမန်အပင်လို ထင်ရသော ၎င်းအပင် တို့က အခန်းထဲရှိ ရွှေပုံထက်ပင် ပိုတန်ဖိုးကြီးမားသည် ကို သိသည်။ 

“ ခရမ်းပြာအရွက်.. ဝိညာဉ်ဖြူဂျင်းဆင်းအသီး.. နှင်းကြာစေ့.. ”
နတ်မိမယ်သမားတော်မလေးသည် ပန်းခင်းကို ငေးမော ကြည့်နေမိသည်။ ရှားပါးပြီ တန်ဖိုးကြီးမားသည့် ဆေးပင် နာမည်က သူမ၏ နီထွေးသော နှုတ်ခမ်းဖျားမှ တစ်ခုပြီး တစ်ခု ထွက်ကျလာသည်။ 

“ ရေခဲဝိညာဉ်မီးမြက်ပင်.. ”
 
ရှောင်ယွင်မှာ ပန်ခင်းကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီး နောက် အကြည့်အား ပြန်ရုတ်လာအချိန်တွင် ပန်းခင်း အလယ်ရှိ ပေါက်ဖွားနေသာ အနီနှင့်အဖြူအရောင် ရှိသော မြက်ပင်ကို တွေ့၍ စူးစိုက်ကြည့်လိုက်သည်။ 

ထိုမြက်ပင်၏ အရွက်မှာ အရောင်နှစ်ခုခွဲခြားထားသည်။ ညှာတံပင်စည်မှာ အဖြူရောင်ရှိပြီ ရေစက်များလည်း ဖွဲ့သီလို့နေသည်။ အဝေးမှ ကြည့်လျှင် ရေခဲဖန်လုံးလေး များသဖွယ် ထင်ရပြီ အနီရဲရဲထိပ်ဖျားမှာမူ မီးလုံးတစ်လုံး လောက်ကျွမ်းသလို ထင်မြင်ရသည်။ မတူညီ ကွဲပြား သော အရောင်နှင့် သဘာဝက အပင်တစ်ခုထဲမှာ ဆန်း ကျယ်စွာ ပေါက်ဖွားရှင်သန်လို့ နေသည်။

ထို့အပြင် မြူငွေ့ပါးပါးလေးကလည်း ၎င်းအပင်အနားတွင် ရစ်သိုင်းနေသေးရာ တိမ်ပေါ်မှာ မျောလွင့်နေသည့် ပုံသဏ္ဍာန်မျိုး စိတ်ထဲမှာ ခံစားရစေသည်။ 

ထို ထူးဆန်းသော အပင်၏ နာမည်ကား ရေခဲဝိညာဉ် မြက်မီးပင် ဖြစ်ပြီ အရှားပါးလွန် ဆေးအမယ်တစ်မျိုး လည်း ဖြစ်သည်။ ပြီးလျှင် သွေးကြာဆေးလုံးအတွက် လိုအပ်နေသည့် ဆေးအမယ်လည်း ဖြစ်သည်။ 

ရှောင်ယွင်မှာ ဆေးမြက်ပင်ကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေရင်း သူ့မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာက ဖြစ်ပေါ်နေသည်။ သူသည် ဆေးအမယ် နှစ်မျိုးအကြောင်းကို ဝူတန်မြို့မှာ ၆ လ နီးပါး ရှာဖွေကြည့်ပါသော်လည်း သတင်း တစ်စုံ တစ်ရာမရခဲ့။ ယခုတော့ ခရီးထွက်လာပြီး  မကြာခင်မှာပဲ သူ့ ရှေ့မှောက်ကို ရောက်ရှိလာတော့သည်။ မမျှော်လင့် ထားဘဲ ပိုင်ဆိုင်ရတော့မည်အဖြစ်က ရှောင်ယွင် ရင်ထဲ ကို ပျော်ရွှင်ခြင်းတွေနှင့် ပြည့်နှက်သွားစေခဲ့သည်။ 

“ နင် အဲဒါကို သိလား.. ”

ရှောင်ယွင်က ရေခဲဝိညာဉ်မီမြက်ပင်ကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေသည်ကို မြင်လျှင် နတ်မိမယ်သမားတော် မလေးက အံ့သြသွားသော လေသံဖြင့် မေးလိုက်သည်။ 

