Followers

Chapter 89



အပိုင်း ( ၈၉ ) - မှောင်မိုက်၍ လေပြင်းသောည

ညကောင်ကင်ယံထက်တွင် ငွေလကြီးက အမြင့်မှာ နေရာယူထား သည်။ လရောင်မှိန်မှိန်က သတ္တလောကတခွင်အား လွှမ်းခြုံထား၍ ငွေရည်ဆမ်းထားသည် မြေပြင်လွှာမှာ တစ်မျိုးတဖုံ ကြည့်လို့် ကောင်းလှသည်။ 

နေ့ပိုင်းတွင် ဆူဆူညံညံ အသက်ဝင်လွန်းသော ဝူတန်မြို့သည် ညတွင်အခါမှာတော့ တိတ်ဆိတ်မဲမှောင်လို့ နေသည်။ တချို့ချို့သော အိမ်တွေမှာသာ  ညအလုပ်လုပ်သူတို့၏ လှုပ်ရှားမှု အသံများက တစ်ချက်ချက် ထွက်ပေါ်လာတတ်သည်။ 

ရှောင်ကလန်၏ အနောက်ဘက်အိမ်ခန်းတစ်ခုတွင် လူငယ်တစ် ယောက်သည် အိပ်ရာထက်တွင် လှဲနေလျက်ရှိသည်။ လူငယ်၏ မျက်လုံးသည် ညဥ့်နက်ကောင်းကင်ယံလို နက်မှောင်နေသလို အေးစက်စက်ငြိမ်သက်ခြင်းကလည်း ဖုံးလွှမ်းလို့နေသည်။ 

“ ဆရာ.. အခုအခြေအနေမှာ ဆရာရဲ့ခွန်းအားက ဘယ်အဆင့်မှာ ရှိနေမလဲ..? ”

အချိန်အတော်ကြာအထိ တိတ်ဆိတ်နေပြီးမှ ရှောင်ယွင် အသံ တိုးဖျော့စွာ မေးလိုက်သည်။ 
“ ဘာဖြစ်လို့လဲ.. ”

သူဝတ်ဆင်ထားသော လက်စွပ်ကနေ ရုတ်ချည်း မေးခွန်းပြန်ထုတ် လိုက်သည်။ ခဏအကြာမှာ ရွဲ့လော် တိတိကျကျ မပြောဘဲ ဖြေလိုက်သည်။ 

“ အခုလောလောဆယ်.. ငါက ဝိညာဉ်ပုံဏ္ဍာန် ဖြစ်နေပေမဲ့ ငါ့ရဲ့ ကောင်းကင်ဘုံမီးတောက်ကို သုံးလိုက်ရင် ဒဒိုရှီအဆင့်နဲ့ ဒိုလင် အဆင့်တို့လောက်ကတော့ အေးအေးဆေးဆေးကို နှိပ်ကွပ်လိုက်လို့ ရတယ်.. ”

ရှောင်ယွင် အနည်းငယ် ပျော်ရွှင်သွားသည်။ သို့သော် သူ့မျက်လုံးက အေးစက်နေဆဲပင်။ 

“ ဘာလဲ.. နေ့လယ်တုန်းက ဟိုကောင်ကို သတ်ချင်လို့လား.. ”

ထူးဆန်းနေသလိုလို ရှိလှသော ရှောင်ယွင်၏ အပြုအမူကြောင့် ရွဲ့လော် အံသြစွာ မေးလိုက်မိသည်။ 

“ ဂျားလီယောင်က ထည့်တွက်ရမဲ့အဆင့် မဟုတ်ပါဘူး.. ”

ရှောင်ယွင်က ပြုံးလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့် 

“ နှစ်လ ဆိုတဲ့အချိန်က အရမ်းမြန်တာပဲ.. ဒီပြိုင်ပွဲမှာ ဂျားလီကလန် ကို ဆွဲချပစ်ဖို့ မစောင့်နိုင်တော့ဘူး.. အဲဒါကြောင့် လျိုစီးဆိုတဲ့ မှော် ဆေးပညာရှင်ကို လုပ်ကြံသတ်လိုက်ရင် ကောင်းမလားလို့ စဉ်းစား နေတာ.. သူသေသွားရင်.. ဂျားလီကလန်က အနာကျတ်ဆေးတွေ မရတော့ဘူး.. ဒါဆိုရင် သူတို့ ဆေးဈေးကွက်မတင်နိုင်ရင် ဂျားလီ ကလန်က ဒုက္ခရောက်မယ်.. အကယ်လို့ သူတို့ တောင့်ခံထား ရင်တောင် သူတို့ရဲ့ အင်အားကတော့ အကြီးအကျယ်ကျဆင်းသွား မှာပဲ.. ရှောင်ကလန်ကို ထပ်ပြီး အနှောင့်အယှက်ပေးနိုင်မှာ မဟုတ် တော့ဘူး.. ”

“ အိုး.. မင်း တကယ်ကို စိတ်မရှည်နေတာပဲ.. မင်းရဲ့ အကျင့်စရိုက် အရဆိုရင်.. မင်းက ဒီလို စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ သူ မဟုတ် ပါဘူး.. ”

ခဏအကြာတွင် ရွဲ့လော်၏ စနောက်လိုက်သော အသံက လက်စွပ် ကနေ ထွက်ပေါ်လာသည်။ 

“ ရှင်းအာဆိုတဲ့ ကောင်မလေးကို မင်း ဂရုစိုက်နေလို့ပါကွာ.. ဟိုကောင်တွေ လုပ်သွားတာက နည်းနည်း ရိုင်းပြရုံလေးပါ.. ဒါပေမဲ့ မင်းကတော့ အကြီးအကျယ်ကို မုန်းတီးနေပြီး.. ဘယ်လိုတောင် မနာလို ဖြစ်တတ်တဲ့ ကောင်လေးလဲကွ.. ”

ထိုစကားကို ကြားရသည့်အခါ ရှောင်ယွင် မျက်နှာက ရှိန်းခနဲ ဖြစ် သွားသည်။ ရှက်ရွံ့သွားသော အတွေးနှင့်အတူ ဒေါသက နိုးကြွလာ ခဲ့သည်။ 

“ စလာကတည်းက အချိန်မပေးနိုင်ခဲ့ဘူး.. ဒီတော့ ဒီကောင်တွေကို သိပ်ပြီး စိတ်မရောက်လိုက်ဘူး.. ဒီနေ့ ဒီကောင်တွေနဲ့ မဆုံဖြစ်ခဲ့ရင် လည်း ဒီကောင်တွေအတွက် တချို့အစီအစဉ်တွေ စလုပ်ဖို့က ရှိပြီးသား.. ”

“ အေးပါကွာ.. အေးပါကွာ.. ကောင်မလေးနဲ့ ဘာမှမဆိုင်ဘူး.. ဟုတ်ပြီးလား.. ”

ရှောင်ယွင်၏ ပုံစံအား ကြည့်ပြီး ရွဲ့လော် အကျယ်ကြီး အော်ရယ် လိုက်သည်။ မထိတထိ ရယ်သံမျိုးကြောင့် အကူအညီကင်းမဲ့သွား သလို ရှောင်ယွင် ခံစားလိုက်ရသည်။ 

“ ကဲပါလေ.. မင်း လုပ်ချင်တယ်ဆိုလည်း သွားကြတာပေါ့..ငါက ဝိညာဉ်ပုံစံဖြစ်နေတော့ မင်းကိုပဲ ငှားသုံးရမှာပေါ့.. ”