“ အင်း.. အဲဒါက ငါလိုနေတဲ့အရာပဲ.. ”

ရှောင်ယွင်က ခေါင်းညိတ်လိုက်ပြီး နတ်မိမယ်သမားတော် မလေးကို ပြန်လှည့်ကြည့်လိုက်သည်။ 

“ တော်တော်ဟုတ်တဲ့လူပါလား.. တန်ဖိုးအကြီးဆုံး တစ်ခုကို ချက်ချင်းရွေးယူလိုက်တယ်.. ”

ရှောင်ယွင်၏ စကားကို ကြားလိုက်သည့်အခါ နတ်မိမယ် သမားတော်မလေးက မျက်ခုံးလေး ပင့်ကာဖြင့် မကျေနပ်သည့် မျက်နှာဖြင့် ပြောလိုက်သည်။ 

ရှောင်ယွင်က အနည်းငယ် ရှက်သွားဟန်ဖြင့် ပြုံးလိုက်ပြီ လက်ကို ဝှေ့ယမ်းလိုက်သည်။ 

“ တကယ်ကို တောင်းပန်ပါတယ်.. ဒါပေမဲ့ အဲဒါကို တကယ်လိုအပ်နေလို့ပါ.. ပြီးတော့ အဲဒါကို ရှာနေတာ လည်း တော်တော်ကြာနေပြီး.. ”

သို့သော် နတ်မိမယ်သမားတော်မလေး၏ သုန်မှုန်နေဆဲ မျက်နှာကို မြင်ပြန်လျှင် ရှောင်ယွင်လည်း အလျှော့ပေး လိုက်သည့် လေသံဖြင့် 

“ ဒါဆို ဒီလိုလုပ်ရအောင်လေ.. ငါက ရေခဲဝိညာဉ်မီးမြက် ပင် ကို ယူမယ်.. ကျန်တဲ့ ဆေးပင်တွေကို သုံးပုံခွဲပြီး နှစ်ပုံကို နင်ယူလိုက်.. ကျန်တဲ့တစ်ပုံကို ငါယူလိုက်မယ် ”

ရှောင်ယွင်၏ အကြံကို နားထောင်ပြီးမှ နတ်မိမယ်သမား တော်မလေးလည်း ခေါင်းကို ညိတ်လိုက်သည်။ ထိုအခါ မှ သူမ၏ မျက်နှာအမူအရာက ပြန်လည်ပြေလျော့သွား သည်။ 
ရှောင်ယွင်လည်း နတ်မိမယ်သမားတော်မလေး ခေါင်း ညိတ်လိုက်သည်အခါမှ အသက်ပြင်းချနိုင်တော့သည်။ ထို့နောက် သံသယဝင်သွားမှာကို မစိုးရိမ်တော့ဘဲ ရှောင်ယွင်သည် သိုလှောင်လက်စွပ်မှာ ကျောက်စိမ်း ပုလင်းများနှင့် ကျောက်စိမ်းဂေါ်ပြားတစ်ခုကိုပါ ဆွဲထုတ် လိုက်သည်။ ထို့နောက် ရေခဲဝိညာဉ်မီးမြက်ပင်ပေါက်နေ သည့် မြေကြီးကို အနားပတ်လည်ကနေ ဂရုတစိုက်ဖြင့် တူးထုတ်လိုက်သည်။ နောက်ဆုံးတွင် အပင်နှင့်မြေကြီ အုံကို တစ်တွဲတည်း ကျောက်စိမ်းပုလင်းထဲ ထည့်လိုက် နိုင်တော့သည်။ 

“ ဟူး.. ”

ထို့နောက် ထိုကျောက်စိမ်းပုလင်းကို သိုလှောင်လက်စွပ် ထဲ လျင်မြန်စွာ ထည့်သိမ်းလိုက်ပြီးအခါ ရှောင်ယွင်မှာ ကောင်းကောင်း ပြုံးနိုင်တော့သည်။ ထို့နောက် ကျန် သည့်ဆေးပင်များကို ဆက်တူးဖို့အတွက် ကျောက်စိမ်း ဂေါ်ပြားအား နတ်မိမယ်သမားတော်မလေးဆီကို ကမ်း ပေးလိုက်သည်။ 