ခေါင်းကို သွက်သွက်ညိတ်လိုက်ပြီး ရှောင်ယွင် အိပ်ရာကနေ ခုန်ထ လိုက်သည်။ ထို့နောက် အိပ်ကပ်ထဲကနေ အနီရောင် သိုလှောင် လက်စွပ်ကို ထုတ်ယူလိုက်ပြီး သူ ကြိုတင်ပြင်ဆင်ထားပြီးသော အနက်ရောင်ဝတ်ရုံတစ်ထည်အား ထုတ်ယူလိုက်သည်။ ကျွမ်းကျင်စွာဖြင့် အဆိုပါ ဝတ်ရုံအား တစ်ကိုယ်လုံး လွှမ်းခြုံလိုက်၏ ပြီးနောက်တွင်တော့ ရှောင်ယွင်၏ ပိန်သောခန္ဓာကိုယ်မှာ ထွားသော ခန္ဓာကိုယ်ပုံစံသို့ ပြောင်းလဲသွားသည်။ ပြောရရင် ထူးခြားသော အနက်ရောင်ဝတ်ရုံလူတစ်ယောက်ပုံစံသို့ ပြောင်းလဲသွားခြင်း ဖြစ် သည်။ 

“ သွားစို့.. မင်းက ဘာမှ လုပ်စရာမလိုဘူး.. ငါက မင်းရဲ့ခန္ဓာကိုယ် ကို ထိန်းချုပ်ထားမယ်. ငါ့ရဲ့ စိတ်ဝိညာဉ်ကလည်း မင်းရဲ့ တစ်ကိုယ် လုံးကို ဝန်းပတ်ထားထားမယ်ဆိုတော့ မင်းရဲ့အနံ့ကြောင့် လူတွေ ရိပ်မိမှာကိုလည်း မင်း ဘာမှ စိုးရိမ်နေစရာမလိုဘူး.. ” 

ပြင်ဆင်ပြီးသွားသော ရှောင်ယွင်အား ကြည့်ပြီး ရွဲ့လော်က ပြုံးရင်း သတိပေးလိုက်သည်။ 

“ အင်း.. ” 
ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်အနား ကပ်ပြီး ပတ်ဝန်းကျင်အနေအထားအား သူခိုးကဲ့သို့ ချောင်းကြည့် လိုက်သည်။ ထို့နောက် ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်ရာ အလျင်အမြန် အောက်ကျသွားသည်။ ထို့အတူ သူ့လက်ချောင်းရှိ အနက်ရောင်လက်စွပ်ဆီမှလည်း ထူးခြားအားကောင်းသော စွမ်းအားတစ်ခုက တစ်မုဟုတ်ချင်း ထွက်ပေါ်လာလေသည်။

ထူးခြားဆန်းကျယ်သော အဆိုပါစွမ်းအားက လျင်မြန်စွာဖြင့် ရှောင် ယွင် တစ်ကိုယ်လုံးအား လွှမ်းခြုံဝန်းပတ်လိုက်သည်။ ဝန်းပတ် ပြီးသည့်နှင့် ချက်ချင်းပင် အရှိန်ဖြင့် အောက်သို့ကျဆင်းနေသော ရှောင်ယွင်မှာ လေထဲ တုန့်ခနဲရပ်တန့်သွား၏  ထို့နောက်  ပေါ့ပါးစွာ ဖြင့် ခေါင်းမိုးတစ်ခုပေါ် ခုန်တက်ကာ အနက်ရောင်ပုံရိပ်သည် သိမ်းငှက်တစ်ကောင်လို ရှောင်ကလန်ဝင်းခြံထဲနေ အသံတိတ လျင်မြန်စွာ ထွက်လာပြီးနောက် အမှောင်ထုထဲတိုးဝင်သွားလေ၏ 

မှောင်မိုက်ပြီး လေပြင်းလျက် ရှိနေသော ညဟာ လုပ်ကြံသတ်ဖြတ် ရန် အကောင်းဆုံး အခါအခွင့်တစ်ခု ဖြစ်ပေသည်။ 

……………………

ဂျားလီကလန်ခြံဝင်း…

“ ဆရာလျိုစီးက နောက်ထပ် ဆေးတွေကို ဖော်စပ်နိုင်သေးတယ်.. ဟုတ်လား.. ”

လင်းထိန်နေသော ခန်းမအတွင်းတွင် စိုးရိမ်သောကရောက်နေသာ ဂျားလီဘီသည် လျိုစီး၏ စကားကြောင့် ပထမတော့ အံ့အားသင့် သွားခဲ့ပြီး ဝမ်းသာစွာ ပြန်မေးလိုက်သည်။ 

ဂျားလီဘီ အံ့သြသွားတာကို ကြည့်ပြီး လျိုစီးက အင်မတန်ကို စိတ်ကျေနပ်သွားခဲ့သည်။ ထို့နောက် လက်ဖတ်ရည်ခွက်အား ယူကာ မှုတ်သောက်လိုက်သည်။ သူ့မျက်နှာမှာ ဂုဏ်ယူနေသည့် အမူအရာက ရှိနေသည်။ 

“ အနာကျတ်ဆေးအပြင် ကြေးစားအမဲလိုက်သမားတွေအတွက် အင်မတန်ကို သင့်တော်တဲ့ တချို့ဆေးအမျိုးအစားတွေကိုလည်း လုပ်လို့တတ်ပါတယ်.. အဲဒီဆေးနာမည်က ခွန်းအားပေါက်ကွဲခြင်း ဆေးလုံးပဲ.. အဲဒီဆေးက သုံးလိုက်တဲ့သူကို အချိန်ကာလတိုတစ်ခု အတွင်းမှာ ခွန်အားကို ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်တယ်.. ”

ဂျားလီဘီ၏ အပြုံမျက်နှာက ပို၍ ဝင်းပလာပြန်သည်။ ဒီလိုအစွမ်း ရှိသည့် ဆေးမျိုး ထုတ်လုပ်နိုင်ခဲ့ရင်တော့ လူအများကြီးကို ပြန်လည် ဆွဲဆောင်နိုင်တော့မည်။ ရှောင်ကလန်ကိုပင် နောက်တစ်ကြိမ် ပြန်ယှဉ်၍ပင် ရလိမ့်မည်။ 

“ အဲ.. ကံမကောင်းတာက အဲဒီ ခွန်းအားပေါက်ကွဲခြင်းဆေးလုံးကို ဟိုအနာကျတ်ဆေးလို များများ ထုတ်လို့မရတာပဲ.. ကျွန်တော့်ရဲ့ လက်ရှိစွမ်းဆောင်နိုင်တာက တစ်နေ့ကို အလုံး ၂၀ လောက်ပဲ လုပ်နိုင်မယ်.. ”

လျိုစီးက စိတ်မကောင်းသော လေသံဖြင့် ပြောလိုက်သည်။ 

“ ဟားဟား. အလုံး ၂၀ လည်းရတာပဲ.. ငါတို့ လေလံပွဲတွေ လုပ်လိုက်မယ်.. ဆေးအမြင့်ဆုံးပေးမယ့် လေလံဆွဲသူတွေက လာကြလိမ့်မယ်..ဘာပဲပြောပြော အနာကျတ်ဆေးက ငါတို့ရဲ့ အဓိက ဦးတည်ချက်ပဲ.. ဒီဆေးလုံးကိုတော့ ငါတို့ရဲ ဈေးကွက်ကို ပြန်မြှင့်ဖို့ပဲ အသုံးပြုမယ်.. ”

ဂျားလီဘီက လက်ကို ယမ်းလိုက်ရင်း အပြုံးဖြင့် ဆိုလိုက်သည်။ 

“ ဟေး... ဂျားလီကလန်ခေါင်းဆောင်..ငါက ခွန်းအားပေါက်ကွဲခြင်း ဆေးလုံးကို ဖော်စပ်တတ်တယ်လို့ပဲ ပြောတာနော်.. ငါတို့ သဘော တူညီထားတာက အနာကျတ်ဆေးတစ်မျိုးတည်းကိုပဲ ဖော်စပ်ပေး ရတာနော်.. ”

ခွန်းအားပေါက်ကွဲခြင်းဆေးလုံးကို ဂျားလီဘီက စိတ်ဝင်စားတာကို မြင်လိုက်သည့်အခါတွင် အတွေးတစ်ခုက လျိုစီးခေါင်းထဲ ရောက် လာပြီး ချက်ချင်းပဲ ငြင်းဆန်လိုက်သည်။ 