နတ်မိမယ်သမားတော်မလေးမှာ ရှောင်ယွင်က ရေခဲ ဝိညာဉ်မီးမြက်ပင်ကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်း လိုက်ခြင်းအား နောက်ဆံတင်းစွာဖြင့် ကြည့်နေပြီနောက် သူမ၏အကြည့်အား လွှဲလိုက်သည်။ သူမကဲ့သို့ ဆေးပင် အား မြတ်နိုးသူတစ်ယောကအနေဖြင့် အင်မတန် ရှားပါး လှသော ဆေးပင်တစ်ပင်ကို ရရှိခြင်းက ရွှေငွေကျောက် မျက်ရတနာရရှိခြင်းထက် ပိုပြီး ပျော်ရွှင်စေသည်။ 

နတ်မိမယ်သမားတော်မလေးသည် အသက်ပြင်းချလိုက် သည်။ သို့သော် သူမ၏ ရင်ထဲတွင် မအီမလည် ဖြစ်နေ သည်။ ထိုလူငယ်သည် သူမနှင့် အကြုံးဝင်ပိုင်ဆိုင်သည့် ဟု ဆိုနိုင်သော ချောက်ကမ်းပါးထဲက လျှို့ဝှက်ချက်ကို သိရှိသွားခဲ့သလို ယခုတွင်လည်း…. 

ထိုအကြောင်းကို ပြန်စဉ်းစားလိုက်သည့်ခဏမှာ သူမ သည် ငိုချင်စိတ် ပေါ်ပေါက်လာပါသော်လည်း မျက်ရည် များက မကျဆင်းလာချေ။ 

“ အရူးကောင်.. နင်တော့ သေသင့်နေပြီ.. ”

ထိုသို စိတ်ထဲ ကျိန်ဆဲလိုက်ပြီးနောက် နတ်မိမယ်သမား တော်မလေးက ရှောင်ယွင်ကမ်းပေးလာသော ကျောက် စိမ်းဂေါ်ပြားကို ယူကာ ပန်းခင်းထဲက ဆေးပင်များကို သေချာဂရုတစိုက်ဖြင့် တူးဖော်ပြီ ကျောက်စိမ်းပုလင်းထဲ သို့ ထည့်သည်။ 

နတ်မိမယ်သမားတော်မလေးက ဆေးပင်များကို တူးဖော် နေသည်ကို ကြည့်လိုက်ပြီနောက် အခန်းပတ်လည်ကို ရှောင်ယွင် လိုက်ကြည့်နေပြန်သည်။ သို့သော် စိတ်ဝင် စားစရာများကို မတွေ့ရတော့၍ နောက်ဆုံးတွင် အခန်း အလယ်က ကျောက်သေတ္တာသုံးလုံးဆီကို အကြည့်ပြန် ရောက်လာခဲ့သည်။ 

ရှောင်ယွင်သည် ကျောက်သေတ္တာအရှေ့ဆီကို ဖြည်း ဖြည်း လျှောက်လာခဲ့ပြီနောက် သတ္တုသော့ကို ကိုင် ကြည့်လိုက်သည်။ ပူနွေးနေမှုကို ခံစားလိုက်ရ၍ သူ မျက်မှောင်ကြုတ်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာ ညောင်းပြီးခဲ့တာတောင်မှ ပူနွေးနေနိုင်သေးသော သတ္တု သော့ခလောက်မျိုးမှာ သာမန်တော့ မဖြစ်နိုင်ရာ။ အင်အားသုံးပြီ ရိုက်ချိုးပါကလည်း အဲဒါက အကျိုးမရှိ ဖြစ်နေလိမ့်မည်။ 

“ သော့က ဘယ်မှာ ရှိနေနိုင်မလဲ.. ”

ရှောင်ယွင်က ရေရွတ်လိုက်ပြီး ဘေးပတ်လည်ကို စူးစမ်း ကြည့်လိုက်သည်။ ထိုအခါ ကျောက်စားပွဲခုံအနောက်မှာ ထိုင်နေသော အရိုးစုဆီကို အကြည့်ရောက်သွားသည်။  အကြည့်ကို အောက်ရွှေ့ကြည့်လိုက်သည့်အခါတွင် တော့ အနက်ရောင်သော့သုံးချောင်းအား အရိုးစုလက် ထဲတွင် ချိတ်လျက်ရှိနေသည်ကို မြင်သည့်အခါ ရှောင် ယွင်မျက်လုံးက တောက်ပသွားသည်။ 

လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း ရှောင်ယွင် အရှေ့ ကို တိုးလိုက်ပြီ အရိုးစုကို ကြည့်လိုက်သည်။ စိတ်ထဲတွင် အောဂလီဆန်သလို ခံစားလာရကာ ရှောင်ယွင်လည်း လက်သီးဆုပ်ကို မြန်မြန်ဖြေချလိုက်ပြီ သော့ကို သေချာ ဖမ်းကိုင်ထားလိုက်ရင်း ဖြည်းဖြည်း ဆွဲယူလိုက်သည်။ 

“ ခရက်.. ”

နှစ်ပေါင်းများစွာ ကြာညောင်းနေပြီးမို့ အားသေးသေး လေးတစ်ခုက အရိုးစု၏ လက်မောင်းရိုးကိုပင် အောက် ပြုတ်ကျသွားစေသည်။ 

ပြုတ်ကျသွားသော လက်မောင်းအရိုးစုကို ကြည်ပြီး ရှောင်ယွင် အားတောင့်အားနာ ဖြစ်သွားကာ ကျန်ရှိနေ သည့် အရိုးစုကို ဦးညွတ်လိုက်သည်။ ပြီးလျှင် ပြုတ်ကျ နေသော အရိုးစုကို ပြန်ထည့်ထားပေးလိုက်ဖို့ ကိုယ်ကို ကုန်းပြီ ကောက်ယူလိုက်သည်။ 

ထို လက်မောင်းအရိုးအား ကောက်ယူလိုက်သည့်အခါ တွင် ရှောင်ယွင်၏ မျက်ခုံးက အနည်းငယ် ပင့်တက်သွား သည်။ ထိုလက်မောင်အရိုး၏ သာမန်မဟုတ်သော အလေးချိန်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ 
ခပ်လှမ်းလှမ်းမှာ ဆေးပင်တူးဆွ နေသည့် နတ်မိမယ် သမားတော်မလေးကို မျက်လုံးထောင့်ကပ် ကြည့်လိုက် ပြီး တဖန် လက်ထဲက အရိုးကို ပြန်ကြည့်လိုက်သည်။ သေချာစွာ လေ့လာကြည့်လိုက်သည့်အခါတွင် အပေါ်ထိပ်အနားက အရိုးကြားတွင် စာလိပ်သေးသေး လေးတစ်ခုကို ဝှက်ထားသည်ကို မြင်လိုက်သည်။ လျှို့ဝှက်စွာ ဝှက်ထည့်ထားသော စာလိပ်သေးသေးကို  ကြည့်ပြီ ရှောင်ယွင် တံတွေးမျိုချမိလိုက်သည်။ သူ့လက် ချောင်းက အလိုလိုပင် စာလိပ်ဆီကို ရောက်သွားပြီ လျင်မြန်စွာဖြင့် ဆွဲထုတ်လိုက်ပြီနောက် သူ့၏ သိုလှောင် လက်စွပ်ဆီကို ပစ်ထည့်လိုက်သည်။ 

စာလိပ်က သိုလှောင်လက်စွပ်ထဲ ရောက်သွားသည့်အခါ မှ ရှောင်ယွင်လည်း အသက်ပြင်းချလိုက်သည်။ အရိုးစု လက်မောင်းကိုလည်း ဖုန်ခါပေးလိုက်ပြီနောက် သူ့နေရာ တွင် ပြန်လည် ထားရှိပေးလိုက်သည်။ 
ပြီးလျှင် ရှောင်ယွင် မျက်နှာကို ပြုံးဖြီးဖြီးဖြင့် သော့ကို လက်မှာ ဆော့ကစားကာဖြင့် ကျောက်စားပွဲခုံပေါ်က ကျောက်သေတ္တာအရှေ့ဆီကို ဖြည်းနှေးစွာ သွားလိုက် သည်။  
=============================

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...