ဂျားလီဘီ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ ပါးနပ်သော လူတစ်ယောက်မို့ လျိုစီး ဘာကြံစည်နေသလဲဆိုတာကို သိလိုက်၏ သို့ပေမဲ့ ယခုအခြေအနေတွင် သူလုပ်နိုင်သည်က ခြောက်ကပ်စွာ ရယ်မောလိုက်ခြင်းပါပဲ။ ထို့နောက် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။ 

“ ဆရာလျိုစီး ဆိုလိုခြင်းတာက ဘာများလဲ.. ”

“ ဟဟ.. စိတ်အေးအေးထားပါ.. အခု ဂျားလီကလန်ရဲ့ အခြေအနေ ကို သိပါတယ်.. အများကြီး မတောင်းဆိုပါဘူး. ”

ထိုအခါ စိတ်သက်သာရာ ရသွားသော ဂျားလီဘီကို ကြည့်ရင်း လျိုစီ၏ မျက်ဝန်းမှာ ကောက်ကျစ်သည့် အရိပ်တစ်ခုက ဖြတ်ပြေး သွားသည်။ 

“ တောင်းဆိုချင်တာက ရှင်းအာ ဆိုတဲ့ ကောင်မလေးကို ဖမ်းခေါ်ဖို့ ကို ဂျားလီကလန်ခေါင်းဆောင်က ကူညီပေးရမယ်.. ”

ပြုံးနေသော ဂျားလီဘီ၏ မျက်နှာမှာ ချက်ချင်း တည်သွားသည်။ သူ့နှုတ်ခမ်းထောင့်စွန်းသည်လည်း မဲ့သွားခဲ့သည်။ တဏှာကိစ္စအား အရူးအမူးဖြစ်နေသော လျိုစိးက ရှောင်ကလန်အား ဦးတည်နေမှန်း သူ မထင်မှတ်ခဲ့သည်။ 

“ ဆရာလျိုစီး..တကယ်လို့ ကျွန်တော်တို့ ဂျားလီကလန်က ရှောင်ကလန်က လူတစ်ယောက်ကို သွားထိလို့ရှိရင် ရှောင်ကျန်းက ကျွန်တော်တို့ကို လာတိုက်ဖို့ အခွင့်ရလိုက်သလို ဖြစ်သွားလိမ့်မယ် ပြီးတော့ ဒါကလည်း စီးပွားရေး ပြိုင်ဆိုင်တာ မဟုတ်ဘူး.. ဒါက အကြမ်းဖက်တာ.. ” 

ဂျားလီဘီက အသက်ပြင်းချရင်း ခါးသီးစွာ ပြုံးလိုက်သည်။

စားပွဲခုံအား လက်ချောင်းဖြင့် ခေါက်ကစားနေသာ လျိုစီးက အေးဆေးစွာ ပြောလိုက်သည်။

“ ဒါက ကျွန်တော်စဉ်းစားရမယ့် ကိစ္စမဟုတ်ဘူး… ကလန် ခေါင်းဆောင်ရဲ့ အစီအစဉ်က အကြမ်းဖက်တာပဲဖြစ်ဖြစ် ခိုးခေါ်တာပဲ ဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး.. ကောင်မလေးကို ရလာဖို့က အဓိကပဲ.. တကယ်လို့ ကောင်မလေးကိုသာ ခေါ်လာနိုင်ခဲ့ရင် ကျွန်တော်ကလည်း  ခွန်းအားပေါက်ကွဲခြင်း ဆေးလုံးကို ပြန်ပြီး ဖော်စပ်ပေးမယ်.. ”

ဂျားလီဘီ မျက်မှောင်ကြုတ်လိုက်သည်။ ဒေါသက တလိပ်လိပ် ထွက်လာနေပါသော်လည်း ဟန်ဆောင်ကာ ရယ်မောလိုက်သည်။ 

“ စဉ်းစားဖို့ အချိန်ပေးလို့ ရမလား.. မနက်ဖြန်ကျရင် အဖြေပေးမယ် ဘယ်လိုလဲ.. ”

“ ဟီဟီ.. ကောင်းပြီလေ.. ကလန်ခေါင်းဆောင်.. စဉ်းစားထားလိုက် ပါ.. မပြန်ခင်.. တစ်ခု ထပ်ပြောလိုက်မယ်.. ဂျားလီကလန်နဲ့ ရှောင် ကလန်က ပြန်ပြီး သင့်ြ့မတ်လို့ မရတော့တဲ့ ရန်သူတွေ ဖြစ်နေပြီးပဲ.. နောက်ထပ် မကျေပွဲလေးတစ်ခု ထပ်ထည့်လိုက်တာကို ဘာလို့ စိတ်ပူနေရမှာလဲ.. ”
အရွဲ့တိုက်ပြီး ရယ်မောလိုက်ရင်း လျိုစီးက မတ်တပ်ရပ်လိုက်ပြီး အခန်းကနေ ထွက်ခွာသွားတော့သည်။ ခြေလှမ်းသွက်သွက်ဖြင့် အနောက်ဘက်ခြမ်းရှိ သူ့အခန်းဆီကို ဦးတည်သွားလိုက်သည်။ နေ့ခင်းတုန်းက တွေ့ခဲ့ရသော ကြာပွင့်လေးလို့ လှပလွန်းသည့် ထူးခြားသော ကောင်မလေးက သူ့၏ စိတ်ဆန္ဒကို တောက်လောင် စေခဲ့သည်။ ယခု သူလုပ်ချင်နေတာက သူ့စိတ်ဆန္ဒအား ဖြေဖျောက် ဖို့အတွက် ငယ်ရွယ်ပြီး လှပသည့် အစေခံမိန်းကလေးတစ်ယောက် ကို သွားရှာရန် ဖြစ်သည်။ 

ပျောက်ကွယ်သွားသော လျိုစီးအား ငေးကြည့်ရင်း ဂျားလီဘီ၏ မျက်နှာမှာ ပိုပြီး မည်းမှောင်လာခဲ့သည်။ အချိန်အတော်ကြာပြီး နောက် အသက်ပြင်းရှည်ချလိုက်ပြီး စဉ်းစားပြောလိုက်သည်။ 

“ ခေါင်းမှာ မိန်းမဆိုတာပဲ အပြည့်ရှိတဲ့ ဒီကောင်ကတော့  တစ်ယောက်ယောက်ရဲ့ လက်ချက်နဲ့ အနှေးနဲ့အမြန် သေရလိမ့်မယ်”

……………..

    အခန်းတစ်ခု၏ အနောက်ဘက်ခြမ်းတွင် ရှောင်ယွင်သည် မြင်သူအသက်ရှုမှားလောက်အောင် လှနိုင်လွန်းသည့် မိန်းမလှလေး တစ်ယောက်က အိပ်ရာထက်တွင် လှဲအိပ်နေသည်ကို  ချောင်း ကြည့်နေမိသည်။ သူမ၏ ကိုယ်ပေါ်တွင် အဝတ်ပါးပါးလေးသာ ဝတ်ဆင်ထားရာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ 

“ ဟိုကောင် ပြန်လာပြီး.. ” 

ရွဲ့လော်၏ အသံက လက်စွပ်ကနေ တိုးတိုးလေး ထွက်လာသည်။ ရှောင်ယွင်လည်း ချက်ချင်းပင် ထောင့်ကွယ်တစ်နေရာဆီ ဝင်နေလိုက်သည်။ သေးငယ်သော အဟကြားထဲနေ အခန်းအတွင်း ရှိ အရာအားလုံးအား ကောင်းကောင်း မြင်နေရသည်။

“ ကျွီ.. ”  သစ်သားတံခါးအား ဖြညှ်ညင်းစွာ တွန်းဖွင့်လိုက်သောအသံ ဖြစ်သလို လျိုစီး၏ ရယ်သံကလည်း အခန်းအတွင်း ချက်ချင်း ထွက်ပေါ်လာသည်။ 

“ ဟားဟား.. အလှအပေလေးရေ.. ငါလာပြီးကွ.. ဒီည သောင်းကျန်းကြဖို့ ပြင်ထားလိုက်တော့.. ”

“ ဘာလဲဟ.. ခေါင်းမှာ သုတ်ပိုးတွေနဲ့ ပြည့်နေတဲ့ အရူးပဲ.. ဆရာရွဲ့လော်..တိုက်ဖို့ လုပ်တော့.. ”

ရှောင်ယွင်က အေးစက်စွာ ပြုံးလိုက်ပြီး  ခေါင်းကို ဘယ်ညာ ခါရမ်း လိုက်သည်။ ထို့နောက် ရွဲ့လော်အား စိတ်ထဲကနေ ပြောလိုက်၏။

“ အင်း.. နေဦး..တစ်ခုခုပြောင်းလဲနေတယ်.. ”

ရွဲ့လော် သဘောတူသည့်အသံနှင့် တပြိုင်တည်းလိုလိုမှာပဲ သတိပေးလိုက်သံက ကပ်ပါလာသည်။ ထိုအခါ ရှောင်ယွင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ 

ရွဲ့လော် အလောတကြီး အော်ပြောလိုက်သောကြောင့် သူ့နဖူးမှာ ချွေးစီးများ ပြန်လာသည်။ ရှောင်ယွင်မှာ တုတ်တုတ်ပင် မလှုပ်ရဲ တော့ချေ။

“ မင်းရဲ့ ဘယ်ဘက်ခြမ်းမှာ.. ”

ရှောင်ယွင်စိတ်ထဲမှာ.. ရွဲ့လော်အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာပြန်သည်။

ရွဲ့လော်စကားအတိုင်းပဲ ရှောင်ယွင် ခေါင်းကို ဘယ်ဘက်ဆီသို့ ဖြည်းဖြည်းလေး လှည့်လိုက်သည်။ သူ့အကြည့်က ဘယ်ဘက်ခြမ်း တွင် ရှိနေသော ပြတင်းပေါက်ဆီကို  ရောက်သွားပြီးနောက် သူ့မျက်ဝန်းက ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သည်

မူလက ပိတ်လျက်သား ရှိနေသော ပြတင်းပေါက်မှာ မသိလိုက်ဘဲ ပွင့်နေသည်။ လရောင်ဖျော့ဖျော့က အခန်းအတွင်းကို ကျရောက် 
နေသည်။ ထိုစဉ် မျက်စိတခတ်အတွင်းမှာပဲ ပြတင်းပေါက် ဘောင် ပေါ်က ဗလာကွက်လပ်နေရာတွင် ရွှေရောင်ဝတ်စုံနှင့် မိန်းမပျိုလေး တစ်ယောက်က ထူးဆန်းစွာဖြင့် ရုတ်ချည်းထွက်ပေါ် ရောက်ရှိ လာခဲ့သည်။ သူမ၏ ရွှေရောင်ဝတ်စုံ၏ အောက်တွင် ကျောက်စိမ်း သားလို လုံးဝန်းပြီးဖြူဥသော ခြေတစ်စုံက ပြတင်းပေါက်ထက်တွင် ဆွဲဆောင်အားအပြည့်ဖြင့် ရပ်၍ နေသည်။ 

လရောင်ကလည်း အခန်းအတွင်းတွင် ကြဲပက်ထားခြင်းကြောင့် မိန်းမပျိုလေး၏ မျက်နှာမှာ လရောင်ထင်ဟပ်နေရာ လရောင် အောက်က နတ်ဖုရားတစ်ပါးအလား ထူးခြားဆန်းပြားစွာ လှပ လွန်းနေသည်။ 

ရုတ်တရက် ရောက်ရှိလာသော မိန်းမပျိုလေး၏ အသွင်အပြင်ကို ငေးကြည့်ရင်း ရှောင်ယွင်မှာ အာခေါင်က ခြောက်သွေ့လာခဲ့သည်။ စိတ်ထဲနေလည်း အမည်တစ်ခုအား မြည်တမ်းမိတော့သည်။ 

“ ရှင်းအာ.. ရှင်းအာလား..? ”

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...